ထူးဆန်းသည့်အခြေအနေ
Vol. 2 Ch. 42
ထို့နောက် ရှောင်ယောင်တို့ထွက်သွားမည်ပြုစဉ်လူငယ်လေးက သူတို့ကိုကြည့်၍ မဝံ့မရဲဟန်ဖြင့်မေးလိုက်သည်။
“ သူရဲကောင်းကြီးတို့ရဲ့နာမည်ကို သိခွင့်ရမလား...”
သူ၏မေးခွန်းကြောင့် ရှောင်ယောင်လည်းပြုံး၍ပြန်ဖြေလိုက်သည်။
“ ငါ့နာမည်က ရှောင်ယောင် ၊ ဒီကောင့်ရဲ့နာမည်က ဟောင်ရန်တဲ့....”
&&&
“ ခင်ဗျားက ဒီလိုကျ နည်းနည်းစိတ်ကောင်းရှိသားပဲ....”
ဟောင်ရန်က ရွာဆီသို့သွားနေရင်း ရှောင်ယောင်ကို ပြောလိုက်သည်။
သူ၏စကားကြောင့် ရှောင်ယောင်လည်း မျက်နှာမဲ့ပြလိုက်ပြီး သူ၏မျက်နှာကိုမော့ပြရင်း ပြန်မေးလိုက်သည်။
“ မင်းက ငါ့ကိုဘယ်လိုထင်လို့လဲ..ရုပ်ချောသလောက် စိတ်ဓာတ်မကောင်းတဲ့လူလို့ထင်လို့လား..”
ရှောင်ယောင်၏မေးခွန်း ဟောင်ရန်လည်း မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။
ကြာကြာစိတ်မဆိုးနိုင်သည့်ဟောင်ရန့်ကိုကြည့်၍ ရှောင်ယောင်လည်းပြုံးလိုက်ပြီး သူ၏အင်္ကျီအတွင်းမှ ပုလင်းငယ်လေးနှစ်လုံးကိုထုတ်၍ဟောင်ရန့်ကိုပစ်ပေးလိုက်သည်။
“ ဘာလဲ....”
ဟောင်ရန်လည်း သူ့ဆီသို့လွင့်လာသည့်ပုလင်းငယ်လေးနှစ်လုံးကို ကြောင်အမ်းအမ်းအမူအယာဖြင့်ဖမ်းထားလိုက်ပြီးမှ ပုလင်းနှစ်လုံးစလုံး၌အရိုးစားဆေးမှုန့်များအပြည့်ပါဝင်နေသည်ကိုမြင်လိုက်ရ၍ သူ၏မျက်နှာက အနည်းငယ်တင်းမာသွားသည်။
“ ခင်ဗျားဟာတွေ ကိုယ့်ဘာသာပြန်ယူထားစမ်းပါ ကျုပ်အတွက်မလိုပါဘူး....”
ဟောင်ရန်က အထင်သေးဟန်ဖြင့်ပြောလိုက်ပြီး လက်ထဲရှိပုလင်းများကို ရှောင်ယောင်ထံသို့ပြန်ပေးလိုက်သည် ။
သူ၏အပြုအမူကြောင့် ရှောင်ယောင်လည်းပြူံးလိုက်ပြီး ပုလင်းနှစ်ခုဆီသို့လက်လှမ်းကာ ဖြေးညင်းစွာပြောလိုက်သည်။
“ ဒါတွေက အနာကျက်ဆေးမှုန့်လိုခေါ်တဲ့ ဆေးမှုန့်တွေပဲ။ ဘယ်လောက်ကြီးတဲ့ဒဏ်ရာတွေပဲဖြစ်ဖြစ် အမှုန့်နည်းနည်းသိပ်လိုက်ရင်ချက်ခြင်းသွေးတိတ်သွားလိမ့်မယ်။
ပြီးတော့ ဘယ်လိုအပြင်ပိုင်းဒဏ်ရာမျိုးမဆို ရေနဲ့ရောပြီး စိမ်လိုက်ရင် အချိန်နည်းနည်းနဲ့ပြန်ပြီးကောင်းမွန်လာနိုင်တယ်။ မင်းပခုံးက ဒဏ်ရာလိုမျိုးပေါ့ ။
မင်းမလိုချင်ဘူးဆိုရင်လည်း ငါ့ကိုပြန်ပေးလေ ...”
ရှောင်ယောင်က တမင်သံရှည်ဆွဲ၍ပြောနေပြိး ဖြေးညင်းစွာလက်လှမ်းနေစဉ် ဟောင်ရန်က ပုလင်းနှစ်လုံးကိုဖျက်ခနဲပြန်ဆွဲယူလိုက်သည်။
“ ဘယ်သူကမလိုချင်ဘူးပြောလို့လည်း....”
ထို့နောက် ဟောင်ရန်၏မျက်လူံးများကဝိုင်းစက်သွားပြီး တစ်စုံတစ်ခုကို သတိရဟန်ဖြင့် ထပ်မေးလိုက်သည်။
“ ဒါဆို ဟို ခရမ်းရောင်သွေးလဂိုဏ်းကအဆိပ်ဘုရင်ဖော်စပ်ထားခဲ့တဲ့ အရိုးစားဆေးမှုန့်ဆိုတာကရော... “
ရှောင်ယောင်လည်း ပြန်မဖြေဘဲဟောင်ရန်၏အံ့အားသင့်နေသည့်ပုံစံကို သဘောကျစွာကြည့်နေလိုက်သည်။
သူ၏ ပြုံးစိစိမျက်နှာကိုကြည့်၍ ဟောင်ရန်လည်း လှည့်ကွက်ဖြစ်သည်ကိုရိပ်မိသွားကာ မျက်နှာကြီးနီရဲသွားပြီး သူ၏ပခုံးကိုခပ်ပြင်းပြင်းထိုးလိုက်သည်။
ထိုလူငယ်လေး၏အမူအကျင့်ကိုရင်းနှီးနေပြီးဖြစ်သည့်ရှောင်ယောင်လည်း သဘောကျစွာရယ်မောလိုက်ကာ မနီးမဝေးတွင်မြင်နေရသည့် ရွာငယ်လေးကိုကြည့်ရင်းပြောလိုက်သည်။
“ ငါတို့စောင့်ကြည့်နေတာ အချိန်နည်းနည်းကြာသွားတာတောင် လှုပ်ရှားမှုတစ်ခုခုမတွေ့ရဘူး နည်းနည်းထူးဆန်းနေတယ်လို့မထင်ဘူးလား... “
ရှောင်ယောင်၏မေးခွန်းကြောင့် ဟောင်ရန်လည်း လက်ရှိအခြေအနေကိုပြန်သတိရသွားပြီးခေါင်းညိမ့်ပြလိုက်သည်။
လက်ရှိသူတို့နှစ်ယောက်က ရွာနှင့်မလှမ်းမကမ်းရှိသစ်ပင်ကြီးတစ်ပင်ထက်တွင်နေ၍ ရွာကိုစောင့်ကြည့်နေခြင်းဖြစ်ပြီး အံ့ဩဖွယ်ကောင်းစွာဖြင့် ရွာထဲတွင် လူရိပ်လူယောင်ပင်မမြင်ရပေ။
“ ဟုတ်တော့ဟုတ်တယ် ။ ဒီလူတွေက ကျုပ်တို့လာမှာကိုများသိလို့ ထောင်ဖမ်းမလို့လားမသိဘူး...
ဟုတ်သားပဲ ကျုပ်နဲ့တိုက်တဲ့လူတွေက လေးယောက်လုံးလွတ်သွားတာလေ... “
ဟောင်ရန်ကပြောရင်းစိုးရိမ်ပူပန်သည့်အမူအယာဖြစ်လာသည် ။
ဟောင်ရန်၏စိတ်ပူနေသည့်အမူအယာကြောင့် ရှောင်ယောင်က ခေါင်းယမ်း၍ရှင်းပြလိုက်သည် ။
“ မဖြစ်နိုင်ဘူး သူတိူ့က မြစ်ကြောင်းအတိုင်းထွက်ပြေးသွားတာ လှေတစ်ခုခုမရှိဘဲ ငါတို့ထက်အရင်မရောက်နိုင်ဘူး ။
တကယ်လို့ တခြားကြားစခန်းတွေကိုရောက်သွားတယ်ပဲထားဦး ငါတို့ကအခုလိုဌာနချုပ်ကိုသွားတိုက်မယ်လို့ထင်ထားမှာမဟုတ်ဘူး....”
ရှောင်ယောင်၏စကားကိုကြားမှ ဟောင်ရန်၏မျက်နှာက တည်ငြိမ်သွားပြီးပြန်မေးလာသည်။
“ ဒါဆိုရင် ကျုပ်တို့ဘယ်လိုလုပ်ကြမလဲ....”
သူ၏မေးခွန်းကြောင့် ရှောင်ယောင်လည်း လူသူအရိပ်အယောင်ပင်မမြင်ရလောက်အောင်တိတ်ဆိတ်နေသည့်ရွာလေးဆီသို့မျှော်ကြည့်ရင်းဖြေးညင်းစွာပြောလိုက်သည်။
“ ငါတို့ရွာထဲကိုဝင်ကြည့်ရအောင်.....”
&&&
ကန်ရေပြင်ကိုဖြတ်၍တိုက်ခတ်နေသည့်လေနုအေးလေးက သန့်ရှင်းလတ်ဆက်သည့်သည့်ခံစားချက်ကိုပေးစွမ်းနေကာ ကန်နံဘေးရှိကျောက်ဖျာတစ်ခုထက်တွင် အဖြူရောင်ဝတ်စုံဝတ်လူတစ်ယောက်က တည်ငြိမ်စွာထိုင်လျက်ရှိသည်။
သူ၏လက်ထဲ၌ ရှေးဟောင်းကဗျာစာအုပ်တစ်အုပ်ရှိနေပြီး ကြည်လင်လှပသည်ကန်ရေပြင်ကြီးကိုငေးကြည့်ကာ စာသားအချို့ကို တီးတိုးရွတ်ဆိုလျက်ရှိသည်။
ထိုအခိုက် နောက်ဘက်ဆီမှလှုပ်ရှားသံတစ်စွန်းတစ်စကြားလိုက်ရ၍ အဖြူရောင်ဝတ်စုံဝတ်လူက စာအုပ်ကိုပိတ်လိုက်ပြီး နောက်ပြန်မကြည့်ဘဲမေးလိုက်သည်။
“ ဘာကိစ္စရှိလို့လဲ....”
အဖြူရောင်ဝတ်စုံဝတ်လူ၏စကားအဆုံး၌ သူနှင့်ခြေလှမ်းအနည်းငယ်အကွာတွင်ရပ်နေသည့် အနက်ရောင်ဝတ်စုံဝတ်လူတစ်ဦးက အရိုအသေပေး၍ပြောလိုက်သည်။
“ ခေါင်းဆောင် ကျုပ်တို့ ပြဿနာတတ်ပါပြီ....”
ထိုလူ၏ထိတ်ထိတ်ပြာပြာလေသံကြောင့် အဖြူရောင်ဝတ်စုံဝတ်လူကမဆိုစလောက်ကလေးမျက်မှောင်ကြုတ်သွားကာ နောက်ပြန်လှည့်ကြည့်၍ ပြန်မေးလိုက်သည်။
“ ဘာပြဿနာလဲ မင်းတို့မဖြေရှင်းနိုင်ဘူးလား....”
ယခုအခါမှ အဖြူရောင်ဝတ်စုံဝတ်လူ၏ရုပ်သွင်ကိုရှင်းလင်းစွာမြင်ရတော့သည်။
သူ၏အသက်အရွယ်က ငါးဆယ်ကျော်အရွယ်ရှိပြီး ဖြူဖွေးချောမွတ်သည့်အသားအရေနှင့်နုပျိုသည့်မျက်နှာတို့ကြောင့် ရှိရင်းစွဲအသက်ထက်ပို၍ငယ်သည်ဟုထင်ရသည်။
လည်ဘက်လက်၏လက်မတွင် ကြည်လဲ့နေသည့်လွန်စွာအရည်အသွေးကောင်းမွန်ဟန်တူသည့်ကျောက်စိမ်းလက်စွပ်တစ်ခုရှိပြီး ခန့်ညားပြီးအထက်တန်းကျသည့်သူ၏သွင်ပြင်က သူဌေးသူကြွယ် သို့မဟုတ် အဆင့်မြင့်အရာရှိတစ်ဦးဟုထင်ရသည်။
သူ၏လက်အောက်ငယ်သားဖြစ်ဟန်တူသည့် အနက်ရောင်ဝတ်စုံတ်လူက အဖြူရောင်ဝတ်စုံဝတ်လူကို ပြန်ကြည့်လိုက်ရင်း အနည်းငယ်စိုးရိမ်သည့်လေသံဖြင့်ပြောလိုက်သည်။
“ ခေါင်းဆောင်...နတ်မျက်စိဘုရင်ပို့လာတဲ့ လျှို့ဝှက်သတင်းအရဆိုရင် နဂါးခုနစ်ကောင်ထဲမှာပါတဲ့ နဂါးဖြူဓားဘုရင်က ယန်စီနဂါးအဖွဲ့ကိုဖြိုခွင်းဖို့သွားနေတယ်လို့သိရပါတယ် ။
သူက စွန်းအိမ်တော်က သတင်းဝယ်ပြီး ယန်စီနဂါးအဖွဲ့ရဲ့ဌာနချုပ်ကိုလိုက်ရှာနေပါတယ် ။အဲဒါ ကျုပ်တို့ ဘယ်လိုဆက်ပြီးလုပ်ဆောင်ရမလဲ...”
အနက်ရောင်ဝတ်စုံဝတ်လူ၏စကားအဆုံး၌ အဖြူရောင်ဝတ်စုံဝတ်လူ၏မျက်နှာကတည်ကြည်လေးနက်သွားပြီး သူ၏လက်မရှိကျောက်စိမ်းလက်စွပ်ကိုပွတ်၍ အချိန်အနည်းငယ်ကြာအောင်စဉ်းစားနေပြီး ပြန်မေးလိုက်သည်။
“ ဒီသတင်းကိုဘယ်အချိန်ကရခဲ့တာလဲ...”
“ အခုပဲရခဲ့တာပါခေါင်းဆောင် ဒါပေမယ့် နဂါးဖြူဓားဘုရင်ထွက်သွားတာကတော့ လွန်ခဲ့တဲ့သုံးရက်လောက်ထဲကလို့သိရပါတယ် ။
သူက ဟွာရှန်းတောင်ယှဉ်ပြိုင်ပွဲကိုသွားရင်းနဲ့ ယန်စီနဂါးအဖွဲ့ကို တစ်ခါထဲဝင်ပြီးဖျက်စီးသွားမယ့်ပုံပါ ....”
အနက်ရောင်ဝတ်စုံဝတ်လူ၏အဖြေကြောင့် အဖြူရောင်ဝတ်စုံဝတ်လူလည်း လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီး ခေါင်းယမ်းကာပြောလိုက်သည်။
“ ဒီကောင်ကတော့ ကိုယ့်ဘာသာ သွားပြီးသိုင်းပြိုင်တာမဟုတ်ဘူး မဆိုင်တာ ဝင်ရှုပ်သွားသေးတယ် ။ ကျန်တဲ့လူတွေထက်သူကပိုပြီးစိတ်ရှုပ်စရာကောင်းတယ်...။
ဟိုနတ်မျက်စိဆိုတဲ့ကောင်ကလည်း ဒီလိုမျိူးအစွမ်းထက်တဲ့လူတွေကိုအဆက်မပြက်စောင့်ကြည့်နေတာမဟုတ်ဘူး .”
အဖြူရောင်ဝတ်စုံဝတ်လူက တစ်ကိုယ်တည်းညည်းတွားလိုက်ရင်း သူ့ရှေ့ရှိလူကိုပြန်ပြောလိုက်သည်။
“ ယန်စီနဂါးအဖွဲ့က ငါတို့အတွက် ဒီငါးနှစ်အတွင်းမှာ အတော်လေးရှာဖွေပေးနိုင်ခဲ့တယ် ။ အခုဆိုရင် ငါတို့ရဲ့လုပ်ငန်းတွေက သူ့ဘာသာအမြတ်အစွန်းရရှိနေပြီး သူတို့ရဲ့ဝင်ငွေက ဒီလောက်အထောက်အကူမရတော့ဘူး။ ဒီတော့ သူတို့ကို အနားပေးချိန်ရောက်ပြီ....”
သူ့ခေါင်းဆောင်၏စကားကြောင့် အနက်ရောင်ဝတ်လူလည်း နားမလည်နိုင်သည့်အမူအယာဖြင့် မေးလိုက်သည်။
“ ခေါင်းဆောင် ဒါပေမယ့် လင်းစုက ကျုပ်တို့ကို ဒီတစ်လျှောက်လုံး သစ္စာရှိရှိတာဝန်ထမ်းဆောင်ပေးခဲ့တယ် ။
ပြီးတော့ ယန်စီနဂါးအဖွဲ့ဆိုတာလည်း အန်းဟွေးနယ်တစ်ဝိုက်မှာ အထိုင်ကျပြီးသားအဖွဲ့အစည်းတစ်ခုပဲ။
သူတို့ကို အခုလိုမျိုးစွန့်လွှတ်လိုက်တာ နည်းနည်း နှမျောစရာမကောင်းဘူးလား...”
အနက်ရောင်ဝတ်စုံဝတ်လူ၏မေးခွန်းကြောင့် အဖြူရောင်ဝတ်စုံဝတ်ခေါင်းဆောင် က ထူးဆန်းစွာပြုံးလိုက်ပြီး ပြန်မေးလိုက်သည်။
“ အခုချိန်မှ သူတို့ကိုသတင်းပို့မယ်ဆိုရင် ရှောင်တိမ်းဖို့အချိန်မီဦးမယ်ထင်လား ....”
သူ၏မေးခွန်းကြောင့် အနက်ရောင်ဝတ်စုံဝတ်လူလည်း အနည်းငယ်စဉ်းစားလိုက်ပြီး ခေါင်းယမ်းကာ မရေမရာပြန်ဖြေလိုက်သည်။
“ မှီမယ်မထင်တော့ပါဘူးခေါင်းဆောင် စွန်းအိမ်တော်က သိုင်းလောကရဲ့နံပါတ်တစ်သတင်းအချက်အလက်ဌာနဆိုတော့ သူတို့က ယန်စီနဂါးအဖွဲ့ရဲ့ဌာနချုပ်ရှိတဲ့နေရာကိုအနီးစပ်ဆုံးခန့်မှန်းနိုင်မှုပါ။
ပြီးတော့ နဂါးဖြူဓားဘုရင်လိုသိုင်းဝိဇ္ဇာအဆငိ့တစ်ယောက်ကိုယ််တိုင်လှုပ်ရှားတာဆိုတော့ အခုချိန်လောက်ဆိုရင် ဌာနချုပ်တစ်ခုလုံးဖျက်စီးကောင်း ဖျက်ဆီးခံရနိုငိပါတယ်....”
&&&&