← Chapters

တိုက်ပွဲအဆုံးသတ်

Vol. 2 Ch. 30

တိုက်ပွဲအဆုံးသတ်

Vol. 2 Ch. 30

လူဝကြီးဖန်းချီ၏မေးခွန်းကြောင့် မိုဖန်းက မျက်နှာမဲ့လိုက်ပြီး တိုက်ပွဲကိုမေးငေါ့ပြလိုက်သည် ။

“ ချူးကုနန်ဆိုတဲ့ကောင်က သိပ်ပြီးမာနကြီးတယ်။ ဒါကလည်းမထူးဆန်းပါဘူး သူ့ရဲ့သိုင်းပညာမဲ့ဆို ကြီးသင့်ပါတယ် ။

အခုတောင် သူ့ထက်သိုင်းပညာနိမ့်ကျတဲ့လူငယ်မျိုးဆက်နှစ်ယောက်ကိုအနိုင်မယူနိုင်သေးတာ အတော်လေးရှက်ဖို့ကောင်းနေပြီ။

ပြီးတော့ တိုက်ပွဲထဲကိုမင်းဝင်နိုင်မယ်ထင်လား...”

ချူးကုနန်၏ ဝှီခေါ်နေသည့် အဖြူရောင်လှံစက်ဝိုင်းကြီးကြားမှ တစ်ချက်တစ်ချက်ပေါ်ထွက်လာသည့် လက်ဝါးရိပ်များနှင့်ဓားရိပ်များ။

တိုက်ပွဲရေချိန်ကအထွတ်အထိပ်သို့ရောက်ရှိနေပြီးဖြစ်ပြီး သာမန်အဆင့်လွန်ထိပ်သီးတစ်ဦးပင် တိုက်ပွဲအတွင်းသို့ဝင်ရောက်မိပါက အပိုင်းပိုင်းအစစဖြစ်သွားနိုင်ပေသည်။

ကြောက်မက်ဖွယ်ကောင်းလှသည့်တိုက်ပွဲအ‌ခြေအနေကိုကြည့်ရင်းကြက်သီးထသွား၍ လူဝကြီးဖန်းချီလည်းခေါင်းကိုတွင်တွင်ခါယမ်းလိုက်မိသည်။

ထို့နောက် တစ်စုံတစ်ခုကို သတိရဟန်ဖြင့်ထပ်မေးလိုက်သည်။

“ ဒါဆိုရင် အချိန်ရှိတုန်းလေး ဟိုကောင်တွေကိုဝင်တိုက်ပြီးဖမ်းထားလိုက်ရင်ရော...”

လူဝကြီးဖန်းချီက အောက်ဘက်ရှိသင်တန်းကျောင်းမှလူငယ်များ၊ ဖုန်းရန်နှင့်တပ်သားများကိုညွန်ပြ၍မေးလိုက်ခြင်းဖြစ်သည်။

တစ်ဖက်လူများက အင်အားခုနစ်ဆယ်ကျော်သည့်တိုင် သိုင်းပညာအဆင့်မြင့်သူဟူ၍ ဖုန်းရန်တစ်ယောက်သာပါပြီး သူတို့နှစ်ယောက်သာတိုက်ခိုက်လိုပါကကျိန်းသပေါက်အနိုင်ရပေမည်။

သို့သော် မိုဖန်း၏မျက်နှာထက်၌အတွေးနက်သည့်အမူအယာတစ်ခုပေါ်လာပြီးအချိနိအနည်းငယ်ကြာမှ ခေါင်းယမ်းကာပြောလိုက်သည်။

“ ဆက်ပြီးစောင့်ကြည့်ကြတာပေါ့ ။ ချူးကုနန်အနိုင်ရတာသေချာမှ ငါတို့ထွက်ပြီးဟိုလူတွေကိုတိုက်မယ်။။ သူရှုံးရင် ငါတို့တန်းပြီးထွက်ပြေးမယ်။။

ဒုတိယအချက်က မဖြစ်နိုင်ဘူးဆိုပေမယ့် ငါ့စိတ်ထဲမှာ ဟိုလူငယ်နှစ်ယောက်နိုင်မယ်လို့ထူးထူးဆန်းဆန်းခံစားမိနေတယ်...”

မိုဖန်း၏အဖြေက လူဝကြီးဖန်းချီကိုပါးစပ်အဟောင်းသားဖြစ်သွားစေသည်။

“ ဖြောင်း....”

“ အား.....”

ကျယ်လောင်သည့်အော်သံနှင့်အတူ ဟောင်ရန်၏ခန္တာကိုယ်ကတိုက်ပွဲကြားမှ ဒယီးဒယိုင်နောက်ဆုတ်လာသည် ။

အစွမ်းကုန်ကြိုးစားခုခံနေသည့်ကြားမှ ချူးကုနန်၏လှံရှည်က သူ၏ဓားကွက်များကို ဖောက်၍ဝင်ရောက်လာပြီး ပခုံးရိုးကိုတည့်မက်စွာရိုက်မိသွားခြင်းဖြစ်သည်။

ထိုနေရာသို့အတွင်းအားများစွာပို့လွှတ်၍ ခုခံလိုက်သည့်တိုင် ပြင်းထန်အားပါလှသည့်ရိုက်ချက်ကြောင့် ဘယ်ဘက်ပခုံးတစ်ခုလုံး ခံစားမှုခေတ္တကင်းမဲ့သွားပြီးမှ ပြင်းထန်လှသည့် နာကျင်မှုက လှိုက်တတ်လာကာ ပခုံးရိုးကျိုးသွားခြင်းဖြစ်နိုင်သည်။

ဤသည်က ဟောင်ရန်တစ်ယောက်အနည်းငယ်ကံကောင်းသွားခြင်းဖြစ်ပြီး ညာဘက်ပခုံးကိုသာရိုက်မိပါက နောက်ထပ်ဓားကိုင်နိုင်မညိမဟုတ်တော့သလို လှံရင်းဖြင့်မကျဘဲ အသွားဖြင့်သာကျပါက ခန္တာကိုယ်နှစ်ခြမ်းကွဲသွားပေမည်။

ယခုလည်း ပခုံးရိုးကျိုးသွားခြင်းနှင့်မတူခန္တာကိုယ်တစ်ခြမ်းလုံး ခေတ္တမလှုပ်ရှားနိုင်တော့ဘဲ နောက်သို့လွင့်စင်လာခြင်းဖြစ်သည်။

သူ၏တိုက်ကွက်ကြောင့် ဟောင်ရန်အထိနာသွားသည်ဟုသိလိုက်၍ ချုးကုနန်၏မျက်နှာထက်၌ အေးစက်စက်အပြုံးတစ်ခုထွက်ပေါ်လာပြီး ရှေ့သို့လှစ်ခနဲတိုးဝင်ကာ ဟောင်ရန်၏လည်မြိုကို လှံဖြင့်ထိုးစိုက်လိုက်သည်။

အေးစက်သည့်မရဏအငွေ့အသက်တို့ကိုသယ်ဆောင်လာသည့် ချွန်မြမြလှံထိပ်ဖျားက ဟောင်ရန်၏လည်ပင်းဆီသို့လျှင်မြန်စွာတိုးဝင်လာသည် ။

တိုက်ပွဲအတွေ့အကြုံနည်းပါး၍ အံ့ဩထိတ်လန့်ကာတွေတွေကြီးရပ်နေသည့် ဟောင်ရန်မှာ တစ်ဖက်လူ၏ လျှင်မြန်သွက်လက်လှသည့်လှုပ်ရှားမှုတို့ကြောင့် အခိုက်အတန့်အားဖြင့်မလှုပ်ရှားနိုင်ဘဲဖြစ်သွားကာ နေရာတွင်ရပ်ကြည့်နေမိသည်။

“ သေစမ်း....”

ရှောင်ယောင်လည်း ဟောင်ရန်သေဆုံးတော့မည်ကိုကြိုတင်မြင်ယောင်လိုက်မိ၍ ကျယ်‌လောင်စွာအော်ဟစ်လိုက်ရင်းသူတို့နှစ်ယောက်ကြားသို့ခုန်ဝင်လိုက်သည်။

ချူးကုနန်၏ကြောက်မက်ဖွယ်‌ကောင်းသည့်မျက်နှာကြီးနှင့် လျှင်မြန်လှသည့် လှံထိပ်ဖျားတို့ကိုတွေ့မြင်လိုက်မှ ဟောင်ရန်မှာ အထိတ်တလန့်ဖြစ်သွားပြီး ဘေးဘက်သို့ခုန်ရှောင်လိုက်သည်။

သို့သော် သူ၏လှုပ်ရှားမှုများက အနည်းငယ်နောက်ကျသွား၍မည်သို့မှမလွတ်မြောက်နိုင်တော့ပေ။

ထိုအခိုက် လူရိပ်တစ်ခုက သူတို့နှစ်ယောက်ကြားသို့ရုတ်တရက်ဝင်ရောက်လာပြီး ကျယ်လောင်စွာအော်ဟစ်မာန်သွင်းကာ ချူးကုနန်၏အရိုးလှံကိုဖမ်းဆုပ်လိုက်သည်။

“ ယား...”

“ စွပ်....”

အရိုးလှံ၏ ထက်မြသည့်ထိပ်ဖျားက ရှောင်ယောင်၏ရင်ဘက်အတွင်း တစ်လက်မခန့်နစ်မြုပ်သွားသော်လည်း သူ၏တင်းကြပ်စွာဆုပ်ကိုင်ထားမှုကြောင့် ရှေ့ဆက်မတိုးနိုင်တော့ပေ။

ရှောင်ယောင်၏လုပ်ရပ်မှာ လွန်စွာအန္တရာယ်များလှပြီး သူ၏ဖမ်းဆုပ်မှုသာအနည်းငယ်လွဲချော်သွားပါက ဟောင်ရန်မသေမီ သူဦးစွာသေဆုံးရနိုင်ချေရှိသည်။

ယခုလည်း အစွမ်းကုန်သုံး၍ ချူးကုနန်၏လှံထိပ်ဖြားကိုဟန့်တားထားသည့်တိုင် သူ၏ရင်ဘက်အတွင်းသို့အနည်းငယ်စိုက်ဝင်သွားသေးသည်။

“ မင်းက....”

ချူးကုနန်ကိုယ်တိုင်ပင် ရှောင်ယောင်ယခုလိုပြုလုပ်လာမည်ဟုမတွေးတောမိ၍ အံ့ဩတုန်လှုပ်နေမိသည် ။

လက်ရှိအချိန်၌ ခြံဝန်းထဲရှိလူအားလုံး၏အကြည့်က သူ့ကိုယ်ထဲသို့စိုက်ဝင်‌နေသည့် အရိုးလှံရှည်ကိုတင်းကြပ်စွာဖမ်းဆုပ်ထားသည့်လူငယ်တစ်ယောက်၏သွင်ပြင်ကိုစူးစိုက်ကြည့်နေကြပြီး အခြားလူတစ်ယောက်အတွက်အသက်စွန့်ကာ ကာကွယ်ပေးသည့်သူ၏ရဲရင့်မှုကို သူတို့၏ဘဝတစ်လျှောက်လုံး အမြဲတမ်းသတိရနေကြမည်ဖြစ်သညိ။။

ရှောင်ယောင်၏အနစ်နာခံမှုကြောင့် ရှောင်တိမ်းချိန်ရပြီး ဘေးဘက်သို့ရောက်ရှိသွားသည့်ဟောင်ရန်လည်း မျက်စိများနီရဲသွားပြီး စိတ်ထဲတွင် အပြင်းအထန်လှုပ်ရှားသွားကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

“ အစ်ကိုရှောသ်ယောင်....”

ဟောင်ရန်၏အော်ဟစ်သံကိုကြားမှ ချူးကုနန်လည်းသတိဝင်လာပြီး အတွင်းအားကို အားကုန်ထုတ်ကာ လှံထဲသို့ပို့လွှတ်၍ ရှေ့တိုးရန်ကြိုးစားလိုက်သည် ။

သူ၏မူလပစ်မှတ်ဖြစ်သည့်ဟောင်ရန်က လွတ် မြောက်သွားသည့်တိုင် သူ၏ရှေ့မှောက်တွင် ရှိနေသည့် ရှောင်ယောင်ကိုဦးစွာသတ်ဖြတ်ရန်ဆုံးဖြတ်လိုက်ခြင်းသည်။

အံ့ဩဖွယ်ကောင်းစွာဖြင့်သူမည်မျှကြိုးစားအားထုတ်ပါစေ လှံသွားက နည်းနည်းလေးမှပင်ရှေ့မတိုးနိုင်ဘဲ ကျောက်ဆောင်ကြီးနှစ်ခုအတွင်းညပ်နေသည့်အလားတုတ်တုတ်မှုမလှုပ်ပေ။

“ ငတုံး မြန်မြန်လုပ် ငါအကြာကြီးထိမ်းမထားနိုင်ဘူး....”

ရှောင်ယောင်အတွက်လည်း ချူးကုနန်၏အတွင်းအားအကုန်သုံး၍ထိုးသွင်းမှူကို ခုခံနေရသည်ကမလွယ်ကူပေ။

အတွင်းအားအပြင်အားအကုန်သုံးကာ လှံထိပ်ဖျားကိုရှေ့မတိုးနိုင်ရန်ကြိုးစားနေရသော်လည်း များစွာခုခံနိုင်မည်မဟုတ်ပေ။

ထို့အပြင် သူတို့နှစ်ယောင်၏အားပြိုင်မှုကြောင့် လွန်စွာမာကျောသည့်အရိုးလှံပင်အနည်းငယ်ကွေးလာသည်။

ရှောင်ယောင်၏အော်ဟစ်သတိပေးမှုကြောင့် အံ့ဩတုန်လှုပ်စွာဖြင့်ရှိနေသည့်ဟောင်ရန်ကလည်း သူ၏လက်ထဲမှဓားကို လျှင်မြန်စွာလှူပ်ရှားလိုက်သည်။

ချူးကုနန်က ရှောင်ယောင်ကိုသတ်ဖြတ်ရန်အစွမ်းကုန်ကြိုးစားနေရာမှ ပြင်းထန်သည့်အန္တရာယ်အငွေ့အသက်တို့ကိုခံစားမိ၍ ရင်ထိတ်သွားပြိး အရိုးလှံကိုလက်လွှတ်ကာ နောက်သို့်ချက်ခြင်းပြန်လှည့်လိုက်သော်လည်း အချိနိမမှတော့ဘဲ တောက်ပသည့်ဓားရောင်တစ်ချက်ကိုသာဖျက်ခနဲမြင်လိုက်ရသည်။

ဓား၏အမြန်နှုန်းက သာမန်လူတို့၏မျက်စေ့ဖြင့်မမြင်နိုင်လောက်အောင်မြန်ဆန်နေရုံသာမက သိုင်းပညာထိပ်တန်းအဆင့်ရှိသည့်ဖုန်းရန်လိုလူမျိုးပင် ဟောင်ရန်၏ဓားချက်ကိုသဲကွဲစွာမမြင်လိုက်ရပေ ။

“ ဝုန်း....”

လည်ပင်းဆီမှသွေးများပန်းထွက်နေသည့်ချူးကုနန်၏ခန္တာကိုယ်ကြီးက တစ်ပတ်လည်လာပြီးမြေပြင်ပေါ်သို့ဝုန်းခနဲ လဲကျသွားတော့သည်။

“ ဟူး....”

“ ချွမ်း....”

ချူးကုနန်လဲကျသေဆုံးသွားသည်ကိုမြင်လိုက်ရမှ ရှောင်ယောင်လည်း သက်ပြင်းချလိုက်မိကာ လက်ထဲရှိအရိုးလှံကို ချူးကုနန်၏အလောင်းဘေးသို့ပစ်ချလိုက်တော့သည်။

လက်ရှစ်ဖက်လှံနတ်ဆိုးဆိုသည့်နာမည်ဖြင့် သိုင်းလောကတွင်လျှမ်းလျှမ်းတောက်ကျော်ကြားခဲ့သည့်ချူးကုနန်ကား လူငယ်နှစ်ယောက်၏ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် အသက်နှင့်ကိုယ်အိုးစားကွဲသွားချေပြီ ။

လူပေါင်းများစွာ၏အသက်ကိုနုတ်ယူဖူးသည့်သူ၏အရိုးလှံကား သခင်၏ဘေးတွင်လဲကျနေပြီး ချူးကုနန်၏လည်ပင်းမှစိမ့်ထွက်လာသည့်သွေးများက လှံရှည်ဆီသို့စီးဆင်းလာတော့သည်။

“ ဆရာ ...ဒါ ဒါက...”

တံတိုင်းထက်တွင်ပုန်းအောင်ရင်းအခြေအ‌နေကိုစောင့်ကြည့်နေသည့်လူဝကြီးဖန်းချီလည်း သူမြင်ရသည့်မြင်ကွင်းကိုမယုံကြည်နိုင်ဘဲဖြစ်နေသည်။

မိုဖန်းကားသူ့ထက်စာလျှင်များစွာတည်ငြိမ်ပြီး အရောင်လက်နေသည့်မျက်ဝန်းများဖြင့် ဟောင်ရန်နှင့်ရှောင်ယောင်ကိုစိုက်ကြည့်နေသည်။

လက်ရှိအချိန်၌ ဟောင်ရန်ရောရှောင်ယောင်ပါ ဒဏ်ရာအပြင်းအထန်ရရှိထားကြသော်လည်း ကောင်းစွာတိုက်ခိုက်နိုင်ဆဲဖြစ်ပြီး သူဝင်ရောက်တိုက်ခိုက်ပါက အနိုင်ရရန်မသေချာပေ။

ထို့ကြောင့်အကျိုးအပြစ်များကိုချိန်ဆပြီး လူဝကြီးဖန်းချီး၏ပခုံးကိုပုတ်ကာ ပြောလိုက်သည်။

“ ငါတို့လည်းသွားရအောင်.. “

အံ့ဩတုန်လှုပ်နေဆဲဖြစ်သည့် လူဝကြီးဖန်းချီလည်း မိုဖန်းနှင့်အတူ အမှောင်ထဲသို့တိုးဝင်ပျောက်ကွယ်သွားတော့သညမ။

သူတို့နှစ်ယောက်ထွက်ခွာသွားပြီး ရှောင်ယောင်လည်း ထိုနေရာကိုကြည့်လိုက်မိကာ စိတ်သက်သ ရာရစွာဖြင့်သက်ပြင်းချလိုက်မိ၏ ။

ထိုနှစ်ယောက်ပုန်းအောင်းစောင့်ကြည့်နေသည်ကို သတိထားမိ၍ သူအားတင်းကာ ကြိုးစားရပ်နေခြင်းဖြစ်သည်။

လက်ရှိအချိန်၌ သူ၏စိတ်ထဲတွင်ခံစားနေရသည့်တစ်ခုတည်းသောအရာက ပင်ပန်းနွမ်းနယ်ခြင်းသာဖြစ်၏ ။

“ ဟောင်ရန် တော်တယ်....”

ရှောင်ယောင်လည်း သွေးစွန်းနေသည့်ဓားကိုကိုင်၍ ကြောင်အအအမူအယာဖြင့်ရပ်နေသည့်ဟောင်ရန့်ကိုပြုံး၍လက်မထောင်ပြလိုက်သည်။

ထိုလူငယ်လေးကား ပထမဦးဆုံးအကြိမ်လူသတ်ဖူးခြင်းဖြစ်ဟန်တူပြီး ချူးကုနန်၏အ‌လောင်းကို တွေတွေကြီးငေးကြည့်နေခြင်းဖြစ်သည်။

ရုတ်တရက် သူ၏ခန္တာကိုယ်ထဲရှိအားအင်အားတစ်စက်မကျန်ကုန်ခမ်းသွားသည်ဟုခံစားလိုက်မိကာ မည်သို့မှမဟန်နိုင်ဘဲ မြေပြင်ပေါ်သို့လဲကျသွားတော့သည်။

“ ဝုန်း....”

ရုတ်တရက်လဲကျသွားသည့်ရှောင်ယောင်ကြောင့် ‌နေရာတွင်ငူငူကြီးရပ်နေမိသည့်ဟောင်ရန်လည်း ထိတ်လန့်သွားပြီး လက်ထဲရှိဓားရှည်ကိုလွှတ်ချလိုက်မိကာ ပျော့ခွေနေသည့်ရှောင်ယောင်၏ခန္တာကိုယ်ကို ကမန်းကတန်းပြေးပွေ့လိုက်သည် ။

“ အစ်ကိုရှောင်ယောင်.. အစ်ကိုရှောင်ယောင်....”

ဟောရန်ရန်က ရှောင်ယောင်၏ခန္တာကိုယ်ကိုပွေ့ထူရင်းအဆက်မပြက်ခေါ်လိုက်သည်။

သူ၏မျက်နှာထက်၌ စိုးရိမ်ပူပန်မှုများစွာပြည့်နှက်နေပြီး မျက်ဝန်းများက နီရဲလျက်ရှိသည်။။

ဖုန်းရန်လည်းယခုအခါမှ အသက်ဝဝရှူနိုင်ကာ ဒဏ်ရာအပြင်းအထန်ဖြင့်လဲကနေကြသည့်အနက်ရောင်ဝတ်စုံဝတ်လူများကိုလိုက်လံဖမ်းဆီးရန် သူ၏တပ်သားများကိုညွှန်ကြားလိုက်သည်။

အနက်ရောင်ဝတ်စုံဝတ်လူများကား သိုင်းပညာမြင့်မားလှသည့် သူတို့၏ခေါင်းဆောင်ယခုလိုသေဆုံးသွားခြင်းကိုမယုံကြည်နိုင်အောင်ဖြစ်နေကြပြီး ရှောင်ယောင်နှင့်ဟောင်ရန်တို့လက်ချက်ကြောင့် ဒဏ်ရာအပြင်းအထန်ရရှိထားရာ တပ်သားများ၏လက်ထဲတွင်လွယ်ကူစွာဖမ်းဆီးခံလိုက်ရသည်။

ပတ်ဝန်းကျင်တွငိလူများအဆက်မပြက်လှုပ်ရှားနေသည်ကိုအာရုံခံမိသော်လည်း ရှောင်ယောင်၏ခန္တာကိုယ်တစ်ခုလုံးက ပင်ပန်းနွမ်းနယ်လျက်ရှိကာ လက်ချောင်းတစ်ချောင်းပင်မမြောက်နိုင်တော့ပေ။

ချူးကုနန်၏လှံရှည်ကိုတားဆီးရန် အတွင်းအားအပြင်အားများကို အကုန်အစင်သုံးစွဲရခြင်းက ရှောက်‌ယောင်ကို လွန်စွာအားအင်ကုန်ခမ်းစေပြီး သတိထားနေသည့်ကြားမှပင် သူ၏အမြင်အာရုံများမှောင်မိုက်သွားတော့သည်။

&&&&

All Chapters