← Chapters

ခုတ်ရာတခြား ရှရာတခြား

Vol. 2 Ch. 62

ခုတ်ရာတခြား ရှရာတခြား

Vol. 2 Ch. 62

ဟောင်ရန်ကားရှောင်ယောင်၏ငေးမောနေသည့်မျက်နှာကိုအကဲခပ်၍ နှုတ်ခမ်းတစ်ချကိကိုက်လိုက်ရင်း ဝမ်ဝူးကိုမေးလိုက်သည်။

“ ဒါနဲ့ အစ်ကိုတို့က ရွှေဓားသခင်ရဲ့စံအိမ်ကိုသွားမလို့လား....”

“ အေး ဟုတ်တယ် သိုင်း‌လောကထဲမှာ ဟိုးလေးတကျော်ကျော်ဖြစ်နေတဲ့ သွေးနီတံခါးကြိသွားကြည့်ရအောင်လို့....”

ဝမ်ဝူး၏ရွှင်ပြသည့်ပုံစံနှင့် စုထင်းတို့၏ရယ်မောနေမှုတို့ကြောင့် ထိုစာပေသမားသုံးယောက်မှာ သိုင်းလောကသားတိုင်းကြောက်လန့်ရသည့်သွေးနီတံခါးကို လုံးဝကြောက်ရွံ့မှုမရှိဟုသိနိုင်သည်။

သူတို့၏ပုံစံကြောင့် ဟောင်ရန်၏မျက်လုံးများကတောက်ပသွားပြီး ရှောင်ယောင်၏နဖူးကိုထောက်ခနဲတောက်ကာပြောလိုက်သည်။

“ ငယ်ကျွမ်းဆွေကိုလွမ်းနေတာတော်လောက်ပြီ ကျုပ်တို့လည်း သူတို့နဲ့လိုက်သွားရအောင် ....”

ဟောင်ရန်၏အလစ်တိုက်ခိုက်မှုကြောင့် ရှောင်ယောင်လည်း ကျိန်းစပ်သွားသည့်နဖူးကိုပွတ်လိုက်ရင်း ကြောင်အမ်းအမ်းပုံစံဖြင့် ခေါင်းညိမ့်ပြလိုက်သည်။

“ အေးအေး.... သွားတာပေါ့....”

“ အပူမိနေတဲ့အပူသည်ကြီး ....”

ရှောင်ယောင်၏ သတိလက်လွတ်ပုံစံကို ဟောင်ရန်က လှောင်ပြောင်လိုက်သလို စာပေသမားများကလည်းသဘောကျစွာရယ်မောနေကြသည် ။

ထို့နောက် သူတို့လည်းအခြားအကြောင်းအရာများကိုပြောဆိုရင်းမှ စုထင်းက မေးလိုက်သည်။

“ ညီလေးတို့ကို မေးမလို့ မေးမလို့နဲ့ မမေးဖြစ်‌‌သေးဘူး....ညီလေးတို့က လျှိုစမ်းမြို့ကနေလာခဲ့တာဆိုတော့မဟုတ်မှလွဲရော လက်ရှစ်ဖက်လှံနတ်ဆိုးကိုသတ်ဖြတ်ပြီး ယန်စီနဂါးအဖွဲ့ကို ဖြိုခွင်းခဲ့တဲ့ ယန်စီသူရဲကောင်းညီနောင်ဆိုတာ ညီလေးတို့နှစ်ယောက်လား....”

စုထင်း၏မေးခွန်းကြောင့် ရှောင်ယောင်တို့နှစ်‌ယောက်လည်း အနည်းငယ်ရှက်ရွံ့သွားပြီး ဟောင်ရန်က ခေါင်းညိမ့်ပြလိုက်သည်။

“ လက်ရှစ်ဖက်လှံနတ်ဆိုးကိုသတ်ခဲ့တာက‌တော့ဟုတ်တယ် ။ ဒါကလည်း ကျုပ်တို့နှစ်ယောက်ပေါင်းတိုက်တာတောင် ကံကောင်းလို့အနိုင်ရသွားခဲ့တာ။ ပြီးတော့ ယန်စီဓားပြအဖွဲ့ကို ဖြိုခွင်းခဲ့တာက တခြားလူတစ်ယောက်ပဲ ....”

“ ဒါပေမယ့် ယန်စီမြစ်ကြောင်းတစ်လျှောက်မှာပျံ့နေတဲ့သတင်းတွေကတော့ ဝတ်စုံပြာစာပေဓားသမားနဲ့ ဝတ်စုံဖြူကျောင်းတော်သားက ယန်စီနဂါးအဖွဲ့ကိုဖြိုခွင်းခဲ့တာဆိုပဲ။

ညီလေးတို့နှစ်ယောက်ကိုမြင်ထဲက အစ်ကိုတို့ သတိထားကြည့်နေမိတာ ညီလေးတို့ရဲ့သိုင်းပညာနဲ့ဆို ယန်စီသူရဲကောင်းညီနောင်ဖြစ်နိုင်ချေရှိတယ်ဆိုပြီး....”

ဟောင်ရန်၏စကားကိုစုထင်းတို့ကယုံကြည်ဟန်မတူ၍ ရှောင်ယောင်ကဝင်ရှင်းပြလိုက်ရသည်။

“ လက်ရှစ်ဖက်လှံနတ်ဆိုးကို ကျုပ်တို့သတ်နိုင်ခဲ့တယ်ဆိုတာကမှန်ပါတယ်။ ဒါပေမယ့် ဟောင်ရန်ပြောသလို ကံကောင်းလို့သတိဖြတ်နိုင်ခဲ့တာ။

တိုက်ပွဲပြီးတော့ ကျုပ်လည်း တန်းပြီးသတိလစ်သွားသလို ဒီကောင့်ဆိုရင်ပခုံးရိုးကျိုးဖို့နည်းနည်းပဲလိုတော့တာ လှံနတ်ဆိုးဆိုတဲ့အတိုင်း အဲဒီလူရဲ့လှံသိုင်းက တကယ်ကြောက်စရာကောင်းတာပဲ...”

ရှောင်ယောင်၏စကားကို စာပေသမားသုံး‌ယောက်က အံ့ဩတုန်လှုပ်ဟန်ဖြင့် နားထောင်နေကြသည် ။

သူတို့သုံးယောက်၏သိုင်းပညာကမြင့်မားသည်ဟုဆိုနိုင်သော်လည်း သုံးယောက်ပေါင်းမှသိုင်းဝိဇ္ဇာတစ်ဝက်အဆင့်ကိုရင်ဆိုင်နိုင်ခြင်းဖြစ်သည်။

တစ်ယောက်ချင်းစီဆိုပါက အစွမ်းထက်ထိပ်သီးအဆင့်သာရှိပြီး ထို့ကြောင့်ပင် သေမင်းနက်၏လက်ချက်ဖြင့် ဆုဖိန်အတွင်းဒဏ်ရာအပြင်းအထန်ရခဲ့ခြင်းဖြစ်၏။

အကယ်၍ သူတို့သုံးယောက်ပူးပေါင်းတိုက်ခိုက်လျှင် ချူးကုနန်ကိုအနိုင်ယူနိုင်မည်ဖြစ်သော်လည်းသတ်ဖြတ်နိုင်မည်ဟု အာမခံဝံ့ပေ။

ထို့ကြောင့် အသက်နှစ်ဆယ်ဝန်းကျင်သာရှိမည့်ရှောင်ယောင်တို့လိုလူငယ်လေးများက ချူးကုနန်ကိုအမှန်တကယ်သတ်ဖြတ်နိုင်သည်ဟုသိရသည့်အခါ တုန်လှုပ်မိကြခြင်းဖြစ်သည်။

ရှောင်ယောင်ကသူ၏စကားကိုဆက်လိုက်သည်။

“ ဒီလိုပဲ ယန်စီနဂါးအဖွဲ့ကို ကျုပ်တို့ဖြိုခွင်းဖို့ကြိုးစားခဲ့တယ်ဆိုပေမယ့် ကြားစခန်းတစ်ခုကိုပဲဖြိုခွင်းခဲ့တာဖြစ်ပြီး ဌာနချုပ်ကိုရောက်တော့ လူတစ်ယောက်ရဲ့လက်ချက်ကြောင့် သူတို့အားလုံး သေတဲ့လူသေ ဒဏ်ရာရတဲ့လူရကုန်ကြပြီ။

အဲဒီလူက နဂါးခုနစ်ကောင်ထဲက နဂါးဖြူဓားဘုရင်ပဲ ...”

“ ဘယ်လို....”

ရှောင်ယောင်တို့ထံမှ အဖြစ်မှန်းကိုသိလိုက်ရ၍ စုထင်းတို့သုံးယောက်မှာ များစွာအံ့အားသင့်သွားကြသည်။

ယန်စီနဂါးအဖွဲ့ဖြိုခွင်းခံရသည့်သတင်စက သိုင်းလောကတစ်ခုလုံးပျံ့နှံ့ပြီးဖြစ်သော်လည်းမည်သူဖြိုခွင်းခဲ့သည်ကို အငြင်းအခုန်များရှိနေကြဆဲပင်။

ရှောင်ယောင်တို့၏အမူအယာက လိမ်ညာပြောဆိုခြင်းမဟုတ်သည်ကိုရိပ်စားမိ၍ အချိန်အနည်းငယ်ကြာမှ ဝမ်ဝူးက ပင့်သက်ရှိုက်၍ပြောလိုက်မိသည်။

“ အဖြစ်မှန်ကဒီလိုကိုး.... ဒါပေမယ့် သိုင်းမဟာမိတ်ကတော့ သူတို့ဖြိုခွင်းခဲ့တယ်လို့ပြောတာပဲ...။ ဒါပေမယ့် ယန်စီမြစ်နဲ့အနီးအနားကလူတွေကတော့ ညီလေးတို့နှစ်ယောက်ဖြိုခွင်းခဲ့တာလို့ပဲအခိုင်အမာပြောနေကြတာ....”

ဝမ်ဝူး၏စကားကြောင့် ရှောင်ယောင်လည်း မဲ့ပြုံးပြုံး၍ပြန်ပြောလိုက်သည်။

“ သူတို့ပြောတာလည်းမမှားပါဘူး ဌာနချုပ်ကလူတွေကိုသတ်ဖြတ်ပြီး နဂါးဖြူဓားဘုရင်ကထွက်သွားခဲ့တာ။

ဒါကြောင့် အသက်ရှင်နေသေးတဲ့လူတွေကို ကျုပ်တို့ပဲကယ်တင်ပြီး ထုံမင်းမြို့က သိုင်းမဟာမိတ်ရဲ့ဌာနခွဲလက်ထဲကိုအပ်ထားခဲ့တာ။

ပြီးတော့ကျန်တဲ့ ကြားစခန်းလေးငါးခုကိုတော့ သူတို့ပဲဆက်ပြီးဖြိုခွင်းခဲ့တာပဲ....။ ယန်စီနဂါးအဖွဲ့ပျက်စီးဝာာမှာ အဓိကပါဝင်ခဲ့တာကတော့ နဂါးဖြူဓားဘုရင်ပဲ “

ရှောင်ယောင်၏စကားကြောင့် စုထင်းက တဟားဟားရယ်မောလိုက်ပြီး သဘောကျစွာပြောလိုက်သည်။

“ ညီလေးတို့ကနှိမ့်ချနေပေမယိ့ ဟိုသိုင်းမဟာမိတ်ကကောင်တွေကတော့ နာမည်ကောင်းယူစရာရှိရင်ထိပ်ဆုံးကပဲ။

မသိရင်သူတို့ပဲယန်စီနဂါးအဖွဲ့ကိုဖြိုခွင်းတဲ့ပုံနဲ့သတင်းလွှင့်ထားတာ။ ကံကောင်းတာလားကံဆိုးတာလားတော့မသိဘူး ‌ ဒေသခံတွေရဲ့စကားအတိုင်းသိုင်းလောကသားတွေကတော့ ညီလေးတို့နှစ်ယောက်ဖြိုခွင်းတယ်လို့ထင်နေကြတာ....”

စုထင်း၏စကားကြောင့် ရှောင်ယောင်နှင့်ဟောင်ရန်တို့လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ခေါင်းယမ်းလိုက်မိကြသည် ။

“ ဒါတွေထားလိုက်ပါ ။ စောစောက ကျန်းတုနဲ့ ဟိုကောင်မလေးနှစ်ယောက်ပြောသွားတဲ့စကားတွေကို မင်းတို့ပြန်မှတ်မိလား ...”

ပြုံးစိစိအမူအယာဖြင့်မေးလိုက်သညိ့ စုထင်း၏ းပုံစံကြောင့် ရှောင်ယောင်တို့လည်း ထိုအကြောင်းကိုပြန်တွေးလိုက်မိကြသည် ။

မိန်းမလှလေးနှစ်ယောက်နှင့် နေမိုးကြိုးဓားဝိဇ္ဇာ ကျန်းတုတို့က ယခင်ကပင်သိကျွမ်းသူများဖြစ်ဟန်တူပြီး ထိုနှစ်ယောက်က ကျန်းတုကိုများစွာသဘောကျဟန်မတူပေ။

ထို့အတူ မိန်းမလှလေးများ၏စကားများကြောင့် ကျန်းတုတစ်ယောက် စိတ်ထိခိုက်၍ထွက်သွားခြင်းဖြစ်ဟန်တူပြီး အကြောင်းစုံကိုတော့ သူတို့လည်းမသိပေ။

စုထင်း၏မေးခွန်းကြောင့် အတွင်းဒဏ်ရာရရှိနေသည့်ဆုဖိန်က ခေါင်းထောင်လာပြီး တက်ကြွသည့်ပုံစံဖြင့်ပြောလိုက်သည်။

“ အေးအေး...ငါလဲ သတိထားမိတယ်။ သူတို့ပြောနေတဲ့စကားတွေအရဆိုရင် နေမိုးကြိုးဓားဝိဇ္ဇာ၊ နှင်းကကြိုးနတ်သမီးနဲ့ အဆိပ်ကဝေပျိုတို့ကြားကဇာတ်လမ်းက တကယ်လားမသိဘူး....”

အစောပိုင်းက စကားဝိုင်းထဲသို့များစွာဝင်မပါသည့်ဆုဖိန်က ယခုအခါအတော်လေးတက်ကြွလာရာ ရှောင်ယောင်တို့နှစ်ယောက်တစ်ယောက်မျက်နှာတစ်‌ယောက်ကြည့်လိုက်မိစဉ် ဝမ်ဝူးက လက်ကိုဝေ့ယမ်း၍ပြောလိုက်သည် ။

“ ညီလေးတို့ဘာမှအံ့သြမနေနဲ့ ဒီကောင်က သူများအတင်းပြောရမယ်ဆိုရင် ထိပ်ဆုံးက....”

ဆုဖိန်က သူ၏ဝါသနာထုတ်ဖော်ခံလိုက်ရသော်လည်းရှက်ရွံ့ခြင်းမရှိဘဲ တဟီးဟီးရယ်မောနေသည်။

သူပြောခဲ့သည့်စကားများကို ရှောင်ယောင်တို့နှစ်ယောက်လည်း စိတ်ဝင်စားသွားကြပြီး ဟောင်ရန်ကမေးလိုက်သည်။

“ ကျုပ်တို့ကိုရှင်းပြပါဦး.. သူတို့ကြားကပတ်သတ်မှုကဘယ်လိုလဲ....”

ဟောင်ရန်၏စိတိဝင်စားသည့် ပုံစံကြောင့် ဆုဖိန်တို့သုံးယောက်လုံးက သူတို့ကိုထူးဆန်းသလိုကြည့်လိုက်ကြပြီး စုထင်းကအံ့ဩသည့်ဟန်ဖြင့်မေးလိုက်သည်။

“ မင်းတကယ်မသိတာလား....လူငယ်မျိုးဆက်တွေကြားမှာ ဒီလောက်ဟိုးဟိုးကျော်နေတဲ့သတင်းကို....”

စုထင်း၏မေးခွန်းကို ဟောင်ရန်က မျက်လုံးအဝိုင်းသားဖြင့်ခေါင်းယမ်းပြလိုက်ပြီး ရှောင်ယောင်က ဝင်၍ရှင်းပြလိုက်သည်။

“ ကျုပ်တို့က သိုင်း‌လောကထဲဝင်တာမကြာသေးတော့ သိပ်ပြီးမသိဘူးလေ ....”

ရှောင်ယောင်၏စကားကြောင့်စာပေသမားသုံးယောက်လည်း သူတို့အကြောင်းကိုပြန်သတိရသွားကြဟန်တူပြီး ဆုဖိန်ကသူ၏ရင်ဘက်ကိုပုတ်၍အာမခံလိုက်သည်။

ဆုဖိန်၏အားတက်သရောအမူအယာကြောင့် ကျနိလူများပြုံးလိုက်မိကြသော်လည်း ဆုဖိန်ကရှက်ရွံ့ခြင်းမရှိဘဲ လည်ချောင်းတစ်ချက်ရှင်း၍စပြောလိုက်သည်။

“ စိတ်မပူနဲ့ ဒီသုံးပွင့်ဆိုင်ဇာတ်လမ်းကို ငါပြောပြမယ်.... တကယ်တမ်းကျ နေမိုးကြိုးဓားဝိဇ္ဇာနဲ့ နှင်းကကြိုးနတ်သမီးတို့က ဆရာတူမောင်နှမတွေဖြစ်သလို သိပ်ပြီးချစ်ကြတဲ့ချစ်သူတွေလည်းဖြစ်သေးတယ်။

သူတို့နှစ်‌ယောက်ရဲ့ဆရာက ဘယ်သူမှန်းမသိပေမယ့် သူတို့နှစ်ယောက်လုံးကတော့ တကယ့်ကိုထူးချွန်ထက်မြက်ကြတယ်ကွ။

ပြီးဝောာ့ သူတို့ရဲ့အချစ်ဇာတ်လမ်းက လူငယ်မျိုးဆက်တွေရဲ့ကြားထဲမှာ အတော်လေးအားကျစရာကောင်းတဲ့ဇာတ်လမ်းလို့‌ပြောလို့ရတယ် ။

ဒါပေမယ့်သူတို့ကြားထဲကို မိန်းမလှခုနစ်ယောက်ထဲက အဆိပ်ကဝေပျို ဝင်လာတဲ့အချိန်မှာပဲ သံသယတွေ ၊ မယုံကြည်မှုတွေနဲ့ အက်ကြောင်းစပြီးထင်လာခဲ့တာပေါ့....”

တခြားလူ၏အတင်းအဖျင်းကိုပြောရသည့်အတွက်ကြောင့်လားမသိ ဆုဖိန်၏ဟန်ပန်နှင့်လေသံက ဝါရင့်ပုံပြောဆရာတစ်ယောက်အလား စိတ်ဝင်စားစကားကောင်းနေသည် ။

ဤသို့ဖြင့် သူတို့ငါးယောက်က သောက်ရင်းစားရင်း အတော်ညဉ့်နက်သည်အထိစကားဝိုင်းဖွဲ့နေကြပြီး သန်းခေါင်ကျော်အချိန်ရောက်မှပင် အပေါ်ထပ်သို့တက်၍ အိပ်ယာဝင်ဖြစ်ကြပေသည်။

&&&

ရေပြင်ကျယ်ကြီး၏ဘေးတွင် အဆောင်များစွာဆောက်လုပ်ထားသည့် ခြံဝန်းကြီးတစ်ခုထဲ၌ကြီးကျယ်ခမ်းနားသည့်စံအိမ်တစ်ခုလည်းရှိပေသည်။

ပညာရှိစံအိမ်ဟု သိုင်းလောကသားများအမည်ပေးထားကြသည့်ထိုခြံဝန်းက တည်ရှိလာသည်မှာ နှစ်တစ်ရာနီးပါးကြာပြီဖြစ်သည့်တိုင် လွန်ခဲ့သည့်ဆယ်နှစ်ကမှသိုင်းလောကအတွင်းတရားဝင် ဝင်ရောက်ခြင်းဖြစ်သည်။

ပညာရှိစံအိမ်ဆိုသည့်အမည်နာမနှင့်လိုက်ဖက်စွာသိုင်းလောကအတွင်းရှိသိုင်းပညာရပ်များနှင့်ပတ်သတ်ပြီးနှိုက်နှိုက်ချွတ်ချွတ်သိရှိသလို သိုင်းပညာရပ်များကိုနားလည်မှုတွင် ကုစူးနယ်မုယုံစံအိမ်နှင့်တစ်တန်းထဲထားနိုင်သည့်အသိပညာရှိပေသည်။

ပညာရှိစံအိမ်နည်းတူ လွန်ခဲ့သည့်ဆယ်နှစ်ဝန်းကျင်က သိုင်းလောကအတွင်းဝင်ရောက်လာသည့်နဂါးနတ်ရဲတိုက်နှင့် ပန်းတစ်ရာတောင်ကုန်းတို့ရှိကြပြီး ထိုအင်အားစုသုံးခုမှာ တည်နေရာချင်းများစွာမဝေးကွာကြသလို သူတို့ကြားတွင်လည်းလွန်စွာရင်းနှီးသည့်ဆက်ဆံရေးရှိကြပေသည် ။

&&&&

All Chapters