← Chapters

သိုင်းပိုင်နက်နယ်မြေနယ်ပယ် အဆင့်မြင့်ကျွမ်းကျင်မှု

Vol. 188 Ch. 2817

သိုင်းပိုင်နက်နယ်မြေနယ်ပယ် အဆင့်မြင့်ကျွမ်းကျင်မှု

Vol. 188 Ch. 2817

တမလွန်အစိမ်းရောင်မီးတောက်များသည် အရိုးစုများ၏ အက်ကွဲကြောင်းများထဲကနေတစ်ဆင့် လောင်ကျွမ်းနေ၏။ အပူချိန်က မမြင့်မားသော်လည်း သိုင်းတာအိုပင်ခန္ဓာသည် သိပ်သည်းပြင်းထန်သော လောင်မြိုက်ခြင်းနာကျင်မှုကို ခံစားနေရသည်။

တမလွန်တစ္ဆေမီး…။

၎င်းသည် သိုင်းတာအိုပင်မခန္ဓာ၏ ဆင်းသက်လာမှုကို အာရုံခံမိသွားသည့်အလား အစက အရိုးများ၏ အက်ကွဲကြောင်းများထဲမှာ တိတ်တဆိတ်လောင်ကျွမ်းနေသော မီးတောက်များက ရုတ်တရက် စိတ်ဆိုးမာန်ဆိုးဖြစ်လာခဲ့လေသည်။ မီးတောက်များက ပြင်းထန်ကြမ်းတမ်းလာပြီး မရေမတွက်နို်ငသော တစ္ဆေအရိပ်များက ပေါ်ထွက်လာပုံရကာ သိုင်းတာအိုပင်မခန္ဓာကို ချက်ချင်းပင် ဆွဲယူနှစ်မြှုပ်လိုက်၏။

ဘုန်း…

သိုင်းတာအိုပင်မခန္ဓာသည် အရိုးစုပုံပေါ်သို့ ပြင်းထန်စွာ ပစ်ကျသွားလေသည်။ သူ့ကို တမလွန်တစ္ဆေမီးက လွှမ်းခြုံထားပြီဖြစ်ပြီး သူ၏ သွေးချီက လျင်မြန်စွာ ခန်းခြောက်လာ၏။

လေဟာနယ်ယက္ခပြောခဲ့သည်မှာ မှန်နေသည်။

တမလွန်တစ္ဆေမီးသည် လူတစ်ယောက်၏ သွေးချီကို လောင်ကျွမ်းစေနိုင်၏။

ထိုမျှသာမက သိုင်းတာအိုပင်မခန္ဓာ၏ အသားက ရူးသွပ်စွာလောင်ကျွမ်းခံနေရသည်။ မရေမတွက်နိုင်သော တစ္ဆေများက မီးတောက်များကြားမှာ ပုန်းကွယ်နေပြီး သူ၏ အသားကို ရူးသွပ်စွာ ကိုက်ခဲနေသည့်အလားပင်။

သိုင်းတာအိုပင်မခန္ဓာ၏ ပုံရိပ်က မြင်နိုင်သောနှုန်းထားဖြင့် ကျုံ့ဝင်လာခဲ့သည်။

နာကျင်မှု…။

သိပ်သည်းပြင်းထန်သော နာကျင်မှု…။

သို့သော်လည်း ထိုနာကျင်မှုသည် အဝီစိမှ ငရဲမီးနှင့်ယှဉ်လျှင် များစွာနိမ့်ကျနေသေးလေသည်။

သိုင်းတာအိုပင်မခန္ဓာသည် သူ၏ အသိစိတ်ကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်သည်။

တကယ်တော့ သူသည် တမလွန်ကိုးဘုံချောက်နက်ထဲသို့ စိတ်လိုက်မာန်ပါဖြင့် ခုန်ချဖို့ရွေးချယ်ခဲ့ခြင်း မဟုတ်ပေ။

စောစောတိုက်ပွဲမှာ သူသည် ယက္ခတစ္ဆေမဟာနယ်မြေကို သတိထားမိသွားစေခဲ့ပြီဖြစ်သည်။

လေဟာနယ်ယက္ခပြောခဲ့သလိုပင် ဧကရာဇ်တစ်ပိုင်းပညာရှင် သို့မဟုတ် ဧကရာဇ်နယ်ပယ်ပညာရှင်များ ဆင်းသက်ရောက်ရှိလာသည်နှင့် သူက အဲဒါကို လုံးဝခုခံနိုင်လိမ့်မည် မဟုတ်ပေ။

ဒါ့အပြင် သူသည် တစ္ဆေကမ္ဘာနှင့် အရမ်းကို စိမ်းသက်လွန်းလေသည်။ သူက ချက်ချင်းထွက်ပြေးတိမ်းရှောင်မည်ဆိုလျှင်တောင် သူသည် သိပ်ကြာကြာတောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။

အကောင်းဆုံးထွက်ပေါက်မှာ တမလွန်ကိုးဘုံချောက်နက်ဖြစ်သည်။

တမလွန်ကိုးဘုံချောက်နက်မှာ တမလွန်တစ္ဆေမီးရှိပြီး ဧကရာဇ်နယ်ပယ်ပညာရှင်များပင် အဲဒါကို စိုးရိမ်ပူပန်ရလေသည်။

ထို့ကြောင့် သိုင်းတာအိုပင်မခန္ဓာသည်လည်း အဲဒါကို ခုခံနိုင်မည် မဟုတ်ပေ။

သို့သော်လည်း သူသည် တမလွန်တစ္ဆေမီးဖြင့် သတ်ဖြတ်ခြင်းမခံရခင် အဲဒါကို သူ၏ ခန္ဓာကိုယ်ထဲ ထည့်သွင်းပေါင်းစည်းပြီး အဲဒါကို သိုင်းတာအိုငရဲခန်း၏ ဆဋ္ဌမမြောက်မီးတောက်အဖြစ် ပြောင်းလဲပစ်နိုင်သည်နှင့်အမျှ တမလွန်တစ္ဆေမီးသည် သူ့ကို ဆက်လက်၍ ခြိမ်းခြောက်နိုင်တော့မည် မဟုတ်ပေ။

ထိုအပြုအမူက အရမ်းကို အန္တရာယ်များလွန်းသည်။

သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် အရင်က အဝီစိမှာ ထိုကဲ့သို့သော အတွေ့အကြုံရှိခဲ့ဖူးလေသည်။

ထို့ကြောင့်ပင် သူသည် အန္တရာယ်ကို စွန့်စားပြီး တမလွန်တစ္ဆေမီးကို ဝါးမျိုသန့်စင်ဖို့ ကြိုးစားနေခြင်းဖြစ်သည်။

သူကျရှုံးသွားမည်ဆိုလျှင် သူက မလွဲမသွေ သေရပေလိမ့်မည်။ သို့သော်လည်း သူအောင်မြင်မည်ဆိုလျှင် သိုင်းတာအိုပင်မခန္ဓာအပေါ် တိုးတက်မှုက ကြီးမားလွန်းပေလိမ့်မည်။

သိုင်းတာအိုငရဲခန်းထဲသို့ စွမ်းအားကြီးမား၍ ကြောက်စရာကောင်းသော နောက်ထပ်မီးတောက်တစ်ခုကို ထပ်ပေါင်းထည့်နိုင်ခြင်းနှင့်အတူ ပိုင်နက်နယ်မြေ၏ စွမ်းအားတိုးတက်မှုက အကျိုးအမြတ်များထဲမှာ တစ်ခုသာလျှင်ဖြစ်ပေလိမ့်မည်။

တကယ်ဆို တမလွန်တစ္ဆေမီးသည် သိုင်းတာအိုပင်မခန္ဓာ၏ ကျင့်ကြံမှုနယ်ပယ်ကို အချိန်တိုအတွင်းမှာ နောက်ထပ်တစ်ဆင့်သို့ မြှင့်တင်ပေးနိုင်မည့် အခွင့်အရေးပင် ရှိနေလေသည်။

သိုင်းတာအိုပင်မခန္ဓာသည် နာကျင်မှုကို တောင့်ခံရင်း ခြေချိတ်ထိုင်ထားသည်။ သူ၏ အဝတ်များက လောင်ကျွမ်းပြာကျသွားခဲ့ပြီဖြစ်ပြီး သူ၏ မျက်နှာပေါ်မှာ မာရ်နတ်မျက်နှာဖုံးကပင် ကွာကျသွားခဲ့လေပြီ။

တစ်ယောက်ယောက်က ဤနေရာမှာရှိနေမည်ဆိုလျှင် သူတို့သည် သူ့ကို မှတ်မိသိရှိနိုင်လိမ့်မည် မဟုတ်ပေ။

သိုင်းတာအိုပင်မခန္ဓာသည် တမလွန်တစ္ဆေမီး၏ လောင်မြိုက်မှုအောက်မှာ ပုံပျက်ပန်းပျက်ဖြစ်နေလေပြီ။ ကံကောင်းထောက်မစွာဖြင့် သူသည် သိုင်းတာအိုကို ကျင့်ကြံထားပြီး အစစ်အမှန်သိုင်းတာအိုခန္ဓာကို စုဖွဲ့ထားသည်။ သူ၏ အသားတစ်လက်မချင်းစီတိုင်းမှာ သိုင်းတာအို၏ ဓမ္မအစီအရင်နှင့် စိတ်စွမ်းအားတို့ပါဝင်နေ၏။

မဟုတ်ပါက သူ၏ အသားသည် အသက်ရှူချိန်အနည်းငယ်မျှမှာ လောင်ကျွမ်းပြာကျသွားပေလိမ့်မည်။

ဤချောက်နက်သည် အဆုံးစွန်ယင်ရှိရာ နေရာတစ်ခုဖြစ်ပြီး မရေအတွက်နိုင်သော တစ္ဆေအရိုးစုများရှိနေ၏။ အဲဒါသည် ဆိုးယုတ်ချီဖြင့် ပြည့်နှက်နေပြီး တစ်နှစ်ပတ်လုံး တမလွန်တစ္ဆေမီးကို အားဖြည့်ပေးကာ အဲဒါကို မနှိုင်းယှဉ်သာအောင် စွမ်းအားကြီးမားလာစေသည်။

ဧကရာဇ်နယ်ပယ်ပညာရှင်များပင် စိုးရိမ်ပူပန်ရပြီး အစစ်အမှန်သိုင်းတာအိုခန္ဓာကလည်း အဲဒါကို မခုခံနိုင်ပေ။ သူသည် တမလွန်တစ္ဆေမီး၏ လောင်ကျွမ်းမှု အလျင်အဟုန်ကိုသာ လျှော့ချပြီး သိုင်းတာအိုပင်မခန္ဓာအတွက် အတတ်နိုင်ဆုံး အချိန်ဆွဲပေးထားသည်။

သိုင်းတာအိုပင်မခန္ဓာသည် သိုင်းတာအိုငရဲခန်းကို ထုတ်ဖော်ပြီး တစ်ချိန်တည်းမှာပင် သိုင်းတာအိုမီးဖိုအဖြစ် အသွင်ပြောင်းလဲကာ တမလွန်တစ္ဆေမီးကို အတတ်နိုင်ဆုံး သန့်စင်ဖို့ကြိုးစားနေ၏။

တမလွန်တစ္ဆေမီးက အရမ်းကို သန်မာလွန်းသည်။

၎င်းသည် သူထိန်းချုပ်ထားသော အန္တိမမီးတောက်ငါးခုနှင့် ကွဲပြားခြားနားနေ၏။

ဒါ့အပြင် သိုင်းတာအိုပင်မခန္ဓာက အဲဒါကို သိုင်းစိတ်ဝိညာဉ်မီး၊ အနီရောင်ကြာပန်းကြမ္မာမီး၊ ကပ်ဘေးမီး၊ နဂါးဖီးနစ်မီးတောက်နှင့် ငရဲမီးတို့နှင့်အတူ အရည်ဖျော်ချဖို့ကြိုးစားနေသည်ဆိုလျှင်တောင် သူသည် အဲဒါကို ချက်ချင်းမချိုးနှိမ်နိုင်ပေ။

သိုင်းတာအိုပင်မခန္ဓာသည် နာကျင်မှုကို စိတ်ရှည်လက်ရှည်တောင့်ခံပြီး သူ၏ အသိစိတ်ကို ထိန်းသိမ်းထားသည်။ မီးတောက်များက ချိုးနှိမ်ဖို့ ပိုမိုခက်ခဲလေလေ သူတို့ကို သူထိန်းချုပ်နိုင်သည်နှင့် သူ့အပေါ် တိုးတက်မှုက ပိုမိုကြီးမားလေဖြစ်သည်။

ဒါ့အပြင် သိုင်းတာအိုပင်မခန္ဓာ၏ သိုင်းစိတ်ဝိညာဉ်က ခရမ်းရောင်မီးတောက်တစ်ခုဖြစ်ပြီး မီးတောက်များအပေါ် သူ၏ နားလည်ဆင်ခြင်မှုနှင့် ထိုးထွင်းသိမြင်မှုအပေါ် မည်သူကမှ မယှဉ်နိုင်ပေ။

သန့်စင်မွန်းမံမှုက ကျရှုံးသွားမည်ဆိုလျှင် သူက ထပ်မံ၍ ကြိုးစားရပေမည်။

ထိုစက်ဝန်းက ထပ်တလဲလဲဖြစ်ပွားနေ၏။

သိုင်းတာအိုပင်မခန္ဓာပေါ်ရှိ တမလွန်တစ္ဆေမီးက တစ်ချိန်လုံးငြိမ်းသေမသွားပေ။ အချိန်ကြာလာသည်နှင့်အမျှ သူ့ခန္ဓာကိုယ်ပေါ်ရှိ အသားများက လျော့ကျလာခဲ့သည်။

မသိလိုက်မသိဘာသာ အချိန်တစ်ခုကြာသွားပြီးနောက် တမလွန်ကိုးဘုံချောက်နက်၏ အနက်ပိုင်းထဲမှာ အဆုံမဲ့အရိုးစုများပေါ်တွင် ခြေချိတ်ထိုင်နေသော နောက်ထပ်အရိုးစုတစ်ခုရှိလာခဲ့သည်။

ထိုအခိုက်အတန့်မှာ သိုင်းတာအိုပင်မခန္ဓာပေါ်တွင် အသားများစွာ မကျန်ရှိတော့ပေ။

လျှို့ဝှက်ဆန်းကြယ်သော မှော်စာလုံးများစွာဖြင့် ပုံသွင်းထားပြီး ဓမ္မတာအိုများရောထွေးယှက်ဖြာနေသော အရိုးစုတစ်ခုသာလျှင် ထိုနေရာမှာ ထိုင်လျက်ကျန်ရစ်ခဲ့ပြီး စိမ်းညိုရောင်မီးတောက်များကြားမှာ ရှိနေလေသည်။

ဦးခေါင်းခွံ၏ မျက်တွင်းပေါက်များကနေတစ်ဆင့် သူ့နှာရောင်၏ နောက်ဘက်မှာ ခရမ်းရောင်မီးတောက်တစ်ခု လွင့်မျောနေသည်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်သည်။

သိုင်းတာအိုပင်မခန္ဓာ၏ အသားများက တမလွန်တစ္ဆေမီးကြောင့် လုံးလုံးလျားလျားလောင်ကျွမ်းခံရမည်ဆိုလျှင် သူ့အမြုတေစိတ်ဝိညာဉ်၏ အလှည့်ကို ရောက်လာပေလိမ့်မည်။

တမလွန်တစ္ဆေမီးသည် အရိုးများကို မလောင်ကျွမ်းစေပေ။ ထို့ကြောင့်ပင် ဤချောက်နက်ထဲမှာ မရေမတွက်နိုင်သော အရိုးစုများ ပုံထပ်နေခြင်းဖြစ်သည်။

အချိန်က တဖြည်းဖြည်းကုန်ဆုံးလာခဲ့၏။

သိုင်းတာအိုပင်မခန္ဓာ၏ စိတ်နှလုံးက ရေသေကဲ့သို့ တည်ငြိမ်နေ၏။ စိမ်းညိုရောင် တမလွန်တစ္ဆေမီးအပြင် သူ၏ ဘေးမှာ လွင့်မျောနေသော အခြားမီးတောက်လေးခုရှိနေ၏။

မီးတောက်လေးခုက အဆက်မပြတ်လှည့်ပတ်ပြီး သူ၏ နှာရောင်နောက်မှာရှိသော သိုင်းစိတ်ဝိညာဉ်မီးနှင့် အပြန်အလှန်ဆက်သွယ်နေ၏။

ရုတ်တရက်ဆိုသလို…။

အရိုးစုက ဆတ်ခနဲတုန်ယင်သွားပြီး သူ၏ အနက်ရောင်မျက်တွင်းအိမ်ထဲကနေ စိမ်းညိုရောင်မီးတောက်နှစ်ခုက ရုတ်တရက်ပေါ်ထွက်လာလေသည်။ အဲဒါက တမလွန်တစ္ဆေမီးဖြစ်သည်။

နောက်ခဏ၌ အရိုးစု၏ အော်ရာက သိသိသာသာ ပြောင်းလဲသွားသည်။ ၎င်းသည် ဘေးပတ်ဝန်းကျင်မှာရှိသော တမလွန်တစ္ဆေမီးနှင့် ပေါင်းစည်းသွားသည့်အလားပင်။

တမလွန်တစ္ဆေမီးသည် သူ၏ ခန္ဓာကိုယ်ကို လောင်ကျွမ်းနေဆဲဖြစ်သော်လည်း သူသည် မည်သည့်ပျက်စီးထိခိုက်မှုကိုမှ ဆက်လက်၍ မခံစားရနိုင်တော့ပေ။ ထိုအစား သူသည် နွေးထွေး၍ သက်တောင့်သက်သာရှိသော ခံစားချက်တစ်ခုကို ရရှိလာ၏။

အောင်မြင်လေပြီ။

သိုင်းတာအိုပင်မခန္ဓာက ကျေနပ်သဘောကျသွား၏။

သူ့ကျင့်ကြံနယ်ပယ်ကြောင့် သူထုတ်ဖော်ထားသည့် တမလွန်တစ္ဆေမီးက တမလွန်ကိုးဘုံချောက်နက်ထဲရှိ တမလွန်တစ္ဆေမီးထက် များစွာနိမ့်ကျနေသေးသည်။

သို့သော်လည်း ဘေးပတ်ဝန်းကျင်မှာရှိသော တမလွန်တစ္ဆေမီးက သူ့ကို ဆက်လက်၍ မထိခိုက်စေနိုင်တော့ပေ။

နောက်ခဏ၌ အရိုးစုပေါ်မှာ အသွေးအသားက လျင်မြန်စွာပေါ်ထွက်လာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ပြည့်နှက်လာစေ၏။

တမလွန်တစ္ဆေမီး၏ လွှမ်းခြုံမှုမှာ သိုင်းတာအိုပင်မခန္ဓာသည် အစစ်အမှန်သိုင်းတာအိုခန္ဓာကို ပြန်လည်တည်ဆောက်နေသည်။

တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်ထဲရှိအော်ရာက လျင်မြန်စွာမြင့်တက်လာနေ၏။

သိုင်းတာအိုငရဲခန်းထဲမှာ နောက်ထပ်စွမ်းအားကြီးမားသော မီးတောက်တစ်ခု ထပ်တိုးလာခဲ့သည်။ သူ့ပိုင်နက်နယ်မြေ၏ စွမ်းအားက ဆပွားမြင့်တက်လာပြီး သုတ္တန်များနှင့် လျှို့ဝှက်အတတ်များကို သူသန့်စင်မွန်းမံနိုင်သော အလျင်အဟုန်ကလည်း မြင့်တက်လာခဲ့လေသည်။

သိုင်းတာအိုငရဲခန်းဖြစ်စေ သို့မဟုတ် ပြန်လည်တည်ဆောက်ထားသော အစစ်အမှန်သိုင်းတာအိုခန္ဓာဖြစ်စေ သူတို့သည် ကောင်းကင်နှင့်မြေကြီးအမြုတေချီ ပမာဏများစွာကို လိုအပ်နေသည်။

ရုတ်တရက်ဆိုသလို အရိုးစုက မတ်တတ်ထရပ်ပြီး သူ၏ ပါးစပ်ကို ဖွင့်ဟကာ အသက်ကို ရှူသွင်းလိုက်၏။

ဝှစ်… ဝှစ်…

အဆုံးမဲ့တစ္ဆေချီစီးကြောင်းတစ်ခုက ကောင်းကင်နှင့်မြေကြီးကနေ တလိပ်လိပ်ထိုးထွက်လာ၏။ သူတို့က တမလွန်ကိုးဘုံချောက်နက်ထဲသို့ တိုးဝင်လာပြီး စွမ်းအားကြီးမားသော အင်အားတစ်ရပ်ဖြင့် ဆွဲယူခံနေရသည့်အလားပင်။

သာမန်ကျင့်ကြံသူများအနေဖြင့် ကျင့်ကြံဖို့အတွက် တစ္ဆေချီကို စုပ်ယူဖို့က ခက်ခဲလေသည်။

သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာက မည်သည့်ထိန်ချန်ငဲ့ကွက်မှုမှ မရှိပေ။

ကြီးမား၍ သိပ်သည်းပြင်းထန်သော တစ္ဆေချီက သိုင်းတာအိုငရဲခန်းထဲသို့ တိုးဝင်လာပြီး ချက်ချင်းပင် အန္တိမမီးတောက်ခြောက်ခုဖြင့် လောင်ကျွမ်းခံရလေသည်။

သူတို့က အညစ်အကြေးများကို စစ်ထုတ်ပေးနေခြင်းဖြစ်သည်။ မနှိုင်းယှဉ်သာအောင် ကြည်လင်သန့်စင်သော ကောင်းကင်နှင့်မြေကြီး အမြုတေချီကသာ အစစ်အမှန်သိုင်းတာအိုခန္ဓာကို အားဖြည့်မွန်းမံဖို့အတွက် ကျန်ရစ်ခဲ့လေသည်။

အစစ်အမှန်သိုင်းတာအိုခန္ဓာကို ပြန်လည်ပုံသွင်းနေသော သိုင်းတာအိုပင်မခန္ဓာ၏ အသားများက လျင်မြန်စွာ ပြည့်ဖြိုးလာပြီး သူ၏ ခန္ဓာကိုယ်က တဖြည်းဖြည်းပုံမှန်အတိုင်းပြန်ဖြစ်လာ၏။

သိုင်းတာအိုငရဲခန်းကလည်း စွမ်းအင်ကို အဆက်မပြတ်စုဆောင်းနေပြီး ၎င်း၏ အထွတ်အထိပ်ကို လျင်မြန်စွာ ရောက်ရှိလာ၏။

ဝုန်း…

ကျယ်လောင်သော မြည်ဟီးသံက သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာ၏။

ချက်ချင်းပင် မြေပြင်က တသိမ့်သိမ့်လှုပ်ခါသွားလေသည်။

ပို၍ပင်ကြောက်စရာကောင်း၍ ပို၍ကြီးမားသော ပိုင်နက်နယ်မြေတစ်ခုက ချက်ချင်းပင် ပစ်လွင့်ထွက်ပေါ်လာ၏။

ဒေါသူပုန်ထနေသော မီးတောက်များက ကောင်းကင်ထက်ကို တလိပ်လိပ်ထိုးတက်လာပြီး တမလွန်ကိုးဘုံးချောက်နက်၏ အပြင်ဘက်ကိုပင် လျှံထွက်လာသည်။

ပင်မခန္ဓာသည် သိုင်းတာအိုနယ်ပယ်မှာ နောက်ထပ်ခြေတစ်လှမ်းထပ်တိုးသွားနိုင်ခဲ့လေပြီ။

သူသည် သူ၏ သိုင်းပိုင်နက်နယ်မြေအပေါ် အဆင့်မြင့်ကျွမ်းကျင်မှုကို ရရှိသွားခဲ့ပြီဖြစ်သည်။

All Chapters