မိန်းမလှလေးနှစ်ယောက်၏တိုက်ပွဲ
Vol. 2 Ch. 90
“ ဟဲ ဟဲ ငါက အကောင်းပြောတာပါ။ ဒီလောက်နေပူတာက ဘာမှမဟုတ်တာကို ။ ပြီးရင် လူမသိခင် ငါတို့ထွက်သွားလို့လည်းရတယ်....”
ရှောင်ယောင်က ရယ်ကျဲကျဲဖြင့်ရှင်းပြလိုက်သည်။ သို့သော် သူ၏မျက်ဝန်းအတွင်းမှ ရွှင်မြူးရိပ်များကြောင့် စီးတုယွမ်ချင်းလည်းနှာခေါင်းတစ်ချက်ရှုံ့ရင်း ဘေးဘက်တွင်ဝင်ထိုင်လိုက်သည်။
အောက်ဘက်ရှိတိုက်ပွဲက စတင်နေပြီဖြစ်သလို တစ်ရာနီးပါးရှိမည့်လူအုပ်ကြီးကလည်း ကိုယ်သန်ရာ သန်ရာဘက်ကို အားပေးလျက်ရှိကြသည်။။
ထိုမိန်းကလေးနှစ်ဦးလုံးက အနက်ရောင်သိုင်းလောကသားများဖြစ်ကြသော်လည်းသူတို့၏အလှအပနှင့်သိုင်းပညာကြောင့် မိန်းမလှခုနစ်ဦးစာရင်းတွင်ပါဝင်ကာ လူငယ်မျိုးဆက်မှကျော်ကြားသူများပင် ထိုနှစ်ယောက်ကိုလိုက်လံပိုးပန်းမှုများရှိကြသည်။
ရှောင်ယောင့်ကို ဒေါသတကြီးစိန်ခေါ်သွားသည့် စန့်ချီပင် လူအုပ်ထဲ၌ရှိနေပြီး အနီးရှိလူများနှင့်မတူဘဲ တစ်ယောက်ထဲသီးသန့်နေကာ လက်ပိုက်၍ ဟိတ်ဟန်ဖြင့်ကြည့်နေသည်။
သူ၏မာန်မာကြီးသည့်ပုံစံကြောင့် ရှောင်ယောင်လည်းပြုံးလိုက်မိပြီး ထိုတိုက်ပွဲပြီး၍သူထွက်သွားသည်ကိုသိလျှင် ထိုလူရွယ်မည်မျှဒေါပွနေမည်ကို အတွေးဖြင့်ပင် သဘောခွေ့နေမိသည်။။
ဘေးဘက်ရှိစီးတုယွမ်ချင်းကား ငြိမ်သက်စွာထိုင်နေပြီး တိုက်ပွဲကိုကြည့်နေသည်။ သို့သော် သူမ၏မျက်နှာက အနည်းငယ်အေးစက်နေပြီး တစ်ချက်တစ်ချက်တွင် ရှောင်ယောင့်ကို မျက်စောင်းထိုးနေသေးသည်။
အများအမြင်တွင် အေးစက်ပြီးချဉ်းကပ်ရခက်သည့် ရေခဲနတ်သမီးတစ်ပါးဖြစ်သော်လည်း မိန်းမငယ်လေးတစ်ဦးသဖွယ် စကားနိုင်လု ၊ အနိုင်ယူလိုသည့်စိတ်ကား ဟောင်ရန်နှင့် နင်လားငါလားပင်။
သူမစိတ်မကြည်သည်ကိုသိရှိ၍ရှောင်ယောင်လည်း စကားလမ်းကြောင်းပြောင်းသည့်အနေဖြင့်မေးလိုက်သည် ။
“ ဒါနဲ့ အဆိပ်ကဝေပျိုနဲ့ ပင့်ကူကဝေတို့က ဘာသိုင်းပညာတွေကိုအဓိကတတ်မြောက်ထားကြလဲ....ငါသူတို့အကြောင်းကိုကြားဖူးပေမယ့် ဒီလောက်မသိဘူး....”
ရှောင်ယောင်၏အတည်အတန့်အမူအယာကြောင့် စီးတုယွမ်ချင်း၏မျက်နှာလည်းပြန်၍တည်ငြိမ်စွာပြီး မလှမ်းမကမ်းမှလူများကိုငေးကြည့်ရင်းပြန်ဖြေလိုက်သည်။
“ သူတို့နှစ်ယောက်လုံးက အဆိပ်ပညာကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ထားကြပေမယ့် အဆိပ်သီးသန့်ဆိုရင် အဆိပ်ကဝေပျိုက အများကြီးသာလွန်မယ်။
ဘာကြောင့်လဲဆိုတော့ သူတို့အဆိပ်ငါးမျိုးဂိုဏ်းက မြောင်နယ်အဆိပ်စံအိမ်ကခွဲထွက်လာတဲ့ဂိုဏ်းတစ်ခုဖြစ်ပြီးတော့ ခွဲထွက်အဆိပ်စံအိမ်လို့လည်းတစ်ချို့ကခေါ်ကြတယ်။။
အဆိပ်ပညာနဲ့ပတ်သတ်ရင် မြောင်ကျန်းကအဆိပ်စံအိမ်ကိုသိုင်းလောကမှာယှဉ်နိုင်တဲ့လူမှမပေါ်သေးတာ ။
ဒီတော့အဆိပ်ငါးမျိုးဂိုဏ်းက လက်ရှိသိုင်းလောကရဲ့အစွမ်းအထက်ဆုံးအဆိပ်ဂိုဏ်းဖြစ်နေတာပေါ့။
အဆိပ်ငါးမျိူးဂိုဏ်းချုပ် ရှန်ဖုန်းရဲ့ အဆိပ်ငါးပါးသိုင်းပညာက အလွန်ကြောက်စရာကောင်းပြီး သာမန်သိုင်းဝိဇ္ဇာတွေတောင်သူနဲ့ထိတ်တိုက်ရင်မဆိုင်ရဲဘူး။ပြီးတော့ ကောလဟာလတွေအရဆိုရင် သူက အလွန်ကြောက်စရာကောင်းတဲ့အဆိပ်ပိုးမွှားပညာကိုပါတတ်မြောက်ထားသေးတယ်လို့နာမည်ကြီးနေသေးတယ်။
သူတို့ရဲ့အဆိပ်ငါးမျိုးဂိုဏ်းက ကျုံဟွာတောင်တိုက်ပွဲအပြီးမှာ အဆုံးအရှူံးအနည်းဆုံးဖြစ်ပြီး အနက်ရောင်သိုင်းလောကမှာ နံပါတ်တစ်ဂိုဏ်းဖြစ်လာတာ ။
ပြီးတော့ စောစောက နင်တွေ့လိုက်တဲ့ အဆိပ်ဒေဝီကလည်း ကြောက်စရာကောင်းတဲ့အဆင့်လွန်ထိပ်သီးတစ်ယေယက်ပဲ။
ဒီတော အဆိပ်ကဝေပျိုရဲ့သိုင်းပညာက ဘယ်နည်းနဲ့မှနိမ့်ကျမှာမဟုတ်ဘူး ....”
စီးတုယွမ်ချင်း၏စကားများကြောင့် ရှောင်ယောင်လည်း အနက်ရောင်ထိပ်တန်းသိုင်းဂိုဏ်းများကို သူလျော့တွက်မိကြောင်းသဘောပေါက်သွားတော့သည်။
စီးတုယွမ်ချင်းကရှောင်ယောင်၏အမူအယာကိုအကဲခပ်၍ဆက်ပြောလိုက်သည်။
“ သူ့ပြိုင်ဘက် ပင့်ကူနီကဝေပျိုက ပင့်ကူနက်အဖွဲ့ရဲ့ခေါင်းဆောင် အလှဒေဝီရဲ့တပည့်ပဲ။
အလှဒေဝီဆိုတာ အနက်ရောင်သိုင်းလောကရဲ့တစ်ဦးတည်းသောအမျိူးသမီးဂိုဏ်းချုပ်ဖြစ်တဲ့အပြင် သူတို့ပင့်ကူနက်အဖွဲ့က လူတစ်ရာလောက်ပဲရှိပေမယိ့ ထိပ်တန်းဂိုဏ်းစာရင်းဝင်နေခဲ့တယ်။
အလှဒေဝီကို သိုင်းလောကသားတွေက မီးလျှံထောင်ချောက်လို့ခေါ်ကြတယ်။။ဘာကြောင့်လဲဆိုတော့ သူနဲ့ပတ်သတ်မိတဲ့လူတိုင်းက ရုန်းထွက်မရတဲ့ထောင်ချောက်ထဲကျပြီး ဘယ်သူမှဇာတ်သိမ်းမကောင်းလို့ပဲ။
ဒါပေမယ့်အလှဒေဝီရဲ့သိုင်းပညာကသိုင်းဝိဇ္ဇာအဆင့်ရှိပြီးသူ့တပည့် ပင့်ကူနီကဝေကလည်း အစွမ်းထက်တဲ့ထိပ်သီးတစ်ယောက်ပဲ။
သူက ငါ့ကိုရှုံးနိမ့်သွားပေမယ့် သာမန်သိုင်းထိပ်သီးတွေကိုလွယ်လွယ်ကူကူအနိုင်ယူနိင်သေးတယ်။
အထူးသဖြင့် သူ့ရဲ့တစ္ဆေလိပ်ပြာလက်သည်းသိုင်းက ရက်စက်ကြမ်းကြုတ်ပြီးကြောက်စရာကောင်းတဲ့ထိပ်တန်းသိုင်းပညာတစ်ခုပဲ။
သူတို့နှစ်ယောက်ရဲ့သိုင်းပညာက မတိမ်းမယိမ်းဆိုတော့ ဘယ်သူအနိုင်ရမယ်ဆိုတာ ပြောရခက်တယ်.... သေချာတာက သူတို့နှစ်ယောက်လုံးက လူငယ်ထိပ်သီးစာရင်းဝင်နိုင်ပြီးတော့ နင့်ကိုစိန်ခေါ်ထားတဲ့စန့်ချီထက်အစွမ်းထက်ကြတယ်ဆိုတာပဲ... “
စီးတုယွမ်ချင်းက ရှည်လျားစွာပြောဆိုပြီးသူမ၏စကားကိုအဆုံးသတ်လိုက်သလို ရှောင်ယောင်လည်း အချိန်အနည်းငယ်ကြာအောင်တွေးတောလိုက်ပြီးစိတ်လှုပ်ရှားသည့်လေသံဖြင့်ပြောလိုက်သည် ။
“ သူတို့နှစ်ယောက်လုံးက အစွမ်းထက်တဲ့ထိပ်သိးတွေဆိုတော့ တိုက်ပွဲကကြည့်ကောင်းမှာပဲ ....လူငယ်မျိုးဆက်တွေက တော်တော်လေးထူးချွန်ကြတာပဲ....”
သူ့ကိုယ်သူဝါရင့်သိုင်းသမားတစ်ဦးပမာပြောဆိုနေသည့်ရှောင်ယောင့်ကိုကြည့်၍ စီးတုယွမ်ချင်းလည်းအမြင်ကပ်သွားပြီး မျက်စောင်းတစ်ချက်ထိုးကာပြောလိုက်သည်။
“ နင့်က မြင်ရသလောက်မရိုးရှင်းပေမယ့် သူတို့နှစ်ယောက်ထဲကတစ်ယောက်ယောက်နဲ့တိုက်ခိုက်ရရင် ရှုံးနိမ့်မှာ သေချာသလောက်ပဲ။
ပြီးတော့ တခြားလူတွေကိုအထင်မသေးနဲ့။ လူငယ်ထိပ်သီးစာရင်းက နံပါတ်တစ်ဖြစ်တဲ့ နေမိုးကြိုးဓားဝိဇ္ဇာဆိုရင်သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်ဖြစ်တဲ့ သေမင်းနက်ကိုအပေါ်စီးကတိုက်ခိုက်နိူငတာနင်လည်းအမြင်ပဲ ။
ပြီးတော့ ဒုတိယနေရာက နတ်နဂါးရှန့်စီးယန်ကလည်း တော်တော်လေးအစွမ်းထက်တဲ့လူတစ်ယောက်ပဲ။ တတိယနေရာက တစ်ကိုယ်တော်ဝံပုလွေကိုတော့ ငါမတွေ့ဖူးဘူး။။
ဒါပေမယ့် လူငယ်ထိပ်သီးစာရင်းက ထိပ်ဆုံးသုံးယောက်ဖြစ်တဲ့ သူတို့ထဲကဘယ်သူမဆို ငါ့ကိုအနိုင်ယူနိုင်စွမ်းရှိကြတယ်....”
စီးတုယွမ်ချင်း၏နောက်ဆက်တွဲစကားကြောင့်ရှောင်ယောင့်လည်းမျက်ခုံးပင့်လိုက်မိပြီး သူ၏အနီးရှိမိန်းမလှလေးကို အံ့ဩသလိုကြည့်လိုက်မိသည် ။
ထိုမိန်းကလေး လိမ်ညာပြောဆိုတတ်သူတစ်ယောက်မဟုတ်ရာ သူမ၏စကားကအမှန်ပင်ဖြစ်ဟန်တူပြီး ထိုလူသုံးယောက်မှာ အမှန်တကယ်အစွမ်းထက်ကြဟန်တူသည် ။
နေမိုးကြိုးဓားဝိဇ္ဇာကျန်းလုဆိူသည့်လူရွယ်ကိုစားသောက်ဆိုင်တွင်တွေ့ခဲ့ပြီးဖြစ်၍ ထိုလူ၏မြင့်မားသည့်သိုင်းပညာကိုသံသယမရှိပေ။
သို့သော် စီးတုယွမ်ချင်၏စကားထဲမှသူသတိထားမိသည်က ထိုမိန်းကလေးမှာ လူငယ်ထိပ်သီးစာရင်းတွင် ထိပ်ဆုံးသုံးယောက်မှလွဲ၍ ကျန်လူများကိုဂရုစိုက်ဟန်မတူဘဲ သူမ၏သိုင်းပညာက ကျန်လူများထက်အစွမ်းထက်ဟန်တူသည် ။
စီးတုယွမ်ချင်း၏အသက်က နှစ်ဆယ်ပင်မပြည့်သေးသော်လည်း ဝါရင့်သိုင်းထိပ်သီးများကပင်သူမကိုသတိထားဆက်ဆံနေခြင်းက အဆန်းတော့မဟုတ်ပေ ။
“ နင့်ရဲ့သိုင်းပညာကရော ဘယ်အဆင့်လောက်မှာလဲ....”
ရှောင်ယောင်၏သွေးတိုးစမ်းသည့်မေးခွန်းကြောင့် စီးတုယွမ်ချင်း၏မျက်နှာထက်၌ အပြုံးရိပ်ကလေးပေါ်လာပြီး ဖြေးညင်းစွာပြန်ဖြေလိုက်သည်။
“ ငါက အစွမ်းထက်ထိပ်သီးအဆင့်မှာရှိတယ်။ ဒါပေမယ့် နင်နဲ့ဟောင်ရန်ဆိုတဲ့လူအနိုင်ယူခဲ့တဲ့ ချူးကုနန်ကို ငါလည်းအနိုင်ယူနိုင်တယ်....”
ထိုမိန်းကလေး၏တည်ငြိမ်သည့်အဖြေကြောင့်ရှောင်ယောင်မှာ လျှာကိုက်မိမည်ကဲ့သို့ဖြစ်သွားမိသည် ။
သူနှင့်ဟောင်ရန်တို့ချူးကုနန်ကိုသတ်ဖြတ်နိုင်ခြင်းက ကံကောင်း၍ဖြစ်ပြီး လှံချက်ကိုရဲဝင့်စွာဝင်ရောက်ဖမ်းဆုပ်လိုက်သည့်သူ့ကြောင့် ချူးကုန်နန်အံ့အားသင့်နေစဉ် ဟောင်ရန်ကအချိန်ကိုက်သတ်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည် ။
ပုံမှန်အတိုင်းသာတိုက်ခိုက်ပါက ချူးကုနန်ကိုသတ်ဖြတ်ရန်မဆိုထားနှင့်အနိုင်ယူနိုင်ရန်ပင် ဖြစ်နိုင်ချေမရှိပေ။
သူတို့နှစ်ယောက် ခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရသည့်ရန်သူကြီးကို ထိုမိန်းကလေးက အနိုင်ယူနိုင်သာ်ဟုဆိုလာ၍ ရှောင်ယောင်လည်းသူမ၏သိုင်းပညာမှာ သူခန့်မှန်းထားသည်ထက်ပိုနေသေးကြောင်းသိရှိလိုက်သည် ။
“ ဘာလဲ နင်က ငါနဲ့လက်ရည်စမ်းချင်လို့လား....”
သူ့ကိုစူးစိုက်ကြည့်၍မေးလာသည့် စီးတုယွမ်ချင်းကြောင့်ရှောင်ယောင်လည်း အလျှင်အမြန်ခေါင်းယမ်းပြလိုက်သည် ။
“ ဟဲ ဟဲ....ဝူတိရဲ့ နှိမ့်ချခြင်းကျမ်းစာထဲမှာပါတယ် ။ စစ်မှန်တဲ့ ယောင်္ကျားတစ်ယောက်ဆိုတာ မိန်းကလေးတွေမယှဉ်ပြိုင်ရဘူးတဲ့.....”
သူမကိုမယှဉ်နိုင်မှန်းသိ၍ ချက်ခြင်းငြင်းဆန်လိုက်သည့် ရှောင်ယောင်စကားကြောင့် စီးတုယွမ်ချင်းလည်းပြုံးလိုက်မိသည်။
ဘေးတိုက်အနေအထားဖြင့်မြင်နေရသည့်သူမ၏မျက်နှာလေးက ပန်းချီအကျော်အမော်တစ်ဦး၏အလှတရားသရုပ်ဖော်ကားချပ်လို လွန်စွာလှပလျက်ရှိကာရှောင်ယောင်လည်း အချိန်အနည်းငယ်ကြာအောင်ငေးမောသွားမိသည်။။
ရှောင်ယောင်၏အသံက ရုတ်တရက်တိတ်ဆိတ်သွား၍ စီးတုယွမ်ချင်းလည်းဘေးဘက်သို့ဖျက်ခနဲလှည့်လာပြီး သူမကို စူးစိုက်ကြည့်နေသည့် ဟောင်ရန့်ကို ခပ်တည်တည်ဖြင့်မေးလိုက်သည် ။
“ ဘာဖြစ်လို့လဲ....”
သူမ၏မေးခွန်းကြောင့် သူမ၏မျက်နှာတစ်ခြမ်းအလှအပကို ငေးမောနေမိသည့် ရှောင်ယောင်ကား အနည်းငယ်ရှက်ရွံ့သွားပြီး အကြည့်လွှဲလိုက်မိကာ တစ်စုံတစ်ခုကိုသတိရသွား၍ မေးလိုက်သည်် ။
“ ဒါနဲ့ ရှန့်စီးယန်ဆိုတာက ဆရာတော်ရွှမ်းစီးကိုပြောတာမဟုတ်လား....”
ရှောင်ယောင်၏မတည်မငြိမ်ပုံစံကြောင့် စီးတုယွမ်ချင်း၏မျက်ဝန်းထဲတွင် ရယ်မြူးရိပ်များထွက်ပေါ်လာသော်လည်း သူသတိမထားမိခင်မှာပင်ပြန်၍ ပျောက်ကွယ်သွားပြီးသူ၏မေးခွန်းကိုပြန်ဖြေလိုက်သည်။
“ ဟုတ်တယ် သူက ရှောင်လင်က အဝေးရောက်သိုင်းသမားတစ်ဦးပဲ။ ပြီးတော့ ရှောင်လင်ရဲ့ပါရမီရှင်လို့နာမည်ကျော်တယ် နင်လည်းရှောင်လင်မှာသိုင်းသင်လာတာဆိုတော့ သူနဲ့ရင်းနှီးလို့လား....”
သူမ၏မေးခွန်းကို ရှောင်ယောင်က ခေါင်းယမ်းပြလိုက်မိ၏။
“ သူ့ကို အဝေးကမြင်ရုံပဲမြင်ဖူးတာ။ ငါရှောင်လင်ကိုရောက်တော့ သူက တံခါးနီဆောင်ကိုဖြတ်သွားပြီးပြီလေ....”
ကြွယ်ယန်ကြည့်မရသည့်ဆရာတော်ရွှမ်းစီးမှာ သိုင်းလောကတွင်နာမည်ကျော်ကြားနေသည်ဟုသိလိုက်ရ၍ အနည်းငယ်အံ့အားသင့်သွားသော်လည်း အသေအချာစဉ်းစားကြည့်ပါက ထူးဆန်းခြင်းမရှိပေ။
အကြောင်းကား ကိုးနှစ်သည့်အချိန်ဖြင့် ရှောင်လင်လျှို့ဝှက်သိုင်းခုနစ်ဆယ့်နှစ်မျိူးမှာ ခုနစ်မျိူးအထိအောင်မြင်ကာ တံခါးနီဆောင်ကို ဒဏ်ရာမရဘဲဖြတ်ကျော်နိုင်ခဲ့သည့်ဆရာတော်ရွှမ်းစီး၏ ပါရမီနှင့်အရည်အချင်းက အံ့ဩဖွယ်ကောင်းလှ၍ဖြစ်သည်။
ရှောင်ယောင်နှင့်စီးတုယွမ်ချင်းတို့လည်း စကားတစ်ခွန်းမှမဆိုကြတော့ဘဲ နှစ်ယောက်စလုံးတိတ်ဆိတ်သွားကြစဉ် အောက်ဘက်တွင် ပင်ကူနီကဝေပျိုဆိုသည့်အနီရောင်ဝတ်စုံဝတ်မိန်းမလှလေးနှင့် အဆိပ်ကဝေပျိုဆိုသည့်ရောင်စူံဝတ်စုံဝတ်မိန်းမလှလေးတို့၏တိုက်ပွဲက အရှိန်မြင့်နေပြီဖြစ်သည် ။
တိုက်ပွဲစတင်သည်ကအချိန်အနည်းငယ်ရှိသွားပြီဖြစ်သော်လည်းမည်သူမှအသာစီးမရသေးဘဲရှိနေသည် ။
စီးတုယွမ်ချင်းခန့်မှန်းထားသလိုပင် မိန်းကလေးနှစ်ယောက်၏သိုင်းအဆင့် ၊အတွင်းအား ကိူယ်ဖော့ပညာစသည်တို့က မတိမ်းမယိမ်းအဆင့်ရှိရာ တိုက်ပွဲက အကြိတ်အနယ်ရှိလှသည်။။
&&&&