← Chapters

ဖမ်းဆီးခံရခြင်း

Vol. 2 Ch. 22

ဖမ်းဆီးခံရခြင်း

Vol. 2 Ch. 22

ထိုအချက်အလက်များကို သူတို့ကိုယ်တိုင်စောင့်ကြည့်ခြင်းအပြင် သူဌေးဟိုင်၏ခြံဝန်းမှအလုပ်သမားအချို့ကို လာဘ်ထိုး၍သိခဲ့ရခြင်းဖြစ်သည်။

ခြံဝန်းရှိအလုပ်သမားအများစုက သူ‌‌ဌေးဟိုင်၏ဩဇာအာဏာနှင့် ရက်စက်မှုကြောင့်သာ အလုပ်လုပ်နေကြခြင်းဖြစ်သော်လည်း သူ၏မကောင်းမှုများကိုရွံရှာမုန်းတီးကြသည်။

ထို့ကြောင့် များစွာတောင်းဆိုရခြင်းမရှိဘဲ သူသိထားသမျှအချက်အလက်များကိုရှောင်ယောင်တို့ဆီသို့အကုန်အစင်ပြောပြခဲ့သည်။

ထိုလူ၏စကားအရ ခြံဝန်း၏အစောင့်အဖွဲ့က လျှိုစမ်းမြို့နှင့်အနီးတစ်ဝိုက်နေရာများမှ လူဆိုးသူခိုးများဖြစ်ကြပြီးသူဌေးဟိုင်၏မကောင်းသတင်းများကြောင့်သူ၏လက်အောက်သို့ခိုဝင်လာခြင်းဖြစ်သည်ဟုသိရသည်။

ထိုလူများက သိုင်းပညာများစွာအဆင့်မမြင့်ကြသော်လည်း ရက်စက်ကြမ်းကြုတ်ပြီး သူဌေးဟိုင်ညွှန်ကြားသမျှတသဝေမတိမ်းလိုက်နာကြသည်ဟုဆိုသည် ။

ထိပ်တန်းအဆင့်သိုင်းသမား ရှစ်ယောက်ပါဝင်သည်ဘ ကိုယ်ရံတော်အဖွဲ့ကား အခြားနေရာမှရောက်လာခြင်းဖြစ်နိုင်သည်ဟုဆိုထားပြီး သူတို့၏မျက်နှာများကိုယခင်ကမြင်ဖူးခြင်းမရှိဟုသိရသည်။

ထိုလူများကလည်း မိုဖန်းလိုမျိုး လွန်ခဲ့သည့်သုံးနှစ်ကလျှိုစမ်းမြို့သို့ ရုတ်တရက်ရောက်လာခြင်းဖြစ်ကာ သူဌေးဟိုင်၏ခြံဝန်းထဲတွင်သာအနေများပေသည်။

ခြံဝန်း၏အဓိကနေရာက သူဌေးဟိုင်နေထိုင်သည့်စံအိမ်ကြီးဖြစ်ပြီး ထိုစံအိမ်အတွင်း ကိုယ်ရံတော်အဖွဲ့မှလူများမှလွဲ၍ ကျန်လူများလုံးဝဝင်ရောက်ခြင်းမပြုရန်တားမြစ်ထားသည်ဟုဆိုကြသည်။

တားမြစ်ချက်ကိုဖောက်ဖျက်ပါက နောက်တစ်နေ့တွင် အလောင်းသာပြန်ရပြီး မတော်တဆဝင်ရောက်မိသည့် အစောင့်နှစ်ယောက်ပင်လွတ်မြောက်ခြင်းမရှိပေ။

ထူးဆန်းသည့်အချက်တစ်ခုကား ယခုသုံးနှစ်လုံးလုံး ခြံဝန်းထဲရှိလူအားလုံးသူ‌ဌေးဟိုင်ကိုမမြင်ရခြင်းဖြစ်ပြီး သူတို့၏အပြောအရ သူ‌ဌေးဟိုင်မှာ အိမ်ထဲမှအိမ်ပြင်မထွက်ဘဲ မိုဖန်းခေါ်ဆောင်လာသည့်မိန်းကလေးများကို စံအိမ်ထဲသို့ပို့ဆောင်ပေးရသည်ဟုဆိုထားသည်။

ထိုအချက်အလက်များကိုရရှိခဲ့ခြင်းက ရှောင်ယောင်တို့အတွက်များစွာအသုံးဝင်လှသလို အလယ်အလက်အဆင့်ဂိုဏ်းတစ်ခုနီးပါးဖြစ်‌နေသည့် သူ‌‌ဌေးဟိုင်၏ခြံဝန်းကို ဖြိုခွင်းရန်ကလည်းသူတို့ထင်ထားသည်ထက်ခက်ခဲမည်ဖြစ်ကြောင်းရိပ်စားမိလိုက်သည်။

သို့သော်လည်း ထိုလူယုတ်မာများကို ရှင်းလင်းရန်စိတ်ပိုင်းဖြတ်ထားကြသူများပီပီ ရန်သူများ၏အင်အားကြောင့်ကြောက်လန့်ခြင်းမရှိဘဲဟောင်ရန်ဆိုလျှင် ပို၍ပင်စိတ်အားတက်ကြွနေဟန်တူသည်။

ထိုလူငယ်လေးက တစ်ညနေလုံးလုံးဖင်တကြွကြွဖြစ်နေပြီး သူ၏ဓားကိုလည်း နောက်ကျောတွင်သိုင်းလွယ်ပြီးဖြစ်သည်။

ညမှောင်သည့်အချိန်ကိုရောက်မှထိုးဖောက်ရန်ပြောထားသည့်ရှောင်ယောင်စကားကြောင့်သာမဟုတ်ပါက နေ့ခင်းကြောင်တောင်ပင် ဝင်ရောက်တိုက်ခိုက်နိုင်ချေရှိသည်။

“ ဟူး....အစ်ကိုထိချုံးကလည်း အခုထိရောက်မလာသေးဘူး ။ သူ့ကိုစောင့်ဦးမှာလား.. “

ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်ရင်း မေးလိုက်သည့်ဟောင်ရန်၏စိတ်မရှည်ဟန်ရသည့်မေးခွန်းကြောင့် ကွပ်ပျစ်ပေါ်တွင်ထိုင်နေသည့်ရှောင်ယောင်လည်း ခေါင်းညိမ့်ပြလိုက်သည်။

ထိချုံးကား အရက်နွံထဲတွင်နစ်မြုပ်နေသည့်အရက်ချိုးတစ်ယောက်ဖြစ်သော်လည်း အရေးကြုံလာလျှင် ရဲရင့်မှန်ကန်သည့်သိုင်းသမားတစ်ယောက်၏စိတ်ဓာတ်မျိုးပျောက်ကွယ်ခြင်းမရှိသေးပေ။

ညပိုင်းက ရှောင်ယောင်တို့နှင့်ဆွေးနွေးပြီးနောက် သူကိုယ်တိုင်လည်း လေးနက်စွာစဉ်းစားပြီး သူ‌ဌေးဟိုင်ကိုဖြိုခွင်းရန် သဘောတူညီခဲ့သည်။

တစ်နေ့ကုန်လုံးလည်း သူတို့နှင့်အတူ ကိစ္စများလိုက်လံဆောင်ရွက်ပြီးစီးမှ ညစာစားရန်တည်းခိုခန်းသို့ထွက်ခွာသွားခြင်းဖြစ်ပြီး သူ၏စရိုက်အရ တစ်ခွက်တစ်ဖလားမော့ရန်သွားခြင်းဖြစ်သည် ။

ထို့အပြင်‌ ယခင်ရက်များခို များစွာသောက်သုံးခြင်းမရှိဘဲ နေမဝင်မီပြန်လာမည်ဟုပြောခဲ့သည့်တိုင် ယခုအချိန်ထိ ပြန်လည်ရောက်ရှိလာခြင်းမရှိသေးပေ။

“ နည်းနည်းလောက်ထပ်စောင့်ကြတာပေါ့...ဘာပဲဖြစ်ဖြစ် ငါတို့နှစ်ယောက်ထဲသွားမှာထက် အင်အားပိုများတော့ကောင်းတာပေါ့....”

ရှောင်ယောင်၏တည်ငြိမ်သည့်စကားကြောင့် ဟောင်ရန်၏မျက်နှာထက်၌ စနောက်လိုသည့်အမူအယာတစ်ခုပေါ်လာပြီး သူ၏အနီးသို့လျှောက်လာလိုက်သည်။

“ ဘာလဲ ခင်ဗျားက ကြောက်နေလို့လား.. စိတ်မပူပါနဲ့ ကျုပ်ကာကွယ်ပေးပါ့မယ်....”

သူ၏ပခုံးကိုပုတ်၍ အကြီးအကဲတစ်ယောက်ဟန်ဖြင့်ပြောနေသည့်ထိုလူငယ်ကြောင့် ရှောင်ယောင်လည်း ခေါင်းယမ်းလိုက်မိပြီး လေးနက်သည့်ဟန်ဖြင့်ပြောလိုက်သည်။

“ ငါတော့ တစ်ခုခုထူးဆန်းနေတယ်လို့ထင်တယ်။ သူ‌ဌေးဟိုင်ရဲ့ခြံဝန်းက ဒီလောက်အထိမရိုးရှင်းနိုင်ဘူး...”

ရှောင်ယောင်က ဟောင်ရန့်ကိုရှင်းပြနေရာမှ တစ်စုံတစ်ခုကိုတွေးလိုက်မိပြီး ဆက်ပြောလိုက်သည်။

“ မင်းပဲစဉ်းစားကြည့် သူဌေးဟိုင်က အရင်တုန်းကလူကောင်းတစ်ယောက် ။ သူက အကြောင်းပြချက်မရှိဘဲ လွန်ခဲ့တဲ့သုံးနှစ်ကစပြီး တခြားလူတစ်ယောက်လိုပြောင်းလဲသွားတယ်။ အိမ်ထဲကအိမ်ပြင်လည်းမထွက်တော့ဘူး။

ပြီးတော့ အနီးအနားက သိုင်းပညာတတ်ကျွမ်းတဲ့လူဆိုးသူခိုးတွေကိုစည်းရုံးပြီး မကောင်းမှုတွေလုပ်တယ်။ မြို့ခံလူထုကိုဖိနှိပ်တယ်။

နောက်ထပ် သူ့ဆီကိုရောက်လာတဲ့ သိုင်းပညာအဆင့်မြင့်တဲ့လူတွေက သူ့ကိုယ်ရံတော်အဖွဲ့ထဲကိုရောက်ပြီး မိုဖန်းလိုမျိုး ပဟေဠိဆန်တဲ့အဆင့်လွန်ထိပ်သီးကလည်း သူ့လက်အောက်မှာရှိသေးတယ်။

ဘယ်လိုပဲတွေးတွေး ဒီကိစ္စရဲ့နောက်ကွယ်မှာ အကြောင်းတစ်ခုခုရှိနေသလိုပဲ...”

ရှောငိယောင်၏လေသံကလေးနက်တည်ကြည်နေကာ သူ၏မျက်ခုံးနှစ်ခုက ထိစပ်တော့မတတ်တွန့်ချိုးနေသည်။

အမှန်လည်း သူ၏စိတ်ထဲတွင်တစ်စုံတစ်ခုမှားယွင်းနေသလိုခံစားနေရပြီး သူတို့ရရှိထားသည့်အချက်အလက်များကို အပြန်ပြန်အလှန်လှန်စဉ်းစား‌နေမိသည်။

သို့သော် ဟောင်ရန်က သူ၏စကားကိုများစွာဂရုမစိုက်လဲ ပေါ့ပေါ့တန်တန်ပြောလိုက်သည်။

“ ဘာမှမဖြစ်ပါဘူး ခင်ဗျားက တိုက်ပွဲအတွေ့အကြုံမရှိလို့ စိတ်လှုပ်ရှားနေတာ။

ကျုပ်ပြောမယ် ကျုပ်တို့ ခင်ဗျားရဲ့အစီအစဉ်အတိုင်း စံအိမ်ထဲကိုခိုးဝင်ပြီး သူဌေးဟိုင်ကိုအရင်ရှာမယ်

သူ့ကိုရှာတွေ့ရင်တော့ ကိစ္စတွေအေးအေးဆေးဆေးပြီးသွားတာပေါ့။ သူ့ကိုရှာမတွေ့ရင်လည်း ကိစ္စမရှိပါဘူး သူ့လူတွေနဲ့တိုက်ကြတာပေါ့...။

ခင်ဗျားက ထိပ်တန်းအဆင့်ဆိုပေမယ့် အဆင့်တူ သုံးလေးယောက်လောက်ကို ထိမ်းထားနိုင်တယ်မလား။

ပြီးဝောာ့ အစ်ကိုထိချုံးက အစောင့်သိုင်းသမားတွေကို ထိမ်းထား ။အဲဒီအချိန်အတွင်းမှာ ကျုပ်က ကျန်တဲ့လူတွေကို ဖြေရှင်းလိုက်မယ်...”

ဟောင်ရန်၏စကားမဆုံးမီ ရှောင်ယောင်က အထင်သေးသည့်ပုံစံဖြင့်ကြည့်၍ ဖြတ်မေးလိုက်သည်။

“ စံအိမ်ထဲမှာအဆင့်လွန်ထိပ်သီးအဆင့်တွေရှိနေရင်ဘယ်လိုလုပ်မလဲ။ ပြီးတော့ မိုဖန်းကလည်းအဆင့်လွန်ထိပ်သီးတစ်ဦးပဲနော်.. “

ရှောင်ယောင်၏သတိပေးမှုကိုကြားသော်လည်း ဟောင်ရန်က အပြုံးဖြင့်ပြန်ဖြေလိုက်သည်။

“ ဒါ‌တွေ ကျုပ်တွက်ဆထားပြီးသားပါ။ ကျုပ်ကထိပ်တန်းအဆင့်သိုင်းသမားငါး‌‌ယောက်‌လောက်ကို သိုင်းကွက်နှစ်ဆယိမပြည့်ခင်မှာဖြေရှင်းနိုင်တယ်။။

စံအိမ်ထဲက အဆင့်လွန်ထိပ်သီးနဲ့ မိုဖန်းတို့ရောက်လာရင် သူတို့ကိုထပ်ပြီးအနိုင်ယူလိုက်မယ်။

ဒါဆိုရင် သူဌေးဟိုင်ကို ကျုပ်တို့ကြက်ကလေးငှက်ကလေးဖမ်းသလိုဖမ်းလို့ရပြီ....”

ကိုယ့်အစီအစဉ်နှင့်ကိုယ်ဟုတ်နေသည့်ဟောင်ရန်ကြောင့် ရှောင်ယောင်လည်းမနေနိုင်ဘဲပြုံးလိုက်မိသည်။

ထိုစဉ် ခြံဝန်းအတွင်းသို့လူတစ်ယောက် မောကြီးပန်းကြီးဟန်ဖြင့်ပြေးလာပြီးသူတို့နှစ်ယောက်ကိုတွေ့သည့်အခါ စိုးရိမ်တကြီးလေသံဖြင့်မေးလိုက်သည်။

“ ခင်ဗျားတို့က ဆရာထိချုံးရဲ့မိတ်ဆွေတွေလား....”

ထိုလူက အသက်ဆယ့်ငါးနှစ်ခန့်သာရှိမည့်လူငယ်လေးတစ်ဦးဖြစ်ပြီး မည်သည့်နေရာက ပြေးလာသည်မသိရသည့် သူ၏ပုံစံက မောဟိုက်ပင်ပန်းနေဟန်တူသည် ။

ထို့အပြင် သူ၏မျက်နှာထက်တွင်စိုးရိမ်ပူပန်သည့်အရိပ်အယောင်များကိုအထင်အရှားတွေ့မြင်နိုင်ပြီး ရှောင်ယောင်လည်းအကြောင်းထူးတစ်စုံတစ်ရာရှိမှန်းရိပ်စားမိ၍မေးလိုက်သည်။

“ ဟုတ်ပါတယ် ကျုပ်တို့က အစ်ကိုထိချုံးရဲ့မိတ်ဆွေတွေပါ မင်းကဘယ်သူလဲ....”

ရှောင်ယောင်၏မေးခွန်းကြောင့် ထိုလူငယ်၏မျက်နှာက ဝင်းလက်သွားပြီးအလျှင်အမြန်ပြောလိုက်သည်။

“ ကျုပ်က ဆရာထိချုံးရဲ့သင်တန်းကျောင်းကပါ ကျုပ်တို့ဆရာကို ကယ်ပါဦး သူ့ကို သူဌေးဟိုင်ရဲ့သိုင်းသမားတွေတိုက်ခိုက်ပြီးဖမ်းခေါ်သွားတယ်....”

လူငယ်လေး၏စကားအဆုံး၌ ရှောင်ယောင်ရော ဟောင်ရန်ပါ ဝုန်းခနဲထရပ်လိုက်မိပြီး ဟောင်ရန်က ထိုလူငယ်လေး၏အနီးသို့ရိပ်ခနဲရောက်သွားကာမေးလိုက်သည်။

“ အခု သူဘယ်မှာလဲ....”

သူအနီးသို့ရုတ်တရက်ရောက်ရှိလာသည့် ဟောင်ရန်ကြောင့်လူငယ်လေးလည်းအံ့ဩတုန်လှုပ်သွားစဉ် ရှောင်ယောင်ပါသူတို့အနီးသို့ရောက်လာပြီး လေးနက်သည့်အမူအယာဖြင့်မေးလိုက်သည် ။

“ စိတ်တည်ငြိမ်အောင်ထား ကောင်လေး...မင်းဆရာကို သူတို့ဘယ်တုန်းကဖမ်းဆီးသွားတာလဲ...”

ရှောင်ယောင်၏စေ့စပ်သည့်မေးခွန်းကြောင့်လူငယ်လေးလည်း ချက်ခြင်းပြန်ဖြေလိုက်သည် ။

“ စောစောက ဆရာထိချုံးက ကျုပ်တို့ကို သိုင်းသင်တန်းကျောင်းမှာ ခေါ်ပြီး ဒီညဘာကိစ္စပဲဖြစ်ဖြစ်အပြင်မထွက်ဖို့လာပြီးမှာတာ။

သူ့ရဲ့ပုံစံက အရေးကြီးကိစ္စရှိနေသလိုပဲ ပုံမှန်ဆိုဒီအချိန်မှာ အရက်အတော်များများသောက်ပြီးဖြစ်ပေမယ့် ဒီနေ့ လုံးဝသောက်ထားပုံမရဘူး .....”

လူငယ်လေး၏စကားကြောင့်ရှောင်ယောင်နှင့်ဟောင်ရန်တို့လည်းတစ်ယောက်မျက်နှာတစ်ယောက်ကကြည့်လိုက်မိကြသည်။

ထိချုံးကားညစာစားမည်ဟုဆင်ခြေပေးကာအပြင်ထွက်သွားခြင်းက သူ၏တပည့်လေးများကို အရှုပ်အထွေးများကြားဝင်ပါမည်စိုး၍ မှာကြားခြင်းဖြစ်ပေမည်။

လူငယ်လေး၏ တုန်လှုပ်နေသည့်မျက်နှာထက်၌ဒေါသထွက်သည့်အရိပ်အယောင်များထွက်‌ပေါ်လာပြီး ဆက်ပြောလိုက်သည် ။

“ ပြီးတော့ သူကျုပ်တို့ကိုနှုတ်ဆက်ပြီးထွက်သွားတုန်း သူ‌ဌေးဟိုင်ရဲ့ခြံဝန်းကသိုင်းသမားလေးယောက်ရောက်လာပြီးသူတို့ထဲက သုံးယောက်က ဆရာ့ကိုဝိုင်းဝန်းတိုက်ခိုက်ကြတယ်။

အဲဒီလူတွေရဲ့သိုင်းပညာကအစွမ်းထက်တော့ ဆရာထိချုံးလည်းမယှဉ်နိုင်ဘဲ ဒဏ်ရာအပြင်းအထန်ရသွားခဲ့တယ်။။

ကျုပ်တို့သင်တန်းသားတွေပူးပေါင်းတိုက်ခိုက်တာတောင် ကျန်တဲ့တစ်ယောက်ကိုမယှဉ်နိူင်ခဲ့ဘူး။

ပြီးဝောာ့ သူတို့က ဆရာထိချုံးရဲ့အသက်ကိုလိုချင်ရင် ခင်ဗျားတိူ့နှစ်ယောက်ကိုသူဌေးဟိုင်ရဲ့ခြံဝန်းကိုလာခဲ့ဖို့မှာသွားတယ် ...”

လူငယ်လေး၏မျက်နှာက သိသိသာသာတင်းမာနေပြီး ရှောင်ယောင်တို့လည်း ယခုမှ သူ၏မျက်နှာထက်၌ ဒဏ်ရာအချို့ရှိနေသည်ကို သတိပြုမိလိုက်သည်။

&&&

All Chapters