← Chapters

တမလွန်ကိုးဘုံချောက်နက်

Vol. 188 Ch. 2813

တမလွန်ကိုးဘုံချောက်နက်

Vol. 188 Ch. 2813

လေဟာနယ်ယက္ခသည် ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်ကြည့်ရှုပြီး လေဟာနယ်ကိုဆုတ်ဖြဲကာ အာကာသဥမင်တစ်ခုကို ဖွင့်လှစ်လိုက်၏။ သူက တစ်ဘက်သို့လှည့်ပြီး ပြောလိုက်၏။

“ကျုပ်နောက်ကလိုက်ခဲ့”

သိုင်းတာအိုပင်မခန္ဓာ၏ အမူအရာက တည်ငြိမ်နေ၏။ သူက မည်သည့်အရာကိုမှ သံသယမရှိသည့်အလားပင်။ သူက ရှေ့သို့ခြေတစ်လှမ်းတိုးပြီး လေဟာနယ်ယက္ခနောက်ကနေ လိုက်ပါသွားလေသည်။

ထိုအကွာအဝေးမှာ သိုင်းတာအိုပင်မခန္ဓာသည် တစ်ခုခုဖြစ်လာသည်နှင့်အမျှ လေဟာနယ်ယက္ခကို ချက်ချင်းဖိနှိမ်နိုင်သည်ဟု ယုံကြည်မှုရှိလေသည်။

“ငါတို့ဘယ်သွားမှာလဲ”

သိုင်းတာအိုပင်မခန္ဓာက သာမန်ကာလျှံကာပုံစံဖြင့် မေးလိုက်သည်။

“တမလွန်ကိုးဘုံချောက်နက်”

လေဟာနယ်ယက္ခက ပြန်ဖြေလိုက်သည်။

“ဟမ်...”

သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ထဲတွင် အတွေးတစ်ခု ဖျတ်ခနဲဝင်ရောက်လာ၏။

“တမလွန်ကိုးဘုံချောက်နက်လား”

တမလွန်ကိုးဘုံချောက်နက်သည် အရင်တုန်းက မဟာဧကရာဇ် တမလွန်ကိုးဘုံနှင့် ပတ်သက်ဆက်စပ်နေမလား သူသိချင်မိလေသည်။

သိုင်းတာအိုပင်မခန္ဓာက မမေးရသေးခင် လေဟာနယ်ယက္ခက ရှင်းပြလိုက်သည်။

“တစ္ဆေကမ္ဘာကို အကြမ်းဖျင်းအားဖြင့် တစ္ဆေမဟာနယ်မြေကြီးနှစ်ခုဆိုပြီးခွဲထားတယ်... အဲဒါကို တမလွန်ကိုးဘုံချောက်နက်က ပိုင်းခြားပေးထားတယ်”

“တစ်ဘက်မှာတော့ ကျုပ်တို့ ယက္ခတစ္ဆေမဟာနယ်မြေရှိတယ်... အဲဒါကို လွင်ပြင်ရှစ်ခုခွဲထားပြီး ယက္ခရှစ်ဦးက ဦးဆောင်နေတယ်... အဒီယက္ခရှစ်ဦးက ဧကရာဇ်နယ်ပယ် ပညာရှင်တွေပဲ ဂုဏ်သရေရှိအမျိုးသမီး တစ္ဆေမိခင်ကိုယ်တိုင် သူတို့ရဲ့ဘွဲ့တွေကို အပ်နှင်းပေးထားတယ်”

“မင်းမှာရော ဘာဘွဲ့ရှိလဲ”

သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။

လေဟာနယ်ယက္ခက နှုတ်ခမ်းကိုမဲ့ကာ ပြောလိုက်၏။

“ကျုပ်က လေဟာနယ်ယက္ခဆိုပေမယ့် ကျုပ်က ဧကရာဇ်နယ်ပယ်ထိ မကျင့်ကြံရသေးဘူး... ကျုပ်မှာ ဂုဏ်သရေရှိအမျိုးသမီး တစ္ဆေမိခင်ပေးထားတဲ့ဘွဲ့တစ်ခု ဘယ်လိုလုပ်ရှိနိုင်ပါ့မလဲ... သူက ကျုပ်ကို နာမည်တစ်ခုပဲပေးထားတယ်... အဲဒါကတော့ အကျည်းတန်ကျေးကျွန်ပဲ”

‘အကျည်းတန်ကျေးကျွန်... အဲဒီနာမည်က တော်တော်ကိုသာမန်ကာလျှံကာနိုင်တာပဲ... ကြည့်ရတာ ဒီလေဟာနယ်ယက္ခက ဗြဟ္မတစ္ဆေမိခင်အတွက် တကယ်ကိုအရေးမပါဘူးနဲ့တူတယ်။’

သိုင်းတာအိုပင်မခန္ဓာက သူ့ဘာသာသူတွေးလိုက်သည်။

လေဟာနယ်ယက္ခက ဆက်ပြောလိုက်သည်။

“တမလွန်ကိုးဘုံချောက်နက်နဲ့ တခြားတစ်ဘက်မှာတော့ ယက္ခိုသ်တစ္ဆေမဟာနယ်မြေရှိတယ်... အဲဒီမှာ လွင်ပြင်ဆယ်ခုရှိပြီး အဲဒါကို အမျိုးသမီးယက္ခိုသ်ဆယ်ဦးက ဦးဆောင်အုပ်ချုပ်နေတယ်”

သိုင်းတာအိုပင်မခန္ဓာ၏ အမူအရာက ပြောင်းလဲသွားသည်။

ယက္ခိုသ်တစ္ဆေမဟာနယ်​မြေ။

ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။

“ယက္ခိုသ်တစ္ဆေမဟာနယ်မြေကို ယက္ခိုသ်မျိုးနွယ်က ပိုင်တာလား”

“အမှန်ပေါ့”

လေဟာနယ်ယက္ခက ခေါင်းညိတ်ပြလိုက်သည်။

တကယ်ပင်...။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာရှိခဲ့စဥ်က သူသည် ရှဲ့ချင်းချန်ကို မင်းသားချိပ်စည်းကူညီရယူပေးရန် အဆူရာတိုက်ပွဲမြေသို့ ဝင်ရောက်ခဲ့ဖူးလေသည်။

ထိုနေရာမှာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ပထမဆုံးအကြိမ်အဖြစ် ယက္ခမျိုးနွယ်နှင့် ထိတွေ့မိခဲ့သည်။

သူက ယက္ခမျိုးနွယ်ကို တွေ့မြင်သည့်ခဏမှာပင် သူ၏ စိတ်ထဲမှာ ယက္ခိုသ်မျိုးနွယ်က ပေါ်ထွ​က်လာပြီး ထိုမျိုးနွယ်နှစ်ခုက ဆက်စပ်နေနိုင်သည်ဟု သူက ခံစားနေခဲ့ရသည်။

ယက္ခိုသ်မျိုးနွယ်နှင့် ယက္ခမျိုးနွယ်တို့သည် တစ္ဆေမျိုးနွယ်မှဖြစ်ပြီး သူသည် ဆာလောင်တစ္ဆေတာအိုမှ သက်ရှိများဖြစ်နေလေသည်။

လူတချို့သည် သူတို့ကို ယက္ခတစ္ဆေများနှင့် ယက္ခိုသ်တစ္ဆေများဟု ခေါ်ဆိုကြသည်မှာ အံ့ဩစရာမရှိတော့ပေ။

တကယ်ဆို သူတို့၏ အမည်များကနေတစ်ဆင့် ထိုမျိုးနွယ်နှစ်ခု၏ မူလဇာစ်မြစ်ကို ထုတ်ဖော်ထားပြီးသားဖြစ်သည်။

ယက္ခိုသ်မျိုးနွယ်သည် ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက ကမ္ဘာဦးမျိုးနွယ်ကိုးစုထဲမှတစ်စု ဖြစ်ခဲ့လေသည်။

သို့သော်လည်း ကမ္ဘာတစ်ထောင်သုံးဆင့်လောကမှာ ယက္ခိုသ်မျိုးနွယ်များအတွက် သီးခြားကမ္ဘာတစ်ခု မရှိပေ။

အကြောင်းမှာ သူတို့သည် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ထဲမှတစ်ခုဖြစ်သော ဆာလောင်တစ္ဆေတာအိုမှာ ပုန်းကွယ်နေကြသောကြောင့်ဖြစ်လေသည်။

သိုင်းတာအိုပင်မခန္ဓာက ထပ်မံ၍မေးလိုက်၏။

“စောစောက မင်းပြောတဲ့ ယက္ခိုသ်အမျိုးသမီးဆယ်ဦးကလည်း ဧကရာဇ်ပညာရှင်တွေပဲမလား”

“ဟုတ်တယ်”

လေဟာနယ်ယက္ခက ပြောလိုက်၏။

“တကယ်တော့ တစ္ဆေမဟာနယ်မြေနှစ်ခုမှာ အဲဒီဧကရာဇ်ပညာရှင်ဆယ့်ရှစ်ဦးထက်မကရှိတယ်”

ထိုသို့ပြောရင်း လေဟာနယ်ယက္ခက သိုင်းတာအိုပင်မခန္ဓာကို တစ်ချက်လှည့်ကြည့်လိုက်၏။

သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် ငွေရောင်မျက်နှာဖုံးကို တပ်ထားပြီး မည်သည့်စိတ်ခံစားချက်ကိုမှ ထုတ်ဖော်မထားပေ။ တွေ့မြင်နိုင်သော သူ၏ မျက်လုံးများကပင် သမုဒ္ဒရာကဲ့သို့ ကြည်လင်နက်ရှိုင်းနေ၏။

တကယ်ဆို တစ္ဆေကမ္ဘာမှ အခြေအနေသည် သိုင်းတာအိုပင်မခန္ဓာကို တကယ်ပင်အကြပ်ရိုက်စေလေသည်။

ယခုအချိန်ထိ သူသည် သိုင်းပိုင်နက်နယ်မြေနယ်ပယ်၏ စဦးကျွမ်းကျင်မှုကိုသာ ရရှိထားပြီး ကောင်းကင်လိုဏ်ဂူနယ်ပယ်မှာသာ ပြိုင်ဘက်ကင်းလေသည်။

ငရဲဖိနှိမ်မီးဖိုနှင့် တခြားရတနာများကို ဆင့်ခေါ်ခြင်းဖြင့်သာ သူ့မှာ ဧကရာဇ်တစ်ပိုင်း ပညာရှင်တစ်ဦးနှင့်တိုက်ခိုက်နိုင်သည့် အခွင့်အရေးရှိလေသည်။

ငရဲကမ္ဘာမှာတုန်းက ဧကရာတစ်ပိုင်းပညာရှင်သုံးဦးရှိခဲ့သည်။

သူသည် သူတို့ထဲမှတစ်ယောက်ကို မရမကသတ်ဖြတ်ခဲ့သော်လည်း သူသည် ကျန်ရှိနေသော ဧကရာဇ်တစ်ပိုင်းပညာရှင်နှစ်ဦး၏ လက်ချက်ဖြင့် ဒဏ်ရာရရှိခဲ့လေသည်။ သူ၏ သွေးက တမလွန်ဘုံရတနာကြေးမုံကို နှိုးဆွပေးခဲ့ပြီးနောက် သူက နောက်ထပ် ဧကရာဇ်တစ်ပိုင်းပညာရှင်တစ်ဦးကို သတ်ဖြတ်ကာ ငရဲကမ္ဘာကို ဖိနှိမ်နိုင်ခဲ့လေသည်။

တမလွန်ဘုံမှတိုက်ပွဲက ထူးခြားသောအခြေအနေတစ်ရပ်ဖြစ်ခဲ့သည်။

ဝိညာဥ်များအပေါ် ဝိညာဥ်မီးအိမ်၏ ပျက်စီးထိလိုက်မှုက အလွန်တရာမြင့်မားသောကြောင့်ဖြစ်သည်။ ထို့ကြောင့်ပင် သူသည် ဝိညာဥ်မီးအိမ်အပေါ်မှီခိုပြီး တမလွန်ဘုံမှ ဧကရာဇ်ပညာရှင်များနှင့် ဆန့်ကျင်တိုက်ခိုက်ခဲ့သည်။ သို့သော်လည်း တစ္ဆေကမ္ဘာမှ အ​ခြေအနေသည် တမလွန်ဘုံနှင့်ငရဲကမ္ဘာတို့နှင့် လုံးလုံးလျားလျား ကွဲပြားခြားနားလေသည်။

ပထမအချက် တစ္ဆေကမ္ဘာမှာ ထိန်းသိမ်းစောင့်ရှောက်ပေးနေသော ဧကရာဇ်ပညာရှင်များစွာရှိလေသည်။

ဒုတိယအချက် ယက္ခမျိုးနွယ်နှင့် ယက္ခိုသ်မျိုးနွယ်မှ ဧကရာဇ်ပညာရှင်များကို သူတို့၏ ကိုယ်ကာယများက ကာကွယ်ပေးထားပြီး ဝိညာဥ်မီးအိမ်က သူတို့အပေါ် ခြိမ်းခြောက်မှုများစွာရှိလိမ့်မည် မဟုတ်ပေ။

တမလွန်ဘုံရတနာကြေးမုံကသာ တစ္ဆေကမ္ဘာမှာ ဧကရာဇ်ပညာရှင်များကို ခြိမ်းခြောက်နိုင်ကောင်း ခြိမ်းခြောက်နိုင်ပေမည်။

တမလွန်ဘုံရတနာကြေးမုံကတော့ ၎င်းသည် အမြုတေသွေးပမာဏများစွာကိုလိုအပ်ပြီး သိုင်းတာအိုပင်မခန္ဓာအပေါ် အလွန်တရာပျက်စီးထိခိုက်မှုဖြစ်စေလေသည်။ အဲဒါသည် ရန်သူကို ထိတ်လန့်အောင်လုပ်ဖို့ သူ့ကိုယ်သူထိခိုက်ဒဏ်ရာရအောင်လုပ်ရသော နည်းလမ်းတစ်ခုဖြစ်လေသည်။

တကယ်တော့ အခြေအနေက တကယ်တမ်းအကြိတ်အနယ်ဖြစ်လာမည်ဆိုလျှင် သိုင်းတာအိုပင်မခန္ဓာသည် သူ၏ အမြုတေသွေးကို စွန့်လွှတ်စတေးရမည်ဆိုလျှင်တောင် သူသည် တစ္ဆေကမ္ဘာမှ ဧကရာဇ်တစ်ဦးနှစ်ဦးကို အသေအကြေတိုက်ခိုက်ဖို့အတွက် တမလွန်ဘုံရတနာကြေးမုံကို ဆင့်ခေါ်ရပေလိမ့်မည်။

သူတို့နှစ်ဦးက အာကာသဥမင်ထဲမှာ နေ့တစ်ဝက်ကျော်ကြာအောင် သွားလာ​ခဲ့ပြီးနောက် နောက်တစ်ဖန်ဆင်းသက်လိုက်ကြ၏။

အစကတော့ တစ္ဆေကမ္ဘာက မည်းမှောင်နေလေသည်။

သို့သော်လည်း သူတို့နှစ်ယောက်ဆင်းသက်ရာနေရာ၏ ရှေ့မှာ လေဟာနယ်ကို ဖြတ်ကျော်ထားသည် စိမ်းညိုရောင်အလင်းတစ်ခုပေါ်ထွက်လာပြီး အဲဒါက တစ္ဆေကမ္ဘာကို နှစ်ပိုင်းပိုင်းခြားထားသည့်အလားပင်။

လေဟာနယ်ယက္ခက စိတ်လှုပ်ရှားတက်ကြွသောအမူအရာဖြင့် ရှေ့တည့်တည့်ကို လက်ညှိုးထိုးပြလိုက်၏။

“ရှေ့မှာရှိတာက တမလွန်ကိုးဘုံချောက်နက်ပဲ... ဘေးပတ်ဝန်းကျင်လေဟာနယ်က ကသောင်းကနင်းနဲ့တွန့်လိမ်နေတယ်... အဲဒါကို ဖြတ်ကျော်ဖို့က မလွယ်ဘူး... ကျုပ်တို့ လမ်းပဲလျှောက်ကြတာပေါ့”

“ငါတို့က တမလွန်ကိုးဘုံချောက်နက်ကိုဖြတ်ကျော်ပြီးရင် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို ပြန်သွားနိုင်မှာလား”

သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။

“ဒါပေါ့”

လေဟာနယ်ယက္ခက အလွန်တရာတိကျသေချာသောလေသံဖြင့် ပြောလိုက်၏။

သိုင်းတာအိုပင်မခန္ဓာက ထပ်မေးလိုက်၏။

“ဘယ်လိုမျိုးလဲ”

လေဟာနယ်ယက္ခက ခဏမျှတွေဝေတုံ့ဆိုင်းပြီးနောက် သွားဖြဲကာပြောလိုက်၏။

“ကျုပ်တို့ အဲဒီကိုရောက်ရင် ခင်ဗျားသိပါလိမ့်မယ်”

သိုင်းတာအိုပင်မခန္ဓာက အခြားတစ်စုံတစ်ရာပြောဆိုခြင်းမရှိဘဲ လေဟာနယ်ယက္ခကိုသာ မှင်သေသေဖြင့်ကြည့်နေ၏။

ယခုအချိန်မှာ လေဟာနယ်ယက္ခတွင် အခြားသောရည်ရွယ်ချက်များရှိနေသည်ကို သူက သေချာသလောက်နီးပါးပြောနိုင်လေသည်။

လေဟာနယ်ယက္ခသည် ခါးသက်စိမ့်စမ်းငရဲမှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် အကျဥ်းချခံထားရပြီး တစ်နှစ်ပတ်လုံး ငရဲခါးသက်စိမ့်စမ်းမှာ အစိမ်ခံထားရလေသည်။ သူ၏ အသားများက ဆွေးရိနေခဲ့ပြီးတာတောင် သူက အညံ့ခံခြင်းမရှိဘဲ မရေမတွက်နိုင်သော ညှင်းပန်းနှိပ်စက်မှုများနှင့် နာကျင်မှုများကို ကြိတ်မှိတ်ခံစားခဲ့လေသည်။

ယခုအချိန်မှာ သူသည် သိုင်းတာအိုပင်မခန္ဓာ၏ တစ်ခါဖိနှိမ်ခံရပြီးနောက် လေဟာနယ်ယက္ခအနေဖြင့် သူ့ကိုစိတ်လိုလက်ရ ခေါ်ဆောင်လာခဲ့သည်မှာ အနည်းငယ်ထူးခြားနေလေသည်။

သူတို့နှစ်ယောက်က ​ရှေ့တည့်တည့်မှာရှိသော စိမ်းညိုရောင်အလင်းရှိရာသို့ တစ်ယောက်ပြီးတစ်ယောက် လျှောက်လှမ်းသွားသည်။

သူတို့​နှစ်ယောက်ချဥ်းကပ်လာစဥ် သိုင်းတာအိုပင်မခန္ဓာသည် ဘေးပတ်လည်မှာရှိသော တစ္ဆေချီက ပိုမိုထူထဲလာပြီး တဖြည်းဖြည်းအေးစက်လာကာ ချွေးပေါက်များကနေတစ်ဆင့် သူ၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာနေသည်ဟု ခံစားရလေသည်။

သို့သော်လည်း သူ၏ မျိုးဆက်သွေးက ချစ်ချစ်တောက်ပူလောင်သော ချော်ရည်ကဲ့သို့ဖြစ်ပြီး အေးစက်အော်ရာက သူ့အပေါ်မှာ များစွာသက်ရောက်မှုမရှိပေ။

ခြေလှမ်းအနည်းငယ်လျှောက်လှမ်းပြီးနောက် သိုင်းတာအိုပင်မခန္ဓာက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။

အေးစက်အော်ရာက ပို၍ပို၍ သိသာထင်ရှားလာ၏။ ထိုမျှသာမက အဲဒီမှာ လူတစ်ယောက်ကို ဂယောင်ချောက်ချားဖြစ်စေနိုင်သော ဆိုးယုတ်အတွေးများပေါ်ထွက်လာစေနိုင်သည့် စွမ်းအားတစ်မျိုး ရှိနေသည်။ အဲဒါသည် မရေမတွက်နိုင်သော တစ္ဆေအရိပ်များနှင့် ထင်ယောင်ထင်မှားပုံရိပ်များက သူ့ထံသို့ ပြေးဝင်လာနေသည့်အလားပင်။

သိုင်းတာအိုပင်မခန္ဓာသည် သူ၏ တာအိုနှလုံးသားကို တည်ငြိမ်စေပြီး သူ၏ မျက်လုံးထဲမှာ ခရမ်းရောင်မီးတောက်နှစ်ခုပေါ်ထွက်လာ၏။ ဆိုးယုတ်အတွေးများနှင့် ပုံရိပ်ယောင်များအားလုံးက ချက်ချင်းပင်ပျောက်ကွယ်သွားလေသည်။

သူ့ရှေ့မှ​ရှိသော လေဟာနယ်ယက္ခက နောက်သို့တစ်ချက်ပြန်ကြည့်လိုက်၏။

သိုင်းတာအိုပင်မခန္ဓာက လွတ်လွတ်လပ်လပ်လှုပ်ရှားသွားလာနိုင်ပြီး သက်ရောက်ခံရမှု မရှိပုံရသည်ကို တွေ့မြင်ရသောအခါ သူက အနည်းငယ် မှင်တက်သွားလေသည်။

သို့သော်လည်း သူက အဲဒါကို အလျင်အမြန်ဖုံးကွယ်ပြီး ပုံမှန်အတိုင်းပြန်ဖြစ်လာသည်။

ထိုစဥ်မှာပင် သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က ရွေ့လျားသွားပြီး မလှမ်းမကမ်းမြေပြင်ပေါ်သို့ ဆင်းသက်သွားသည်။

ထိုနေရာမှာ အညိုရောင်အလင်းဖြင့်တောက်ပနေသည့် သစ်ခွပန်းပင်များ ပေါက်နေသည်။

တမလွန်ကိုးဘုံသစ်ခွပန်း။

ဤအပင်များသည် တမလွန်ကိုးဘုံခေတ်မှာသာပေါက်ခဲ့ဖူးပြီး ဆိတ်သုဥ်းပျောက်ကွယ်သွားသည်မှာ ခေတ်ပေါင်းများစွာကြာသွားခဲ့ပြီဖြစ်သည်။ ယခု သူသည် ထိုအပင်များစွာကို ဤနေရာမှာ မြင်တွေ့နေရသည်။

ဤနေရာကို တမလွန်ကိုးဘုံချောက်နက်ဟု ခေါ်ဆိုပြီး မြေပြင်က တမလွန်ကိုးဘုံခေတ်က ပေါက်ရောက်ခဲ့သော အပင်များဖြင့် ပြည့်​နှက်နေ၏။

ဤနေရာသည် ဒဏ္ဍာရီလာ မဟာဧကရီတမလွန်ကိုးဘုံနှင့် တကယ်ပဲပတ်သက်ဆက်စပ်နေနိုင်မလား။

သိုင်းတာအိုပင်မခန္ဓာသည် တမလွန်ကိုးဘုံသစ်ခွပန်းကို စိတ်ဝင်စားခြင်းမရှိပေ။ သို့သော်လည်း အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာအတွက်တော့ တမလွန်ကိုးဘုံသစ်ခွပန်းက သေချာပေါက် ရှားရှားပါးပါးအားဆေးတစ်ခု ဖြစ်ပေမည်။

All Chapters