← Chapters

စွပ်စွဲပြောဆိုခြင်း

Vol. 2 Ch. 72

စွပ်စွဲပြောဆိုခြင်း

Vol. 2 Ch. 72

လက်ရှိအခြေအနေက ရှောင်ယောင်တွေးထင်ထားသလိုပင်အတိကျဖြစ်လာခြင်းဖြစ်၏ ။

ဝေ့တု၏ကြောက်မက်ဖွယ်ကောင်းသည့်ဓားချက်ထွက်ပေါ်လာစဉ် ဟောင်ရန်ကလည်း သူ၏‌ဓားကိုလျှပ်ပြတ်သလိုပြန်ဆွဲယူလိုက်ပြီး ဝေ့တု၏တိုက်ကွက်ကိုာကွယ်လိုက်ခြင်းဖြစ်သည် ။

တစ်ဖက်လူ၏ဓားကိုရိုက်ထုတ်ပြီးသည်နှင့်တစ်ပြိုင်နက် ဟောင်ရန်က ဝေ့တု၏လည်ပင်းကိုပိုင်းဖြတ်လိုက်ခြင်းဖြစ်ပြီး ဓားအရှိန်ကိုသာကောင်းစွာထိမ်းချုပ်နိုင်ခြင်းမရှိပါက ဝေ့တု၏ကံကြမ္မာက ချူးကုနန်နှင့်ခြားမည်မဟုတ်ပေ။

ဟောင်ရန်၏ယခုဓားကွက်နှစ်ခုက ရှုပ်ထွေးခြင်းမရှိသော်လည်း လွန်စွာလျှင်မြန်လှပြီး ဝေ့တု၏တိုက်ကွက်ကိုကာကွယ်စဉ်ကဆိုလျှင်မဖြစ်နိုင်သည့်ရှုထောင့်မှကာကွယ်လိုက်ခြင်းဖြစ်သည်။

ထိုဓားသိုင်းမှာ ဟောင်ရန်အသုံးပြုနေကျရှုပ်ထွေးလျှင်မြန်ပြီး အရိပ်များစွာထွက်ပေါ်သည့်ဓားသိုင်းနှင့်တော့ အနည်းငယ်ကွဲပြားနေသည် ။

ရှောင်ယောင်တစ်ယောက် ဟောင်ရန်၏ဓားကွက်များကို သုံးသပ်နေစဉ်မှာပင် အံ့ဩထိတ်လန့်နေသည့်ကျန်လူများပြန်သတိဝင်လာကြသည်။

ဟောင်ရန်၏ဓားအရှိန်ကလွန်စွာမြန်ဆန်လှ၍ ကြည့်ရှုနေသူများပင်ရှင်းလင်းစွာမမြင်လိုက်ရပေ။

သူတို့၏အမြင်၌ ဝေ့တု၏ကြောက်စရာကောင်းသည့်တိုက်ကွက်ကို ခုခံရန်ဟောင်ရန်၏ဓားရိပ်ခနဲရွေ့လျားသွားခြင်းကိုဖြစ်ပြီး သူတို့သတိပြုမိသည့်အချိန်၌ ဟောင်ရန်၏ဓားက ဝေ့တု၏လည်ပင်းပေါ်သို့ရောက်နေပြီဖြသ်သည် ။

ဝေ့တုမှာ ရှုံးနိမ့်ပြီဆိုသည့်အသိကြောင့် အားအင်တစ်စက်မှမရှိသူတစ်ယောက်လိုမောပန်းနေသည့်အပြင် ဟောင်ရန်၏ဓားက သူ၏လည်ပင်းပေါ်တွင်ရှိနေသေး၍ ထိတ်လန့်တုန်လှုပ်သည့်အမူအယာဖြစ်နေသည်။

ပတ်ဝန်းကျင်တစ်ခုလုံးအချိန်အနည်းငယ်ကြာအောင်ငြိမ်သက်သွားပြီးမှ အံ့အားသင့်စွာဖြင့်ချီးကျူးပြောဆိုသံများထွက်ပေါ်လာတော့သည်။။

“ မင်းမြင်လိုက်လား ..ဓားရဲ့အမြန်နှုန်းကို....”

“ ဒီလူငယ်ကဘယ်ကလာခဲ့တာလဲ.... ။ သူ့ရဲ့လက်ရှိဓားပညာအရဆိုရင် လူငယ်ထိပ်သီးစာရင်းထဲကတစ်ယောက်ယောက်လို့ပြောရင်တောင် ငါငြင်းမှာမဟုတ်ဘူး....”

အခန်းတွင်းရှိလူအားလုံးက လူငယ်မျိုးဆက်တွင်ကျော်ကြားသူများဖြစ်သည့်တိုင် ဟောင်ရန်ပြသသွားသည့် အစွမ်းထက်သိုင်းပညာကသူတို့၏လေးစားမှုနှင့်ထိုက်တန်လှသည်။

ထို့ကြောင့်လည်း သူတို့အားလုံးက အချင်းချင်းပြောဆိုဆွေးနွေးနေကြပြီး တိုက်ပွဲနေရာရှိလူငယ်လေးကို အံ့ဩလေးစားသည့်မျက်ဝန်းများဖြင့်ကြည့်နေမိခြင်းဖြစ်သည်။။

‘ အနိုင်ရသူကဘုရင် ‘ ဆိုသည့်စကားအတိုင်း ယခုအချိန်တွင် ဝေ့တု၏မိုးကြိုးနတ်ဓားဂိုဏ်းပါရမီရှင်၊ နတ်ဓားရှင်ဝေ့ယန်၏မြေးဆိုသည့်ဂုဏ်ပုဒ်ကများစွာအရေးမပါတော့ဘဲ သူ့ကိုမည်သူမှအရေးမစိုက်ကြတော့ပေ။

ထိုအဖြစ်ကြောင့် ဝေ့ယန်၏မျက်နှာက ထိတ်လန့်တုန်လှူပ်နေရာမှ သွေးဆုပ်ဖြူလျော်လာပြီး ခံပြက်းဒေါသထွက်မှုကြောင့် သွေးတစ်လုပ်ပင်အန်ထုန်လိုက်မိသည် ။

“ ဝေါ့....”

‌ချက်ခြင်းလက်ငင်းသွေးအန်လာသည့် ဝေ့တုကြောင့် ဟောင်ရန်ပင်လန့်ဖျက်သွားပြီး နောက်သို့ခုန်ဆုတ်လိုက်မိသည်။။

ဟောင်ရန်၏ဓားက သူ၏လည်ပင်းပေါ်တွင်မရှိတော့သည်နှင့် ဝေ့တု၏ခန္တာကိုယ်က အဝတ်စတစ်စလိုပုံလျက်သားလဲကျသွားကာ ဘေးပတ်ဝန်းကျင်ကိုမကြည့်ဝံ့အောင်ပင်ရှိနေသည်။

အလိုလိုနေရင်းသွေးအန်ကာလဲကျသွားသည့်ဝေ့တုကို ကျန်လူများက အံ့အားသင့်သွားကြည့်လိုက်ကြသလို ဝေ့တုနှင့်ရင်းနှီးသူတစ်ဦးဖြစ်သည့်ထန်ရှန်းက တိုက်ပွဲနေရာသို့ခုန်ဝင်လာပြီး ဝေ့တုကိုပွေ့ထူလိုက်သည်။

“ မင်းရက်စက်လှချေလား....လက်ရည်စမ်းပွဲမှာ ဒီလောက်လုပ်စရာလိုလို့လား....”

ထန်ရှန်း၏တင်းမာခတ်ထန်သည့်စကားသံကြောင့် ဝေ့တုကိုကြည့်၍ အံ့သြနေသည့်ဟောင်ရန်လည်း ဒေါသထွက်သွားကာ ပြန်၍အော်ဟစ်လိုက်သည်။

“ ကျုပ်က သူ့ကိုဘာလုပ်လို့လဲ သူ့ဘာသာလဲကျသွားတာ....”

ဟောင်ရန့်ကို စကားဆုံးအောင်ပြောခွင့်မပေးဘဲ ထန်ရှန်းကဖြတ်၍ပြောလိုက်သည် ။

“ မင်းနဲ့တိုက်ခိုက်နေရင်း သူအခုလိုဖြစ်သွားတာလေမင်းကြောင့်မဟုတ်လို့ဘယ်သူ့ကြောင့်ဟုတ်ရမှာလဲ....။

မင်းက မိုးကြိုးနတ်ဓားဂိုဏ်းကပါရမီရှင်က တမင်ထိခိုက်အောင်လုပ်ခဲ့တာပဲ...”

ထန်ရှန်း၏လက်ထဲရှိ ဝေ့တုကား အသက်ကင်းမဲ့နေသူပမာ ငူငူငိုင်ငိုင်ဖြင့်ရှိနေပြီး ခေါင်းငိုက်စိုက်ကျနေသည်။

စင်စစ် ဝေ့တုကား ယခုတိုက်ပွဲတွင် သူ၏မာနတို့ရိုက်ချိုးခံလိုက်ရပြီး ဒေါသတရားနှင့်အရှက်ရမှုတို့ပေါင်းဆုံသွား၍ စိတ်ပြိုလဲသွားခြင်းသာဖြစ်ပေသည်။

အကယ်၍ ဝေ့တုတစ်ယောက်ယခုလိုစိတ်ပြိုလဲမှုမှရုန်းမထွက်နိုင်ပါက သူ၏ဘဝတစ်လျှေုက် နောက်ထပ်တိုးတက်ရန်ပင် လွန်စွာခက်ခဲပေတော့‌မည်။

ထိုအဖြစ်ကို ရိပ်စားမိသူအနည်းငယ်သာရှိသော်လည်း မည်သူမှရှေ့ထွက်မပြောကြပေ။

အကြောင်းကား ဟောင်ရန်က သိုင်းပညာပါရမီလွန်စွာကောင်းမွန်လှသည်မှန်သော်လည်း သူနှင့်ပြဿနာတတ်နေသူများက ထိပ်တန်းအင်အားစုနှစ်ခုမှလူငယ်မျိုးဆက်များဖြစ်၍ပင်။

“ ဟမ် အစ်မယွမ်ချင်း ဘယ်လဲ....”

စီးတုယွမ်ချင်းက တစ်စုံတစ်ခုကိုတွေးတောနေသည့်ဟန်ဖြင့် တိုက်ပွဲနေရာသို့လျှောက်သွားလိုက်၍ ချောင်ရှန်းရှန်းလည်း နောက်မှတတွတ်တွတ်မေးရင်ကပ်ပါလာလေသည်။

တစ်ဖက်တွင် ထန်ရှန်း၏စွပ်စွဲချက်များကပြင်းထန်လှ၍ ဟောင်ရန်လည်း မည်သို့ပြန်ပြောရမှန်းပင်မသိတော့ပေ။

ထိုအခိုက် ‌ကြည်လင်သာယာသော်လည်း အေးစက်စက်ဖြစ်နေသည့်စကားသံတစ်ခုထွက်ပေါ်လာသည်။

“ စောစောက ရှင်အသုံးပြုသွားတာ ချောင်မျိုးနွယ်ရဲ့ လျှပ်တပြတ်ဓားသိုင်းမဟုတ်လား... ရှင်ကဘယ်သူလဲ....”

ထိုစကားသံကြောင့် တိုက်ပွဲနေရာရှိပဍိပက္ခကိုစိတ်ဝင်စားနေကြသူများမှာ အသံလာရာဆီသို့ကြည့်လိုက်မိကြပြီးလွန်စွာအံ့အားသင့်သွားကြလေသည်။

နတ်သက်ကြွေသည့်နတ်သမီးလို လွန်စွာလှပအေးစက်သည့်မိန်းမလှတစ်ယောက်နှင့် လွန်စွာချစ်စရာကောင်းသည့်နောက်ထပ်မိန်းမလှလေးတို့တစ်ယောက်က သူတို့ဆီသို့ဦးတည်၍လာနေရာ ထိုမိန်းကလေးနှစ်ယောက်၏လမ်းတွင်ရှိနေသူများမှာ အလိုလိုဘေးဖယ်ပေးလိုက်မိကြသည်။

အခန်းထဲတွင်ရှိနေသည့်လူနှစ်ဆယ်နီးပါးတွင် ထိုမိန်းကလေးနှစ်ယောက်သာ မိန်းမသားများဖြစ်ကြသော်လည်း ကျန်လူငယ်များက အနက်ရောင်ဝတ်စုံဝတ်မိန်းမလှလေးကို ချစ်ခင်နှစ်သက်သည့်မျက်ဝန်းများ၊ အံ့ဩလေးစားသည့်အကြည့်များစသည်တို့ဖြင့်ကြည့်ရှုနေကြသည် ။

သူတို့အားလုံးက ထိုမိန်းကလေး၏အချစ်ကိုလိုလားတောင့်တကြသော်လည်း မည်သူမှစေ့စေ့မကြည့်ရဲကြပေ။

အကြောင်းကားထိုမိန်းမလှလေး၏ရုပ်ရည်က လွန်စွာလှပသလို သူမ၏သိုင်းပညာကလည်း ဤနေရာတွင်ရှိနေသူတိုင်းထက်သာလွန်သည်ကို သူတို့အားလုံးကောင်းစွာသိ၍ဖြစ်သည်။

တစ်နည်းအားဖြင့် ထိုမိန်းကလေးမှာ ‌ရေခဲတောင်ထိပ်တွင်ပေါက်နေသည့်နှင်းကြာပန်းတစ်ပွင့်လို အေးစက်လှပခြင်းနှင့်လက်လှမ်းမမှီနိုင်ခြင်း စသည့်ခံစားချက်တို့ကိုရှိစေပြီး လူငယ်ထိပ်သီးစာရင်းဝင်လူငယ်များသာ ထိုမိန်းမလှလေး၏အချစ်ကိုရရှိရန်အခွင့်အရေးအနည်းငယ်ရှိကြသည်။

မှန်ပေသည်။

ဤသည်က သေးငယ်သည့်အခွင့်အရေးကလေးတစ်ခုသာဖြစ်ပြီး လက်ရှိမျိူးဆက်၏ထိပ်ဆုံးတွင်ရပ်တည်နေကြသည့် လူငယ်ထိပ်သီးများပင် မိန်းမလှလေးကိုပိုင်ဆိုင်နိုင်ရန်မသေချာလှ ။

စီးတုနှင့် နန်ကုန်းမိသားစုတို့၏ပုလဲရတနာ ၊ အော့မေ့ဂိုဏ်းချုပ်ကြီး၏နောက်ဆုံးတပည့် နတ်သမီး‌လေးယောက်စာရင်းဝင် မဟူရာနတ်သမီး စသည့်များပြားလှသည့်ဂုဏ်ပုဒ်များက လူငယ်ထိပ်သီးအများစုထက်ပင်ခေါင်းတစ်လုံးသာလွန်မေသည်။

သိုင်းပညာကိုအသာထားနောက်ခံအင်အားကပင် ထိုမိန်းမလှလေးကို လက်ရှိမျိုးဆက်မှလူငယ်များမည်သူမျှမယှဉ်နိုင်ဘဲ ဒေါသတကြီးဖြစ်နေသည့်ထန်ရှန်းပင် မိန်းမလှလေးချဉ်းကပ်လာသည့်အတွက် အံ့ဩထိတ်လန့်သွားဟန်တူသည် ။

အနက်ရောင်ဝတ်စုံဝတ်မိန်းမလှလေး သို့မဟုတ် စီးတုယွမ်ချင်းက ကျန်လူများကိုဂရုမစိုက်ဘဲ ဟောင်ရန့်ကိုတည့်တည့်စိုက်ကြည့်၍ထပ်မေးလိုက်သည်။

“ ကျမက ရှင့်ကိုမေးနေတာ သူ့ရဲ့တိုက်ကွက်ကိုကာကွယ်ပြီးတန်ပြန်တိုက်ခိုက်လိုက်တဲ့ဓားကွက်နှစ်ခုက လျှပ်တပြတ်ဓားသိုင်းထဲကဓားကွက်တွေမဟုတ်လား ...”

နောက်တစ်ကြိမ်ထပ်မံပေါ်ထွက်လာသည့် စီးတုယွမ်ချင်း၏မေးခွန်းကြောင့် အံ့အားသင့်သွာကြည့်ရှုနေကြသူများမှာ တုန်လှုပ်သွားကြပြီး ဟောင်ရန့်ကိုကြည့်လိုက်မိကြသလို တီးတိုးပြောသံများလည်းဆူညံသွားသည်။

“ အမ်...လျှပ်တပြတ်ဓားသိုင်းလား....ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... “

စီးတုယွမ်ချင်း၏ဘေးမှကပ်ပါလာသည့်ချောင်ရှန်းရှန်းက အံ့အားသင့်စွာဖြင့်ရေရွတ်လိုက်မိသည်။

သူမက ချောင်မျိူးနွယ်၏ပါရမီရှင်တစ်ဦးဖြစ်သလို သိုင်းမဟာမိတ်၏သခင်ဆယ်ယောက်ထဲမှ လျှပ်တပြတ်ဓားသခင်ချောင်ဖေးဟုန်၏သမီးရင်းချာလည်းဖြစ်သည်။

ထို့ကြောင့် ချောင်မျိုးနွယ်၏ လျှပ်တပြတ်ဓားသိုင်းကိုအောင်မြင်ထားသူအနည်းငယ်မှတစ်ဦးဖြစ်ပြီး သူမကိုယ်တိုင်ပင် ဟောင်ရန်နောက်ဆုံးသုံးသွားသည့်ဓားကွက်နှစ်ခုကိုရှင်းရှင်းလင်းလင်းမမြင်လိုက်ရပေ။

သို့‌သော် သူမ၏အစ်မယွမ်ချင်းက ထိုသို့ပြောဆိုနေသဖြင့် ချောင်ရှန်းရှန်းလည်း အံ့ဩတုန်လှူပ်သည့်မျက်နှာဖြင့်ရှိနေသည့်ဟောင်ရန့်ကို အော်ငေါက်လိုက်သည်။

“ ရှင်စကားမ‌ပြောတတ်ဘူးလား ။ အစ်မယွမ်ချင်းမေးတာကိုပြန်ဖြေလေ ။ ရှင်က ကျမတို့မျိုးနွယ်ကမဟုတ်ဘဲ ဘယ်လိုလုပ်လျှပ်တပြတ်ဓားသိုင်းကိုတတ်မြောက်နေရတာလဲ....”

အခြားလူများ၏အံ့ဩတကြီးအကြည့်များ၊ စီးတုယွမ်ချင်း၏အေးစက်စက်မျက်ဝန်းများနှင့် ချောင်ရှန်းရှန်းတို့၏ဒေါသစကားသံများအောက်တွင် ဟောင်ရန်မှာထူပူနေပြီး စကားတစ်ခွန်းမှမပြောနိုင်ဘဲဖြစ်နေမိသည်။

ထိုစဉ် ငြိမ်သက်နေသည့် ထန်ရှန်းက တစ်စခန်းထလာပြန်သည်။။

“ အားလုံးပဲ ဒီကောင်က ‌ချောင်မျိုးနွယ်ရဲ့လျှပ်တပြတ်ဓားသိုင်းကိုခိုးပြီးသင်ယူထားတာဖြစ်ရမယ်။

သူက ညီလေးတုကို ဒဏ်ရာရစေရုံတင်မဟုတ်ဘူး ပိုပြီးကြီးလေးတဲ့ပြစ်မှုကိုပါကျူးလွန်ထားတယ်။ သူ့ကိုဝိုင်းဝန်းဖမ်းဆီးပေးကြပါ....”

ထန်ရှန်း၏မီးလောင်ရာလေပင့်စကားကြောင့် ကျန်လူငယ်များလည်း သို့လော သို့လောဖြစ်လာကြပြီး ဟောင်ရန့်ကိုကြည့်နေသည့်အကြည့်များက ပြောင်းလဲသွားကြသည်။

“ တကယ်ပဲ သူတို့ပြောသလိုဖြစ်နေမလား... “

“ မဟူရာနတ်သမီးကိုယ်တိုင် ပြောတာဆိုတော့ အမှန်ပဲနေမှာပေါ့....”

“ ကျွတ် ကျွတ်.... ဒီလူငယ်က ငယ်ငယ်ရွယ်ရွယ်နဲ့ဒီလောက်အစွမ်းထက်နေပါတယ်အောင့်မေတာ သူကမရိုးသားဘူးပဲ....”

သူတို့၏အကြည့်များအလယ်တွင်ကျရောက်နေသည့်ဟောင်ရန်ကား အခြားလူများ၏ဝိုင်းဝန်းပြစ်တင်မှုကိုခံနေရသည်ဟုခံစားမိနေပြီး လောကတစ်ခုလုံးက သူ့ကိုဝိုင်းဝန်းလက်ညိုးထိုးစွပ်စွဲနေသည်ဟုထင်မြင်လာမိသည် ။

ထို့ကြောင့် သူ၏စိတ်တွင် အဆုံးမဲ့အားငယ်မှုများထွက်ပေါ်လာပြီး စကားတစ်ခွန်းမှပြောနိုင်သလို အနည်းငယ်မျက်ရည်ဝဲနေသည့်မျက်လုံးများဖြင့် ခေါင်းကိုသာတွင်တွင်ခါယမ်းပြနေရှာသည်။

ထိုအခိုက် ဟောင်ရန်၏ပခုံးတစ်ပေါ်သို့ နွေးထွေးသည့်လက်တစ်ဖက်ကျရောက်လာပြီး မြင့်မားကြံ့ခိုင်သည့်ခန္တာကိုယ်တစ်ခုက သူ၏ရှေ့သို့ရောက်ရှိလာသည်။။

“ နောက်ဆုတ်ကြစမ်း....”

ကျယ်လောင်မာန်မာသည့်အော်ဟစ်သံ ၊ တည်တင်းပြက်သားသည့်အမူအယာတို့ဖြင့် ရှောင်ယောင်၏ပုံစံကြောင့် တိုက်ပွဲနေရာအနီးရှိလူများမှာ နောက်သို့အလိုလိုဆုတ်လိုက်မိကြသည် ။

လက်ရှိအချိန်၌ ရှောင်ယောင်၏မျက်နှာက ပုံမှန်အချိန်များလိုရွှင်ပြမနေဘဲ တည်ကြည်အေးစက်လျက်ရှိပြီး ‌ကြည်လင်စူးရှသည့်မျက်လုံးများက တဖိတ်ဖိတ်တောက်ပလျက်ရှိသည်။

ထိုအခြေအနေတွင် ရှောင်ယောင်၏ခန္တာကိုယ်မှမမြင်ရသည့်အရှိန်အဝါတစ်ခုထွက်ပေါ်နေကာ အနီးရှိလူများမှာ ဖိအားတစ်မျိုးကိုခံစားလိုက်မိကြပြီး ရှောင်ယောင်နှင့်မျက်လုံးချင်းမဆုံဝံ့ဘဲ အလိုလိုခေါင်းငုံ့သွားကြလေသည်။

&&&

All Chapters