← Chapters

တိုက်ပွဲပြီးနောက်

Vol. 2 Ch. 94

တိုက်ပွဲပြီးနောက်

Vol. 2 Ch. 94

“ သူ့နာမည်ကိုလည်းမှတ်ထား ဝတ်စုံဖြူကျောင်းတော်သား ရှောင်ယောင်တဲ့....”

ဖုချို၏စကားကြောင့် ဒေါသဖြင့်နီရဲနေသည့် စန့်ချီ၏မျက်နှာက မည်းမှောင်သွားပြီး အေးစက်သည့်လေသံဖြင့်ပြန်မေးလိုက်သည်။

“ သူ့နာမည်က ဟောင်ရန်မဟုတ်ဘူးလား....”

စန့်ချီ၏ပေါက်ကွဲတော့မည့်ဟန်ကြောင့်မည်သူမှအသံထွက်ရယ်မောဝံ့ခြင်းမရှိသော်လည်း ရှောင်ယောင့်ကိုသဘောကျနေကြသူများကား တခွိခွိဖြင့်ကြိတ်ရယ်လိုက်ကြသည်။

ဖုချိုကလည်း ရှောင်ယောင်၏အောင်မြင်မှုများကို သူ၏အောင်မြင်မှုများအလားဝံ့ကြွားနေပြီး ခေါင်းမော့၍ပြောလိုက်သည်။

“ ဟုတ်တယ် ယန်စီနဂါးအဖွဲ့ကိုဖြိုခွဲတာပဲဖြစ်ဖြစ်၊ ချူးကုနန်လိုလူမျိုးကိုသတ်ဖြတ်တာပဲဖြစ်ဖြစ် မင်းမလုပ်နိုင်ဘူးမဟုတ်လား။

အခုတစ်ခေါက်က တိုက်ခိုက်ရတာကိုမကြိုက်တဲ့ သူရဲကောင်းလေးရှောင်ယောင်ဖြစ်နေလို့ မင်းကံကောင်းသွားတာ ။

သူ့မိတ်ဆွေဝတ်စုံပြာစာပေဓားသမားကိုရန်စမိရင် ချူးကုနန်လိုပဲ မင်းလည်းခေါင်းဖြတ်အသတ်ခံရမယ်...”

ဖုချို၏စကားမဆုံး၌ စန့်ချီ၏မျက်နှာက ကြောက်မက်ဖွယ်ကောင်းလောက်အောင်တင်းမာလာပြိး သူ၏လက်သီးကိုလည်း တဂျွတ်ဂျွတ်မည်အောင်ဆုပ်ထားလိုက်တော့သည်။

“ ရှောင်ယောင်....ရှောင်ယောင်... ငါ့ကိုအရူးလုပ်သွားတာပဲ ။ တွေ့ကြသေးတာပေါ့....”

ပေါက်ကွဲတော့မည့်မီးတောင်တစ်လုံးလိုဖြစ်နေသည့် စန့်ချီက ဆိုင်ထဲသို့ရိပ်ခနဲပြေးဝင်သွားပြီး ရှောင်ယောင်တို့ထွက်သွားသည့်ဘက်ကိုမေးလိုက်သည်။

ထို့နောက် တောက်ဘက်သို့ချိုးသွားသည့်လမ်းမအတိုင်း တရိပ်ရိပ်ပြေးသွားသည့်ဖုချိုကို မြင်လိုက်ရပြီး ကျန်လူများလည်းတအံ့တဩငေးမောနေမိကြသည်။

စန့်ချီပျောက်ကွယ်သွားသည်ကိုမြင်ရမှဖုချိုလည်းစိတ်သက်သာရာရသွားမိသည်။

အများအမြင်တွင် စန့်ချီကိုနောက်မတွန့်ဘဲရင်ဆိုင်ဝံ့သော်လည်းသူ၏နောက်ကျောတွင်ချွေးများစိုရွှဲနေသည်ကို သူတစ်ဦးသာသိပေသည် ။

ယခင်တစ်ခေါက် သူတို့တိုက်ခိုက်စဉ်က စန့်ချီကသူ့ကို သိုင်းကွက်သုံးရာမပြည့်မီအနိုင်ယူသွားခဲ့ပြီး ဆိုးဆိုးရွားရွားလှောင်ပြောင်ခဲ့၍ အငြိုးထားကာ ယခုလိုကန့်လန့်တိုက်နေခြင်းသာဖြစ်၏။

ထို့နောက် တိုက်ပွဲနေရာရှိလူများလည်း ဆိုင်ထဲတွင်ဖြစ်ခဲ့သည့်အကြောင်းအရာများကိုမေးမြန်းစုံစမ်းရင်း မည်သူမှထွက်မသွားကြဘဲ ရှောင်ယောင်တို့နှင့်ပတ်သတ်သည့်အကြောင်းအရာများကိုဆွေးနွေးပြောဆိုနေကြသညိ ။

အထူးသဖြင့် ဆိုင်ထဲတွင် ရှောင်ယောင်၏ပေါက်ကရဇာတ်လမ်းများကိုအဟုတ်ကြီးမှတ်နေသည့်လူများကား ရှောင်ယောင့်ကိုအထင်ကြီးနေကြပြီး သူတို့သိရှိထားသည်များကို ပြန်၍ဖောက်သည်ချနေကြသည် ။

အထူးသဖြင့် စီးတုယွမ်ချင်းနှင့်ရှောင်ယောင်တို့၏ သူရဲကောင်းနှင့်မိန်းမလှဇာတ်လမ်းကို အားပါးတရပြောဆိုနေကြပြီး ဆိုင်ထဲတွင်နားမထောင်လိုက်ရသူများကား ပါးစပ်အဟောင်းသားဖြင့်နားစွန့်နေကြရသည်။

“ ဒီကမိတ်ဆွေ..မင်းပြောတဲ့ သခင်လေးစန့်နဲ့ပြဿနာတတ်တယ်ဆိုတာ ယန်စီသူရဲကောင်းညီနောင်ထဲက ဝတ်စုံဖြူကျောင်းတော်သားဆိုတာသေချာလား ...”

အသက်နှစ်ဆယ်အရွယ်သိုင်းသမားတစ်ယောက်က ဖုချို၏အနီးသို့ကပ်၍ ခပ်တိုးတိုးမေးလိုက်သည်။

ထိုလူငယ်၏ပုံစံက သာမန်သာဖြစ်ပြီးသိုင်းပညာကလည်းများစွာအဆင့်မြင့်ဟန်မတူပေ။

သူ၏မေးခွန်းကြောင့် ဖုချိုလည်း သူ့ကိုလာရောက်မေးမြန်းသူရှိလာ၍ ဝမ်းသာအားရဖြင့်ချောင်းတစ်ချက်ဟန့်ကာ ခေါင်းမော့ရင်ကော့ရင်း ပြန်ဖြေလိုက်သည်။

“ အသေအချာပေါ့....သူရဲကောင်းလေးရှောင်ယောင်က ကျုပ်နဲ့ရင်းနှီးတာဗျ ။ ကျုပ်တို့က‌စောစောကမှတွေ့ဆုံကြပေမယ့် တကယ့်မိတ်ဆွေအရင်းအချာတွေလိုပဲ... ပြီးတော့သူက....”

ဖုချိုက မဆုံးနိုင်သည့်ကြွားဝါမှုများကိုဆက်လက်ပြောဆိုမည်ပြုလိုက်စဉ် ထိုလူငယ်၏ခန္တာကိုယ်ကလျှင်မြန်စွာပျောက်ကွယ်သွားပြီး စန့်ချီထွက်သွားသည့်ဘက်သို့ မီးခိုးတန်းလိုရွေ့လျားပျောက်ကွယ်သွားတော့သည်။

ထိုလူ၏ကိုယ်ဖော့ပညာက စန့်ချီထက်ပင်ပို၍သာလွန်နေရာ ဖုချိုလည်းကြွားဝါနေရာမှ အံ့ဩထိတ်လန့်သွားပြီး သူ၏မျက်လုံးများကိုပင်ပွတ်သတ်လိုက်မိတော့သည်။

&&&

ပေတစ်ရာတိုက်ပွဲကွင်းပြင်နှင့်ဝေးကွာသည့်နေရာတစ်ခုတွင်

လူရိပ်ငါးခုက ကိုယ်ဖော့ပညာအသုံးပြုရင်း တရိပ်ရိပ်ပြေးလွှားလာကြသည်။

သူတို့၏ကိုယ်ဟန်ကိုကြည့်၍ မိန်းကလေးများဖြစ်သည်ကိုသိရှိနိုင်သော်လည်း ကိုယ်ဖော့ပညာက များစွာကောင်းမွန်လှပြီး သူတို့အားလုံးက အနီရောင်ဝတ်စုံများကိုဝတ်ဆင်ထားကြသည်။

အတော်လေးကြီးမားသည့်တောအုပ်အတွင်းသို့ရောက်ရှိသည့်အခါမိန်းကလေး ငါးယောက်က ရပ်တန့်လိုက်ကြပြီး ရှေ့ဆုံးမှ မိန်းမလှလေးက သူမ၏နောက်ရှိမိန်းကလေးများကိုပြောလိုက်သည်။

“ ငါ အဆိပ်ကိုပြန်ပြီး တိုက်ထုတ်လိုက်ဦးမယ် နင်တို့ဘေးကနေစောင့်ရှောက်ပေးထား....”

မိန်းမလှလေး၏အသံက ကြည်လင်ချိုသာသော်လည်း အနည်းငယ်မောပန်းနေဟန်တူသည်။

ထိုမိန်းကလေးများကား တိုက်ပွဲပြီးနောက် ထွက်ခွာလာကြသည့် ပင့်ကူနီကဝေပျိုနှင့်သူမ၏နောက်လိုက်များမှလွဲ၍အခြားမဟုတ်ဘဲ မိန်းကလေးတစ်ယောက်က ပင့်ကူနီကဝေပျိုကိုမေးလိုက်သည်။

“ သခင်မလေး....အခုလိုမျိုးအရေးတကြီးထွက်လာဖို့လိုအပ်လို့လား....အဆိပ်ဒေဝီက ကျမတို့ကို ပစ်မှတ်မထားမယ်မထင်ပါဘူး....”

ထိုမိန်းကလေးက ပင့်ကူနီကဝေပျိုထက်နှစ်အနည်းငယ်ကြီးသော်လည်း အဖွဲ့ခေါင်းဆောင်အချစ်ဆုံးတပည့်မဖြစ်သည့် ပင့်ကူနီကဝေပျိုက သူမတို့ထက်များစွာမြင့်မားသည့်အဆင့်အတန်းရှိပေသည်။

ထို့ကြောင့်လည်းကျန်မိန်းကလေး လေး‌ယောက်လုံးကပင့်ကူနီကဝေပျိုကို လေးလေးစားစားဆက်ဆံခြင်းဖြစ်ပြီး ပင့်ကူနီကဝေပျိုကလည်း မောက်မာခြင်းမရှိဘဲသူမတို့ကိုရင်းနှီးစွာဆက်ဆံပေသည်။

ထိုမိန်းကလေး၏မေးခွန်းကြောင့် ပင့်ကူနီကဝေပျိုက မျက်မှောင်ကြုတ်၍ပြောလိုက်သည် ။

“ အဆိပ်‌ဒေဝီက သိပ်ပြီး အစွဲအလန်းကြီးတယ်။ လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်လောက်က ယောင်္ကျားတစ်ယောက်ကိုစွဲလမ်းပြီး အခုချိန်ထိအဲဒီလူကိုချစ်နေတုန်းပဲ။

ပြီးတော့ သူ့ရဲ့အငြိူးအတေးထားမှုကလည်းအတူတူပဲ ။ ရှန်ယုယုကို ငါက အပြင်းအထန်ထိခိုက်အောင်လုပ်ထားတော့ ငါ့ကိုသေချာပေါက်လက်စားချေမှာပဲ ။

စောစောက လူတွေအများကြီးရဲ့ရှေ့မှာမလို့ ငါတို့ကိုလွှတ်ပေးလိုက်တာ သူ့ရဲ့စိတ်နဲ့ဆိုရင် သူ့တူမကိုဘေးကင်းတဲ့နေရာပို့ပြီးရင် ငါတို့ကိုကျန်းသေပေါက်လိုက်သတ်မှာ ။

ဒါကြောင့် သူလိုက်မလာခင်မှာ ဌာနချုပ်ကိုပြန်ရောက်ဖို့အရေးကြီးတယ်....”

သူမ၏နောက်လိုက်များကိုရှင်းပြနေရင်း ပင့်ကူနီကဝေပျို၏ခန္တာကိုယ်က အနည်းငယ်ယိမ်းယိုင်သွား၍ ကျန်မိန်းကလေးများမှာအထိတ်လန့်ကူညီပေးလိုက်ကြသည်။။

“ သခင်မလေး အဆင်ပြေရဲ့လား...”

အားနည်းနေသည့်ခန္တာကိုယ်ကို အားတင်း၍ရပ်လိုက်ပြီး ပင့်ကူနီကဝေပျိုကခေါင်းယမ်း၍ပြောလိုက်သည်။

“ ရှန်ယုယုကို ငါနည်းနည်းအထင်သေးသွားတယ် သူ့အဆိပ်က ငါကြိုတင်ပြီးအဆိပ်ဖြေဆေးသောက်ထားတာတောင် ထိခိုက်သေးတယ်။။ငါပြန်ပြီးချေဖျက်လိုက်ဦးမယ်....”

အဆိပ်ကဝေပျိုက ခပ်တိုးတိုးပြောလိုက်ပြီးနေရာတွင် ခြေချိတ်ထိုင်လိုက်သညိ။

သူမ၏နောက်လိုက်မိန်းမလှလေးများကား ဓားကိုယ်စီဆွဲထုတ်၍သူတို့၏သခင်မလေးကို ကာကွယ်ပေးလိုက်ကြသည်။။

&&&&

ညအချိန်

ရီတိုင်မြို့၏ညဥ့်ကောင်းကင်ယံကမည်းမှောင်နေပြီး လင်းလက်တောက်ပသည့်ကြယ်ပွင့်လေးများက စိန်ပွင့်များပတ်ဖြန်းထားသလိုတလက်လက်တောက်ပနေသည်။

ရီတိုင်မြို့၏မြို့လယ်တွင် နာမည်ကျော် ရွှေဝတ်လွှာစားသောက်ဆိုင်ကြီးရှိပြီး အထပ်သုံးထပ်ရှိသည့် ထိုစားသောက်ဆိုင်မှာ အနီးတစ်ဝိုက်တွင် အထင်ကရနေရာဖြစ်ပေသည်။

လွန်ခဲ့သည့်ဆယ်နှစ်ခန့်က စတင်ပေါ်ထွက်လာသညိ့ ရွှေဝတ်လွှာလုပ်ငန်းများက နေရာအနှံ့အပြားသို့အလျှင်အမြန်ပျံ့နှံ့သွားကာ ဆယ်နှစ်ဆိုသည့်အချိန်အတွင်းစီးပွားရေးလောက၌ လျှစ်လျူရှုမရသည့် လုပ်ငန်းကြီးတစ်ခုဖြစ်လာပေသည်။

ရွှေဝတ်လွှာလုပ်ငန်း၏အဓိကထုတ်ကုန်ဖြစ်သည့်ရွှေဝတ်လွှာနတ်ဘုရားအရက်မှာ တစ်ကြိမ်သောက်ဖူးလျှင်မမေ့နိုင်သည့်အရသာရှိသည်ဟုဆိုပြီး အကန့်အသက်ဖြင့်သာထုတ်လုပ်၍ ရှိရင်းစွဲဈေးနှုန်းထက်ပင်အဆများစွာမြင့်တက်သွားသေးသည်။ ။

ထိုခေတ်က သူဌေးသူကြွယ်လူကုံထန်များ၏အဓိကပြယုတ်မှာ ရွှေဝတ်လွှာနတ်ဘုရားအရက်ဖြင့်ဧည့်ခံနိုင်ခြင်းဖြစ်ပြီး ငွေရှိတိုင်းဝယ်ယူအရနိုင်သည်အထိ ရှားပါးပြီးတန်ဖိုးကြီးခဲ့သည် ။

ယခု ရွှေဝတ်လွှာစားသောက်ဆိုင်က ဆိုင်ခွဲတစ်ခြသာဖြစ်သော်လည်း ဆိုင်၏အစားအသောက်လက်ရာများကလွန်စွာကောင်းမွန်သည့်နည်းတူ ဈေးနှုန်းများကလည်းကြီးမြင့်မည်ဖြစ်ကြောင်း မေးနေစရာပင်မလိုပေ။

ဆိုင်၏ပထမထပ်မှာ သာမန်လူများအတွက်ဖြစ်ပြီး ဒုတိယထပ်မှာ သူ‌ဌေးသူကြွယ်လူကုံထန်များအတွက်ဖြစ်သည်။

တတိယထပ်မှာမူ ဂုဏ်ရှိန်ကြီးမြင့်သည့် အဆင့်မြင့်အရာရှိများနှင့် ကျိကျိတက်ကြွယ်ဝသူများ ၊ သိုင်းလောကတလွှားမသိသူမရှိလျှမ်းလျှမ်းတောက်ကျော်ကြားသူများစသည့်အထက်တန်းလွှာများသာတတ်နိုင်သည့်နေရာဖြစ်သည်။

ဤသည်က ရွှေဝတ်လွှာစားသောက်ဆိုင်များ၏ပုံစံလည်းဖြစ်ပြီးမည်သည့်ဆိုင်ခွဲမဆို ယခုလိုအတန်းအစားခွဲခြားသည့်စနစ်ကိုကျင့်သုံးထားပေသည်။။

ထို့ကြောငိ့ သာမန်လူများအတွက်တော့ ဆိူင်ဒုတိယထပ်တွင်စားသောက်ဖူးလျှင်ပင် တစ်သက်ကြွားမပြီးနိုင်သည့် ဂုဏ်ယူမှုကြီးပင်ဖြစ်၏ ။

ယနေ့ညတွင် ရွှေဝတ်လွှာစားသောက်ဆိုင်၏တတိယထပ်တွင်ဧည့်သည်တစ်ဦးရှိနေကာ ရွှေနန်းတော်မှဘုရင့်စားသောက်ပွဲလို အမျိုးအစားစုံလင်ပြီးခမ်းနားသည့်စားပွဲဝိုင်းကြီးတွင်တစ်ဦးထဲနေရာယူထားသည်။။

ကောင်းပေ့၊ ညွန့်ပေဆိုသည့်အစားအသောက်များသာမက ဟင်းပွဲများမှာ များပြားလွန်း၍ ခွက်စေ့ပင်စားသောက်နိုင်မည်မဟုတ်ပေ။

ထို့အပြင် ဆိုင်တတိယထပ်၌ စားသောက်နိုင်သည့် ဂုဏ်သရေရှိအထက်တန်းလွှာတစ်ယောက်အတွက် ရွှေဝတ်လွှာနတ်ဘုရားအရက်ကို အလိုရှိသလောက်မှာယူနိုင်ပြီး ထိုလူကြီး၏ဘေးတွင်အိုးအလွတ်များသူံးလေးခုရှိနေပြီးဖြစ်သည်။

သို့တိုင် ထိုလူ၏ပုံစံက ဗိုက်ပြည့်သေးဟန်မတူဘဲ စားလိုက်သောက်လိုက်ဖြင့် လောကစည်းစိမ်ကိုခံစားနေကာ တစ်ဦးထဲဇိမ်ကျလျက်ရှိပေသည်။

တတိယထပ်တွင် စိတ်တိုင်းကျစားသောက်နေသညိ့ ထိုလူ၏အသက်အရွယ်က ငါးဆယ်ဝန်းကျင်ရှိမည်ဖြစ်ပြီး ဝဖိုင့်သည့်ခန္တာကိုယ်နှင့်အဆီပြန်နေသည့်မျကိနှာကြီးရှိသည်။

အကောင်းစားပိုးဖဲဝတ်စုံကိုဝတ်ဆင်ထားသည့် သူ၏ပုံစံက သူဌေးသူကြွယ်တစ်ဦးနှင့်ဆင်တူသော်လည်း ဘေးနားတွင်ချထားသည့်သံမဏိတုတ်‌ချောင်းအရ သိုင်းသမားတစ်ဦးလည်းဖြစ်ဟန်တူသည် ။

ထိုလူ၏ဘေးရှိသံမဏိတုတ်ချောင်းကအရှည်သုံးပေသာရှိပြီး နက်မှောင်နေသည့်ပုံသဏ္ဍာန်ရှိသည်။

တုတ်ချောင်းတစ်လျှောက်တွင် အဆစ်ကိုးဆစ်အထိပါဝင်ပြီး သူ၏ပုံပန်းသွင်ပြင်က တစ်မျိုးတစ်ဖုံထူးဆန်းကာကြောက်မက်ဖွယ်ကောင်းသည်ဟုထင်ရသည် ။

အမှန်လည်း ထိုသံမဏိတုတ်ချောင်း‌ကြောင့် သေဆုံးခဲ့ရသည့်အသက်ပေါင်းရာနှင့်ချီ၍ရှိနေပြီဖြစ်ကာ သိုင်းလောကသားများသာ ထိုလူကြီးနှင့်သံမဏိတုတ်ချောင်းကိုမြင်ပါကနာမည်တစ်ခုကိုအလိုလိုရေရွတ်မိကြပေမည်။

ထိုအခိုက် ဒုတိယထပ်မှ တဒုန်းဒုန်းပြေးတက်လာသည့်ခြေသံများနှင့်အတူ အနီရောင်ဝတ်စုံဝတ်လူတစ်ယောက်က လူဝကြီး၏စားပွဲအနီးသို့အလျှင်အမြန်ရောက်ရှိလာသည်။။

&&&&

All Chapters