ထွက်ပေါ်လာခြင်း
Vol. 2 Ch. 44
“ စုစုပေါင်း လူနှစ်ဆယ့်တစ်ယောက်ရှိတယ် ။ သူတို့ထဲက လေးယောက်က သေဆုံးနေပြီးတော့ ခြောက်ယောက်ကလည်းအခြေအနေမကောင်းဘူး ။ ကျန်တဲ့လူတွေကတော့ ဒဏ်ရာပြင်းပြင်းထန်ထန်ရထားပေမယ့် မသေနိုင်ပါဘူး။ အဲ...သေဆုံးသူကါးယောက်ပေါ့ .. “
ရှောင်ယောင်၏အနီးသို့ပြန်လည်ရောက်ရှိလာသည့် ဟောင်ရန်က ယခုလေးတင်မှသေဆုံးသွားသည့်လူကိုကြည့်ရင်း ပြောလိုက်သည်။
သူ၏မျက်နှာထက်၌ အံ့ဩတုန်လှုပ်ဟန်နှင့် စိတ်မကောင်းဖြစ်ဟန်များရှိနေသလို ရှောင်ယောင်ကိုယ်တိုင်ပင် ထိုလူများ၏အဖြစ်ဆိုးကို ကရုဏာသက်မိသည်။
“ ကိုင်း....ဒါဆိုရင်လည်း ကျန်တဲ့လူတွေကို တတ်နိုင်သလောက်ကုသကြည့်တာပေါ့။
သူတို့က ဆိုးသွမ်းတဲ့ဓားပြတွေဆိုပေမယ့် အခုလိုမျိုး ကိုယ့်မျက်စေ့ရှေ့မှာ သေသွားမှာကိုတော့မမြင်ချင်ဘူး....”
ရှောင်ယောင်၏တည်ငြိမ်သည့်စကားကြောင့် ဟောင်ရန်၏မျက်နှာသည်လည်း ဝင်းလက်သွားပြီး သေလုမျောပါးဖြစ်နေသူများကိုကုသရန် သူ၏အဝတ်ထုပ်ထဲတွင် ပါလာသမျှဆေးထုပ်များကိုရှာဖွေနေသည်။
ရိုးသားဖြောင့်မတ်ပြီး ကြင်နာတတ်သည့်ထိုလူငယ်လေးကိုကြည့်၍ ရှောင်ယောင်လည်းပြုံးလိုက်မိပြီး သူ၏အဝတ်ထုပ်ထဲမှ လက်ကျန်ဆေးပုလင်းနှစ်ခုကိုထုတ်ယူလိုက်သည်။
ရှောင်ယောင်ယူဆောင်လာသည့်ဆေးပုလင်းများက ဒဏ်ရာကျက်ဆေးများထည့်ထားသည့်ပုလင်းငယ်လေးများမှလွဲ၍အခြားမဟုတ်ဘဲ ထိုပုလင်းငယ်လေးငါးခုကိုရရှိရန် နှစ်ရက်နီးပါးအလုပ်များခဲ့သည် ။
ဤနေရာသို့မလာမှက ဟောင်ရန့်ကိုနှစ်ပုလင်းပေးခဲ့ပြီး တစ်ပုလင်းမှာ တစ်ဝက်သာသာပင်မကျန်တော့ရာ သူ့၏လက်ကျန်ပုလင်းနှစ်ခုကိုထုတ်ယူလိုက်ခြင်းဖြစ်သည်။
ဒဏ်ရာအပြင်းအထန်ရရှိကာ အခြေအနေမဟန်သူများကိုဦးစွာကုသရန်ပြင်ဆင်နေစဉ် ခြံဝန်းထဲမှထွက်လာသည့် လက်နက်ချင်းထိခတ်သံနှင့် နာကျင်စွာအော်ဟစ်သံတစ်ခုကြောင့် သူတို့နှစ်ဦးစလုံး ခေါင်းမော့လိုက်မိကြသည်။
ထိုအဖြစ်ကြောင့်ရှောင်ယောင်းလည်း သူ့နဖူးသူရိုက်ကာ ရေရွတ်လိုက်မိသည်။
“ ဟုတ်သားပဲ...ဒီလူမသေခင်ပြောသွားတာ သူတို့ကိုတိုက်ခိုက်သွားတာက ကြောက်စရာကောင်းတဲ့လူတစ်ယောက်တဲ့။
သူတို့အဖွဲ့ခေါင်းဆောင်က ဒီခြံဝန်းထဲမှာနေတာဆိုတော့ သူတို့ကိုအရင်ဆုံးတိုက်ခိုက်ပြီး ခြံဝန်းထဲကိုဝင်သွားတာဖြစ်နိုင်တယ် ။
အခု ယန်စီနဂါးအဖွဲ့ခေါင်းဆောင်နဲ့ တခြားလူနည်းနည်းကျန်ဦးမယ် ။ ဟောင်ရန် သတိထားပြီးသွားရအောင်....”
ရှောင်ယောင်လည်းပြောပြောဆိုဆိုဖြင့် ဆေးပုလင်းများကိုပြန်သိမ်းရင်းထရပ်လိုက်သည်။
ဒဏ်ရာရရှိနေသူများကိုကုသရန်အရေးကြီးသော်လည်း ပို၍အရေးကြီးသည်က မည်သူမည်ဝါမှန်းမသိရသေးသည့် အစွမ်းထက်သိုင်းသမားတစ်ယောက်ဤနေရာတွင်ရှိနေသေးခြင်းဖြစ်သည်။
ရှောင်ယောင်၏စကားကြောင့် ဟောင်ရန်လည်း အနည်းငယ်တွန့်ဆုတ်နေသည့်တိုင် သူလည်းရှောင်ယောင်နောက်မှလိုက်ပါလာသည်။
ခြံဝန်းထဲရှိစံအိမ်၏ရှေ့တွင် သေဆုံးနေသည့် အလောင်းအနည်းငယ်ရှိပြီး အသက်ရှင်ကျန်ရစ်သူပင်မရှိပေ။
ထိုအဖြစ်ကြောင့် ရှောင်ယောင်လည်း ပို၍သတိကြီးလာပြီး ဟောင်ရန့်ကိုလက်ဟန်ခြေဟန်ပြကာ အသံမထွက်ရန်သတိပေးလိုက်သည်။
အစောပိုင်းက အသံများကို ကြားခဲ့ရသည်က ခြံဝန်းအနောက်ဘက်မှဖြစ်ပြီး ရှောင်ယောင်တို့နှစ်ဦးလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြပြီး စံအိမ်ခေါင်မိုးပေါ်သို့ ရိပ်ခနဲခုန်တက်လိုက်ကြသည်။
စံအိမ်၏နောက်ဘက်က များစွာကျယ်ဝန်းခြင်းမရှိဘဲ ခြံဝန်းနောက်နားတွင် မလွယ်ပေါက်လေးတစ်ခုရှိနေသည်။
လက်ရှိအချိန်၌ အနက်ရောင်သိုင်းဝတ်စုံဝတ်လူနှစ်ယောက်က ဒဏ်ရာအပြင်းအထန်ရရှိကာ လဲကျနေဟန်တူပြီး သေသည်ရှင်သည်ကိုပင်မသိရပေ။
သူတိူ့၏နောက်ဘက်ခပ်းလှမ်းလှမ်းရှိ တံခါးပေါက်အနီးတွင် အဖြူရောင်ဝတ်စုံဝတ်သက်လက်ပိုင်းလူတစ်ဦးလဲကျနေပြီး သူ၏ရှေ့တွင် အစိမ်းရောင်သိုင်းဝတ်စုံဝတ်ဆင်ထားသည့် လူတစ်ယောက်ရပ်နေသည်။
ထိုလူ၏အသက်က လေးဆယ့်ငါးနှစ်ခန့်သာရှိမည်ဖြစ်ပြီး စူးရှသည့်မျက်ဝန်းများကိုပိုင်ဆိုင်ထားပြီး ခန့်ညားသော်လည်း အေးစက်မာကျာသည့်မျက်နှာထားရှိသည်။
သူ၏ပုံစံက အသွားထက်ထက်ဓားတစ်လက်နှင့်ဆင်တူကာ ပုံမှန်အတိုင်းရပ်နေခြင်းဖြစ်သည့်တိုင် ထက်ရှပြီး အန္တရာယ်များလှသည့်အရှိန်အဝါတစ်ခုရှိနေသည်။
ပို၍ကြောက်မက်ဖွယ်ကောင်းသည့်အချက်က ထိုလူ၏သိုင်းပညာကိုရှောင်ယောင်တို့နှစ်ဦးစလုံးမမြင်နိုင်ခြင်းဖြစ်ပြီး ထိုလူ၏သိုင်းပညာကအနိမ့်ဆုံး သိုင်းဝိဇ္ဇာအဆင့်သို့ရောက်ရှိနေပေမည်။
သူ၏လက်ထဲတွင်မူ သွေးတစက်စက်ကျဆင်းနေသည့် အဖြူရောင်ဓားရှည်တစ်လက်ရှိပြီး ဓား၏အသွားက ထူးခြားသည့်သတ္တုတစ်မျိုးဖြင့်ပြုလုပ်ထားဟန်တူသလို ဓားရိုးကလည်း အဖြူရောင်ကျောက်သားဖြင့်ပြုလုပ်ထားခြင်းဖြစ်သည်။
လက်ရှိအချိန်၌ တောက်ပသည့်ဓားသွားထက်တွင် နီရဲသည့်သွေးများရွှဲစိုနေပြီး ထိုသွေးများက ယန်စီနဂါးအဖွဲ့သားများ၏သွေးများဖြစ်ကြောင်း အလွယ်တကူသိရှိနိုင်သည်။။
အံ့ဩဖွယ်ကောင်းစွာဖြင့် အစိမ်းရောင်ဝတ်စုံဝတ်လူကြီး၏ခန္တာကိုယ်ပေါ်တွင် ခြစ်ရာပင်မထင်ပေ။
ရှောင်ယောင်တို့တွေ့မြင်ခဲ့သည့်အလောင်းများနှင့် ဒဏ်ရာအပြင်းအထန်ရရှိသူများက ဌာနချုပ်ရှိလူကုန်အားလုံးနီးပါးဖြစ်ပြိး လဲကျနေသည့်အဖြူရောင်ဝတ်စုံဝတ်လူကား ယန်စီနဂါးမင်းဆိုသူဖြစ်ပေမည်။
စခန်းခေါင်းဆောင်၏သတင်းအရ ယန်စီနဂါးမင်း၏သိုင်းပညာက အစွမ်းထက်သည့်အဆင့်လွန်ထိပ်သိးတစ်ဦးဖြစ်ပြီး သူ၏လက်အောက်၌ အဆင့်လွန်ထိပ်သီးနှစ်ဦးနှင့်ထိပ်တန်းအဆင့်သိုင်းသမားကိုးဦးတို့ရှိနေသေးသည်။
ထို့အပြင့် ဌာနချုပိရှိကျန်လူအားလုံးက အဆင့်မြင့်သိုင်းသမားများဖြစ်ပြီး အစိမ်းရောင်ဝတ်စုံဝတ်လူက ထိုလူအားလုံးကို ဒဏ်ရာတစ်စုံတစ်ရာမရဘဲအနိုင်ယူနိုင်ခဲ့ခြင်းမှာ သူ၏သိုင်းပညာမည်မျှကြောက်မက်ဖွယ်ကောင်းကြောင်းသိနိုင်သည်။
သူ၏ပုံပန်းသွင်ပြင်နှင့် လက်နက်တို့ကိုကြည့်၍ နာမည်တစ်ခုက အလိုလိုပေါ်လာပြီး ဟောင်ရန်က အံ့အားသင့်ဟန်ဖြင့်ခပ်တိုးတိုးပြောလိုက်သည်။
“ အစ်ကိုရှောင်ယောင်ဒီလူက...”
“ ရှူး...”
ရှောင်ယောင်လည်း ဟောင်ရန်၏ပါးစပ်ကိုအလျှင်အမြန်ပိတ်လိုက်ပြီး ခေါင်းညိမ့်ပြလိုက်သည်။
လက်ရှိသူတို့ရှိနေသည့်နေရာက စံအိမ်အမိုးထက်တွင်ဖြစ်ပြီး ထိုလူနှစ်ယောက်၏နေရာနှင့် ပေနှစ်ဆယ်နီးပါးကွာဝေးသည့်တိုင်တစ်ဖက်လူ၏သိုင်းပညာက အတော်ပင်ကြောက်မက်ဖွယ်ကောင်းလှပေသည်။
လဲကျနေသည့်အဖြူရောင်ဝတ်စုံဝတ်လူ၏မျက်နှာထက်တွင် ကြောက်လန့်တုန်လှုပ်နေသည့်အမူအယာအပြည့်ဖြစ်ပြီး သူ၏ဝတ်စုံတွင်သွေးများရွှဲနစ်နေသညိ။
“ အသက် အသက်ချမ်းသာပေးပါဆရာကြီး ... ကျုပ်ကိုသိုင်းမဟာမိတ်ရဲ့လက်ထဲကိုအပ်ရင်အပ်လိုက်ပါ....ကျုပ်အသက်ကိုတော့ ချမ်းသာပေးပါ....”
သွေးများအဆက်မပြက်စိမ့်ထွက်နေသညိ့ဒဏ်ရာများကိုဂရုမစိုက်နိုင်ဘဲ အဖြူရောင်ဝတ်စုံဝတ်လူက လဲကျနေရာမှကုန်းရုံးထကာ အစိမ်းရောင်ဝတ်စုံဝတ်လူကို တောင်းပန်လိုက်သညိ။
သူ၏ဝတ်စုံဖြုက သွေးများ၊ ဖုန်များဖြင့်ညစ်လူးနေပြီး ဒဏ်ရာပရပွဖြင့်ရှိနေရာ သူတောင်းစားတစ်ဦးထက်ပင်အခြေအနေဆိုးနေသည်။
ထိုသို့သောလူမျိုးက စည်းစနစ်ကျလှသည့်ယန်စီနဂါးအဖွဲ့ကြီး၏ခေါင်းဆောင်ဖြစ်သည်ဟု ယုံကြည်ရခက်ခဲလှသည် ။
အဖြူရောင်ဝတ်စုံဝတ်လူက သူ၏ဂုဏ်သိက္ခာကိူပင်ဂရုမစိုက်ဘဲ ဒူးထောက်၍တောင်းပန်သည့်တိုင် အစိမ်းရောင်ဝတ်စုံဝတ်လူကား နောက်သို့အနည်းငယ်ဆုတ်လိုက်ပြီး အထင်သေးသည့်ဟန်ဖြင့်ပြောလိုက်သည် ။
“ မင်းက ကိုယ့်လက်အောက်ငယ်သားတွေရဲ့အသက်ကိုတောင်ဂရုမစိုက်ဘဲ ကိုယ်လွတ်ရုန်းပြေးဖို့ကြိုးစားသေးတယ်။။
ပြီးတော့ ငါ့ကိူအနိုင်မရမှန်းသိတော့ ဒူးထောက်တောင်းပန်ပြီး အလစ်အငိုက်မှာ လက်နက်ပုန်းနဲ့ပစ်သေးတယ်။
မင်းလိုလူမျိုးကိုဘာကြောင့်အသက်ရှင်လျက်ထားရဦးမှာလဲ....”
တင်းမာခတ်ထန်သည့်သူ၏လေသံက အေးစက်စက်မျက်နှာနှင့်လိုက်ဖက်လှပြီး ခံစားချက်ကင်းမဲ့သူတစ်ဦးဟုပင်တွေးထင်နိုင်သည်။
ထိုအခါမှ ရှောင်ယောင်တို့လည်း ခြံဝန်းအနီးတစ်ဝိုက်ရှိဒဏ်ရာအပြင်းအထန်ရရှိထားသူများ ၊ စံအိမ်ရှေ့ရှိသေဆုံးသူများအစောပိုင်းက သူတို့ကြားခဲ့ရသည့်အသံ စသည်တို့နှင့်ဆက်စပ်ကာ မည်သို့ဖြစ်ပျက်သွားသည်ကိုရိပ်စားမိလိုက်ကြသည်။
အဖြူရောင်ဝတ်စုံဝတ်လူ သို့မဟုတ် ယန်စီနဂါးမင်းက အခြေအနေမဟန်သည်ကိုသိရှိပြီး အစိမ်းရောင်ဝတ်စုံဝတ်လူကို သူ့လူများဝန်းရံတိုက်ခိုက်နေချိန်၌နောက်ဘက်မှ ထွက်ပြေးရန်ကြံစည်ခြင်းဖြစ်ပေသည် ။
ထို့နောက် အစိမ်းရောင်ဝတ်စုံဝတ်လူ၏လက်မှအလွတ်မြောက်နိုင်မှန်းသိသည်နှင့် အညံ့ခံတောင်းပန်ကာ တစ်ဖက်လူသတိမထားမိစဉ် အလစ်လုပ်ကြံခြင်းဖြစ်ပေမည် ။
သူ၏အကြံအစည်က ကောင်းမွန်သည်ဟုဆိုနိုင်သော်လည်း အစိမ်းရောင်ဝတ်စုံဝတ်လူ၏သိုင်းပညာက သူထင်ထားသည့်ထက်များစွာသာလွန်နေရာ လုပ်ကြံမှုကျရှုံးပြီး ယခုလို သနားစဖွယ်အခြေအနေဆိုက်ရောက်လာခြင်းပင်ဖြစ်၏။
ယန်စီနဂါးမင်းဆိုသည့်အမည်က ယန်စီမြစ်ကြောင်းတစ်လျှောက်ဟိုးလေးတကျော်ကျော်ဖြစ်ပြီး မြောက်များလှစွာသောလူများကို ကြောက်လန့်စေခဲ့သော်လည်း သူ၏သတ္တိနည်းမှုနှင့်အရှက်ကင်းမဲ့မှုကား ထင်ထားသည်ထင်ပင်ပို၍ဆိူးရွားနေသေးသည်။
အစိမ်းရောင်ဝတ်စုံဝတ်လူ၏ တင်းမာခတ်ထန်သည့်လေသံနှင့် အေးစက်စက်အမူအယာတိူ့ကြောင့် ယန်စီနဂါးမင်း၏မျက်နှာကဖြူဖျော့သွားကာ တစ်စုံတစ်ခုထပ်မံပြောဆိုရန်ပြင်လိုက်သည်။
သို့သော်လည်းအစိမ်းရောင်ဝတ်စုံဝတ်လူက သူ၏စကားကိုနားမထောင်တော့ဘဲ လက်ထဲမှဓားကို ဖြေးညင်းစွာမြောက်လိုက်သည်။
ပြင်းထန်သည့် သတ်ဖြတ်လိုသည့်စိတ်ဆန္ဒက အစိမ်းရောင်ဝတ်စုံဝတ်လူထံမှထွက်ပေါ်လာပြီး များပြားလှသည့်သွေးဆာရက်စက်သောအငွေ့အသက်များက ခပ်လှမ်းလှမ်းတွင်ပုန်းအောင်းနေကြသည့်ရှောင်ယောင်တို့ကိုပင် တုန်လှုပ်သွားစေသည် ။
ယခုလို များပြားလှသည့်သွေးဆာရက်စက်သောအငွေ့အသက်များက လူပေါင်းရာနှင့်ချီ၍သတ်ဖြတ်ဖူးသည့်လူများထံတွင်သာရှိနေတတ်ပြီး ထိုအငွေ့အသက်ကိုထုတ်လွှတ်ရုံဖြင့်နှင့် တော်ရုံလူတစ်ယောက်ကို ကြောက်လန့်သွားစေနိုင်ပေသည်။
ယခုလည်း လုပ်ကြံမှုကျရှုံးပြီး စိတ်ပျက်အားလျော့နေသည့်ယန်စီနဂါးမင်းမှာ အစိမ်းရောင်ဝတ်စုံဝတ်လူ၏လှုပ်ရှားမှုကိုတွေ့မြင်နေသည့်တိုင် မလှုပ်ရှားနိုင်ဘဲ ဒူးထောက်နေရာမှ တဆက်ဆက်တုန်ယင်လျက်ရှိသည်။။
အစိမ်းရောင်ဝတ်စုံဝတ်လူက သူ့ကိုသတ်ဖြတ်တော့မည်ဖြစ်မှန်းရိပ်စားမိသည့်တိုင် ဒဏ်ရာပရပွဖြစ်နေသည့်ခန္တာကိုယ်ကြီးဖြင့် ထပြေးရန်မဆိုထားနှင့် မတ်တပ်ပင်ကောင်းကောင်းမရပ်နိုင်ပေ။
စံအိမ်အမိုးပေါ်တွင် ပုန်းအောင်းနေသည့်ဟောင်ရန်ကား ထိုမြင်ကွင်းကိုဆက်လက်ကြည့်ရှုနိုင်ခြင်းမရှိတော့ဘဲ အော်ဟစ်ဟန့်တားလိုက်သည်။
“ ရပ်လိုက်....”
ရုတ်တတရက်ထွက်ပေါ်လာသည့်ဟန့်တားသံကြောင့် ယန်စီနဂါးမင်း၏မျက်လုံးများက ပြူးကျယ်သွားပြီး အသံထွက်ပေါ်လာရာဆီသို့ မျှော်လင့်ချက်ကြီးစွာဖြင့်ကြည့်လိုက်မိသည် ။
“ ဟူး....”
ဟောင်ရန်၏စိတ်လိုက်မာန်ပါလုပ်ရပ်ကြောင့် ရှောင်ယောင်လည်းလေပူတစ်ချက်မှုတ်ထုတ်ရင်း ခေါင်းမိုးထက်တွင်ဝပ်နေရာမှထရပ်လိုက်သည်။
ထို့နောက် သူတို့နှစ်ယောက်က အောက်သို့ပြိုင်တူခုန်ဆင်းလိုက်ကြရာ အောက်ဘက်ရှိလူနှစ်ယောက်နှင့် ခြေဆယ်လှမ်းအကွာသို့ပေါ့ပါးစွာကျရောက်လာသည်။
မူလက သူ့ကိုကယ်တင်မည့်လူများရောက်ရှိလာသည်ဟုထင်မှတ်၍ အလွန်အမင်းဝမ်းမြောက်ပျော်ရွှင်နေသည့်ယန်စီနဂါးမင်းမှာ ရောက်ရှိလာသူနှစ်ယောက်က အသက်နှစ်ဆယ်ပင်ပြည့်သေးဟန်မတူသည့်လူငယ်များဖြစ်ကြောင်းတွေ့လိုက်ရ၍ မျက်နှာပျက်သွားတော့သည်။
သူနှင့်ဆန့်ကျင်ဘက်အစိမ်းရောင်ဝတ်စုံဝတ်လူကား ရှောင်ယောင်တို့ပေါ်ထွက်လာသည်ကို အံ့အားသင့်ဟန်မတူဘဲ တောက်ပစူးရှသည့်မျက်လုံးများဖြင့် သူတိူ့ကိုစူးစိုက်ကြည့်ရင်း မေးလိုက်သည်။
“ မင်းတို့ထွက်လာဖို့ဆုံးဖြတ်ပြီးပြီပေါ့....”
သူ၏အေးစက်စက်စကားသံအရ ရှောင်ယောင်တို့ ပုန်းအောင်းနေသည်ကိုသိရှိပြီးဖြစ်ဟန်တူကာ ဂရုစိုက်စရာမလိုသဖြင့်သာတကူးတကဖော်ထုတ်ခြင်းမပြုဟန်တူသည်။
သူ၏စကားကြောင့် ရှောင်ယောင်လည်း တစ်စုံတစ်ခုပြောမည်ပြုလိုက်စဉ် ဟောင်ရန်က အနည်းငယ်ဒေါသထွက်နေသည့်လေသံဖြင့်မေးလိုက်သည်။
&&&&