← Chapters

တိုက်ပွဲ

Vol. 2 Ch. 25

တိုက်ပွဲ

Vol. 2 Ch. 25

ဟန်ဆောင်ကောင်းလှသူမိုဖန်းကား ယခုမှဟောင်ရန့်ကို သတိထားမိဟန်ဖြင့် မျက်ခုံးပင့်ကာပြောလိုက်သည်။

“ အိုး..စီးမာမျိုးနွယ်က မိတ်ဆွေလည်းပါလာတာပဲ...။ အခုလိုမျိုး သူတစ်ပါးရဲ့ပိုင်နက်ကို ကျူးကျော်ဝင်ရောက်ပြီး လူတွေကိုထိခိုက်အောင်လုပ်တာ တရားမျှတတယ်လို့နာမည်ကြီးတဲ့စီးမားမျိုးနွယ်တွေရဲ့လုပ်ရပ်နဲ့တော့ လားလားမှ မသက်ဆိုင်ပါလား...”

မိုဖန်းက ဟောင်ရန့်ကိုနှုတ်ဆက်သည့်ဟန်ဖြင့်ပြောလိုက်သော်လည်းစင်စစ် သူ၏ဒေါသကိုဆွပေးလိုက်ခြင်းသာဖြစ်သည် ။

အကြောင်းကား ယနေ့ည၌ ဟောင်ရန်နှင့်ရှောင်ယောင်တို့ကို သတ်ဖြတ်ရန်ကြိုတင်ကြံစည်ထားပြီးဖြစ်‌သော်လည်း ယခုကိစ္စတစ်ခုလုံးကို တစ်ဖက်လူများ၏အမှားဖြစ်ရန် သွေးဆောင်နေခြင်းဖြစ်သည်။

ထို့ကြောင့်ပင် ခြံဝန်းထဲရှိအစေခံများအလုပ်သမားများနှင့်အပြင်ဘက်မှဝင်လာသည့်လူများကိုတစ်စုံတစ်ရာပြောဆိုခြင်းမပြုဘဲမျက်မြင်သက်သေဖြစ်အောင်လုပ်ဆောင်ခြင်းဖြစ်၏ ။

ထိုမှသာ ဟောင်ရန်၏နောက်ရှိစီးမာမျိူးနွယ်လည်း ဘာမှမတတ်နိုင်ဘဲ သူတို့ကိုလက်စားချေခြင်းမပြုနိုင်မည်မဟုတ်လား ။

‌မိုဖန်း၏အကြံမှာ အောင်မြင်သည်ဟုဆိုနိုင်ပြီး ရှောင်ယောင်ဟန့်တားနိုင်ခြင်းမရှိသေးမီ ဟောင်ရန်က လှစ်ခနဲခုန်ဝင်သွားတော့သည်။

“ သေစမ်း....”

ဟောင်ရန်၏လက်ထဲမှဓားက လျှင်မြန်စွာလှုပ်ရှားသွားပြီးဓားရိပ်များစွာခွဲဖြာကာ မိုဖန်းဆီသို့တိုးဝင်သွားသည်။

အေးစိမ့်သည့်ခံစားချက်နှင့်အတူ များပြားလှသည့်ဓားရိပ်များတိုးဝင်လာ၍ မိုဖန်းလည်းတစ်ဖက်လူ၏သိုင်းပညာကိုမှားယွင်းတွက်ဆလိုက်မိကြောင်းသိလိုက်ကာ အလျှင်အမြန်ပင် သူ၏ဓားကိုဆွဲထုတ်ကာ ဝေ့ယမ်းလိုက်သည်။

“ ချွမ်း...ချွမ်း....”

ဓားချင်းထိခတ်သံများအဆက်မပြက်ပေါ်ထွက်လာပြီး မိုဖန်း၏ဓားကိုင်လက်တစ်ခုလူံးထုံကျင်သွားသည်။

ထိုအဖြစ်ကြောင့်သူ၏မျက်နှာက ကွက်ခနဲပျက်သွားသလို သူ၏စိတ်ထဲတွင်လည်း သူ့အသက်ထက် ထက်ဝက်မျှသာရှိဦးမည့် ဟောင်ရန်၏အတွင်းအားကောင်းပုံကို တုန်လှုပ်သွားမိသည်။

ထို့ထက်ပို၍ကြောက်မက်ဖွယ်ကောင်းသည်ကား လျှင်မြန်သွက်လက်လှသည့်ဟောင်ရန်၏ဓားကွက်များဖြစ်ပြီး သူ၏ခုခံမှုကြောင့်အစောပိုင်းတိုက်ကွက်ပျက်စီးသွားရသည့်တိုင် နောက်ထပ်တိုက်ကွက်များက အဆက်မပြက်ဝင်ရောက်လာသည်။

“ ယား...”

“ ချွမ်း...ထန်း...”

အော်ဟစ်မာန်သွင်းသံများ၊ ဓားချင်းထိခတ်သံများအဆက်မပြက်ပေါ်ထွက်နေပြီး လူရိပ်နှစ်ခုကပူးကပ်နေသည်။

သူတို့နှစ်ယောက်စလုံးကအဆင့်လွန်ထိပ်သီးအဆင့်ရှိသည့်ဓားသမားများဖြစ်သည့်တိုင် ပညာချင်းကကွာခြားလွန်းလှသည်။

သူတို့၏ကိုယ်ဖော့ပညာကတန်းတူသာရှိသော်လည်း အတွင်းအားတွင်ဟောင်ရန်က ပိုသာပြီး ဓားပညာတွင်လည်း သူ၏ဓားသိုင်းက သိသိသာသာအစွမ်းထက်နေသည်။

တိုက်ပွဲစတင်ချိန်မှစ၍ များပြားလှသည့်ဓားရိပ်များက မိုဖန်း၏တစ်ကိုယ်လုံးကိုလွှမ်းခြုံထားပြီး လျှင်မြန်သွက်လက်လှသည့်ဓားကွက်များဖြင့် အသက်ရှူချိန်မရအောင်ပိတ်ဆို့ထားသည်။

ထိုမြင်ကွင်းကြောင့် ကြည့်ရှုနေကြသည့်လူများအံ့ဩတုန်လှုပ်သွားကြသည့်နည်းတူ ရှောင်ယောင်လည်း ဟောင်ရန်၏ဓားသိုင်းကိုအံ့အားသင့်နေမိသည်။

သူ၏ဓားသိုင်းက လျှင်မြန်သွက်လက်မှုကိုအခြေခံထားသည့်ထိပ်တန်းအဆင့်သိုင်းပညာတစ်ခုဖြစ်ရုံသာမကဘဲ ဟောင်ရန်ကလည်းကျွမ်းကျင်အဆင့်ထိပင်ရောက်ရှိထားဟန်တူသည်။

ထိုနည်းတူ အရွယ်နှင့်မလိုက်အောင် အတွင်းအားနှင့်ကိုယ်ဖော့ပညာတွင်လည်း မနိမ့်ကျသည့်ထိုလူငယ်က အစွမ်းထက်သိုင်းထိပ်သီးတစ်ဦးဖြစ်ကာ ဘဝင်မြင့်လည်းမြင့်လောက်ပါသည်ဟုတွေးလိုက်မိသည် ။

ထိုအခိုက် ဟောင်ရန်၏တိုက်ကွက်များကိုအသဲအသန်ခုခံကာကွယ်နေရသည့်မိုဖန်းဆီက အော်ဟစ်သံကြီးထွက်ပေါ်လာသည်။

“ ခွေးမသားတွေ ကြည့်ကောင်းလို့ရပ်ကြည့်နေကြတာလား...ဟိုကောင့်ကိုသတ်ပြီးရင် ငါ့ကိုဝင်ကူကြလေ....”

မိုဖန်းကား မူလကဟောင်ရန့်ကို တစ်ဦးထဲအနိုင်ယူနိုင်မည်ဟုတွေးခဲ့မိသော်လည်း ယခုအခါ တစ်ဖက်လူ၏လက်ချက်ကြောင့် သိုင်းကွက်ငါးဆယ်မပြည့်မီဘဝပျက်လုလုဖြစ်နေရာ သူ၏ဂုဏ်သိက္ခာကိုပင်မထောက်နိုင်တော့ဘဲ အော်ဟစ်အမိန့်‌ပေးလိုက်ခြင်းဖြစ်၏ ။

ထိုအခါ ရှောင်ယောင်၏ဘေးတွင်ကျောက်ရုပ်များလိုတည်ငြိမ်စွာရပ်နေကြသည့်လူရှစ်ယောက်က သူတို့၏ဓားများကိုတစ်ပြိုင်နက်ဆွဲထုတ်လိုက်ပြီး ရှောင်ယောင်ကို ပြိုင်တူထိုးသွင်းလိုက်ကြသည်။

ထိုလူများ၏လှုပ်ရှားမှုက ပုံတူကူးထားသလို ထပ်တူကျနေကာ လွန်စွာလျှင်မြန်သွက်လက်လှပြီး ဓားထုတ်ခြင်းတိုက်ခိုက်ခြင်းတို့က မျက်တောင်တခတ်အချိန်အတွင်းဖြစ်ပျက်သွားခြင်းဖြစ်သည်။

သူတိူ့၏လျှင်မြန်သွက်လက်လှသည့် ရုတ်တရက်တိုက်ခိုက်မှုကြောင့် ရှောင်ယောင်၏နေရာတွင်သာမန်ထိပ်တန်းအဆင့်သိုင်းသမားတစ်ဦးဆိုလျှင် တစ်ကွက်ထဲဖြင့်အသက်ပျောက်သွားရနိုင်သည်။

သို့သော် ရှောင်ယောင်ကာ မျက်စေ့ရှေ့မှတိုက်ပွဲကိုစိတ်ဝင်တစားစောင့်ကြည့်နေသလို ဘေးဘက်ကိုလည်း သတိမလွတ်စေသည့်အတွက် ထိုလူများလှုပ်ရှားလိုက်သည်နှင့်ချက်ခြင်းလိုလို လေပေါ်သို့ခုန်တက်လိုက်သည်။

“ ချွမ်း.....”

ဓားဦးရှစ်ခုကဆုံတွေ့သွားပြီး သူတိူ့၏ပထမဆုံးတိုက်ကွက်က လွဲချော်သွားသော်လည်း အနက်ရောင်ဝတ်စုံဝတ်လူရှစ်ယောက်မှာ အမူအယာပြောင်းလဲခြင်းမရှိပေ။

သူတို့ထဲရှိလေးယောက်က ရှောင်ယောင်ကဲ့သို့လေပေါ်သို့ခုန်တက်သွားပြီး ကျန်လေးယောက်က အောက်ဘက်မှနေ၍ တိုက်ခိုက်လိုက်သည်။

သူတိူ့၏ ဟာကွက်မရှိသည့်အပြုအမူများကိုကြည့်ခြင်းဖြင့် မကြာခဏပူးပေါင်းတိုက်ခိုက်လေ့ရှိသူများဖြစ်ကြောင်းသိနိုင်ကာ ရှောင်ယောင်ပင် အခက်ကြုံသွားမိသည်။

ရှောင်တိမ်းရန်မလွယ်ကူသည်ည လေပေါ်တွင် အရပ်လေးမျက်နှာမှဓားလေးချောင်းကိုရင်ဆိုင်နေရပြီး အောက်ဘက်မှ နောက်ထပ်ဓားလေးချောင်းကထပ်မံတိုးဝင်လာသေးသည်။

အနက်ရောင်ဝတ်စုံဝတ်လူများ၏ပူးပေါင်းတိုက်ခိုက်မှုက လွန်စွာကြောက်မက်ဖွယ်ကောင်းပြီး သာမန်အဆင့်လွန်ထိပ်သီးတစ်ဦးကိုပင် အငိုက်ဖမ်း၍အနိုင်ယူနိုင်စွမ်းရှိပေမည်။

ထိုအခြေအနေမျိုးတွင် အခြားလူသာဆိုပါကမည်သို့ဖြေရှင်းရမှန်းမသိဘဲ ခြေမကိုင်မိလက်မိကိုင်မိဖြစ်သွားနိုင်သည်။

သို့‌သော်လည်း ရှောင်ယောင်ဆိုသည့်သူက အတွင်းအားလမ်းစဉ်ကိုသာမက အပြင်အားလမ်းစဉ်လျှောက်သူတစ်ဦးပီပီ သိုင်းပညာများစုံတတ်မြောက်ထားရာ ယခုလိုအကြပ်အကျဉ်းကြုံလာသည့်အခါ ဖြေရှင်းနိုင်မည်နည်းလမ်းကို စိတ်ထဲတွင်အလျှင်အမြန်တွေးတော၍ ထိုအတိုင်းဆောင်ရွက်လိုက်လေသည်။။

ဦးစွာ လေ‌ထဲတွင် ရောက်နေသည့် သူ၏ခန္တာကိုယ်ကိုအလျားလိုက်လဲချလိုက်ပြီး လျှင်မြန်စွာတိုးဝင်လာသည့်ဓားသုံးချောင်းကိုကိုယ်ပေါ်မှဖြတ်ကျော်သွားစေသည်။

သို့သော် နောက်ဘက်မှကျန်ခဲ့သည့်ဓားတစ်ချောင်းကားသူ၏နောက်ကျောနှင့်လက်မအနည်းငယ်သာလိုတော့သလို အောက်သို့ပြန်ကျလာလျှင်လည်း အောက်ဘက်မှဓားလေးချောင်းက ဆီးကြိုနေသည်။

ထိုမြင်ကွင်းကြောင့်တိုက်ပွဲကိုကြည့်ရှုနေကြသူများလည်း သွားပြီဟုတွေးလိုက်မိကြကာ မိုဖန်းနှင့်အပြင်းအထန်တိုက်က်နေသည့်ဟောင်ရန်ပင်စိုးရိမ်တကြီးအော်ဟစ်လိုက်မိသည်။

“ အစ်ကိုရှောင်ယောင် သတိထား...”

ဟောင်ရန်မှာ မိုဖန်းကိုလူံးဝအသာစီးမှတိုက်ခိုက်နိုင်ပြီး အနိုင်ရရန်များစွာမလိုအပ်တော့သော်လည်း သူ၏ဓားကွက်များကိုရပ်ပစ်ကာ ရှောင်ယောင်တို့တိုက်ပွဲဆီသို့ခုန်ဝင်သွားလိုက်သည်။

အလားတူ သူ၏စိတ်ထဲတွင်လည်းကိုယ့်ကိုယ်ကိုအပြစ်တင်နေမိပြီးရှောင်ယောင်က ထိုသိုင်းသမားများကိုအချိန်အနည်းငယ်ထမ်းထားနိုင်မည်ဟုယုံကြည်၍ မိုဖန်းကိုဖိတိုက်နေခြင်းဖြစ်ကာ ယခုအချိန်တွင်ကား ထိုအချက်ကို နောင်တရနေမိသည်။။

သို့သော် ဓားရှည်တစ်ချောင်းကသူ၏ကျောဘက်မှအရှိန်ပြင်းစွာဝင်ရောက်လာ၍ ဟောင်ရန်လည်း ရှေ့ဆက်မသွားနိုင်တော့ဘဲ ဘေးဘက်သို့ခုန်ရှောင်လိုက်ရသည်။။

တစ်ချိန်ထဲမှာပင် မိုဖန်း၏ကြက်သရေကင်းမဲ့သည့် ရယ်သံကြီးပါကြားလိုက်ရသည်။

“ ဟီး ဟီး...ဒါကငါတို့ခေါင်းဆောင်ရဲ့လက်အောက်က လက်မရွံ့ဓားသမားရှစ်ယောက်ပဲ။

သူတို့လက်ထဲမှာ သေခဲ့တဲ့အဆင့်လွန်ထိပ်သီးတွေတောင် တစ်ယောက်မကဘူး ။မင်းရဲ့သူငယ်ချင်းကတော့ ...”

မိုဖန်းက အကြပ်အကျဉ်းထဲသို့ကျရောက်နေသညိ့ ရှောင်ယောင်ကို ဟောင်ရန်သွားရောက်မကူညီနိုင်စေရန် သူ၏လက်ထဲမှဓားရှည်ဖြင်ပစ်လွှတ်ဟန့်တားလိုက်ခြင်းဖြစ်သည် ။

သူ၏လုပ်ရပ်ကြောင့် ဟောင်ရန်လည်း ရှောင်ယောင်ဆီသို့အချိန်မီကူညီရန်ကားမဖြစ်နိုင်တော့ပေ။

အနက်ရောင်ဝတ်စုံဝတ်လူများ၏တိုက်ကွက်များကို ရှောင်ယောင်မည်သို့မှရှောင်တိမ်းနိုင်စွမ်းမရှိတော့ဟု ထင်မြက်နေကြစဉ် တိုက်ပွဲအလှည့်အပြောင်းက ရုတ်တရက်ဖြစ်ပေါ်လာသည် ။

“ ဝှစ်...”

“ ဖောင်း....”

အနက်ရောင်ဝတ်စုံဝတ်လူများပင် ရှောင်ယောင်ကိုနှစ်ကွက်ထဲဖြင့်အသေသတ်နိုင်ပြီဟုတွေးထင်နေသော်လည်း သူတို့အထင်နှင့်အမြင် လုံးဝလွဲချော်သွားလေသည်။

ရှောင်လင်လျှို့ဝှက်သိုင်းခုနစ်ဆယ့်နှစ်မျိုးမှ လေဝှေ့ကန်ချက်ကား ကျွဲတစ်ကောင်ကိုပင် ဘုန်းဘုန်းလဲစေနိုင်လောက်အောင်ပြင်းထန်ပြီး ရှောင်ယောင်ကိုသတ်ဖြတ်နိုင်တော့မည်ဟုထင်နေသည့် သူ၏နောက်မှလူကား တစ်ချက်ထဲဖြင့်လွင့်စင်သွားတော့သည်။

ထို့နောက် ရှောင်ယောင်က နဂါးလက်သည်းသိုင်းသုံး၍ ထိုလူ၏လက်ထဲမှဓားရှည်ကိုဖမ်းဆွဲလိုက်ပြီး လျှင်မြန်စွာဝေ့ယမ်း၍ အောက်ဘက်မှဓားလေးချောင်းကိုရင်ဆိုင်လိုက်သည်။

“ ထန်း...ထန်း....”

ဓားချင်းထိခတ်သံများကကျယ်လောင်စွာပေါ်ထွက်လာပြီး အနက်ရောင်ဝတ်စုံဝတ်လူလေးယောက်မှာ ဓားကိုင်လက်များထုံကျင်သွားပြီး နောက်ဆုတ်ပေးလိုက်ရသည်။

သူတို့၏မျက်နှာက အကြီးအကျယ်ပြောင်းလဲ‌နေကြပြီး အောက်သို့ပြန်ရောက်လာသည့်အနက်ရောင်ဝတ်စုံဝတ်လူသုံးယောက်လည်းထိုနည်းတူပင်။

သူတို့ရှစ်ယောက်ထဲမှ ကျန်တစ်ယောက်ကား ရှောင်ယောင်၏လျှပ်တပြက်ကန်ချက်ကြောင့် အတော်ဝေးဝေးကိုလွင့်စင်သွားပြီး သွေးများအဆက်မပြက်အန်ထုတ်ကာ ပြန်ထနိုင်ခြင်းပင်မရှိတော့ပေ။

တိုက်ပွဲအလှည့်အပြောင်းကားလက်ဖျားခါရလောက်အောင်အံ့ဩဖွယ်ကောင်းပြီး လွတ်လမ်းမရှိသည့်အခြေအနေမှ ရန်သူတစ်ယောက်ကိုပြင်းပြင်းထန်ထန်ဒဏ်ရာရစေခဲ့သည့်ရှောင်ယောင်၏သိုင်းပညာကလူအားလုံးကို ပါးစပ်အဟောင်းသားဖြစ်သွားစေသည်။

ထိုအဖြစ်ကြောင့် ဟောင်ရန်လည်းစိတ်သက်သာရာရသွားပြီး မိုဖန်းကား မျက်နှာကွက်ခနဲပျက်သွားသည် ။

မည်းမှောင်နေသည့်မိုဖန်း၏မျက်နှာထက်တွင် ကောက်ကျစ်စဉ်းလဲသည့်အရိပ်အယောင်တစ်ခုပေါ်လာပြီးဟောင်ရန်အာရုံပျံ့နေသည့်အခြေအ‌နေကိုအခွင့်ကောင်းယူကာ ရှေ့သို့ ရိပ်ခနဲတိုးဝင်သွားသည်။

ထိုအခါမှ ဟောင်ရန်လည်း မိူဖန်းနှင့်တိုက်ပွဲအတွင်းရှိနေသေးသည်ကိုသတိရလိုက်မိကာ ရင်ထိတ်သွားပြီး ချက်ခြင်းရှောင်တိမ်းလိုက်သညိ။

သို့သော် အေးစက်သည့်အထိအတွေ့က သူ၏လည်တိုင်နားသို့ပွတ်သတ်ကျီစယ်သွားပြီး ပခုံးထောင့်စွန်းတွင် စူးရှသည့်နာကျင်မှုကိုခံစားလိုက်ရသည်။

&&&&

All Chapters