နောက်ထပ်အဆင့်ချိုးဖျက်တက်လှမ်းခြင်း
Vol. 188 Ch. 2818
တမလွန်ကိုးဘုံချောက်နက်။
“ဘာဖြစ်နေတာလဲ”
“အဲဒါဘာတွေဖြစ်နေတာလဲ”
လေဟာနယ်ယက္ခကို စစ်ဆေးမေးမြန်းနေသော ယက္ခများသည် တမလွန်ကိုးဘုံချောက်နက်အောက်မှာ ရုတ်ရုတ်သဲသဲအခြေအနေကို အာရုံခံမိသည့်အခါ မျက်မှောင်ကြုတ်လိုက်သည်။
ဧကရာဇ်တစ်ပိုင်းယက္ခတချို့က ချောက်နက်၏ အစပ်သို့ ရောက်ရှိလာပြီး ငုံ့ကြည့်လိုက်ကြ၏။
သူတို့၏ အာရုံခံစိတ်မှာ တမလွန်ကိုးဘုံချောက်နက်သည် တစ္ဆေကမ္ဘာတစ်ခုလုံး၏ တစ္ဆေချီများကို ရူးသွပ်စွာ စားသုံးနေပြီး လောကကို ဝါးမျိုတော့မည့် ဧရာမတောကောင်တစ်ကောင်၏ ပါးစပ်ပေါက်နှင့် တူနေသည်။
လေဟာနယ်ယက္ခကလည်း အံ့အားတသင့်ဖြစ်သွားလေသည်။
တမလွန်ကိုးဘုံချောက်နက်မှာ ဤကဲ့သို့ မူမှန်မှုတစ်ခု ပထမဆုံးအကြိမ်ဖြစ်ပွားလာခြင်းပင်။
စောစောက ငရဲအရှင်သည် အထဲသို့ခုန်ချသွားခဲ့သည်။ ဤမူမမှန်မှုက သူနှင့် ပတ်သက်ဆက်စပ်နေမလား။
လေဟာနယ်ယက္ခက အဲဒါကို မယုံကြည်နိုင်ပေ။
ယေဘုယျအားဖြင့် ပြောရလျှင် ငရဲအရှင်သည် တမလွန်တစ္ဆေမီးကြောင့် အရိုးစုတစ်ခုအဖြစ်လောင်ကျွမ်းခံရပြီး သေဆုံးသွားသင့်သည်မှာ ကြာလေပြီ။
“အဲဒီလူသားက ချောက်ထဲကို ခုန်ချသွားတာ မင်းတို့တွေ ကိုယ်တိုင်မြင်တွေ့ခဲ့ရလား”
ဧကရာဇ်တစ်ပိုင်း ယက္ခတစ်ဦးက ဘေးပတ်လည်မှာရှိသော သူ့ကလန်သားများဘက်ကို လှည့်ကြည့်ပြီး တည်တံ့စွာမေးလိုက်၏။
“အဲဒါ မှားစရာမရှိပါဘူး”
“အဲဒီလူသားရဲ့ စိတ်နေစရိုက်က အတော်လေးကို တင်းမာတာပဲ… သူက ဒီနေရာမှာ သတ်သေသွားတယ်”
ယက္ခများစွာက အလောတကြီးပြန်ဖြေလိုက်ကြသည်။
“ဟမ်”
နောက်ထပ် ဧကရာဇ်တစ်ပိုင်း ယက္ခတစ်ဦးက လှောင်ရယ်လိုက်သည်။
“ဘယ်လိုတင်းမာတဲ့ စိတ်နေစရိုက်လဲ… သူက ငါ့လက်ထဲကမှာ ကျဆင်းသွားမယ်ဆိုရင် သူက သေချင်စိတ်ပေါက်လာလိမ့်မယ်… တမလွန်ကိုးဘုံချောက်နက်ထဲမှာ သေဆုံးသွားတာက သူ့အတွက် သက်ညှာပေးလိုက်သလိုပဲ”
သူ့စကားမဆုံးသေးခင်မှာပင် ချောက်နက်၏ အောက်ဘက်ကနေ ကျယ်လောင်သော မြည်ဟည်းသံက ထွက်ပေါ်လာ၏။ ထို့နောက် ချက်ချင်းပင် မြေပြင်က လှုပ်ခါသွားလေသည်။
ချောက်နက်၏ အစပ်မှာ မတ်တတ်ရပ်နေသော ယက္ခများစွာသည် ဒယီးဒယိုင်ဖြစ်သွားပြီး အငိုက်မိသွားကြသည်။ သူတို့က တုန်လှုပ်စွာဖြင့် လေထဲသို့ပျံတက်ပြီး တမလွန်ကိုးဘုံချောက်နက်ကို ငုံ့ကြည့်လိုက်ကြသည်။
ရွှစ်…
နောက်ခဏ၌ ပူပြင်းတောက်လောင်၍ ကြမ်းကြုတ်ခက်ထန်သော မီးတောက်တစ်ခုက တမလွန်းကိုးဘုံချောက်နက်၏ အောက်ဘက်ကနေ လျှံထွက်လာပြီး အချိန်မီမရှောင်တိမ်းနိုင်သော ယက္ခတစ်ဦးကို မီးတောင်တစ်ခုကဲ့သို့ ဝါးမျိုသွားလေသည်။
“အား..”
ဧကရာဇ်တစ်ပိုင်းယက္ခသည် မီးတောက်များဖြင့် လောင်ကျွမ်းခံလိုက်ရပြီး စူးစူးဝါးဝါးအော်ဟစ်လိုက်၏။
သူက သူ၏ ပကတိကောင်းကင်လိုဏ်ဂူကို အလောတကြီးမြှောက်တင်ပြီး သူ၏ မျိုးဆက်သွေးကို လှည့်ပတ်ကာ ချောက်နက်ကနေလာသည့် မီးတောက်များကို ခုခံလိုလေသည်။
သူ၏ ကောင်းကင်လိုဏ်ဂူမှာ လောကစွမ်းအားတစ်စွန်းတစ်စ ပါဝင်နေပြီဖြစ်သည်။ သို့သော်လည်း သူ၏ ပကတိကောင်းကင်လိုဏ်ဂူသည် မီးတောက်များကို တောင့်ခံနိုင်ခြင်းမရှိဘဲ အသက်ရှူချိန်အနည်းငယ်အတွင်း နီရဲလောင်ကျွမ်းလာ၏။
ထိုမျှသာမက သူ၏ သွေးချီကလည်း လျင်မြန်စွာ လောင်ကျွမ်းခံနေရသည်။
သူ၏ ခန္ဓာကိုယ်က မြင်နိုင်သောနှုန်းထားဖြင့် ကျုံ့ဝင်လာခဲ့သည်။
ဧကရာဇ်တစ်ပိုင်းယက္ခမှာ ထိတ်လန့်တကြား အမူအရာရှိလာပြီး စူးစူးဝါးဝါးအော်ဟစ်ကာ မီးတောက်များ၏ အဝန်းအဝိုင်းကနေ ထွက်ပြေးလွတ်မြောက်လိုလေသည်။
သို့သော်လည်း သူက မည်သို့ပင် လှုပ်ရှားရုန်းကန်သည်ဖြစ်စေ သူသည် မီးတောက်များထဲကနေ ရုန်းမထွက်နိုင်ပေ။
ကြောက်စရာကောင်းသော မီးတောက်များ၏ အစပ်မှာ သူ့ကို ပိတ်ဆို့တားဆီးထားသည့် မမြင်ရသော အကာအရံအလွှာတစ်ခု ရှိနေပုံရသည်။
ဖျောက်… ဖျောက်…
ဧကရာဇ်တစ်ပိုင်းယက္ခ၏ ပကတိကောင်းကင်လိုဏ်ဂူက ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ အက်ကွဲကြောင်းများပေါ်ထွက်လာ၏။
အစက သူ၏ မြင့်မား၍ တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်သည် ကြီးမားစွာ ကျုံ့ဝင်လာခဲ့ပြီး လောင်ကျွမ်းတူးချစ်နေသော အရေပြားတစ်ခုကို ခြုံထားသည့် အရိုးစုတစ်ခုကဲ့သို့ မီးခိုးများက အူထွက်နေ၏။
သိပ်မကြာခင်…။
ယက္ခများစွာ၏ ထိတ်လန့်တကြားအကြည့်များအောက်မှာ ဧကရာဇ်တစ်ပိုင်းယက္ခသည် ချောက်နက်၏ အောက်ဘက်ကနေ လျှံတက်လာသော မီးတောက်များဖြင့် လောင်ကျွမ်းပြာကျသွားလေသည်။
အာ…
ယက္ခများစွာက တိတ်တဆိတ် တုန်လှုပ်ကာ ထိတ်လန့်တကြားဖြစ်သွားကြသည်။
အသက်ရှူချိန်အနည်းငယ်မျှမှာ ဧကရာဇ်တစ်ပိုင်းပညာရှင်တစ်ဦးက သေသည့်တိုင်အောင် လောင်ကျွမ်းခံလိုက်ရသည်။
ဒါ့အပြင် ချောက်နက်ထဲကနေ လျှံတက်လာသည့် မီးတောက်များသည် တမလွန်တစ္ဆေမီးမဟုတ်ဘဲ မရေမတွက်နိုင်သော ဓမ္မပညာရပ်များဖြင့် ရောထွေးယှက်ဖြာထားသည့် နောက်ထပ်အမျိုးအစား မီးတောက်တစ်ခုဖြစ်သည်မှာ သိသာနေပြီး စွမ်းအားကြီးမားသော စိတ်စွမ်းအားတစ်ခုပါဝင်နေသည်။
“အဲဒါကဘာလဲ”
“အဲဒီမီးတောက်က ဘယ်နေရာကနေ ရောက်လာတာလဲ”
ကျင့်ကြံမှုနိမ့်ကျသော ယက္ခများစွာက ကြောက်လန့်စွာဖြင့် နောက်သို့ ဆုတ်ခွာသွားကြသည်။
ဧကရာဇ်တစ်ပိုင်းယက္ခများပင်လျှင် စိုးရိမ်ပူပန်လာပြီး ရှေ့သို့ မဆင်မခြင်တက်လှမ်းရဲခြင်း မရှိကြပေ။
စောစောက ဧကရာဇ်တစ်ပိုင်းယက္ခတစ်ဦးပင်လျှင် အဲဒါကို မခုခံနိုင်ခဲ့ပေ။
သူတို့က ရှေ့သို့တက်လှမ်းသွားမည်ဆိုလျှင်တောင် သုံးစားရလိမ့်မည် မဟုတ်ပေ။
လေဟာနယ်ယက္ခကသာ ချောက်နက်ထဲမှ မီးတောက်များကို အတွေးနက်စွာဖြင့်ကြည့်နေ၏။
မီးတောက်ထဲမှာ ပါဝင်သော စိတ်စွမ်းအားက သူနှင့် ရင်းနှီးကျွမ်းဝင်မှုရှိလေသည်။
အဲဒါသည် မနှိုင်းယှဉ်သာအောင် စီးပိုးခြယ်လှယ်ပြီး ကိုင်လှုပ်၍မရနိုင်ကာ ငရဲအရှင်ထံကနေ လာခြင်းဖြစ်သည့်အလားပင်။
သို့သော်လည်း ငရဲအရှင်၏ ငရဲခန်းသည် အလွန်ဆုံး ပကတိကောင်းကင်လိုဏ်ဂူနှင့် ယက္ခများကိုသာ သတ်ဖြတ်နိုင်လေသည်။ အဲဒါက ဧကရာဇ်တစ်ပိုင်းအဆင့် ပညာရှင်တစ်ဦးကို ပိတ်လှောင်ထားနိုင်မည် မဟုတ်ပေ။
သို့သော်လည်း ဧကရာဇ်တစ်ပိုင်းအဆင့်ပညာရှင်များပင် သူ့ရှေ့မှာရှိသော မီးတောက်များကို ခုခံနိုင်ခြင်း မရှိခဲ့ပေ။
“ငရဲအရှင်က မသေသေးဘူးလား”
သိုင်းတာအိုပင်မခန္ဓာက တမလွန်ကိုးဘုံချောက်နက်ထဲသို့ ခုန်မချခင် သူ့ကို အဓိပ္ပါယ်ပါပါပြောသွားခဲ့သည့်စကားများကို လေဟာနယ်ယက္ခက ရုတ်တရက် ပြန်လည်အမှတ်ရလာ၏။
သူသည် တမလွန်ကိုးဘုံချောက်နက်မှာ ဖြစ်ပျက်နေသည့်အရာကို မသိရှိသော်လည်း ထိုကြောက်စရာကောင်းသော မီးတောက်များသည် သိုင်းတာအိုပင်မခန္ဓာနှင့် ပတ်သက်ဆက်စပ်နေနိုင်ကြောင်း လေဟာနယ်ယက္ခက ခပ်ခပ်ရေးရေးအာရုံခံမိလာသည်။
သိုင်းတာအိုပင်မခန္ဓာသည် သိုင်းပိုင်နက်နယ်မြေသို့ ဝင်ရောက်ကာ ၎င်း၏ စဦးကျွမ်းကျင်မှုကို ရရှိခဲ့စဉ်က သူသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်မှာ စိုးမိုးခြယ်လှယ်ကာ ကောင်းကင်လိုဏ်ဂူဘုရင်များအားလုံးကို ဖိနှိမ်နိုင်ခဲ့လေသည်။
ယခု သူသည် သိုင်းပိုင်နက်နယ်မြေ၏ အဆင့်မြင့်ကျွမ်းကျင်မှုကို ရရှိလာပြီး သိုင်းတာအိုငရဲခန်း၏ စွမ်းပကားက ဆပွားမြင့်တက်လာကာ သူသည် ဧကရာဇ်တစ်ပိုင်းအဆင့်ပညာရှင်များကို ဖိနှိမ်နိုင်နေပြီဖြစ်သည်။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာ၏ တိုးမြင့်တက်လှမ်းမှုက ရပ်တန့်မသွားသေးပေ။
သိုင်းတာအိုပင်မခန္ဓာသည် အမြုတေသိုင်းကောင်းကင်လိုဏ်ဂူကို စုဖွဲ့ထားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ သို့သော်လည်း သူသည် တည်ဆောက်သူသစ်ပင်အနီးနားက တိုက်ပွဲမှာ ကောင်းကင်လိုဏ်ဂူတချို့ကို စုပ်ယူဝါးမျိုခဲ့သော်လည်း သူက အဆင့်ချိုးဖြတ်တက်လှမ်းဖို့ ဝေးကွာလွန်းသေးလေသည်။
နောက်ပိုင်းမှာ သူသည် ငရဲအရှင်ဖြစ်လာဖို့ ငရဲကမ္ဘာမှာ တိုက်ခိုက်ခဲ့စဉ်က သူသည် ဧကရာဇ်တစ်ပိုင်းအဆင့် ပညာရှင်နှစ်ဦး၏ ပကတိကောင်းကင်လိုဏ်ဂူနှစ်ခုအပါအဝင် ကောင်းကင်လိုဏ်ဂူတချို့ကို ထပ်မံ၍ဝါးမျိုခဲ့လေသည်။
သို့သော်လည်း သူသည် ထိုကောင်းကင်လိုဏ်ဂူများကို ဝါးမျိုပြီးနောက် စုပ်ယူသန့်စင်ချေဖျက်ဖို့ အခွင့်အရေးမရခဲ့ပေ။
စောစောက ချောက်နက်၏ အစပ် တိုက်ပွဲမှာ သိုင်းတာအိုပင်မခန္ဓာသည် ယက္ခဘုရင်များကိုသတ်ဖြတ်ပြီး သူတို့၏ ကောင်းကင်လိုဏ်ဂူများကို သူ၏ ခန္ဓာကိုယ်ထဲသို့ နောက်တစ်ဖန်ထည့်သွင်းပေါင်းစည်းခဲ့လေသည်။
ယခု သူသည် သိုင်းပိုင်နက်နယ်မြေ၏ အဆင့်မြင့်ကျွမ်းကျင်မှုကို ရရှိလာပြီး အမြုတေသိုင်းကောင်းကင်လိုဏ်ဂူကလည်း လည်ပတ်လာကာ ကောင်းကင်လိုဏ်ဂူများစွာထဲမှာ စုဖွဲ့ထားသော ဓမ္မတာအိုများကို ရူးသွပ်စွာချေဖျက်နေ၏။
ပုံမှန်အခြေအနေမှာဆိုလျှင် သိုင်းတာအိုပင်မခန္ဓာသည် အန္တိမမီးတောက်ခြောက်မျိုးကို ကျွမ်းကျင်ပိုင်နိုင်လာခဲ့ပြီဖြစ်သော်လည်း သူသည် အချိန်တိုအတွင်းမှာ ဤမျှများပြားသော ကောင်းကင်လိုဏ်ဂူဓမ္မတာအိုများကို စုပ်ယူသန့်စင်နိုင်မည် မဟုတ်ပေ။
သို့သော်လည်း ဤနေရာသည် တမလွန်ကိုးဘုံချောက်နက်ဖြစ်ပြီး တမလွန်တစ္ဆေမီးက ဤနေရာမှာလောင်ကျွမ်းနေကာ ဧကရာဇ်နယ်ပယ်၏ အဆင့်ကိုရောက်ရှိနေပြီဖြစ်သည်။
သိုင်းတာအိုပင်မခန္ဓာသည် ကျင့်ကြံမှုနယ်ပယ်အကန့်အသတ်ရှိပြီး သူထိန်းချုပ်ထားသော တမလွန်တစ္ဆေမီးက ဧကရာဇ်နယ်ပယ်ထိ မရောက်ရှိသေးပေ။
သို့သော်လည်း သူသည် ဘေးပတ်ဝန်းကျင်မှာရှိသော တမလွန်တစ္ဆေမီးကို ငှားရမ်းအသုံးချကာ ကောင်းကင်လိုဏ်ဂူဓမ္မတာအိုများကို သန့်စင်နိုင်လေသည်။
ဤလုပ်ရပ်သည် သူ့ကိုယ်သူမီးရှို့နေခြင်းနှင့်တူသည်။
သို့သော်လည်း သူသည် တမလွန်တစ္ဆေမီးကို နားလည်ဆင်ခြင်ပြီးနောက် တမလွန်ကိုးဘုံချောက်နက်ထဲမှာရှိသော တမလွန်တစ္ဆေမီးက သူ့အပေါ်ကို မည်သည့်ပျက်စီးထိခိုက်မှုမှ ဆက်လက်၍မဖြစ်စေတော့ပေ။
ဧကရာဇ်အဆင့် တမလွန်တစ္ဆေမီး၏ အကူအသညီနှင့်အတူ သိုင်းတာအိုပင်မခန္ဓာဝါးမျိုထားသည့် ကောင်းကင်လိုဏ်ဂူဓမ္မတာအိုများစွာက ကြောက်စရာကောင်းသော အလျင်အဟုန်ဖြင့် အရည်ပျော်ကျလာခဲ့သည်။
အမြုတေသိုင်းကောင်းကင်လိုဏ်ဂူ လုပ်ရမည်မှာ ထိုဓမ္မတာအိုများအားလုံးကို စုပ်ယူချေဖျက်ဖို့ဖြစ်လေသည်။
သိုင်းတာအိုငရဲခန်း၏ အဆင့်မြင့်ကျွမ်းကျင်မှုအပြီး၌ အမြုတေသိုင်းကောင်းကင်လိုဏ်ဂူကလည်း လျင်မြန်စွာကြီးထွားလာခဲ့သည်။ အထဲမှာပါဝင်သော စွမ်းအားကလည်း အဆက်မပြတ်မြင့်တက်လာခဲ့ပြီး နောက်ဆုံးမှာ ၎င်း၏ အထွတ်အထိပ်ကို ရောက်ရှိလာခဲ့သည်။
ဝုန်း...
သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်ထဲမှာ နောက်ထပ်ကျယ်လောင်သော ပေါက်ကွဲသံက ထွက်ပေါ်လာ၏။
ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာ၏ ပုံရိပ်က ပျောက်ကွယ်သွားလေသည်။ တမလွန်တစ္ဆေမီး၏ လွှမ်းခြုံမှုအောက်မှာ မှောင်မည်း၍ နက်ရှိုင်းနေသော ကောင်းကင်လိုဏ်ဂူတစ်ခုပေါ်ထွက်လာပြီး ရုတ်တရက် အာကာသထဲရှိ ဧရာမတွင်းနက်တစ်ခုကဲ့သို့ ဖြန့်ကြက်သွားလေသည်။ ထို့နောက်ချက်ချင်းပင် အလွန်ကြီးမား၍ နက်ရှိုင်းသော ကောင်းကင်လိုဏ်ဂူက နောက်တစ်ဖန်ပျောက်ကွယ်သွားပြီး သိုင်းတာအိုပင်မခန္ဓာ၏ ပုံရိပ်က ပြန်လည်ပေါ်ထွက်လာ၏။
သို့သော်လည်း ထိုခဏတာပျောက်ကွယ်မှုအပြီးမှာ သိုင်းတာအိုပင်မခန္ဓာ၏ အော်ရာက သိသိသာသာ များစွာပိုမိုကြောက်စရာကောင်းလာလေသည်။
ကောင်းကင်လိုဏ်ဂူနယ်ပယ်၏ အဆင့်မြင့်ကျွမ်းကျင်မှု။
အမြုတေသိုင်းကောင်းကင်လိုဏ်ဂူသည် ကောင်းကင်လိုဏ်ဂူကြီးတစ်ခုအဖြစ် အသွင်ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
သိုင်းတာအိုပင်မခန္ဓာ၏ အစစ်အမှန်သိုင်းတာအိုခန္ဓာက အမြုတေသိုင်းကောင်းကင်လိုဏ်ဂူပင်ဖြစ်လေသည်။
ယခု အမြုတေသိုင်းကောင်းကင်လိုဏ်ဂူက အဆင့်မြင့်ကျွမ်းကျင်မှုကိုရရှိသွားပြီး သိုင်းတာအိုပင်မခန္ဓာ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးသည် ပြန်လည်မွေးဖွားလာကာ သူ၏ ခွန်အားက ဆပွားမြင့်တက်လာခဲ့သည်။
သူပြုလုပ်လိုက်သော လှုပ်ရှားမှုတစ်ခုချင်းစီက တုန်လှုပ်စရာကောင်းသော နတ်ဘုရားစွမ်းအားကို ထွက်ပေါ်စေပြီး လေဟာနယ်ကိုတုန်ခါကာ ရာသီဥတုကို ပြောင်းလဲသွားစေနိုင်သည်ဟု သိုင်းတာအိုပင်မခန္ဓာက ခံစားနေရသည်။
သိုင်းတာအိုငရဲခန်းကို ထုတ်ဖော်ခြင်းမရှိလျှင်တောင် သူသည် သူ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးသက်သက်နှင့် ဧကရာဇ်တစ်ပိုင်းအဆင့်ပညာရှင်များကို တိုက်ခိုက်နိုင်သည်ဟု သိုင်းတာအိုပင်မခန္ဓာက ယုံကြည်မိလေသည်။