← Chapters

ကြုံဆုံရသော

Vol. 2 Ch. 49

ကြုံဆုံရသော

Vol. 2 Ch. 49

မြင်းကောင်းနှစ်စီးကိုဝယ်ယူရန် ‌သူပိုင်ဆိုင်သမျှငွေကြေးများအနက် သုံးပုံတစ်ပုံခန့်ကိုသုံးစွဲခဲ့ရ၍ ထိုအကြောင်းကိုတွေးမိတိုင်းစိတ်ထဲတွင်အနည်းငယ်နာကျင်သွားပြီး ရှောင်ယောင်လည်းမကျေမနပ်ပုံစံဖြင့်အော်ဟစ်လိုက်သည်။။

“ ဖြေးဖြေးမောင်း....ငါတို့ကျန်းနန်ကိုရောက်ရင် ပြန်ရောင်းရမှာ ....”

ရှောင်ယောင်၏စကားကိုမကြားသည့်အလား အတော်ဝေးဝေးသို့ရောက်နေသည့်ဟောင်ရန်က လက်ပြ၍ အရှိန်မလျော့ဘဲဆက်မောင်းသွားလေသည်။

ဤသို့ဖြင့် တိတ်ဆိတ်ခြောက်ကပ်နေသည့်လမ်းမထက်တွင် အပြင်းစိုင်းနှင်လာသည့်မြင်းခွာသံများနှင့် အပြန်အလှစနောက်နေကြသည့်အသံနှစ်ခုတို့ကျယ်လောင်စွာထွက်ပေါ်နေ‌တော့သည် ။

&&&&

ငွေလရောင်တည်းခိုခန်း

ဆိုင်ဝင်ပေါက်ထိပ်တွင်ချိတ်ဆွဲထားသည့် ဆိုင်းပုဒ်က အားနည်းသည့်မီးအလင်းရောင်ကြောင်း မပီပြင်ဝိုးတဝါးဖြစ်နေသည် ။

ငွေလရောင်တည်းခိုခန်းဟုဆိုသော်လည်း ဆိုင်၏သွင်ပြင်ကအတော်ပင်စုတ်ချာပြီး ဆိုင်အောက်ထပ်စားသောက်ခန်းပုံစံပြင်ဆင်ထားသည့်နေရာတွင်ပင် စားပွဲဝိုင်းအနည်းငယ်သာရှိသည် ။

ဤနေရာမှာ ဟန်ကျင်းသိူ့သွားရာ လမ်းမဘေးတွင်ရှိသော်လည်း မြိုရွာများနှင့်အလှမ်းကွာသည့်အတွက် တစ်ခါတစ်ရံဝင်ရောက်စားသောက်သူများနှင့် ညဘက်တည်းခိူစရာနေရာမရှိသူများသာဝင်ရောက်လာတတ်သည်။

ထို့ကြောင့် ဆိုင်၏‌ဝင်ငွေက တက်လိုက်ကျလိုက်ဖြစ်နေပြီး ထိုအချက်ကြောင့်လည်း ဆိုင်ရှင်မှာ ဆိုင်၏အနေအထားကို ကောင်းစွာပြင်ဆင်ရန်စိတ်မကူးတော့ဘဲ ရသမျှကိုသာ ရောင့်ရဲ၍ဆက်ဖွင့်နေခြင်းဖြစ်သည်။

ယနေ့ညတွင်တော့ မဆိုးသည့်အနေအထားဟုပြော၍ရကာ စားပွဲဝိုင်းလေးလေးဝိုင်းတွင်ဧည့်သည်များရှိနေပြီး လူအရေအတွက်ကရှစ်ယောက်အထိရှိသည်။။

ထို့ကြောင့်လည်း ဆိုင်ရှင်နှင့်တစ်ယောက်သာရှိသည့်ဆိုင်လုလင်တို့မှာ ပါးစပ်နားရွတ်ချိတ်မတတ်ပြုံးနေကြရင်း စားသောက်ဖွယ်ရာများကို ကြော်လှော်နေကြသည်။

ဆိုင်အလုပ်သမားဟူ၍ တစ်ယောက်သာရှိပြီး ထိုလူငယ်က ဧည့်ကြိုရော စားပွဲထိုးရာထူးပါယူထားကာ ဆိုင်ရှင်ကလည်း ငွေသိမ်းတာဝန်ရောစားဖိုမှူးတာဝန်ကိုပါရရှိထားပေသည် ။

စားသောက်ခန်းထဲရှိဧည့်သည်များကလည်း ညအ မှောင်ထဲခရီးမဆက်လို၍ လာရောက်တည်းခိုကြခြင်းဖြစ်ကာ ထူံးစံအတိုင်း ညစာမှာယူစားသောက်နေကြခြင်းဖြစ်သည်။

မည်သို့ပင်ဖြစ်စေ သူ့အရပ်နှင့်သူ့ဇတ်လိုက်ဖက်နေသည့်တည်းခိုခန်းလေးက ယိုင်နဲ့နဲ့ဖြင့်ဆက်သွားနေဆဲဖြစ်ကာ အရင်းမပြုတ်သရွေ့ယခုအတိူင်းဖွင့်လှစ်သွားမည်ဖြစ်သည် ။

“ ဟော....ကောင်လေး မြင်းခွာသံတွေကြားတယ်။ ဒီကိုလာတာနဲ့တူတယ် ။ သွားစမ်းဧည့်သည်တွေကို သွားကြိုလိုက်ဦး....”

လက်နှီးစုတ်တစ်ခုကိုင်ကာ မီးဖိုပေါ်ရှိ ဒယ်ပိုင်းကြီးကိ မရွ့နေသည့် ဆိုင်ရှင်ကအကြည့်မလွှဲဘဲပြောလိုက်သည်။

သူ၏စကားကြောင့် အသက်ဆယ့်လေးဆယ့်ငါးနှစ်ခန့်သာရှိမည့်ဆိုင်လုလင်လေးလည်း မီးဖိုချောင်အပြင်သို့အလျှင်အမြန်ထွက်ခွာသွားလိုက်သည် ။

“ ကောင်လေး ငါတို့ဝိုင်းကမှာထားတာတွေမရသေးဘူးလား....”

ဆိုင်လုလင်လေး ဘေးဘက်မှဖြတ်အသွားတွင် ဆိုင်ထောင့်စားပွဲဝိုင်းရှိ လူသူံးယောက်ထဲမှတစ်ယောက်မေးလိုက်ခြင်းဖြစ်သည် ။

ထိုလူ၏စကားကြောင့် ပိန်ပိန်ပါးပါးခန္တာကိုယ်ရှိသည့်ဆိုင်လုလင်လေးလည်း ဖြူဖွေးသည့်သွားများကိုသုံးဆယ့်နှစ်ချောင်းလုံးပေါ်အောင်ပြုံးပြလိုက်ရင်းပြန်ဖြေလိုက်သည်။

“ ရပါတော့မယ် ဆရာကြီး....ဝူတိရဲ့နှိမ့်ချခြင်းကျမ်းစာထဲမှာပါတယ်လေ ။ သည်းခံခြင်းဆိုတာ စိတ်ကိုလေ့ကျင့်ခြင်းတစ်မျိုးပဲတဲ့ ။ စောင့်လက်စနဲ့ ဆက်ပြီးစောင့်နေလိုက်ပါဦး....”

ဆိုင်လုလင်လေးက စာသံပေသံဖြင့်ပြောရင်း ဆိုင်ရှေသို့လှစ်ခနဲထွက်သွားတော့သည် ။

“ အမယ် ဒီကောင်က ဘယ်ဆိုးလို့လဲ....”

ဆိုင်လုလင်လေးနှင့်စကားပြောခဲ့သည့်လူက အံ့ဩဟန်ဖြင့် ရေရွတ်လိုက်ရင်း စားပွဲပေါ်ရှိ ရေနွေးအိုးကို ငှဲ့လိုက်သည်။

သူအပါအဝင်ထိုဝိုင်းရှိလူသုံးယောက်လုံးက အဖြူရောင်စာပေသမားပုံစံကိုဝတ်ဆင်ထားကြကာ အသက်လေးဆယ်ဝန်းကျင်ရှိကြပြီး ဆင်တူသည့် ပုံစံများကြောင့်မသိလျှင် ညီအစ်ကိုများအလားပင်။

ကျန်ရှိနေသည့်စားပွဲဝိုင်းသူံးခုကလည်း သူ့နည်းသူ့ဟန်ဖြင့်ထူးခြားကြပြီး အသက်ဆယ့်ရှစ်နှစ်ခန့်ရှိမည့် မိန်းမလှလေးနှစ်ယောက်က တစ်ဝိုင်းထိုင်နေကာ ဘေးဝိုင်းရှိ ချောမောသည့်လူရွယ်နှစ်ယောက်က မိန်းမလှလေးများကို မျက်စိအစာကျွေးနေကြသည်။

ကျန်စားပွဲဝိုင်းတွင် ဓားတစ်ချောင်းကို သိုင်းလွယ်ထားသည့် အပြာရောင်ဖျင်ကြမ်းဝတ်စုံဝတ်လူတစ်ယောက်ထိုင်‌နေပြီး ညအချိန်ဖြစ်သည့်တိုင်ခမောက်ကြီးတစ်ခုကိုဆောင်းထား၍ သူ၏ရုပ်ရည်သွင်ပြင်ကိုကောင်းစွာမမြင်ရပေ။

ခြုံ၍ပြောရလျှင်ဆိုင်ထဲရှိလူအားလုံးက သိုင်းလောကသားများဖြစ်ဟန်တူပြီး ယခုလို လူသူမနီးသည့်နေရာရှိဆိုင်လေးထဲတွင် စုဆုံနေကြသည်က အနည်းငယ်ထူးဆန်းပေသည် ။

“ ဟား....အစ်ကိုရှောင်ယောင်ကညစ်တာပဲ.....ခင်ဗျားက ကျုပ်ထက်မြင်းစီးကျွမ်းတာကို အခုလိုမျိူးအလောင်းအစားလုပ်တာ ဘယ်သဘာဝကျမလဲ...”

ဆိုင်အပြင်မှထွက်ပေါ်လာသည့် မကျေမနပ်အသံတစ်ခုကြောင့် ဆိုင်ထဲရှိလူများလည်း ဧည့်သည်အသစ်များရောက်ရှိလာကြသည်ကို သိရှိလိုက်ကြသည်။

မီးဖိုချောင်ထဲရှိ ကြော်လှော်နေသည့်အသံများမှအပ ထူးထူးဆန်းဆန်းတိတ်ဆိတ်နေသည့်အခြေအနေကို ထိုအသံကဖြိုခွင်းလိုက်ခြင်းဖြစ်ပြီး လူအားလုံးလည်း နောက်ထပ်ရောက်လာသည့်လူကိုအကဲခပ်လိုက်ကြသည် ။

“ ဟားဟား....အလောင်းအစားလုပ်ဖို့မင်းပဲအကြံပြုတာနော်...မရဘူး ဒီနေ့ညကုန်ကျငွေကို မင်းရှင်းရမယ်....”

သူတို့၏မြင်ကွင်းထဲသို့ဦးစွာဝင်ရောက်လာသည်က အဖြူရောင်ကျောင်းတော်သားဝတ်စုံကိုဝတ်ဆင်ထားသည့် ချောမောခန်ညားသည့်လူငယ်တစ်ဦးနှင့် သူ၏နောက်မှစူပုတ်ပုတ်မျက်နှာဖြင့်ပါလာသည့် စာပေသမားဝတ်စုံဝတ်လူငယ်တို့ဖြစ်သည်။

ရှောင်ယောင်နှင့်ဟောင်ရန်တို့လည်း ဆိုင်ထဲသို့ဝင်ပြီးမှအထဲရှိထူးဆန်းသည့်လူများကို သတိပြုမိသွားပြီး ရှောင်ယောင်၏မျက်ခုံးများအနည်းငယ်မြင့်တက်သွားသည် ။

ဟောင်ရန်ကတော့ ထိုလူများကိုများစွာဂရုမစိုက်ဘဲ သူ၏အိပ်ကပ်ပိန်ပိန်လေးကိုသာစမ်း၍ခေါင်းယမ်းလိုက်မိတော့သည်။

“ သွားပါပြီ ကျုပ်မှာ လက်ကျန်ငွေသုံးတုံးနဲ့ ငွေစ လေးစပဲကျန်တော့တယ် ။ ခင်ဗျားမှာ အများကြီးရှိရဲ့သားနဲ့ကပ်စေးနဲနေတယ်.....”

ဟောင်ရန်က ပြောပြောဆိုဆိုဖြင့် လူလွတ်နေသည့်စားပွဲဝိုင်းဆီသို့ဦးတည်သွားလိုက်သည်။

ဆိုင်ထဲတွင် စားပွဲဝိုင်းကငါးခုသာရှိပြီး ထိုအထဲမှလေးခုတွင်လူများရှိနေရာ သူတိုလည်း ဆိုင်အလယ်ရှိစားပွဲတွင်သာနေရတော့သည်။

စားပွဲဝိုင်းငါးခုက ထူးဆန်းသည့်သဏ္ဍာန်ဖြင့်ရှိနေခြင်းဖြစ်ပြီး ညာဘက်ခြမ်းတွင် မိန်းမလှလေးနှစ်ယောက်နှင့်လူငယ်နှစ်ယောက်တို့၏ဝိုင်းနှစ်ခုရှိကာ ကျန်တစ်ဖက်ခြမ်း၍ စာပေသမားသုံးယောက်နှင့် အပြာရောင်ဝတ်စုံဝတ်လူတို့၏ဝိုင်းနှစ်ခုရှိသည်။

“ ဟမ့်...ဘယ်လိုလူတွေလဲမသိဘူး အော်ကြီးဟစ်ကျယ်နဲ့ ငွေမရှိတဲ့အကြောင်းကညဉ်းနေသေးတယ်။ စားဖို့တောင်ငွေမရှိရင် အစထဲက ဝင်မလာပါနဲ့လား ...”

မိန်းမလှလေးနှစ်ယောက်ထဲမှ အပြာရောင်ဝတ်စုံဖြင့်မိန်းကလေးက ခပ်တိုးတိုးပြောလိုက်ခြင်းဖြစ်သည်။

သူမ၏အသက်ကဆယ့်ရှစ်နှစ်ဝန်းကျင်သာရှိမည်ဖြစ်ကာ ခပ်မြင့်မြင့်စည်းနှောင်ထားသည့်ဆံပင်များရှိပြီး ဖြူစင်ဝင်းမွတ်သည့်အသားအရေ၊ တောက်ပစူးရှသည့်မျက်ဝန်းများ ၊ ဖြောင့်စင်းသည့်နှာတံလေးနှင့် နုရွသည့်နှုတ်ခမ်းဖူးဖူးလေးတို့ပိုင်ဆိုင်ထားကာ တက်ကြွပြီးချစ်စရာကေယသ်းသည့်သွင်ပြင်ရှိပေသည်။

ဖူးသစ်စအရွယ်ဖြစ်‌သော်လည်း ရှိသင့်ရှိထိုက်သည့်ကောက်ကြောင်းများဖြင့်ဖွံ့ဖြိုးနေပြီဖြစ်သညိ့သူမ၏ခန္တာကိုယ်လေးကလည်း အတော်ပင်အချိူးအစားကျနေပြီး ယောင်္ကျားသားတို့အတွက် နှစ်ခါပြန်ငေးချင်စရာကောင်းလှသည်။

သူမနှင့်မျက်နှာချင်းဆိုင်တွင်ထိုင်နေသည့်မိန်းကလေးကား အနက်ရောင်သိုင်းဝတ်စုံကိုဝတ်ဆင်ထားကာ ချယ်ရီရောင်နှုတ်ခမ်းပါးပါးလေး၊ ကျောက်စိမ်းကဲ့သို့ချောမွေ့သော ပါးပြင်၊ စကားပြောနေဟန်ရှိသော မျက်ဝန်းလှလှလေးများကမြင်သူတိုင်းကိုရင်ခုန်စေပေမည်။

သူမ၏အလှက နောက်တစ်ခါ လှည့်မကြည့်ပဲ မနေနိုင်အောင် ဆွဲဆောင်နိုင်သော အလှတရားပင်ဖြစ်သည်။

တစ်ခဏကြည်မိရုံဖြင့် ရိုးအီသွားစေမည့်အလှတရားမဟုတ်ဘဲ အချိန် ကြာမြင့်စွာ ကြည့်မိပြီဆိုချှင်သူမ၏အလှတရားက နှလုံးသားကိုဝင် ထိုးဖောက်နိုင်လေသည်။

ကံမကောင်းစွာဖြင့် နတ်မိမယ်လေးလိုလှသည့်မျက်နှာလေးက မပြုံးမရယ်အနေအထားရှိကာ ကြည်လင်သည်ဘမျက်ဝန်းများက ပင်ကိုအေးစက်နေသညိ။။

အပြာရောင်ဝတ်စုံဝတ်မိန်းမလှလေးက အလှတရားနှင့်ပြည့်စုံသည့်နှင်းဆီပန်းလေးနှင့်ဆင်တူသည်ဆိုလျှင် သူမကရေခဲတောင်ထိပ်တွင်ပေါက်နေသည့် ဖြူစင်သန့်ရှင်းသည့်နှင်းကြာပွင့်လေးအလားပင်။

လူတိုင်း၏အိပ်မက်နတ်သမီးဖြစ်နိုင်သလို အေးစက်သည့်အလွှာပါးတစ်ခုကာရံထား၍ လက်လှမ်းမမှီနိုင်ဆိုသည့်ခံစားချက်ကိုလည်းပေးစွမ်းနေသည်။

ထို့ကြောင့်ပင် ဘေးဝိုင်းရှိ လူရွယ်နှစ်ယောက်က ထိုမိန်းမလှလေးနှစ်ယောက်ကို ရောက်စကပင် မျက်စေ့မလွှဲထိုင်ကြည့်နေခြင်းဖြစ်ပြီး သိသိသာသာတစ်မျိုး၊ မသိမသာတစ်ဖုံ ပိုးပန်းနေကြတော့သည်။

သိူ့သော် ထိုမိန်းကလေးနှစ်ယောက်လုံးက ခေသူမဟုတ်ကြဘဲ သိုင်းပညာအဆင့်မြင့်မြင့်တတ်မြောက်ထားကြဟန်တူပြီး သူမတို့၏စားပွဲပေါ်တွင်တင်ထားသည့် ဓားရှည်နှစ်လက်သက်သေပင်။

မိန်းမလှလေးနှစ်ယောက်၏အလှက တစ်ထောင်တွင်တစ်ယောက်တွေရခဲသည့်အလှလေးများဖြစ်သည့်တိုင် ခမောက်ဆောင်းထားသူကစိတ်ဝင်စားဟန်မရဘဲ အရက်ကိုသာတစ်ခွက်ပြီးတစ်ခွက်မော့သောက်နေသည်။

သူ၏စားပွဲဝိူင်းတွင်လည်း အရက်အိုးအလွတ်နှစ်အိုးရှိနေသည် ။

စာပေသမားသုံးယောက်ကမူ စားသောက်ဖွယ်ဂာများကိုစောင့်စားနေရင်း အချင်းချင်းရောက်တတ်ရာရာပြောဆိုနေကြခြင်းဖြစ်၏။

ဆိုင်ထဲရှိအခြေအနေက သူ့ဟာနှင့်သာအစီအစဉ်ကျနေစဉ် ရှောင်ယောင်နှငိ့ဟောင်ရနိတို့ရောက်ရှိလာခြင်းက တည်ငြိမ်နေသည့်အခြေအနေကိုတစ်မျိုးတစ်ဖုံပြောင်းလဲသွားစေတော့သည် ။

“ ဒီမယ် မိန်းကလေး မင်းက ကျုပ်တို့ကို စောင်းပြောလိုက်တာလား....”

စားပွဲတွင်ဝင်ထိုင်လိုက်သည့်ဟောင်ရန်က အပြာရောင်ဝတ်စုံဝတ်မိန်းမလှလေးကို မကျေနပ်သည့်ပုံစံဖြင့်မေးလိုက်ခြင်းဖြစ်သည်။

ထိုမိန်းကလေးနှစ်ယောက်လုံးက ထိပ်တန်းအလှလေးများဖြစ်ပြီး သူမတို့သွားလေရာနေရာတိုင်းရှိ ယောင်္ကျားသားများကိုစွဲဆောင်နိုင်သည့်တိုင် ဟောင်ရန်တော့ပါဝင်ဟန်မတူပေ။

ရှောင်ယောင်နှင့်မြင်းစီးပြိုင်၍ရှုံးနိမ့်လာပြီး စိတ်အခြေအနေမကောင်းသည့်ဟောင်ရန်ကား ရောက်ရောက်ချင်း လှောင်ပြောင်ခံလိုက်ရ၍ ချစ်စရာကောင်းလှသည့်မိန်းကလေးကိုပင် သည်းခံနိုင်ခြင်းမရှိတော့ခြင်းဖြစ်သည်။

ဟောင်ရန်၏မာဆက်ဆက်စကားကြောင့် အပြာရောင်ဝတ်စုံဝတ်မိန်းမလှလေး၏မျက်ဝန်းများကစူးရှသွားပြီး သူမ၏ဦးခေါင်းလေးကိုမော့ကာ လှောင်ပြောင်လိုသည်ပုံစံဖြင့်ပြောလိုက်သည် ။

‘” စောင်းပြောနေတာမဟုတ်ဘူး ရှင်တို့ကိုဒဲ့ပြောနေတာ ....”

“ မင်း...”

မိန်းမလှလေး၏ ပွင့်လင်းသည့်ရန်စစကားကြောင့်

ဟောင်ရန်၏မျက်နှာကအနည်းငယ်တင်းမာသွားသည်။

သို့သော် ရုပ်ကလေးလှသလောက် ဆက်ဆက်ကကြဲလေးဖြစ်ဟန်တူသည့်မိန်းမလှလေးက ဟောင်ရန့်ကိုမိုက်ကြည့်ကြည့်ကာ ထပ်ပြောလိုက်သည်။

“ ဘာဖြစ်တာလဲ.. မကျေနပ်ဘူးလား...တိုက်ခိုက်ချင်တာလား...ဘာက ပျော့နွဲ့နွဲ့နဲ့....”

မိန်းကလေး၏စကားများက သည်းခံနိုင်သည့်အတိုင်းအတာထက်ပင်ကျော်လွန်လာပြီဖြစ်ရာ ဟောင်ရန်၏မျက်နှာက အေးစက်တင်းမာနေပြီး ဝုန်းခနဲထရပ်လိုက်မိသည် ။

&&&&

All Chapters