မှန်းဆမရသည့်လူငယ်များ
Vol. 2 Ch. 56
သေမင်းဖြူကိုဆိုင်လုလင်လေးနှင့်အနီးဆုံးနေရာတွငိရှိသည့်မိန်းမလှလေးနှစ်ယောက်က အလျှင်အမြန်ရှေ့တက်ကာတိုက်ခိုက်လိုက်ခြင်းဖြစ်သည်။
အံ့ဩစရာကောင်းသည့်အချက်ကား ထိုမိန်းမလှလေးများ၏ဓားချက်က ခမောက်ဆောင်းထားသူလောက်မြန်ဆန်ခြင်းမရှိသော်လည်းများစွာနိမ့်ကျခြင်းမရှိပေ။
“ ဖယ်စမ်း....”
သေမင်းဖြူက အော်ဟစ်ကြုံးဝါးရင်း သူ၏အင်္ကျီလက်စကိုဝေ့ယမ်း၍ မိန်းမလှလေးနှစ်ယောက်၏တိုက်ကွက်များကိုရိုက်ထုတ်လိုက်သည် ။
သိုင်းကွက်ချင်းယှဉ်လျှင်ရှုံးနိမ့်ခြင်းမရှိသော်လည်း
သေမင်းဖြသ၏အတွင်းအားကသိုင်းဝိဇ္ဇာအဆင့်သို့ရောက်ရှိနေပြီဖြစ်ရာ မိန်းမလှလေးနှစ်ယောက်လည်းမည်သို့မှမဟန်နိူင်ဘဲနောက်ဆုတ်ပေးလိုက်ရသည်။
ထိုစဉ် သေမင်းဖြူ၏နောက်ဘက်ဆီမှ ပြင်းထန်သည့်တိုက်ခိုက်မှုနှစ်ခုဝင်ရောက်လာသလို ငွေရောင်စုတ်တံနှစ်ချောင်းနှင့်သံမဏိပုလွေတို့က သူ၏ဘေးဘက်ဆီမှတိုးဝင်လာကြသည်။
တစ်ခုပြီးတစ်ခုဆက်တိုက်ဝင်ရောက်လာသည့်တိုက်ခိုက်မှုများကြောင့် သေမင်းဖြူမှာ ဆိုင်လုလင်လေးကိုဆက်လက်တိုက်ခိုက်နိုင်ရန်ဝေးစွ လက်ဝါးချက်များစွာရိုက်ထုတ်ကာ သူ့ကိုယ်သူကာကွယ်လိုက်ရသည်။
“ ဝုန်း...ဝုန်း... .”
ကျယ်လောင်သည့်ပေါက်ကွဲသံများအဆက်မပြက်ပေါ်ထွက်လာပြီး နောက်မှဝင်ရောက်တိုက်ခိုက်သည့်ရှောင်ယောင်နှင့်ဟောင်ရန်တို့နောက်ဆုတ်ပေးလိုက်ရသလို ဘေးဘက်မှဝင်တိုက်သည့် စုထင်းနှင့် ဝမ်ဝူးတို့လည်းဒယီးဒယိုင်ဖြစ်သွားကြသည်။
ယခုတစ်ကြိမ်၌ ရှောင်ယောင်တို့လည်း လက်ပိုက်ကြည့်မနေနိုင်ကြတော့ဘဲ သေမင်းဖြူလှုပ်ရှားသည်နှင့်သူတို့လည်း ပြိုင်တူလှုပ်ရှားပြီးဖြစ်သည်။
သို့တိုင် သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်ရှိသည့်သေမင်းဖြူက လွန်စွာကြောက်မက်ဖွယ်ကောင်းသူတစ်ယောက်ဖြစမပြီး ရှောင်ယောင်တို့လေးယောက်၏အစွမ်းထက်တိုက်ကွက်များကိုပင် တစ်ဦးထဲရင်ဆိုင်နိုင်ပေသည်။
သို့သော် တိုက်ခိုက်မှုများကို လုံးဝကာကွယ်နိုင်သည်မဟုတ်ဘဲ သူ၏ဘယ်ဘက်ပခုံးတွင် ဟောင်ရန်၏ဓားချက်အနည်းငယ်ရှပ်ထိသွား၍ သွေးစီးကြောင်းတစ်ခုပေါ်လာသလို စုထင်း၏သံမဏိစုတ်တံက သူ၏အင်္ကျီစကိုစုတ်ဖြဲသွားသည်။
တစ်ဖက်တွင် ဟောင်ရန်နှင့်ရှောင်ယောင်တို့က မည်သို့မှမဖြစ်ဘဲမူလကအတွင်းဒဏ်ရာအနည်းငယ်ရရှိထားဟန်တူသည့်စုထင်းသာ သွေးတစ်ပွတ်အန်ထုတ်လိုက်ရသည်။
မည်သို့ပင်ဖြစ်စေ ဆိုင်လုလင်လေးကိုကာကွယ်ရန် လူရွယ်နှစ်ယောက်မှအပ ကျန်လူအားလုံးလှုပ်ရှားလာ၍ သေမင်းဖြူပင်ဆက်လက်တိုက်ခိုက်ဝံ့ခြင်းမရှိတော့ဘဲ အေးစက်စက်အသံဖြင့်ခနဲ့လိုက်သည်။
“ ဟားဟား...ဒါလားကွ ဖြောင့်မက်မှန်ကန်တဲ့အဖြူရောင်သိုင်းသမားတွေ ။ အများနဲ့တစ်ယောက်ဝိုင်းတိုက်ကြသေးတာ....”
သေမင်းဖြူ၏စကားကြောင့် နောက်ဘက်မှဝင်တိုက်သည့်ဟောင်ရန်၏မျက်နှာကပြောင်းလဲသွားသော်လည်း စုထင်းတို့နှစ်ဦးကား ဂရုစိုက်ဟန်မတူဘဲ ပြန်၍ပင်လှောင်ပြောင်လိုက်သေးသည်။
“ အဲ့တော့ဘာဖြစ်ဘဲ ကျုပ်တို့ကတော့ ကိုယ့်ကိုယ်ကို အဖြူရောင်သိုင်းသမားတွေလို့အသံကောင်းဟစ်မထားဘူး။ ကျုပ်တို့လူအုပ်နဲ့ဝိုင်းတိုက်ချင်တိုက်မယ်ဘာဖြစ်လဲ...”
စုထင်းကအတွင်းဒဏ်ရာရရှိနေသော်လည်း လေသံမာနေဆဲဖြစ်ပြီးသေမင်းဖြူကိုသာမက တစ်စုံတစ်ရာလှုပ်ရှားခြင်းမပြုသည့်လူရွယ်နှစ်ယောက်ကိုပါလှောင်ပြောင်လိုက်ခြင်းဖြစ်သည်။
သူ၏စကားကြောင့် အစောပိုင်းကဝင်ပါခြင်းမပြုဘဲ တုန်လှုပ်သည့်ပုံစံဖြင့်ရှိနေကြသည့်လူရွယ်နှစ်ယောက်မှာ ရှက်ရွံ့ဒေါသထွက်သွားဟန်တူသည် ။
မိန်းမလှလေးနှစ်ယောက်ထဲမှ ပြဿနာရှာတတ်သည့်အပြာရောင်ဝတ်စုံဝတ်မိန်းမလှလေးက ရှေ့တက်ရင်း သူမ၏ဓားကိုဝေ့ယမ်းကာ ပြောလိုက်သည်။
“ ရုပ်ဆိုးဆိုးလူကြီး စကားများမနေနဲ့ တိုက်မှာလားမတိုက်ဘူးလား....ဘာလဲ ကြောက်ချေးပန်းနေတာလား “
ထိုမိန်းမလှလေးက ပြဿနာရှာတတ်သည့်စရိုက် ရှိရုံသာမဟုတ်ဘဲ တစ်ဖက်လူကိုလှောင်ပြောင်သည့်နေရာတွင်လည်း အတော်ပင်ထူးချွန်ပေသည် ။
သူမ၏စကားကြောင့် သေမင်းဖြူ၏မျက်နှာက တင်းမာခတ်ထန်သွားပြီး တစ်စုံတစ်ခုပြောမည်ပြုစဉ် နောက်ဘက်ဆီမှဒေါသတကြီးအော်ဟစ်သံကဦးစွာထွက်ပေါ်လာသည်။
“ ဘာတွေဖြစ်နေကြတာလဲကွ...ငါ့ဆိုင်ထဲမှာ ဘယ်သူတွေတိုက်ခိုက်နေတာလဲ....”
မီးဖိုဆောင်ထဲတွင်ချက်ပြုတ်နေသည့်ဆိုင်ရှင်လူကြီးလည်း နောက်ဆုံးတွင်ထွက်လာပြီဖြစ်ကာ သူ၏လက်စွဲတော်သံယောက်မကြီးကိုကိုင်ထားရင်း ဒေါသထွက်နေဟန်တူသည် ။
ဆိုင်ရှင်လူကြီးထွက်လာသည်ကိုမြင်၍ ဆိုင်လုလင်လေးက သူ၏အနီးသို့လှစ်ခနဲပြေးဝင်သွားပြီး သူ၏နှုတ်ခမ်းမွှေးကို ဆောင့်ဆွဲကာ တင်းမာသည့်ပုံစံဖြင့်ပြောလိုက်သည်။
“ မင်းထွက်လာဖို့သတိရသေးတယ်ပေါ့ ဒီမှာငါကသေတော့မလို့ ...”
ဆိုင်လုလင်လေး၏လက်ထဲတွင်မည်းနက်သည့်နှုတ်ခမ်းမွှေးများ အပြုံလိုက်ကပ်ပါလာပြီး ဆိုင်ရှင်လူကြီး၏မျကိနှာက ပြောင်ချောသွားသည်။
ဆိုင်လုလင်လေးနှင့်များစွာမကွာဟဘဲ အသက်ဆယ့်ခြောက်နှစ်ဝန်းကျင်သာရှိမည့် ဆိုင်ရှင်လူကြီး၏မျက်နှာကြောင့် ရှောင်ယောင်တို့အားလုံး ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။
စင်စစ် ဆိုင်ရှင်လူကြီးသည်လည်း အသက်ဆယ့်ခြောက်နှစ်ခန့်သာရှိမည့် ချောမောသည့်လူငယ်လေးတစ်ဦးဖြစ်ပြီး ရုပ်ဖျက်ကာ အသက်ငါးဆယ်ဝန်းကျင်လူကြီးတစ်ယောက်လိုဟန်ဆောင်နေခြင်းဖြစ်သည်။
သူ၏ရုပ်ဖျက်ပညာကအတော်ပင်အဆင့်မြင့်လှ၍ ရှောင်ယောင်တို့အားလုံး လုံးဝသတိမပြုမိခဲ့ကြပေ။
ဆိုင်ရှင်လူကြီး သို့မဟုတ် လူငယ်လေးကကျန်လူများ၏အမူအယာကိုဂရုမစိုက်ဘဲ သူ၏လက်ထဲရှိယောက်မကြီးကိုမြောက်ကာ ဒေါသထွက်နေဟန်ဖြင့်မေးလိုက်သည်။
“ ဘယ်သူလဲ မင်းကိုတိုက်ခိုက်တာ...”
သူ၏မေးခွန်းကို ရှောင်ယောင်တို့တစ်စုံတစ်ခုမတုံ့ပြန်နိုင်မီ သေမင်းဖြူက သူတို့နှစ်ယောက်ထံသို့ခုန်ဝင်သွားပြီး လျှင်မြန်စွာတိုက်ခိုက်လိုက်သည်။
“ သတိထား....”
ဆိုင်ရှင်လူငယ်လေးကိုကြည့်၍ အားလုံးအံ့အားသင့်နေစဉ် သေမင်းဖြူကအလစ်ဝင်တိုက်ခြင်းဖြစ်၍မည်သူမှအချိန်မီမတားဆီးလိုက်နိုင်ပေ။
သို့သော် နောက်ဆက်တွဲဖြစ်ရပ်များကသူတို့အားလုံးကို ကျောက်ရုပ်သဖွယ်ဖြစ်သွားစေခဲ့သည် ။
သေမင်းဖြူဝင်ရောက်တိုက်ခိုက်လာသည်နှင့်တစ်ပြိုက်နက် ဆိုင်လုလင်လေးက နောက်သို့လှစ်ခနဲခုန်ဆုတ်ပြီးဖြစ်သလို ဆိုင်ရှင်လူငယ်လေးက သေမင်းဖြူ၏လက်ဝါးချက်များကို ဂရုမစိုက်ဘဲ သူ၏ယောက်မကြီးကိုရှေ့သို့ထိုးသွင်းလိုက်သည်။
“ ဟမ်....”
သေမင်းဖြူမှာ အစွမ်းကုန်သုံးကာလူငယ်လေးနှစ်ယောက်ကိုသတ်ဖြတ်ရန်ပင်ကြံစည်ထားသော်လည်း သူ၏လက်ဝါးရိုက်ချက်များကြားသို့ဝင်ရောက်လာသည့်ယောက်မကြီးကြောင့် ဆက်လက်တိုက်ခိုက်ရန်မဖြစ်နိုင်ဘဲ သူ၏တိုက်ကွက်ကိုလျှင်မြန်စွာရုတ်သိမ်းလိုက်ရသည် ။
သို့သော် ဒေါသအကြီးအကျယ်ထွက်၍ သတ်ဖြတ်လိုသည့်အငွေ့အသက်များဖူံးလွှမ်းနေသည့်သေမင်းဖြူကားလက်မလျော့သေးဘဲ ဆိုင်ရှင်လူငယ်လေးကြိ ကြောက်မက်ဖွယ်ကောင်းသည့်လက်ဝါးချက်များဖြင့်ထပ်မံတိုက်ခိုက်လိုက်သည်။
“ ဝုန်း....ဝုန်း....”
သေမင်းဖြူ၏အတွင်းအားပြည့်ဝလှသည့်လက်ဝါးရိုက်ချက်များက လေထုကိုပင်တုန်ခါသွားစေကာ ဆိုင်ရှင်လူငယ်လေးလည်းအဆက်မပြက်နောက်ဆုတ်ပေးလိုက်ရသည် ။
သို့သော် သေမင်းဖြူ၏တိုက်ကွက်တိုင်းကို ဆိုင်ရှင်လူငယ်လေးကရှောင်တိမ်းနိုင်ဆဲဖြစ်ပြီး နောက်သို့ဆုတ်ရင်းမီးဖိုဆောင်ပေါက်ဝသို့ပင်ရောက်ရှိသွားပြီဖြစ်သည်။
ထို့နောက် လူငယ်လေးကထပ်မံရှောင်တိမ်းခြင်းမရှိတော့ဘဲ သူ၏လက်ထဲရှိယောက်မကြီးကိုမြောက်ကာ သေမင်းဖြူကို သူကပင်စတင်၍တိုက်ခိုက်လိုက်သည်။
“ ဝှစ်.....”
ကြီးမားလေးလံသည့်သံယောက်မက လေထုကိုထိုးခွင်းကာလျှင်မြန်စွာရွေ့လျားနေသည်။
ဆိုင်ရှင်လူငယ်လေးကသိုင်းပညာတတ်မြောက်ဂ်မတူသော်လည်းသူ၏လှုပ်ရှားမှုက လျှင်မြန်သွက်လှက်လှပြီး တိုက်ခိုက်မှုများကလည်းအဆင့်အတန်းမြင့်မားလှသည်ကိုသတိပြုမိလိုက်ကြသည်။
သေမင်းဖြူ၏ပြင်းထန်အားကောင်းလှသည့်လက်ဝါးရိုက်ချက်များကို ဆိုင်ရှင်လူငယ်လေး၏ သံယောက်မကြီးကတစ်ကွက်ချင်းချေဖျက်နေပြီး သူ၏တိုက််ခိုက်မှုများကတစ်ဖက်လူ၏ဟာကွက်နေရာများသို့သာတိုးဝင်နေသည်။
ထိုတိုက်ခိုက်မှုပုံစံက ရှောင်ယောင်လေ့ကျင့်အောင်မြင်ထားသည့် လေထဲမှလက်ဝါးသိုင်းနှင့်ဆင်တူသော်လည်း သူ၏တိုက်ကွက်များက ပို၍ရိုးရှင်းကာ အစွမ်းထက်မှုက အံ့မခန်းပင်ဖြစ်သည်။
သူ၏လက်ထဲရှိယောက်မ၏နေရာတွင် ဓားတစ်လက်ဆိုပါက သေမင်းဖြူကို သူတစ်ပြန်ကိုယ်တစ်ပြန်ပင်တိုက်ခိုက်နိုင်စွမ်းရှိမည်ဖြစ်ပြီး ထိုအဖြစ်ကြောင့်ကျန်လူအားလုံး အကြီးအကျယ်တုန်လှုပ်အံ့ဩနေကြသည် ။
အထူးသဖြင့် ဓားအသုံးပြုသည့်ဟောင်ရန်ဆိုလျှင် သူ့ထက်နှစ်အနည်းငယ်ငယ်ရွယ်သော်လည်း ဓားပညာလွန်စွာထူးချွန်လှသည့်လူငယ်လေးကို မယုံကြည်နိုင်သလိုကြည့်နေမိသည် ။
ဆိုင်ထောင့်တွင်လည်း တဝုန်းဝုန်းမည်သံများအဆက်မပြက်ထွက်ပေါ်နေပြီး သေမင်းနက်နှင့်ခမောက်ဆောင်းထားသူတို့၏တိုက်ပွဲကအရှိန်မြင့်ပြီဖြစ်သည်။
သေမင်းနက်မှာ ခမောက်ဆောင်းထားသူ၏ဓားကွက်များကို ခုခံရှောင်တိမ်းနေရပြီး တိုက်ပွဲအစကပင် အသာစီးယူနိုင်ခြင်းမရှိဘဲဖြစ်နေသည်။
နှစ်ယောက်ပေါင်းလျှင် အစစ်အမှန်သိုင်းဝိဇ္ဇာတစ်ယောက်ကိုယှဉ်နိုင်သည်ဟုနာမည်ကျော်သည့် သေမင်းနှစ်ဖော်ကား ခမောက်ဆောင်းထားသူနှင့် ထူးခြားသည့်ဆိုင်ရှင်လူငယ်လေးတို့၏လက်ထဲတွင်အလူးအလဲခံနေရသည် ။
“ ဘာမှစိတ်မပူနဲ့ ကျုပ်အစ်ကိုကြီးက ဟိုလူကြီးကို အနိုင်မယူနိုင်ရင်တောင် သူရှုံးမှာမဟုတ်ဘူး.... ခင်ဗျားတို့ အေးအေးဆေးဆေးကြည့်နေကြ....”
မည်သည့်အချိန်က သူတို့ဘေးသို့ရောက်နေမှန်းမသိသည့် ဆိုင်လုလင်လေးက ပြုံး၍ပြောလိုက်သည်။
သူ၏လေသံက ခိုင်မာသည့်ယုံကြည်မှုတို့ဖြင့်ပြည့်ဝနေပြီး ရှောင်ယောင်တို့ပင် အံ့အားသင့်မိကြသည် ။
သူ၏စကားကြောင့် ရှောင်ယောင်တို့လည်း ဆိုင်ရှင်လူငယ်လေးနှင့်ဆိုင်လုလင်လေးတို့မှာ ညီအစ်ကိုများဖြစ်သည်ကိုရိပ်မိလိုက်ကြပြီး သူတို့၏ထူးချွန်လှသည့်သိုင်းပညာများကိုအံ့ဩမဆုံးအောင်ရှိနေကြသည်။
ဆိုင်လုလင်လေးက တိုက်ခိုက်ခြင်းမရှိသော်လည်း သူ၏လှုပ်ရှားမှုများက လွန်စွာမြန်ဆန်ကာ ကိုယ်ဖော့ပညာသီးသန့်ဆိုလျှင် ဤအခန်းတွင်းရှိလူအားလုံးထက်ပင်သာလွန်နိုင်သည်။
သေမင်းဖြူကိုတစ်ဦးထဲရင်ဆိုင်တိုက်ခိုက်နေသညိ့ ဆိုင်ရှင်လူငယ်ကား ပို၍ပင်အစွမ်းထက်လှပြီး ဆယ့်ခြောက်နှစ်ဝန်းကျင်သာရှိဦးမည့် သူ၏အသက်အရွယ်ကိုပါကြည့်ရှုပါက သိုင်းလောကအတွင်မှပါရမီရှင်ဆိုသည့်လူငယ်မျိုးဆက်များ ထိုင်ငိုသွားစေနိုင်လောက်အောင် ထူးချွန်ထက်မြက်လှသည်။
ထူးခြားဆန်းကြယ်ပြီးအစွမ်းထက်သည့်လူငယ်လေးနှစ်ယောက်မည်သည့်အတွက် ယခုလိုနေရာမျိုးတွင်စားသောက်ဆိုင်ဖွင့်နေသည်ကို သူတို့အားလုံးစဉ်းစားမရနိုင်ပေ။
ထိုအချိန်တွင် သူ့ထက်အသက်များစွာငယ်ရွယ်လှသည့်လူငယ်လေးကိုအနိုင်မယူနိုင်သေး၍ သေမင်းဖြူ၏ပုံစံက ပေါက်ကွဲတော့မည့်မီးတောက်တစ်လုံးလိုဖြစ်လာပြီး ဒေါသတကြီးအော်ဟစ်လိုက်သည်။
“ ချော်ရည်ကျောက်လက်ဝါးသိုင်း.....”
သေမင်းဖြူ၏ကြီးမားသည့်လက်ဝါးနှစ်ဖက်က နီရဲပူပြင်းလာပြီး ဆိုင်အတွင်းရှိအပူချိန်ကအဆများစွာမြင့်တက်လာသည်ကိုသူတို့အားလုံးခံစားမိလိုက်ကြသည်။
သဲကန္တာရမှနာမည်ကျော်သိုင်းသမားများပီသစွာ သေမင်းနှစ်ဖော်လုံးက အပူဓာတ်အတွင်းအားကိုယ်စီပိုင်ဆိုင်ထားကြဟန်တူပြီး တစ်ဖက်မှသေမင်းနက်ထံမှလည်း အားကောင်းသည့်အပူလှိုင်းတစ်ခုထွက်ပေါ်လာပြီး သူ၏လက်ဝါးရိုက်ချက်များက ယခင်ကထပ်များစွာကြောက်မက်ဖွယ်ကောင်းလာသည်ကိုတွေ့လိုက်ရသည်။
ထိုအဖြစ်ကြောင့် ဗဟုသုတများသည့်စာပေသမား
များက မျက်နှာပျက်သွားကြပြီး ဝမ်ဝူးက ဆိုင်လုလင်လေးကိုကြည့်၍ စိုးရိမ်တကြီးပြောလိုက်သည်။
&&&&