တစ်နည်းတစ်ဖုံထူးခြားသူများ
Vol. 2 Ch. 50
ထိုစဉ် မိန်းမလှလေး၏ဘေးဝိုင်းတွင်ထိုင်နေသညိ့လူငယ်နှစ်ယောက်ပါထရပ်လာရင်း ဟောင်ရန့်ကိုကြည့်၍ တစ်ယောက်ကပြောလိုက်သည်။
“ ဟေ့ ဒီကမိတ်ဆွေ မိန်းကလေးတစ်ယောက်ကို မင်းကအခုလိုမျိုးဆက်ဆံစရာလား...ဒီက မိန်းကလေးကိုပြန်တောင်းပန်လိုက်ပါ .. “
အဖြူရောင်သိုင်းဝတ်စုံကိုဝတ်ဆင်ထားပြီး ချောမောသည့်ထိုလူရွယ်က ပွဲလန့်တုန်းဖျာခင်းဆိုသလို မိန်းမလှလေးထံမှမျက်နှာသာရရန်ကြိုးပမ်းလိုက်သည်။
သူ၏ဘေးဘက်ရှိ လူရွယ်ကလည်း လက်ပိုက်၍ခန့်ညားသည့်ဟန်ဖြင့်ရပ်နေရင်းခေါင်းညိမ့်ထောက်ခံလိုက်သည် ။
“ ဒီကညီလေးတုပြောတာ ဟုတ်တယ် မင်းပြန်တောင်းပန်လိုက်ပါ....”
အလိုလိုနေရင်းလှောင်ပြောင်ခံနေရသည့်အပြင် မဆီမဆိုင်လူများကပါ ကြားထဲမှဝင်ပြောနေ၍ ပင်ကိုယ်စိတ်မြန်သည့်ဟောင်ရန်လည်းသူ၏ဓားကိုပင်ဆွဲထုတ်မိတော့မည်ကဲ့သို့ဖြစ်သွားသည် ။
နုနယ်ချောမောသည့်သူ၏မျက်နှာက ဒေါသကြောင့်အနည်းငယ်နီရဲနေပြီး ကြင်နာသည့်စိတ်အခံရှိသည့်တိုင် ယခုအချိန်တွင် အတော်လေးဒေါသထွက်နေမိသည်။
သို့သော် နွေးထွေးသည့်လက်တစ်ဖက်က သူ၏ပခုံးကိုဆုပ်ကိုက်လာပြီးရင်းနှီးနေသည့်အသံကိုကြားလိုက်ရသည်။
“ ဟောင်ရန် စိတ်ထိမ်းစမ်း......”
ဆိုင်ထဲသို့ဝင်ရောက်လိုက်စဉ်မှစ၍ ရှောင်ယောင်၏ပုံစံကအလေးအနက်ဖြစ်နေပြီး တစ်စုံတစ်ခုကိုတွေးတောနေဟန်တူသည်။
ထိုကြောင့်လည်း ဟောင်ရန်နှင့်အပြာရောင်ဝတ်စုံဝတ်မိန်းကလေးတို့စကားများစဉ်က သူအချိန်မီမတုန့်ပြန်လိုက်နိုင်ဘဲ ယခုမှဟန့်တားလိုက်ခြင်းဖြစ်သည်။
လက်ရှိအချိန်၌ တစ်ဦးထဲထိုင်နေသည့်ခမောက်ဆောင်းထားသူက တောက်ပသည့်မျက်လုံးများဖြင့်အခြေအနေကိုအကဲခပ်နေသလို စာပေသမားသုံးယောက်ကလည်း ဝင်ရောက်ဖြန်ဖြေရန်စိတ်ကူးရှိပုံမပေါ်ဘဲ အချင်းချင်းတီးတိုးပြော၍ သဘောတကျကြည့်ရှုနေကြသည် ။
ထိုအခိုက် ဆိုင်နောက်ဘက်မှလူရိပ်တစ်ခုထွက်လာပြီး ရယ်သံစွက်သည့်အသံတစ်ခုကိုပါကြားလိုက်ရသည် ။
“ ကျေးဇူးပြုပြီးကျုပ်ဆိုင်ထဲမှာတော့ ရန်မဖြစ်ကြပါနဲ့....မတော်လို့ စားပွဲတွေထိုင်ခုံတွေကျိုးသွားရင် ကျသင့်ငွေအတိူင်းပြန်လျှော်ရမယ်နော်...ဟဲ ဟဲ... “
အသံပိုင်ရှင်က မီးဖိုဆောင်ထဲတွင် အလုပ်ရှုပိနေသည့်ဆိုင်ရှငိဖြစ်ပြီး သူတို့၏တင်းမာသည့်အခြေအနေကိုထွက်အကဲခပ်ရင်းပြောလိုက်ခြင်းဖြစ်သည်။
အသက်ငါးဆယ်ဝန်းကျင်ရှိမည်သော်လည်း နုပျိုသည့်ပုံစံရှိသည့်ဆိုင်ရှင်မှာ အရွယ်မရောက်သေးသည့်ကောင်လေးတစ်ယောက်နှင့်ပင်ဆင်တူလှပြီး ထူထဲသည့်နှူတ်ခမ်းမွှေးကြောင့်သာမဟုတ်ပါက လူကြီးတစ်ယောက်ဟုမည်သူမှထင်မည်မဟုတ်ပေ။
သူ၏ညာဘက်လက်ထဲတွင် ယောင်းမကြီးတစ်ခုကိုကိုင်ထားပြီး ရင်ဘက်ရှေ့တွင် ဆီကာသည့်အဝတ်စတစ်ထည်ကိုချည်ထားသည်။
ရုတ်တရက်ထွက်ပေါ်လာသည့်ဆိုင်ရှင်ဖြစ်သူကြောင့် သူတို့၏တင်းမာသည့်အခြေအနေက အခိုက်အတန့်ပြေလျော့သွားသလို ပွဲကြီးပွဲကောင်းစောင့်ကြည့်နေသည့်စာပေသမားသုံးယောက်လည်း မချင့်မရဲဖြစ်သွားဟန်တူကာ တစ်ယောက်က ဆိုင်ရှင်ကိုပြောလိုက်သည်
“ ဗျို့ မဆိုင်ဘဲဝင်ရှုပ်တဲ့လူကြီး ကျုပ်တို့မှာထားတာ အတော်ကြာနေပြီ...ဒိမှာထိုင်ရလွန်းလို့ ဖင်တောင်ဝဲစွဲတော့မယ်....”
စာပေသမားသုံးယောက်ထဲမှတစ်ယောက်၏စကားကြောင့် ကျန်လူများပြုံးလိုက်မိကြစဉ် ဆိုင်ရှင်ကလည်းရယ်မော၍ပြန်ဖြေလိုက်သည်။
“ ဝဲစွဲရင်လည်း ဘေးကနှစ်ယောက်ကိုအကုတ်ခိုင်းဆရာကြီးရေ ကျုပ်က ခင်ဗျားတို့စားဖို့ပြင်ဆင်နေတော့ လာပြီးကုတ်ပေးလို့မကောင်းဘူး။
တကယ်လို့ ဝဲစွဲတာ အများကြီးမကြာသေးရင် ဟန်ကျိူးက နာမည်ကြီးဆေးဆရာဖြစ်တဲ့ ဆရာကျောက်ကြီးရဲ့ မြွေနှစ်ကောင်ဝဲဆေးဝယ်လိမ်းလို့ရတယ်။
ဒါမှမသက်သာသေးရင်တော့ ဆောင်းဦးမှာကျတဲ့နှင်းစက်ကို အဝေရာမြစ်နဲ့မန်ကျည်းခေါက်ရောကြိတ်တဲ့အမှုန့်ထဲမှာထည့်။ ပြီးရင် တစ်ရက်နှစ်ကြိမ်စီလိမ်းပေး...”
ဆိုင်ရှင်၏အတည်ပေါက်စကားကြောင့် အစောပိုင်းကဒေါသထွက်နေသူများပင် ပြုံးစိစိဖြစ်ကုန်ကြသည်။
ထို့နောက် ဆိုင်ရှင်ကြီးက မီးဖိုဆောင်ထဲသို့ပြနိဝင်သွားသည်
အပြောခံရသည့်စာပေသမားက ပါးစပ်အဟောင်းသားဖြင့်ကျန်နေခဲ့ပြီး ဘေးရှိသူ၏မိတ်ဆွေတစ်ယောက်က ရယ်မောလိုက်သည်။
“ အပြောပိုင်တယ်လို့နာမည်ကြီးတဲ့ စုထင်းကတော့ ဒီဆိုင်ရှင်နဲ့မှခံလိုက်ရပြီဟေ့...”
“ ဟားဟာ..စောစောကလည်း စားပွဲထိုးလေးက ဒီကောင့်ကိုစာသံပေသံနဲ့ဆုံးမသွားသေးတယ်....”
သူ့မိတ်ဆွေနှစ်ယောက်၏ စနောက်စကားများကိုမတုန့်ပြန်နိုင်၍ စုထင်းဆိုသူလည်း မချိပြုံးပြုံး၍ခေါင်းယမ်းလိုက်မိသည်။
“ ဒီဆိုင်က တစ်ခုခုတော့ တစ်ခုခုပဲကွ ။လွန်ခဲ့တဲ့တစ်လလောက်တုန်းက ငါဒီနေရာကနေတစ်ကြိမ်ဖြတ်သွားဖူးတယ် ။အဲဒီတုန်းကလည်း ဒီဆိုငိရှိပေမယ့် ပိတ်ထားတာ ။
ဒီနေရာက ရောင်းမကောင်းတော့ ဆိုင်ရှင်တွေအရင်းပြုတ်တာကြာလို့မဖွင့်တာနှစ်နည်းနည်းကြာပြီလို့ကြားတယ်။။
အခု ရက်ဘယ်လောက်မှတောင်မကြာသေးဘူး ဆိုင်ကပြန်ဖွင့်နေပြီ ။ ပြီးတော့ ဆိုင်ရှင်နဲ့ဆိုင်လုလင်က သိုင်းလောကသားတွေ ဂရုစိုက်တဲ့ပုံမပေါ်ဘူး.....”
စုထင်း၏စကားကြောင့် ကျန်နှစ်ယောက်လည်း ခေါင်းယမ်းလိုက်မိကြပြီး တစ်ယောက်ပြောလိုက်သည်။
“ အများကြီးတွေးမနေပါနဲ့ ဟိုရှေ့ပြဇာတ်လေးကိုပဲဆက်ကြည့်ရအောင်...”
ထိုလူ၏စကားကြောင့်ကျန်နှစ်ယောက်လည်း အချေအတင်ဖြစ်နေသည့်လူလေးယောက်ကိုသတိရသွားကြကာ စိတ်ဝင်တစားပုံစံဖြင့်ပြန်ကြည့်လိုက်မိကြသည်။
ထိုအချိန်တွင် ဆိုင်ရှင်ကြီးဝင်ရှုပ်လိုက်၍ ဒေါသတကြီးဖြစ်နေသည့်ဟောင်ရန်တို့တစ်သိုက်မှာ ဘယ်ကစ၍စရမှန်းမသိတော့ပေ။
ထို့နောက် ရှောင်ယောင်၏ဖြောင်းဖျစကားကြောင့် ဟောင်ရန်လည်းစိတ်လျော့လိုက်ပြီး သူ့ကိုမကျေမနပ်ပုံစံကြည့်နေသည့်မိန်းကလေးနှင့် မဆီမဆိုင်ဝင်ပါသည့်လူငယ်နှစ်ယောက်ကို တစ်ချက်ကြည့်ကာပြန်ထိုင်လိုက်သည်။
သို့သော် ဟောင်ရန်နှင့်စကားများခဲ့သည့် အပြာရောင်ဝတ်စုံဝတ်မိန်းမလှလေးက လူရွယ်နှစ်ယောက်၏ဘက်သို့လှည့်သွားကာကာ အေးစက်စက်အသံဖြင့်မေးလိုက်သည်
“ ရှင်တို့ကရော ဘာဖြစ်လို့မဆိုင်ဘဲဝင်ရှုပ်တာလဲ.... ကျမက ရှင်တို့ကိုကျေးဇူးတင်မယ်ထင်လို့လား...ဝေးသေးတယ်....”
မိန်းမလှလေး၏ဘွင်းဘွင်းရှင်းရှင်းစကားကြောင့် မျက်နှာလိုမျက်နှာရဝင်လုပ်သည့်နှစ်ယောက်မှာ ဆက်ရပ်နေရမလိုပြန်ထိုင်ရမလိုဖြစ်သွားကြပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။
ထိုစဉ် အရွက်ကြော်တစ်ပွဲကိုအိန္ဒြေရရစားသောက်နေသည့်အနက်ရောင်ဝတ်စုံဝတ်မိန်းမလှလေးက သူမ၏လက်ထဲရှိတူတစ်စုံကိုအသာချကာ ခေါင်းယမ်း၍ပြောလိုက်သည် ။
“ ရှန်းရှန်း နင်လည်းတော်တော့...အလကားနေရင်းပြဿနာပဲလိုက်ရှာမနေနဲ့....”
အနည်းငယ်အေးစက်စက်ပုံစံပေါက်သော်လည်း ကြည်လင်သာယာသည့်ထိုမိန်းကလေး၏အသံက အတော်ပင်နားထောင်ကောင်းလှသည်။
ပြဿနာကိုမီးထွန်းရှာတတ်ဟန်တူသည့်အပြာရောင်ဝတ်စုံဝတ်မိန်းမလှလေးက အနက်ရောင်ဝတ်စုံဝတ်မိန်းကလေးကို အတော်ပင်လေးစားဟန်တူပြီး စကားအဆုံး၌ ပြန်ထိုင်လိုက်သည် ။
သို့တိုင် သူမကဟောင်ရန်နှင့်လူရွယ်နှစ်ယောက်ကို မျက်စောင်းတစ်ချက်စီပစ်သွင်းလိုက်သည် ။
ထို့နောက် မျက်နှာမရဘဲခြေထောက်ရဆိုသလို မိန်းမလှလေး၏ရန်တွေ့ခံလိုက်ရသည့်လူရွယ်နှစ်ယောက်လည်း သူတို့၏ဟန်ပန်ကိုထိမ်း၍ပြန်ထိုင်လိုက်ကြသလို အပြာရောင်ဝတ်စုံဝတ်မိန်းမလှလေးလည်း ငြိမ်သက်သွားတော့သည် ။
စာပေသမားသုံးယောက်သည်လည်း ရန်ပွဲမဖြစ်တော့၍ အနည်းငယ်စိတ်ပျက်သွားဟန်တူကာ အချင်းချင်းထွေရာလေးပေါးပြောဆိုနေကြသည်။
“ အစ်ကိုရှောင်ယောင်ဘာဖြစ်နေတာလဲ....”
ရှောင်ယောင်က ဆိုင်ထဲသို့ဝင်ရောက်ချိန်မှစ၍ တည်ကြည်လေးနက်သည့်ပုံစံဖြင့်ရှိနေသောကြောင့် ဟောင်ရန်ကမေးလိုက်ခြင်းဖြစ်သည် ။
သူ၏မေးခွန်းကြောင့် ရှောင်ယောင်လည်း ကိုယ်ကို ရှေ့သို့ကိုင်းလိုက်ပြီးခပ်တိုးတိုးပြောလိုက်သည်။
“ ဒီဆိုင်က နည်းနည်းထူးဆန်းနေတယ်မထင်ဘူးလား....ဆိုင်ထဲမှာရှိတဲ့လူတွေအားလုံးက သိုင်းထိပ်သီးအဆင့်အောက်မနိမ့်ကြဘူးနော် ။ ပြီးတော့ ဆိုင်ရှင်လူကြီးနဲ့ ဆိုင်လုလင်လေးကလည်း တစ်ခုခုပဲ....”
ရှောင်ယောင်၏တည်ကြည်သည့်စကားကြောင့် ဟောင်ရန်နှင့်မိန်းမလှလေးနှင့်ရန်ဖြစ်ခဲ့သည်ကိုပင်မေ့လျော့သွားပြိး အခြားလူများကိုအကဲခပ်လိုက်မိသည်။
ရှောင်ယောင်ပြောသလို ဆိုင်ထဲရှိလူများကတစ်ယောက်တစ်မျိုးစီထူးခြားကြပြီး အားလုံးက သိုင်းပညာမြင့်မားကြသူများသာဖြစ််သည်။
စကားသံအဆက်မပြက်ထွက်ပေါ်နေသည့်စာပေသမားသုံးယောက်က သာမန်ပုံစံသာရှိသော်လည်း သူတို့သုံးယောက်လုံးက အဆင့်လွန်ထိပ်သီးများဖြစ်ကာ မည်သည့်ပြဿနာကိုပင်ဖြစ်စေကြောက်လန့်ဟန်မတူဘဲပျော်ပျော်နေတတ်ကြပုံပေါ်သည်။
ဟောင်ရန့်ကို တစ်ချက်တစ်ချက်၌မကျေမနပ်ကြည့်နေကြဆဲဖြစ်သည့်လူရွယ်နှစ်ယောက်ကလည်း အသက်အစိတ်ပတ်ချာလည်သာရှိကြသော်လည်း သူတို့၏သိုင်းပညာများကမြင့်မညးကြသည်။
ထို့အတူ ဆိုင်ထောင့်ရှိခန့်မှန်းမရသည့် ခမောက်ဆောင်းထားသူနှင့် အသက်နှစ်ဆယ်မပြည့်ကြသေးသည့်တိုင် သိုင်းပညာအဆင့်မြင့်လှသည့်မိန်းမလှလေးနှစ်ယောက်လည်း အထင်သေး၍မရပေ။
ခြုံ၍ဆိုရလျှင် ဆိုင်ထဲရှိလူများက တစ်ယောက်တစ်မျိူးစီထူးခြားကြပြီးသူတို့အားလုံးက နာမည်ကြီးသိုင်းသမားများဖြစ်ကြဟန်တူသည်။
ရှောင်ယောင်တို့နှစ်ယောက်သာအတွေ့အကြုံနည်းပါး၍လူနှင့်နာမည်ကိုတွဲမသိခြင်းဖြစ်ပြီး ထိုအချိန်မှာပင် မီးဖိုဆောင်ထဲမှထွက်လာသည့်ဆိုင်လုလင်လေးက အငွေ့တထောင်းထောင်းထနေသည့်ဟင်းပွဲများကိုသယ်ကာ စာပေသမားသုံးယောက်ဆီသို့ဦးတည်လျှောက်လာသည်။
ဟောင်ရန်လည်း ရှောင်ယောင်၏စကားကြောင့် ဆိုင်လုလင်လေးကိုပါသတိထားကြည့်လိုက်ရာ အတော်ပင်အံ့ဩစရာကောင်းသည့်အချက်ကိုသတိပြုလိုက်မိသည်။
အသက်ဆယ့်ငါးနှစ်ဝန်းကျင်သာရှိပြီး ပိန်ပိန်ပါးပါနှင့် ကြည့်ကောင်းသည့်ရုပ်သွင်ရှိသညိ့ ဆိုင်လုလင်လေးက ပန်းကန်များပြည့်အောင်တင်ထားသည့် သစ်သားလင်ဗန်းကြီးကိုတစ်ဖက်တွင်ကိုင်ကာ ကျန်တစ်ဖက်က ရေနွေးအိုးအသစ်တစ်အိုးကိုယူလာသည်။
လင်ဗန်းပေါ်တွင် ဟင်းပွဲငါးခုအထက်ရှိပြီး ဟင်းရည်ပန်းကန်နှစ်ခုပင်ပါဝင်သော်လည်း ဆိုင်လုလင်လေး၏လက်ထဲတွင် ဖိတ်စင်ရန်ဝေးစွ တစ်ချက်ကလေးမှပင်လှုပ်ခတ်ခြင်းမရှိပေ။
သူ၏ခြေလှမ်းများကလည်း တစ်ခုနှင့်တစ်ခုတိုင်းထွာထားသလိုတိကျလှပြီး ဆိုင်လုလင်လေး၏ပုံစံက သိုင်းပညာတတ်မြောက်ဟန်လည်းမတူ၍ အတော်ပင်ထူးဆန်းလှသည် ။
&&&&