ဖျင်ကြမ်းဝတ်စုံဝတ်လူ
Vol. 2 Ch. 39
လှေသူကြီး၏စကားမဆုံးမီ အနက်ရောင်ဝတ်စုံဝတ်လူက ငွေငါးစကို နောက်ဘက်ရှိတပည့်လေး၏လက်ထဲထိုးထည့်ကာ လက်ခါပြလိုက်ပြီး လျှောက်သွားတော့သည်။
လှေသူကြီးနှင့် ငွေငါးစကိုကိုင်ကာ ကြောင်တောင်တောင်ရပ်နေသည့်လူငယ်လေးလည်းအနက်ရောင်ဝတ်စုံဝတ်လူကို အံ့ဩသည့်ဟန်ဖြင့် ကြည့်နေကြစဉ် ထိုလူက လှေအလယ်နားရှိခရီးသည်အတော်များများထိုင်နေသည့်နေရာသို့ လျှောက်သွားကာ ပြုံး၍ပြောလိုက်သည်။
“ ထလိုက်...ဟန်ဆောင်မနေနဲ့တော့....”
သူ၏စကားကြောင့် ထိုနေရာရှိခရီးသည်များမှာ အံ့ဩထိတ်လန့်သွားကြပြီး မျက်လုံးအပြူးသားဖြင့်မော့ကြည့်လိုက်ကြစဉ် အနက်ရောင်ဝတ်စုံဝတ်လူကြီးက လူစုကြားမှဖျင်ကြမ်းဝတ်စုံဖြင့်ထိုင်နေသည့်လူကို လက်ညိုးထိုးလိုက်သည် ။
“ မင်းက အစွမ်းထက်သိုင်းသမားတစ်ယောက်ဆိုတာ ငါသိပြီးသွားပြိ ထလိုက်စမ်း....”
သူ၏စကားအဆုံး၌ ထိုအနီးတစ်ဝိုက်ရှိခရီးသည်များမှာ ဖျင်ကြမ်းဝတ်စုံဝတ်လူ၏ဘေးမှကမန်းကတန်းဖယ်ခွာသွားကြသလို ကျန်လူများလည်း အခြားနေရာများသို့အလျှင်အမြန်ဆုတ်ခွာသွားလိုက်သည် ။
ထိုလူက အလုပ်ကြမ်းသမားပုံစံရှိကာ စုတ်စုတ်ပြတ်ပြတ်ဖြစ်ပြီး စကားတစ်ခွန်းမှမဆိုဘဲ အခြားလူများပြောသည်ကိုသာ တစ်ချိန်လုံးနားထောင်နေသူဖြစ်သာ်။
မူလက လူသုံးဆယ်ကျော်လေးဆယ်နီးပါးရှိနေသည့်နေရာတွင် အနက်ရောင်ဝတ်စုံဝတ်လူနှင့်ဖျင်ကြမ်းဝတ်စုံဝတ်လူတို့နှစ်ဦးသာကျန်ခဲ့ပြီး ခေါင်းငုံ့ကာထိုင်နေသည့် ဖျင်ကြမ်းဝတ်စုံဝတ်လူကဖြေးညင်းစွာထရပ်၍ပြောလိုက်သည် ။
“ ကျုပ်ကိုဘယ်လိုသတိထားမိသွားတာလဲ...”
သူ၏မျက်နှာသွင်ပြင်က ရွက်ကြမ်းရေကျိုသာဖြစ်သလို မျက်လုံးများကလည်းမှိန်ဖျော့နေသည်။
သို့သော် သာမန်ဆန်သည့်မျက်နှာထက်တွင် ထိတ်လန့်တုန်လှုပ်သည့်အမူအယာကိုစိုးစဉ်မှမတွေ့ရဘဲ သူ၏အကြည့်များက အေးစက်နေပြီး တောက်ပလာသည် ။
ဖျင်ကြမ်းဝတ်စုံဝတ်လူ၏မေးခွန်းကြောင့် အနက်ရောင်ဝတ်စုံဝတ်လူက သဘောကျသည့်ဟန်ဖြင့်ရယ်မောလိုက်ပြီး ပြန်ဖြေလိုက်သည် ။
“ ငါမင်းကို လျှိုစမ်းမြိုကမြစ်ဆိပ်မှာထဲက သတိထားမိနေတာ ။ အဲဒီထဲက မင်းက ဟိုလူငယ်နှစ်ယောက်ကို တစ်ချက်တစ်ချကိကြည့်နေတာ ။
မင်းရဲ့အကြည့်ကတခြားလူတွေလိုမဟုတ်ဘဲ မုဆိုးကသားကောင်ကိုစောင့်ကြည့်နေတဲ့ပုံစံမျိုးပဲ။
ပြီးတော့ လှေပေါ်ကို ဓားပြတွေတတ်လာတုန်းကလည်း မင်းက တခြားလူတွေလို ကြောက်လန့်ဟန်ဆောင်ပေမယ့် မင်းရဲ့မျက်လုံးတွေက ကြောက်စိတ်လုံးဝမရှိဘူး ။
ဟိုကောင်လေးနှစ်ယောက် ယန်စီနဂါးအဖွဲ့ကိုဖြိုခွင်းမယ်ဆိုပြီးထွက်သွားတော့ မင်းလည်းလှုပ်ရှားမယ်ပြင်လိုက်သေးတယ်။ ဒါပေမယ့် လှေပေါ်မှာငါရှိနေတဲ့အတွက် မလှုပ်ရှားခဲ့တာပဲ။
ငါဘာကြောင်ပ မင်းကို အခုလိုသတိထားကြည့်နေတာလဲဆိုတော့ မင်းကသာမန်လူတစ်ယောက်လိုဆိုပေမယ့် ငါ့ရဲ့မသိစိတ်ထဲမှာ တော်တော်လေးအန္တရာယ်များတဲ့လူတစ်ယောက်လို့ခံစားမိနေတယ်။
ငါ့လိုသိုင်းဝိဇ္ဇာတစ်ယောက်ရဲ့မျက်စေ့ရှေ့မှာတောင် သာမန်လူတစ်ယောက်လိုဟန်ဆောင်နိုင်တာတော်ပါပေတယ်...”
အနက်ရောင်ဝတ်စုံဝတ်လူက ရှည်လျားစွာပြောဆို၍ သူ၏စကားကိုအဆုံးသက်လိုက်သလို ဖျင်ကြမ်းဝတ်စုံဝတ်လူကလည်း အေးစက်စက်ပြုံးလိုက်သည်။
မူလကမှိန်ဖျော့ပြီးအရောင်အဆင်းကင်းမဲ့နေသည့်မျက်လုံးများက ရုတ်တရက်တောက်ပလာပြီး အနက်ရောင်ဝတ်စုံဝတ်လူ၏ရင်ဝသို့လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်။
သူတို့နှစ်ယောက်၏အခြေအနေက လူချင်းနီးကပ်နေပြီး ဖျင်ကြမ်းဝတ်စုံဝတ်လူ၏လက်ဝါးချက်ကလွန်စွာလျှင်မြန်လှရာ အနက်ရောင်ဝတ်စုံဝတ်လူအတွက် ရှောင်တိမ်းရန်ပင်မဖြစ်နိုင်ပေ။
သို့သော်လည်း ထိုအဖြစ်ကိုမျှော်လင့်ထားသည့်အလား အနက်ရောက်ဝတ်စုံဝတ်လူက သူ၏ခြေထောက်ကိုနောက်တစ်လှမ်းဆုတ်လိုက်ပြီး သူ၏လက်ဝါးဖြင့်ခံဆောင်ပေးလိုက်သညိ။
“ ဝုန်း....”
ကျယ်လောင်သည့်အသံကြီးနှင့်အတူ ကမ်းကပ်မည်ပြင်နေသည့်လှေကြီးက သွတ်သွတ်ခါအောင်လှုပ်ယမ်းသွားသည် ။
ခရီးသည်များမှာ သူတို့နှစ်ယောက်နှင့်ခြေလှမ်းမနည်းငယ်အကွာသို့ဆုတ်နေကြသည့်တိုင်လက်ဝါးနှစ်ဖက်တွေ့ဆုံမှုမှပေါ်ထွက်လာသည့်အားလှိုင်းများက သူတို့၏ခန္တာကိုယ်ကိုယိမ်းယိုင်သွားစေပြီး ကြောက်လန့်တကြားအော်သံများထွက်ပေါ်လာကြသည်။
အနက်ရောင်ဝတ်စုံဝတ်လူက သူ၏နေရာမှ ခြေတစ်လှမ်းမှရွေ့လျားခြင်းမရှိသော်လည်း ဦးစွာတိုက်ခိုက်သည့်ဖျင်ကြမ်းဝတ်စုံဝတ်လူမှာမူ နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်ပေးလိုက်ရသည်။
“ သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်လား....”
အနက်ရောင်ဝတ်စုံဝတ်လူက တစ်ဖက်လူ၏ အားကောင်းလှအတွင်းအားကိုခံစားလိုက်မိ၍ အံ့အားသင့်သွားစဉ် ဖျင်ကြမ်းဝတ်စုံဝတ်လူက နောက်ဘက်သို့လှစ်ခနဲခုန်ဆုတ်သွား၍သူလည်း ရှေ့သို့ရိပ်ခနဲရွေ့လျားကာ အလျှင်အမြန်လှုပ်ရှားလိုက်တော့သည်။
“ ရှစ်မျက်နှာဖမ်းဆုပ်ခြင်းတိုက်ကွက်....”
အနက်ရောင်ဝတ်စုံဝတ်လူ၏လက်ဝါးနှစ်ဖက်က အကြိမ်အနည်းငယ်လှုပ်ရှားသွားပြီး သူ၏ရှေ့တွင် များပြားလှသည့်လက်ဝါးရိပ်များပေါ်ထွက်လာကာ ဖျင်ကြမ်းဝတ်စုံဝတ်လူကိုရိုက်ချရန်ကြိုးပမ်းလိုက်သည်။
သို့သော်လည်း လှေဘောင်ပေါ်သို့ရောက်ရှိနေပြီဖြစ်သညမြ ဖျင်ကြမ်းဝတ်စုံဝတ်လူကတုံ့ဆိုင်းခြင်းမရှိဘဲ ရေထဲသို့ခုန်ချလိုက်ပြီး လက်ဝါးရိပ်များမှာ လေထုကိုသာရိုက်ထုတ်မိသွားသည်။
“ ဝုန်း....ဝုန်း ..”
အနက်ရောင်ဝတ်စုံဝတ်လူ၏လက်ဝါးရိုက်ချက်များက လေထုကိုပင်တုန်ခါသွားစေပြီး လှေပေါ်ရှိခရီးသည်များမှာ နောက်တစ်ကြိမ်တုန်လှုပ်သွားကြပြန်သည်။
သို့သော် အနက်ရောင်ဝတ်စုံဝတ်လူက သူတို့ကိုဂရုမစိုက်နိုင်သေးဘဲ လှေဘောင်ပေါ်သို့ခုန်ဆက်၍ အောက်သို့လိုက်လံရှာဖွေလိုက်ရာ တစ်ကိုယ်လုံးရေများစိုရွှဲနေသညိ့ဖျင်ကြမ်းဝတ်စုံဝတ်လူက တစ်ဖက်ကမ်းပေါ်သို့ရောက်ရှိနေသည်ကိုတွေ့လိုက်ရသည်။
“ လက်ကိုးချောင်းဘုရင် ကျုပ်ကိစ္စကိုဝင်ရှုပ်တဲ့ခင်ဗျားကိုမှတ်ထားလိုက်ပြီ နောက်ကျရင်ပြန်တွေ့ကြသေးတာပေါ့....”
ဖျင်ကြမ်းဝတ်စုံဝတ်လူက လှေပေါ်ရှိအနက်ရောင်ဝတ်စုံဝတ်လူကိုအေးစက်စက်အသံဖြင့်ကြုံးဝါးရင်း ကမ်းစပ်ရှိတောအုပ်လေးထဲသို့လျှင်မြန်စွာတိုးဝင်ပျောက်ကွယ်သွားတော့သည်။
မီးခိုးတန်းသဖွယ်မြန်ဆန်စွာပျောက်ကွယ်သွားသည့်ထိုလူ၏ကိုယ်ဖော့ပညာကိုကြည့်ရင်း အနက်ရောင်ဝတ်စုံဝတ်လူလည်း သက်ပြင်းဖွဖွချလိုက်မိတော့သည်။
“ သိုင်းလောကထဲမှာ ဒီလိုမျိုး နာမည်မကျော်တဲ့ရွက်ပုန်းသီးသိုင်းသမားတွေ ဘယ်အချိန်ထဲက ရှိနေဝာာပါလိမ်...”
&&&&
အရွက်များအုံ့ဆိုင်း၍ သစ်ပင်ကြီးများထူထပ်ပေါများသည့် တောအုပ်ငယ်တစ်ခု ။
တောအုပ်က များစွာနက်ရှိုင်းခြင်းမရှိသော်လည်း မြို့ရွာများနှင့်ဝေးသည့်နေရာဖြစ်၍ လူသူအရောက်အပေါက်နည်းကာ တစ်ခါတစ်ရံသားကောင်ရှာသည့်မုဆိုးများသာ ရောက်ရှိလာတတ်သည်။
တောအုပ်အတွင်းပိုင်း၌ သစ်လုံးများကိုကာရံထားသည့် ခြံဝန်းငယ်တစ်ခုရှိနေကာ ခြံဝန်းထဲတွင်အိမ်အနည်းငယ်လည်းရှိနေသည်။
ယခုလိုလူသူမနီးသည့်တောအုပ်ထဲတွင်မည်သို့သောလူမျိူးက လာရောက်နေထိုင်သည်မှာ စဥ်းစားဖွယ်ရာကောင်းလှသည်။
စင်စစ် ထိုသစ်လုံးခြံဝန်းနှင့်အိမ်ငယ်များက နာမည်ကျော် ယန်စီနဂါးအဖွဲ့၏ကြားစခန်းဖြစ်ကာ သည်အတိုင်းကြည့်ရှုမည်ဆိုပါက သာမန်ခြံဝန်းတစ်ခုနှင့်ပင်အမှတ်မှားနိုင်သည်။
ယခုအချိန်၌ခြံဝန်းထဲတွင် ဒဏ်ရာကိုယ်စီဖ့င့် လဲကျညည်းညူနေကြသည့် လူဆယ်ယောက်နီးပါးရှိနေပြီး ခြံဝန်း၏အလယ်ရှိပင်မစံအိမ်ရှေ့တွင် လူငယ်နှစ်ယောက်က အနက်ရောင်ဝတ်စုံဝတ်အသက်သုံးဆယ့်ငါးနှစ်အရွယ်လူတစ်ဦးကို ဝန်းရံထားသည် ။
ထိုလူ၏ညာဘက်ခြေထောက်တွင် အတော်ပင်နက်ရှိုင်းသည့်ဓားဒဏ်ရာတစ်ခုရှိနေပြီး ခန္တာကိုယ်ပေါ်တွင်လည်း အသေးစားဒဏ်ရာသုံးလေးခုရှိနေသည်။
ခြံဝန်းထဲရှိကျန်လူများက များစွာပြငိးထန်ခြင်းမရှိသည့်ဒဏ်ရာကိုယ်စီဖြင့်လဲကျနေခြင်းဖြစ်ပြီး သူတို့၏အမူအယာများက ထိတ်လန့်တုန်လှုပ်နေကြဟန်တူကာ ခြံဝန်းအလယ်ရှိလူငယ်လေးနှစ်ယောက်ကို ကြောက်ရွံ့စွာကြည့်ရှုနေကြသည်။
“ ကဲ...ကြာတယ် ခင်ဗျားတို့ဌာနချုပ်ဘယ်မှာလဲဆိုတာ မပြောရင် ခင်ဗျားကို အရင်သတ်မယ်...”
အပြာရောင်စာပေသမားဝတ်စုံကိုဝတ်ဆင်ထားပြီး လက်ထဲတွင်ဓားရှည်တစ်လက် ကိုင်ထားသော ချောမောသည့်လူငယ်က အနက်ရောင်ဝတ်စုံဝတ်လူကို ဒေါသထွက်နေသည့်လေသံဖြင့်မေးလိုက်ခြင်းဖြစ်သည်။
ဘေးဘက်တွင် အဖြူရောင်ကျောင်းတော်သားဝတ်စုံကိုဝတ်ဆင်ထားပြီး ခန့်ညားချောမောသည့်လူငယ်လေးက ပြုံးစိစိမျက်နှာဖြင့်ရှိနေပြီး စာပေသမားလူငယ်နှင့်အနက်ရောင်ဝတ်စုံဝတ်လူကြီးတို့ကို အေးအေးဆေးဆေးကြည့်ရှုနေသည် ။
လူငယ်နှစ်ယောက်၏ပုံစံက သန့်ပြန့်ရည်မွန်ပြီး ပညာတတ်လူငယ်များသွင်ပြင်ရှိသော်လည်း သူတို့၏လက်ချက်ကြောင့် ဒဏ်ရာကိုယ်စီဖြင့်လဲကနေသူများမှာမူ ထိုလူငယ်နှစ်ယောက်ကို နတ်ဆိုးနှစ်ကောင်ဟုပင်ထင်မြင်နေမိသည်။
သူတို့နှင့်မလှမ်းမကမ်းတွင်ရပ်နေသညိ့လူငယ်လေူတစ်ယောက်ကလည်း ပုံမှန်အချိန်များတွင် စိတ်ထားကောင်းမွန်သော်လည်း တိုက်ခိုက်ရာ၌ အတော်ပင်ကြောက်စရာကောင်းသည့်လူငယ်နှစ်ယောက်ကို လေးစားအားကျစိတ် ၊ ကြောက်ရွံ့ထိတ်လန့်စိတ်များဖြင့်ကြည့်ရှုနေသည် ။
ထိုလူငယ်နှစ်ယောက်က သူတို့ကိုတိုက်ခိုက်စဉ်က ဒဏ်ရာများစွာရရှိအောင်မလုပ်ခဲ့သည်ကိုပင် ကျေးဇူးတင်ရပေမည် ။
“ ကဲ ကဲ ဟောင်ရန် မင်း ဒီနေ့စစ်ဆေးလို့ရော ပြီးဦးမှာလား...”
လွန်ခဲ့သည့်အချိန်အနညိးငယ်က ဓားပြလူငယ်၏လမ်းပြမှုကြောင့် ချောင်ကျသည့်မြစ်လက်တက်လေးအတွင်းမှတောအုပ်ထဲရှိကြားစခန်းကို ရှောင်ယောင်တို့ရှာတွေ့ခဲ့ပေသည်။
စခန်းခေါင်းဆောင်မှာ ထိပ်တန်းအဆင့်သိုင်းသမားတစ်ဦးဖြစ်၍ ကျန်လူများသည်လည်းထို့ထက်ပင်နိမ့်ကျရာ သူတို့နှစ်ယောက်ထဲဖြင့် ကြားစခန်းကိုဖြိုခွင်းခဲ့သည်မှာ အချိန်များစွာမကြာလိုက်ပေ။
ယခုတစ်ကြိမ်၌ လှေပေါ်တွင်တိုက်ခိုက်စဉ်ကလို ထိမ်းချုပ်ထားစရာမလို၍ စိတ်ရှိလက်ရှိတိုက်ခိုက်နိုင်ပြီး စခန်းရှိဆယ့်နှစ်ယောက်ခန့်ရှိသည့်ဓားပြများမှာ ဒဏ်ရာကိုယ်စီဖြင့်လဲကျသွားသည်အထိပင်။
သို့သော်လည်း သူတို့လက်ထဲ၌ ရှုံးနိမ့်နေပြီးဖြစ်သည့်တိုင် ကြားစခန်းခေါင်းဆောင်မှာ ဌာနချုပ်ရှိရာကိုဖွင့်မပြောဘဲ ဘူးခံနေ၍ ဟောင်ရန်က သူစစ်မေးမည်ဟုဆိုလာသည် ။
ဤသို့ဖြင့် ဓားတယမ်းယမ်းဖြင့် ခြောက်လှန့်ကာစစ်မေးနေသည့်ဟောင်ရန်ဆိုသည့်လူငယ်လေးပင် အာခေါင်များပင်ခြောက်နေဟန်တူသည့်တိုင် စခန်းခေါင်းဆောင်ထံမှတစ်လုံးတစ်ပါဒမှ မသိရသေးပေ။
ဘေးဘက်တွင် အသာရပ်ကြည့်နေသည့် ရှောင်ယောင်၏စကားကြောင့် ဟောင်ရန်လည်းအနည်းငယ်ရှက်ရွံ့သွားပြီး ဒေါသလည်းထွက်သွားကာ သူ၏လက်ထဲရှိဓားကိုမြောက်၍ လဲကျနေသည့်အနက်ရောင်ဝတ်စုံဝတ်လူကို ကျိန်းမောင်းလိုက်သည်။
“ ခင်ဗျားကြောင့် ကျုပ်အပြောင်ခံနေရပြီ ။ ကျုပ်မေးဝာာကိုမဖြေရင် ခင်ဗျားကို တကယ်သတ်ပစ်တော့မယ်...”
ဟောင်ရန်၏လေသံကတင်းမာခတ်ထန်နေပြီး သူ၏မျက်နှာကအေးစက်နေသော်လည်း အနက်ရောင်ဝတ်စုံဝတ်လူကား ထီမထင်သည့်မျကိနှာထားဖြင့်ရှိနေကာ တံတွေးတစ်ချက်ထွေး၍ပြောလိုက်သည်။
&&&&