← Chapters

အရိုးစုများနိုးထလာခြင်း

Vol. 188 Ch. 2819

အရိုးစုများနိုးထလာခြင်း

Vol. 188 Ch. 2819

တမလွန်ကိုးဘုံချောက်နက်၏ အနီးနားမှာ စုဝေးရောက်ရှိလာသော ယက္ခများနှင့် ယက္ခိုသ်များက ပို၍များပြားလာပြီး အသည်းအသန် ဆွေးနွေးပြောဆိုနေကြ၏။ သို့သော်လည်း မည်သူကမှ ရှေ့သို့မတက်ရဲကြပေ။

ဧကရာဇ်တစ်ပိုင်းအဆင့် ပညာရှင်များက အဲဒါကို စဉ်းစားမရခင် တမလွန်ကိုးဘုံချောက်နက်၏ အနက်ပိုင်းထဲကနေ ကျယ်လောင်သော နောက်ထပ်ပေါက်ကွဲသံက ထွက်ပေါ်လာ၏။

မြေပြင်က တသိမ့်သိမ့်လှုပ်ခါသွားလေသည်။

ဤရုတ်ရုတ်သဲသဲအခြေအနေက တစ္ဆေကမ္ဘာတစ်ခုလုံးကို ထိတ်လန့်သွားစေ၏။

ကြောက်စရာကောင်းသော အော်ရာများသည် ချုပ်တည်းမထားသောစွမ်းပကားနှင့်အတူ တစ္ဆေမဟာနယ်မြေနှစ်ခုကနေ ပစ်လွင့်ထွက်ပေါ်လာသည်။

အစက တံခါးပိတ်ကျင့်ကြံနေသော ဧကရာဇ်နယ်ပယ်ပညာရှင်များက တစ်ယောက်ပြီးတစ်ယောက်နိုးထလာကြသည်။

“ဘာတွေဖြစ်နေတာလဲ”

ပုံရိပ်နှစ်ခုက တမလွန်ကိုးဘုံချောက်နက်၏ အထက်မှာ ဆက်တိုက်ပေါ်ထွက်လာ၏။

လေထဲမှာ မတ်တတ်ရပ်နေရုံဖြင့် သူတို့၏ ခန္ဓာကိုယ်များနေ ဖြာထုတ်ပေးနေသည့် အော်ရာများက ကျင့်ကြံသူများစွာကို တုန်လှုပ်ချောက်ချားသွားစေဖို့ လုံလောက်လေသည်။

တစ္ဆေကမ္ဘာ၏ ဘုရင်များနှင့် ဧကရာဇ်တစ်ပိုင်းပညာရှင်များပင်လျှင် သူတို့၏ ခေါင်းများကိုငုံ့ပြီး ရိုသေလေးစားစွာဖြင့် မြေပြင်ပေါ်မှာ ဒူးထောက်ချလိုက်၏။

နောက်ဆုံးမှာ တမလွန်ကိုးဘုံချောက်နက်မှ ရုတ်ရုတ်သဲသဲအခြေအနေက တစ္ဆေမဟာနယ်မြေနှစ်ခုမှာ ဧကရာဇ်ပညာရှင်များကို ပေါ်ထွက်လာစေလေသည်။

“အရှင်…”

ဧကရာဇ်တစ်ပိုင်းယက္ခတစ်ဦးက အလောတကြီးနှင့် ဖြစ်ပျက်ခဲ့သည့်အရာကို အသေးစိတ်ပြန်ပြောလိုက်၏။

“လူသားတစ်ဦးလား”

“သူက တမလွန်ကိုးဘုံချောက်နက်ထဲမှာ သေမသွားဘူးလား”

ယက္ခဧကရာဇ်တစ်ဦးက သူ၏ မျက်လုံးနှစ်ဖက်ကို အနည်းငယ်မှေးကျဉ်းလိုက်၏။

“ဟမ့်”

တောင်ပံရှစ်ဖက်ပါသော အခြားသောယက္ခိုသ်ဧကရာဇ်က နှာတစ်ချက်မှုတ်ပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။

“ဂုဏ်သရေရှိအမျိုးသမီး တစ္ဆေမိခင်က အိပ်မောကျနေတယ်… ငါတို့ သူ့ကို နှောက်ယှက်မိမယ်ဆိုရင် မင်းတို့ယက္ခမျိုးနွယ်က အဲဒါကို တာဝန်ခံနိုင်လို့လား”

“ငြင်းခုန်မနေနဲ့တော့ ချောက်နက်ထဲက အဲဒီလူသားကို အရင်ကိုင်တွယ်ဖို့လုပ်ရအောင်”

ယက္ခဧကရာဇ်က လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ချောက်ရဲ့အောက်ဘက်က တမလွန်တစ္ဆေမီးထဲမှာ အသက်ဓာတ်အားတစ်ခု သိသိသာသာရှိနေတယ်… တမလွန်တစ္ဆေမီးက သူ့ကို မသတ်ဖြတ်နိုင်ဘူးဆိုရင် ငါတို့ကိုယ်တိုင်ဆင်းပြီး သူ့ကို သတ်ရတာပေါ့”

တောင်ပံရှစ်ဖက်ယက္ခိုသ်က အေးစက်စွာပြောလိုက်၏။

သိုင်းတာအိုမီးဖိုကနေ လျှံထွက်လာသည့် မီးတောက်များသည် ဧကရာဇ်တစ်ပိုင်းပညာရှင်များကို ကြီးမားစွာခြိမ်းခြောက်နိုင်သော်လည်း ဧကရာဇ်ပညာရှင်နှစ်ဦးက စိုးရွံ့ကြောက်လန့်နေခြင်း မရှိပေ။

ဝုန်း… ဝုန်း… ဝုန်း…

တစ္ဆေကမ္ဘာ၏ ဧကရာဇ်နှစ်ဦးက လောကတစ်ခုစီကို ထုတ်ဖော်ပြီး တမလွန်ကိုးဘုံချောက်နက်ထဲမှာ လောင်ကျွမ်းနေသည့် မီးတောက်များကို ဖိနှိမ်လိုက်၏။

စောစောက ကြမ်းကြုတ်ခက်ထန်၍ ကြောက်စရာကောင်းသော မီးတောက်များသည် ဧကရာဇ်နယ်ပယ်ပညာရှင်နှစ်ဦး၏ လောကများ၏ ဖိနှိမ်မှုအောက်မှာ တဖြည်းဖြည်းငြိမ်းသေပြီး အဆက်မပြတ်လဲပြိုကျသွားလေသည်။

တစ္ဆေကမ္ဘာမှ ဧကရာဇ်ပညာရှင်နှစ်ဦးက အေးစက်နေသော အကြည့်များနှင့်အတူ ကောင်းကင်ထက်ကနေ တမလွန်ကိုးဘုံချောက်နက်ထဲသို့ ဆင်းသက်သွားသည်။

အနီးနားမှာရှိသော ယက္ခများနှင့် ယက္ခိုသ်များက ထိုသည်ကို တွေ့မြင်သောအခါ စိတ်သက်သာစွာ သက်ပြင်းချပြီး စိတ်လှုပ်ရှားတက်ကြွလာကြသည်။

ယက္ခမျိုးနွယ်နှင့် ယက္ခိုသ်မျိုးနွယ်မှာ ဧကရာဇ်ပညာရှင်များအနေဖြင့် တစ်ချိန်တည်းမှာ ပေါ်ထွက်လာပြီး ရန်သူများကို ပူးပေါင်းတိုက်ခိုက်သည်မှာ ရှားရှားပါးပါးဖြစ်လေသည်။

“အား… နောက်ဆုံးတော့ ဧကရာဇ်ပညာရှင်တွေက ပေါ်ထွက်လာသေးတာပဲ”

လေဟာနယ်ယက္ခက ဧကရာဇ်ပညာရှင်နှစ်ဦးကို ကြည့်ပြီး ထိုလူသားအတွက် ရုတ်တရက်စိုးရိမ်ပူပန်မိလာသည်။

“သူသေသွားမယ်ဆိုရင်လည်း မဆိုးပါဘူး… အနည်းဆုံးတော့ သူက မျိုးနွယ်စုနှစ်စုရဲ့ ညည်းပန်းနှိပ်စက်မှုကို ခံရမှာမဟုတ်တော့ဘူး”

“ဒါပေမဲ့… သူမသေဘူးဆိုရင် သူက အောက်ဘက်မှာ အခွင့်အလမ်းတချို့ကို ရထားမယ်ဆိုရင်တောင် သူက ဧကရာဇ်နှစ်ဦးကို ဘယ်လိုလုပ်ဆန့်ကျင်တိုက်ခိုက်နိုင်မှာလဲ”

ချောက်နက်၏ အောက်ဘက်မှာ။

“ဟမ့်”

မကြာသေးခင်ကမှ အဆင့်ချိုးဖျက်တက်လှမ်းလာသည့် သိုင်းတာအိုပင်မခန္ဓာက တစ်စုံတစ်ရာလွဲမှားနေသည်ကို အလျင်အမြန်အာရုံခံမိသွား၏။

သူ၏ အထက်မှာ မနှိုင်းယှဉ်သာအောင် စွမ်းအားကြီးမားသောအင်အားနှစ်ခုက သူ့ကို ဖိနှိမ်လာလေသည်။

သူသည် သိုင်းတာအိုငရဲခန်းကို အဆင့်မြင့်ကျွမ်းကျင်မှုရရှိထားခါစဖြစ်ပြီး အဲဒါကို လုံးဝ မခုခံနိုင်ပေ။

အဲဒါက ခဏမျှသာကြာပြီး လဲပြိုကျသွားသည်။ သိုင်းတာအိုပင်မခန္ဓာက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

သူထင်တာမမှားဘူးဆိုလျှင် အပေါ်ကနှစ်ယောက်သည် တစ္ဆေကမ္ဘာ၏ ဧကရာဇ်ပညာရှင်နှစ်ဦးဖြစ်ပေလိမ့်မည်။

ဧကရာဇ်နယ်ပယ်စွမ်းအားကသာ သူ၏ သိုင်းတာအိုငရဲခန်းကို ဖိနှိမ်နိုင်ပေမည်။

ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာ၏ ပုံရိပ်က ဝေဝါးသွားပြီး သူ၏ မျက်လုံးများက ညိုမည်းလာခဲ့သည်။

သူသည် တစ္ဆေကမ္ဘာမှ ဧကရာဇ်နှစ်ဦး၏ လောကများကို ဆန့်ကျင်တိုက်ခိုက်ရန် အမြုတေသိုင်းကောင်းကင်လိုဏ်ဂူနှင့် သိုင်းတာအိုငရဲခန်းကို ထုတ်ဖော်ဖို့ ယခုတင်တွေးမိလိုက်လေသည်။

သိုင်းတာအိုငရဲခန်းကို စုဖွဲ့ခဲ့ပြီးကတည်းက သူသည် အဲဒါကို အမြုတေသိုင်းကောင်းကင်လိုဏ်ဂူနှင့်အတူ တစ်ချိန်တည်းမှာ ဘယ်တုန်းကမှာ မထုတ်ဖော်ခဲ့ဖူးပေ။

သူတို့ကို တစ်ချိန်တည်းမှာ ထုတ်ဖော်ပြီးနောက် သူ၏ ပိုင်နက်နယ်မြေ ကောင်းကင်လိုဏ်ဂူက ဘယ်လောက်ထိစွမ်းအားကြီးမားလာမလဲ သိုင်းတာအိုပင်မခန္ဓာက မသိပေ။

ထိုစွမ်းအားနှစ်ခု၏ ပေါင်းစည်းမှုသည် ဧကရာဇ်နှစ်ဦး၏ စွမ်းအားကို ဆန့်ကျင်တိုက်ခိုက်နိုင်ကောင်းတိုက်ခိုက်နိုင်မည်ဟု သူက ထင်မြင်ယူဆမိလေသည်။

သို့သော်လည်း သိပ်အကြာခင် သူက ထိုအတွေးကို ဖိနှိမ်လိုက်၏။

အဲဒါက အန္တရာယ်များလွန်းလေသည်။

အမြုတေသိုင်းကောင်းကင်လိုဏ်ဂူကို ထုတ်ဖော်လိုက်သည်နှင့် ကပ်ဘေးတစ်ခုက အချိန်မရွေးဆင်းသက်လာတော့မည့်အလား သန်မာ​အားကောင်းသော အန္တရာယ်အငွေ့အသက်တစ်ခုကို သူက အမြဲတမ်းရရှိနေခဲ့သည်။

အရေးကြီးဆုံးမှာ သူသည် ထိုအန္တရာယ်အငွေ့အသက်၏ အရင်းအမြစ်ကို ယခုအချိန်ထိ မထောက်လှမ်းနိုင်ပေ။

ဘာမှန်းမသိရသောအန္တရာယ်က ကြောက်စရာ​အကောင်းဆုံးဖြစ်သည်။

သူ့မှာ တခြားရွေးချယ်စရာမရှိသရွေ့ သူသည် ထိုအန္တရာယ်ကို စွန့်စားဖို့ မလိုပေ။

သိုင်းတာအိုပင်မခန္ဓာသည် ဧကရာဇ်နယ်ပယ်စွမ်းအားကို ယခုအချိန်ထိ မထိန်းချုပ်နိုင်သေးသော်လည်း တမလွန်ကိုးဘုံချောက်နက်၏ ဤနေရာမှာ အဆုံးမဲ့ဧကရာဇ်နယ်ပယ်စွမ်းအားတစ်ခု​ရှိနေသည်။

တ​မလွန်တစ္ဆေမီး...။

သိုင်းတာအိုပင်မခန္ဓာသည် သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ပြီး တမလွန်တစ္ဆေမီးကို ကြားခံအဖြစ်အသုံးချကာ သူ၏ ဘေးနားမှာရှိသော အရိုးစုနှစ်ခုနှင့် ချိတ်ဆက်မှုတစ်ခုကို တည်ဆောက်လိုက်၏။

တမလွန်ကိုးဘုံချောက်နက်ထဲမှာ သူတို့၏ ကိုယ်နေဟန်ထားများအတိုင်း ရှိနေသေးသည့် အရိုးစုများသည် သူတို့အသက်ရှင်ခဲ့စဥ်က တစ္ဆေကမ္ဘာ၏ ဧကရာဇ်နယ်ပယ်ပညာရှင်များဖြစ်ခဲ့လေသည်။

သို့သော်ယခု စိမ်းညိုရောင်မီးတောက်လုံးနှစ်လုံးက အရိုးစုနှစ်ခု၏ မျက်တွင်းအိမ်များထဲမှာ ရုတ်တရက်ပေါ်ထွက်လာပြီး သူတို့၏ ခန္ဓာကိုယ်များက ဝင်းလက်တောက်ပလာ၏။

ချက်ချင်းပင် ဧကရာဇ်နယ်ပယ်အရိုးစုနှစ်ခုက သူတို့၏ အသက်ဓာတ်အားကို ပြန်လည်ရရှိလာပုံရပြီး ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်ကြသည်။

တမလွန်ကိုးဘုံချောက်နက်ထဲရှိ အရိုးများသည် တစ်နှစ်ပတ်လုံး တမလွန်​တစ္ဆေမီးဖြင့် လောင်ကျွမ်းခံနေရသည်။

တစ်ခုသောရှုထောင့်ကနေကြည့်မည်ဆိုလျှင် သူတို့သည် လက်နက်များအဖြစ် မီးဆေးခံထားရပြီး တမလွန်တစ္ဆေမီး၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့လေပြီ။

သိုင်းတာအိုပင်မခန္ဓာသည် တမလွန်တစ္ဆေမီးကို နားလည်ဆင်ခြင်ပြီးနောက် သူသည် အဲဒါကို အသုံးချကာ တမလွန်ကိုးဘုံးချောက်နက်ထဲမှာရှိသော အရိုးစုများကို ထိန်းချုပ်နိုင်လေသည်။

တစ်ဘက်မှာတော့...။

ယက္ခမျိုးနွယ်နှင့် ယက္ခိုသ်မျိုးနွယ်မှ ဧကရာဇ်နှစ်ဦးက သူတို့၏ လောကများကိုစုဖွဲ့ပြီး အောက်ဘက်ကို ဖိချကာ တမလွန်ကိုးဘုံချောက်နက်၏ အောက်ခြေသို့ လျင်မြန်စွာချဥ်းကပ်လာနေ၏။

သူတို့၏ မြင်ကွင်းထဲမှာ ချောက်နက်၏ အောက်ဘက်တွင်... တမလွန်တစ္ဆေမီးများကြားမှာ မတ်တတ်ရပ်နေသည့် အနက်ရောင်ဆံပင်နှင့် ခရမ်းရောင်ဝတ်ရုံနှင့်အမျိုးသားတစ်ဦးကို တွေ့မြင်နေရပြီဖြစ်သည်။ သူသည် ငွေရောင်မျက်နှာဖုံးတစ်ခုကိုတပ်ထားပြီး သူ၏ အသားများက အကောင်းတိုင်းရှိနေသေးသည်။

ဧကရာဇ်ပညာရှင်နှစ်ဦးက မျက်မှောင်ကြုတ်လိုက်၏။

သူတို့၏ ကျင့်ကြံမှုနယ်ပယ်များနှင့်ပင်လျှင် သူတို့သည် ပေါ့ပေါ့ဆဆမပြုမူရဲဘဲ တမလွန်ကိုးဘုံချောက်နက်၏ အောက်ဘက်မှာရှိသော တမလွန်တစ္ဆေမီးကို ခုခံဆန့်ကျင်ရန် သူတို့၏ ကိုယ်ပိုင်လောကများကို ထုတ်ဖော်ထားရလေသည်။ ဤလူသားက ဘာအပေါ်မှီခိုနေတာလဲ။

ထိုစဥ်မှာပင် ခရမ်းရောင်ဝတ်အမျိုးသား၏ ဘေးနားမှာ မတ်တတ်ရပ်နေသော အရိုးစုနှစ်ခုက ရုတ်တရက်နိုးထလာခဲ့လေသည်။ အစက တည်ငြိမ်စွာ လောင်ကျွမ်းနေသော တမလွန်တစ္ဆေမီးသည် ပြင်းထန်ကြမ်းတမ်းလာပြီး မီးတောက်များက သိပ်သည်းစုဖွဲ့လာခဲ့သည်။

ထို့နောက်ချက်ချင်းပင် မီးတောက်များဖြင့် လွှမ်းခြုံထားသည့် အရိုးစုနှစ်ခုက သူတို့၏ ခေါင်းများကိုမော့၍ ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်ကြသည်။

သူတို့က ချာခနဲလှည့်ပြီး လေထဲမှာရှိသော ဧကရာဇ်ပညာရှင်နှစ်ဦးကို စိုက်ကြည့်လိုက်သည်။

စိမ်းညိုရောင်မီးတောက်နှစ်ခုက သူတို့၏ မျက်တွင်းအိမ်ထဲမှာ မကောင်းဆိုးဝါးဆန်ဆန်ပုံစံဖြင့် လောင်ကျွမ်းနေ၏။

"ဒါက..."

ယက္ခမျိုးနွယ်နှင့် ယက္ခိုသ်မျိုးနွယ်မှ ဧကရာဇ်နယ်ပယ်ပညာရှင်နှစ်ဦးသည် အရိုးစုနှစ်ခု၏ ပစ်မှတ်ထားခြင်းခံရသောအခါ သူတို့က အိုးတိုးအမ်းတမ်းအမူအရာများနှင့်အတူ ကျောရိုးတစ်လျှောက်ချမ်းစိမ့်လာသည်ဟု ခံစားရလေသည်။

တစ္ဆေကမ္ဘာမှ ဧကရာဇ်နှစ်ဦးက အဲဒါကိုရှင်းရှင်းလင်းလင်းတွေ့မြင်နေရသည်။

အောက်ဘက်မှာရှိသောအရိုးစုနှစ်ခုသည် အရင်တုန်းက ဧကရာဇ်နယ်ပယ်ပညာရှင်များဖြစ်ခဲ့ကြလေသည်။ သူတို့ထဲမှ တစ်ဦးသည် ယက္ခိုသ်မျိုးနွယ်မှဖြစ်ပြီး သူ၏ နောက်ကျောမှာ အရိုးစုတောင်ပံရှစ်ဖက်ပင်ရှိနေလေသည်။ အဲဒါက အရမ်းကိုသိသာထင်ရှားနေ၏။

ဧကရာဇ်နယ်ပယ်အရိုးစုနှစ်ခုသည် သေဆုံးသွားခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သည်။ သူတို့က ဘာ့ကြောင့်ရုတ်တရက်နိုးထလာရတာလဲ။

ဒါ့အပြင် သူတို့က ဘာ့ကြောင့်ရန်လိုနေကြတာလဲ။

ဝုန်း...

ထိုစဥ်မှာပင် ဧကရာဇ်နယ်ပယ်အရိုးစုနှစ်ခုက ရုတ်တရက်လှုပ်ရှားလာခဲ့သည်။

သူတို့ထဲက ယက္ခဧကရာဇ်အရိုးစုသည် မြေပြင်ကိုပြင်းထန်စွာဆောင့်နင်းပြီး မရေမတွက်နိုင်သောအလောင်းများကို ကြေမွသွားစေ၏။ သူက ဘေထဲသို့ ခုန်တက်ပြီး ယက္ခဧကရာဇ်ထံ ပစ်ဝင်လာခဲ့လေသည်။

ယက္ခိုသ်ဧကရာဇ်အရိုးစုက စိမ်းညိုရောင်မီးတောက်များဖြင့် လောင်ကျွမ်းနေ၏။ ၎င်းက ၎င်း၏ တောင်ပံရှစ်ဖက်ကို တဖျတ်ဖျတ်ခတ်ပြီး လေထဲကိုပျံတက်ကာ ပို၍ပင်မြန်ဆန်သောအလျင်အဟုန်ဖြင့် ယက္ခိုသ်ဧကရာဇ်ထံသို့ ပြေးဝင်လာလေသည်။

ယက္ခိုသ်မျိုးနွယ်နှင့် ယက္ခမျိုးနွယ်မှ ဧကရာဇ်နယ်ပယ်ပညာရှင်နှစ်ဦး၏ အမူအရာများက ရုတ်ချည်းပြောင်းလဲသွားကြ၏။

အဲဒါက ဧကရာဇ်နယ်ပယ် အရိုးစုနှစ်ခုသာဆိုလျှင် သူတို့အပေါ် ခြိမ်းခြောက်မှုများစွာ ရှိလိမ့်မည်မဟုတ်ပေ။

ဧကရာဇ်နယ်ပယ်အရိုးများက မာကြောသော်လည်း အသွေးအသားမရှိဘဲ သူတို့၏ ခွန်အားများက ကြီးမားစွာလျော့ကျနေလေသည်။

သူတို့၏ အမြုတေစိတ်ဝိညာဥ်များက ပျက်စီးနေခြင်းနှင့်အတူ သူတို့သည် ​ကိုယ်ပိုင်လောကများကို မထုတ်ဖော်နိုင်ဘဲ သူတို့ထုတ်ဖော်နိုင်သည့် တိုက်ခိုက်ရည်ခွန်အားက အကန့်အသတ်ရှိလေသည်။

သို့သော်လည်း ထိုဧကရာဇ်နယ်ပယ်အရိုးစုများသည် ကြောက်စရာကောင်းသော စွမ်းအားတစ်ခုပါဝင်နေသည့် တမလွန်တစ္ဆေမီးဖြင့် လောင်ကျွမ်းနေပြီး သူတို့ကို ခြိမ်းခြောက်နိုင်လေသည်။

All Chapters