← Chapters

ရှောင်ပြေးသူ

Vol. 2 Ch. 93

ရှောင်ပြေးသူ

Vol. 2 Ch. 93

“ ဟို‌ကောင်မလေး ညည်းဘယ်လိုသေချင်လဲ....”

အဆိပ်ဒေဝီ၏ အေးစိမ့်သည့်စကားကြောင့် လူအများမှာ နောက်တစ်ကြိမ်တုန်လှုပ်သွားကြပြန်သည်။

အစွမ်းကုန်ဖူးဖွင့်နေပြီး ညှို့ငင်အားကောင်းလှသည့်နှင်းဆီပန်းကဲ့သောထိုမိန်းမလှထံတွင် ဆူးများလည်းရှိနေပြီး သူမ၏လက်ထဲတွင်သေဆုံးသွားကြသည့်သိုင်းထိပ်သီးများစွာရှိပြီး သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်များကိုပင်သတိဖြတ်ဖူးပေသည် ။

ယခုနောက်ပိုင်းတွင် လှုပ်ရှားမှုနည်းပါး၍ သူမ၏ရက်စက်မှုဂုဏ်သတင်းကိုသိုင်းလောကသားအများစုမေ့လျော့နေကြသော်လည်း ဒုတိယမျိုးဆက်မှလူများကား တုန်လှုပ်နေကြပြီဖြစ်သညိ ။

ဒုတိယမျိုးဆက်မှကျော်ကြားသူတစ်ဦးပီပီ အဆိပ်ဒေဝီ၏သိုင်းပညာက ပင့်ကူနီကဝေပျိုထက်သာလွန်သည်မှာ သံသယဖြစ်ဖွယ်မရှိဘဲ သူမ၏ဂုဏ်ပုဒ်ဖြစ်သည့် အဆိပ်က ပို၍ပင်ကြောက်စရာကောင်းသေးသည်။

တစ်ကြိမ်က သူမကိုထောင်ချောက်ဆင်တိုက်ခိုက်ခဲ့သည့်အဖြူရောင်သိုင်းဂိုဏ်းတစ်ခုကိုအ‌ဆိပ်ဖြင့်သုတ်သင်ဖူးပြီး ထိုဂိုဏ်းမှသိုင်းသမာငါးဆယ်ကျော်သာမက ခွေးနှင့်ကြောင်များပင်မလွတ်မြောက်ခဲ့ပေ။

သူမမသတ်ဘဲချန်ထားသူဟူ၍ မိန်းမနှင့်ကလေးမျသာရှိပြီး ထိုဖြစ်ရပ်ပြီးနောက်တွင် သူမကိုအ‌ဆိပ်ဒေဝီဟုလူအများကခေါ်ဆိုကြခြင်းဖြစ်ပေသည်။

ယခုလိုအခြေအနေတွင် ပင့်ကူနီကဝေပျိုမည်သို့ဆက်လုပ်မည်ကိုအားလုံးခန့်မှန်းနေကြပြီး သူမ၏နောက်လိုက်မိန်းမချောလေးများကလည်း ဓားကိုယ်စီဆွဲထုတ်ကာ ပင့်ကူနီကဝေ၏ရှေ့တွင်ရပ်လိုက်ကြသည် ။

လက်ရှိအချိန်တွင် ပင့်ကူနီကဝေပျိုက ပြင်းထန်သည့်တိုက်ပွဲကိုဆင်နွဲထားရ၍ ပင်ပန်းနေသည့်အပြင် သူမ၏အကောင်းဆုံးအခြေအနေတွင်ရှိလျှင်ပင် အဆိပ်ဒေဝီကိုယှဉ်နိုင်မည်မဟုတ်ပေ။

ထိုမိန်းကလေးများက သိုင်းပညာ ထိပ်တန်းအဆင့်သာရှိသော်လည်း ကြောက်စရာကောင်းသည့်သိုင်းထိပ်သီးတစ်ဦးဖြစ်သည့် အဆိပ်ဒေဝီကို မကြောက်မရွံ့ရင်ဆိုင်ဝံ့ကြသည်။

ထို့ထက်ပို၍အံ့ဩဖွယ်ကောင်းသည်က ယခုအချိန်ထိ ပင့်ကူနီကဝေပျိုက တည်ငြိမ်‌နေဆဲဖြစ်ပြီး မာနကြီးဟန်ရသည့် သူမ၏မျက်နှာလှလှလေးပေါ်တွင် တုန်လှူပ်မှုအရိပ်အယောင်ကိုပင်မမြင်ရပေ။

“ ရှင်က ကျမဆရာနဲ့တခြားဂိုဏ်းချုပ်တွေလုပ်ဆောင်ထားတဲ့စည်းမျဥ်းကိုဖောက်ဖျက်ချင်တာလား ။ လူငယ်မျိုးဆက်တွေရဲ့တိုက်ပွဲကို ဝင်စွက်ရင်ဘာတွေဖြစ်လာမယ်ဆိုတာ ရှင်သိပြီးသားနော်....”

ပင့်ကူနီကဝေပျို၏အသံက ကြည်လင်သာယာပြီး စကားလုံးတစ်လုံးချင်းစီတိုင်းက ရှင်းလင်းပြင်းသားလှသည် ။

သူမပြောသွားသည့်စကားများကိုကျန်လူများနားမလည်နိုင်ကြသော်လည်း အဆိပ်ဒေဝီကကောင်းစွာသဘောပေါက်ပြီး သူမ၏အမူအယာက ပို၍အေးစက်လာသည် ။

“ နင်က ငါ့ကိုချိန်းခြောက်‌နေတာလား....”

အဆိပ်ကဝေပျို၏ခန္တာကိုယ်မှသတ်ဖြတ်လိုသည့်အငွေ့အသက်များပေါ်ထွက်လာပြီး ရှေ့သို့ဖြေးညင်းစွာတိုးလိုက်သည်။

သို့သော် သူမ၏နောက်နားတွင်ခြေချိတ်ထိုင်၍ သွေးစုပ်လိပ်ပြာလက်ဝါးမှအတွင်းဒဏ်ရာကိုကုစားနေသည့်အဆိပ်ကဝေပျိုက မျက်လုံးများပွင့်လာပြီး သူမ၏ဒေါ်လေးကိုတားဆီးလိုက်သည်။

“ ဒေါ်လေး အခု သူတို့ကိုအလွတ်ပေးလိုက်ပါ ။ သူ့ကို ကျမလက်နဲ့ပဲလက်စားချေမယ်....”

အဆိပ်ကဝေပျို၏မျက်နှာကဖြူဖျော့နေပြီး လေသံကအားနည်းနေဟန်တူသော်လည်း သူမ၏စကားက ကြောက်မက်ဖွယ်ရာပင်။

ထိုစကားကိုကြားလိုက်၍ ပင့်ကူနီကဝေပျိုက ခေါင်းညိမ့်ကာအလေးအနက်ပုံစံဖြင့်ပြောလိုက်သည် ။

“ ငါစောင့်နေမယ်...”

သူမက အဆိပ်ကဝေပျို၏စိန်ခေါ်ခြင်းကို လက်ခံပေသည် ။

ထို့နောက် သူမနှင့်မလှမ်းမကမ်းရှိ အဆိပ်ဒေဝီကို စူးစိုက်ကြည့်ရင်းပြောလိုက်သည် ။။

“ ကျမက ရှင့်ကိုချိန်းခြောက်နေတာမဟုတ်ပါဘူး သတိပေးနေတာပါ ။

ဒီလောက်လူအများကြီးရှေ့မှာ ကျမကိုသတ်နိုင်တယ်ဆိုရင်တောင် ကျမဆရာက ရှင့်ကိုပြန်သတ်မှာ ။။

အဲဒီအချိန်ကျရင် ရှင့်ကိုရှင့်အစ်ကိုတောင်ကာကွယ်ပေးနိုင်မှာမဟုတ်ဘူးနော်....”

သူမ၏စကားလုံးများက လက်ရှိအခြေအနေကိုသတိချပ်စေပြီး အဆိပ်ဒေဝီ၏မျက်နှာကမည်းမှောင်သွားသည်။

သို့‌သော် သူတို့၏သဘောတူညီချက်တစ်ခုကလည်းရှိနေရာ မျက်မှောင်ကြုတ်၍ အချိန်အနည်းငယ်ကြာအောင်စဥ်းစားလိုက်ပြီး ပင့်ကူနီကဝေပျိုကို စိုက်ကြည့်ကာပြောလိုက်သည်။

“ မင်းကံကောင်းသွားတယ် ။နောက်တစ်ခါပြန်တွေ့ရင် ငါက ညှာတာနေမှာမဟုတ်ဘူး....”

အဆိပ်ဒေဝီ၏စကားအရ ပင့်ကူနီကဝေပျိုကိုတိုက်ခိုက်မည့်ဟန်မရတော့ဘဲ ထိူစကားကြောင့် ပင့်ကူနီကဝေပျို၏မျက်နှာထက်တွင် ဝေခွဲရခက်သည့်အပြုံးတစ်ခုပေါ်လာသည်။

ထို့နောက် အဆိပ်ဒေဝီက အတွင်းဒဏ်ရာအပြင်းအထန်ရရှိနေသည့် အဆိပ်ကဝေပျိုကိုခေါ်ဆောင်ကာ သစ်ပင်အောင်မှလျှင်မြန်စွာထွက်ခွာသွားသလို ပင့်ကူနီကဝေပျိုကလည်း လူအများ၏အံ့ဩတုန်လှုပ်နေသည့်အကြည့်အောက်တွင် သူ့နောက်လိုက်များနှင့်အတူထွက်ခွာသွားကြသည် ။

“ ကဲ ငါတို့လည်းသွားရအောင်....”

ရုတ်တရက် ထရပ်ကာပြောလိုက်သည့်ရှောင်ယောင်၏စကားကြောင့် စီးတုယွမ်ချင်းလည်း အံ့အားသင့်ဟန်ဖြင့်မေးလိုက်သည် ။

“ ဘာလို့လည်း ဟိုရှောင်ရှာဆိုတဲ့မိန်းမလည်း အလောတကြီးထွက်သွားပြီ။ ငါတို့အေးအေးဆေးဆေးမှသွားတာပေါ့....”

စီးတုယွမ်ချင်းက ခေါင်မိုးပေါ်တွင်အချိန်အတော်ကြာအောင်ရှိနေခဲ့၍ ပြင်းထန်သည့်အပူရှိန်ကြောင့် အိုက်စပ်နေပြီဖြစ်သည် ။

ပင့်ကူနီကဝေပျိုကလည်း ထွက်ခွာသွားပြီဖြစ်ရာ ဆိုင်ထဲသို့ပြန်၍အေးအေးဆေးဆေးအနားယူပြီးမှခရီးဆက်မည်ဟုတွေးစဉ် ရှောင်ယောင်က ထွက်ခွာရန်ပြောလာခြင်းဖြစ်သည်။။

သူမ၏စကယးကြောင့်ရှောင်ယောင်လည်းမျက်နှာမဲ့လိုက်ပြီး သစ်ပင်ကြီး၏အောက်ဘက် တိုက်ပွဲနေရာရှိတစ်စုံတစ်ယောကိုညွန်ပြလိုက်သည်။။

“ နင့်အရှုပ်ကရှင်းသွားပေမယ့် ငါ့အရှုပ်ကရှိသေးတယ်လေ ။ နင်က တကယ့်အရှုပ်ထုပ်ပဲ ဒီလိုကောင်မျိုးကို ငါနဲ့ငြိအောင်လုပ်ခဲ့တာ....”

ရှောင်ယောင်၏မကျေမနပ်စကားကြောင့် စီးတုယွမ်ချင်းလည်း ထိုအကြောင်းကို သတိရသွားကာ ခစ်ခနဲရယ်မောလိုက်မိသည်။

ထို့နောက် သူမ၏အမူအယာကိုပြန်ထိမ်းရင်းပြောလိုက်သည်။

“ ကောင်းပြီ ကောင်းပြီ သွားမယ်....”

တည်ငြိမ်သည့်မျက်နှာထားဖြင့်ပြောလိုက်ခြင်းဖြစ်သည့်တိုင်သူမ၏အမူအယာကအနည်းငယ်ပြုံးစိစိဖြစ်နေသေး၍ ရှောင်ယောင်လည်း ထိုမိန်းကလေးကိုမေတ္တာပို့လိုက်မိသည် ။

သူတို့နှစ်ယောက် ခေါင်မိုးထက်မှပျောက်ကွယ်သွားပြီးအချိန်အနည်းငယ်အကြာတွင်...

တိုက်ပွဲပြီးဆုံးသွားပြီးဖြစ်၍လူအများမှာ ဆိုင်ထဲသို့ဝင်သူဝင်၍ တခြားသိူ့သွားမည့်သူက သွားရန်ပြင်နေစဉ် အတွင်းအားသုံး၍အော်ဟစ်လိုက်သည့်အသံတစ်ခုကထွက်ပေါ်လာသည်။

“ ဟောင်ရန် မင်းငါနဲ့တိုက်ခိုက်မယ်‌ဆို ထွက်ခဲ့စမ်း....”

အတွင်းအားသုံးကာအော်ဟစ်လိုက်သည့် စန့်ချီ၏အသံက ကျယ်လောင်စွာထွက်ပေါ်လာပြီး ဆိုင်ထဲသို့ရောက်နှင့်ပြီးလူများပင် ထိတ်လန့်တကြားထွက်ကြည့်လိုက်မိကြသည်။

ထိုအခါမှ အစောပိုင်းကဆိုင်ထဲတွင်ရှိနေခဲ့သူများလည်း စန့်ချီနှင့်ရှောင်ယောင်တို့၏စိန်ခေါ်ပွဲကိုပြန်သတိရကာ တက်ကြွလာကြသည် ။

သစ်ပင်အောက်တွင်ရှိနေသူအများစုက ထိုအကြောင်းကိုမသိကြသော်လည်း တစ်ဆင့်စကားတစ်ဆင့်နားဖြင့်ဆိုင်ထဲတွင်ဖြစ်ခဲ့သည့်အငြင်းပွားမှုကို သိရှိသွားကြပြီး ‌ဆက်တိုက်ရောက်ရှိလာတော့မည့် တိုက်ပွဲကိုစိတ်လှုပ်ရှားစွာစောင့်ကြည့်လျက်ရှိကြသည်။

အချိန်အနည်းငယ်ကြာသည့်တိုင်အောင် ရှောင်ယောင်ထွက်လာသည်မမြင်ရသေး၍ စန့်ချီမှာ ဒေါပွသွားပြီး ထပ်မံအော်ဟစ်လိုက်သည်။

“ ဟောင်ရန်... မင်းထွက်မလာရဲဘူးလား....”

စန့်ချီ၏စကားသံက ရန်စမှုများဖြင့်ပြည့်နှက်နေသော်လည်း ဆိုင်ထဲမှမည်သူမှထွက်မလာပေ။

တိုက်ပွဲပြီးစကဆိုင်အတွင်းဝင်ရောက်သွားသူများပင်စန့်ချီ၏အော်သံကြောင့်အပြင်ထွက်လာပြီးဖြစ်၍ လက်ရှိအချိန်တွင် ဆိုင်ရှင်နှင့် ဆိုင်လုလင်များမှအပ မည်သူမှရှိမနေပေ။

ထိုအဖြစ်ကြောင့် ဆိုင်လုလင်လေးများပင် အံ့ဩဟန်ဖြင့်ထွက်ကြည့်နေကြပြီး သူတို့၏နောက်မှသက်လက်ပိုင်းအရွယ်လူတစ်ယောက်ပါ လိုက်ပါလာသည် ။

“ ကောင်းယွဲ့ဂိုဏ်းကကောင်လေး....အော်မနေနဲ့တော့ ဟိုက‌လေးနှစ်ယောက်က စောစောကပဲ မြင်းကိုယ်စီနဲ့ထွက်သွားပြီးပြီ ။ အခုလောက်ဆိုတော်တော်ဝေးဝေးတောင်ရောက်နေလောက်ပေါ့....”

ထိုလူကကြံ့ခိုင်တောင့်တင်းသည့်ခန္တာကိုယ်ရှိပြီး တည်ကြည်ပြက်သားသည့်ရုပ်သွင်ရှိသည်။

ဖျင်ကြမ်းဝတ်စုံကိုဝတ်ဆင်ထားပြီး ဟိတ်ဟန်မရှိသည့်ထိုလူက ဆိုင်ငယ်လေး၏ပိုင်ရှင်သာဖြစ်သော်လည်းအပြင်ရှိသိုင်းသမားများမှာ ထိုလူ့ကိုအရိုအသေပေးလိုက်ကြသည်။

အကြောင်းကား ဆိုင်ရှင်လူကြီးက တစ်ချိန်ကသိုင်းလောကထဲတွင်နာမည်ကျော်ကြားခဲ့သည့်သိုင်းထိပ်သီးတစ်‌ယောက်ဖြစ်ပြီး သိုင်း‌လောကမှအနားယူပြီးနောက် ပေတစ်ရာတိုက်ပွဲကွင်းပြင်‌အနီးတွင် စားသောက်ဆိုင်ဖွင့်ထားခြင်းဖြစ်သည်။

ထို့ကြောင့်လည်း ဆိုင်ငယ်လေးထဲတွင် လူပေါင်းစုံလာရောက်စားသောက်ကြသော်လည်း သူ၏မျက်နှာကြောင့်မည်သူမှ ပြဿနာမရှာခြင်းဖြစ်ပေသည်။

ဆိုင်ရှင်လူကြီးကပြောပြောဆိုဆိုဖြင့် ဆိုင်ထဲသို့ပြန်ဝင်သွားသလို နောက်ဘက်တွင်ကျန်ခဲ့သည့် စန့်ချီ၏မျက်နှာကမည်းမှောင်သွားသည် ။

“ အဲဒီလူငယ်က သခင်လေးစန့်ကိုကြောက်နေတာနေမယ်....”

“ အေးလေ....သူ့လိုသတ္တိကြောင်တဲ့လသမျိူးက နတ်သမီးစီးတုရဲ့ချစ်သူဘယ်လိုဖြစ်နိုင်မှာလဲ....”

နောက်ထပ်တိုက်ပွဲတစ်ခုကြည့်ရတော့မည်ဟုအားခဲထားကြသည့်လူများမှာ စိတ်ပျက်သွားကြပြီးအချင်းချင်းတီးတိုးပြောဆိုလိုက်ကြသည်။

ထိုလူများမှာ မူလကပင်ဆိုင်ထဲသို့်မဝင်ခဲ့၍ အထဲမှအဖြစ်အပျက်များကိုသိရှိမထားသလို ရှောင်ယောင့်ကိုလည်း သာမန်လူငယ်တစ်ယောက်ဟုသာထင်မှတ်နေကြခြင်းဖြစ်သည်။

သူတို့၏အထင်သေးအမြင်သေးစကားများကြောင့် ရှောင်ယောင်နှင့် စကားလက်ဆုံကျခဲ့သည့်လူအများစုက မခံမရပ်နိုင်ဖြင့် ချေပပြောဆိုလိုက်ကြသည် ။

ထိုအထဲတွင်စန့်ချီနှင့်မည်သို့ရန်စရှိသည်မသိရသညိ့ ကိုရွှေခေါဖုချို၏အသံက အကျယ်ဆုံးဖြစ်ပေသည်။

“ မင်းတို့ကဘာသိလိူ့လဲ... သူကဘယ်သူလဲသိလား....လက်ရှစ်ဖက်လှံနတ်ဆိုးချူးကုနန်ကိုသတ်ဖြတ်ခဲ့ပြီး သိုင်းမဟာမိတ်တောင်လက်လျော့ခဲ့ရတဲ့ ယန်စီနဂါးအဖွဲ့ကို ချေမှုန်းခဲ့တဲ့ ယန်စီသူရဲကောင်းညီနောင်ထဲကပဲ....။

သူက ဘယ်လိုလုပ်စန့်ချီကိုကြောက်နေတာဖြစ်နိုင်မှာလဲ....”

ဖုချို၏စကားကြောင့် လူအများစုအံ့အားသင့်သွားကြသလို ဒေါသထွက်နေသည့်စန့်ချီကလည်းသူ၏အနီးသို့ရောက်ရှိလာသညိ ။

“ မင်းက စကားများသလောက် သိုင်းပညာမကောင်းတဲ့ သွားခေါဖုချိုမဟုတ်လား အရင်တစ်ခေါက်က ငါဆုံးမခဲ့တာကိုမမှတ်သေးဘူးပေါ့....”

စန့်ချီ၏စကားကြောင့်ဖုချို၏မျက်နှာကတင်းမာသွားသော်လည်း သူ့ကိုမယှဉ်နိုင်မှန်းသိ၍ စကားအရာဖြင့်သာပြန်ချေပလိုက်သည်။

“ မင်းကလည်းဘာထူးလဲ သူရဲကောင်းလေးက မင်းကိုဘက်မတန်ဘူးထင်လို့ မတိုက်ခိုက်ဘဲထွက်သွားတာကွ.... ။

သူ့နာမည်ကိုလည်းမှတ်ထား ဝတ်စုံဖြူကျောင်းတော်သား ရှောင်ယောင်တဲ့....”

&&&

All Chapters