← Chapters

အတင်းအဖျင်း

Vol. 2 Ch. 80

အတင်းအဖျင်း

Vol. 2 Ch. 80

“ မြေခွေးအိုကြီး ခင်ဗျား စီးတုယွမ်ချင်းကိုသွားပြီးနှာဘူးကျနေတာမလား....”

စားပွဲတွင်ထိုင်ထိုင်ချင်း ဟောင်ရန်က ရှောင်ယောင့်ကိုဆွဲ၍မေးလိုက်သည်။

သူ၏အမူအယာကအနည်းငယ်ထူးဆန်းနေပြီး ရှောင်ယောင်၏မျက်နှာကိုလည်းအကဲခပ်လျက်ရှိသည်။

ဝမ်ဝူတို့သုံးယောက်ကား သောက်ရင်းစားရင်းဖြင့် အတော်ခရီးရောက်နေပြီဖြစ်ကာ သူတို့သုံးယောက်ထဲတွင်အသောက်နိုင်ဆုံးဖြစ်သည့်ဆုဖိန်ဆိုလည်းအရက်ခုနစ်အိုးခန့်ပင်ကုန်နေပြီဖြစ်သည် ။

သို့သော်လည်း အတွင်းအားကောင်းသည့်သိုင်းထိပ်သီးများပီသစွာ ထိုပမာဏလောက်နှင့်မူးယစ်ခြင်းမရှိဘဲ စကားပြောကောင်းရုံသာဖြစ်သည်။

ယခု ဟောင်ရန်၏မေးခွန်းကြောင့် ဝမ်ဝူးတို့သုံးယောက်၏ဦးခေါင်းများကလည်းထောင်မက်လာကြပြီး ရှောင်ယောင့်ကို တစ်ယောက်တစ်ခွန်းစီမေးမြန်းလိုက်ကြသည်။

“ အဆင်ပြေခဲ့ရဲ့လား ညီလေးရှောင် ...”

“ မထင်ရဘူးနော်မင်းက ငါက ညီလေးဟောင်ကိုကူညီဖို့သွားတယ်မှတ်‌နေတာ ဘယ်ဟုတ်မလဲ မင်းက ရေခဲနတ်သမီးလေးကိုချိန်နေတာပဲ....”

စုထင်းနှင့်ဆုဖိန်တို့၏အဆက်မပြက်မေးခွန်း‌များကြောင့် ရှောင်ယောင်မူးနောက်နောက်ဖြစ်သွားစဉ် ဝမ်ဝူးကတည်ကြည်လေးနက်သည့်ပုံစံဖြင့်ဝင်ပြောလိုက်သည်။

“ တစ်ခုတော့သတိထားရမယ်ညီလေးရှောင်ရ....အဲဒီကောင်မလေးရဲ့ဆရာက အော့မေ့ဂိုဏိးချုပ်ကြီးနော်...ကျောက်စိမ်းမျက်နှာဖုန်းရှန်းယင်ပဲ ...သူက သူကိုယ်တိုင်လည်း ယောင်္ကျားမယူဘဲအပျိုကြီးလုပ်နေသလို သူ့တပည့်မတွေကိုလည်း ယောင်္ကျားလေးတွေနဲ့စကားပြောတာတောင်ကြိုက်တာမဟုတ်ဘူး....”

ဝမ်ဝူး၏စကားကိုကြားမှကျန်နှစ်ယောက်လည်း ထိုအချက်ကိုသတိရသွားပြီး စုထင်းက ခေါင်းညိမ့်ထောက်ခံလိုက်သည်။

“ ဝမ်ဝူးပြောတာအမှန်ပဲ....ကျောက်စိမ်းမျက်နှာရသေ့မကို ငါတစ်ကြိမ်ပဲမြင်ဖူးတာ။

ဒါတောင်မှတုန်လှုပ်သွားရသေးတယ် သူ့နားကိုရောက်ရင် အလိုလိုအေးခဲလာသလိုခံစားမိတဲ့အပြင် သူ့ရဲ့အကြည့်ရောက်လာရင် ရင်ထဲမှာ တဒိန်းဒိန်းနဲ့အပြစ်လုပ်မထားဘဲကိုထိတ်လန့်နေရတာ ....တကယ်ကြောက်စရာကြီး။

စီးတုယွမ်ချင်းအေးစက်တယ်ဆိုတာ သူ့ဆရာကိုဘယ်မှီမလဲ ... သူသာသဘောမတူရင် မင်းတို့လုံးဝလုံးဝဖြစ်နိုင်မှာမဟုတ်ဘူး.... “

စုထင်းကား သိုင်းလောကတစ်ခုလုံးလေးစားရသည့်အော‌မေ့ဂိုဏ်းချုပ်ကြီးကိုပင် ဟာသလုပ်နေသေးသည်။

မျက်စိလေးကလည်ကလည်ဖြင့်ရှိနေသည့် ရှောင်ယောင်ကား သူတို့၏စကားများကိုရှင်းပြခွင့်မရသေးဘဲ ဆုဖိန်က သူ၏ပခုံးကိုဆွဲကာပြောလိုက်သည်။

“ စိတ်ဓာတ်မကျနဲ့ညီလေး....လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကျော်တုန်းက သိုင်း‌လောကအလှမယ်ဘွဲ့ရခဲ့တဲ့ ပန်းနတ်သမီးသွမ့်ရှင်းရှောင်ဆိုတာလည်း အော့မေ့ဂိုဏ်းချုပ်ကြီးရဲ့တပည့်မပဲ ။

သာမန်တပည့်တောင်မဟုတ်ဘူး သူသဘောအကျဆုံးတပည့်မ။

ပန်းနတ်သမီးလှချက်က စကားနဲ့ပြောလို့တောင်မရဘူး ။ အခုသိုင်းလောကအလှမယ်ဘွဲ့ရထားတဲ့ ဂီတနတ်မယ်ချင်းတန်ဆိုတာ သူ့ကိုဘယ်မှမလဲ ။

ထားပါတော့ ငါအဓိကပြောချင်တာ ပန်းနတ်သမီးသွမ့်ရှင်းရှောင်ရဲ့အကြောင်းပဲ....”

သိုင်းလော၏အတင်းအဖျင်းများဆိုလျှင် က ကြီးမှ အ အထိသိရှိနေသည့်ဆုဖိန်၏စကားများကြောင့် ဝမ်ဝူးတို့နှစ်ယောက်ပင်စိတ်ဝင်စားလာကြသည်။

ဒုတိယမျိုးဆက်မှ သိုင်းလောကအလှမယ်ဘွဲ့ရ ပန်းနတ်သမီးသွမ့်ရှင်းရှောင်ဆိုသည့် နဂါးစိမ်းဂိုဏ်းချုပ်၏သမီးအကြောင်းကို ရှောင်ယောငိတို့လည်း ကောင်းစွာကြားဖူးကြပြီး ထိုမိန်းကလေး၏အလှအပက လက်ရှိမျိုးဆက်မှ မိန်းမလှခုနစ်ယောက်ပင်မမှီနိုင်ဟုဆိုကြသည် ။

ဆုဖိန်က သူ၏လက်ကိုဝေ့ယမ်း၍ဆက်ပြောလိုက်သည် ။

“ ပန်းနတ်သမီးသွမ့်ရှင်းရှောင်က နဂါးစိမ်းဂိုဏ်းချုပ်ကြီးရဲ့သမီးဖြစ်သလို အော့မေ့ဂိုဏ်းချုပ်ကြီးရဲ့တပည့်မလည်းဖြစ်သေးတယ် ။

သူက သိုင်းပညာရောအလှအပမှာပါပြိုင်စံရှားပြီး မျိုးဆက်တစ်ခုလုံးကမိန်းမလှတွေထက်အပြက်အသက်သာလွန်သတဲ့။

ဒါပေမယ့် သူက ယောင်္ကျားလေးတစ်ယောက်ကို ချစ်ကြိုက်ပြီးတော့ သိုင်း‌လောကထဲကထွက်လို့ သူ့နောက်ကို ကောက်ကောက်ပါအောင်လိုက်သွားပါရော..”

“ ခဏလေး ခဏလေး ...”

ဆုဖိန်၏စကားထိုနေရာအရောက်တွင် ဝမ်ဝူးရော စုထင်းပါပြိုင်တူအော်ဟစ်လိုက်ကြသည်။

“ ဆုဖိန်ရ အဲဒီအချိန်က ငါတိူ့လည်းသိုင်းလောကထဲမှာကျင်လည်နေပါပြီ ဒါပေမယ့် ပန်းနတ်သမီးမှာ ချစ်သူရှိတယ်လို့ တစ်ခါမှမကြားဖူးပါဘူး....။

“ အေးလေ မင်းက အတင်းအဖျင်းဆိုရင် ပါးစပ်ထဲတွေ့ရာပြောတော့တာပဲ....ပန်းနတ်သမီးသိုင်းလောကကထွက်သွားတာ သူ့အဖေ နဂါးစိမ်းဂိုဏ်းချုပ်သွမ့်ကျန်းမင်အနားယူသွားလို့ပဲလေ ...”

ဝမ်ဝူးနှင့်စုထင်းတို့က တစ်ယောက်တစ်ခွန်းစီငြင်းချက်ထုတ်လိုက်ကြသော်လည်း ဆုဖိန်ကသူတို့ကို အထင်သေးဟန်ဖြင့်ကြည့်ရင်းပြောလိုက်သည်။

“ မင်းတို့ကဘာသိလို့လဲ... ပန်းနတ်သမီးသဘောကျနေတဲ့လူက ဘယ်သူလဲသိလား... ပထမဓားသခင်ပဲကွ....”

ဆုဖိန်၏စကားကြောင့် ဝမ်ဝူးတို့ပါးစပ်အဟောင်းသားဖြင့်တိတ်ဆိတ်သွားစဉ် ဆုဖိန်ကဆက်ပြောလိုက်သည်။

“ သူတို့နှစ်ယောက်ကဘယ်လိုစတွေ့တယ်ဆိုတာ ဘယ်သူမှမသိပေမယ့် စွန်းအိမ်တော်မှာလုပ်ခဲ့တဲ့ မြစ်ဝါနဂါးအဖွဲ့ကိုဖြိုခွဲဖို့တိုင်ပင်တုန်းက သူတို့နှစ်ယောက်အတူတူရှိနေခဲ့တယ်။

အဲဒီပွဲကို ‌ခွန်လွန်ဂိုဏ်းချုပ်ကြီးကိုယ်တိုင်ကြီးမှူးကျင်းပပြီး အော့မေ့ဂိုဏ်းချုပ်ကြီးနဲ့ တခြားကျော်ကြားတဲ့လူတွေတောင်ရောက်လာကြသေးတယ် ။

ပြီးတော့ ကျုံဟွာတောင်တိုက်ပွဲကို ငါရောက်ခဲ့တာ မင်းတို့လည်းသိမှာပါ ။ အဲဒီမှာ နှင်းငွေ့မိစ္ဆာသခင်နဲ့တိုက်ပွဲအပြီးမှာ ပထမဓားသခင်ဒဏ်ရာအပြင်းအထန်နဲ့လဲကျသွားတော့ ပန်းနတ်သမီးကဦးဆုံးပြေးထွက်သွားတာကွ ။

ဒါပေမယ့်တခြားမိန်းကလေးတစ်ယောက်ကအရင်ဦးသွားပြီး ပထမဓားသခင်ကိုပွေ့ထားခဲ့တာ။ အဲဒီမိန်းကလေးကလည်း အတော်လေးလှတယ် ။

အရေးအကြီးဆုံးက သူတို့နှစ်ယောက်က အချင်းချင်းရင်းနှီးတဲ့ပုံစံရှိနေကြတာပဲ။

ဘာပဲဖြစ်ဖြစ် ပန်းနတ်သမီးသိုင်းလောကထဲကထွက်သွားတာ ပထမဓားသခင်နောက်လိုက်သွားတာ အသေအချာပဲ ...”

ဆုဖိန်၏ခိုင်မာသည့်သတင်းရင်းမြစ်ကြောင့် စုထင်းတို့မှာငြင်းဆန်ခြင်းမပြုနိုင်တော့ဘဲ အံ့ဩသည့်မျက်နှာများဖြင့်ကြည့်နေကြတော့သည်။

ဆုဖိန်က သူတို့နှစ်ယောက်ကိုဂုဏ်ယူဝံ့ကြွားဟန်ဖြင့်ကြည့်ရင်း ရှောင်ယောင့်ကိုပြောလိုက်သည်။

“ ဒီကိစ္စကြောင့် အော့မေ့ဂိုဏ်းချုပ်ကြီးက ဒေါသထွက်ခဲ့ရပြီးတော့ တပည့်လက်မခံတော့ဘူးလို့တောင်ကြားတာ ။

စီးတုယွမ်ချင်းကို သူတော်တော်ကြီးသဘောကျလို့ နောက်ဆုံးတပည့်အဖြစ်လက်ခံခဲ့တာနေမယ်။

ပြောချင်တာက အားမလျော့ဘဲကြိုးစားဖို့ပဲညီလေး ...စီးတုယွမ်ချင်းသာမင်းကိုသဘောကျရင် အော့မေ့ဂိုဏ်းချုပ်ကြီးတောင် ဟန့်တားလို့ရမှာမဟုတ်ဘူး....”

ဆုဖိန်က သူ၏စကားကိုအဆုံးသတ်လိုက်သလို လူသိနည်းလှသည့်အကြောင်းအရာများကိုသိခွင့်ရလိုက်၍ရှောင်ယောင်တို့နှစ်ယောက်လုံး များစွာအံ့အားသင့်နေမိကြသည်။

သို့သော်လည်း ရှောင်ယောင်က ခေါင်းယမ်း၍ပြောလိုက်သည်။

“ မဟုတ်ဘူး အစ်ကိုဆုဖိန်တို့အထင်လွဲနေကြတာပါ။ ကျုပ်နဲ့ စီးတုယွမ်ချင်းက ရိုးရိုးသားသားမိတ်ဆွေတွေပါ....”

ထိုစကားကြောင့် ဆုဖိန်တို့သုံးယောက်က ရှောင်ယောင့်ကိုမယုံကြည်သည့်အကြည့်များဖြင့်ကြည့်လိုက်ကြသလို ဟောင်ရန်ကလည်း သူ၏လက်မောင်းကိုဖြန်းခနဲရိုက်လိုက်ပြီး မကျေမနပ်လေသံဖြင့်ပြောလိုက်သည်။။

“ ဒါဆိုရင် ခင်ဗျားတို့ကဘာလို့ရယ်မောပြီးပြောနေကြတာလဲ ။ သူများတွေပြောတော့ အဲဒီစီးတုယွမ်ချင်းက ယောင်္ကျားလေးတွေနဲ့ရင်းနှီးလေ့မရှိဘူးတဲ့။

စောစောက ခင်ဗျားနဲ့စကားပြောနေတော့ သူရယ်မောနေတာ တစ်ကြိမ်တောင်မကဘူး....”

ဟောင်ရန်၏စကားကိုစုထင်းတို့ကလည်းထောက်ခံလိုက်ကြသည် ။

သူတို့၏အထင်လွဲနေသည့်ပုံစံများကြောင့် ရှောင်ယောင်လည်း မည်သို့ရှင်းပြရမည်ဖြစ်မှန်းမသိတော့ဘဲ ဟောင်ရန်၏ရိုက်ချက်ကြောင့် ပူထူသွားသည့်လက်မောင်းကိုအသာပွတ်ရင်းပြောလိုက်သည် ။

“ ခင်ဗျားတို့မှတ်မိလား....စားသောက်ဆိုင်ထဲမှာ စတွေ့တုန်းက ကျုပ်ပြောဖူးတယ်လေ...ကျုပ်နဲ့သူနဲ့ငယ်ငယ်က သိကျွမ်းခဲ့ပါတယ်ဆို ။

အခု သူ့ကိုသွားစကားပြောကြည့်တော့ ကျုပ်ထင်တာအမှန်ပဲ။ သူကအဲဒီတုန်းက ကျုပ်နဲ့ရင်းနှီးခဲ့တဲ့ကလေးမလေးပဲ....။

ဒါကြောင့် ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း ရယ်နေကြတာ ပြီးတော့ ကျုပ်သူ့ကို ဟွာရှန်းတောင်စိန်ခေါ်ပွဲနဲ့ပတ်သတ်ပြီးမေးစရာရှိလို့သွားတာ....”

ရှောင်ယောင်၏စကားကြောင့်စုထင်းတို့လည်း ထိုစဉ်က သူပြောခဲ့ဖူးသည်များကိုပြန်သတိရသွားပြီး ခေါင်းညိမ့်လိုက်မိကြသည် ။

အမှန်အတိုင်းဆိုရလျှင် ထိုစဉ်က ရှောင်ယောင်ပြောခဲ့သည့်စီးတုယွမ်ချင်းနှင့်ရင်းနှီးသည်ဆိုသည့်အကြောင်းကိုလေကြီးနေသည်ဟုသာတွေးမိခြင်းဖြစ်သည် ။

ယခုတော့ မည်သည့် ယောင်္ကျားလေးနှင့်မျှရင်းရင်းနှီးနှီးမရှိခဲ့ဖူးသည့် ရေခဲနတ်သမီးက ရှောင်ယောင်နှင့်လွန်စွာရင်းနှီးဟန်တူပြီး ဆုဖိန်က စိတ်လှုပ်ရှားသည့်ပုံစံဖြင့်ပြောလိုက်သည်။

“ ကောင်းတယ် ညီလေးရှောင်။။ အဲဒီမိန်းကလေးရဲ့ပုံစံကိုကြည့်ရတာ မင်းကို သဘောကျတဲ့ပုံစံရှိတယ် ဟောဟော...အခုတောင် ဒီဘက်ကိုကြည့်နေတာ ။ ညီလေး မင်းသူ့ကိုရအောင် ကြိုးစားကွာ.ငါတို့လည်းအစွမ်းကုန်ကူညီပေးမယ်..”

အတင်းအဖျင်းသတင်းများကိုစိတ်ဝင်စားလှသည့်ဆုဖိန်၏အားတက်သရောအမူအယာကြောင့် ရှောင်ယောင်ပင်ကျောချမ်းသွားမိသည်။

သူ၏စကားအတိုင်း ထိုဝိုင်းသို့လှမ်းမျှော်ကြည့်လိုက်ရာ သူတို့ဝိုင်းကိုစိုက်ကြည့်နေသည့်စီးတုယွမ်ချင်းကိုမြင်လိုက် ရှောင်ယောင်လည်းပြုံးပြလိုက်မိသည်။

ထိုအခါ စီးတုယွမ်ချင်းက သူ့ကိုခေါင်းညိမ့်ပြပြီးမျက်နှာလွှဲသွားသည်။

သူတို့၏ တရင်းတနှီးပုံစံရှိသည့်အပြုအမူ ကြောင့် ထိုနှစ်ယောက်ကို မျက်စေ့ထောင့်ထောက်ကြည့်နေသည့်လူငယ်များ အံကြိတ်လိုက်မိကြသလို စုထင်းတို့သုံးယောက်ပင် တစ်‌‌ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည် ။

ဟောင်ရန်ကားရှောင်ယောင့်ကိုဆွဲလှည့်လိုက်ရင်းမှ မကျေမနပ်ဟန်ဖြင့်မေးလိုက်ပြန်သည် ။

“ စောစောက ခင်ဗျားပြောတဲ့ ဟွာရှန်းတောင်စိန်ခေါ်ပွဲဆိုတာ ဘယ်လိုလဲ....”

ထိုမေးခွန်းကို စုထင်းတို့ပင်စိတ်ဝင်စားသွားကြပြီး ရှောင်ယောင့်ကိုကြည့်လိုက်မိကြသည် ။

သူတို့၏စိတ်ဝင်တစားစောင့်စားနေသည့်ပုံစံများကြောင့်ရှောင်ယောင်လည်း ပြုံး၍ပြောလိုက်သည်။

“ အဲဒီတိုက်ပွဲက နောက်ဆယ်ရက်‌လောက်နေရင် စမယ်လို့ကြားတယ်။ ကျုပ်လည်း အဲဒီကိုသွားဖို့စိတ်ကူးထားတယ်....”

ရှောင်ယောင်၏အဖြေကြောင့် စုထင်းတို့ကမည်သို့မှမနေသော်လည်း ဟောင်ရန်၏မျက်နှာကအနည်းငယ်ပြောင်းလဲသွားပြီး ထပ်မေးလိုက်သည် ။

“ အဲဒီ စီးတုယွမ်ချင်းကရော သွားမှာလား....”

သူ၏မေးခွန်း‌ကို ရှောင်ယောင်က ပြုံး၍ခေါင်းညိမ့်ပြလိုက်သည်။

“ ဟုတ်တယ် ငါတို့အတူသွားမှာ မင်းလည်း လိုက်ခဲ့လေ.....”

&&&&

All Chapters