← Chapters

ပြဿနာအိုးများ

Vol. 2 Ch. 65

ပြဿနာအိုးများ

Vol. 2 Ch. 65

“ ကျုပ်ပြောနေတာဘယ်ရောက်သွားပါလိမ့် အော်ဟုတ်ပြီ . ရွှေဓားသခင်တုန်းချဲ့လင်ဆိုတာ ခွဲခြားဆက်ဆံတဲ့လူတစ်ယောက်လား. ပြီးတော့.......”

ဟောင်ရန်၏ အဆက်မပြက်စကားများကြောင့် အစောင့်များမှာ ခေါင်းကိုက်သွားပြီးတစ်စုံတစ်ခုထပ်ပြောမည်ပြုလိုက်စဉ် ခြံဝန်းထဲမှနောက်ထပ်လူတစ်ယောက်လျှောက်လာသည်။

“ ဘာဖြစ်နေကြတာလဲ....”

ထိုလူက အစောင့်များဝတ်ဆင်သည့်ဝတ်စုံနှင့်ဆင်တူဝတ်ထားသော်လည်း သူ၏ဝတ်စုံက အကောင်းစားချည်ချောဖြင့်ချုပ်ထားပြီး ရှောင်ယောင်၏ကျောင်းတော်သားဝတ်စုံဖြင့်ပင်ယှဉ်နိုင်သည်။

“ ဒီလိုပါ ခေါင်းဆောင်တု ဒီလူငယ်နှစ်ယောက်က ကျုပ်တို့စံအိမ်ကိုကူညီ‌ရအောင်ဆိုပြီး ရောက်နေကြတာ....”

ရှောင်ယောင်တို့ခေါင်းဆောင်ဟုထင်မှတ်ခဲ့ကြသာ့် ထိပ်တန်းအဆင့်သိုင်းသမားက နောက်ထပ်ရောက်လာသူကိုဆီးကြိုပြောလိုက်သည်။

ကျန်အစောင့်များလညိးထိုလူ့ကိုအရိုအသေပေးလိုက်သည်ကိုကြည့်ခြင်းဖြင့် ထိုလူက ခြံဝန်းအစောင့်များခေါင်းဆောင်ဖြစ်ဟန်တူသည်။

အဆင့်လွန်ထိပ်သီးတစ်ယောက်ကိုပင် အစောင့်ခေါင်းဆောင်အဖြစ်ခန့်ထားနိုင်သည့်တုန်းချဲ့လင်၏ဩဇာကမသေးဘဲ ရှောင်‌ယောင်တို့လည်း အနည်းငယ်အံ့သြနေကြစဉ် ထိုလူက သူတိူ့ရှေ့သို့ရောက်လာသည် ။

ဟောင်ရန်က အပြာရောင်စာပေသမားဝတ်စုံကိုဝတ်ဆင်ထားပြီးနောက်ကျောတွင်ဓားတစ်ချောင်းကိုသိုင်းလွယ်ထားသည်။ ။

ရှောင်ယောင်ကား အဖြူရောင်ကျောင်းတော်သားဝတ်စုံကိုဝတ်ဆင်ထားကာ နောက်ကျောတွင်အဝတ်ထုပ်တစ်ထုပ်နှင့်အနည်းငယ်အူကြောင်ကြောင်နိုင်ပေသည်။

ထို့အပြင် ရှောင်ယောင်တို့က အသက်နှစ်ဆယ်ပင်ပြည့်ဟန်မတူသေးသော်လည်း တစ်ယောက်က အဆင့်လွန်ထိပ်သီးဖြစ်၍တစ်ယောက်ကထိပ်တန်းအဆင့်ရှိရာ သူတို့၏အရည်အချင်းက လူငယ်မျိူးဆက်မှကျော်ကြားသူများနှင့်ပင်နှိုင်းယှဉ်နိုင်သည်။

ထို့ကြောင့်သူတို့၏ပုံပန်းသွင်ပြင်က အထင်ကြီးစရာမကောင်းသော်လည်း ချောမောပြီးသန့်ပြန့်သည့်ရုပ်ရည်များနှင့် ထူးချွန်သည့်သိုင်းပညာတို့ကြောင့် ခေါင်းဆောင်တုလည်း လူငယ်နှစ်ယောက်ကိုအထင်မသေးရဲဘဲ လက်သီးတစ်ဖက်ဆုပ်အရိုအသေပေး၍မေးလိုက်သည်။

“ ဒီက မိတ်ဆွေတို့က ဘယ်အင်အားစုကို ကိုယ်စားပြုပြီးလာတာလဲဆိုတာ ပြောလို့ရမလား....”

ခေါင်းဆောင်တုဆိုသူ၏ ကောင်းမွန်သည့်အပြုအမူကြောင့်ဟောင်ရန်လည်းအနည်းငယ်စိတ်ကျေနပ်သွားပြီး ပြန်ဖြေလိုက်သည် ။

“ ကျုပ်က တစ်ကိုယ်တော်သိုင်းသမား...သူကလည်း အဲ. တစ်ကိုယ်တော်သိုင်းသမားပဲ...”

ဟောင်ရန်၏အဖြေကြောင့် ထိုလူငယ်နှစ်ယောက်မှာ ထူးချွန်သည့်အရည်အချင်းရှိသော်လည်း နောက်ခံမရှိသည့်သိုင်းသမားများဖြစ်သည်ကိုအကဲခပ်လိုက်မိ၍ ခေါင်းဆောင်တုလည်း ခေါင်းယမ်းကာပြောလိုက်သည်။

“ ဒီလိုဆိုရင်တော့မိတ်ဆွေတို့ကို စိတ်မကောင်းစွာနဲ့ငြင်းဆန်ပါရစေ။

သွေးနီတံခါးက ကျုပ်တို့သခင်ကြီးကိုလုပ်ကြံမယ်ဆိုတာ လူတိုင်းနီးနီးသိပြီးတဲ့သတင်းဖြစ်နေပြီ။ ဒါကြောင့်လည်း သခင်ကြီးက သူ့မိတ်ဆွေတွေကိုအကူအညီတောင်းတာဖြစ်သလို သိုင်းလောကထဲကကျော်ကြားတဲ့သူတွေကလည်း လာရောက်အကူအညီပေးကြတာပဲ။

ဒါပေမယ့် အဲဒီထဲမှာ သွေးနီတံခါးကလုပ်ကြံသူတွေလည်းပါလာနိုင်တဲ့အတွက် လူတိုင်းကိုဝင်ခွင့်မပြနိုင်ဘဲအခုလိုစစ်ဆေးနေရတာပါ။

မိတ်ဆွေတို့ရဲ့စေတနာကို ကျေးဇူးတင်ပေမယ့် စံအိမ်ထဲကိုတော့ ဝင်ခွင့်မပြုနိုင်ပါဘူး....”

ခေါင်းဆောင်တု၏စကားက အကျိူးသင့်အကြောင်းသင့်ဖြစ်သော်လည်း မိန်းမလှလေး၏စကားကြောင့် ရှက်ရွံ့ဒေါသဖြစ်နေသည့်ဟောင်ရန်ကား နားဝင်ဟန်မတူ။

“ ကောင်းပြီလေ ....လာ အစ်ကိုရှောင်ယောင် ကျုပ်တို့သွားကြမယ်။ ဟောဒီက ရွှေဓားသခင်တုန်းချဲ့လင်ရဲ့စံအိမ်ဆိုတာ နာမည်ကျော်ကြားတဲ့လူတွေကိုသာဝင်ရောက်ခွင့်ပြုတဲ့အဆင့်အတန်းခွဲခြားတဲ့နေရာလို့ သိုင်းလောကထဲမှာသတင်းဖြန့်ကြမယ်။

အဲဒီအခါမှ မဟုတ်ပါဘူးလို့ငြင်းဖို့မကြိုးစားနဲ့။ ဟမ့် သူတို့ကိုကူညီဖို့လာတဲ့လူကို ရင်ဝဆောင့်ကန်လွှတ်တယ်.....”

ဒေါသတကြီးဖြင့်ကျိန်းမောင်းလိုက်သည့်ဟောင်ရန်၏ပုံစံကြောင့်ခေါင်းဆောင်တုနှင့် သူ၏လူများမျက်လူံးပြူးသွားကြသလို ရှောင်ယောင်ပင် ခပ်တိုးတိုးသတိပေးလိုက်ရသည်။

“ ဟေး ...ငတုံး သူတို့ပြောတာလည်းမမှားဘူးကွ....”

ကံမကောင်းစွာဖြင့် ရှောင်ယောင်၏သတိပေးစကားကိုပင်နားမဝင်တော့ဘဲ ဟောင်ရန်က လက်သီးလက်မောင်းတန်း၍အော်ဟစ်လိုက်သည်။

“ ဘာမှအလျော့ပေးစရာမလိုဘူး ။ ဒီလူတွေက အဆင့်အတန်းခွဲခြားတာ ခင်ဗျားအမြင်ပဲ ....”

သူ၏အသံက အနည်းငယ်ကျယ်လောင်လာ၍ လမ်းသွားလမ်းလာများနှင့် ခြံဝန်းထဲသို့ရောက်နှင့်ပြီးဖြစ်သည့်သိုင်းသမားအချို့ပင်ကွက်ကြည့်ကွက်ကြည့်လုပ်လာကြသည်။

ထိုအဖြစ်ကြောင့် ခေါင်းဆောင်တု၏နဖူးတွင်ချွေးများသီးလာသလို တမင်ပြဿနာရှာနေသည့်ထိုလူငယ်ကြောင့် စိတ်ထိမ်းနေသည့်ကြားမှ ‌ဒေါသထွက်လာမိသညိ ။

“ မိတ်ဆွေတို့က ကျုပ်တို့စံအိမ်ကိုတမင်ပြဿနာရှာဖို့လာတယ်ဆိုရင်တော့ ကျုပ်တို့ကယဉ်ကျေးနေမှာမဟုတ်ဘူးနော်....”

ခေါင်းဆောင်တု၏အသံက အေးစက်လာပြီး သူတို့ခေါင်းဆောင်၏အမူအယာကိုအကဲခပ်နေသည့်အစောင့်များကလည်းအဆင်သင့်ပြင်ဆင်လိုက်ကြသည်။

“ ခေါင်းဆောင်တု သူတို့ကိုဆုံးမလိုက်ရမလား...”

ဟောင်ရန့်ကိုအစောပိုင်းထဲကကြည့်မရဖြစ်နေဟန်တူသည့် ထိပ်တန်းအဆင့်သိုင်းသမားကမေးလိုက်သည်။

သူ၏စကားကြောင့်ဟောင်ရန်မှာ အမှန်ပင်ဒေါသထွက်လာဟန်တူပြီး ရှောင်ယောင်ဆွဲထားသညိ့ကြားမှပင် ရှေ့သို့တိုးကာ တင်းမာသည့်လေသံဖြင့်ပြောလိုက်သည်။

“ လာစမ်းပါ သတ္တိရှိရင် ရှေ့ထွက်ခဲ့....”

ရှောင်ယောင်အားကိုးရှိနေ၍လားမသိ ယခင်က အတွေ့အကြုံများစွာမရှိသည့်ထိုလူငယ်လေးက အတော်ပင်ပြဿနာရှာတတ်လာသည်။

မလိုအပ်ဘဲ ပြဿနာများကြီးထွားလာ၌ ရှောင်ယောင်တစ်ယောက်ခေါင်းနပန်းကြီးသွားစဉ် သူတို့၏ဘေးသို့လူရိပ်တစ်ရိပ်လျှင်မြန်စွာရောက်ရှိလာပြီး ကျယ်လောင်သည့်အော်ဟစ်သံပါထွက်ပေါ်လာသည်။

“ ဘယ်ကောင်‌လဲကွ ငါ့မိတ်ဆွေတွေကိုဆုံးမချင်တာ....”

အသံပိုင်ရှင်ကား သူတိူ့၏အငြင်းပွားမှုကြောင့်ရောက်ရှိလာသည့်စုထင်းမှလွဲ၍အခြားမဟုတ်ဘဲ သူနှင့်ရှေ့ဆင့်နောက်ဆင့်ဆိုသလို ဝမ်ဝူးနှင့်ဆုဖိန်တို့လည်းရှောင်ယောင်တို့၏ဘေးတစ်ဖက်တစ်ချက်ဆီသိူ့ရောက်ရှိလာသည်။

“ စုထင်း... ကဗျာရူးဆုဖိန်နဲ့ ဂီတရူးဝမ်ဝူး....”

ရုတ်တရက်ရောက်ရှိလာသည့် စုထင်းကြောင့်အံ့သြတုန်လှုပ်သွားသည့်ခေါင်းဆောင်တုက ဝမ်ဝူးနှင့်ဆုဖိန်တို့ကိုပါမြင်လိုက်ရ၍ နောက်သို့ပင်ခြေတစ်လှမ်းဆုတ်လိုက်မိသည်။

သူတို့ကိုယ်သူတို့ စာ‌ပေသမားများဟု အမြဲလိုလိုဟစ်ကြွေးတတ်သည့် ကဗျာရူး၊ဂီတရူးနှင့်ပန်းချီရူးဆိုသည့် အရူးသုံးယောက်က သိုင်းလောကသားတိုင်းခေါင်းကိုက်ရသည့်လူများဖြစ်ကာ စိတ်ထားမဆိူးသော်လည်း သူတို့နှင့်အတိုက်အခံပြုမိပါက အချိန်များစွာကြာသည်အထိအနှောင့်အယှက်ပေးနေတတ်သည်။

သူတို့၏တစ်ဦးချင်းသိုင်းပညာကမြင့်မားသည့်အပြင် သုံး‌ယောက်ပေါင်းတိုက်ပါက သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်များကိုပင်ယှဉ်နိုင်သည်။

ထို့ကြောင့်လည်း သိုင်းလောကထဲရှိအဆင့်လွန်ထိပ်သီးများပင် စုထင်းတို့သုံးယောက်ကိုဝေးဝေးရှောင်လေ့ရှိကြသည်။

ရှောင်ယောင်နှင့်ဟောင်ရန်တို့ကိုသာ စုထင်းတို့က သဘောကျခင်မင်သွား၍ မိတ်ဆွေရင်းချာများလိုရင်းနှီးသွားခြင်းဖြစ်ပေသည်။

အထူးသဖြင့် စုထင်း၏အကြောင်းကိုကောင်းစွာသိထားသည့်တစ်မြို့ထဲသား ခေါင်းဆောင်တုကား ခေါင်းမီးတောက်နေပြီဖြစ်သည်။

ဟောင်ရန့်ကိုပင်ထိမ်းမနိုင်သေးသည့်အချိန်တွင် စုထင်းတို့သုံးယောက်ပါရောက်ရှိလာရာ ရှောင်ယောင်လည်းအလားတူခေါင်းကိုက်သလိုခံစားမိလိုက်သော်လည်း ဒေါသတကြီးဖြစ်နေသည့်ဟောင်ရန်ကား စစ်ကူရောက်လာ၍ ပို၍ပင်တက်ကြွလာသည်။

“ အစ်ကိုစုထင်း ဒီလူတွေက ကျုပ်တို့ကို ခြံဝန်းထဲတောင်ဝင်ခွင့်မပြုဘူး။ ဘာလို့လဲသိလား ကျုပ်တို့က သိုင်းလောကထဲမှာနာမည်ရှိတဲ့လူတွေမဟုတ်လို့ဆိုပဲ ။

အစ်ကိုပြောထားတာက ရွှေဓားသခင်တုန်းချဲ့လင်ဆိုတာ သဘောမနောကောင်းပြီး .စိတ်ထားမှန်ကန်တဲ့လူတစ်ယောက်ဆို အခုကျ တခြားစီဖြစ်နေပါလား...”

ဟောင်ရန်က ကြက်တူရွေးစာအန်သလိုတတွတ်တွတ်ပြောဆိုလိုက်ပြီး မူလကပင်ပြဿနာအိုးများဖြစ်သည့်စုထင်းတို့သုံးယောက်ကား သူ၏စကားများကြောင့်မခံမရပ်နိုင်ဖြစ်သွားကြသည်။

“ တုခေါ....မင်းငါ့ကိုဒီကိစ္စဖြေရှင်းချက်ကောင်းကောင်းပေးရမယ်....”

စုထင်းက ခေါင်းဆောင်တုကိုတင်းမာသည့်လေသံဖြင့်ပြောလိုက်သလိုဝမ်ဝူးနှင့်ဆုဖိန်တို့ကလည်း ထောက်ခံလိုက်ကြသည် ။

“ နေစမ်းပါ ဒီကိစ္စကို တုန်းချဲ့လင်နဲ့တွေ့ပြီးရှင်းရမယ်....”

“ ဟုတ်တယ် ငါတို့စာပေသမားသုံးယောက်ရဲ့မိတ်ဆွေတွေကို မင်းတို့ကဘယ်လိုဆက်ဆံတာလဲ..”

စုထင်းတို့လူစု၏ဖိအားပေးမှုနှင့်ရင်ဆိုင်ရာတွင်ခေါင်းဆောင်တုလည်း နဖူးတွင်ချွေးများသီးလာပြီးမည်သို့ဖြေရှင်းရမှန်ပင်မသိတော့ပေ။

လွန်စွာစိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသည့်အရူးသုံးယောက်၏အကြောင်းက သိုင်းလောကထဲတွင်ကျော်ကြားသော်လည်း ယခုလိုကိုယ်တွေ့ကြုံလာမှ မည်မျှအခက်တွေ့ကြောင်းသိလိုက်ရသည်။

ထိုသုံးယောက်ကိုဖိအားပေးမောင်းထုတ်ရန်ကလည်းမဖြစ်နိုင်ဘဲ တစ်ယောက်ချင်းစီ၏သိုင်းပညာက ခေါင်းဆောင်တုထက်သာလွန်နေသလို သူတို့၏ကျော်ကြားမှုက ရွှေဓားသခင်ထက်လည်းမနိမ့်ကျပေ။

ခေါင်းဆောင်တုမှာ အဆက်မပြက်ပြစ်တင်သံများကြားတွင် ထိုနေရာမှအငွေ့ပျံလျက်ပျောက်ကွယ်သွာလိုစိတ်များဖြစ်နေပြီး ဤနေရာသို့ရောက်လာမိသည့်သူ့ကိုယ်သူလည်း အပြစ်တင်နေမိသည်။

ထိုစဉ် စုထင်းတို့လူစု၏အော်ဟစ်သံများကြောင့် ခြံဝန်းထဲတွင်ရောက်နှင့်ပြီးဖြစ်သည့်သိုင်းသမားများပင် သူတို့ကိုကွက်ကြည့်ကွက်ကြည့်လုပ်လာကြ‌‌သော်လည်း ဝမ်ဝူးက သူတို့ကို မျက်လုံးပြူး၍ကြည့်လိုက်ရာ ထိုသိုင်းသမားများက အလျှင်အမြန်ပင်မမြင်ချင်ယောင်ဆောင်လိုက်ကြသည်ကိုတွေ့လိုက်ရသည်။

ထို့အဖြစ်ကိုမြင်တွေ့လိုက်၍ ဝမ်ဝူးတို့သုံးယောက်၏ပြဿနာရှာတတ်သည့်ဂုဏ်သတင်းမှာအတော်ပင်ကြီးမားလှကြောင်းရိပ်မိလိုက်ပြီး ရှောင်ယောင်လည်း လက်ပိုက်ကြည့်မနေနိုင်တော့ဘဲ ဝင်ပြောလိုက်သည်။

“ အစ်ကိုစုထင်းတို့လည်း တော်ပါတော့ ပြေပြေလည်လည်ပဲဖြေရှင်းရအောင်ပါ....”

ရှောင်ယောင်လို အကျိုးသင့်အကြောင်းသင့်လူတစ်ယောက်ပါလာ၍ ခေါင်းဆောင်တုလည်း မျက်ရည်ကျလုမတတ်ကျေးဇူးတင်သွားမိပြီး ရှောင်ယောင်ကိုအလျှင်အမြန်ပြောလိုက်သည်။

“ မိတ်ဆွေလေး ကျေးဇူးပြုပြီးအထဲကိုကြွပါ ....သူတိူ့လေးယောက်ကိုလည်း နည်းနည်းနားချပေးပါဦး....”

နောက်ဆုံးတွင်ကား ခေါင်းဆောင်တု၏တောင်းပန်မှု၊ ရှောင်ယောင်၏ဖြောင်းဖျမှုတို့ဖြင့် စုထင်းတို့သုံးယောက်နှင့်ဟောင်ရန်လည်းအထဲသို့မလိုက်ချင်လိုက်ချင်ဟန်ဖြင့် လိုက်လာခဲ့ကြသည်။

အနီးရှိအစောင့်များကား ထိုအဖြစ်ကိုပါးစပ်အဟောင်းသားဖြင့်ကြည့်နေမိကြပြီး ပြဿနာမတတ်သင့်သည့်လူများစာရင်းတွင်ထိုလူများကို ထိပ်ဆုံးမှမှတ်သားထားလိုက်ကြတော့သည် ။

&&&&

All Chapters