← Chapters

ဆရာဟူသည်

Vol. 2 Ch. 47

ဆရာဟူသည်

Vol. 2 Ch. 47

ရှောင်လင်ကျောင်းတော်

သိုင်းလောက၏မီးရှူးတန်ဆောင်ဟုသက်မှတ်ထားကြသည့်ရှောင်လင်ကျောင်းတော်ကြီးကား တောရိပ်တောင်ရိပ်များကြားတွင် တရားဓမ္မသံများပျံ့လွင့်ကာ အေး‌ချမ်းတိတ်ဆိတ်နေဆဲပင်။

ကျောင်းဝန်းတစ်နေရာတွင်ရှိသည့် တာမောဆောင်၏ဘေးဘက်အခန်းငယ်လေးထဲတွင် ဆရာတော်ရွှမ်းနန်က သူ၏ပုံစံအတိုင်း အေးဆေးတည်ငြိမ်စွာထိုင်လျက်ရှိသည်။

သူ၏ရှေ့မှောက်၌ ရိုကျိုးစွာထိုင်နေသည့် ကြွယ်ယန်နှင့်ကြွယ်စင်းတို့နှစ်ယောက်ရှိနေပြီး ယခုအခါ ကြွယ်စင်းနှင့်ကြွယ်ယန်တို့၏မျက်နှာများကလည်းတည်ကြည်လေးနက်နေကြပြီး ပုံမှန်ဆိုလျှင် ရွှပ်နောက်နောက်အမူအယာရှိသည့်ကြွယ်ယန်ပင် ထူးထူးခြားခြားတည်ငြိမ်လျက်ရှိသည်။

“ မင်းတို့စိတ်ဆုံးဖြတ်ပြီးပြီလား....”

ဆရာတော်ရွှမ်းနန်က သူ၏တပည့်နှစ်ဦးကိုကြည့်၍ တည်ငြိမ်သည့်လေသံဖြင့်မေးလိုက်သည်။

သူ၏စကားကြောင့် ကြွယ်ယန်နှင့်ကြွယ်စင်းတို့လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြပြီး ပြိုင်တူခေါင်းညိမ့်လိုက်ကြသည်။

“ တပည့်တို့ စိတ်ဆုံးဖြတ်ပြီးပါပြီ ဆရာ...”

“ တပည့်လည်း အတူတူပါပဲ....”

ကြွယ်ယန်နှင့်ကြွယ်စင်းတို့၏လေသံများက နောက်မတွန့်ဘဲ လေးနက်တည်ကြည်နေကြသည် ။

ကြွယ်စင်းက ယမန်နေ့ကအဆင့်လွန်ထိပ်သီးအဆင့်သို့ရောက်ရှိခဲ့ပြီး ကြွယ်ယန်ကလည်းမရှေးမနှောင်းပင်အဆင့်တက်ခဲ့သည်။

ထို့ကြောင့် သူတို့နှစ်ဦးအချင်းချင်းတိုင်ပင်ပြီး ယနေ့နံနက်၌ တံခါးနီဆောင်သိုင်းပညာစစ်ဆေးမှူကို ခံယူရန်ဆရာတော်ရွှမ်းနန်ကိုခွင့်တောင်းနေကြခြင်းဖြစ်၏။

“ မင်းတို့ အခုတစ်ကြိမ်ကျရှုံးသွားရင် သုံးနှစ်အတွင်း နောက်ထပ်စိန်ခေါ်ခွင့်မရှိဘူးနော်...”

ဆရာတော်ရွှမ်းနန်က သတိပေးစကားပြောလိုက်သည်။

တံခါးနီဆောင်သိုင်းပညာစစ်ဆေးမှုမှာ ရှောင်လင်၏ကြီးကျယ်သည့်အခန်းအနားများထဲတွင် တစ်ခုအပါအဝင်ဖြစ်၍ မကြာခဏအလိုရှိသလိုလုပ်ဆောင်၍မရဘဲ စိန်ခေါ်မှုတစ်ကြိမ်ကျရှုံးသွားပါက အနည်းဆုံးသုံးနှစ်အတွင်းစိန်ခေါ်ခွင့်မရှိပေ။

ထို့ကြောင့်ဆရာတော်ရွှမ်းနန်က သူ့တပည့်နှစ်ယောက်ကိ သတိပေးခြင်းဖြစ်ပြီး ထိုလူငယ်နှစ်ယောက်၏ရင်ထဲမှဆန္ဒကို ထိုးထွငိးသိမြင်မိ၍ဖြစ််သည်။

“ တပည့်နားလည်ပါတယ်...ဒါပေမယ့် ခွင့်ပြုပေးပါဆရာ.....”

“ တပည့်လည်း အစ်ကိုရှောင်ယောင်လိုမျိုးသိုင်းလောကထဲမှာ ကျင်လည်ချင်နေပြီ....”

သူတို့နှစ်ယောက်၏အဖြေများက ပြောင်းလဲမှုမရှိပေ။

သူတို့နှစ်ဦးစလုံးက သိုင်းထိပ်သီးအဆင့်ရောက်၌ တံခါးနီဆောင်ကိုစိန်ခေါ်ခွင့်ပြည့်မှီနေပြီဖြစ်ရာ သိုင်းလောကထဲသို့ဆင်းလိုသည့်ဆန္ဒကို တားဆီး၍မရနိုင်လောက်အောင်ဖြစ်နေသညိ။

မှန်ပေသည်။

ကြွယ်ယန်ရော ကြွယ်စင်းပါ တံခါးနီဆောင်သိုင်းပညာစစ်ဆေးမှုကို ဖြတ်သန်းလိုခြင်းက သိုင်း‌လောကသို့ဆင်းလိုသည့်အတွက်ဖြစ်သည်။

သူတို့နှစ်ဦးစလုံးက ဦးစွာ သိုင်း‌လောကထဲဆင်းခွင့်ရသည့်ရှောင်ယောင်ကိုလွန်စွာအားကျကြပြီး ယခု သူတို့ကိုယ်တိုင်လည်း တံခါးနီဆောင်ကို စိန်ခေါ်တော့မည်ဖြစ်သည်။

သူတို့နှစ်ယောက်၏လက်ရှိသိုင်းပညာအရ တံခါးနီဆောင်သိုင်းပညာစစ်ဆေးမှုကိုအောင်မြင်ရန် ရာခိုင်နှုန်းအတော်များများရှိနေကြသည်။။

စစ်ဆေးမှုအောင်မြင်ပြီးလျှင်လည်းကျားနဂါးဆရာတော်များအဖြစ်ဆက်နေမည်မဟုတ်ဘဲ လူဝတ်လဲကာ ရှောင်လင်အဝေးရောက်သိုင်းသမားများအဖြစ်သိုင်းလောကတွင်ကျင်လည်ကြပေမည်။

သူတို့၏အိပ်မက်များက ကွဲပြားကောင်းကွဲပြားနိုင်သော်လည်း သိုင်းလောကထဲသို့ဆင်း၍ သိုင်းလောကသားတစ်ယောက်အဖြစ်ကျင်လည်ရန်က တူညီသည့်ဆန္ဒပင်ဖြစ်တော့သည် ။

သူတို့နှစ်ယောက်၏စိတ်ဆုံးဖြတ်ပြီးသည့်အမူအယာများကြောင့်ဆရာတော်ရွှမ်းနန်လည်း ခေါင်းတညိမ့်ညိမ့်လုပ်ရင်း ဘေးနားတွင်ချထားသည့်စာအုပ်ငယ်လေးနှစ်ခုကို သူတို့တစ်ယောက်စီကိုပေးလိုက်သည်။

ဆရာတော်ရွှမ်းနန်၏ထူးခြားသည့်အပြုအမူကြောင့် ကြွယ်ယန်နှင့်ကြွယ်စင်းတို့အံ့အားသင့်သွားကြသော်လည်း စာအုပ်ငယ်လေးများကိုလက်ခံထားလိုက်ကြသည် ။

သူတို့၏ပဟေဠိဖြစ်နေသည့်အမူအယာကိုရိပ်စားမိ၍ ဆရာတော်ရွှမ်းနန်ကဖြေးညင်းစွာပြောလိုက်သည်။

“ မင်းတို့နှစ်ယောက် ရှောင်လင်ရဲ့ သဏ္ဍာန်ငါးပါးသိုင်းပညာကိုကြားဖူးလား...”

ဆရာတော်ရွှမ်းနန်၏မေးခွန်းကြောင့် ကြွယ်ယန်နှင့်ကြွယ်စင်းတို့လည်းအံ့ဩတုန်လှူပ်သွားကြပြီးတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။

ကျား၊နဂါး၊ မြွေ၊ကြိုးကြာနှငိ့ ကျားသစ်ဆိုသည့် သတ္တဝါငါးမျိုးကို အခြေခံထားသည့် သဏ္ဍာန်ငါးပါးသိုင်းပညာကို သိုင်း‌လောကထဲရှိလူအတော်များများကြားဖူးသော်လည်း သူ၏အစွမ်းမည်မျှရှသည်ကို အတိအကျမသိကြပေ။

သို့သော်လည်း ရှောင်လင်ဂိုဏ်းသားများဖြစ်ကြသည့် ကြွယ်ယန်တို့နှစ်ယောက်ကတော့ သဏ္ဍာန်ငါးပါးသိုင်းကျမ်းမည်မျှအစွမ်းထက်သည်ကို ကောင်းစွာသိကြသည် ။

ရှောင်လင်၏အထွတ်အမြတ်သိုင်းပညာ နေစကြာကျင့်စဉ်၊ တာမောသုံးကွက်၊ အကြောပြောင်းသိုင်းကျမ်းနှင့်တစ်တန်းထဲထားအပ်သည့်ထိုသိုင်းပညာမှာ မည်မျှအစွမ်းရှိသည်ကို စဉ်းစားကြည့်ရုံနှင့် သိရှိနိုင်ပေသည်။

ထို့ကြောင့်လည်း လူတိုင်းလေ့ကျင့်ခွင့်မရလဲ ရှောင်လင်တွင်ပင် ရွှမ်းဝါစဉ်နှင့်အထက်ရှိသည့် ဆရာတော်များသာလေ့ကျင့်ခွင့်ရှိသည့်သိုင်းပညာတစ်ခုဖြစ်ပေသည် ။။

ဆရာတော်ရွှမ်းနန်က သူ့တပည့်နှစ်ယောက်၏အမူအယာကို အကဲခက်၍ဆက်ပြောလိုက်သည်။

“ သိုင်း‌လောကထဲမှာ သိုင်းပညာတွေကိုအမျိူးအစားအများကြီးခွဲထားတယ် ။သူတို့ထဲမှာ အစွမ်းအထက်ဆုံးကို ဘယ်သူမှမပြောနိုင်ပေမယ့် သိုင်းကျမ်းတွေထဲမှာ ထိပ်ဆုံးကရှိတာ ထိပ်တန်းအဆင့်သိုင်းပညတွေပဲ ။

သိုငိးကွက်ဆိုတာ အသေ ၊ လူကအရှင် ဆိုပေမယ့် သိုင်းဝိဇ္ဇာအဆငိ့တွေမှာတောင်သိုင်းကွက်တွေက အရေးပါနေတုန်းပဲ ။

လူတစ်ယောက်ဘယ်လောက်ပဲပါရမီကောင်းပါစေ အညံ့စားသိုင်းပညာကိုသာလေ့ကျင့်နေရင့်သူ့ရဲ့တိုးတက်မှုကလည်းအကန့်အသက်နဲ့ဖြစ်လိမ့်မယ်။။

သိုင်းပညာလမ်းစဉ်မှာ အရေးကြီးတာက မဆုတ်မနစ်တဲ့ဇွဲသတ္တိကြိုးစားမှု၊ ကံကောင်းမှု ၊ ထိုးထွငိးသိမြင်မှုလို့ခေါ်တဲ့ ပါရမှအရည်အချင်းနဲ့ အထောက်အပံ့တွေပဲ။

ဒီလေးမျိုးထဲကနှစ်မျိုးလောက်ပဲရှိရင်တောင် သိုင်းလောကမှာ ကျော်ကြားဖို့သံသယဖြစ်စရာမလိုတော့ဘူး။။

ထိပ်တန်းအဆင့်သိုင်းပညာတွေဆိုတာ သိုင်းပညာလမ်းစဉ်ကိုပိုပြီးဝေးဝေးလျှောက်လှမ်းနိုင်အောင်ကူညီတဲ့အထောက်အပံ့တွေဖြစ်သလို ငါတို့ဂိုဏ်းကြီး‌ခြောက်ခုကလွဲရင် ကျန်တဲ့ ထိပ်တန်းအင်အားစုတွေမှာတောင်အများကြီးမရှိဘူး ။

အဲဒီထဲမှာ ရှေးခေတ်တွေကဆင်းသက်လာပြီး နှစ်ရာနဲ့ချီပြီး တိမိမြုက်နေရာကနေ အချိန်တစ်ခုကို‌ရောက်မှ ပြန်လည်ပေါ်ထွက်လာတတ်တဲ့ ရှေးဟောင်းသိုင်းပညာတွေလည်ရှိတယ် သူတို့ရဲ့အစွမ်းကလည်း သိုင်းလောကထဲက နာမည်ကျော်ထိပ်တန်းအဆင့်သိုငိးပညာတွေနဲ့တူညီတယ်။

ရှေးဟောင်းသိုင်းပညာတွေထဲမှာ အစွမ်းအထက်ဆုံးက မူလပုံစံလို့ခေါ်တဲ့သိုင်းပညာတွေပဲ....”

ဆရာတော်ရွှမ်းနန်ပြောဆိုနေသည့်စကားများက လွန်စွာအရေးပါလှ၍ ကြွယ်ယန်နှင့်ကြွယ်စင်းတို့လည်း အသေအချာအာရုံစူးစိုက်ကာ နားထောင်နေကြသည်။

ဆရာတော်ရွှမ်းနန်က သူ၏စကားကိုဆက်လိုက်သည်။

“ မူလပုံစံလို့ခေါ်တဲ့သိုင်းပညာတွေက သိုင်းပညာရပ်တွေစပြီးထွန်းကားလာခဲ့တဲ့သိုင်းလောကခေတ်ဦးကနေစပြီး ပြုပြင်ပြောင်းလဲမှုမရှိဘဲအခုချိန်ထိတည်ရှိနေတဲ့သိုင်းပညာတွေပဲ။။

အချိန်ကြာလေလေဆုတ်ယုတ်လာလေလေဆိုတဲ့စကားအတိုင်း နောက်လူတွေက အရင်လူတွေရဲ့သိုင်းပညာတွေကိုအပြည့်အဝမဆက်ခံနိုင်တာနဲ့ တစ်ချို့ပညာရှင်တွေကသူတို့ရဲ့သိုင်းပညာတွေကိုဘယ်သူ့ကိုမှအမွေမပေးလိုက်နိုင်ဘဲ သေဆုံးသွားတော့ အစွမ်းထက်သိုင်းပညာတွေအများကြီးပျောက်ကွယ်သွားတာတွေလည်းရှိတယ်။။

လက်ရှိသိုင်းလောကထဲကသိုင်းပညာအများစုက နှစ်ထောင်နဲ့ချီပြီးတည်ရှိလာတော့ မူလအတိုင်းမဟုတ်ဘဲ ပြင်ဆင်ဖြည့်စွက်မှုတွေရှိလာတယ်။

ဒါပေမယ့် ပြင်ဆင်ဖြည့်စွက်မှုမရှိဘဲ မူလအတိုင်းတည်ရှိနေသေးတဲ့အစွမ်းထက်သိုင်းပညာတွေကို မူလပုံစံသိုင်းပညာလို့ခေါ်တယ် ။

ဝူတန်းမှာဆိုမူလပုံစံထိုက်ကျိသိုင်း၊ ခွန်လွန်မှာဆို လေ့ကျင့်နိုင်သူမရှိလို့ တိမ်မြုပ်နေပြီဖြစ်တဲ့ နတ်ဘုရားလက်ဝါးသိုင်း၊ ငါတို့ရှောင်လင်မှာဆို သဏ္ဍာန်ငါးမျိုးသိုင်း စတာတွေက မူလပုံစံသိုင်းပညာတွေပဲ။

ကျန်တဲ့ဂိုဏ်းကြီးသုံးခုမှာဆိုရင်လည်း အလားတူမူလပုံစံသိုင်းပညာတွေရှိကြတယ်။။

သဏ္ဍာန်ငါးမျိုးသိုင်းပညာ‌ဆိုတာ သိုင်းကွက်သီးသန့်မဟုတ်ဘဲ သတ္တဝါငါးမျိုးရဲ့ကိုယ်ဟန်ကိုတုပပြီးတိုက်ခိုက်ရတဲ့သိုင်းပညာတွေပဲ။

ရှောင်လင်လျှို့ဝှက်သိုင်းခုနစ်ဆယ့်နှစ်မျိူးထဲက နဂါးလက်သည်း ၊ ကျားလက်သည်း နဂါးနဲ့ကျားလက်သီးသိုင်း ၊ ကျားနိုင်လက်သီးသိုင်း ၊ ရေပေါ်ကလျှပ်စီးလှုပ်ရှားမှုသိုင်း စတာတွေပ သဏ္ဍာန်ငါးမျိုးသိုင်းပညာကိုအ‌ခြေခံပြီးတည်ထွင်ထားတဲ့သိုင်းပညာတွေပဲ....”

ဆရာတော်ရွှမ်းနန်၏ရှင်းပြမှုကြောင့် ကြွယ်ယန်တို့နှစ်ယောက်လည်း သဏ္ဍာန်ငါးမျိုးသိုင်းပညာကို သူတို့အထင်သေးမိကြောင်းသိလိုက်ပြီး ထိုသိုင်းပညာ၏စွမ်းအားကသူတို့ခန့်မှန်နိုင်သည်ထက်ပင်များစွာသာလွန်နေသေးသည်။

“ သဏ္ဍာန်ငါးမျိုးသိုင်းပညာက အစွမ်းထက်လွန်းပေမယ့် သူတို့ထဲက သဏ္ဍာန်တစ်မျိုးကိုလေ့ကျင့်အောင်မြင်ဖို့တောင်အလွန်ခက်ခဲတယ်။

ဘယ်လောက်တောင်ခက်ခဲသလိုဆိုရင် သဏ္ဍာန်တစ်မျိုးကိုအောင်မြင်ဖို့က လျှို့ဝှက်သိုင်းခုနစ်ဆယ့်နှစ်မျိူးထဲကတစ်ခုကိုအောင်မြင်ဖို့ထက်ပိုပြီး ခက်ခဲသေးတယ်။

ဒါကြောင့်လည်း ရှောင်လင်ရဲ့သမိုင်းမှာ သဏ္ဍာန်ငါးမျိုးသိုင်းကိုအလုံးစုံအောင်မြင်တဲ့လူဆိုလို့လက်ချိုးရေနိုင်အောင်နည်းပါးနေတာပဲ .။

ငါ အခုမင်းတို့ကိုပေးတဲ့ စာအုပ်တွေထဲမှာ သဏ္ဍာန်ငါးမျိုးသိုင်းထဲက နှစ်မျိုးစီပါဝင်တယ်။

ကြွယ်ယန်ကတိုက်စစ်အားသန်တဲ့လူတစ်ယောက်ဆိုတော့ ကိုယ်ဖော့ပညာနိမ့်ကျနေတဲ့အတွက် ကိုယ်ဖော့ပညာအတွက် ကြိုးကြာကိုယ်ဟန်နဲ့ တိုက်ခိုက်ဖို့အတွက်နဂါးကိုယ်ဟန်ကိုရေးပေးထားတယ် ။

ကြွယ်စင်းက ကိုယ်ဖော့ပညာ‌ပိုကောင်းပြီး သတိကြီးကြီးနဲ့တိုက်ခိုက်တတ်တဲ့လူတစ်ယောက်ဆိုတော့ တိုက်ခိုက်ဖို့အတွက်ပိုပြီးအစွမ်းထက်စေဖို့ မြွေကိုယ်ဟန်နဲ့ ကျားကိုယ်ဟန်ကိုထည့်သွင်းထားတယ်။

ပုံမှန်ဆိုရင် မင်းတို့နှစ်ယောက်လုံးရွှမ်းဝါစဉ်ရောက်မှ ဒီသိုင်းပညာကိုသင်ယူခွင့်ရမှာဆိုပေမယ့် မင်းတို့က ငါ့တပည့်တွေဆိုတော့ ဒီသိုင်းပညာတွေကို တစ်မျိုးနှစ်မျိုးစီလောက်သင်ခွင့်ရနိုင်တယ်။

ဒါကြောင့် သိုင်း‌လောကထဲကိုမဆင်းခင်မှာ ဒီစာအုပ်ထဲက သိုင်းပညာတွေကိုအလွတ်ကျက်မှတ်သွားကြပါ။

ဒါတွေက မင်းတို့ကို ပိုပြီးအစွမ်းထက်လာအောင်ကူညီပေးနိုင်လိမ့်မယ် ။

ပြီးတော့ မင်းတို့ရှောင်လင်ကထွက်ပြီးရင် ဒီကိုပြန်ရောက်ဖို့ ဘယ်လောက်ကြာမယ်မှန်းမသိရတာကြောင့် ငါကူညီပေးနိုင်တာက ဒါအကုန်ပဲ....”

ထိုအခါမှ ကြွယ်ယန်နှငိ့ကြွယ်စင်းတို့လည်း သူတို့၏ရှေ့ရှိစာအုပ်ငယ်လေးများကို တုန်ယင်နေသည့်လက်အစုံဖြင့်ကောက်ယူလိုက်မိကြရင်း သူတို့ဆရာ၏ကြီးမားသည့်စေတနာကို သဘောပေါက်နားလည်သွားကြသည်။

ထိုစာအုပ်လေးများထဲတွင်ပါဝင်သည်က အစွမ်းထက်သိုင်းပညာများသာမဟုတ်ဘဲ ဆရာတော်ရွှမ်းနန်၏ဂရုစိုက်မှုများ၊ စေတနာမေတ္တာတရားများလည်းပါဝင်သည်။

“ ကိုင်း.. ငါပြောချင်တာဒီလောက်ပါပဲ။ ဘာမှတော့ ထွေထွေထူးထူးမမှာချင်တော့ဘူး။ သိုင်း‌လောကထဲကိုရောက်သွားရင်လည်း ဆိုးယုတ်တဲ့လူတစ်ယောက်ဖြစ်မလာဘဲ လူတွေရဲ့အကျိုးကိုဆောင်နိုင်မယ့် လူတစ်ယောက်ဖြစ်လာပါလို့ပဲ ငါမှာချင်တယ်....”

ဆရာတော်ရွှမ်းနန်ကသူ၏စကားကိုအဆုံးသတ်ရင်း ထရပ်လိုက်သည်။

ကြွယ်ယန်နှင့်ကြွယ်စင်းတို့ကား သူတို့၏ဆရာကို ခံစားချက်များပြည့်နှကိနေသညိ့မျက်ဝန်းများဖြင့်ကြည့်နေရင်း စိတ်ထဲမှလည်း ဆရာတော်ရွှမ်းနန်၏မှာကြားမှုကို လိုက်နာပါ့မည်ဟု ကျိန်ဆိုလိုက်ကြသည်။

ဆယ်နှစ်ကျော်ကြာအောင် သူတို့ကိုဂရုတစိုက်စောင့်ရှောက်သင်ကြားပေးခဲ့ပြီး အပေးသာရှိ၍ အယူမရှိသည့် ဆရာတော်ရွှမ်းနန်၏ကျေးဇူးများကိုမည်သည့်အခါမှ မေ့လျော့နိုင်မည်ကြမဟုတ်ဘဲ ရိုသေလေးစားစွာဖြင့် ဒူးထောက်ကာ အရိုအသေပေးလိုက်ကြတော့သည်။

&&&&

All Chapters