← Chapters

ယန်စီနဂါးဓားပြများ

Vol. 2 Ch. 35

ယန်စီနဂါးဓားပြများ

Vol. 2 Ch. 35

“ ဟဲ ဟဲ.. ဝတ်စုံဖြူကျောင်းတော်သားကြီးရဲ့ ကူညီမှုအတွက် ကျေးဇူးပါ....”

ဟောင်ရန်က ရှောင်ယောင်ကိုလက်သီးတစ်ဖက်ဆုပ်အရိုအသေပေးရင်းခပ်တည်တည်ပြောလိုက်သည်။

သူ၏မျက်ဝန်းထဲတွင်မူ ရယ်မြူးရိပ်များကိုအထင်သားတွေ့မြင်နေရပြီး ရှောင်ယောင်လည်း ကြိတ်မနိုင်ခဲမရဖြင့်ခပ်တိုးတိုးပြောလိုက်ရတော့သည်။

“ မင်းတော့ တွေ့ကြသေးတာပေါ့...”

ရှောင်ယောင်၏ တိုးတိုးကြိတ်ကြိတ်ကြုံးဝါးမှုကြောင့် ဟောင်ရန်လည်းမနေနိုင်ဘဲ ခွိ ခနဲရယ်‌လိုက်မိသည်။

ရှောင်ယောင်နှင့်တွေ့ဆုံရင်းနှီးချိန်မှစ၍အမြဲလိုလို သူကသာစနောက်ခံနေရခြင်းဖြစ်၍ ယခုလိုတစ်ခါတစ်ရံပြန်လည်အနိုင်ရခြင်းမှာ အတော်ပင်အရသာရှိလှသည်။

ထို့နောက်သူတို့လည်း မူလနေရာတွင်ပြန်ထိုင်လိုက်ကြပြီး ရှောင်ယောင်က လေးနက်သည့်အမူအယာဖြင့်ပြောလိုက်သည်။

“ တကယ်တော့ မင်းမပြောရင်လည်း ငါက ဒီကောင်တွေကို လမ်းကြုံဆုံးမဖို့စိတ်ကူးထားပြီးသားပါ။ ဒါပေမယ့် သူတို့က ငါးရှဥ်လိုဖမ်းရခက်တယ်ဆိုတာမင်းလည်း အစ်ကိုထိချုံးဆီကသိပြီးပြီမလား...”

ရှောင်ယောင်၏ အလေးအနက်လေသံကြောင့် ဟောင်ရန်လည်း အသေအချာအာရုံစိုက်လိုက်သည်။

ယန်စီနဂါးဟုအမည်ပေးထားသည့် ထိုရေကြောင်းဓားပြများမှာ ယန်စီမြစ်ကြောင်းတစ်ဝိုက်စိုးမိုးထားသည့်အဖွဲ့အစည်းဖြစ်ပြီး လူအင်အားများပြားသာလွန်လှခြင်း ၊ အဖွဲ့ဝင်တိုင်းက ရေကြောင်းနှင့်ပတ်သတ်၍ကျွမ်းကျင်ကြခြင်းနှင့် လျှို့ဝှက်ပြီးတည်‌နေရာမသိရသည့်ဌာနချုပ်တို့ကြောင့် ဖြိုခွင်းရခက်ခဲခြင်းဖြစ်သည်။

သူတိူ့ကလှုပ်ရှားရာတွင်လည်း လူဆယ်ယောက်တစ်စုသာလှုပ်ရှားပြီး ရှည်မျောမျောသဏ္ဍာန်ရှိသည့်သူတို့၏လောင်းလှေများက လွန်စွာမြန်ဆန်ပြီးမည်သည့်လှေသင်္ဘောကိုမဆိုအမှီလိုက်နိုင်ကြသည်။

ထို့ကြောင့်လည်း မြစ်ကြောင်းတစ်လျှောက်သွားလာနေရသည့် လှေသင်္ဘောများကိုသူတို့ကစိတ်တိုင်းကျလုပ်ဆောင်ဝံ့ခြင်းဖြစ်ပြီး အစွမ်းထက်သိုင်းသမားများနှင့်ရင်ဆိုင်ရလျှင်လည်း မြစ်ထဲသို့ခုန်ချကာထွက်ပြေးတတ်၍မည်သို့မှဖမ်းမမိအောင်ရှိနေသညိ။

“ ငါတို့ သူတို့အဖွဲ့တစ်ခုလုံးကို ဖြိုခွင်းနိုင်ဖို့ဆိုရင် သေချာတဲ့အစီအစဉ်တစ်ခုလိုတယ်။ မဟုတ်ရင် အရင်လူတွေလိုမျိုး အရေးမပါတဲ့အဖွဲ့သားတွေလောက်ပဲဖမ်းမိပြီး ဌာနချုပ်ကိုရှာတွေ့ဖို့မဖြစ်နိုင်ဘူး....”

ရှောင်ယောင်၏တည်ငြိမ်သည့်စကားကြောင့် ဟောင်ရန်လည်း ခေါင်းညိမ့်ကညသဘောတူလိုက်သည်။

မြေခွေးအိုကြိးဟုသူနာမည်ပြောင်ပေးထားသည့်ရှောင်ယောင်က ပါးနပ်ပြီးဉာဏ်ရည်ထက်မြက်လှသည်ကိုလည်းသူကောင်းစွာသိရှိထားပေသည်။

ဟောင်ရန်၏လိုက်လျောသည့်ပုံစံကြောင့်ရှောင်ယောင်လည်း သူ၏စကားကိုဆက်လိုက်သည်။

“ ငါတို့လုပ်ရမှာက သူတို့တွေကို အမိအရဖမ်းပြီး သူတို့ထဲကတစ်ယောက်ဟန်ဆောင်လို့ သူတို့ဌာနချုပ်ကိုဖောက်ဝင်ရမယ်။ ပြောရရင် သူတို့လိုမျိူးဓားပြဟန်ဆောင်ရမှာပေါ့....”

ရှောင်ယောင်၏စကားကြောင့် ဟောင်ရန်၏မျကိနှာရှုံ့မဲ့သွား၍ ရှောင်ယောင်လည်း ခပ်တင်းတင်း‌လေသံဖြင့်ပြောလိုက်သည်။

“ ငါပြောတာနားထောင်စမ်းပါ ။အရင်တုန်းကသိုင်းမဟာမိတ်နဲ့အဖြူရောင်အဖွဲ့အစည်းတွေလုပ်တဲ့ပုံကို ငါသေချာမေးပြီးပြီ ။

ဒီလူတွေက အင်အားအမြောက်အများနဲ့မြစ်ရိုးတစ်လျှောက်လိုက်ရှာတာတို့ သူတို့လူတွေကို ရအောင်ဖမ်းဆီးပြီးအတင်းအကြပ်မေးတာတို့ စတဲ့နည်းလမ်းတွေကိုပဲသုံးကြတာ ။

ဒါကြောင့်လည်းသူတို့ရဲ့ဌာနချုပ်ကိုရှာမတွေ့ဘဲ သာမန်ငယ်သားတွေကိုပဲမိပြီး အချိနိကုန်လူပန်းနဲ့ ကြာတော့လျော့ရတာ ။။

ငါတို့က သူတို့လိုဟန်ဆောင်ပြီး ဓားပြအဖွဲ့ထဲကိုအရင်ဝင်ပြီး ပြီးရင် သူတို့ခေါင်းဆောင်ကိုလက်ရဖမ်းပြီး ကျန်တဲ့အဖွဲ့ဝင်တွေကိုနှိမ်နင်းလိုက်ရင် ယန်စီနဂါးဓားပြအဖွဲ့ဆိုတာ ဇာတ်လမ်းဟောင်းတစ်ခုအဖြစ်ပဲကျန်ခဲ့လိမ့်မယ်....”

ရှောင်ယောင်၏စကားအဆုံး၌ ဟောင်ရန်၏မျက်လုံးများတောက်ပသွားပြီး လက်သီးလက်မောင်းတန်း၍ပြောလိုက်သည်။

“ ကောင်းပြီ ဒီကောင်တွေလာရင် အသေရိုက်ပစ်လိုက်အစ်ကိုရှောင်ယောင်....”

သူ၏တက်ကြွသည့်ဟန်ပန်ကြောင့် ရှောင်ယောင်လည်းပြုံးလိုက်ပြီးမှတစ်စုံတစ်ခုကိုသတိရသွားဟန်ဖြင့်မေးလိုက်သည်။။

“ ဒါနဲ့ မင်းရဲ့ပခုံးက ဒဏ်ရာကဘယ်လိုနေလဲ...ဟိုရောက်ရင် သူတို့ခေါင်းဆောင်က အဆင့်လွန်ထိပ်သီးတစ်ဦးဖြစ်ပြီး ကျန်တဲ့လူတွေထဲမှာလည်း အစွမ်းထက်သိုင်းသမားတွေပါလာနိုင်တော့ ငါတစ်ယောက်ထဲအကုန်မဖြေရှင်းနိုင်ဘူး....”

ယမန်‌နေ့ညကတိုက်ပွဲ၌ ဟောင်ရန်၏ဘယ်ပခုံးကို ချူးကုနန်၏လှံရိုးဖြင့်ရိုက်မိပြီးပြင်းထန်သည့်ဒဏ်ရာတစ်ခုရရှိခဲ့၍ ရှောင်ယောင်ကမေးလိုက်ခြင်းဖြစ်သည်။

သူ၏စကားကြောင့် ဟောင်ရန်က တောက်ပစွာပြုံးလိုက်ပြီး ယုံကြည်မှုရှိသည့်လေသံဖြင့်ပြန်ပြောလိုက်သည်။

“ စိတ်မပူပါနဲ့ကျုပ်‌ကောင်းကောင်းတိုက်ခိုက်နိုင်ပါပြီ ။ အဲဒီညက ကံကောင်းလို့ပခုံးရိုးကျိုးမသွားတာ ....”

ဟောင်ရန်၏အဖြေကြောင့်ရှောင်ယောင်လည်း ထွေထွေထူးထူးစဉ်းစားမနေတော့ဘဲ ခေါင်းညိမ့်ပြလိုက်သည်။

“ ကောင်းပြီ....သူတို့လာအောင်စောင့်ကြတာပေါ့....”

ရှောင်ယောင်၏စကားအဆုံး၌ သူတို့လှေရှိရာသို့တရိပ်ရိပ်ပြေးလိုက်လာသည့် သေးငယ်သည့်လှေငယ်လေးများကိုမြင်လိုက်ရသည်

ရှည်မျောမျောသဏ္ဍာန်ရှိပြီး လူလေးဦးသာလှော်ခတ်ရသည့်လှေငယ်လေးများမှာ လေကိုခွင်း၍လျှင်မြန်စွာသွားလာနိုင်အောင်တည်ဆောက်ထားခြင်းဖြစ်ပြီး နဂါးလှေပြိုင်ပွဲမှလှေများ၏အရှိန်ဖြင့်ပင်တန်းတူနီးပါးရှိသည်။

လောင်းလှေငယ်နှစ်စင်းက တခဏအတွင်း သူတိူ့၏လှေအနီးသို့ရောက်ရှိလာပြီး လေပေါ်တွင် အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့် လူရှစ်ယောက်စီပါလာသည်ကို သတိပြုမိလိုက်ကြသည်။

အနီရောင်ခေါင်းစည်းကိုစည်းထားကာ အနက်ရောင်သိုင်းဝတ်စုံများကိုဝတ်ဆင်ထားကြသည့်ထိုလူများ၏ပုံစံက ရက်စက်ကြမ်းကြုတ်ဟန်ရှိပြီး လက်နက်ကိုယ်စီကိုင်မြောက်၍ တဝူးဝူး ၊ တဝါးဝါးအော်ဟစ်လာကြသည် ။

ဤသည်က သူတို့၏အချက်ပေးသံဖြစ်ပြီး ထိုအသံကိုကြားသည့်တိုင်ရပ်တန့်မပေးသည့်လှေသူကြီးကား အဆုံးသတ်ကောင်းလေ့မရှိပေ ။

လှေပေါ်ရှိခရီးသွားများမှာ လှေ၏ဘေးတစ်ဖက်တစ်ချက်စီသို့ရောက်လာသည့် ယန်စီနဂါးဓားပြများကိုကြည့်ရင်း ထိတ်လန့်တုန်လှုပ်နေကြဟန်တူသည်။

ရှောင်ယောင်နှင့်ဟောင်ရန်တို့က သူတို့၏လှေကိုကာကွယ်ပေးမည်ဟုပြောထားသည့်တိုင် သူတို့၏စိတ်ထဲတွင်အချိန်ကြာမြင့်ရှိနေသည့်အကြောက်တရားကိုဖယ်ရှားမရနိုင်သေးပေ။

လှေဝမ်းအတွင်းမှလျှင်အမြန်တက်လာသည့် လှေသူကြီးကလည်း ရှောင်ယောင်တို့နှစ်ယောက်ကို အားကိုးတကြီးကြည့်လိုက်ပြီး ရှောင်ယောင်ခေါင်းညိမ့်ပြသည်ကိုမြင်မှ လှေထိုးသားများကိုအရှိန်လျော့ရန်အော်ဟစ်အသံပြုလိုက်သည်။

ထို့နောက် ယန်စီနဂါးဓားပြအဖွဲ့ဝင်ရှစ်ယောက်က လှေတစ်ဖက်တစ်ချက်စီမှခုန်တက်လာကြပြီး လောင်းလှေနှစ်ခုပေါ်တွင် အဖွဲ့သားလေးယောက်စီကျန်ရှိခဲ့သည်။

ထိုအဖြစ်ကြောင့် ရှောင်ယောင်လည်းအနည်းငယ်အကြံအိုက်သွားပြီး ဟောင်ရန့်ကိုခပ်တိုးတိုးမေးလိုက်သည်။

“ မင်းရေကူးတတ်တယ်မလား...”

ရှောင်ယောင်၏ရုတ်တရက်မေးခွန်းကြောင့် ဟောင်ရန်လည်းအံ့အားသင့်သွားသော်ငြား ခေါင်းညိမ့်ပြလိုက်သည်။

ထိုအခါမှ ရှောင်ယောင်ကခေါင်းတစ်ချက်ညိမ့်လိုက်ပြီးဆက်ပြောလိုက်သည်။

“ သူတို့က လှေနှစ်ဦးလာမယ်လို့မျှော်လင့်မထားမိဘူး။ ဒါကြောင့် ငါတစ်ယောက်ထဲလှုပ်ရှားလိူ့မရတော့ဘူး ။

အခုလှေကြီးပေါ်ရောက်လာတဲ့လူရှစ်ယောက်ကို လေးယောက်စီခွဲပြီးငါတို့မြန်မြန်အဆုံးသတ်ကြမယ် ။ပြီးရင် ကျန်တဲ့လှေငယ်နှစ်စင်းပေါ်ကိုကူးပြီး ကျန်တဲ့လူတွေကိုရင်ဆိုင်မယ် ။

တစ်ခုတော့သတိထားသူတို့က ရေကြောင်းမှာ ကျင်လည်နေကြဖြစ်လိူ့ငါတို့ကိုအနိူင်မရနိုင်မှန်းသိရင် လှေကိုမှောက်ပြီးရေထဲကနေထွက်ပြေးနိုင်တယ် ။

ဒါကြောင့် သူတို့လှေပေါ်ရောက်ရင် ဒီတစ်ချက်ကို သတိထားဦး....”

ရှောင်ယောင်၏ရှင်းပြမှုကြောင့် ဟောင်ရန်လည်းအခြေအနေကိုနားလည်သဘောပေါက်သွားကာ ခေါင်းညိမ့်ပြလိုက်သည် ။

သူတို့နှစ်ဦးကအချင်းချင်းတီးတိုးတိုင်ပင်နေခြင်းပြီး ထိုအချိန်တွင်လှေကြီးပေါ်သို့ရောက်လာသည့်ဓားပြရှစ်ယောက်က လေးယောက်တစ်စုခွဲကာ တစ်စုက လှေအောက်ထပ်သို့ဆင်းသွားပြီး ကျန်တစ်စုက ခရီးသွားများအနီးသို့ချဉ်းကပ်လာတော့သည်။

“ ထုံးစံအတိုင်း လူနှစ်တန်းခွဲပြီး အချင်းချင်းကပ်ထိုင်နေကြမယ်။။ပြီးရင်တစ်ယောက်ကို ငွေတစ်တုံးပေးမယ်။

ဒါပဲအများကြီးမတောင်းဘူး ရှုပ်ရှုပ်ယှက်ယှက်လုပ်မယ်ကြံရင်တော့ မလွယ်ဘူးမှတ်.... “

ဓားပြရှစ်ယောက်ထဲမှတစ်ယောက်ကသူ၏နောက်ကျောမှဓားကြီးကိုရွှမ်းခနဲဆွဲထုတ်ရင်းကြုံးဝါးလိုက်သည်။

သူတို့၏ကြိမ်းဝါးမှုကြောင့် မူလပင်ထိတ်လန့်နေကြသညိ့ ခရီးသည်များမှာလှေဘေးတစ်ဖက်တစ်ချက်ဆီသို့အလျှင်အမြန်ချဉ်းကပ်သွားကြသည်။

သူတို့ထဲမှအများစုက ရှောင်ယောင်တို့ကိုမျှော်လင့်တကြီးကြည့်လိုက်ကြသော်လည်း သူတို့ကလှုပ်ရှားမှုမရှိသေး၍မည်သို့မှမတတ်နိုင်ဘဲ ခေါင်းငုံ့သွားကြသည်။

ရှောင်ယောင်နှင့်ဟောင်ရန်တို့လည်း အခြားလူများနည်းတူ လှေဘေးတစ်ဖက်စီတွင်ငုတ်တုတ်ထိုင်လိုက်ကာ ရှောင်ယောင်ကဘေးဘက်ရှိခရီးသည်တစ်ယောက်ကို တီးတိုးမေးလိုက်သည်။

“ လှေဝမ်းထဲဆင်းသွားတဲ့လေးယောက်က ဘာသွားလုပ်တာလဲ ...”

သူ့ဘေးတွင်ရောက်နေသူက ရှောင်ယောင်မှန်းသိလိုက်၍ထိုလူက ဝမ်းမြောက်သွားဟန်ရပြီး လူတန်းထိပ်ရှိဓားပြနှစ်ယောက်ကိုတစ်ချက်ကြည့်ကာပြန်ဖြေလိုက်သည်။

“ သူတို့က လှေဝမ်းထဲကုန်စည်တွေမှာ တန်ဖိုးရှိတာပါလားလို့သွားပြီးရှာဖွေတာ ။။ကျန်တဲ့လေးယောက်က ကျုပ်တို့ဆီက ငွေကောက်ခံလိမ့်မယ် ။ ကူညီပါဦးသူရဲ‌ကောင်းကြီး....”

ထိုလူ၏စကားကြောင့် ရှောင်ယောင်လည်း ဓားပြများ၏စည်းစနစ်ကျမှုကိုလေးစားသွားမိပြီး ထိုလူ၏ပခုံးကိုပုတ်ကာနှစ်သိမ့်လိုက်သည် ။

“ စိတ်မပူပါနဲ့ ကျုပ်တို့ဒီကောင်တွေကို ဆုံးမမှာပါ...”

ရှောင်ယောင်လည်း သူနှင့်မျက်နှာချင်းဆိုင်ရှိဟောင်ရန့်ကိုမျက်လုံးဖြင့်အချက်ပြလိုက်သည် ။

ဟောင်ရန်ကလည်း သဘောပေါက်သည်ဆိုသည့်ပုံစံဖြင့်ခေါင်းပြန်ညိမ့်ပြလိုက်ပြီးသူ့၏အနီးသို့ရောက်ရှိလာမည့်ဓားပြများကိုလက်တပြင်ပြင်ဖြင့် စောင့်ဆိုင်းနေတော့သည်။

ဓားပြလေးယောက်က နှစ်ယောက်စီခွဲကာခရီသည်နှစ်တန်း၏ ငွေများကိုလိုက်လံကောက်ခံနေပြီး ရှောင်ယောင်တို့ရှိရာသို့ရောက်ရှိရန်နီးကပ်လာသည် ။

ထိုလူများ၏သိုင်းပညာကများစွာအဆင့်မမြင့်ဘဲ အဆင့်မြင့်သိုင်းအဆင့်သာရှိကာ လှေဝမ်းအတွင်းဆင်းသွားသူလေးယောက်ထဲတွင်လည်း ထိပ်တန်းအဆငိ့သိုင်းသမားတစ်ယောက်သာပါဝင်သည်။

ပုံမှန်ဆိုလျှင် ရှောင်ယောင်တို့၏သိုင်းပညာဖြင့်ထိုလူများကိုအချိန်တိုအတွင်းဖြေရှင်းနိုင်သော်လည်း သူတို့၏တိုက်ခိုက်မှုကြောင့်လောင်းလှေပေါ်ရှိလူများလွတ်သွားမည်စိုး၍ ပိုင်နိုင်မှတိုက်ခိုက်ရန်စီစဉ်ထားခြင်းဖြစ်သည်။

ထိုအခိုက်မျှော်လင့်မထားသည့်အဖြစ်တစ်ခုဖြစ်ပျက်လာတော့သည် ။

&&&&

All Chapters