← Chapters

တာဝန်တစ်ခုပေးအပ်မှု

Vol. 2 Ch. 58

တာဝန်တစ်ခုပေးအပ်မှု

Vol. 2 Ch. 58

“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..ကျမက ဘယ်အဖွဲ့အစည်းနဲ့မှမပတ်သတ်ပါဘူး ...”

“ ငါ့ကိုမလိမ်နဲ့ချင်းတန်...”

အဖိုးအို၏အသံကအနည်းငယ်လှုပ်ခတ်နေပြီး ဒေါသအရိပ်အယောင်တို့ပါဝင်လျက်ရှိသည်။

ထို့နောက် အဖိုးအို၏ခန္တာကိုယ်က မိန်းမလှလေး၏ဘက်သို့လှည့်လာပြီး သူမ၏မျက်လုံးများကိုစိုက်ကြည့်ရင်းမေးလိုက်သည်။

“ ငါ့ကိုမှန်မှန်ပြော....နင်လက်စားချေဖို့ကြိုးစားနေတာမလား ... “

အဖိုးအို၏လေသံက တင်းမာနေဆဲဖြစ်သော်လည်း သူ၏မျက်ဝန်းထဲတွင် သနားကြင်နာသည့်အရိပ်အယောင်တို့ပါဝင်နေပြိး ကရုဏာ‌ဒေါသဖြင့်မေးလိုက်ခြင်းသာဖြစ်သည်။

သူမကိုအချိန်အတော်ကြာကျွေးမွေးစောင့်ရှောက်လာသည့်ဆရာသခင်နှင့်ရင်ဆိုင်ရာတွင် တည်ငြိမ်ရင့်ကျက်လှသည့်မိန်းမလှလေးသည်လည်း သာမန်ကလေးမလေးလိုဖြစ်သွားပြီး ကြည်လင်သည့်မျက်ဝန်းလှလှလေးထဲတွင် ငွေ့ရည်ဖွဲ့လာကာ နှုတ်ခမ်းကိုကိုက်၍ပြောလိုက်သည်။

“ ဟုတ်တယ်ဆရာ ....ကျမ လက်စားချေဖို့ကြိုးစားနေတာ ။ဒီ့အတွက်လည်း ခေါင်းဆောင်နဲ့ အပေးအယူလုပ်ပြီး လက်စားချေနိုင်ဖို့ သူ့အတွက် အလုပ်လုပ်ပေးနေတာ....”

မိန်းမလှလေး၏စကားအဆုံးတွင် အဖိုးအိုလည်း စိတ်မကောင်းဖြစ်ဟန်ဖြင့်ခေါင်းယမ်းလိုက်မိသည်။

“ မိုက်လှချေလား ချင်းတန်ရယ်... နင့်စိတ်ထဲမှာ ဒီလိုအတွေးတွေရှိနေသေးတယ်ဆိုတာကို လွန်ခဲ့တဲ့သုံးနှစ်ထဲက ငါသိသင့်တယ် ။နင့်ကိုသိုင်းလောကထဲစေလွှတ်မိတာ ငါမှားတာပဲ....”

အဖိုးအိုက တစ်ကိုယ်တည်းရေရွတ်နေပြီး သူ၏မျက်လုံးများက ဖျက်ခနဲတောက်ပလာပြီး အနည်းငယ်အေးစက်သည့်လေသံဖြင့်မေးလိုက်သည်။

“ အဲဒီအဖွဲ့အစည်းကဘာလဲ.. ငါစုံစမ်းကြည်ရသလောက် အတော်လေးအင်အားတောင့်တင်းပြီး ကြောက်စရာကောင်းတဲ့အဖွဲ့ပဲ။ ပြီးတော့ ခေါင်းဆောက်ဆိုတာကရော ဘယ်သူလဲ....”

အဖိုးအို၏မေးခွန်းကြောင့် တည်ငြိမ်နေသည့်မိန်းမလှလေးမျက်ဝန်းထဲတွင် စိုးရိမ်ပူပန်သည့်အရိပ်တစ်ခုဖြတ်ပြေးသွားပြီး အလျှင်အမြန်ပြောလိုက်သည်။

“ ဆရာ သူတို့အကြောင်းကို စုံစမ်းဖို့မကြိုးစားပါနဲ့ ...ကျမကို ဒီအတိုင်းလွှတ်ထားလိုက်ပါ ....”

မိန်းမလှလေး၏စကားကြောင့် အဖိုးအို၏မျက်နှာက တင်းမာခတ်ထန်သွားပြီး သူ၏ဘေးရှိဗျပ်စောင်းရှည်ပေါ်သို့ရိုက်ချခိုက်သည်။

“ ဝုန်း......”

ကျောက်တုံးကျောက်ခဲများကိုပင်အမှုန့်ဖြစ်သွားစေနိုင်မည့်ရိုက်ချက်က ဗျပ်စောင်းရှည်၏ကြိုးများကိုအနည်းငယ်သာတုန်ခါစေခဲ့သည်။

“ သိုင်းလောကထဲမှာ ငါ ပိုင်ကျန်းဟူ ကြောက်ရမယ့်‌လူမရှိဘူး....ငါသူတိူ့နဲ့သွားပြီးတွေ့မယ်....”

အဖိုးအို၏လေသံက အေးစက်တင်းမာနေပြီး သူ၏မျက်လုံးများက စိန်ပွင့်များအလားတဖျက်ဖျက်တောက်ပလျက်ရှိသည်။

သို့သော် မိန်းမလှလေးက သူမ၏ဦးခေါင်းကိုတွင်တွင်ခါယမ်းရင်း အဖိုးအို၏ရှေ့တွင် ဒူးထောက်ကာပြောလိုက်သည်။

“ ဆရာ...ကျေးဇူးပြုပြီး ...ဒီကိစ္စတွေကို ဝင်မပါဘဲနေလို့ရမလား ။ ကျမကို တပည့်အဖြစ်အသိအမှတ်ပြုတယ်ဆိုရင် ဆရာလုံးဝ ဝင်မပါပါနဲ့...”

မိန်းမလှလေး၏စကားသံထဲတွင်ရှိုက်သံသဲ့သဲ့ပင်ပါလာပြီး မျက်နှာကိုမမြင်ရသည့်တိုင် သူမ၏မျက်ဝန်းထဲတွင်မျက်ရည်စများရစ်သိုင်းနေမည်ကိုခန့်မှန်းနိုင်ပေသည်။

သူ့တပည့်မ၏စိတ်ဓာတ်မည်မျှမာကျောလှသည်ကိုကောင်းစွာသိရှိထားသည့်အဖိုးအိုလည်း သူမ၏ယခုလိုပုံစံနှင့်တောင်းဆိုမှုကိုကြားလိုက်ရ၍ အတော်ပင်စိတ်မကောင်းဖြစ်သွားဟန်တူကာ ခေါင်းယမ်းလိုက်မိတော့သည်။

ထို့နောက် သူ၏လက်ကိုခါပြကာ အေးစက်စက်အသံဖြင့်ပြောလိုက်သည်။

“ သွားတော့....နင်သွားချင်တဲ့နေတာကိုသွားတော့.....”

အဖိုးအို၏လေသံက ရေခဲလိုအေးစက်နေပြီး သူ၏အမူအယာကလည်း တင်းမာခတ်ထန်လျက်ရှိသည်။

ထိုါနောက် မိန်းမလှလေးက အဖိုးအိုကို ရိုကျိုးစွာဖြင့် သုံးကြိမ်တိတိဦးညွှတ်အရိုအသေပေးလိုက်ပြီး ထိုနေရာမှထွက်ခွာသွားတော့သည် ။

ခပ်လှမ်းလှမ်းသို့ရောက်မှ ကျောက်ရုပ်တစ်ရုပ်အလားတည်ငြိမ်စွာထိုင်နေသည့်အဖိုးအိုကို ပြန်လှည့်ကြည့်လိုက်မိပြီး မိန်းမလှဘေး၏ပါးပြင်ထက်သို့ ပုလဲမျက်ရည်များ စီးကျလာသည် ။

“ ကျမကိုခွင့်လွှတ်ပါဆရာ...ဆရာ့ကို ဒီ့ထက်ပိုပြီး ဒုက္ခမပေးချင်တော့လို့ပါ....”

တောင်းပန်လိုသည့်ဟန်နှင့်မတူ ခပ်တိုးတိုးရေရွတ်လိုက်ပြီးနောက် မိန်းမလှလေးက တောအုပ်အတွင်းသို့လျှင်မြန်စွာတိုးဝင်ပျောက်ကွယ်သွားတော့သည်။

မိန်းမလှလေး၏ပုံရိပ်လုံးဝပျောက်ကွယ်သွားမှ အဖိုးအို၏မျက်နှာက ပြောင်းလဲသွားပြီး တစ်ကိုယ်တည်းပြောလိုက်သည်။

“ ဟူး...ဒီကလေးမလေးက အရင်တုန်းကလို ခေါင်းမာနေတုန်းပဲကိုး...”

အဖိုးအို၏စကားထဲတွင် ဝမ်းနည်းခြင်း၊ စိတ်မကောင်းဖြစ်ခြင်း စသည့်အရိပ်အ‌ယောင်များပါဝင်နေလျက်ရှိသည်။။

ထို့နောက် သူ၏မျက်နှာကပြန်၍တည်ငြိမ်သွားပြီး သစ်ပင်များကြားသို့လှမ်းကြည့်၍ အေးဆေးသည့်ပုံစံဖြင့်ဆိုလိုက်သည် ။

“ မင်းတို့နှစ်ယောက်ထွက်မလာကြသေးဘူးလား....”

အဖိုးအို၏စကားအဆုံး၌ အနက်ရောင်အရိပ်တစ်ခုနှင့်အဖြူရောင်အရိပ်တစ်ခုက သူ၏ရှေ့သို့လျှပ်ပြတ်သလိုရောက်လာပြီး အရိုအသေပေးလိုက်ကြသည်။

“ ဆရာကြီးပိုင်.....”

အကယ်၍ စားသောက်ဆိုင်ထဲရှိလူများသာ သေမင်းနက်နှင့်သေမင်းဖြူတို့၏ ယခုလိုရိုကျိုးသည့်ပုံစံကိုမြင်ပါက လွန်စွာအံ့အားသင့်နေကြပေမည်။

အဖိုးအိုက ‌သေမင်းနက်နှင့်သေမင်းဖြူတို့ကိုကြည့်၍ ဖြေးညင်းစွာမေးလိုက်သည်။

“ မင်းတို့ကဘာလို့သိုင်းလောကထဲကိုရောက်နေကြတာလဲ ။ မင်းတို့ဆရာရော နေကောင်းရဲ့လား....”

အဖိုးအို၏မေးခွန်းကို သေမင်းနှစ်ဖော်က ခေါင်းညိမ့်ပြလိုက်ပြီး လေးစားသည့်ပုံစံဖြင့်ပြောလိုက်သည်။

“ ဆရာက ကျန်းကျန်းမာမာပဲရှိပါတယ်။ ကျုပ်တို့သိုင်းလောကထဲကိုရောက်နေတာ သိုင်းကျမ်းသူခိုးကိုရှာဖို့အတွက်ပါ....”

သေမင်းနက်၏အဖြေကြောင့် အဖိုးအိုကအနည်းငယ်အံ့အားသင့်သွားဟန်တူပြီး ထပ်မေးလိုက်သည်။

“ ဘယ်သိုင်းကျမ်းကိုပြောတာလဲ။ ပြီးတော့ အစ်ကိုလူ့ဆီက ဘယ်လိုလူကခိုးနိုင်မှာလဲ....”

“ သူက အတော်လေးကောက်ကျစ်ပြီးဉာဏ်များတဲ့လူတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်ပါ ....”

သေမင်းဖြူက အံကြိတ်၍ သတ်ဖြတ်လိုသည့်ပုံစံဖြင့်ပြန်ဖြေလိုက်သလို သေမင်းနက်ကလည်းရှင်းပြလိုက်သည်။

“ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်လောက်က ဆရာက တိဗက်ဒေသက လူတစ်ယောက်ကိုခေါ်လာပြီး သူ့တပည့်အဖြစ်မွေးဖို့ကြံစည်ခဲ့တယ်။

အဲဒီလူက သိုင်းပညာပါရမီအတော်ထူးချွန်ပြီး ဆရာ့ကိုလည်း သဘောကျအောင်လုပ်ဆောင်နိုင်ခဲ့တယ်။

ဒါပေမယ့် သူက ဆရာ့ဆီကိုအကြံအစည်နဲ့ရောက်လာတာဖြစ်ပြီး ဆယ်နှစ်ကြာအောင်‌ရိုးရိုးသားသားနဲ့နေခဲ့ပြီး ဆရာမရှိတဲ့အချိန်မှာ ‌ကန္တာရသိုင်းကျမ်းကိုခိုးယူပြီးထွက်ပြေးခဲ့တယ် ။

ဒီဖြစ်ရပ်ကြောင့်ဆရာက အတော်လေး‌ဒေါသထွက်ခဲ့ရပေမယ့် သူကသိုင်းလောကထဲဆင်းလို့မရတော့ ကျုပ်တို့ကိုစေလွှတ်ပြီး သိုင်းကျမ်းကိုပြန်ယူလို့ အဲဒီကောင်ကိုသူ့ရှေ့ခေါ်လာဖို့စေခိုင်းလိုက်တာပဲ။

ပထမတော့ကျုပ်တို့လည်း ရေလိုက်လွဲပြီး တိဗက်တာ့လီနဲ့တခြားဒေသတွေမှာသွားရှာနေပေမယ့် တကယ်တမ်းကျ ဆရာ့ဆီမှာနေတုန်းက သူပြောခဲ့တာအားလုံးကအလိမ်အညာတွေဖြစ်ပြီး သူက ပြည်မကလူတစ်ယောက်ဖြစ်တာကိုသတင်းအစအနရခဲ့တယ် ။

ဒါကြောင့် သိုင်းလောကထဲကိုလာပြီးတော့ သူ့ကိုလိုက်ရှာနေတာ သုံးနှစ်ကျော်တောင်ရှိနေပါပြီ....”

သေမင်းနက်၏စကားအဆုံး၌ အဖိုးအိုလည်း သူတို့နှစ်‌ယောက်ထူးထူးခြားခြားသိုင်းလောကအတွင်းဝင်ရောက်လာသည်ကိုသိရှိလိုက်ပြီးခေါင်းတဆက်ဆက်ညိမ့်လိုက်သည်။

“ မင်းတို့နှစ်ယောက်လည်း ထစ်ခနဲရှိရင် တိုက်ခိုက်ချင်တဲ့စိတ်ကိုပြင်ကြဦး။ မင်းတို့ဆရာလည်း ဒီအကျင့်ကြောင့်ပဲသိုင်းလောကထဲကို ပြန်ဝင်လို့မရတာဆိုတာ မမေ့နဲ့ဦး ....”

အဖိုးအို၏ ဆုံးမစကားကို သေမင်းနှစ်ဖော်ကမည်သို့မှပြန်မဖြေဘဲ ခေါင်းငုံ့နေကြသည်။

ထို့နောက် သူတို့ကြားတွင်အချိန်အနည်းငယ် တိတ်ဆိတ်သွားပြီး သေမင်းဖြူက အဖိုးအိုကိုမေးလိုက်သည်။

“ ဒါနဲ့ဆရာကြီးပိုင် ကျုပ်တို့ကိုဘာကြောင့်ခေါ်လိုက်ရတာလဲ ....”

သေမင်းနှစ်ဖော်က စားသောက်ဆိုင်ထဲမှရုတ်တရက်ပြေးထွက်လာသည်မှာ အခြားအကြောင်းအရာများကြောင့်မဟုတ်ဘဲ အဖိုးအို၏အသိ‌ပေးသည့် ဗျပ်စောင်းသံကိုကြားလိုက်ကြ၍ဖြစ်သည်။

စားသောက်ဆိုင်နှင့် တောအုပ်ကအတော်ပင်ကွာဝေးလှသော်လည်း အဖိုးအိုလိုအစွမ်းထက်သိုင်းပညာရှင်တစ်ယောက်အတွက် ထိုသို့ပြုလုပ်ရန်များစွာအားစိုက်ထုတ်စရာမလိုပေ။

သေမင်းဖြူ၏မေးခွန်းကြောင့် အဖိုးအိုက ငြိမ်သက်သွားပြီး တစ်စုံတစ်ခုကိုစဉ်းစားမိဟန်ဖြင့် ခေါင်းတစ်ချက်ညိမ့်ကာပြောလိုက်သည်။

“ ဟုတ်ပြီ ....အစကတော့ ငါမင်းတို့ကိုဒီအတိုင်းတွေ့ချင်လို့ခေါ်လိုက်တာပဲ ။ အခုတော့ ငါ့မှာ တခြားအကြံရှိတယ် ..”

အဖိုးအို၏စကားကြောင့် သေမင်းနှစ်ဖော်တို့ကတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြပြီး အဖိုးအိုကိုပြန်မေးလိုက်သည် ။

“ ကျုပ်တို့ဘာများဆောင်ရွက်ပေးရမလဲဆရာကြီး....”

သေမင်းဖြူက လေးနက်သည့်အမူအယာဖြင့်မေးလိုက်သည်။

သူတို့ဆရာနှင့်အဖိုးအိုတို့ကြားမှရင်းနှီးမှုကိုထည်ါမတွက်လျှင်ပင် အဖိုးအိုက သိုင်းလောက၏ထိပ်ပိုင်းတွင်ရှိသည့်သိုင်းပညာရှင်တစ်ယောက်ဖြစ်နေသည်မဟုတ်ပါလား....။။

အဖိုးအိုကသူတို့နှစ်ယောက်ကို အရောင်တဖျက်ဖျက်တောက်ပနေသည့်မျက်ဝန်းအစုံဖြင့်စိုက်ကြည့်ရင်း တည်ကြည်စွာ‌ဖြင့်မေးလိုက်သည်။

“ စောစောက မိန်းကလေးက ငါ့ရဲ့တပည့်ချင်းတန်ပဲ ။ သူကလက်ရှိသိုင်းလောကထဲမှာ ကျင်လည်နေပြီး လျှို့ဝှက်အဖွဲ့အစည်းတစ်ခုနဲ့လည်းပတ်သတ်နေတယ်။

အဲဒီအဖွဲ့အစည်းအတော်လေးလျှို့ဝှက်ပြီးအင်အားကြီးတယ်။ ပြီးတော့ ငါကလည်းသူ့ကိုတကောက်ကောက်လိုက်ပြီးစောင့်ရှောက်ပေးဖို့မသင့်လျော်ဘူး ။

မင်းတို့ရဲ့သိုင်းပညာအရဆိုရင် သာမန်သိုင်းဝိဇ္ဇာတစ်ယောက်ကိုနှစ်ယောက်ပေါင်းယှဉ်နိုင်တယ်မလား။ ဒီတော့ သူ့ကိုနောက်ကွယ်ကနေ ကာကွယ်ပေးဖို့ ငါတောင်းဆိုချင်တယ် ...”

အဖိုးအို၏စကားကြောငိ့ သေမင်းနှစ်ဖော်လည်းအနည်းငယ်အခက်တွေ့သွားဟန်တူပြီး သေမင်းနက်က အရိုအသေပေး၍ပြန်ပြောလိုက်သည်။

&&&&

All Chapters