← Chapters

လူငယ်ထိပ်သီးစာရင်းနံပါတ်တစ်

Vol. 2 Ch. 59

လူငယ်ထိပ်သီးစာရင်းနံပါတ်တစ်

Vol. 2 Ch. 59

“ ဆရာကြီးရဲ့တောင်းဆိုမှုကို ကျနော်တို့လက်ခံချင်ပေမယ့်.....”

သေမင်းနက်၏စကားမဆုံးမီ အဖိုးအိုက လက်ကာပြ၍ပြောလိုက်သည်။

“ မင်းတို့တာဝန်ကိုစိတ်ပူစရာမလိုဘူး။ သိုင်းကျမ်းခိုးသွားတဲ့လူကို မင်းတိုအစားငါစုံစမ်းပေးမယ်။

သူက ဉာဏ်များပြီးကောက်ကျစ်တဲ့လူတစ်ယောက်ဆိုတော့ အခုချိန်လောက်ဆို ရုပ်ပြောင်းပြီးသိုင်းလောကမှာ ကျင်လည်နေနိုင်တယ် ။

ဒါပေမယ့် သူကန္တာရသိုင်းကျမ်းထဲကသိုင်းပညာတွေထုတ်သုံးရင် ချက်ခြင်းသိရမှာပဲ....”

အဖိုးအို၏စကားကြောင့် ‌သေမင်းနှစ်ဖော်တို့လည်းဝမ်းမြောက်ဝမ်းသာဖြစ်သွားသည်။

သူတို့နှစ်ယောက် ပြည်မတွင် ထိုလူ၏အကြောင်းကိုစုံစမ်းနေသည်က သူံးနှစ်ကျော်ပြီဖြစ်သော်လည်း သိုင်းလောကကြီးကျယ်ပြန့်လှ၍ သတင်းအစအနလေးပင်မရသေးပေ။

အဖိုးအို၏သိုင်းပညာက သူတို့ထက်အဆများစွာမြင့်မားသည့်အပြင် အဆက်အသွယ်များလည်းကောင်းမွန်လှ၍ အဖိုးအိုဆိုလျှင် သိုင်းကျမ်းသူခိုးကို ကျိန်းသေပေါက်ရှာတွေ့မည်ဖြစ်သည်။

“ ကောင်းပါပြီဆရာကြီး...ဆရာကြီးရဲ့တပည့်ကို ကျုပ်တို့အစွမ်းကုန်ကာကွယ်စောင့်ရှောက်ပေးပါ့မယ်....”

သေမင်းနှစ်ဖော်က အဖိုးအိုကိုအရို‌အသေပေး၍အာမခံလိုက်ကြသည်။

&&&&

စားသောက်ဆိုင်ထဲတွင်

“ ဟမ့် လူကြောက်တွေ...”

အဆိပ်ပြင်းသောပါးစပ်ရှိသည့်အပြာရောင်ဝတ်စုံဝတ်မိန်းမလှလေးက အထင်သေးစွာရေရွတ်လိုက်သည် ။

ပြဿနာရှာတတ်ငည့် ထိုမိန်းကလေးက လူရွယ်နှစ်ယောက်ထွက်သွားသည်ကိုမြင်မိအောင်မြင်လိုက်သေးသည် ။

သူမ၏ဘေးရှိအနက်ရောင်ဝတ်စုံဝတ်မိန်းမလှလေးကား ကျန်လူများကိုဂရုမစိုက်ဘဲ ဆိုင်ထောင့်ရှိလမောက်ဆောင်းထားသူကိုစူးစိုက်ကြည့်နေရင်းမှ မေးလိုက်သည်။

“ ရှင်က ကျန်းလုမဟုတ်လား....”

သူမ၏လေသံက အနည်းငယ်အေးစက်နေပြီး တောက်ပသည့်မျက်လုံးများက စူးရှ‌လှသည်။

သူမ၏စကားကြောင့် ဘေးရှိအပြာရောင်ဝတ်စုံဝတ်မိန်းမလှလေးလည်းများစွာအံ့အားသင့်သွားဟန်တူသ ်။

ထိုအခိုက် ခမောက်ဆောင်းထားသူက သက်ပြင်းတစ်ချက်ချ၍ သူ၏ခမောက်ကြီးကို ဖြေးညင်းစွာချွတ်လိုက်သည်။

“ ဟုတ်ပါတယ် ကျုပ်ကျန်းလုပါ... “

ယောင်္ကျားပီသသည့်မျက်နှာတစ်ခုနှင့်အတူ အသက်နှစ်ဆယ့်ခုနစ်၊ နှစ်ဆယ့်ရှစ်နှစ်ခန့်ရှိမည့်လုရွယ်တစ်ယောင်၏ရုပ်သွ‌င်က အပြည့်အဝပေါ်ထွက်လာသည် ။

သေမင်းနက်လို ကြောက်စရာကောင်းသည့်သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်ကိုနောက်ဆုတ်စေသူက အသက်သုံးဆယ်ပင်မပြည့်သေးပေ။

သို့သော် ဆိုင်ရှင်လူငယ်လေးက သူ့ထက်ပင်ပို၍ထူးချွန်နေရာ ထိုလူငယ်၏အသက်အရွယ်ကို ထိုမျှအံ့ဩနေခြင်းမရှိကြတော့ပေဘ

လူရွယ်၏မျက်နှာကိုမြင်သည်နှင့် အခန်းထဲရှိလူတိုင်း အဲ့သြတုန်လှုပ်သွားကြပြီး သိုင်းလောကထဲဝင်လာသည်မှာအချိန်မကြာသေးသည့်ရှောင်ယောင်တို့မှအပ ကျန်လူအားလုံးက ထိုလူရွယ့်ကိုကောင်းစွာသိရှိကြဟန်တူသည်။

“ ကျန်းလု....နေမိုးကြိုးဓားဝိဇ္ဇာကျန်းလုလား....”

စာပေသမားသုံးယောက်၏အသံက ဦးစွာထွက်ပေါ်လာသည်။

ထိုနာမည်ကြောင့် ဟောင်ရန်တို့ပင်လူရွယ်မည်သူမည်ဝါဖြစ်သည်ကိုသိရှိလိုက်ကြပြီး သူတို့၏အမူအယာများပြောင်းလဲသွားကြသည်။

လက်ရှိမျိုးဆက်၏ထိပ်ဆုံးတွင်ရပ်တည်နေကြသည့်လူငယ်များကို လူငယ်ထိပ်သီးများဟုခေါ်ပြီး လူငယ်ထိပ်သီးစာရင်းတွင်လူဆယ်ယောက်သာရှိသည်။

ထိုအထဲမှ ထိပ်ဆုံးသုံးနေရာရှိလူများမှာ သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်များကိုပင်တိုက်ခိုက်နိုင်စွမ်းရှိပြီး ကျန်းလုသို့မဟုတ် နေမိုးကြိူးဓားဝိဇ္ဇာဟုကျော်ကြားသည့်ထိုလူရွယ်က လူငယ်ထိပ်သီးစာရင်း၏နံပါတ်တစ်နေရာတွင်ရှိပေသည်။

သူ၏အသက်က သုံးဆယ်ပင်မပြည့်‌သေးသော်လည်း သေမင်းနက်လို သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်တစ်ယောက်ကိုအပေါ်စီးမှတိုက်ခိုက်နိုင်သည်က အံ့ဩစရာမရှိတော့ပေ။

ထိုအခိုက် အနက်ရောင်ဝတ်စုံဝတ်မိန်းမလှလေး၏အေးစက်စက်အသံတစ်ခုထွက်ပေါ်လာသည်။

“ တကယ်ပဲ ရှင်ကိုး....မျက်နှာမပြရဲတာ အံ့ဩစရာမရှိပါဘူး....”

သူမ၏လေသံက ထူးထူးခြားခြား‌အေးစက်နေပြီး တင်းမာသည့်အရိပ်အယောင်များကိုတွေ့နိုင်သည်။

အလားတူ ဘေးဘက်ရှိအပြာရောင်ဝတ်စုံဝတ်မိန်းမလှလေးပင်‌ ဒေါသထွက်နေသည့်အမူအယာရှိပြီး ကျန်းလုကိုစိတ်ဆိုးသည့်ဟန်ဖြင့်ပြောလိုက်သည်။

“ ကျမတို့နဲ့ အစ်မယွဲ့နောက်ဆုံးအကြိမ်တွေ့ခဲ့တုန်းက သူတော်တော်ဝမ်းနည်းနေတာ။ အဲဒါရှင့်ကြောင့်မဟုတ်လား....ရှင်က မကောင်းတဲ့လူပဲ....”

ထိုမိန်းကလေးများ၏စကားကိုနားထောင်ခြင်းဖြင့် ကျန်းလုနှင့်သူတို့နှစ်ယောက်ကအသိအကျွမ်းများဖြစ်သည်ကိုရိပ်စားမိနိုင်ပြီး ထို့ကြောင့်ပင် ကျန်းလုကသူ၏ခမောက်ကြီးကိုမချွတ်ခြင်းဖြစ်ပေမည်။

လူငယ်ထိပ်သီးဆယ်ယောက်ထဲတွင် နံပါတ်တစ်နေရာ၌ရှိနေသည့်ကျန်းလုကား မိန်းမလှလေးနှစ်ယောက်၏အပြစ်တင်စကားများကို မတုန့်ပြန်နိုင်ရှာဘဲ မချိပြုံးပြုံးရင် ‌ပြန်ပြောလိုက်သည်။

“ ဒါတွေက နားလည်မှုလွဲတာပါ။ အခုလည်း ကျုပ် ရှောင်အန်းကိုလိုက်ရှာနေတာပဲ....သူဘယ်ကိုသွားတယ်ဆိုတာ မင်းတို့မသိကြဘူးလား....”

ကျန်းလု၏လေသံထဲတွင် နောင်တရခြင်း၊ ကြေကွဲဝမ်းနည်းခြင်းနှင့် တောင်းပန်တိုးလျှိူးသည့်ပုံစံရှိသော်လည်း မိန်းမလှလေးနှစ်ယောက်၏မျက်နှာက ပြောင်းလဲခြင်းမရှိဘဲ အနက်ရောင်ဝတ်စုံဝတ်မိန်းကလေးက အေးစက်စက်ပုံစံဖြင့်တုန့်ပြန်လိုက်သည်။

“ အဲဒါရှင့်ရဲ့အပြစ်ပဲလေ.... ရှန်းရှန်း ...သွားရအောင်....”

ထိုမိန်းကလေးကား ရုပ်ရည်လွန်စွာလှပသလောက် အတော်ပင်အေးစက်စက်နိုင်သည့်၏စရိုက်ရှိကာ စကားအဆုံး၌ အပြာရောင်ဝတ်စုံဝတ်မိန်းမလှလေးကိုခေါ်၍ဆိုင်ထဲမှထွက်ခွာသွားတော့သည်။

ကျန်းလုကား သူ့ကိုအဖြေမပေးဘဲထွက်သွားသည့်မိန်းကလေးနှစ်ယောက်ကိုဟန့်တားခြင်းမရှိဘဲ တွေတွေကြီးရပ်ကြည့်နေရာမှ ဆိုင်ကြမ်းပြင်ပေါ်တွင်ကျနေပြီး မကွဲသေးသည့်အရက်တစ်အိုးကိုကောက်ကာ အားရပါးရမော့သောက်လိုက်တော့သည်။

မျှော်လင့်မထားသည့်ဖြစ်ရပ်များကြောင့်တိုက်ပွဲကရပ်ဆိုင်းသွားခြင်းဖြစ်သလို ထူးဆန်းသည့်အသံကြောင့်သေမင်းနှစ်ဖော်လည်းထွက်ခွာသွားလေပြီ။

ထန်ရှန်းနှင့် ဝေ့တုဆိုသည့်လူရွယ်နှစ်ယောက်လည်း ဤနေရာတွင်မရှိတော့သလို ထူးခြားဆန်းကြယ်သည့်ဆိုင်ရှင်လူငယ်နှစ်ယောက်နှင့် မိန်းမလှလေးနှစ်ယောက်လည်း တစ်‌ဦးပြီးတစ်ဦးထွက်ခွာသွားပြီဖြစ်သည် ။

ကျန်းတု၏အခြေအနေကလည်းများစွာကောင်းမွန်ခြင်းမရှိဘဲ ကြေကွဲရပ်သန်းနေသည့်မျက်လုံးများဖြင့် အရက်တစ်အိုးလုံးကိုကုန်စင်အောင်မော့သောက်လိုက်ပြီး ရှောင်ယောင်တို့ကိုအရိုအသေပေး၍ပြောလိုက်သည်။

“ မိတ်ဆွေတို့နဲ့ တွေ့ဆုံခွင့်ရတာ ဝမ်းမြောက်စရာပါ ကျုပ်ကိုခွင့်ပြုပါဦး....”

ဆိုင်းမဆင့်ဗုံမဆင့်ထွက်ခွာတော့မည့်ဟန်ရသည့် ကျန်းတုကြောင့် ရှောင်ယောင်တို့အံ့ဩသွားကြသော်လည်း စာပေသမားသုံးယောက်ကား ထိုအဖြစ်ကိုကြိုတင်ရိပ်စားမိဟန်ဖြင့် များစွာအံ့အားသင့်နေခြင်းမရှိပေ။

ထို့နောက် ရှောင်ယောင်တို့လည်း ကျန်းတုကိုအရိုအသေပေးလိုက်ကြပြိး လူငယ်ထိပ်သီးဆယ်ယောက်စာရင်းတွင် နံပါတ်တစ်နေရာ၌ရှိနေသူကား ဆိုင်အပြင်သို့အထီးကျန်စွာထွက်ခွာသွားပြီဖြစ်သည်။

လက်ရှိအချိန်၌ ဆိုင်ထဲတွင် စာပေသမားသုံးယောက်နှင့် ဟောင်ရန်တို့နှစ်ယောက်သာကျန်ရှိတော့ပြီး လွန်ခဲ့သည့်အချိန်အနည်းငယ်ကပင် တိုက်ခိုက်သံများဆူညံခဲ့သည့်ဆိုင်ကြီးကား ပကတိတိတ်ဆိတ်ငြိမ်သက်သွားလေသည်

ယနေ့ညဖြစ်ရပ်များကို အခြားလူတစ်‌ယောက်ယောက်ကိုပြောပါက ယုံနိုင်ဟန်မရှိဘဲ ရှောင်ယောင်တို့ကိုယ်တိုင်ပင် ယခုထက်တိုင်အံ့ဩတုန်လှုပ်မိကြဆဲပင်။

စာပေသမားသုံးယောက်က မည်သို့ဆက်လုပ်ရမည်မှန်းမသိဘဲ အူလည်လည်ဖြစ်နေသည့်ရှောင်ယောင်တို့ကိုအကဲခပ်ရင်း ဝမ်ဝူးက သူတို့ကိုပြောလိုက်သည်။

“ ဒီက မိတ်ဆွေတို့ ဘယ်လိုဆက်လုပ်ကြမလဲ... ကျုပ်တို့ကတော့ ဆုဖိန်ရဲ့အတွင်းဒဏ်ရာကိုကုသရင်း ဒီမှာပဲညအိပ်တော့မယ် ။

အောက်ထပ်က အကုန်ပျက်စီးနေပေမယ့် အပေါ်ထပ်က အိပ်ခန်းတွေကတော့ ကောင်းဦးမှာပါ.. “

သိုငိးလောကထဲရှိစားသောက်ဆိုင်တို့၏ထုံစံအတိုင်း အပေါ်ထပ်တွင်တည်းခိုဆောင်ဖွင့်ကာ အောက်ထပ်၌စားသောက်ဆိုင်ဖြစ်၍ ညအိပ်ညနေ အနားယူနိုင်ပေသည်။

ဝမ်ဝူး၏စကားကြောင့် ဟောင်ရန်ကရှောင်ယောင့်ကို တိုင်ပင်သလိုကြည့်လိုက်ပြီး ရှောင်ယောင်လည်း အနည်းငယ်စဉ်းစားကာပြောလိုက်သည်။

“ ကောင်းပါပြီ ။ အစထဲက ဒီမှာ အနားယူရင်းညအိပ်ဖို့စဥ်းစားထားတာဆိုတော့ .. ကျုပ်တို့လည်း ဒီမှာပဲညအိပ်တာပေါ့....”

သူတို့နှင့်မဆိုင်သည့် ဆိုင်လုလင်လေးအတွက် သေမင်းဖြူကိုဝင်ရောက်တိုက်ခိုက်ဝံ့သည့်ရှောင်ယောင်တို့၏သတ္တိကို စာ‌ပေသမားများက သဘောကျနေဟန်တူပြီး သူတို့၏ဖိတ်ခေါ်မှအတိုင်း အကောင်းအတိုင်းကျန်ရှိနေသည့်စားပွဲဝိုင်းတွင် သူတို့ထိုင်လိုက်ကြသည်။

“ ဟဲ ဟဲ...ကျုပ်စားစရာလုပ်ပြီးသားလေးတွေ ဘာတွေရှိလားလို့သွားရှာလိုက်ဦးမယ်။ ဟိုလူငယ်လေးတွေက ဆိုင်ကိုစွန့်ပစ်ခဲ့ပြီဆိုတော့ ကျုပ်တို့ယူပြီးစားသောက်လို့အဆင်ပြေမှာပါ.. “

သူတို့ထဲတွင် အစအနောက်အသန်ဆုံးဖြစ်သည့် စုထင်းက တဟားဟားရယ်မော၍မီးဖိုဆောင်အတွင်းသို့ဝင်ရောက်သွားတော့သည်။

သူ၏အပြုအမူကြောင့် အတွင်းဒဏ်ရာအပြင်းအထန်ရရှိထား၍မျက်နှာဖြူဖျော့နေသေးသည့်ဆုဖိန်ကလှမ်းအော်လိုက်သည် ။

“ အရက်လေးဘာလေးရှိရင်ယူခဲ့ဟေ့.. ငါမသောက်တော့ဘူးလို့တွေးထားပေမယ့် သောက်ဒဏ်ရာကနာတယ်ကွ။ သေမင်းနက်ဆိုတဲ့ကောင်က တကယ်မလွယ်ဘူး....”

အစောပိုင်းကပင် အတွင်းဒဏ်ရာကြောင့်အခြေအနေဆိုးရွားခဲ့သော်လည်း ယခု ရယ်ရယ်မောမောဖြင့်ပြောဆိုနေသည့်ဆုဖိန်၏ ဂရုမစိုက်မှုကလည်း ဩချရလောက်သည်။

အရူးသူံးယောက်ဟု သိုင်းလောကသားများခေါ်ဆိုကြသည့် စာပေသမားသုံးယောက်မှာ အခြားလူများကို စိတ်မထင်လျှင်မထင်သလို အနှောင့်အယှက်ပေး‌တတ်ဟန်တူသော်လည်း ပျော်ပျော်နေတတ်ပြီးစိတ်ရင်းကောင်းမွန်ကြပေသည်။

“ ဒါနဲ့ ညီလေးတို့က ရွှေဓားသခင်ရဲ့စံအိမ်ကိုသွားမလို့လား.....”

ထိုင်ထိုင်ချင်းမေးလိုက်သည့် ဝမ်ဝူး၏မေးခွန်းကြောင့် ရှောင်ယောင်တို့လည်း အံအားသင့်သွားကြပြီး ခေါင်းယမ်းပြလိုက်ကြသည်။

“ ရွှေဓားသခင်ဆိုတာ ဒီနယ်က နာမည်ကြီးသိုင်းသမားတစ်ဦးမဟုတ်လား သူကဘာဖြစ်လို့လဲ....”

ဟောင်ရန်၏တန်ပြန်မေးခွန်းကြောင့် စာပေသမားနှစ်ယောက်လည်းအံ့ဩဟန်ဖြင့်ပြန်ပြောလိုက်ကြသည် ။

“ ညီလေးတို့ ဒီကိုရောက်လာတာ လမ်းကြံဝင်နားတာပဲကိုး....ကျုပ်တို့ကတခြားလူတွေလို ရွှေဓားသခင်ရဲ့စံအိမ်ကိုသွားမယ့်ထင်တာ....”

အံ့သြဟန်ဖြင့်ရေရွတ်လိုက်သည့် ဆုဖိန်၏စကားကြောင့် ရှောင်ယောင်လည်းမနေနိုက်ဘဲမေးလိုက်မိသည်။

“ ရွှေဓားသခင်ရဲ့စံအိမ်မှာဘာများဖြစ်လို့လဲ....”

&&&&

All Chapters