အရက်ချိုးနှင့် ကဗျာဆရာ
Vol. 2 Ch. 10
နဂါးလှေပြိုင်ပွဲစတင်တော့မည်ဖြစ်သည်။
မြစ်ကမ်းပါးတစ်လျှောက်ကြိတ်ကြိတ်တိုးနေသည့်လူအုပ်ကြီးကလည်းမည်သည့်လှေအနိုင်ရမည်ကို ကျယ်လောင်စွာဆွေးနွေးပြောဆိုနေကြပြီး တက်ကြွစွာစောင့်ကြည့်လျက်ရှိသည်။
“ ဖောင်း...ဖောင်း...ဖောင်း.. “
ဗျောက်အိုးဖောက်သံများထွက်ပေါ်လာသည်။
ယခုတစ်ကြိမ်၌ ဗျောက်အိုးများကို အတွဲလိုက်ဖောက်ခြင်းဖြစ်ပြီး လှေပြိုင်ပွဲစတင်နိုင်ရန်အချက်ပေးခြင်းလည်းဖြစ်သညါ။
အချပ်ပေးသံကိုကြားသည်နှင့်ရောင်စုံနဂါးလှေဆယ်စင်းကလည်း လေးညို့မှပစ်လွှတ်လိုက်သည့်မြားများအလား တရှိန်ထိုးပြေးထွက်သွားကြသည်။
ရေစီးသန်လှသည့်မြစ်ကိုဆန်တက်လှော်ခတ်ရခြင်းဖြစ်သည့်တိုင် လျှင်မြန်စွာလှော်ခတ်နိုင်သည့် လှေသမားများ၏ကျွမ်းကျင်မှုအား ဩချရလောက်ပေသည်။
တာထွက်ချိန်တွင် လှေဆယ်စီးကများစွာကွာဟခြင်းမရှိသော်လည်း ခရီးသုံးပုံတစ်ပုံကျိုးသည်နှင့် လှေသုံးစီးက ရှေ့ဆုံးမှသိသိသာသာဦးဆောင်လာနေသည်။
မြစ်ကမ်းပေါ်ရှိဆူညံသံများက ပို၍ကျယ်လောင်လာသလို ကိုယ်သန်ရာ သန်ရာလှေကို အော်ဟစ်အားပေးနေကြခြင်းလည်းဖြစ်သည်။
“ အဝါကွ ..”
“ အနီကွ...”
“ အစိမ်းအစိမ်း...”
သက်ဆိုင်ရာအရောင်အလိုက် ခေါင်းစည်းပဝါများသည်းနှောင်ကာ အားသွန်ခွန်စိုက်လှော်ခတ်နေကြသည့်လှေသမားများ၏ပုံစံက လွန်စွာစိတ်အားတက်ကြွဖွယ်ကောင်းလှသည်။
ရှောင်ယောင်လည်း ယခုလို ပွဲတော်မျိုးကို တစ်ကြိမ်မှမမြင်ဖူး၍ အတော်ပင်သဘောကျကျေနပ်နေမိပြီး ပျော်ပွဲရွှင်ပွဲနှစ်သက်သည့် ကြွယ်ယန်ဆိုပါက မည်မျှတက်ကြွပျော်ရွှင်နေမည်ဟုလည်းတွေးလိုက်မိသည်။
ရှောင်လင်ကျောင်းတော်တွင်ကျန်ခဲ့သည့် ကြွယ်ယန်တို့နှစ်ယောက်ကို သတိရနေစဉ်မှာပင် သူ၏ဘေးမှ လူငယ်၏အသံထွက်ပေါ်လာသည် ။
“ ဟေ့ ခင်ဗျားက ဘယ်လှေအနိုင်ရမယ်ထင်လဲ ..”
ဟောင်ရန်ဆိုသည့်လူငယ်က လက်ပိုက်၍ ခပ်တည်တည်အနေအထားဖြင့်ရှိရင်း ရှောင်ယောင်ကိုမကြည့်ဘဲ မေးလိုက်ခြင်းဖြစ်သည်။
စူးရှသည့်သူ၏မျက်လုံးများက အရောင်တလက်လက်တောက်ပနေပြီး ထိုလူငယ်လည်း လှေပြိုင်ပွဲကို အတော်ပင်စိတ်ဝင်စားနေသည်ကို မြင်နိုင်သည်။
ရုတ်တရက်မေးလာသညိ့ သူ၏မေးခွန်းကြောင့်ရှောင်ယောင်၏မျက်နှာထက်တွင်အပြုံးတစ်ခုပေါ်လာကာ တည်ငြိမ်သည့်လေသံဖြင့်ပြန်ဖြေလိုက်သည်။
“ ငါကတော့ အနီရောင်လှေကအနိုင်ရမယ်ထင်တယ်...”
လူငယ်၏လေသံထဲတွင်ပြိုင်ဆိုင်လိုသည့်စိတ်ရှိသည်ကိုအကဲခပ်မိလိုက်၌ လှေတစ်ခုကို ရွေးချယ်လိုက်ခြင်းဖြစ်သည်။
ရှောင်ယောင်၏အဖြေကိုကြားပြီး လူငယ်၏မျက်နှာထက်တွင်အထင်အမြင်သေးသည့်အရိပ်အယောင်တစ်ခုပေါ်လာပြီး ပြန်ပြောလိုက်သည်။
“ ကြည့်ထား အစိမ်းရောင်လှေအနိုင်ရမှာ...”
ယုံကြည်မှုပြည့်ဝဟန်တူသည့် သူ၏တုန့်ပြန်စကားကြောင့် ရှောင်ယောင်လည်းပြုံးလိုက်မိပြီး စကားတစ်ခွန်းမှမဆိုတော့ဘဲ လှေပြိုင်ပွဲကိုသာဆက်ကြည့်နေတော့သည်။
လက်ရှိအချိန်၌ လူငယ်၏အစိမ်းရောင်လှေနှင့် ရှောင်ယောင်၏အနီရောင်လှေတို့က ရှေ့ဆုံးမှဦးဆောင်နေပြီး ပန်းတိုင်နှင့်ပင်များစွာဝေးကွာခြင်းမရှိတော့ပေ။
သူတို့၏နောက်မှကပ်ပါလာသည်က အဝါရောင်လှေနှင့် အနက်ရောင်လှေတို့ဖြစ်ပြီး ထိုနှစ်စင်းကလည်း ရှေ့လှေနှစ်ဦးကို ဖိအားပေးနိုင်ဟန်တူသည်။
ကျန်လှေခြောက်စီးကား သူတို့နှင့်အတော်ပင်ပြက်ကျန်နေခဲ့ပြီဖြစ်ရာ အနိုင်ရရန်မျှော်လင့်ချက်မရှိဘဲ ထိုလှေများကိုလောင်းမိသူများကား စိတ်ပျက်လက်ပျက်ဖြစ်နေကြသည်။
လှေများကပန်းတိုင်သို့ရောက်လုခင်အနေအထားသို့ရှိနေစဉ် ထူးခြားသည့်အဖြစ်အပျက်တစ်ခုပေါ်ထွက်လာသည် ။
ဤသည်က စတုတ္ထနေရာတွင်ရှိသည့် အနက်ရောင်လှေက သူ့ရှေ့မှလှေသုံးစင်းကို ရုတ်တရက်ကျော်ဖြတ်သွားပြီး ပန်းတိုင်သို့ဦးစွာဝင်ရောက်သွားခြင်းဖြစ်သည်။
ထိုဖြစ်ရပ်ကြောင့် မြစ်ကမ်းပေါ်ရှိလူများမှာ မကျေမနပ်အသံများဆူညံသွားကြပြီး အနိုင်ရသွားသည့်အနက်ရောင်လှေမှအပ လှေသမားများလည်း မျက်နှာမသာမယာဖြစ်နေကြသည်။
လူအားလုံးက ရှေ့ဆုံးမှဦးဆောင်နေသည့်အစိမ်းရောင်လှေ သို့မဟုတ် အနီရောင်လှေတို့အနိုင်ရမည်ဟုထင်မှတ်ထားကြပြီး စတုတ္ထနေရာရှိအနက်ရောင်ပန်းဝင်သွားမည်ကိုတော့မညိသူမှမျှော်လင့်မထားကြပေ။
လူသစ်များစွာပါဝင်သည့်အနက်ရောင်လှေကိုမည်သူမှဗိုလ်စွဲမည်ထင်မထားကြဘဲ သူတို့ကိုလောင်းကြေးထပ်သူများကလည်းမရှိသလောက်ပင်။
အထူးသဖြင့် ယခင်နှစ်များကအောင်ပွဲဆင်နိုင်သည့် အဝါရောင်လှေနှင့် အတွေ့အကြုံရင့်လူများစွာပါသည့်အနီရောင်လှေတို့ကိုလောင်းထားကြသည့်မြို့ခံများဖြစ်ကြသည်။
သူတို့၏ပုံစံက ကျန်လူများထက်ပင်ပိုဆိုးနေပြီး အချို့ဆိုလျှင် အနက်ရောင်လှေသမားများကိုပင်ဆဲရေးတိုင်းထွာသွားကြသေးသည်။
ဤသို့ဖြင့် လျှိုစမ်းမြို့၏နာမည်ကျော်လှေပြိုင်ပွဲကား ထင်မှတ်မထားသည့်အဖြစ်ဖြင့်ပြီးဆုံးသွားခဲ့ပြီး လူများလည်း မြစ်ကမ်းနဖူးမှပြန်လည်ထွက်ခွာသွားကြသည်။
ရှောင်ယောင်နှင့် လူငယ်တို့၏အလောင်းအစားကလည်း နှစ်ဦးစလုံးအရှူံးဖြင့်အဆုံးသတ်သွားပြီဖြစ်သည်။
လူအုပ်ကြီးနှင့်အတူရှောင်ယောင်လည်း တည်းခိုခန်းသို့ပြန်လာခဲ့ပြီး တိုက်တိုက်ဆိုင်ဆိုင်ပင် ဟောင်ရန်ဆိုသည့်လူငယ်လေးကလည်း သူနှင့်တည်းခိုခန်းအတူတူဖြစ်သည်။
လမ်းတစ်လျှောက် ထိုလူငယ်လေးက အစိမ်းရောင်လှေအနိုင်မရသည်ကို တဗျစ်တောက်တောက်ပြောနေပြီး သူ၏ပုံစံကစကားများတတ်သည့်အဖွားအိုကြီးတစ်ဦးအလားပင်။
သူ၏အဆက်မပြက်စကားများကိုနားညည်းလာသည့်အဆုံးရှောင်ယောင်လည်း မနေနိုင်ဘဲပြောလိုက်မိသည်။
“ မင်းက ဘာလို့ ဒီလောက်အထိမကျေမနပ်ဖြစ်နေတာလဲ .. အစိမ်းရောင်လှေကို ဘယ်လောက်များလောင်းလိုက်လို့လဲ...”
ရှောင်ယောင်၏မေးခွန်းကြောင့် ဟောင်ရန်က ခေါင်းယမ်းပြလိုက်ပြီး အနည်းငယ်တင်းမာသည့်လေသံဖြင့်ပြန်ဖြေလိုက်သည်။
“ ကျုပ် လောင်းတော့ မလောင်းပါဘူး။ ဒါပေမယ့်ဗျာ ဟိုလှေသုံးစီးက အလိမ်ကကျစ်ကျသွားတာ ။
ပန်းဝင်ခါနီးမှ သူတို့လှော်တတ်တွေကို ဆက်မလှော်လဲ တောင့်ထားလိုက်တာဒါကြောင့် အနက်ရောင်လှေက သူတို့ကိုကျော်ပြီး ဗိုလ်စွဲသွားတာ ကျုပ်ကဒါကို မကျေမနပ်ဖြစ်နေတာ...”
လူငယ်က ရှောင်ယောင်ကိုရှင်းပြလိုက်သည်။
သူ၏စကားကြောင့်ရှောင်ယောင်လည်းမျက်ခုံးပင့်လိုက်မိပြီး သူ၏စိတ်ထဲတွင် လူငယ်၏အမြင်စူးရှမှုကို ကြိတ်၍ချီးကျူးလိုက်မိသည် ။
အဖြစ်မှန်က လူငယ်ပြောသလိုပင်ဖြစ်သည်။
ရှေ့လှေသုံးစီးက ပန်းတိုင်ဝင်လုလုတွင် လှော်ခတ်ခြင်းမပြုဘဲတောင့်ခံထားလိုက်ရာ စတုတ္ထနေရာမှအနက်ရောင်လှေက ဦးစွာပန်းဝင်သွားခြင်းဖြစ်သည်။
လှေပြိုင်ပွဲကျင်းပသည်က မြစ်ကမ်းနှင့် ဝါးသုံးပြန်ကျော်ဝေးကွာသည့်အပြင် အဖြစ်အပျက်က တိုတောင်းသည့်အချိန်လေးတွင်ဖြစ်၍ ထိုအဖြစ်ကို မည်သူမှသတိမပြုမိကြဘဲ ယခု လူငယ်က သတိထားမိနေမည်ဟု ရှောင်ယောင်မျှော်လင့်မထားမိပေ။
မည်သို့ပင်ဖြစ်စေ လှေပြိုင်ပွဲကပြီးဆုံးသွားပြီဖြစ်၍ သူတို့တတ်နိုင်သည့်အရာမရှိဘဲ မကျေမနပ်ဖြစ်နေသည့်လူငယ်နှင့်အတူ တည်းခိုခန်းအတွင်းသို့ ဝင်ရောက်သွားလိုက်တော့သည်။
&&&
ညနေစောင်း
နေညိုချိန်သို့ရောက်ရှိနေပြီဖြစ်၍ ယန်စီမြစ်ပြင်ပေါ်သို့ ရွေအိုရောင်အလင်းတန်းများပတိဖြန်းနေပြီး ရေလှိုင်းများအဝေးတွင် အရောင်ပျိုးပျိုးပြက်ပြက်လင်းလင်းနေသည်။
ရုပ်ဆိုးသူကိုလှစေကာ ရုပ်ချောသူတို့ကို ရှုမငြီးနိုင်သည့် နေဝင်ချိန်ဖြစ်၍ မြင်မြင်သမျှအရာရာတိုင်းက ကြည့်ကောင်းနေပြီး မြစ်ကမ်းတစ်ဖက်တွင်တည်ထားသည့်လျှိုစမ်းမြို့လို လှပသည့်မြို့လေး၏ရှုခင်းများကား လွန်စွာမှသာယာလှပလျက်ရှိသည်။
တည်းခိုခန်း၏ရှေ့ဘက် လမ်းမပေါ်တွင်သွားလာသူများစွာမရှိတော့ဘဲ ဆိုင်ထဲတွင်လည်း လူအနည်းငယ်သာကျန်ရှိတော့သည်။
နေ့ဘက်က မြို့လုံးပြည့်မျှရှိခဲ့သည့်လူအုပ်ကြီးမှာ အငွေ့ပျံသွားသည့်အလား ပျောက်ကွယ်သွားပြီး အတော်ပင်ခြောက်ကပ်ကပ်နိုင်လှသည်ကို သတိပြုမိလိုက်သည်။
တည်းခိုခန်း၏အောက်ထပ်ရှိစားသောက်ဆိုင်ထဲတွင် ရှောင်ယောင်နှင့်လူငယ်တို့မှာ အတူတကွထိုင်၍ စားသောက်နေကြပြီး သူတို့အပြင် အခြားလေးငါးဝိုင်းတွင်သာ စားသုံးသူရှိနေသည်။
ထိုလူအားလုံးကလည်း ဤတည်းခိုခန်းတွင်ညအိပ်ညနေနေသူများဖြစ်၍ အခြားစားသောက်ဆိုင်များသို့ တကူးတကသွားမနေတော့ဘဲ တည်းခိုခန်းအောက်ထပ်စားသောက်ဆိူင်ဖွင့်ထားသည့်နေရာတွင်သာ ညစာစားနေကြခြင်းဖြစ်သည်။
ရှောင်ယောင်နှင့်လူငယ်တို့၏ဝိုင်းတွင်ကားအရက်မှအပ ဟင်းလျာမျိူးစုံဖွယ်ဖွယ်ရာရာရှိပြီး နှစ်ဦးစလုံး စကားတပြောပြောစားသောက်နေကြသည်။
လူကောင်းတစ်ယောက်ဟုအဓိပ္ပာယ်ရသည့် ဟောင်ရန်ဆိုသည့်နာမည်ဖြင့်လူငယ်မှာ သိုင်းလောကအတွင်းသို့ဝင်ခါစလူငယ်တစ်ယောက်ဖြစ်သည်ကိုလည်းသိလိုက်ရပြီး မရင့်ကျက်သေးဘဲ ရိုးသားဖြူစင်သည့်သူ၏စိတ်ကြောင့် ရှောင်ယောင်လည်း ထိုလူငယ်လေးကို အတော်ပင်ခင်မင်မိသည်။
လူငယ်သည်လည်း အပြောအဆိုအနေအထိုင်တည်ကြည်ပြီး သိုင်းလောကဗဟုသုတမှအပ ကျန်အကြောင်းအရာအတော်များများသိရှိနေသည့်ရှောင်ယောင်ကို မိတ်ဆွေတစ်ယောက်ကိုသဘောထားပြီး သူတို့နှစ်ဦးကား မိတ်ဆွေရင်းချာများလိုရင်းနှီးနေလာသည်ဟုဆိုရပေမည်။
“ အခုကျတော့လည်း မြို့ထဲမှာ လူသိပ်မစည်တော့သလိုပဲ မနက်ကတော့ အတော့်ကိုလူများခဲ့တာ...”
ဟောင်ရန်က ခြောက်ကပ်နေသည့်လမ်းမထက်ကိုငေးကြည့်ရင်း ဖြေးညင်းစွာပြောလိုက်သည်။
သူ၏စကားကြောင့် ရှောင်ယောင်လည်း မြို့၏ထူးခြားသည့်အခြေအနေကိုပြန်တွေးမိကာ ခေါင်းညိမ့်ပြလိုက်သည်။
ထိုစဉ် သူတို့နှင့်ဘေးချင်းကပ်လျက်ဝိုင်းတွင်ရှိသည့် လူနှစ်ယောက်အနက် တစ်ယောက်က ဟောင်ရန့်ကိုလှမ်းပြောလာသည်။
“ မနက်က ရောက်လာကြတာ နဂါးလှေပြိုင်ပွဲကိုကြည့်မယ့် အနီးဝန်းကျင်ကလူတွေလေ။ ကျုပ်တို့မြို့ကမြို့ခံတွေက ဒီလောက်အထိမှမရှိတာ...”
အသက်လေးဆယ်အရွယ်ရှိပြီးနှုတ်ခမ်းမွှေးစစနှင့် ပိုသီပတ်သီဖြစ်နေသည့်ထိုလူ၏ပုံစံက အရက်ချိုးတစ်ယောက်နှင့်ဆင်တူနေသည်။
ထို့ထက်ပို၍သိသာသည်က သူ၏ရှေ့တွင်အလွတ်ဖြစ်နေသည့် အရက်အိုးအနညိးငယ်နှင့် သောက်လက်စအရက်နှစ်အိုးတို့ဖြစ်သည် ။
သူနှင့်တစ်ဝိုင်းထဲထိုင်နေသည့်လူကား သန့်ပြန့်စွာဝတ်ဆင်ထားသည့်အသက်သုံးဆယ်ကျော်ခန့်ရှိမည့်လူတစ်ယောက်ဖြစ်သည်။
ထိုနှစ်ယောက်၏ပုံပန်းသွင်ပြင်နှင့်စကားအသွားအလာကိုကြည့်ခြင်းဖြင့် ဤမြို့ခံများဖြစ်ကြောင်းသိသာနေပြီး ဟောင်ရန်လည်း ထိုလူ့ကိုပြန်ကြည့်လိုက်မိပြီး ခေါင်းညိမ့်နှုတ်ဆက်လိုက်သည် ။
ထို့နောက် သူ၏မျက်လုံးများက အရောင်တစ်ချက်လက်သွားပြီး တစ်စုံတစ်ခုကိုတွေးမိဟန်ဖြင့် ရှောင်ယောင်ကိုမျက်ရိပ်ပြကာ ထိုလူနှစ်ယောက်၏ဝိုင်းသို့ကူးသွားလိုက်သည်။
“ ဟူး...ဒီကောင်လေးကတော့ဘာတွေသွားရှုပ်ဦးမယ့်မသိဘူး...”
ဟောင်ရန်၏ပုံစံကိုကြည့်၍ တစ်စုံတစ်ခုကြံစည်နေမှန်းတန်းသိလိုက်ကာ ရှောင်ယောင်လည်းသက်ပြင်းတစ်ချက်ချလိုက်ပြီး သူလည်း ထိုလူနှစ်ယောက်၏ဝိုင်းတွင်ခွင့်တောင်းကာ ဝင်ထိုင်လိုက်သည်။
ရှောင်ယောင်တို့နှစ်ယောက်၏ ရည်မွန်ချောမောသည့်ပုံစံများနှင့် ယဉ်ကျေးသည့်ပြောပုံဆိုပုံများကြောင့် ထိုလူနှစ်ယောက်ကလည်း သူတို့၏ဝိုင်းတွင်လိုလိုလားလား လက်ခံစကားပြောလိုက်သည်။
အသက်လေးဆယ့်ခန့်ရှိမည့် အရက်ချိုး၏နာမည်က ထိချုံးဖြစ်ပြီး သူ၏မိတ်ဆွေဖြစ်ဟန်တူသည့်လူရည်သန့်က လျှိုစမ်းမြို့မှ နာမည်ကြီးကဗျာဆရာဖြစ်သည့် ဖုန်းရန်ဟု သိရသည်။
ပုံပန်းသွင်ပြင်နှင့်အကျင့်စရိုက်ချင်းမတူညီကြသည့်ထိုလူနှစ်ယောက်ကမိတ်ဆွေရင်းချာများဖြစ်နေကြသည်မှာ အတော်ပငိအံ့ဩဖိူ့ကောင်းပြီး ရင်းနှီးဖော်ရွေသည့်ထိချုံးကြောင့် သူတို့လေးယောက်လည်း တခဏအတွင်းရင်းနှီးသွားကြသည်။
&&&&