← Chapters

လျှို့ဝှက်ချက်

Vol. 2 Ch. 82

လျှို့ဝှက်ချက်

Vol. 2 Ch. 82

“ ဟဲ ဟဲ ခင်ဗျားက အခုလည်းသန့်ပါတယ်....”

ဟောင်ရန်က ရှောင်ယောင်၏နောက်ကျောကိုပုတ်ရင်း ပြုံးစိစိဖြင့်ပြောလိုက်သည်။

ရှောင်ယောင်က ရိုက်ပေါက်ဖြစ်နေသည့်ထိုလူငယ်လေးကို မကျေမနပ်ကြည့်ရင်း ထပ်ပြောလိုက်သည်။

“ ဒါတင်မကသေးဘူး.... အခုမနက်လည်းအိပ်ယာကမနိုးသေးဘူး ငါ့ကိုကုတင်ပေါ်ကကန်ချတယ်လေ....”

ဟောင်ရန်ဆိုသည့်ကောင်၏ကျေးဇူးဆပ်မှုက ထိုသို့ဖြစ်သည်။

ညပိုင်းက ရေချိုးပြီးနောက် ရှောင်ယောင်လည်း နများစွာပင်ပန်းနေသည့်အပြင် အမူးမပြေသေး၍ သူ့ကုတင်ပေါ်သူမသွားတော့ဘဲ ဟောင်ရန်၏ဘေးတွင်အိပ်ပျော်သွားလေသည်။

သို့သော် မနက်ပိုင်းတွင်အိပ်ယာမနိုးသေးမီ ကြမ်းပြင်ပေါ်သိူ့ကန်ချခံခဲ့ရပြီး အထိတ်တလန့်ဖြစ်နေသည့်ဟောင်ရန်က သူ့ကိုပင်အော်ဟစ်ခဲ့သေးသည်။

ထို့နောက် အကြောင်းစုံမှတ်မိသွားဟန်ရသည့် ထိုလူငယ်လေးမှာ ပြောင်စပ်စပ်မျက်နှာဖြင့်ပြန်တောင်းပန်ခဲ့ပြီး ရှောင်ယောင်လည်း အောင့်သက်သက်ဖြင့် ခေါင်းညိမ့်ခဲ့ရသည်။

အမူးလွန်သွားသည့်သူတို့နှစ်ယောက်က အိပ်ယောက်တွင်နှစ်ဦးထဲကျန်ခဲ့ကာ စုထင်းတို့လူစုကား ဧည့်ခန်းမသို့သွားနှင့်ပြီဖြစ်သည်။

“ လာပါ....ကျုပ်တို့ နံနက်စာလည်းသွားစားမနေနဲ့တော့ ခန်းမထဲကိုသွားပြီး လက်ဖက်ရည်လေးဘာလေးသွားသောက်ရအောင်....”

ဟောင်ရန်က အနည်းငယ်မြင့်တက်နေပြီဖြစ်သည့်နေလုံးကြီးကိုမော့ကြည့်ရင်း ရှောင်ယောင့်ကို ကျန်လူများရှိနေမည့် ခန်းမဆောင်ဆီသို့ဆွဲခေါ်သွားတော့သည်။

ထို့နောက် သူတို့နှစ်ဦးခန်းမဆောင်ထဲရောက်ရှိသည့်အခါ ကျန်လူများက ကိုယ့်ဝိုင်းနှင့်ကိုယ်စကားကောင်းနေသည့်ကိုမြင်လိုက်ရပြီး ထုံးစံအတိုင်း ထောင့်တစ်နေရာတွင် သုံးယောက်ထဲတစ်ကမ္ဘာဖြစ်နေသည့်စုထင်းတို့ဝိုင်းသို့သွားလိုက်ကြသည်။

“ ဟားဟား... သူရဲကောင်းကြီးတွေလာပါပြီ ...အရက်မူးသူရဲကောင်းကြီးတွေပေါ့....”

သူတို့ကိုမြင်မြင်ချင်း စနောက်လိုက်သည့်စုထင်း၏စကားကြောင့် ဝမ်ဝူးတို့လည်း ရှောင်ယောင်တို့ကိုလှည့်ကြည့်လိုက်မိကြသည်။

“ လာ ညီလေးတို့ အမူးပြေစွပ်ပြုတ်လေးလာသောက်လိုက် ....”

အပြုံးမျက်နှာဖြင့်‌ပြောလိုက်သည့် ဝမ်ဝူး၏စကားကြောင့် ရှောင်ယောင်တို့လည်း အနည်းငယ်ရှက်ရွံ့သွားပြီး စားပွဲတွင်ဝင်ထိုင်ရင်း သူတို့အတွက်ကြိုတင်ပြင်ဆင်ပေးထားသည့်စွပ်ပြုတ်များကို သောက်လိုက်ကြသည်။

စာပေသမားသုံးယောက်ထဲတွင် ဆုဖိန်မှာ အတင်းအဖျင်းစကားများကိုအစုံအလင်သိရှိပြီး ဗဟုသုတအကြွယ်ဝဆုံးဖြစ်သည်။

ဟန်ကျန်းမြို့သား စုထင်းကား အမြဲလိုလိုနောက်ပြောင်နေတတ်ပြီး စကားလည်းအလွန်များပေသည်။

အကြီးဆုံးဖြစ်သည့်ဝမ်ဝူးကာ ထိုနှစ်ယောက်ထက်စာလျှင်တည်ငြိမ်သည့်စရိုက်ရှိကာ အခြားလူများကို ဂရုစိုက်ပေးတတ်သည် ။

စာပေသမားသုံးယောက်၏အကျင့်စရိုက်များက ကွာခြားသော်လည်းတသညီသည့်အချက်ကား ပတ်ဝန်းကျင်ကိုဂရုမစိုက်တတ်ဘဲ စိတ်ထဲရှိလိုပြုမူနေထိုင်တတ်ခြင်းနှင့် ကိုယ်မှန်သည်ထင်ပါကမည်သို့သောလူမျိူးကိုပင်ဖြစ်စေ မကြောက်မရွံ့ရင်ဆိုင်တတ်ခြင်းတို့ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ စိတ်ရင်းကောင်းပြီး ပျော်ပျော်နေတတ်သည့်ထိုသုံးယောက်ကို ရှောင်ယောင်တို့များစွာခင်မင်မိပေသည်။

“ ညက ကျုပ်တို့ ရှက်စရာကိစ္စတွေဘာတွေများလုပ်မိသေးလား ...”

ရှောင်ယောင်က စွပ်ပြုတ်သောက်နေရင်းမှ စုထင်းတို့ကိုမေးလိုက်သည်။

ညပိုင်းက သူ၏အခြေအနေမှာ ဟောင်ရန်ထက်ကောင်းမွန်သည်ဆိုသော်လည်း ရီဝေဝေဖြစ်နေပြီး အသိစိတ်ရှိသည်ဆိုရုံသာဖြစ်သည်။။

ထို့ကြောင့် နာမည်ကျော်ထိပ်သီးများစွာရှိသည့်နေရာတွင် အမှားတစ်ခုခုလုပ်မိမည်ကိုရှက်ရွံ့နေခြင်းဖြစ်သည်။

ကံကောင်းထောင်မစွာဖြင့် ထိုသို့လုပ်မိပုံမပေါ်ဘဲ စုထင်းက ခေါင်းယမ်းပြလိုက်သည်။

“ မင်းတို့ နှစ်ယောက်က အချင်းချင်းရန်ဖြစ်ပြီး ညီလေးဟောင်က အရင်မှောက်သွားတာပဲ ။ တခြား ဘာမှမလုပ်ကြပါဘူး စိတ်မပူပါနဲ့....”

ဝမ်ဝူးတို့ကလည်း ရှောင်ယောင်နှင့်ဟောင်ရန်တို့ကို သဘောကျသည့်ဟန်ဖြင့်ကြည့်နေကြသည် ။

စုထင်း၏အဖြေကြောင့် ရှောင်ယောင်၏ရင်ထဲမှအလုံးကြီးကျသွားစဉ် စုထင်းက စွပ်ပြုတ်ကို ငုံ့သောက်နေသည့် ဟောင်ရန့်ကိုကြည့်၍ ပြုံးစိစိအမူအယာဖြင့်မေးလိုက်သည်။

“ ဒါပေမယ့် ညီလေးဟောင်ကတော့ စကားတော်တော်များတာ်။ မင်းကို သူ‌တော်တော်လေးဒေါသထွက်နေတဲ့ပုံပဲ။

သူက မင်းကိုစီးတုယွမ်ချင်းနဲ့ထွက်မသွားစေချင်ဘူးလို့လည်းပြောတယ် ။ စုံနေတာပါပဲ။ ပြီးတော့ သူ့မှာ လျှို့ဝှက်ချက်ကြီးတစ်ခုရှိတယ်လို့လည်းပြောသေးတယ်....”

စုထင်း၏စကားကြောင့် ခေါင်းမော့ကာမျက်လုံးပြူးနေသည့်ဟောင်ရန်က စကားအဆူံး၌ သူ၏ပါးစပ်အတွင်းမှစွပ်ပြုတ်များပို ဘေးနားရှိ ဆုဖိန်ပေါ်သို့ ဖူးခနဲ မှုတ်ထုတ်လိုက်မိသည် ။

“ ဟ ဟ .....”

“ တောင်းပန်ပါတယ် အစ်ကိုဆုဖိန်....”

ဟောင်ရန်က ထိုင်ရမလိုထရမလိုဖြစ်နေသည့်ဆုဖိန်ကိုအားနာသည့်ပုံစံဖြင့်တောင်းပန်လိုက်ပြီး စုထင်းကိုအလျှင်အမြန်မေးလိုက်သည်။

“ ကျုပ် ကျုပ်....ဘာတွေပြောခဲ့မိသေးလဲ....”

ဟောင်ရန်၏အထိတ်အလန့်ပုံစံကို သူတို့အားလုံးပွဲကျသွားပြီး ပေါင်ပေါ်တွင်စိုနေသည့်စွပ်ပြုတ်ရည်များကိုအဝတ်ဖြင့်သုတ်နေသည့် ဆုဖိန်က ခေါင်းယမ်း၍ပြောလိုက်သည်။

“ ဒီကောင်လျှောက်ပြောနေတာ မင်းက ဘာမှမပြောခဲဘူး....”

ဆုဖိန်၏စကားကြောင့် ဟောင်ရန်လည်းရှက်ရွံသွားပြီး စုထင်းကိုဒေါသတကြီးကြည့်လိုက်သည်။

သူ၏အကြည့်ကိုခံစားမိ၍ စုထင်းကတဟားဟားရယ်မောရင်း ပြန်မေးလိုက်သည်။

“ ဟားဟား... ညီလေးက ချောင်ရှန်းရှန်းကိုသဘောကျနေတာ မူးမူးနဲ့ထုတ်ပြောတယ်လို့ထင်လို့လား ...”

“ ကျုပ်သူ့ကိုသဘောမကျပါဘူးဆို....”

ဟောင်ရန်၏စကားအဆုံးတွင် ဒေါသထွက်နေဟန်တူသည့်ကြွပ်ဆပ်ဆပ်အသံလေးတစ်ခုထွက်ပေါ်လာသည်။

“ အဟမ်း... ကျမကို သဘောကျနေတာဘယ်သူလဲ....”

သူတို့ဝိုင်းအနီးသို့ရောက်ရှိနေသည့်ပုံရိပ်လေးနှစ်ခုကြောင့်ဘေးဘီကိုဂရုမစိုက်ဘဲပြောချင်ရာပြောနေသည့်သူတို့လူစု အထိတ်တလန့်ဖြစ်သွားကြသည်။

ချောင်ရှန်းရှန်းက ဟောင်ရန့်ကိုအပြုံးမျက်နှာဖြင့်ကြည့်နေသော်လည်း သူမ၏အပြုံးက အန္တရာယ်ရှိလှ၍ ဟောင်ရန်မှာ ရှက်ကိုးရှက်ကန်းဖြင့်မျက်နှာလွှဲလိုက်မိသည်။

ထိုမိန်းကလေးနှစ်ယောက်မှာမည်သည့်အချိန်ထဲက သူတို့ဝိုင်းသို့ရောက်ရှိနေသည်မသိရသော်လည်း ကိုယ့်အာရုံနှငိ့ကိုယ်ဖြစ်နေသည့်ရှောင်ယောင်တို့ကား လုံးဝသတိမထားမိခဲ့ကြပေ။

မိန်းမလှ‌လေးနှစ်‌ယောက်က သူတို့ဝိုင်းအနီးသို့ရောက်ရှိနေ၍ ရှောင်ယောင်တို့ဝိုင်းမှာ သိသိသာသာပငိ လူအများ၏အာရုံစိုက်ရာဖြစ်နေတော့သည်။

ချောင်ရှန်းရှန်း၏ဘေးတွင် တည်ငြိမ်သည့်မျက်နှာဖြင့်စီးတုယွမ်ချင်းရှိနေပြီး သူမက ချောင်ရှန်းရှန်းကို တစ်ချက်ကြည့်လိုက်ပြီး ရှောင်ယောင့်ကိုပြောလိုက်သည်။

“ ငါတို့ ခဏလောက်နေရင်သွားကြရအောင် ....”

သူမ၏အရင်းမရှိအဖျားမရှိစကားကြောင့် အနီးအနားရှိလူများပါးစပ်အဟောင်းသားဖြစ်သွားကြသည်ကိုမြင်လိုက်ရသည်။

&&&

“ ဟွာရှန်းတောင်ရှိတဲ့ရှန်တုန်းနယ်ကို ငါတို့ မြင်းနဲ့သွားကြမယ် လမ်းမှာ အေးအေးဆေးဆေးသွားရင်း ငါးရက်လောက်တော့ကြာမယ်....နင်ရော မြင်းတစ်စီးရှိလား ...”

ခြံဝန်း၏အနောက်ဘက်တံခါးအနီးရှိ မြင်းဇောင်းတွင် စီးတုယွမ်ချင်းက နီညိုရောင်အမွှေးများနှင့် မြင့်မားသန်စွမ်းလှသည့်မြင်းကြီးတစ်ကောင်ကိုထုတ်ယူရင်းပြောလိုက်သည်။

ထိုမိန်းကလေးက ခန်းမထဲမှ ရှောင်ယောင့်ကိုခေါ်ထုတ်လာပြီး ခြံဝန်း‌နောက်ဘက်ရှိ မြင်းဇောင်းကိုဦးစွာသွားခြင်းဖြစ်သည်။

သူမ၏စကားကြောင့် ရှောင်ယောင်လည်း ခေါင်းကုတ်လိုက်မိရင်း မြင်းသူခိုးများကိုကြိတ်၍ကျိန်ဆဲလိုက်မိသည်။

မှန်ပေသည်။

ထုံမင်းမှ ဈေးကြီးပေးဝယ်လာရသည့်မြင်းနှစ်ကောင်မှာ စုထင်းတို့နှင့်စတွေ့ခဲ့သည့်စားသောက်ဆိုင်တွင်နားစဉ်ကပျောက်သွားခဲ့သည်။

ဈေးကြီးပေးဝယ်ထားရသည့်မြင်းနှစ်ကောင်ပျောက်သွား၍ ရှောင်ယောင်မှာ အတော်ပင်နှမျောမိသလို ဟောင်ရန်ကလည်း ဟန်ကျန်းသို့လာစဉ်တစ်လျှောက်လုံးပွစိပွစိဖြစ်ခဲ့ရသေးသည်။

ခေါင်းကုတ်ဖင်ကုတ်လုပ်ရင်း ကြောင်အမ်းအမ်းဖြစ်နေသည့် ရှောင်ယောင်၏ပုံစံကြောင့် စီးတုယွမ်ချင်းက မျက်စောင်းတစ်ချက်ထိုးရင်းပြောလိုက်သည်။

“ ကျောက်တုံးခေါင်း နင်က တုံးအနေတုန်းပဲ။ နင့်အကြောင်းကိုသိလို့ ငါဦးလေးတုန်းချဲ့လင်ဆီက မြင်းတစ်ကောင်တောင်းထားပြီပြီ ဟိုဘက်မြင်းဇောင်းထဲက နင်ကြိုက်တဲ့တစ်ကောင်ကိုယူလိုက်.....”

စီးတုယွမ်ချင်း၏ အပြစ်တင်စကားကြောင့် ရှောင်ယောင်လည်းအနည်းငယ်ရှက်ရွံ့သွားပြီး ခပ်တိုးတိုးပြောလိုက်သည်။

“ ငါ့မြင်းကပျောက်သွားလို့ပါ....”

တုန်းချဲ့လင်က ကြိုတင်ပြောဆိုထားသည့်ထင် မြင်းဇောင်းရှိအလုပ်သမားလေးက ရှောင်ယောင့်ကိုဆီးကြိုကာ မြင်းဇောင်းရှိမြင်းများအနက် လက်ရွေးစင်မြင်းများအကြောင်းကိုရှင်းပြနေသည်။

ချမ်သာာကြွယ်ဝသူတို့ပိုင်ဆိုင်ထားသည့်အတိုင်း မြင်း‌ဇောင်းကပင် သာမန်ခြံဝန်းငယ်တစ်ခုလောက်ကျယ်ဝန်းကာ ဧည့်သည်များ၏မြင်းများနှင့် တုန်းချဲ့လင်ပိုင်ဆိုင်သည့်မြင်းများကိုခွဲခြားထားပြီးအလုပ်သမားသုံးလေးယောက်ကလည်း အမြဲရှိနေပေသည်။

တုန်းချဲ့လင်ပိုင်ဆိုင်သည့်မြင်းများက တန်ဖိုးကြီးမြင်းကောင်းများသာဖြစ်ပြီးအချို့ဆိုလျှင် ရှောင်ယောင်ပျောက်သွားသည့်မြင်းနှစ်ကောင်ထက်ပင်ကောင်းသေးသည် ။

သို့သော်လည်း ရှောင်ယောင်က တိမ်ပျံဟုအမည်ရသော နက်မှောင်သည့်အရောင်အသွေးရှိသည့် မြင်းတစ်စီးကိုရွေးချယ်ခဲ့ပေသည် ။

ထိုမြင်းက တုန်းချဲ့လင်ပိုင်ဆိုင်ထားသည့်မြင်းများထဲတွင် သာမန်သာဖြစ်သော်လည်း ယခင်ကရှောင်ယောင်စီးခဲ့ဖူးသည့်အုန်းခွံရောင်မြင်းကြီးနီးပါး ကြံ့ခိုင်သန်စွမ်းလှကာ တန်ဖိုးကလည်းသေးမည်မဟုတ်ပေ ။

ထို့နောက် ရှောင်ယောင်လည်း အိပ်ဆောင်သို့ပြန်ရင်း အဝတ်ထုပ်ကိုယူကာ စုထင်းတို့ကိုတစ်ပါထဲနှုတ်ဆက်ခဲ့သည်။

ဟောင်ရန်ဆိုသည့်လူငယ်လေးကားအနည်းငယ်ဝမ်းနည်းနေဟန်တူပြီး ခင်မင်ရင်းနှီးသည့်လူကို မခွဲခွာလိုသည့် ကလေးတစ်ယောက်လိုဖြစ်နေသည့်သူ၏ပုံစံကြောင့် ဝမ်ဝူးတို့ပင်ရယ်မောမိကြသေးသည်။

ထို့ကြောင့် ရှောင်ယောင်လည်း ဟောင်ရန့်ကိုနှစ်သိမ့်ပြီး နောက်တစ်လကျော်တွင်ကျင်းပမည့်စွန်းအိမ်တော်သိုင်းပြိုင်ပွဲတွင် ပြန်ဆုံရန် ကတိထားခဲ့ကြသည်။

&&&&

All Chapters