တမလွန်တစ္ဆေမီး
Vol. 188 Ch. 2816
လေဟာနယ်ယက္ခသည် ဗလာကျင်းနေသော အမူအရာနှင့် အလွန်တရာရှုပ်ထွေးသော စိတ်ခံစားချက်များနှင့်အတူ သိုင်းတာအိုပင်မခန္ဓာကို ကြည့်နေ၏။
သူ၏ စိတ်ပျက်အားငယ်သော အခြေအနေမှာ သူသည် သေဖို့အတွက် စိတ်ပိုင်းဖြတ်ပြီး အမှန်တရားကို ပြောပြခဲ့လေသည်။
ယခု သူ့မျက်လုံးထဲတွင် သတ်ဖြတ်ရာမှာပြတ်သားသော ငရဲအရှင်က သူ့ကို မသတ်ဖြတ်ရုံသာမက အခွင့်အရေးတစ်ခုပါ ပေးလိုက်လေသည်။
လေဟာနယ်ယက္ခက အဲဒါကို တွေးရင်း ခါးသက်စွာ ပြုံးလိုက်၏။
“ခင်ဗျားကျုပ်ကို မသတ်ဘူးဆိုရင်တောင် ယက္ခမျိုးနွယ်က ကျုပ်ကို လွှတ်ပေးမှာမဟုတ်တော့ဘူး”
သိုင်းတာအိုပင်မခန္ဓာက သူ့စကားကို မကြားသည့်အလား ရုတ်တရက်မေးလိုက်၏။
“တမလွန်ကိုးဘုံချောက်နက်ရဲ့ အောက်မှာဘာရှိလဲ… အဲဒါက ဒီလိုမျိုးစိမ်းညိုရောင်အလင်းနဲ့ ဘာလို့တောက်ပနေတာလဲ”
ထိုစကားကို ကြားချိန်မှာ လေဟာနယ်ယက္ခ၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုအရိပ်အယောင်တစ်ခု ဖျတ်ခနဲပေါ်ထွက်လာ၏။
“ဒီချောက်နက်က တစ္ဆေကမ္ဘာရဲ့ သင်္ချိုင်းမြေပဲ… အဲဒီမှာ မရေမတွက်နိုင်တဲ့ တစ္ဆေကမ္ဘာက ပညာရှင်တွေကို မြှုပ်နှံထားတယ်.. အဲဒီမှာရှိတဲ့ ဆိုးယုတ်ချီက အသိပ်သည်းဆုံးပဲ”
“တမလွန်ကိုးဘုံချောက်နက်ရဲ့ အဆုံးစွန်ယင်ပတ်ဝန်းကျင်မှာ အရမ်းကို ကြောက်စရာကောင်းတဲ့မီးတောက်တစ်ခုက ပေါ်ထွက်လာတယ်… အဲဒါကို တမလွန်တစ္ဆေမီးလို့ခေါ်တယ်…”
“တမလွန်တစ္ဆေမီး”
သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က သိပ်သည်းစုဖွဲ့လာခဲ့၏။
တကယ်တော့ သူသည် သိုင်းတာအိုငရဲခန်းကို ထုတ်ဖော်သည့်ခဏမှာပင် သူသည် တမလွန်ကိုးဘုံချောက်နက်၏ အနက်ပိုင်းထဲမှာ ပုန်းလျှိုးနေသည့် အင်အားကြီးမားသော စွမ်းအားတစ်ခုကို ခပ်ရေးရေးအာရုံခံမိခဲ့ပြီဖြစ်သည်။
ထိုစွမ်းအားသည် သူ၏ ပိုင်နက်နယ်မြေထဲမှာ အန္တိမမီးတောက်ငါးခုနှင့် ဆက်ချိတ်နိုင်လေသည်။
တစ္ဆေမီးတောက်များသည် ကျင့်ကြံရေးလောကမှာ အတော်လေးတွေ့ရများသည်။ ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ ကျိန်စာတစ္ဆေမီးတောက်များပင်ရှိခဲ့သည်။ သို့သော်လည်း သူသည် တမလွန်တစ္ဆေမီးဆိုတာကို ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်လေသည်။
တမလွန်တစ္ဆေမီးနှင့် တမလွန်ဘုံရတနာကြေးမုံကြားမျာ ချိတ်ဆက်မှုတစ်ခုရှိနေမလား။
“တကယ်တော့ တမလွန်တစ္ဆေမီးက တမလွန်မြစ်ရဲ့ အရင်းအမြစ်ကနေလာတယ်ဆိုတဲ့ ဒဏ္ဍာရီတွေလည်းရှိတယ်… ဘယ်သူကမှတော့ တပ်အပ်သေချာမပြောနိုင်ဘူး”
လေဟာနယ်ယက္ခက ဆက်ပြောလိုက်သည်။
“တမလွန်ကိုးဘုံချောက်နက်ထဲက တမလွန််တစ္ဆေမီးက အရမ်းကို ကြောက်စရာကောင်းတယ်… အဲဒါက အချိန်တိုအတွင်းမှာ သွေးချီကို လောင်ကျွမ်းပစ်နိုင်တယ်… ဧကရာဇ်နယ်ပယ်ပညာရှင်တွေတောင်မှာ အဲဒါကို စိုးရိမ်ပူပန်ရတယ်”
“အဲဒီတစ္ဆေသရဲဆန်ဆန် အစိမ်းရောင်မီးက တမလွန်တစ္ဆေမီးကနေ ဖြာထုတ်ပေးနေတဲ့ အလင်းရောင်တွေပဲ”
ထိုစဉ်မှာပင် ကြောက်စရာကောင်းသော အော်ရာတစ်ခုသည် ယက္ခတစ္ဆေနယ်မြေဘက်ကနေ ပစ်လွင့်ထွက်ပေါ်လာ၏။ မရေမတွက်နိုင်သော ယက္ခမျိုးနွယ်ပညာရှင်များက အမှောင်ထုထဲမှာ နိုးထလာခဲ့လေသည်။
“မြန်မြန်ထွက်ပြေးဖို့လုပ်တော့”
ထိုမြင်ကွင်းကို အာရုံခံမိသွားပြီး လေဟာနယ်ယက္ခက အလောတကြီးတိုက်တွန်းလှုံ့ဆော်လိုက်၏။
“ဧကရာဇ်တစ်ပိုင်းတွေ ရောက်လာတဲ့အခါ ခင်ဗျားက လုံးဝခုခံနိုင်မှာမဟုတ်ဘူး… ခင်ဗျားက အဲဒီရတနာတွေအပေါ်မှီခိုပြီး ဧကရာဇ်တစ်ပိုင်းပညာရှင်တစ်ဦးနှစ်ဦးကို သတ်ဖြတ်နိုင်မယ်ဆိုရင်တောင် ခင်ဗျားက အစစ်အမှန်ယက္ခဧကရာဇ်တွေကို သေချာပေါက်ထပ်ပြီး ဆွဲဆောင်မိလိမ့်မယ်”
“ခင်ဗျားက ငရဲအရှင်ဆိုပေမဲ့ ခင်ဗျားက တစ္ဆေကမ္ဘာတစ်ခုလုံးနဲ့ လုံးဝမတိုက်ခိုက်နိုင်ဘူး
“အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို ပြန်သွားဖို့ကတော့ အဲဒါကို မစဉ်းစားနဲ့တော့.. ဂုဏ်သရေရှိအမျိုးသမီး တစ္ဆေမိခင်က အခုအချိန်မှာ အိပ်မောကျနေတယ်… သူ့ကို ယက္ခိုသ်အမျိုးသမီးဆယ်ဦးနဲ့ ယက္ခရှစ်ဦးက ကာကွယ်စောင့်ရှောက်ပေးနေတယ်… ခင်ဗျားက သူ့အနားကိုတောင်မှာ ချဉ်းကပ်နိုင်မှာ မဟုတ်ဘူး”
သိုင်းတာအိုပင်မခန္ဓာက တည်ငြိမ်နေပြီး မှင်သေသေဖြင့်မေးလိုက်၏။
“မင်းကရော”
“ကျုပ်လား”
လေဟာနယ်ယက္ခက သွားဖြဲပြလိုက်၏။
“ကျုပ်ကတော့ သေချာပေါက် ရှင်နိုင်တော့မှာမဟုတ်ဘူး… ယက္ခမျိုးနွယ်က ကျုပ်ကို သေချာပေါက် လွှတ်ပေးမှာ မဟုတ်ဘူး”
ယက္ခတစ္ဆေမဟာနယ်မြေရှိရာဘက်မှာ ပေါ်ထွက်လာသော အော်ရာများကို အာရုံခံရင်း သိုင်းတာအိုပင်မခန္ဓာက တမလွန်ကိုးဘုံချောက်နက်ကို ငုံ့ကြည့်ကာ အဓိပ္ပါယ်ပါပါ ပြောလိုက်၏။
“မင်း… ကိုယ့်အားကိုယ်ကိုးထားဦး… မင်းတောင့်ခံထားနိုင်ဦးမယ်ဆိုရင် ငါတို့ ပြန်ဆုံကောင်းဆုံဦးမှာပေါ့”
ထိုသို့ပြောရင်း သိုင်းတာအိုပင်မခန္ဓာက တမလွန်ကိုးဘုံချောက်နက်ထဲသို့ ခုန်ချသွားလေသည်။
“အား”
လေဟာနယ်ယက္ခက တုန်လှုပ်သွားပြီး အော်ပြောလိုက်၏။
“သူ… သူတကယ် ရူးသွားပြီ”
လေဟာနယ်ယက္ခသည် လူးလဲ၍ကျုံးထပြီး ချောက်နက်၏ အစပ်သို့ ဒယီးဒယိုင်လျှောက်လှမ်းလာ၏။ သူက ချောက်နက်ထဲကို ငုံ့ကြည့်လိုက်ပြီး သိုင်းတာအိုပင်မခန္ဓာ၏ ပုံရိပ်ကို မတွေ့မြင်ရတော့ပေ။
“ခင်ဗျားက တမလွန်ကိုးဘုံချောက်နက်ထဲကို ခုန်ချသွားမယ်ဆိုရင် ကျုပ်တို့တွေ နောက်တစ်ခါ ပြန်တွေ့နိုင်မှာ မဟုတ်လောက်တော့ဘူး”
လေဟာနယ်ယက္ခက တီးတိုးရေရွတ်လိုက်၏။
“အဲလိုတော့လည်း ပြောလို့မရသေးဘူး”
သူက ခြောက်ကပ်စွာရယ်မောလိုက်၏။
“ငါက သေရတော့မှာဘဲ… ငါတို့တွေ သေသွားပြီးရင် ငါတို့ရဲ့ဝိညာဉ်တွေက တမလွန်ဘုံကို ဝင်ရောက်သွားမယ်ဆိုရင် ငါတို့က ပြန်တွေ့ကောင်းပြန်တွေ့ရနိုင်တယ်”
ထိုစဉ်မှာပင် ယက္ခမျိုးနွယ်မှ ပုံရိပ်များစွာက အမှောင်ထုထဲကနေ ရှေ့သို့ပြေးဝင်လာကြသည်။
ဦးဆောင်လာသူတချို့မှာ ကြောက်စရာကောင်းသော အော်ရာများရှိပြီး သူတို့က ဧကရာဇ်တစ်ပိုင်းပညာရှင်များဖြစ်ကြလေသည်။
ကျန်ရှိနေသော သူများအားလုံးက ယက္ခမျိုးနွယ်မှ ဘုရင်များဖြစ်ကြသည်။
စောစောက တိုက်ပွဲမှာ ယက္ခဘုရင်ဆယ်ဦးကျော် သေဆုံးခဲ့ပြီး ယက္ခတစ္ဆေမဟာနယ်မြေ၏ လွင်ပြင်ရှစ်ခုက သတိထားမိလာကြသည်။
တစ္ဆေမဟာနယ်မြေနှစ်ခုကြား တိုက်ပွဲများကလွဲလျှင် ယက္ခတစ္ဆေမဟာနယ်မြေသည် အချိန်တိုအတွင်းမှာ ဤမျှများပြားသောလူများကို ဘယ်တုန်းကမှာ မဆုံးရှုံးခဲ့ဖူးပေ။
“ဘာဖြစ်သွားတာလဲ”
ဧကရာဇ်တစ်ပိုင်းယက္ခတစ်ဦးက လေးနက်သောအသံဖြင့် မေးလိုက်၏။
ဤဧကရာဇ်တစ်ပိုင်းယက္ခသည် လွင်ပြင်ရှစ်ခုထဲမှတစ်ခု တစ်ဝက်တစ်ပျက်ကွယ်ဝှက်လွင်ပြင်ကနေ လာလေသည်။
သည့်ယခင်က ယက္ခများစွာသည် ဤနေရာမှာ စုဝေးရောက်ရှိနေကြပြီဖြစ်ပြီး ဖြစ်စဉ်တစ်ခုလုံးကို တွေ့မြင်ထားခဲ့ကြသည်။
ယက္ခများသည် တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့တက်လှမ်းလာပြီး စောစောက ဖြစ်ပျက်ခဲ့သည့် တိုက်ပွဲကို ပြန်ပြောပြလိုက်သည်။
“ဟမ်”
မာဏိလွင်ပြင်မှာ နောက်ထပ် ဧကရာဇ်တစ်ပိုင်းပညာရှင်တစ်ဦးက ကြမ်းကြတ်ခက်ထန်သောအကြည့်နှင့် လေဟာနယ်ယက္ခကို လှည့်ကြည့်လိုက်၏။ သူက ဖြည်းဖြည်းချင်းပြောလိုက်လေသည်။
“အကျည်းတန်ကျေးကျွန်… မင်းက အပြစ်သားတစ်ဦးပဲ.. ဒါတောင် မင်းက တစ္ဆေကမ္ဘာကို ပြင်ပမျိုးနွယ်တွေခေါ်ပြီး ဝင်လာရဲသေးတယ်”
“မင်းက တစ္ဆေမျိုးနွယ်ကို သစ္စာဖောက်တဲ့အတွက် သေသင့်သေထိုက်တယ်”
တစ်ဝက်တစ်ပျက်ကွယ်ဝှက်လွင်ပြင်မှ ဧကရာဇ်တစ်ပိုင်းပညာရှင်က အေးစက်စွာပြောလိုက်သည်။
သူက သေချာပေါက်သေရတော့မယ်ဆိုတာကို သိသွားပြီး လေဟာနယ်ယက္ခက ဆက်လက်၍ စိုးရွံ့ထိတ်လန့်မနေတော့ပေ။ သူက သူ၏ ရင်ဘတ်ကို ပုတ်ပြီး အော်ပြောလိုက်၏။
“အဲဒီလူသားကို ခေါ်လာခဲ့တဲ့သူက ကျုပ်ဆိုတာ တကယ်ပဲ… ဒါပေမဲ့ ကျုပ်က တစ္ဆေကမ္ဘာကို ဘယ်တုန်းကမှာ သစ္စာမဖောက်ခဲ့ဘူး”
“မင်းဘယ်လိုတောင် ငြင်းဆိုရဲတာလဲ”
နှင်းတောင်လွင်ပြင်မှ ဧကရာဇ်တစ်ပိုင်းပညာရှင်က လှောင်ရယ်ပြီး လေဟာနယ်ယက္ခကို စိုက်ကြည့်လိုက်လေသည်။ သူက ဖြည်းဖြည်းချင်းမေးလိုက်၏။
“ငါ့ကို ပြောစမ်းပါဦး… မင်းက တမလွန်မြစ်ထဲကို တွန်းပို့ခံရပြီးနောက် ဘယ်လိုလုပ်ပြီးရှင်သန်နိုင်ခဲ့တာလဲ…. မင်းက တစ္ဆေကမ္ဘာကို ဘယ်လိုလုပ်ပြီး ပြန်ရောက်လာခဲ့တာလဲ”
“ငါ့ကို ဖြစ်စဉ်တစ်ခုလုံး ပြန်ပြောပြစမ်း… အဲဒီလူသားရဲ့ နောက်ခံရောပဲ.. မင်းတစ်ခုခုထိန်ချန်ထားမယ်ဆိုရင် ငါက မင်းကို သေချာပေါက် ညှင်းပန်းနှိပ်စက်ပြီး သေတာထက်ဆိုးအောင် လုပ်ပြမယ်”
လေဟာနယ်ယက္ခသည် မလုံမလဲ ခံစားမနေရတော့ဘဲ မည်သည့်အရာကိုမှာ ဖုံးကွယ်မထားတော့ပေ။ သူက ပြောလိုက်သည်။
“ကျုပ်ကို ဂုဏ်သရေရှိအမျိုးသမီး တစ္ဆေမိခင်က တမလွန်မြစ်ထဲကို တွန်းပို့ခဲ့တယ်… ကျုပ်က သေချာပေါက် သေပြီလို့တွေးခဲ့တာပဲ… မထင်မှတ်ထားစွာဘဲ ကျုပ်က တမလွန်မြစ်ရဲ့ နောက်ထပ်မြစ်လက်တက်တစ်ခုထဲကို အမှတ်တမဲ့ဝင်ရောက်မိသွားပြီး အဲဒီမြစ်လက်တက်က ငရဲကမ္ဘာကို ဦးတည်နေတာပဲ…………….”
တမလွန်ကိုးဘုံးချောက်နက်၏ အနက်ပိုင်းထဲမှာ သိုင်းတာအိုပင်မခန္ဓာသည် သူ၏ ခန္ဓာကိုယ်ကို ဆက်လက်၍ မထိန်းချုပ်နိုင်တော့ဘဲ အောက်သို့ အဆက်မပြတ်ကျဆင်းလာခဲ့သည်။
အသူတရာချောက်နက်ထဲကနေ သူ့ခန္ဓာကိုယ်ကို အတင်းအကျပ်ဆွဲယူနေသည့် မမြင်ရသောအင်းအားတစ်ရပ်ရှိနေပုံရသည်။
သိုင်းတာအိုပင်မခန္ဓာသည် သူ၏ ခေါင်းကို ငုံ့ကြည့်လိုက်၏။ မှေးမှိန်နေသော အစိမ်းရောင်အလင်းအောက်မှာ တမလွန်ကိုးဘုံချောက်နက်၏ အောက်ခြေက အလောင်းများ၊ တောင်တန်းများနှင့် ပြည့်နှက်နေလေသည်။
အလောင်းများ၏ အထင်ရှားဆုံး သွင်ပြင်လက္ခဏာမှာ သူတို့ပေါ်တွင် မည်သည့်အသားမှ မကျန်ရှိတော့သော်လည်း သူတို့၏ အရိုးများက အကောင်းတိုင်းရှိနေသေးလေသည်။
အရိုးစုတချို့သည် သူတို့မသေဆုံးခင် တိုက်ပွဲဝင်ပုံသဏ္ဍာန်များကို ထိန်သိမ်းထားသည်။
သူတို့၏ ပုံသဏ္ဍာန်ကနေတစ်ဆင့် ထိုအရိုးစုများက ဘယ်မျိုးနွယ်ကဖြစ်သည်ကို ခွဲခြားဖို့ လွယ်ကူလေသည်။
သူတို့ထဲမှအချို့သည် ယက္ခမျိုးနွယ်မှဖြစ်ကြသည်။
အရိုးစုတချို့မှာ သူတို့၏ နောက်ကျောတွင် အရိုးစုတောင်ပံများရှိပြီး သူတို့က ယက္ခိုသ်မျိုးနွယ်မှ ဖြစ်သည်မှာ သိသာသည်။
ရုတ်တရက်ဆိုသလို…။
သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က ယက္ခိုသ်အရိုးစုတစ်ခုပေါ် ဆင်းသက်သွားလေသည်။
ယက္ခိုသ်အရိုးစု၏ နောက်ကျောမှာ အရိုးစုတောင်ပံလေးစုံရှိနေသည်။
ယက္ခိုသ်မျိုးနွယ်မှ ပကတိစိတ်ဝိညာဉ်များတွင် တောင်ပံနှစ်စုံသာ ရှိလေသည်။
ဘုရင်ပညာရှင်များမှာ တောင်ပုံသုံးစုံရှိလေသည်။
ဧကရာဇ်နယ်ပယ်ထိ ကျင့်ကြံပြီးမှာသာ တောင်ပံလေးစုံထိ ရှိလာမည်ဖြစ်သည်။
ထိုအရိုးစုသည် ဧကရာဇ်နယ်ပယ်ပညာရှင်တစ်ဦးဖြစ်ခဲ့ပေမည်။
ယက္ခိုသ်ဧကရာဇ်၏ ဦးခေါင်းခွံကို အခြားသောယက္ခ၏ ထက်ရှသောလက်သည်းများက ထိုးဖောက်ထားလေသည်။
ယက္ခိုသ်၏ နောက်ကျောဘက်မှာ အရိုးစုတောင်ပံက သူ့ရှေ့မှာရှိသော ယက္ခ၏ ဦးခေါင်းထက်ဝက်ကို ပိုင်းဖြတ်ထားသည်။
သူထင်တာမမှားဘူးဆိုလျှင် ဤယက္ခသည်လည်း ဧကရာဇ်နယ်ပယ်ပညာရှင်တစ်ဦးဖြစ်လေသည်။
တမလွန်ကိုးဘုံချောက်နက်၏ အနက်ပိုင်းထဲမျာ တစ္ဆေကမ္ဘာ၏ သင်္ချိုင်းမြေဆိုသည့်အတိုင်းပင်။ အဲဒီမှာ ဧကရာဇ်နယ်ပယ်ပညာရှင်များ၏ အရိုးစုများပင်ရှိနေလေသည်။
ဒါ့အပြင် ဤအရိုးစုများက နှစ်ခုထက်မက ရှိနေသည်။
သိုင်းတာအိုပင်မခန္ဓာက လှည့်ပတ်ကြည့်ရှုရင်း မရေမတွက်နိုင်သော အရိုးစုများကြားမှာ ပုံမပျက်ကျန်ရှိနေသည့် ဧကရာဇ်နယ်ပယ်အရိုးစုဆယ်ခုကျော်ကို တွေ့မြင်လိုက်ရသည်။
သေဆုံးသွားသော အရိုးစုများက နှစ်ပေါင်းမရေအတွက်နိုင်အောင် ကြာခဲ့ပြီဖြစ်သော်လည်း သူတို့ထံမှ ချောက်ချားစရာကောင်းသော အော်ရာတစ်ခုက ဖြာထွက်နေဆဲပင်။ တစ္ဆေချီက ရစ်သိုင်းနေပြီး သူတို့၏ စွမ်းပကားများက ကျန်ရှိနေသေးလေသည်။