← Chapters

စိန်ခေါ်ခြင်း

Vol. 2 Ch. 69

စိန်ခေါ်ခြင်း

Vol. 2 Ch. 69

လူငယ်နှစ်ယောက်၏ တိုက်ပွဲကအချိန်အတော်ကြာအောင်ဆက်လက်ဖြစ်ပွားမည့်ဟန်တူပြီး ယခုအချိန်ထိမည်သူမှအသာစီးမရကြသေးပေ။

အနီရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ဓားရှည်တစ်လက်ကိုအသုံးပြုတိုက်လိုက်နေသည့်လူငယ်က သွက်လက်ဖျက်လက်သလို သူ၏ပြိုင်ဘက်လက်နက်မဲ့သမားကလည်း အတွင်းအားကောင်းမွန်ပြီး လက်ဝါးသိုင်းကွက်များက စေ့စပ်တိကျသည် ။

ဘေးလူများ၏စကားများအရ အနီရောင်ဝတ်စုံဝတ်လူငယ်က သိုင်းလောကတွင်ကျော်ကြားသော ပထမတန်းစားဂိုဏ်းတစ်ခုဖြစ်သည့် ပန်းနီနီဂိုဏ်း၏သခင်လေးဖြစ်သည်ဟုသိရပြီး သူ၏ဓားကွက်များက လျှင်မြန်ပေါ့ပါးခြင်းကိုအထူးပြုကာ ကိုယ်ဖော့ပညာကလည်း ထူးချွန်သည်ဟုဆိုနိုင်သည်။

သူ၏ပြိုင်ဘက်လူငယ်က ထင်ရှားသည့်တစ်ကိုယ်တော်သိုင်းသမားတစ်ယောက်ဖြစ်ပြီး သုံးဆင့်လက်ဝါးဆိုသည့်ဘွဲ့ဖြင့်သိုင်းလောကတွင်ကျော်ကြားသူတစ်ဦးလည်းဖြစ်သည်။

သို့သော် သူတို့၏သိုင်းပညာများကများစွာကွာဟမှုမရှိဘဲ လက်ရည်စမ်းယှဉ်ပြိုင်ပွဲလည်းဖြစ်၍ မည်သူမှအစွမ်းကုန်အသုံးမပြုကြရာ ယခုပုံစံအတိုင်းသာဆက်သွားပါက အားအင်ပြင်းထန်သည့်တိုက်ကွက်များကိုသာ အသုံးပြုနေသည့်သုံးဆင့်လက်ဝါးက အတွင်းအားကုန်ခမ်း၍ဦးစွာအရေးနိမ့်သွားမည်ဟုထင်ရပေသည်။

“ တိုက်ပွဲကလည်းပျင်းစရာကြီး....”

ဟောင်ရန်က တစ်ကိုယ်တည်းညည်းတွားလိုက်သည်။

အစောပိုင်းကသင်ခန်းစာရသွားပြီဖြစ်၍ထိုလူငယ်လေးမှာ ခပ်တိုးတိုးသာပြောလိုက်ခြင်းဖြစ်သည်။

သိုင်းလောကထဲမှကျော်ကြားသည့်လူငယ်များဆုံတွေ့နေကြသည်ဟုသိရသဖြင့်ရောက်လာခဲ့သော်လည်း များစွာအထင်ကြီးစရာမရှိပေ။

ဤသည်က ဟောင်ရန်၏မျက်စေ့ထဲတွင်ဟာဖြစ်ပြီး အခန်းတွင်းရှိလူငယ်များမှာ အထိုက်အလျောက်ထူးချွန်ထက်မြက်သူမျယးသာဖြစ်သာဖြစ်ကြသည် ။။

သူတို့ထဲရှိအနိမ့်ဆုံးလူက ထိပ်တန်းလွန်အဆင့်ရှိပြီး သိုင်းထိပ်သီးလေးငါးယောက်ပင်ရှိနေသေးသည်။ သူတို့၏အသက်ကလည်းနှစ်ဆယ်နှင့်သုံးဆယ်ကြားထဲတွင်ရှိနေသေးရာ ထိုအရည်အချင်းကသိုင်း‌လောကတွင်ထးးချွန်သည်ဟုဆိုနိုင်သည် ။

သို့သော် ဟောင်ရန်က ဆယ့်ရှစ်နှစ်ဖြင့်အဆင့်လွန်ထိပ်သိးအဆင့်သို့ရောက်ရှိခဲ့သူဖြစ်ပြီး သူ၏တိုက်ပွဲစွမ်းအားက အစွမ်းထက်ထိပ်သီးများနှင့်ပင်ယှဥ်နိုင်ရာ ဤလူငယ်များမဆိုထားနှင့် ခြံဝန်းတစ်ခုလုံးရှိသိုင်းထိပ်သီးများတွင်ပင် ဟောင်ရန်နှင့်ယှဉ်နိုင်သူများစွာမရှိပေ။

သူ၏ဘေးရှိရှောင်ယောင်ဆိုလျှင်လည်း မျက်စိအမြင်ဖြင့်သက်မှတ်၍မရသူတစ်ဦးဖြစ်သည်။

ရှောင်ယောင်၏သိုင်းအဆင့်က ထိပ်တန်းအဆင့်သာရှိသေးပြီး ကျန်လူငယ်မျိုးဆက်များနှင့်ယှဥ်လျှင်သာမန်ဟုဆိုနိုင်သော်လည်းအစွမ်းထပ်ထိပ်သီးတစ်ယောက်ကိုရင်ဆိုင်နိုင်သည့်သူ၏တိုက်ပွဲစွမ်းရည်က ဖြုံလောက်စရာပင်။

ချူးကုနန်နှင့်တိုက်ပွဲတွင်အသုံးပြုသွားသည့်ရှောင်ယောင်၏သိုင်းပညာများကို အံ့ဩထိတ်လန့်မိခဲ့ပြီး သူကိုယ်တိုင်ပင် ရှောင်ယောင့်ကိုအနိုင်ယူနိုင်မည်မဟုတ်ဟု ဟောင်ရန်တွေးမိပေသည်။

ထို့ကြောင့်လည်း ဟောင်ရန်၏မျက်စေ့ထဲတွင် ထိုလူငယ်များကဘာမဟုတ်သည့်သိုင်းသမားလေးများဖြစ်ကာ သူတို့၏သိုင်းပညာကအဆင့်မြင့်ကြသော်လည်း အရည်အချင်းကသာမန်သာဖြစ်သည်ဟုထင်မြင်နေခြင်းဖြစ်၏။

“ ဟေ့ ဟောင်ရန် မင်းကြိုက်တဲ့ကောင်မလေးလည်း ဒီထဲမှာရှိတယ်....”

ရှောင်‌ယောင်က ဟောင်ရန့်ကို စနောက်လို၍ ခပ်တိုးတိုးပြောလိုက်သည် ။

သူ၏စကားကြောင့် ဟောင်ရန်၏မျက်နှာကရှုံ့မဲ့သွားပြီးမကျေမနပ်ပြောလိုက်သည် ။

“ ကျုပ်က ဘယ်သူ့ကိုမှမကြိုက်တာ...”

ဟောင်‌ရန်၏အဖြေကြောင့် ရှောင်ယောင်က ထူးဆန်းစွာပြုံးလိုက်ပြီး ထပ်ပြောလိုက်သည်။

“ သေချာလို့လား....‌စားသောက်ဆိုင်မှာတွေ့ခဲ့တဲ့အပြာနဲ့မိနိးကလေးလေ သူ့နာမည်ကဘာတဲ့ ချောင်ရှန်းရှန်းဆိုလား....”

ရှောင်ယောင်၏စကားအဆုံး၌ ဟောင်ရန်၏ခန္တာကိုယ်က ဆက်ခနဲဖြစ်သွားပြီး သူ၏မျက်လုံးများက ပတ်ဝန်းကျင်ကိုကျီးကန်းတောင်းမှောက်ကြည့်လိုက်သည် ။

ပါးစပ်က သဘောမကျပါဟု တွင်တွင်ပြောနေသော်လည်း ထိုမိန်းကလေးကိုမြင်တိုင်း သတိလက်လွတ်ကြည့်နေတတ်သည့် ထိုလူငယ်၏အကျင့်သိ၍ ရှောင်ယောင်က ပိုင်နိုင်စွာပြုံးရင်ထပ်ပြောလိုက်သည် ။

“ ဒါများမကြိုက်ဘူးလို့ငြင်းနေတယ် ။ ငတုံး ဟိုဘက်ကလူတွေရဲ့နောက်က အခန်းထောင့်နေရာကိုကြည့်လိုက်...”

ရှောင်ယောင်က ဟောင်ရန်၏နားရွက်ကိုဆွဲ၍ ဘေးသို့အနည်းငယ်တိုးစေပြီးညွန်ပြလိုက်သည်။

ထိုအခါမှဟောင်ရန်လည်း အခန်းထောင့်တွင်သီးခြားရပ်နေသည့်မိန်းမလှလေးနှစ်ယောက်ကိုမြင်လိုက်ပြီး သူ၏မျက်လုံးများကတောက်ပသွားသည်။

“ ပတ်ဝန်းကျင်ကို ဂရုတစိုက်လေးလည်းကြည့်ဦး....ဒီပုံစံနဲ့ဆို မင်းကငါမရှိရင်တစ်ယောက်ထဲဘယ်လိုနေမှာလဲ....”

ရှောင်ယောင်က ဟောင်ရန်၏ပခုံးပေါ်တွင်လက်တင်ထားရင်းမှ ဆရာကြီးတစ်ယောက်၏ပုံစံဖြင့်ဆူံးမလိုက်သည်။

မိန်းမလှလေးနှစ်ယောက်ရပ်နေသည့်နေရာက အခန်းထောင့်ကျသည့်အပြင် သူတို့၏ဘက်မှမျက်ကွယ်နေရာမျိူးဖြစ်၍ ဟောင်ရန်တစ်ယောက်သတိမထားမိခြင်ဖြစ်သည်။

စင်စစ်ရှောင်ယောင်ကိုယ်တိုင်လည်း မျက်နှာချင်းဆိုင်မှလူငယ်အချို့ နောက်ဘက်သို့လှည့်ကြည့်လှည့်ကြည့်လုပ်နေသည်ကိုမြင်၍ သူတို့၏ဦးတည်ရာသို့ကြည့်မိရင်း မိန်းမလှလေးနှစ်ယောက်ကို မြင်သွားခြင်းဖြစ်သည်။

စီးတုယွမ်ချင်း သို့မဟုတ် အနက်ရောင်ဝတ်စုံဝတ်မိန်းမလှလေးကား တိုက်ပွဲကိုမျက်နှာသေဖြင့်အာရုံစိုက်ကြည့်နေသည် ။

သူမ၏ရုပ်ရည်က ‌ချောင်ရှန်းရှန်းထက်ပင်သာလွန်သော်လည်း အေးစက်ပြီးချဉ်းကပ်ရခပ်သည့်ပုံစံနှင့် သူမ၏ဂုဏ်သတင်းကြောင့် လူငယ်အများစုမှာ ရဲရဲတင်းတင်းပင်မကြည့်ဝံ့ကြပေ။

သူငယ်စဉ်က ရင်းနှီးခဲ့ဖူးသည့်ကလေးမလေး မည်သည့်အတွက် ထိုမျှအေးစက်သွားသည်ကိုရှောင်ယောင်လည်း စဉ်းစားမရနိုင်လောက်အောင်ဖြစ်မိသည်။

ဘေးဘက်ရှိအပြာရောင်ဝတ်စုံဝတ်ချောင်ရှန်းရှန်းကား ဟောင်ရန်တို့ကိုမကျေမနပ်ကြည့်နေပြီး စီးတုယွမ်ချင်းကို ပြောလိုက်သည် ။

“ အစ်မယွမ်ချင်း....ဟိုကောင်တွေ ကျမတို့ကိုကြည့်နေပြန်ပြီ....တကယ်စိတ်ရှုပ်စရာကောင်းတယ်....ကျမ သူတို့ကို ပညာပေးချင်နေပြီ ... “

ချောင်ရှန်းရှန်း၏စကားသံထွကပေါ်လာပြန်၍ စီးတုယွမ်ချင်းက သူမ၏မျက်ခုံးသွယ်သွယ်နှစ်ခုကိုထိစပ်လုမတတ်ကြုံ့လိုက်မိရင်းခပ်ဆက်ဆက်ပြောလိုက်သည်။

“ ရှန်းရှန်း ငါ့ကိုထပ်မနှောင့်ယှက်နဲ့တော့ နင်ဘာသာနင်လုပ်ချင်တာလုပ် ။ ပြဿနာတော့မဖြစ်စေနဲ့....”

စီးတုယွမ်ချင်း၏အေးစက်စက်စကားသံကြောင့် ချောင်ရှန်းရှန်း၏ဇာတ်လေးပုသွားသော်လည်း သူမ၏ခွင့်ပြုမှုကြောင့်မျက်လုံးဝိုင်းဝိုင်းလေးများက ဉာဏ်များသည့်ဟန်ဖြင့်တောက်ပသွားတော့သည်။

“ ငတုံး ဟိုကလာနေပြီ....”

ရှောင်ယောင်က ‌ချောင်ရှန်းရှန်းကိုစိုက်ကြည့်နေသည့်ဟောင်ရန့်ကို သတိပေးလိုက်ပြီး သူကိူယ်တိုင်လည်း စီးတုယွမ်ချင်းကိုကြည့်နေရာမှမျက်နှာလွှဲလိုက်သည်။

ထိုမိန်းကလေးကို သူသွားရောက်စကားပြောဆိုလိုသော်လည်း အချိန်ကောင်းမဟုတ်သေးပေ။

တစ်ဖက်တွင် ဟောင်ရန်လည်း သူ့ကိုစူးစူးရဲရဲစိုက်ကြည့်၍ တိုက်ပွဲနေရာသို့လျှောက်လာနေသည့်ချောင်ရှန်းရှန်းကြောင့်ရင်ထိတ်သွားပြီး ကမန်းကတန်းအကြည့်လွှဲလိုက်သည် ။

ချောင်ရှန်းရှန်းဆိုသည့်ပြဿနာအိူးမလေးက ဟောင်ရန့်ကိုကြည့်မရဖြစ်နေသည်ကို ဘေးမှရှောင်ယောင်ပင်ရိပ်မိနေသည်။

ကံကောင်းထောက်မစွာဖြင့် ချောင်ရှန်းရှန်းက သူတို့ဆီသို့ဆက်မလာဘဲ လူရွယ်နှစ်ယောက်၏အနီးတွင်ရပ်သွားသည်။

ထိုလူရွယ်နှစ်ယောက်ကိုကြည့်လိုက်မိချိန်တွင် ရှောင်ယောင်လည်းအနည်းငယ်အံ့အားသင့်သွားပြီး ဟောင်ရန့်ကိုတံတောင်ဖြင့်တွက်လိုက်သညိ။

“ ဟောင်ရန်ကြည့်စမ်း.. မင်းကောင်မလေးနဲ့စကားပြောနေတာ ဟိုဆောင့်ကြွာကြွားနှစ်ကောင်မလား....”

“ အစ်ကိုရှောင်ယောင်ကလည်း ကျုပ်ကောင်မလေးမဟုတ်ပါဘူးဆို...”

ဟောင်ရန်က ရှောင်ယောင်၏စကားကို မကျေမနပ်လေသံဖြင့်တုန့်ပြန်လိုက်သော်လည်း သူညွန်ပြရာသို့ကြည့်လိုက်မိသည်။

ထိုအခါ ‌ချောင်ရှန်းရှန်းနှင့်စကားပြောနေသည့်ချောမောသည့်လူငယ်နှစ်ယောက်ကိုမြင်တွေ့လိုက်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။

“ စားသောက်ဆိုင်မှာတွေ့ခဲ့တဲ့ ငကြောင်တွေပဲ။ သူတို့ကဒီရောက်နေတာကိုး....”

ဟောင်ရန်လည်း ချောင်ရှန်းရှန်းတို့ဆီမှမျက်နှာကစေရန် သူ့ကို ဝင်အပြစ်ဖို့ပြီးနောက် စုထင်းတို့လူစုနှင့်ပြဿနာဖြစ်ခဲ့သည့်လူရွယ်နှစ်ယောက်ကိုပြန်မှတ်မိသွားသည်။

မိုးကြိုးနတ်ဓားဂိုဏ်းမှ ဝေ့တုနှင့် ထန်မိသားစုမှ ထန်ရှန်းဆိုသည့်ထိုလူရွယ်နှစ်ယောက်က စုထင်းတို့နှင့်တိုက်ပွဲတွင်လည်း အရေးနိမ့်ခဲ့ပြီး သေမင်းနှစ်ဖော်ကိုအခြားလူများရင်ဆိုင်ချိန်တွင်လည်းတုတ်တုတ်မှမလှုပ်ခဲ့ပေ။

ထို့ကြောင့် တိုက်ပွဲပြီးနောက် ရှက်ရွံစွာဖြင့်ဆိုင်ထဲမှထွက်ခွာသွားကြခြင်းဖြစ်သည်။

ယခု ထိုလူရွယ်နှစ်ယောက်လည်း အခန်းထဲတွင်ရှိနေသည်ကိုတွေ့လိုက်ရပြီး ချောင်ရှန်းရှန်းက သူတို့ကိုတစ်စုံတစ်ခုပြောဆိုနေသည်။

ယခင်က သူတို့ကိုဘက်မလုပ်သည့်မိန်းမလှလေးက ရုတ်တရက်အကူအညီတောင်းလာရာ လူရွယ်နှစ်ယောက်လည်း အတော်ပင်ဝမ်းမြောက်ဝမ်းသာဖြစ်သွားဟန်တူပြီး ခေါင်းညိမ့်ကာအာမခံလိုက်ကြသည်။

“ အခြေအနေကသိပ်မကောင်းဘူးနော်...ဟိုကောင်တွေ ငါ့ကိုခဏခဏစိုက်ကြည့်နေတယ်.... မင်းကောင်မလေးတစ်ခုခုပြောလိုက်ပုံရတယ် .... “

ရှောင်ယောင်က ပခုံးတွန့်၍ပြောလိုက်သည်။ ချောင်ရှန်းရှန်းက သူမ၏မူလနေရာသို့ပြန်သွားပြီးဖြစ်သော်လည်း ဝေ့တုနှင့်ထန်ရှန်းက သူတို့ကိုအကဲခပ်နေပေသည် ။

ရှောင်ယောင်၏စကားကြောင့် ဟောင်ရန်ကလည်းအေးစက်စက်ပြူံးလိုက်မိသည်။

“ သေမင်းနှစ်ဖော်ရောက်လာတုန်းကကျ ကြောက်ဒူးတုန်နေတဲ့ကောင်တွေ။ ကျုပ်တို့ကိုပြဿနာလာရှာရင်ကျုပ်ဆုံးမပေးမယ်။

ဟောင်ရန်ကလည်း လူရွယ်နှစ်‌ယောက်ကို စိန်ခေါ်သည့်ဟန်ဖြင့်ပြန်ကြည့်လိုက်သည်။

ထိုလူရွယ်နှစ်ယောက်က စားသောက်ဆိုင်တွင် သူ့ကိုသည်အတိုင်းဝင်ရောက်ရန်စခြင်းအား မမေ့သေးဟန်တူသည်။

ပုံမှန်ဆိုလျှင် စိတ်သဘောထားကောင်းမွန်ပြီးကြင်နာတတ်သည့်ဟောင်ရန်က တစ်ခါတစ်ရံတွင် ထိမ်းမရသည့်ပုံစံသို့ပြောင်းလဲသွားတတ်၍ ရှောင်ယောင်လည်း ခေါင်းကိုက်သွားမိကာ မီးစဉ်ကြည့်ကရန် ဆုံးဖြတ်လိုက်တော့သည်။

ထိုစဉ်မှာပင် တိုက်ခိုက်နေသည့်လူရွယ်နှစ်ယောက်၏တိုက်ပွဲက ပြီးဆုံးသွားပြီဖြစ်ကာ သူတို့ကြိုတင်ခန့်မှန်းထားသလို လက်နက်မဲ့သမားလူငယ်က အတွင်းအားကုန်ခမ်း၍အရှုံးပေးလိုက်ရခြင်းဖြစ်သည် ။

ကျန်ရှိနေသည့်လူငယ်များကား ပွဲကောင်းတစ်ပွဲကိုကြည့်လိုက်ရသည်ကို ဘဝင်ခွေ့နေကြပြီး ပြီးခဲ့သည့်တိုက်ပွဲအကြောင်းပြောဆိုဆွေးနွေးနေကြသည်။

တစ်ချိန်ထဲမှာပင်နောက်ထပ်မည်သူတို့ထပ်မံလက်ရည်စမ်းတိုက်ခိုက်ကြမည်ကို စောင့်မျှော်လျက်ရှိပြီး သူတို့၏ဆန္ဒပြည့်ဝသည်ဟုဆိုရပေမည်။

“ ဟိုနားက မိတ်‌ဆွေ ခင်ဗျားကျုပ်နဲ့တိုက်ခိုက်ရဲလား....”

ကြည်လင်ပြက်သားသည့်အသံနှင့်အတူ မိုးကြိူးနတ်ဓားဂိုဏ်းမှဝေ့တုက ‌တိုက်ခိုက်ရာနေရာသို့လျှောက်လာသည် ။

သူ၏ဘေးတွင်အစိမ်းရောင်ဝတ်စုံဝတ် ထန်ရှန်းလည်းအတူပါလာပြီး ကျန်ရှိနေသည့်လူငယ်များကား ထိုနှစ်ယောက်ကိုသိကြဟန်ဖြင့် အလျှင်အမြန်လမ်းဖယ်ပေးလိုက်ကြပြီး အချင်းချင်းတီးတိုးပြောလိုက်ကြသည်။

“ ငွေရောင်ဝတ်စုံကိုဝတ်ထားတဲ့လူက ကွေ့ကျိုးနယ် မိုးကြိုးနတ်ဓားဂိုဏ်းကပဲ သူ့ဘေးကလူက ထန်မိသားစုဝင်ပဲ....”

“ ငါတို့ကြားထားတဲ့သတင်းတွေအရဆိုရင် သူတို့နှစ်ယောက်ရဲ့သိုင်းပညာက လူငယ်ထိပ်သီးဆယ်ယောက်စာရင်းတောင်ဝင်နိုင်တယ်ဆိုပဲ။

ပြီးတော့ မိုးကြိုးနတ်ဓားဂိုဏ်းကလူက နတ်ဓားရှင်ဝေ့ယန်ရဲ့ မြေးအရင်းတဲ့....”

&&&

All Chapters