← Chapters

ပေါ်ထွက်လာသည့် အမိန့်ပြား

Vol. 2 Ch. 18

ပေါ်ထွက်လာသည့် အမိန့်ပြား

Vol. 2 Ch. 18

လိုဆန်းတောင်သည် ကျွင်းယိနယ်မြောက်ဘက်တွင်တည်ရှိသည်။

အနီးအနားရှိဒေသခံများက တာလိုဆန်းတောင်ဟုလည်းခေါ်ဆိုကြပြီး သစ်ပင်ကြီးငယ်များစိမ်းစိမ်းစိုစိုဖြင့်လွန်စွာလှပသည့်တောင်တန်းတစ်ခုလည်းဖြစ်သည်။

လိုဆန်းတောင်၏ ချွန်ထွက်နေသည့်တောင်ထွတ်တစ်ခုက လွန်စွာမြင့်မားလျက်ရှိပြီး မိုးတိမ်ကိုပင်ဖောက်ထွက်လုမတတ်မြင့်မားမက်စောက်လှသည်။

အဝေးမှကြည့်လျှင် တောင်ထွတ်ထိပ်ဖျားကိုပင်မမြင်ရဘဲ တောင်ထွတ်အနီးတစ်ဝိုက်ရှိမိုးတိမ်များကိုသာမြင်ရသည်။

ထို့ကြောင့်လည် ထိုတောင်ထွတ်ကိုတိမ်ဖြူတောင်ထွတ်ဟုခေါ်ဆိုကြပြီး မြင့်မားမက်စောက်လွန်းလှ၍ လူသူမရောက်နိုင်ဟုပင် ပြောစမှတ်ပြုကြသည်။

လိုဆန်းတောင်၏ လှပသည့်သဘာဝပတ်ဝန်းကျင်အခြေအနေကြောင့် ခရီးသွားများလာရောက်လည်ပတ်တတ်သည့်နေရာတစ််ခုဖြစ်ပြီး တောင်တန်းပေါ်ရှိ ဟိုင်ပိုင်ဇရပ်နှင့် နတ်မင်းဇရပ်တို့သည်လည်းထင်ရှားသည့်နေရာများဖြစ်သည်။

လိုဆန်းတောင်နှင့်မလှမိးမကမ်းရှိတောအုပ်တစ်ခုထဲတွင်လွန်စွာကျယ်ဝန်းသည့်ခြံဝန်းကြီးတစ်ခုရှိသည်။

လွန်ခဲ့သည့်အနှစ်နှစ်ဆယ်ခန့်က တောအုပ်ထဲသို့လူများစွာရောက်ရှ်ိလာပြီး ထူးဆန်းသည့်လုပ်ရပ်များကိုပြုလုပ်ခဲ့ကြသည်။

ထိုလူများက တောအုပ်အလယ်ရှိ သစ်ပင်ကြီးငယ်များကိုခုတ်ထွင်ရှင်းလင်း၍ မြေနေရာရှင်းလင်းကာ ခြံဝန်းအလယ်တွင် လွန်စွာခမ်းနားသည့်သုံးထိပ်အဆောက်အဦးကို နှစ်နှစ်အတွင်း တည်ဆောက်ထားခြင်းဖြစ်ပြီး မြင့်မားသည့်တံတိုင်းကြီးများနှင့်ကာရံထားသေးသည်။

တောအုပ်အလယ်တွင် ယခုလို လွန်စွာကျယ်ဝန်းသည့်ခြံဝန်းကြီးတစ်ခုနှင့်အဆောက်အဦးကိုမည်သည့်လူမျိူးကဆောက်လုပ်နေထိုင်ရန်ကြံရွယ်သနည်းဟု အနီးအနားမြို့များမှလူများပင် လာရောက်စပ်စုကြသေးသည်။

ထိုလူများ၏စကားအရ အေးဆေးစွာအနားယူလိုသည့်သူဌေးကြီးတစ်ဦးက ယခုလိုစေခိုင်းခြင်းဖြစ်သည်ဟုသာသိရပြီး ခြံဝန်းတစ်ခုလုံးကိုလုံးဝပြင်ဆင်ပြီးစီးချိန်တွင်ကား လူများလာရောက်နေထိုင်ကြလေသည်။

သို့သော် ထိုခြံဝန်းကြီးထဲတွင်လူများမည်မျှရှိနေသည်ကိုမည်သူမှအတိအကျမသရသလို သူ‌ဌေးကြီးဆိုသူမှာမည်သူဖြစ်ကြောင်းကိုလည်းမသိခဲ့ရပေ။

ကိုယ်နှင့်မဆိုင်သည့်ကိစ္စဖြစ်၍ အချိန်အနည်းငယ်ပြောဆိုပြီးနောက် သူတို့၏စိတ်ထဲတွင် မေ့လျော့သွားကြကာ ထိုခြံဝန်းကြီးကိုလည်း ချမ်းသာ ခြံဝန်းဟု ခေါ်ဆိုလာကြပေသည်။

ခြံဝန်းအလယ်တွင်မူ ကြီးကျယ်ခန်းနားလှသည့် သုံးထပ်အဆောက်အဦးတစ်ခုရှိပြီး အဆောက်အဦး၏ ထိပ်ဆုံးထက် လေသာဆောင်တွင် အဖြူရောင်ဝတ်စုံဝတ်လူတစ်ဦးထိုင်နေသည်။

သူ၏ဘေးတွင် နီညိုရောင်ပြေးနေသည့် မဟော်ဂနီစားပွဲငယ်တစ်လုံးရှိပြီး စားပွဲပေါ်တွင် ကျောက်စိမ်းရောင်ရေနွေးကြမ်းအိုးတစ်လုံးနှငိ့ ခွက်ငယ်နှစ်ခုရှိသည်။

ရတနာပစ္စည်းကျွမ်းကျင်သူတစ်ဦးသာ ရေနွေးအိုးနှင့်ခွက်များကိုကြည့်ပါက သာမန်ပစ္စည်းများဖြင့်ပြုလုပ်ထားခြင်းမဟုတ်ဘဲအရည်အသွေးကောင်းမွန်လှသည့်ကျောက်စိမ်းဖြင့်ပြုလုပ်ထားသည်ကိုတွေ့ရပေမည်။

သာမန်အသုံးအဆောင်များကိုပင် တန်ဖိုးကြီးကျောက်စိမ်းဖြင့်ပြုလုပ်ထားသည့်ထိုလူကား အသက်ခြောက်ဆယ်ခန့်ရှိသည့်လူကြီးတစ်ဦးဖြစ်သည်။

သူ၏အသက်အရွယ်က ခြောက်ဆယ်ကိုအတော်ပင်ကျော်လွန်နေပြီဖြစ်သည့်တိုင် အရေးအကြောင်းကင်းမဲ့သည့်မျက်နှာသွင်ပြင်ရှိကာ နုပျိုခန့်ညားနေဆဲပင်။

စူးရှတောက်ပသည့်မျက်လုံးများက တစ်ဖက်လူ၏စိတ်အကြံကို ထိုးထွင်းသိမြင်နိုင်သည်ဟုထင်ရလောက်အောင်ထူးခြားပြီး သူ၏ကိုယ်ဟန်က ဩဇာလွှမ်းမိုးနိုင်သည့်အငွေအသက်များထွက်ပေါ်နေသည်။

အဖြူရောင်ဝတ်စုံကိုသပ်ရပ်စွာဝတ်ဆင်ထားပြီး အဝေးရှိတောတောင်ရှုခင်းများကို ငေးမောနေသည့်ထိုလူကြီးက သူ၏လက်ထဲမှ သောက်လက်စ ရေနွေးခွက်လေးကို အသာချကာမေးလိုက်သည်။

“ ဒီတော့ ချင်းခွန်အမိန့်ပြားရဲ့သတင်းကိုကြားရပြီပေါ့....”

လူကြီး၏အသံက အေးဆေးတည်ငြိမ်ပြီး တစ်ဖက်လူကို သက်သောင့်သက်သာဖြစ်စေနိုင်သည်။

လူကြီး၏နောက်ဘက်၌ ကျောက်ရုပ်တစ်ခုလိုရပ်နေသည့်အနက်ရောင်ဝတ်စုံဝတ်လူတစ်ဦးရှိနေပြီး သူ၏မေးခွန်းကိုကြားမှ ရိုကျိုးသည့်အမူအယာဖြင့်ပြန်ဖြေလိုက်သည်။

“ ဟုတ်ပါတယ်ခေါင်းဆောင် ... ဒီသတင်းကို လျှိုစမ်းမြို့က ပေးပိူ့လာတာပါ...အဲဒီမြို့ကိုအလည်အပတ်ရောက်နေတဲ့ သူ‌ဌေးသားတစ်ယောက်ဆီမှာတွေ့ရတာဖြစ်ပြီး သူ့ရဲ့သိုင်းပညာကထိပ်တန်းအဆင့်ပဲရှိပါတယ်...”

အနက်ရောင်ဝတ်စုံဝတ်လူ၏စကားကြောင့် လူကြီး၏မျက်နှာထက်တွင်အပြုံးတစ်ပွင့်ပေါ်လာကာ ဖြေးညင်းစွာရေရွတ်လိုက်သည်။

“ ဘယ်သူသိမှာလဲ အနှစ်နှစ်ဆယ်ကြာပြီးတဲ့နောက်မှာ ဒီတံဆိပ်ပြားရဲ့သတင်းကိုပြန်ကြားရမယ်လို့...။

အဲဒီနှစ်တွေတုန်းက ဒါကိုရဖို့ကြိုးစားရင် ငါ့ရဲ့ပွန်းရုပ်လေးတွေတောင် ဆုံးရှုံးခဲ့ရသေးတယ်။

ပြီးတော့ အေးအေးဆေးဆေးဖြစ်တဲ့အချိန်မှာ ဂိုဏ်းနှစ်ခုဆီမှာသွားကြည့်တော့လည်း သူတို့ဆီမှာ ရှိမနေတော့ဘူး။

ဘာပဲဖြစ်ဖြစ်ပါ...အမိန့်ပြားနှစ်ခုက အတူတကွပျောက် ဆုံးသွာတာဆိုတော့ ချင်းယန်အမိန့်ပြားကလည်း မကြာခင်မှာ ပြန်ထွက်ပေါ်လာနိုင်တယ် ...”

အဖြူရောင်ဝတ်စုံဝတ်လူကြီးက တစ်ကိုယ်တည်းရေရွတ်နေခြင်းဖြစ်ပြီး အတန်ကြာမှ ခေါင်းညိမ့်ကာ ပြန်ပြောလိုက်သည်။

“ စုန်းယိ မင်းရဲ့လက်အောက်က အစွမ်းအထက်ဆုံးလူကဘယ်သူလဲ...”

လူကြီး၏မေးခွန်းကြောင့်အနက်ရောင်ဝတ်စုံဝတ်လူလည်း တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေလိုက်သည် ။

“ ချင်မန်ပါ ခေါင်းဆောင်...သူက ကျုပ်တို့နဲ့အတူလိုက်လာတဲ့လူဟောင်းတွေထဲမှာ အတိုးတက်ဆုံးဖြစ်ပြီးအခုဆိုရင် သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်ကိုတောင်ရောက်နေပြီ။

ပြီးတော့ သူ့ရဲ့ကိုယ်ဖော့ပညာနဲ့ဆိုရင် အစစ်အမှန်သိုင်းဝိဇ္ဇာတစ်ယောင်ဆီကတောင် ထွက်ပြေးလွတ်မြောက်နိုင်စွမ်းရှိပါတယ်...”

သူ၏အဖြေစကားကြောင့် အဖြူရောင်ဝတ်စုံဝတ်လူကြီးလည်း စိတ်ကျေနပ်စွာဖြင့်ခေါင်းတဆက်ဆက်ညိမ့်ရင်း ဖြေးညင်းစွာပြောလိုက်သည်

“ အင်း...ငါတို့ ခရမ်းရောင်သွေးလဂိုဏ်းကထွက်ခဲ့တာ ။ တော်တော်တောင်ကြာသွားခဲ့ပြီကိုး...။

ဒီနှစ်တွေထဲမှာ အဲဒီတုန်းက မင်းနဲ့အတူပါလာခဲ့တဲ့ လူဆယ့်ငါးယောက်လုံးက အများကြီးတိုးတက်လာကြတာတွေ့တယ် ငါတကယ်ဝမ်းသာမိတယ် ။

စုန်းယိ မင်းနဲ့တခြားလူတွေလည်း ငါနိမ့်ပါး‌နေတဲ့အချိန်မှာတောင် ငါ့ကိုယုံကြည်ပြီးအတူလိုက်ခဲ့ကြတယ် ။။

အခု ငါ့လက်အောက်မှာ လူအများအပြားရှိတာတောင် မင်းတို့ကို ငါအယုံကြည်ဆုံးပဲ.. “

သူ၏လေသံထဲတွင် အတိတ်ကိုအောင့်မေ့ခြင်း၊ လွမ်းဆွတ်တမ်းတခြင်းများပါဝင်နေလျက်ရှိသည် ။

သူ၏စကားကြောင့် စုန်းယိဆိုသည့်အနက်ရောင်ဝတ်စုံဝတ်လူလည်း အရိုအသေပေးလိုက်ပြီး ခံစားချက်များပြည့်နှက်သည့်လေသံဖြင့်ပြောလိုက်သည်။

“ ခေါင်းဆောင်က ကျုပ်တို့အားလုံးရဲ့ သင်ဆရာဖြစ်သလို အသက်သခင်လည်းဖြစ်ပါတယ်။

နှင်းငွေ့မိစ္ဆာသခင်လိုအာဏာရှင်တစ်ယောက်ရဲ့လက်အောက်ကလွတ်မြောက်လာပြီးအခုလိုဘဝမျိုးရောက်လာခဲ့တာ ခေါင်းဆောင်ရဲ့ကျေးဇူးကြောင့်ပါ...”

စုန်းယိ၏စကားက သူ၏ရင်ထဲမှလာသည့်စစ်မှန်သည့်စကားသံပြီး အဖြူရောင်ဝတ်စုံဝတ်လူကြီးလည်း ပြုံး၍ပြောလိုက်သည်။

“ ဒါတွေထားလိုက်ပါ... သိုင်းလောကထဲကို ချင်မန် လွှတ်လိုက် ။ ပြီးတော့ ချင်းခွန်အမိန့်ပြားနဲ့ ချင်းယန်အမိန့်ပြားကို ရအောင်ယူဆောင်းခိုင်းလိုက် ။

ဒီတံဆိပ်ပြားနှစ်ခုက ငါတို့ကို တော်တော်အကူအညီပေးနိုင်လိမ့်မယ် ....”

အဖြူရောင်ဝတ်စုံဝတ်လူကြီး၏အမိန့်ကြောင့် စုန်းယိလည်းအံ့အားသင့်သွားပြီး အနည်းငယ်တွေးတောကာ ဒူးထောက်အရိုအသေပေး၍ပြန်မေးလိုက်သည်။

“ ကျုပ် အတင့်ရဲပြီးမေးရတာ ခွင့်လွှတ်ပါခေါင်းဆောင် ။ ဒီအမိန့်ပြားက ဘယ်လောက်များအရေးကြီးလို့ ချင်မန့်ကိုစေလွှတ်ပြီးယူဆောင်ခိုင်းရတာလဲ...”

စုန်းယိ၏တောင်းပန်စကားကိုကြားသော်လည်း အဖြူရောင်ဝတ်စုံဝတ်လူကြီးက ခေါင်းကိုညင်သာစွာခါယမ်းရင်းပြောလိုက်သည်။

“ ထပါ ဒီကိစ္စက လျှို့ဝှက်ချက်တစ်ခုဆိုပေမယ့် မင်းက တခြားလူတွေနဲ့မတူပါဘူး....”

ထိုစကားလေးတစ်ခွန်းက အဖြူရောင်ဝတ်စုံဝတ်လူကြီး၏ယုံကြည်စိတ်ချမှုကိုဖော်ပြနေ၍ စုန်းယိမှာ မျက်ရည်ဝဲလောက်အောင်ပီတိဖြစ်သွားမိသည်။

သူတို့၏ခေါင်းဆောင်က သာမန်လူများနှင့်လွန်စွာကွဲပြားကာ သူမြင်ဖူးသမျှလူများထဲတွင် အထူးချွန်ဆုံးပုဂ္ဂုလ်ပင်ဖြစ်သည် ။

သိုင်းပညာဘက်တွင် လွန်စွာကြောက်မက်ဖွယ်ကောင်းလွန်းသည့်အရည်အချင်းကိုပိုင်ဆိုင်ထားသလို သူ၏ဉာဏ်ပညာ၊ ခေါင်းဆောင်နိုင်စွမ်းတို့က ထိပ်တန်းအင်အားစုမှခေါင်းဆောင်များထက်ပင်‌ဆများစွာသာလွနိလှသည်။

ထိုသို့‌‌သောစွမ်းဆောင်ရည်ကြောင့်လည်း သူတို့ဆယ့်ခြောက်ယောက်က နှင်းငွေ့မိစ္ဆာသခင်လိုလူတစ်ဦး၏လက်အောက်မှထွက်၍ သူတို့ခေါင်းဆောင်၏နောက်သို့ယုံယုံကြည်လိုက်ခဲ့မိခြင်းဖြစ်ပေမည်။

စုန်းယိတစ်ယောက်အတိတ်မှအကြောင်းအရာများကိုပြန်သတိရနေစဉ် အဖြူရောင်ဝတ်စုံဝတ်လူကြီးက ဖြေးညင်းစွာပြောလိုက်သည်။

“ ဒါက လျှို့ဝှက်နေရာတစ်ခုကိုဖွင့်တဲ့သော့ပဲစုန်းယိ။

နှင်းငွေသမိစ္ဆာသခင် ခရမ်းရောင်သွေးလဂိုဏ်းကိုတည်‌ထောင်နိုင်ခဲ့တဲ့ အဓိကအကြောင်းရင်းတစ်ခုဖြစ်တဲ့ မြေအောက်နန်းဆောင်ထက် မကျတဲ့နေရာတစ်ခုပေါ့။

သူ့ကို အမိန့်ပြားတစ်စုံရှိရင် ဖွင့်လို့ရတယ်။ ပြီးတော့အထဲမှာ မင်းစိတ်ကူးမကြည့်နိုင်တဲ့ရတနာတွေ ၊ သိုင်းပညာရပ်တွေနဲ့တခြားရှားပါးပညာရပ်တွေကျမ်းစာတွေလည်းရှိသေးတယ်။

အဲဒီနေရာကိုသာရရင် ငါတို့က ခရမ်းရောင်သွေးလဂိုဏ်းထက် နှစ်ဆသုံးဆလောက်ကြီးတဲ့အင်အားစုတစ်ခုကိုဖန်တီးဖို့လည်းပြဿနာမဟုတ်တော့ဘူး။

ပြောစမ်းပါဦး အဲဒီနေရာက ဘယ်လောက်အဖိုးတန်လိုက်မလဲလို့...”

သူ၏စကားအဆုံး၌ စုန်းယိ၏မျက်လုံးများပြူးကျယ်သွားပြီး သူ၏အေးစက်စက်မျက်နှာထက်တွင် စိတ်လှုပ်ရှားအံ့အားသင့်ဟန်များပေါ်ထွက်လာတော့သည်။

&&&&

“ ဒီတော့ ခင်ဗျားဆီမှာ ဒီလိုမျိူးတံဆိပ်ပြားနောက်တစ်ခုရှိနေတာပေါ့...”

ဟောင်ရန်၏အံ့အားသင့်ဟန်ရသည့်မေးခွန်းကို ရှောင်ယောင်လည်း ခေါင်းညိမ့်ပြလိုက်သည်။

သူ၏ဝန်ခံမှုကြောင့် ဟောင်ရန်က အတော်ပင်အံဩသွားဟန်ရပြီး အရောင်လက်နေသည့်မျက်ဝန်းများဖြင့်ပြောလိုက်သည် ။

“ မိုက်တယ်အစ်ကိုရှောင်ယောင် ခင်ဗျားသာ ဒါတွေကိုရောင်းစားရင် နေ့ချင်းညချင်း နိုင်ငံရဲ့အချမ်းသာဆုံးစာရင်းထဲဝင်သွားနိုင်တယ်...”

“ မလုပ်လိုက်ပါနဲ့။ ဒါဆိုရင် အဖိုးလေးက ငါ့ကိုသိုင်းလောကထဲအထိလိုက်သတ်လိမ့်မယ်။ သူက ဒေါသထွက်ခဲတယ်ဆိုပေမယိ့ တကယ်ဒေါသထွက်ရင် ကြောက်စရာကြီး....’”

ဟောင်ရန်၏မဟုတ်မဟက်အကြံအစည်ကြောင့် ရှောင်ယောင်လည်း ‌မဲ့ပြုံးပြုံး၍ ပြန်ဖြေရင်း သူ၏နဖူးကို တောက်ရန်လိုက်သည်။

သို့‌သော် ကြိုတင်ပြင်ဆင်ထားဟန်တူသည့်ဟောင်ရန်က ရှောင်ယောင်၏နဖူးကို အလစ်တောက်ကာ ၏အနီးမှ လှစ်ခနဲခုန်ဆုတ်သွားပြီး လှောင်ပြောင်လိုသည့်လေသံဖြင့်ပြောလိုက်သည်။

“ ထောက်...”

“ ဟားဟား...မှတ်ပြီလား...”

ထင်မှတ်မထားသည့်လုပ်ရပ်ကြောင့် ရှောင်ယောင်လည်း ကြောင်အမ်းအမ်းဖြစ်သွားပြီး နီရဲကျိန်းစပ်နေသည့်နဖူးကို အုပ်ကိုင်လိုက်မိသည်။

&&&&

All Chapters