ဧည့်ခံပွဲ
Vol. 2 Ch. 77
“ ဟမ့် ဟိုနှာဘူးကိုဝိုင်းဖားနေကြတာ မြင်မကောင်းဘူး....”
ထောင့်နားဝိုင်းတစ်ခုတွင် နှစ်ဦးထဲထိုင်နေသည့်ချောင်ရှန်းရှန်းက သိုင်းထိပ်သီးများကြားတွင် မအီမလည်ပုံစံဖြင့်ရှိနေသည့်ဟောင်ရန့်ကို ဝေဖန်လိုက်ခြင်းဖြစ်သည်။
သူမ၏စကားကြောင့် လက်ဖက်ရည်ကြမ်းကို ဖြေးညင်းစွာမော့သောက်နေသည့်စီးတုယွမ်ချင်းက ခွက်ကိုအသာချ၍ပြောလိုက်သည်။
“ နင်ကဘာလို့သူ့ကိုဒီလောက်ကြည့်မရဖြစ်နေဝာာလဲ... ပြီးတော့ နင်ပြောတဲ့စကားအတိုင်းဆို သူ့ဆရာရှိတဲ့နေရာကိုသိဖို့ သူ့ကိုအကူအညီတောင်းရဦးမှာမလား....”
စီးတုယွမ်ချင်း၏တည်ငြိမ်သည့်စကားကြောင့် ချောင်ရှန်းရှန်းက နှာခေါင်းတစ်ချက်ရှုံ့ရင်းပြန်ဖြေလိုက်သည်။
“ အစ်မယွမ်ချင်းကလည်း ကျမမှ သူ့ကိုကြည့်မရတာကိုး...ပြီးတော့ သူတောင်သိုင်းလောကထဲရောက်လာမှတော့ သူ့ဆရာရှိတဲ့နေရာကိုသိဖို့ဒီလောက်မစူံစမ်းရလောက်တော့ပါဘူး။
ပြီးတော့ ဒီကိစ္စအတွက် သူ့ကိူအကူအညီတောင်းမှာလဲမဟုတ်ဘူ....”
ချောင်ရှန်းရှန်းဆိုသည့်မိန်းကလေးကား ဟောင်ရန့်ကိုမည်သည့်ရေစက်ကြောင့်အလိုလိုနေရင်းမျက်မုန်းကျိုးနေသည်မသိပေ။
သူမလို ပြဿနာအိုးတစ်ယောင်၏ပစ်မှတ်ထားခြင်းခံရသည့်ဟောင်ရန့်အတွက်ကား စိတ်မကောင်းဖြစ်ရုံမှလွဲ၍တတ်နိုင်သည့်အရာမရှိပေ။
စီးတုယွမ်ချင်းလည်း ခန်းမအလယ်ရှိ ဟောင်ရန်နှင့် ရှောင်ယောင်တို့ကို စူးစိုက်ကြည့်နေရင်း ဖြေးညင်းစွာပြောလိုက်သည်။
“ သူ့ဘေးကလူက ဘယ်သူလဲနင်သိလား....သူတို့က အတော်လေးရင်းနှီးကြတဲ့ပုံပဲ....”
နေရာတကာရောက်ပြီး ပြဿနာရှာတတ်သည့်ချောင်ရှန်းရှန်းနှင့်ခြားနားစွာစီးတုယွမ်ချင်းက တစ်ကိုယ်ထဲနေတတ်ပြီးသူမနှင့်ရင်းနှီးသူကလည်းလက်ချိုးရေနိုင်လောက်အောင်နည်းပါးပေသည်။
ထို့ကြောင့် မနေ့ညကသူရဲကောင်းများဖြစ်ကြသည့်ရှောင်ယောင်နှင့်ဟောင်ရန်တို့၏အကြောင်းများကို ရွှေဓားသခင်၏စံအိမ်မှ သိုင်းပညာမတတ်သည့်အလုပ်သမားများပင်အစုံအလင်သိရှိနေပြီဖြစ်သော်လည်း သူမက အခြားလူများပြောသည့်စကားများကိုသာအနည်းငယ်ကြားထားခြင်းဖြစ်သည်။
သူမ၏မေးခွန်းကြောင့် ချောင်ရှန်းရှန်း၏မျက်ဝန်းနက်လေးများဝိုင်းစက်သွားပြီး စီးတုယွမ်ချင်းကို မသင်္ကာသလိုကြည့်လိုက်သည်။
“ အစ်မယွမ်ချင်း ဘာလို့သူ့အကြောင်းကိုမေးတာလည်း ။ အစ်မက အရင်တုန်းက ဘယ်ယောင်္ကျားလေးအကြောင်းကိုမှစိတ်မဝင်စားပဲနဲ့....”
ချောင်ရှန်းရှန်း အံ့အားသင့်စွာပြောလိုက်ရင်း သူမ၏အတွေးများက ပို၍ကျယ်ပြန့်လာသည်။
“ မဟုတ်မှလွဲရော အစ်မဒီလူ့လိုသဘောကျသွားတယ်လို့မပြောနဲ့နော်....သူက ရုပ်ကလေးနည်းနည်းချောတာရယ်....သိုင်းပညာထူးချွန်တာရယ် ....ပြီးတော့ လူသတ်သမားရဲ့သရုပ်မှန်ကိုတောင် ခဏလေးနဲ့တွေးနိုင်တယ်ဆိုတော့ ဉာဏ်လည်းကောင်းတယ်လို့ပြောရမယ်.... “
ချောင်ရှန်းရှန်းမှာ တစ်ကိုယ်ထဲပြောဆိုနေရင်း ဒေါသထွက်သွားသည်။
“ သေစမ်း....ဒီလူက ချို့ယွင်းချက်မရှိဘူး...မရဘူး သူဘယ်လောက်ပဲထူးချွန်ပါစေ အစ်မယွမ်ချင်းနဲ့မတန်သေးဘူး....”
ချောင်ရှန်းရှန်းက တစ်ကိုယ်ထဲပြောဆိုရင်းဒေါသထွက်လာဟန်တူသည်။
သူမ၏စကားကြောင့် စီးတုယွမ်ချင်းလည်း မျက်ခုံးပင့်လိုာက်မိပြီး သူမ၏ဦးခေါင်းကို ဒေါက်ထနဲမည်အောင်ခေါက်လိုက်သည်။
“ မဟုတ်တာတွေတွေးမနေနဲ့ သူက ငါသိခဲ့တဲ့တစ်ယောက်ယောက်နဲ့တူနေသလားလို့ ..”
မနေ့ညက ဟောင်ရန့်ကိုကာကွယ်ရင်းရှောင်ယောင်ဒေါသထွက်နေသည့်ပုံမှာ သူမ၏စိတ်ထဲရှိကောင်ငယ်လေးတစ်ယောက်ကိုပြန်၍အမှတ်ရလာစေသည့်အတွက် စီးတုယွမ်ချင်းတစ်ယောက် ရှောင်ယောင်၏အကြောင်းကိုစုံစမ်းလိုက်ခြင်းဖြစ်သည်
ထိုစကားကိုကြားမှ ချောင်ရှန်းရှန်းကစိတ်သက်သာရာရဟန်ဖြင့်သက်ပြင်းတစ်ချက်ချရင်းပြန်ပြောလိုက်သည် ။
“ ဒါဆိုရင်တော့မဖြစ်နိုင်ဘူးအစ်မယွမ်ချင်း ဒီလူက ငယ်ငယ်ထဲက ရှောင်လင်ကျောင်းမှာပညာသင်လာတဲ့လူဝတ်ကြောင်တပည့်တဲ့။ ဒါကြောင့် အူတူတူနဲ့တောသားပုံပေါက်နေတာ ။ သူကအစ်မနဲ့ဘယ်လိုလုပ်ဆုံဖူးမှာလဲ။
သိုင်းလောကထဲဆင်းခါစမှာပဲ သူနဲ့နှာဘူးကောင်နဲ့ပေါင်းပြီး လက်ရှစ်ဖက်လှံနတ်ဆိုးကိုအနိုင်ယူသတ်ဖြတ်ခဲ့တယ်တဲ့။
နောက်ထပ်ရှိသေးတယ် ဖေဖေတို့တောင်လက်လျော့ထားရတဲ့ယန်စီနဂါးဓားပြအဖွဲ့တွေကို သူတို့ဖြိုခွင်းခဲ့တာတဲ့။ ဘယ်လိုဖြစ်နိုင်မှာလဲ။ ဟိုစာပေသမားတွေလျှောက်ပြောနေတာနေမှာ။
ပြီးတော့ ဟိုနှာဘူးနဲ့ဒီလောက်ရင်းနှီးတာ လူကောင်းတစ် ယောက်မဖြစ်နိုင်ဘူး ။
သူတို့က ယောင်္ကျားချင်းကြိုက်နေတာလားမသိဘူး ။ ဟောဟော သူတို့ကိုကြည့်ပါလား.... “
ချောင်ရှန်းရှန်းက ဟောင်ရန်နှင့်ရှောင်ယောင်တို့ကို အမြင်ကပ်ပုဒ်မနှင့် ပျစ်ပျစ်နှစ်နှစ်ဝေဖန်ပြောဆိုနေစဉ် စီးတုယွမ်ချင်းကား မျက်မှောင်ကလေးကုတ်ကာ တစ်စုံတစ်ခုကိုစဉ်းစားနေဟန်တူသည်။
“ အရှုပ်ထုပ်မ ငါက ရှောင်လင်ကျောင်းတော်ကိုသွားပြီးသိုင်းသင်တော့မှာ အဲဒီအချိန်ကျရင် နင့်ကိုဖင်စုတ်အောင်ရိုက်ပစ်မှာ....”
“ လာစမ်းပါ အခုချလို့ရတယ် ကျောက်တုံးခေါင်း ငတုံးကောင် ...”
ခွဲခွာခါနီးတွင်တစ်ယောက်နှင့်တစ်ယောက်မခံချင်အောင်ပြောဆိုနေသည့်ကလေးငယ်နှစ်ယောက်၏ပုံရိပ်ကို သူမ၏မျက်ဝန်းထဲတွင်ပြန်၍မြင်ယောင်လာမိစဉ် ဧည့်ခန်းမအပြင်မှဆူဆူညံညံအသံများထွက်ပေါ်လာသည်။
“ အစ်မယွမ်ချင်း ဖေဖေတို့ရောက်လာပြီနဲ့တူတယ်....”
သူမ၏လက်မောင်းကိုလှုပ်၍ ဝမ်းသာအားရပြောဆိုလိုက်သည့်ချောင်ရှန်းရှန်းကြောင့် စီးတုယွမ်ချင်း၏အတွေးစများပြတ်တောက်သွားပြီး ခန်းမအပြင်ကိုမျှော်ကြည့်လိုက်မိသည်။
&&&
“ ညီလေးဟောင်...အဲဒါ သိုင်းမဟာမိတ်ကသခင်ဆယ်ပါးထဲကလျှပ်တပြတ်ဓားသခင်ချောင်ဖေးဟုန်ဆိုတဲ့လူပဲ ။
သူက သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်ရှိပြီးသိုင်းမဟာမိတ်မှာတောင်ထိပ်ဆုံးသူံးယောက်စာရင်းဝင်တယ်....”
မလှမ်းကမ်းတွင် လူအများဝိုင်းအုံနေသညိ့သက်လက်ပိုင်းလူတစ်ယောက်ကို ဆုဖိန်ကညွန်ပြ၍ပြောလိုက်ခြင်းဖြစ်သည်။
နံနက်ပိုင်းက ဧည့်ခန်းမထဲတွင်သူတို့အားလုံးရှိနေကြစဉ် သိုင်းမဟာမိတ်မှလူများရောကိရှိလာပြီး ထိုအထဲတွင်နာမည်ကျော်လျှပ်တပြတ်ဓားသခင်လည်းပါဝင်ခဲ့ပေသည်။
ယခုညတွင် သွေးနီတံခါးမှလုပ်ကြံသူများထပ်မံရောက်ရှိလာနိုင်သေးသော်လည်း ချောင်ဖေးဟုန်ရောက်ရှိလာခြင်းကိုဂုဏ်ပြုသည့်အနေဖြင့် ရွှေဓားသခင်က ပျော်ပွဲရွှင်ပွဲကျင်းပပေးခြင်းဖြစ်သည်။
ယခုညပွဲက ယခင်ညများထက်ပင်ပို၍စည်ကားသိုက်မြိုက်နေပြီး လျှပ်တပြတ်ဓားသခင်ချောင်ဖေးဟုန်၏ဂုဏ်သတင်းမှာ ဤစံအိမ်သို့ရောက်နှင့်ပြီးလူတိုင်းထက်သာလွန်နေသည်ကို သံသယဖြစ်ဖွယ်မရှိပေ။
သို့သော် စုထင်းတို့သုံးယောက်ကား သိုင်းမဟာမိတ်ကို သိပ်ကြည်ဟန်မတူဘဲ ချောင်ဖေးဟုန်ကိုလည်းအကောင်းမပြောပေ။
“ ညီလေးဟောင် ဒါက မင်း သဘောကျနေတဲ့ကောင်မလေးရဲ့အဖေနော်...မင်းသွားပြီးနှုတ်ဆက်ထားပါလား...”
ဝမ်ဝူး၏အတည်ပေါက်စကားကြောင့် စုထင်းကလည်း ဝင်နှောက်လိုက်သည်။
“ ဟုတ်တယ်ညီလေး ဒီကောင်က သိုင်းမဟာမိတ်ကပဲဆိုတော့ ကြီးကြီးကျယ်ကျယ်နိုင််မှာပဲ ။
သူ့သမီးကိုသာမန်လူငယ်တွေနဲ့တော့သဘောတူမှာမဟုတ်ဘူး ဒါပေမယ့်မင်းရဲ့ကျော်ကြားမှုအရဆိုရင်တော့ သဘောတူနိုင်တယ်....”
သူ့ကိုဝိုင်းဝန်းစနောက်နေသည့်စာပေသမားများကြောင့် ဟောင်ရန်မှာရှောင်ယောင့်ကို မျက်တောငနီကြီးဖြင့်ကြည့်လိုက်သည်။
ရှောင်ယောင်ပြောပြထား၍ ချောင်ရှန်းရှန်းကို ဟောင်ရန်သဘောကျနေသည်ဟု စာပေသမားများသက်မှတ်ထားခြင်းဖြစ်ကာ ယခုလိုအခွင့်အရေးကြုံခိုက်တွင်ရှက်တတ်သည့်ဟောင်ရန့်ကိုဝိုင်းဝန်းစနောက်နေခြင်းဖြစ်၏ ။
ဘေးတစ်ဖက်သို့လှည့်၍ ဟောင်ရန်၏အကြည့်ကိုမသိဟန်ဆောင်ထားသည့်ရှောင်ယောင်ကား စိတ်ထဲတွင်ကြိတ်၍ရယ်မောနေပြီး ခပ်လှမ်းလှမ်းရှိဝိုင်းကိုကြည့်လိုက်သည်။
ထိုဝိုင်းတွင် ရွှေဓားသခင်တုန်းချဲ့လင် , လျှပ်တပြတ်ဓားသခင်ချောင်ဖေးဟုန် နှင့်သိုင်းမဟာမိတ်မှထိပ်သီးနှစ်ဦး၊ ချောင်ရှန်းရှန်းနှင့် စီးတုယွမ်ချင်းတို့ရှိနေပြီး အနီးအနားတွင် လာရောက်နှုတ်ဆက်စကားပြောသူများလည်းမပြက်ပေ။
သိုင်းမဟာမိတ်မှာ သူ၏ကျော်ကြားမှုနှင့်ထိုက်တန်ပြီး ရွှေဓားသခင်၏စံအိမ်ကိုလူအယောက်နှစ်ဆယ်ရောက်လာသည့်အထဲမှ ချောင်ဖေးဟုန်အပါအဝင် လူသုံးယောက်က အဆင့်လွန်ထိပ်သီးများဖြစ်ပြီး ထိပ်တန်းအဆင့်သိုင်းသမားခုနစ်ယောက်နှင့် အဆင့်မြင့်သိုင်းသမားဆယ်ယောက်ပါဝင်သည်။
ထိုအင်အားက တော်ရုံတန်ရုံအလယ်အလက်ဂိုဏ်းများကိုပင်ဖျက်ဆီးနိုင်သည့်အင်အားဖြစ်ပြီး သိုင်း လောကထဲမှသတင်းများအရ သိုင်းမဟာမိတ်တွင်အနိမ့်ဆုံးအဖွဲ့ဝင်ကပင် အဆင့်မြင့်သိုင်းအဆင့်ရှိသည်ဟုဆိုကြသည်။
ချောင်ဖေးဟုန်၏ကျော်ကြားမှုနှင့်သိုင်းပညာတို့ကြောင့် စုထင်းတို့သုံးယောက်မှအပ ဤနေရာရှိလူတိုင်းကသူတို့ကိုသွားရောက်နှုတ်ဆက်နေကြပြီး အနီးတွင် ရှောင်ယောင်တို့နှင့်တွေ့ခဲ့သည့်လူငယ်များလည်းရှိနေသည် ။
သိူ့ရာတွင် ဝေ့တုနှင့်ထန်ရှန်းတို့၏အရိပ်အယောင်ကိုမမြင်ရပေ။
သူတို့နှစ်ယောက်မှအပ ကျန်လူငယ်များကထိုအနီးတွင်တဝဲလည်လည်လုပ်နေကာ မိန်းမလှလေးနှစ်ယောက်ကို မသိမသာတစ်မျိုးသိသိသာသာတစ်မျိုးပိုးပန်းနေကြဟန်တူသည်။
အထူးသဖြင့် သူ့ဖခင်၏ဘေးတွင်စူပုတ်ပုတ်မျကိနှာဖြင့်ထိုင်နေသည့်ချောင်ရှန်းရှန်းက ပြင်ဆင်ထား၍ အလှကြီးလှနေပြီး မင်းသမီးတစ်ပါးလိုတောက်ပလျက်ရှိသည်။
သူမ၏ပင်ကိုယ်ရုပ်ရည်ကပင်လွန်စွာချောမော၍ချစ်စရာကောင်းနေရာ ယခုလိုပြင်ဆင်ထားချိန်၌ လူငယ်များသာမက ဒုတိယမျိုးဆက်မှသိုင်းထိပ်သီးများပင်မကြာခဏကွက်ကြည့်ကွက်ကြည့်လုပ်နေကြသည်။
သို့သော် မကြာခဏလာရောက်စကားပြောနေသည့်လူငယ်များကြောင့် သူမ၏မျက်နှာထားက အလိုမကျဖြစ်နေပြီး လူအုပ်ကြားသို့ရောက်ရှိနေခြင်းကိုလည်းသဘောကျဟန်မတူပေ။
“ အင်း....ဒီကောင်မလေးက နည်းနည်းဆိုးပေမယ့် အတော်လှတာပဲ ဟောင်ရန်သဘောကျတာ အံ့ဩစရာမရှိပါဘူး.....”
ရှောင်ယောင်လည်းတစ်ကိုယ်တည်းတွေးတောရင်း ထိုဝိုင်းသို့ မကြာခဏခိုးကြည့်နေသည့်ဟောင်ရန့်ကိုအကဲခပ်ရင်း ခေါင်းယမ်းလိုက်မိသည်။
ထိုလူငယ်လေးမှာ ချောင်ရှန်းရှန်းကိုမကြိုက်ပါဟုတွင်တွင်ငြင်းဆန်နေသော်လည်းသူ၏အပြုအမူများက သိသာထင်ရှားလျက်ရှိသည်။
ယခုလည်း စုထင်းတို့စနောက်ခြင်းရပ်သွားသည်နှင့် ချောင်ရှန်းရှန်းတို့၏ဝိုင်းသို့မကြာခဏကြည့်ရှုနေပေသည်။
ထို့နောက် ရှောင်ယောင်၏အကြည့်များက ရေခဲနတ်သမီးလေးလိုတင့်တယ်လှပသည့်မိန်းမလှလေးထံသို့ကျရောက်သွားသည် ။
မဟူရာနတ်သမီးဆိုသည့်ဂုဏ်ပုဒ်နှင့်လိုက်အောင် အနက်ရောင်သိုင်းဝတ်စုံများကိုသာရွေးချယ်ဝတ်ဆင်သည့်စီးတုယွမ်ချင်းက ပြင်ဆင်ထားခြင်းမရှိသည့်တိုင် သူမ၏အလှကချောင်ရှန်းရှန်းအောက်နိမ့်ကျမနေ။
အေးစက်ခြင်းနှင့်လှပခြင်းတို့ရောယှက်နေသည့်သူမ၏ပုံစံမှာ ချဉ်းကပ်ရသည့်ခံစားချက်ကိုလည်းပေးစွမ်းနေပြီး ဤပွဲသို့တက်ရောက်ကြသည့်လူငယ်များပင်သူမကို စကားပြောဝံ့ခြင်းမရှိပါချေ ။။
ထိုမိန်းကလေးက စားပွဲကိုသာစိုက်ကြည့်နေပြီးတစ်ကိုယ်တည်းအထီးကျန်နေဟန်လည်းတူသည်။
လွန်ခဲ့သည့်ဆယ်နှစ်ဝန်းကျင်က တက်ကြွ၍ချစ်စရာကောင်းလှသည့်ထိုမိန်းကလေးမှာ မည်သည့်အတွက် ရေခဲတုံးတစ်တုံးလိုအေးစက်သွားသည်ကို ရှောင်ယောင်လည်းစဉ်းစားနေမိသည်။
ထိုစဉ် စီးတုယွမ်ချင်း၏တောက်ပသည့်မျက်လုံးများက ဖျက်ခနဲဝင့်လာပြီး ရှောင်ယောင့်ကိုစူးစိုက်ကြည့်လာသည်။
&&&