← Chapters

ချင်းခွန်အမိန့်ပြား

Vol. 2 Ch. 17

ချင်းခွန်အမိန့်ပြား

Vol. 2 Ch. 17

ဟောင်ရန်၏အမူအယာကိုအကဲခပ်ရင်း ရှောင်ယောင်လည်း ဆက်၍ရှင်းပြလိုက်သည်။

“ တံဆိပ်ပြားကတော့ အထွေအထူးရှင်းပြစရာမလိုပါဘူး ။ ဒါက တကယ်ပဲ ဧကရာဇ်ကျောက်စိမ်းနဲ့လုပ်ထားတာ။

ဒါပေမယ့် တံဆိပ်ပြားပုံစံလုပ်ထားတဲ့ သူ့ကို အလိုရှိရာပုံစံပြန်ပြင်ဖို့ခက်ခဲလွန်းတော့ ဈေးကလည်း လျှံငွေ ငါးသိန်းခြောက်သိန်းလောက်ပဲတန်တယ် ။

ပြီးတော့ ငါ့ဟာလည်းမဟုတ်ဘူး ။ ဟိုနန်မြောက်ဖျားက ဂိုဏ်းငယ်တစ်ခုရဲ့ဟာ။ ငါအဲဒါကိုသွားပို့ရဦးမှာ...”

ရှောင်ယောင်၏စကားကြောင့် ဟောင်ရန်လည်း ခေါင်းတညိမ့်ညိမ့်ဖြစ်သွားပြီး နောင်တရဟန်ဖြင့်ရေရွတ်လိုက်သည်။

“ နှမျောစရာပဲ ...ဒါသာခင်ဗျားဟာဆိုရင် ရောင်းချပြီးသုံးရင်တောင် ကျုပ်တို့တစ်သက်သုံးမကုန်ဘူး...”

ဟောင်ရန်၏နောက်ပြောင်စကားကြောင့် ရှောင်ယောင်လည်းပြုံးလိုက်မိပြီး ထိုလူငယ်လေးကိုစူးစိုက်ကြည့်ကာပြောလိုက်သည် ။

“ တကယ်တော့ ငါတို့ကို သူတို့ပိုပြီးယုံကြည်သွားတာ မင်းရဲ့သရုပ်‌ဆောင်ကောင်းမှုကြောင့်လေ တကယ်ပြောတာ ငါတောင် အဲဒီတုန်းက ကြောင်သွားသေးတယ်...။

ပြီးတော့ နန်းမြို့‌တော်က စီးမာမျိုးရိုးဆိုတာရောဘယ်သူတွေလဲ .. “

ရှောင်ယောင်၏စကားအဆုံး၌ ဟောင်ရန်၏မျက်နှာထက်တွင်ထူးခြားသည့်အမူအယာတစ်ခုထွက်ပေါ်လာသော်လည်း ချက်ခြင်းပျောက်ကွယ်သွားပြီး အပြုံးမျက်နှာဖြင့်ပြောလိုက်သည်။

“ ဟဲ ဟဲ ..စီးမာမျိုးရိုးက နန်းမြို့တော်မှာ ကျော်ကြားတဲ့ တရားရေးအမတ်ကြီးစီးမာဟောင်ရဲ့မျိုးနွယ်ကိုပြောတာပဲ...။

သိုင်းလောကသားတွေ သိပ်ပြီးသိကြမှာမဟုတိပေမယ့် ဟိုလူတွေက စီးပွားရေးသမားတွေဆိုတော့ ဒီနာမည်နဲ့ဖိမ့်လိုက်တာ...”

ဟောင်ရန်၏အကွက်ကို ရှောင်ယောင်ပင်သဘောကျသွားပြီး မိုဖန်းတို့နှစ်ယောက် လူပါး ပုလင်းထိပြီဟုတွေးလိုက်မိသည်။

ထိုလူငယ်က ရိုးသားဖြူစင်ပြီးအတွေ့အကြုံနည်းပါးသည့်တိုင် သူ၏ ဉာဏ်ရည်ကတော့အတော်ပင်ထက်မြက်သည်ဟုဆိုနိုင်သည်။

ထိုစဉ် ဟောင်ရန်က သူ၏မေးစေ့ကိုပွတ်ကာ ဝင့်ကြွားဟန့်ဖြင့်ဆိုလိုက်သည်။

“ အခုတော့ ကြီးမြတ်တဲ့ ဆရာသခင်ဟောင်ရန်ရဲ့ စွမ်းရည်ကိုမြင်တွေ့ပြီလား...”

ချီးကျူးမည်မှမကြံရသေး အမြင်ကပ်ဖွယ်ကောင်းလောက်အောင်ကိုယ်ရည် သွေးနေသည့်ဟောင်ရန်ကြောင့်ရှောင်ယောင်လည်း ပြုံးရင်း ခေါင်းယမ်းလိုက်မိသည်။

“ မင်းကတော့ တကယ်ပါပဲ ။ ပြီးတော့ စကားအတော်များတာပဲ ။ စပ်လဲစပ်စုသေးတယ် အကြွားကလည်းသန်သေး ။ ဟောင်ရန် မင်း ကြွယ်ယန်ဆိုတဲ့ကောင်နဲ့ဘာတော်လဲ...”

ရုပ်တည်ဖြင့်‌မေးလိုက်သည့် ရှောင်ယောင်၏မေးခွန်းကြောင့် ဟောင်ရန်၏မျက်ခုံးများစုကြုံ့သွားပြီး နားမည်သည့်ဟန်ဖြင့်ပြန်မေးလိုက်သည် ။

“ ကြွယ်ယန်ဆိုတာဘယ်သူလဲ...”

ထိုမေးခွန်းကြောင့် ရှောင်ယောင်၏မျက်နှာထက်တွင် သတိရခြင်း၊ ‌ကျေနပ်ခြင်းစသည့်ခံစားချက်တို့ပေါ်ထွက်လာပြီး ပြုံး၍ပြောလိုက်သည်။

“ ကြွယ်ယန်ဆိုတာ ငါ့ရဲ့ညီတစ်ယောက်လို ချစ်ခင်ရတဲ့မိတ်‌ဆွေပေါ့...သိပ်ပြီးအစနောက်သန်တဲ့အပြင် အရှက်မဲ့ပြီးစကားလည်းများသေးတယ်။

နောက်ပြီး ကြွယ်စင်းလည်းရှိသေးတယ်။ သူက စကားနည်းပြီးအေးဆေးတဲ့အပြင် ဘယ်အလုပ်မဆိုမညည်းမညူလုပ်တတ်တယ် ။

ငါတို့က ဆယ်နှစ်လောက်အတူနေခဲ့တာ ။ အသက်ချင်းသိပ်မကွာပေမယ့် ကြွယ်ယန်နဲ့ ကြွယ်စင်းက ငါ့အတွက်တော့ ညီငယ်လေးတွေလိုပဲ...။

ထိုစကားကိုပြောဆိုနေရာ၌ သူ၏မျက်နှာထက်တွင် စိတ်ကြည်နူးသည့်အရိပ်အယောင်များကိုတွေ့နိုင်ပေမည်

ရှောင်ယောင်က သူ၏မိတ်ဆွေများအကြောင်းပြောဆိုနေမှန်းသိလိုကိ၍ ဟောင်ရန်လည်းမျက်နှာတစ်ချက်မဲ့ကာ နှာခေါင်းရှုံ့လိုက်သည်။

“ ဟမ့် ...နာမည်တွေကလည်း ကြွယ်ယန် ၊ ကြွယ်စင်းတဲ့ ဘယ်လိုတွေလဲ...”

ဟောင်ရန်၏အမူအယာကြောင့် ရှောင်ယောင်လည်း ထိုလူငယ်လေး၏ ဖြူဝင်းသည့်နဖူးကို ဒေါက်ခနဲမည်အောင်တောက်ချလိုက်ပြီး လှောင်ပြောင်လိုက်သည် ။

“ ငတုံး...ဒါက ရှောင်လင်က ဝါစဉ်အမည်တွေလေ...ကြွယ်ယန်ရဲ့နာမည်က ပိုင်ဖုန်းယန် ကြွယ်စင်းက ရှောင်လုစင်းတဲ့... နှစ်‌ယောက်စလုံးရှောင်လင်ဂိုဏ်းသားတွေပဲ ...”

“ အား...ကျုပ် ကိုထပ်တောက်ပြန်ပြီ ခင်ဗျားကို ဆုံးမမှဖြစ်မယ်...”

ဟောင်ရန်က လက်သီးလက်မောင်းတန်း၍ကြွေးကျော်လိုက်‌သော်လည်း ရှောင်ယောင်ပြောသည့်စကားများကြောင့် သူ၏ဒေါသလျှင်မြန်စွာပျောက်ကွယ်သွားပြီ သိလိုစိတ်များဝင်ရောက်လာသည်။

“ ဒါနဲ့ ကျုပ်လည်း မေးမယ် မေးမယ်နဲ့ မမေးဖြစ်တာ ...ခင်ဗျားကဘာလဲ...သိုင်းလောကထဲကိုအခုမှဝင်လာတယ်လို့ပြောပေမယ့် အကြောင်းအရာအတော်များများသိနေတဲ့အပြင် လူကလည်း အတော့်ကိုလည်လည်ဝယ်ဝယ်ရှိသေးတယ်။

ပြီးတော့ ခင်ဗျားပြောတဲ့ပုံအရဆိုရင် ရှောင်လင်မှာလည်း အချိန်အတော်ကြာနေသေးတယ်မလား ။

ခင်ဗျားက ရှောင်လင်အဝေးရောက်ဂိုဏ်းသားတစ်ယောက်လား ပြစမ်း...”

ဟောင်ရန်ကစိတ်မြန်လက်မြန်ဖြင့် ရှောင်ယောင်၏ အင်္ကျီလက်စနှစ်ဖက်ကိုမကာ ကျားနဂါးရုပ်များကိုရှာဖွေ‌လိုက်သည်။

တံခါးနီဆောင်ကိုဖြတ်ကျော်နိုင်သည့် ကျားနဂါးဘွဲ့ရဆရာ‌တော်များနှငိ့ ရှောင်လင်အဝေးရောက်ဂိုဏ်းသားများကား လက်ဖျံနှစ်ဘက်တွင် နဂါးရုပ်နှင့်ကျားရုပ်တစ်ရုပ်စီရှိတတ်ကြ၍ဖြစ်သည် ။

သို့‌သော် ကြွက်သားများဖြင့် ကျစ်လျစ်တောင့်တင်းလှသည့် ရှောင်ယောင်၏လက်ဖျံနှစ်ဖက်တွင်မည်သည့်အရုပ်ကိုမှရှာမတွေ့ပေ။

“ ထောက်... “

ရှောင်ယောင်လည်း ဟောင်ရန်၏လက်နှစ်ဖက်ကိုချုပ်ကိုင်ကာ သူ၏နဖူးကိုတောက်လိုက်ပြန်သည်။

အစအ‌နောက်သန်သည့် ကြွယ်ယန့်ကို ထိုသို့မကြာခဏဆုံးမဖူး၍ ရှောင်ယောင်၏လက်က အကျင့်ပါနေခြင်းဖြစ်သည်။

အသားအရေ‌ကောင်းမွန်လှပြီး ဖြူဝင်းသည့်ထိုလူငယ်၏နဖူးမှာ အတော်ပင်တောက်ကောင်းလှသည်ဟုဝန်ခံရပေမည်

ထို့အပြင် သူတောက်လိုက်တိုင်း မျက်မှောင်တွ့န်ချိုးကာ မကျေမနပ်ဖြစ်သွားသည့် ဟောင်ရန်၏ပုံစံက များစွာ သဘောကျစရာကောင်းလှသည်။

ယခုလည်းဟောင်ရန်က ရှောင်ယောင်၏ချုပ်ကိုင်မှုမှ ရုန်းထက်၍ ‌ဒေါသတကြီးအော်ဟစ်ရန်ပြင်လိုက်သော်လည်း ရှောင်ယောင်၏စကားကြောင့် ပါးစပ်ပိတ်သွားတော့သည်။

“ ငါ့အကြောင်းကို မင်းကို ပြောပြမယ် ။ သိပ်ပြီးတော့ ထူးထူးခြားခြားတော့မဟုတ်ပါဘူး...”

ထို့နောက် သူတို့နှစ်ယောက်တို့လည်း စကားလက်စုံကျရင်းဖြေးညင်းစွာလျှောက်သွားကြတော့သည်။

&&&&

ကျောက်စိမ်းငွေတိုက်အတွင်း၌

လူငယ်တို့နှစ်ဦးကို မိုဖန်းကိုယ်တိုင် အပေါက်ဝထိလိုက်ပို့ပြီးနောက်မှ မိုဖန်းနှင့် လူဝကြီးဖန်းချီတို့လည်း အစောပိုင်းကလျှို့ဝှက်ခန်းအတွင်းပြန်လာကာ ခြေပစ်လက်ပစ်ထိုင်ချလိုက်တော့သည်။

“ ဟူး....ဒီနေ့ ကံမကောင်းပါလား...အချီကြီး မိပြီလို့တွေးထားပြီး ဆရာ့ကို ဝမ်းသာအားရလာခေါ်တာအခုကျ ကံကောင်းလို့ပြဿနာမတတ်တယ်....”

လူဝကြီးဖန်းချီကစိတ်ပျက်လက်ပျက်ပုံစံဖြင့်ညည်းညူလိုက်စဉ် မိုဖန်းကတော့ တစ်နေရာကိုစိုက်ကြည့်ရင်း အတွေးနက်နေဟန်တူသည်။

ထို့နောက်မှ လူဝကြီးဖန်းချီကိုပြန်ကြည့်ကာ လေးနက်သည့်ပုံစံဖြင့်ပြောလိုက်သည်။

“ အခုပဲ သူတို့နှစ်ယောက်အကြောင်းကို လူလွှတ်ပြီးစုံစမ်းခိုင်းလိုက်...မင်းရဲ့လူတွေကိုလည်း အဆင်သင့်ပြင်ထား...ပြီးတော့ ဒီကိစ္စကို ခေါင်းဆောင်ကို သွားပြီး သတင်းမပို့မိစေနဲ...”

မိုဖန်း၏တည်ကြည်လေးနက်သည့်အမူအယာကြောင့် အမှန်တကယ်လှုပ်ရှားတော့မည်မှန်းရိပ်မိသွားပြီး လူဝကြီးဖန်းချီမှာ အံ့ဩတုန်လှုပ်သွားသည်။

“ ခေါင်းဆောင် ဧကရာဇ်ကျောက်စိမ်းက ရှားပါးပြီး တန်းဖိုးမဖြတ်နိုင်ဘူးဆိုပေမယ့် အခုဟာက တံဆိပ်ပြားကြီးလည်းဖြစ်တဲ့အပြင် လက်ဝတ်လက်စားပြန်လုပ်ရင်တောင် လက်စွပ်နှစ်ကွင်းလောက်ပဲကောင်းကောင်းရမှာ။

ဒီလောက်နဲ့ စီးမာမျိုးနွယ်ကို ရန်စတာ မထိုက်တန်ဖူးထင်တယ်...”

လူဝကြီးဖန်းချီ၏ပုံစံက အတော်ပင်ထိတ်လန့်နေဟန်တူပြီး သူ၏စကားမဆုံးသေးမီ တစ်စုံတစ်ခုကိုအမှတ်ရသွားဟန်ဖြင့်ဆက်ပြောလိုက်သည်။

“ ဒါမှ မဟုတ်အဲဒီလူငယ်ကလိမ်ညာနေတာရောဖြစ်နိုင်မလား.. ။စီးမာမျိုးနွယ်ကလူတွေက ဒီလောက်အထိအခြေကြီးပြီး ဘဝင်မြင့်တာ သူ့လိုမျိုး သူဌေးသားတစ်ယောက်နဲ့ပေါင်းပြီး အလေလိုက်နေမှာမဟုတ်နိုင်ပါဘူး..

အဲ ကျုပ်လည်း နနိးမြို့တော်က စီးမာမျိုးနွယ်မကြောင်းသိသင့်သလောက်တော့ သိပါတယ်။ သူတို့မှာ သားနှစ်ယောက်နဲဘသမီးတစ်ယေညက်ပဲရှိတာလေ ။ ဘယ်က စတုတ္တသမီးရှိရမှာလဲ ။

သေချာတယ် ဒီကောင်လေးက ကျောက်စိမ်းပြားကိုလိုချင်လို့ သူဌေးသားကောင်လေးကို အချိုသပ်ပြီးပေါင်းနေတာပဲဖြစ်ရမယ် “

လူဝကြီးဖန်းချီမှာ သူ့အတွေးနှင့်သူဖြစ်နေပြီး တွေးတောလေပို၍ဖြစ်နိုင်လေဟု ခံစားလိုက်မိစဉ် မိုဖန်းက သူ၏နောက်စေ့ကို ဖျောင်းခနဲနေအောင်ရိုက်ချလိုက်သည်။

“ ငတုံး.. မင်းကိုလေ့လာပါ လေ့လာပါဆိုတာ မြိူ့ထဲက မိန်းကလေးတွေရဲ့ရင်ဘက်ကိုပဲလိုက်ကြည့်နေတာကိုး ။

သူပြောသွားတဲ့ပုံစံက လိမ်ညာနေတာမဟုတ်ဘူးကွ။ တကယ်ဒေါသထွက်နေတာ။ ပြီးတော့ စီးမာယိမှာ စတုတ္ထမြောက်သမီးက တကယ်ရှိတယ်ကွ ။

လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်ကျော်က အကြောင်းတစ်ခုကြောင့် သူ့ရဲ့သမီးကမျိုးနွယ်ကနေထွက်သွားတာ...အဲဒီစာပေသမားကောင်လေးက စီးမာမျိုးနွယ်ကဆိုတာ သေချာသလောက်ပဲ...”

မိုဖန်း၏ရှင်းပြမှုကြောင့် လူဝကြီးဖန်းမှာ နောက်တစ်ကြိမ်ထိတ်လန့်သွားပြီး ကမန်းကတန်းပြောလိုက်သည်။

“ ဒါဆိုရင်တော့ သူတို့ကိုလက်ရှောင်လိုက်ပါဆရာရယ်...စီးမာမျိူးနွယ်ရဲ့ဒေါသကို ကျုပ်တို့ခေါင်းဆောင်တောင်ခံနိုင်မှာမဟုတ်ဘူး။

ငွေကြေးက တန်ဖိုးရှိတယ်ဆိုပေမယ့် ကျုပ်တို့အသက်လောက်တန်ဖိုးမရှိပါဘူး....”

လောဘကြီးအရှက်မဲ့ကာ ရက်စက်သည့်လူဝကြိးဖန်းချီမှာ ကိုယ့်အသက်ကိုလွန်စွာနှမျောသူတစ်ဦးလည်းဖြစ်ပေသည်။

သို့သော် မိုဖန်းကား သူ၏စကားကိုနားဝင်ဟန်မတူဘဲ တင်းမာခတ်ထန်သည့်လေသံဖြင့်ပြောလိုက်သည်။

“ မရှည်နဲ့ ငါခိုင်းတဲ့အတိုင်းပဲလုပ်....”

ဉာဏ်များသလောက်သူတို့ခေါင်းဆောင်ထက်ပင် ပို၍ရက်စက်သည့်မိုဖန်းကို လူဝကြီးဖန်းတစ်ယောက်မလွန်ဆန်နိုင်ပါချေ ။

ထို့နောက် လူဝကြီးဖန်းလည်း လျှိူ့ဝှက်ခန်းထဲမှထွက်ခွာသွားပြီးနောက်တွင် မိုဖန်းက ထိုင်ခုံပေါ်တွင် သက်သောင့်သက်သာပုံစံဖြင့်မှီလိုက်ရင်း တစ်ကိုယ်တည်းရေရွတ်လိုက်သည်။

“ ချင်းခွန်အမိန့်ပြား....ခေါင်းဆောင်စုံစမ်းခိုင်းထားတဲ့ကိစ္စကို ဒီလိုတိုက်တိုက်ဆိုင်ဆိုင်တွေ့လာမယ်လို့ထင်မထားဘူး...။

ဒီကိစ္စသာအောင်မြင်ရင် စီးမာမျိုးနွယ်ကို ရန်စရလည်းထိုက်တန်တယ်။

ပြီးတော့ ငါ့တာဝန်မပြီးခင်မှာတောင် ခေါင်းဆောင်ရဲ့လက်အောက်ကို ပြန်ရောက်သွားနိုင်သေးတယ်။။

ဟူး... ဟိုသောက်ရူး ချူးကုနန်ဆိုတဲ့ကောင်လက်အောက်မှာ နေရတာ တကယ်ပင်ပန်းနေပြီ....”

&&&&

All Chapters