အင်အားသုံးခုခေါင်းဆောင်မှု
Vol. 2 Ch. 63
ရေပြင်ကျယ်ကြီးထဲတွင်ကျောက်သားဖြင်ပြုလုပ်ထားသည့်တံတားလေးများရှိကာ စံအိမ်ရှေ့ဘက်နှင့်ကန်လယ်ရှိဇရပ်လေးကို ဆက်သွယ်ပေးထားသည်။
ရေကန်အလယ်ရှိ အုတ်ကြွပ်များမိုးထားပြီး ဝါးဖြင့်ပြုလုပ်ထားသည့်ဇရပ်ငယ်လေးက အင်မတန်ချမ်းသာကြွယ်ဝသူများသာ တတ်နိုင်သည့် အပန်းဖြေနေရာလေးတစ်ခုဖြစ်ပြီး စားပွဲဝိုင်းတစ်ခုနှင့်ထိုင်ခုံအနည်းငယ်လည်းရှိပေသည်။
ယခုအခါ ဇရပ်လေးထဲ၌ ထိုင်နေကြသည့်လူသူံးယောက်ရှိပြီး သူတို့အားလုံးက သက်လက်ပိုင်းအရွယ်ရှိကြသည် ။
သူတို့၏အလယ်တွင်မူ ရေနွေးကြမ်းတစ်အိုးနှင့် လက်ဖက်ရည်ပန်းကန်အနည်းငယ်ရှိပြီး ဝိုင်းဖွဲ့စကားပြောဆိုနေဟန်တူသည်။
“ အင်း....အစ်ကိုရှန့်ချင်းရဲ့ နွေဦးလေညင်းဆိုတဲ့လက်ဖက်ရည်က အခုထိလက်ရာကောင်းနေတုန်းပဲကိုး....”
အနီရောင်ပိုးဖဲဝတ်စုံကိုဝတ်ဆင်ထားပြီး နူးညံ့သိမ်မွေ့ဟန်တူသည့်လူကြီးက လက်ဖက်ရည်ပန်းကန်ကိုအသာချလိုက်ပြီးချီးကျူးစကားဆိုလိုက်သည် ။
သူ၏စကားကြောင့် အဖြူရောင်ဝတ်ရုံရှည်ကိုဝတ်ဆင်ထားပြီး ဝဝဖိုင့်ဖိုင့်လူကြီးက ရယ်မောလိုက်သည်။
“ ညီလေးပိုင်က ငါ့ကိုမြှောက်နေပြန်ပါပြီ ...မင်းတို့ ပန်းတစ်ရာတောင်ကုန်းက သုံးရောင်ခြယ်ကြာပန်းဝတ်ဆံနဲ့လုပ်ထားတဲ့ ပန်းကြာဝတ်မှုန်ရေနွေးကြမ်းကိုဘယ်မှီမလဲ....”
သူတို့၏စကားများကြောင့် ကျန်ရှိနေသည့် သက်လက်ပိုင်းလူကြီးက လက်ထဲရှိလက်ဖက်ရည်ကြမ်းပန်းကန်ကိုကုန်စင်အောင်မော့သောက်ရင်း တစ်ခွက်ထပ်ငှဲ့၍ပြောလိုက်သည်။
“ အစ်ကိုတို့ဘာပဲပြောပြော ကျုပ်ကတော့ ဒီလိုမျိုးနည်းနည်းလေးလုပ်ထားတာကိုသဘောမကျဘူး။ အစားအသောက်ဆိုတာ ဗိုက်ဝအောင်စားရတာကို....”
ကျန်နှစ်ယောက်နှင့်ခြားနားစွာ အနက်ရောင်သိုင်းဝတ်စုံကိုဝတ်ဆင်ထားသည့်လူကြီးက ဘဝင်မကျစွာပြောရင်းမှ အရသာခံသောက်ရသည့်လက်ဖက်ရည်ကို သေရည်သောက်သလို တရှိန်ထိုးအော့သောက်လိုက်သည်။
ကျန်နှစ်ယောက်က သန့်ပြန့်ခန့်ညား၍ အထက်တန်းကျသည့်ပုံစံရှိသော်လည်း အနက်ရောင်ဝတ်စုံဝတ်လူကြီးက ပီဘိသိုင်းလောကသားတစ်ယောက်၏သွင်ပြင်ရှိပြီး ထွားကြိုင်းသန်မာသည့်ခန္တာကိုယ်နှင့် ယောင်္ကျားပီသသည့်ပုံစံရှိသည်။
သူ၏နောက်ကျောတွင် ကြီးမားသည့်ဓားကြီးတစ်လက်ကိုလွယ်ပိုးထားသလို ကြီးမားသည့်ခန္တာကိုယ်နှင့်လိုက်ဖက်စွာ သူ၏အသံကလည်း အတော်ပင်ကျယ်လောင်လှသည်။
အနက်ရောင်ဝတ်စုံဝတ်လူကြီး၏စကားကြောင့် ကျန်နှစ်ယောက်က သဘောကျစွာရယ်မောလိုက်ကြပြီး အစ်ကိုရှန့်ဆိုသည့် အဖြူရောင်ဝတ်စုံဝတ်လူကြီးက အပြုံးမျက်နှာဖြင့်ပြောလိုက်သည်။
“ ညီလေးလီသဘောကျရင် အပြန်ခါကျ ငါလက်ဖက်ခြောက်မှုန့်နှစ်ပိသာနဲ့ စံအိမ်က လက်ဖက်ရည်ဖျော်သမားနှစ်ယောက်ကိုငှားလိုက်မယ်ဟုတ်ပြီလား ။
မင်းတစ်နှစ်ပတ်လုံးကြိုက်သလောက်သောက်လို့ရတယ်....”
သူ၏စကားကြောင့် အနက်ရောင်ဝတ်စုံဝတ်လူထွားကြီး၏မျက်လုံးများကတောက်ပသွားသလို ပိုင်မျိုးနွယ်ဖြစ်ဟန်တူသည့် အနီရောင်ဝတ်စုံဝတ်လူကြီးက ဝင်ပြောလိုက်သည်။
“ သူ့ကိုတော့မနိုင်ဘူးအစ်ကိုရှန့်ရေ လွန်ခဲ့တဲ့သုံးနှစ်ကလည်း ကျုပ်တို့တောာင်ကုန်းကိုလာလည်ပြီးအပြန်မှာ ကျုပ်တို့မသိအောင် ရှားပါးစိုက်ခင်းထဲခိုးဝင်သွားတယ်။
ပြီးတော့ အရွယ်ရောက်အောင် ဆယ်နှစ်တစ်ကြိမ်စောင့်ရတဲ့ သုံးရောင်ခြယ်ကြာပန်းတွေကို အပင်တစ်ရာလောက်အမြစ်ကနုတ်သွားလို့ ကျုပ်တို့တောင်ကုန်းကလူတွေအကုန် တစ်ပတ်လောက်အအိပ်ပျက်အစားပျက်ဖြစ်ကုန်ရော....”
အနီရောင်ဝတ်စုံဝတ်လူကြီး၏စကားကို အနက်ရောင်ဝတ်စုံဝတ်လူက ရှက်ရွံ့ဟန်မတူဘဲ ကျယ်လောင်စွာရယ်မော၍ပြောလိုက်သည်။
“ ဟားဟား...ကျုပ်တို့ရဲ့ကြားမှာ ဒီလောက်ကိစ္စလေးကိုစိတ်ဆိုးစရာလိုလို့လား....”
အနက်ရောင်ဝတ်စုံဝတ်လူကြီး၏စကားကြောင့် ကျန်နှစ်ယောက်လည်း ရယ်မောရင်းခေါင်းယမ်းလိုက်မိကြသည်။
သူတို့သုံးယောက်က ပုံပန်းသွင်ပြင်များမတူညီကြသော်လည်း သွေးသားအရင်းအချာများထက်ပင်ရင်းနှီးကြသည့် သွေးသောက်ညီအစ်ကိုများဖြစ်ပြီး သူတို့ကြားရှိခင်မင်မှုက ယခင်မျိူးဆက်နှစ်ခုမှစတင်ခဲ့ခြင်းဖြစ်ပေသည် ။
အနက်ရောင်ဝတ်စုံဝတ်လူထွားကြီးက နဂါးနတ်ရဲတိုက်၏အရှင်သခင်ပိုင်ဖုန်းလုဖြစ်ပြီး အနီရောင်ဝတ်စုံဝတ်လူကြီးက ပန်းတစ်ရာတောင်ကုန်းသခင် လီချန်းစိန်ဖြစ်သည် ။
ကျန်ရှိသည့် ဝဝဖိုင့်ဖိုင့်ဖြင့် သူဌေးသူကြွယ်နှင့်ဆင်တူသူကား ပညာရှိစံအိမ်သခင် ရှန့်ချင်းမန်ဖြစ်ပေသည်။
သူတို့အင်အားစုသုံးခုက သိုင်းလောကတွင်ထင်ဖင်ရှားရှားပေါ်ထွက်လာသည်မှာ ဆယ်နှစ်ခန့်သာရှိသေးသော်လည်း သူတို့၏သမိုင်းကြောင်းက အနှစ်တစ်ရာနီးပါးပင်ရှိပြီဖြစ်သည်။
အင်အားစုသုံးခုကိုတည်ထောင်ခဲ့သည့်ဘိုးဘေးများက လွန်စွာရင်းနှီးကြသည့်မိတ်ဆွေများဖြစ်သည့်အားလျော်စွာ သူတို့၏ရင်းနှီးမှုကို နောက်မျိုးဆက်များအထိသယ်ဆောင်သွားနိုင်ခဲ့သည်။
ထို့ကြောင့် အင်အားစုသုံးခု၏ဆက်ဆံရေးက အမြဲလိုလို လွန်စွာနီးကပ်ခဲ့ကြပြီး သိုင်းလောကထဲသို့ဝင်ရောက်ခြင်းလည်းမပြုဘဲအေးအေးချမ်းချမ်းနေလာကြခြင်းဖြစ်သည် ။
သို့သော်လည်းလွန်ခဲ့သည့်ဆယ်နှစ်ခန့်က လျှို့ဝှက်အမိန့်တစ်ခုကြောင့် သူတို့အင်အားစုသုံးခုသိုင်းလောကထဲသို့ တရားဝင်ကြေညာ၍ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်ထိ တစ်စုံတစ်ရာလှုပ်ရှားမှုကားမရှိသေးပေ။
“ ဒါနဲ့ အစ်ကိုကြီး နန်းတော်ကနောက်ထပ်သတင်းတွေဘာတွေရောက်မလာသေးပါလား...”
လူထွားကြီးပိုင်ဖုန်းလူက ရှန့်ချင်းမန်ကိုမေးလိုက်သည်။
သူ၏မေးခွန်းကြောင့် ရှန့်ချင်းမန်နှင့်လီချန်းစိန်တို့လည်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီးပြိုင်တူခေါင်းယမ်းပြလိုက်ကြသည်။
“ ဟုတ်တယ် ငါတို့ဆီကိုလည်းရောက်မလာသေးဘူး ။ သူတိူ့ကြောင့်ပဲ ငါတို့အင်အားစုသုံးခုလုံး သိုင်းလောကထဲကိုဝင်ရောက်ခဲ့ရတာလေ....”
အနီရောင်ဝတ်စုံဝတ်လီချန်းစိန်က တည်ကြည်သည့်အမူအယာဖြင့်ပြောလိုက်သည်။ သူ၏အဖြေကြောင့် ပိုင်ဖုန်းလူက တံတွေးတစ်ချက်ထွေးကာ ဒေါသထွက်သည့်လေသံဖြင့်ရေရွတ်လိုက်သည်။
“ ထွီ... သူတို့က လွန်တော့လွန်နေပြီ ။ ကျုပ်တို့ဘိုးဘေးတွေနဲ့ပတ်သတ်မှုရှိတယ်ဆိုပြီးကျုပ်တို့ကို သူတို့လက်အောက်ငယ်သားတွေလိုဆက်ဆံနေတာ။
သူတို့သိုင်းလောကထဲဆင်းလာတဲ့အချိန်ကျရင် ဘိုးဘေးရဲ့မှတ်တမ်းထဲကလိုအစွမ်းအစရှိမရှိကြည့်ကြသေးတာပေါ့....”
ပိုင်ဖုန်းလူကား ထွားကြိုင်းသန်မာသည့်သူ၏ခန္တာကိုယ်ကြီးနှင့်လိုက်အောင် ဒေါသကြီးသူတစ်ယောက်လည်းဖြစ်ပြီး သူ၏စကားကြောင့် ရှန့်ချင်းမန်က ခေါင်းယမ်း၍ဝင်ပြောလိုက်သည်။
“ ညီလေးပိုင်က စိတ်လိုက်မာန်ပါလုပ်တတ်တဲ့အကျင့်ကိုမပြင်သေးပဲကိုး...ဘာပဲဖြစ်ဖြစ် အစ်ကိုတို့ရဲ့တည်ထောင်သူဘိုးဘေးတွေက သူတို့ဆီကလာခဲ့တာကိုတော့ငြင်းလို့မရဘူးလေ။
သူတို့ရဲ့သိုင်းပညာဘယ်လောက်ပဲရှိရှိအနည်းဆူံးတော့ တည်ထောင်သူဘိုးဘေးတွေရဲ့မျက်နှာကိုထောက်ပြီး သူတို့ကိုအတတ်နိုင်ဆုံးကူညီကြတာပေါ့....”
ရှန့်ချင်းမန်၏ဖြောင်းဖျစကားကြောင့် ပိုင်ဖုန်းလူလည်း မကျေမနပ်ဖြင့်နှာမှုတ်လိုက်သညိ။
“ ဟမ့် အစ်ကိုကြီးကအမြဲတမ်းဒီလိုပဲ....”
အေးအေးဆေးဆေးသမားရှန့်ချင်းမန်နှင့် ဒေါသကြီးသည့် ပိုင်ဖုန်းလူတို့မှာ မျက်နှာချင်းဆိုင်မိသည်နှင့်အနည်းနှင့်အများအငြင်းအခုန်ဖြစ်တတ်၍ သူတို့နှစ်ယောက်ကြားမှ လီချန်းစိန်က အမြဲလိုလိုဝင်ရောက်ဖြန်ဖျေပေးရလေ့ရှိသည်။
ယခုလည်း ဘာမဟုတ်သည့်ကိစ္စလေးနှင့်စိတ်သဘောကွဲလွဲတော့မည်ကိုကြိုတင်ရိပ်စားမိ၍ လီချန်းစိန်က အာရုံပြောင်းသည့်အနေဖြင့်ပြောလိုက်သည်
“ ဒါနဲ့ အစ်ကိုကြီးတို့ကလေးတွေကော ဘယ်လိုအခြေအနေရှိလဲ။ မတွေ့တာတောင်အတော်ကြာပြီ ။ အစ်ကိုရှန့်ရဲ့သားက သိုင်းလောကထဲမှာအတော်နာမည်ရနေပြီမလား...”
လီချန်းစိန်၏မေးခွန်းကြောင့် ပိုင်ဖုန်းလူနှင့်ရှန့်ချင်းမန်တို့လည်း စကားစပြက်သွားပြီး ရှန့်ချင်းမန်ကပြုံး၍ပြောလိုက်သည် ။
“ ယန်အာက....သိုင်းလောကထဲမှာ နည်းနည်းပဲနာမည်ရလာသေးတာပါ ။ ဘာတဲ့ လူငယ်ထိပ်သီးဆယ်ယောက်ထဲက နံပါတ်နှစ်ဆိုလား...”
ရှန့်ချင်းမန်၏လေသံကနှိမ့်ချဟန်တူသော်လည်း သူ၏မျက်နှာကြီးကပြုံးဖြီးနေရာ မေးခွန်းထုတ်လိုက်သည့်လီချန်းစိန်ပင်အနည်းငယ်အမြင်ကပ်သွားပြီး ဘွင်းဘွင်းရှင်းရှင်းသမားပိုင်ဖုန်းလူက မျက်နှာရှုံ့မဲ့ရင်းပြောလိုက်သည်။
“ ကျုပ်ရဲ့သားတော်မောင်ကတော့ သိုင်းလောကထဲဆင်းရမှာ စိတ်မဝင်စားဘူးဆိုပဲ။ သူသာ သိုင်းလောကထဲဆင်းရင် ထိပ်သီးဆယ်ယောက်နံပါတ်တစ်နေရာတော့သေချာတာပေါ့....။။
သူက ကျုပ်ခြေရာကို တစ်ထပ်ထဲနင်းနိုင်မယ့်လူပဲလေ ။ လာမယ့်သိုင်းပြိုင်ပွဲမှာတော့ ဝင်ပြိုင်ကောင်းပြိုင်နိုင်ပါရဲ့ “
ပိုင်ဖုန်းလူ၏စကားကဝံ့ကြွားဟန်တူသော်လည်း သူ၏ယုံကြည်မှုပြည့်ဝသည့်မျက်နှာနှင့် ခိုင်မာသည့်လေသံတို့အရသူ၏သားကိုမည်မျှယုံကြည်မှုပြည့်ဝကြောင်းသိနိုင်သည်။
အမှန်လည်း သူတို့အင်အားစုသူံးခု၏ လူငယ်မျိုးဆက်များထဲတွင် ပိုင်ဖုန်းလူ၏သားကအစွမ်းအထက်ဆုံးဖြစ်ပြီး ဤသည်ကိုကြည့်မရဖြစ်သွားသည့် ရှန့်ချင်းမန်က အပြုံးမျက်နှာဖြင့်မေးလိုက်သည် ။
“ ညီလေးရှန့်ရဲ့သားကြီကတော့ တကယ့်ကိုထူးချွန်တဲ့လူငယ်လေးတစ်ယောက်ပါပဲ။ ဒါပေမယ့် သားငယ်လေးကရော ....သူ့ကိုရှောင်လင်ကျောင်းမှပို့ထားတာဆယ်နှစ်ကျော်တောင်ကြာပြီမလား အခုထိပြန်မလာသေးဘူးလား....”
ရှန့်ချင်းမန်၏စကားကြောင့် ပိုင်ဖုန်းလူ၏အပြုံးမျက်နှာက သံပရာသီးဝါးသလို ရှုံ့တွသွားပြီ ဒေါသထွက်ဟန်ဖြင့်ပြောလိုက်သည်။
“ ဒီကောင့် အကြောင်းတော့ပြောမရနေပါနဲ့။ ငယ်ငယ်ထဲကအစအနောက်သန်ပြီးသိုင်းပညာကိုစိတ်မဝင်စားဘူး။ သူ့အစ်ကိုလိုဖြစ်ဖို့ဆိုတာဝေလာဝေး...။စိတ်တိုင်းကိုမကျပါဘူး။။
ဒါကြောင့်လည်းကျုပ်က သူ့ကိုစည်းကမ်းတင်းကြပ်တဲ့ရှောင်လင်ကျောင်းကို သူငယ်ငယ်ထဲကပို့ထားခဲ့တာပဲ။ အခုလောက်ဆို ဒီကောင်ကျိုးကျလောက်ရောပေါ့။
သိပ်မကြာခင်ပြန်ရောက်လာမယ်နဲ့တူတယ်။ သူအဆင့်လွန်ထိပ်သီးအဆင့်ကိုရောက်ပြီးပြီလို့သိရတယ်....”
ထိုစကားကြောင့် ကျန်နှစ်ယောက်လည်းအံ့သြဝမ်းမြောက်သွားပြီး ချီးကျူးစကားဆိုလိုက်ကြသည် ။
သူတို့၏ကြားတွင် အငြင်းအခုန်အနည်းငယ်ရှိကောင်းရှိနိုင်သော်လည်း ဤသည်က သူတို့၏ခင်မင်ရင်းနှီးမှူကိုမထိခိုက်ဘဲတစ်ယောက်ကောင်းစားလျှင် ကျန်နှစ်ယောက်က စိတ်ရင်းဖြင့်ဝမ်းမြောက်မိကြပေသည် ။။
“ ဒါနဲ့ အစ်ကိုလီရဲ့သမီးလေးကရော....သူ့ကိုလည်းမတွေ့ရတာ သူံးလေးနှစ်ရှိပြီပဲ။ အတွေ့အကြုံရအောင် သိုင်းလောကထဲကိုဆင်းဖို့စည်းရုံးလို့မရဘူးလား ....”
ပိုင်ဖုန်းလူ၏မေးခွန်းကို လီချန်းစိန်က ခေါင်းယမ်းပြလိုက်ပြီး မသက်မသာပြုံး၍ပြန်ဖြေလိုက်သည်။
“ သူ့အကြောင်းကတော့ အစ်ကိုကြီးတို့လည်းသိတဲ့အတိုင်းပဲ သိုင်းပညာကိုဒီလောက်စိတ်မဝင်စားဘဲ တခြားအိမ်တွင်းမှုပညာရပ်တွေ ၊ ပန်းချီဂီတနဲ့ စာပေပညာတွေကိုပဲ ဝါသနာပါနေတာ ။
သူ့ကြောင့်ကျုပ်လည်း အဲဒီပညာရှင်တွေကိုတစ်ယောက်ပြီးတစ်ယောက်ဖိတ်ခေါ်ပြီးသင်ခွင့်ပြုထားရတာ။
တစ်ဦးတည်းသောသမီးဆိုတော့လည်း ခက်ပါတယ်....”
လီချန်းစိန်က ညည်းညူဟန်ဖြင့်ပြောလိုက်ခြင်းဖြစ်သော်လည်းသူ၏မျက်နှာထက်၌ တောက်ပသည့်အပြုံးတစ််ခုရှိနေသည် ။။
&&&