← Chapters

ကြောက်စရာကောင်းသည့်ချူးကုနန်

Vol. 2 Ch. 28

ကြောက်စရာကောင်းသည့်ချူးကုနန်

Vol. 2 Ch. 28

ခြံဝန်းထဲရှိလူအားလုံးထဲတွင် အံ့ဩခြင်းမရှိသူက မိုဖန်းတို့လို ချူးကုနန်၏လူများနှင့် ရှောင်ယောင်တို့သာရှိသည်။

ရှောင်ယောင်ကား သူ‌‌ဌေးဟိုင်၏အကြောင်းကိုကြားမိစဉ်မှစဥ်တစ်စုံတစ်ခုမှားယွင်းနေသည်ကိုရိပ်စားမိပြီးဖြစ်၍ ထိုလူများနှင့်အလောတကြီးရင်မဆိုင်လိုခြင်းဖြစ်သည် ။

ယခုတော့ ဖြစ်ပြီးသည့်အရာများကိုပြန်လည်ပြင်ဆင်၍မရတော့သလို ချူးကုနန်ကိုယ်တိုင်ထွက်ပေါ်လာပြီဖြစ်၍ သူတို့လည်းထိုလူ့ကိူအနိုင်မယူနိုင်လျှင်ယနေ့ညအသက်ရှင်ခွင့်ရမည်မဟုတ်မှန်းရိပ်စားမိလိုက်ကြပြီး အတွင်းအားများကိုကြိတ်၍စုစည်းလိုက်ကြသည် ။

ထိုစဉ် အံ့ဩတုန်လှုပ်နေရာမှ သတိဝင်လာသည့်ဖုန်းရန်က ချူးကုနန်ကိုထိတ်လန့်ခြင်းမရှိတော့ဘဲ ဒေါသတကြီးပြောလိုက်သည်။

“ လွန်ခဲ့တဲ့သုံးနှစ်လုံးလုံး သူဌေးဟိုင်အယောက်ဆောင်ထားတဲ့ခင်ဗျားနဲ့ ခင်ဗျားလူတွေက မကောင်းမှုတွေအများအပြားလုပ်ခဲ့ပေမယ့် သက်‌သေအတိအကျမရှိလို့ဖမ်းဆီးမရခဲ့ဘူး။။

ဒီနေ့တော့ ခင်ဗျားကိုယ်တိုင်ဝန်ခံလိုက်တာဖြစ်လို့ ကျုပ် ခင်ဗျားကိုဖမ်းဆီးလို့ရပြီ...”

ယခုအခါ ချူးကုနန်က သူ့အကြောင်းကိုပွင့်လင်းစွာထုတ်ပြလာရာ ဖုန်းရန်လည်း တစ်ဖက်လူ၏သိုင်းပညာကိုပင်မေ့လျော့ကာ မတရားမှူကိုရွံမုန်းသည့်သူ၏စရိုက်အတိုင်းပြောလိုက်မိခြင်းဖြစ်သည်။

ချူးကုနန်က ဥပဒေစကားများပြောဆိုနေသည့်ဖုန်းရန်ကြောင့် အနည်းငယ်စိတ်ရှုပ်ထွေးသွားပြီး နောက်ဘက်နားရှိလူဝကြီးဖန်းချီကိုမေးလိုက်သည်။

ချူးကုနန်၏အကြောင်းကိုကြားဖူးခြင်းမရှိသော်လည်း မြို့စောင့်တပ်သားများကား သူတို့ခေါင်းဆောင်၏အမူအယာကြောင့် အေးစက်မာကျောသည့်မျက်နှာထားရှိသည့်ထိုလူက ကြောက်မက်ဖွယ်ကောင်းသူတစ်ယောက်ဖြစ်ကြောင်းနားလည်သွားပြီး ဖုန်းရန်၏ရှေ့၌ကာကွယ်ပေးလိုက်ကြသည်။။

“ သူကဘယ်သူလဲ....”

“ ကျုပ်ကဖုန်းရန်ပဲ ကျုပ်အဖေက ဖုန်းချီ ...”

ဖုန်းရန်၏စကားကြောင့် ရှောင်ယောင်နှင့်ဟောင်ရန်တို့လည်းအနည်းငယ်အံ့ဩသွားမိကြ၏။

ဤမြို့တွင်နေသည်မှာ သုံးလေးရက်ခန့်ရှိပြီဖြစ်၍ ဖုနချီမည်သူမည်ဝါဖြစ်သည်ကိုသူတို့လည်းသိရှိထားကြသည်။

သိုင်းလောကကိုကဗျာဆရာတစ်ဦးဖြစ်ပြီး ထိချုံးနှင့်ပူးပေါင်းကာ သင်တန်းကျောင်းလေးတစ်ခုကိုဖွင့်၍ရိုးရှင်းစွာနေသည့်ဖုန်းရန်က ထိုသို့‌သောဂုဏ်ပုဒ်ရှိမည်ဟု သူတို့မတွေးခဲ့မိပေ။

ဖုန်းရန်သည်လည်း သူ၏မြို့စားသားဆိုသည့်အဆောင်အယောင်များကိုမနှစ်သက်၍သာမန်လူတစ်ဦးလို ဝါသနာပါရာလုပ်၍ နေထိုင်ခြင်းဖြစ်သော်လည်း ယနေ့သူ၏အရင်းနှီးဆုံးမိတ်ဆွေဖြစ်သည့် ထိချုံးကို သူဌေးဟိုင်၏လူများဖမ်းဆီးသွားခြင်းကြောင့် မြို့စောင့်တပ်ကိူပင်အသုံးပြုလာခြင်းဖြစ်သည်။။

သို့‌တိုင်ချူးကုနန်က ဖုန်းချီမည်သူမည်ဝါဖြစ်သည်ကိုပင်သိရှိဟန်မတူသေးဘဲ ထိုအဖြစ်ကိုရိပ်စားမိသည့် လူဝကြီးက ခပ်တိုးတိုးပြောလိုက်သည်။

“ ခေါင်းဆောင် သူက မြို့စားရဲ့သားပါ....”

လူဝကြီးဖန်းချီ၏စကားကြောင့် ချူးကုနန်လည်းအနည်းငယ်အံ့အားသင့်သွားပုံရသော်လည်း သဘောကျသည့်ပုံစံဖြင့်ပြုံးလိုက်သည် ။

အကယ်၍ ချူးကုနန်ကိုသာရင်းနှီးသူဖြစ်ပါက ထို

အပြုံးက သူလူသတ်ခါနီးပြုံးလေ့ရှိသည့်အပြုံးဖြစ်ကြောင်းသိမည်ဖြစ်ပြီး ချူးကုနန်က ခေါင်းတဆက်ဆက်ညိမ့်ရင်း ဖုန်းရန်ကိုပြောလိုက်သည်။

“ အော်...မင်းက မြို့စားရဲ့သားကို ဒီလိုမျိုး ဖြောင့်မက်တဲ့စိတ်ရှိတာ မဆိုးပါဘူး။။

မင်းအဖေအတွက်တော့ စိတ်မကောင်းဘူး။ သူနောက်ထပ်သားတစ်ယောက်ရအောင်ကြိုးစားရတော့မယ်....”

ချူးကုနန်၏စကားအဆုံး၌ သူ၏လက်က ရိပ်ခနဲလှုပ်ရှားသွားပြီး အခုနှစ်ဆယ်ထက်မနည်းသည့် အလင်းတန်းများက ဖုန်းရန်ဆီသို့လျှင်မြန်စွာပြေးဝင်သွားတော့သည်။

ချုးကုနန်၏နောက်ထပ်အမည်တစ်မျိုးဖြစ်သည့်လက်ရှစ်ဖက်က သူ၏အစွမ်းထက်လက်နက်ပုန်းပညာကိုတင်စားခြင်းဖြစ်ကာ သူ၏အရိုးလှံကက ရန်သူများ၏လည်ချောင်းသွေးကိုဖောက်သောက်တတ်သည်ဆိုလျှင် သူ၏လက်နက်ပုန်းများက ရန်သူများကိုအသံတိတ်သတ်ဖြတ်နိုင်သည့် လက်နက်ပင်ဖြစ်တော့သည်။။

ပျားပိတုန်းများလို သေးငယ်ပြီးကြောက်မက်ဖွယ်ကောင်းသည့်အပ်ပျံများစွာကိုရင်ဆိုင်ရာတွင် ထိပ်တန်းအဆင့်သိုင်းပညာရှိသော်လည်း တိုက်ပွဲအတွေ့အကြုံများစွာမရှိသည့်ဖုန်းရန်မှာ နေရာတွင်ပင်ရပ်နေမိတော့သည် ။။

ဖုန်းရန်၏ရှေ့တွင် ကာကွယ်ပေးနေသည့်တပ်သားများရှိသော်လည်း တစ်ထက်လူ၏လျှင်မြန်လှသည့်လက်နက်ပုန်းများကြောင့်မည်သို့မှမတတ်နိုင်ဘဲတော့ သူတို့ကိုယ်တိုင်ပင်ရှောင်တိမ်းနိုင်စွမ်းမရှိတော့ပေ။

ထိုအချိန်တွင် ရှောင်ယောင်ကလည်းကျယ်လောင်စွာအော်ဟစ်လိုက်တော့သည် ။

“ အခုပဲ....”

အတွင်းအားအကုန်သုံးကာ အော်ဟစ်လိုက်သည့် ရှောင်ယောင်၏စကားကြောင့် မိုဖန်းနှင့်အနက်ရောက်ဝတ်စုံဝတ်လူများသာမက ချူးကုနန်ပင်သူရှိရာသို့ကြည့်လိုက်မိ၏ ။

ထိုစဉ် ဟောင်ရန်က သူ၏နေရာတွင်မရှိတော့ဘဲ ဖုန်းရန်၏ရှေ့သို့ကိုယ်ဖော့ပညာအစွမ်းကုန်သုံးကာ ပြေးလွှားသွားပြီး သူ၏လက်ထဲရှိဓားကိုလည်း ဇယ်ဆက်သလိုဝေ့ယမ်းလိုက်သည်။

“ ထန်း...ထန်း...ထန်း....”

အရိပ်များစွာခွဲဖြာ၍လျှင်မြန်စွာရွေ့လျားသွားသည့်ဟောင်ရန်၏ဓားရှည်က အပ်ပျံအားလုံးကိုရိုက်ထုတ်နိုင်လိုက်ပြီး ဖုန်းရန်နှင့်တပ်သားများကိုကယ်တင်နိုင်လိုက်သည်။

လူအားလုံးက ဟောင်ရန်ဆီသို့အာရုံရောက်နေကြစဉ် ရှောင်ယောင်ကလည်း ရိပ်ခနဲပြေးထွက်သွားကာ ချူးကုနန်၏ရှေ့သို့ရောက်ရှိလာပြီး သူအပိုင်နိုင်ဆုံးသိုင်းပညာဖြစ်သည့်သံမဏိလက်သီးသိုင်းသုံး၍အစွမ်းကုန်ထိုးနှက်လိုက်သည်။

“ ဟူး...”

လေခွင်းသံကြီးကဆူညံသွားပြီး အတွင်းအားအပြင်အားအကုန် သုံးကာထိုးလိုက်သည့် ရှောင်ယောင်၏လက်သီးလျက် လေထုကိုပင်တုန်ခါသွားစေနိုင်သည်။

ရှောင်လင်သံမဏိလက်သီးသိုင်းမှာ ရိုးစင်းကာ ခန့်မှန်းရလွယ်ကူသော်လည်း ပြင်းထန်အားကောင်းမှုတွင် ‌ပန်းလော့လက်ဝါးနှင့်နှိုင်းယှဉ်နိူင်သည့်သိုင်းပညာဖြစ်သည် ။

ကိုယ်ဖော့ပညာကိူအစွမ်းကုန်အသုံးပြုလိုက်သည့်ရှောင်ယောင်၏လှုပ်ရှားမှုကလည်းအရိပ်တစ်ခုလိုမြန်ဆန်လှပြီးတစ်ဖက်လူ၏ရှေ့သို့ရောက်ရှိကာ တိုက်ခိုက်လိုက်ခြင်းကတစ်ဆက်ထဲဖြစ်သည်။

သို့သော်လည်းသေခြင်းရှင်ခြင်းတိုက်ပွဲများစွာကိုတိုက်ခိုက်ဖူးသည့်ဝါရင့်သိုင်းသမားတစ်ဦးပီသစွာ အန္တရာယ်အငွေ့အသက်ရသည်နှင့် အရိုးလှံရှည်ကို ရှေ့တွင်ဝေ့ယမ်းကာ ရှောင်ယောင်၏လက်သီးချက်ကိုပြန်လည်ခုခံလိုက်ပြီးဖြစ်သည်။

“ ဝုန်း....”

ရှောင်ယောင်၏လက်သီးချက်က သာမန်အဆင့်လွန်ထိပ်သီးတစ်ဦးကိုပင်သွေးပွတ်ပွတ်အန်သွားစေနိုင်သော်လည်း ချူးကုနန်၏အရိုးလှံရှည်မှာအနည်းငယ်သာကွေးညွှတ်သွားသည်။

အကောင်းစားသံမဏိဖြင့်ပြုလုပ်ထားသည့်အရိုးလှံရှည်မှာ ရှောင်ယောင်၏တိုက်ကွက်ကို ကန့်လက်ဖျက်ဟန့်တားနိုင်လိုက်သော်လည်း ချူးကုနန်ကိုယ်တိုင်ကားတစ်ကိုယ်လုံးတုန်ခါသွားကာ နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်ပေးလိုက်ရသည်။

ဤသည်က ချူးကုနန်၏အတွင်းအားကရှောက်‌ယောင်ထက်နိမ့်ကျ၍မဟုတ်ဘဲ ရုတ်တရက်အလစ်တိုက်ခိုက်ခြင်းဖြစ်သဖြင့်ယခုလိုကာကွယ်နိုင်သည်က အတော်ပင်အံ့ဩဖို့ကောင်းသည်ဟုဆိုရမည်။

သူ၏အစွမ်းကုန်တိုက်ခိုက်မှုကိုပင်ရန်သူကအချိန်မီခုခံနိုင်လိုက်၍ရှောက်‌‌ယောင်တစ်ယောက်တုန်လှုပ်သွားမိသလို ချူးကုနန်ကလည်း ထိပ်တန်းအဆင့်သိုင်းသမားတစ်ဦးက သူ့ကိုအတွင်းဒဏ်ရာရလုနီးပါးဖြစ်သည်ကိုမယုံကြည်နိုင်အောင်ဖြစ်နေမိသည် ။

သူတို့နှစ်ဦးစလုံး၏စိတ်ထဲတွင် အံ့ဩထိတ်လန့်မှုကိုယ်စီရှိကြသော်လည်း သူတိူ့၏တိုက်ကွက်များကရပ်တန့်မနေကြပေ။

ရှောင်ယောင်၏လက်သီးချက်ကြောင့်နောက်ဆုတ်ပေးလိုက်ရသည့် ချူးကုနန်က လက်တစ်ချက်ယမ်းလိုက်ရာ ဓားပျံငယ်လေးစင်းက ရှောင်ယောင့်ထံသို့လွန်စွာလျှင်မြန်သည့်အရှိန်ဖြင့်ပြေးဝင်သွားတော့သည် ။

ဟောင်ရန့်ကိုပင်အတွင်းဒဏ်ရာရလုနီးပါးဖြစ်စေအောင် ပြင်းထန်လှသည့် ဓားပျံငယ်များကိုရှောင်ယောင်လည်းလက်ဗလာဖြင့်မဖမ်းဝံ့ဘဲ ရှောင်တိမ်းရင်းရှေ့သို့ဆက်လက်တိုးဝင်ရန်သာဆူံးဖြတ်လိုက်သည်။

သူ၏အလစ်တိုက်ခိုက်မှုကိုတစ်ဖက်လူကခုခံလိုက်နိုင်သော်လည်း အသာစီးရနေသည့်အခြေအနေတွက်နောက်ဆုတ်ရမည့်အစား ဖိဖိစီးစီးတိုက်ခိုက်ရန်ဆုံးဖြတ်လိုက်၏ ။

အစီအစဉ်မကျသည့်ခြေလှမ်းကွက်များကိုသုံးရင်း ဓားပျံနှစ်လက်ကို ယိမ်းထိုး၍ရှောင်တိမ်းလာသည့်ရှောင်ယောင်ကို လူအားလုံးက ပါးစပ်အဟောင်းသားဖြင့်ကြည့်ရှုနေကြသည်။

လူချင်းနီးကပိနေသည့်အခြေအနေတွင် ထိုမျှပြင်းထန်လျှင်မြန်သည့်ဓားပျံများကိုရှောင်ယောင်တစ်ယောက်ရှောက်‌တိမ်းနိုင်ခြင်းက သူ၏အစွမ်းထက်လှုပ်ရှားမှုသိုင်းအပြင် ရဲရင့်သည့်ဆုံးဖြတ်ချက်ကြောင့်လည်းဖြစ်၏။

ဓားပျံများ၏အစွမ်းကိုသူကိုယ်တိုင်အသိဆူံးဖြစ်ရာ ဓားပျံများကြားမှ ဘေးမသီရန်မခတိုးထွက်လာသည့်ရှောင်ယောင်ကြောင့် ချူးကုနန်မှာ အံ့သြပြီးရင်းအံ့ဩနေမိတော့သည် ။

သို့သော်လည်း သူ၏လှုပ်ရှားမှူများကတုံ့ဆိုင်းခြင်းမရှိဘဲ အနီးသို့ရောက်ရှိလာသည့်ရှောင်ယောင်ကို အရိုးလှံရှညိဖြင့်ဆီးထိုးလိုက်သည်။

လှံရိပ်တစ်ခုအသက်တစ်ချောင်း.ဆိုသည့်တိုက်ကွက်က ချူကုနန်၏လက်ထဲတွင်လွန်စွာကြောက်မက်ဖွယ်ကောင်းနေပြီး လှံရိပ်က တစ်ခုထဲမဟုတ်ဘဲ ဆယ်ခုကျော်တစ်ပြိုင်နက်ပေါ်ထွက်လာကာ ရှောင်‌ယောင်၏ အရေးကြီးသည့်ခန္တာကိုယ်အစိတိအပိုင်းဆယ်ခုကိုတစ်ပြိုင်နက်တိုးဝင်လာတော့သည်။

ရှောင်ယောင်လည်း ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည့်အတိုင်း ခုခံကာကွယ်ရာ၌ကျော်ကြားလှသည့်ရှောင်လင်၏ရွှေခေါင်းလောင်သိုင်းကိုသုံးကာ လှံရိပ်များကိုတည်ငြိမ်စွာချေဖျက်လိုက်သည်။

“ ဟမ် ရှောင်လင်ရဲ့ရွှေခေါင်းလောင်းသိုင်းလား....”

မမြင်ရသည့်နံရံကြီးတစ်ခုကိုဝင်တိုက်မိသည့်အလားသူ၏လှံရိပ်အားလုံးတစ်ဖက်လူ၏လက်ဝါးချက်များကြားတွင်ပျောက်ကွယ်သွား၍ ချူးကုနန်လည်း အံ့ဩစွာဖြင့်အသံထွက်၍ရေရွတ်လိုက်မိသည်။

တစ်ဖက်လူအံအားသင့်နေသည်ကိုအခွင့်ကောင်းယူကာ ရှောင်ယောင်လည်း ပေါ့ပါးပြီးခန့်မှန်းရခက်လှသည့် လေထဲကလက်ဝါးသိုင်းကိုပြောင်းလဲအသုံးပြုလိုက်သည်။

လေထဲကလက်ဝါးသိုင်းမှာ သူ၏နာမည်အတိုင်း လက်ဝါးရိုက််ျက်များစွာထွက်ပေါ်စေပြီးလေထဲတွင်ပင်အမျိုးမျိုးပြောင်းလဲတိုက်ခိုက်နိုင်စွမ်းရှိသည့်သိုင်းပညာတစ်ခုဖြစ်သည်။

ထိုသိုင်းပညာက များစွာပြင်းထန်၊ လျှင်မြန်ခြင်းမရှိသော်လည်း ပြိုင်ဘက်အနေဖြင့် ခုခံရှောင်တိမ်းရန်ခက်ခဲပေသည်။

ထိုအခြေအနေမျိုးတွင် သာမန်သိုင်းထိပ်သီးတစ်ဦးဆိုပါက ခုခံရန်သို့မဟုတ်ရှောင်တိမ်းရန်အနည်းငယ်ဒွိဟစိတ်ဖြစ်သွားနိုင်သော်လည်း တိုက်ပွဲအတွေ့အကြုံကြွယ်ဝလှသည့်ချူးကုနန်ကား သူ၏အရိုးလှံရှည်ကိုဝေ့ယမ်းကာ လက်ဝါးရိုက်ချက်များအားလုံးကို တိုက်ခိုက်လိုက်သည်။

“ ဝှစ်...ဝှစ်....”

လက်ဝါးရိပ်များနှင့် လှံရိပ်များကသူတို့နှစ်ဦးလုံး၏ပတ်ဝန်းကျင်တွင်ပြည့်နှက်နေကာ တိုက်ပွဲအခြေအနေကိုမည်သူမှရှင်းလင်းစွာမမြင်ရတော့ပေ။

သူ၏စဥ်ဆက်မပြက်တိုက်ကွက်များနှင့်ရင်ဆိုင်နေရသည်တိုင်တည်တည်ငြိမ်ငြိမ်တုန့်ပြန်ကာ ဆီးကြိုတိုက်ခိုက်နိုင်စွမ်းရှိနေသည့်ချူးကုနန်ကြောင့် ရှောင်ယောင်လည်း ကြောက်စရာကောင်းသည့်အဆင့်လွန်ထိပ်သီးများမည်မျှအထိကြောက်မက်ဖွယ်ကောင်းသည်ကိုရှင်းလင်းစွာသိလိုက်သည်။

ရှောင်ယောင်က အတွင်းအားလမ်းစဉ်တွင်ထိပ်တန်းသိုင်းသမားအဆင့်သို့ရောက်ရှိနေပြီဖြစ်သလိုအပြင်အားလမ်းစဉ်ကိုလည်းလျှောက်လေရာ သူ၏တိုက်ပွဲစွမ်းအားက အဆင့်တူများထက်များစွာသာလွန်ပြီး သာမန်သိုင်းထိပ်သီးများကိုပင်လွယ်လွယ်ကူကူအနိုင်ယူနိုင်စွမ်းရှိသည်။

သို့သော် သူနှင့်ချူးကုနန်၏ကြားထဲတွင်တော့ ကွာခြားချက်များရှိနေဆဲဖြစ်ပြိး အတွင်းအားဖြစ်စေ၊ တိုက်ပွဲအတွေ့အကြုံဖြစ်စေ တစ်ဖက်လူက များစွာသာလွန်နေပေသည်။

ထို့ကြောင့်လည်း သူ့ဆရာ ဆရာတော်ရွှမ်းမင်က သိုင်း‌လောကသို့ဆင်းမလာမီသူ၏သိုင်းပညာကိူစစ်ဆေးအကဲဖြတ်စဉ်က သူ၏သိုင်းပညာမှာ အနည်းငယ်လိုအပ်နေသေးသည်သုပြောခဲ့ခြင်းဖြစ်ပြီး ကြောက်စရာကောင်းသည့်အဆင့်လွန်ထိပ်သီးများကိုလုံးဝရင်ဆိုင်နိုင်ခြင်းမရှိဟုပြောခဲ့ခြင်းဖြစ်သည်။

&&&&

All Chapters