လောဘနတ်ဆိုး
Vol. 2 Ch. 95
“ ငါ စားသောက်နေတဲ့အချိန်ကိုမနှောင့်ယှက်ရဘူးလို့ပြောထားတယ်မလား....”
ပိုးဖဲဝတ်စုံဝတ်လူဝကြီးက သး၏အနီးသို့ရောက်ရှိလာသည့် အနီရောင်ဝတ်စုံဝတ်လူကိုကျဉ်းမြောင်းသည့်မျက်ဝန်းများဖြင်ြကြည့်လိုက်သည်။။
သူ၏စကားကများစွာတင်းမာခြင်းမရှိသော်လည်းအေးစိမ့်နေပြီးသတ်ဖြတ်လိုစိတ်များစွာပါဝင်နေရာ အနီရောင်ဝတ်စုံဝတ်လူမှာ ထိပ်တန်းအဆင့်သိုင်းသမားတစ်ယောက်ဖြစ်သည့်တိုင် တဆက်ဆက်တုန်ယင်သွားမိသည်။။
သူတိ့၏ခေါင်းဆောင်မည်မျှရက်စက်သည်ကိုသူတို့အသိဆုံးဖြစ်ပြီး စိတ်မထင်လျှင်မထင်သလို သတ်ဖြတ်ရန်လည်းဝန်မလေးပေ။
သို့သော် သူ့ထံတွင်အရေးကြီးသည့်ကိစ္စတစ်ခုရှိ၍ အနီရောင်ဝတ်စုံဝတ်လူက အရိုအသေပေး၍ အလျှင်အမြန်ပြောလိုက်သည်။
“ ခေါင်းဆောင် အောက်မှာ မိန်းမတစ်ယောက်က ကျုပ်တို့ကိုတိုက်ခိုက်ပြီး ခေါင်းဆောင်ရှိတဲ့နေရာကိုမေးနေပါတဲ့ သူ့လက်ချက်ကြောင့် လူအတော်များများလည်း ဒဏ်ရာတွေရကုန်ပါပြီ.....”
ထိုအကြောင်းကို လူဝကြီးကားကြိုတင်သိရှိထားဟန်တူပြီးအံ့အားသင့်ဟန်မရပေ။
အကြောင်းကားမည်သည့်နေရာသို့ရောက်သည်ဖြစ်စေ သူ့အရှိန်ဖြင့်မောက်မာဗိုလ်ကျပြီးပြဿနာရှာသည့်လက်အောက်ငယ်သားများအကြောင်းကို ကောင်းစွာသိထား းပေသည်။
ယခုလည်း တိုက်ခိုက်သံများကိုကြားခဲ့ပြီးဖြစ်သည့်တိုင် အချင်းချင်းရန်ဖြစ်ခြင်း ၊ သို့မဟုတ်တစ်စုံတစ်ယောက်ကိုအနိုင်ကျင့်နေခြင်းဟုသာတွေးမိ၍ဖြစ်သညိ ။
သို့သော်အနီရောင်ဝတ်စုံဝတ်လူ၏စကားအဆုံး၌ ဟင်းတုံးတစ်တုံးကို ကုန်းနှိုကိနေသည့်လူဝကြီး၏လှုပ်ရှားမှုက ရပ်တန့်သွားပြီ ခေါင်းမော့ကြည့်ကာမေးလိုက်သည်။
“ သူက ရုပ်လှသလား....ဘယ်အရွယ်လောက်လဲ....”
ပိုးဖဲဝတ်စုံဝတ်လူ၏အမူအယာက အစောပိုင်းကနှင့်လွန်စွာကွာခြားသွားပြီဖြစ်ကာ မျက်လုံးများကအရောင်တလက်လက်တောက်ပနေသလို အဆီပြန်နေသည့်မျက်နှာကြီးထက်တွင် စပ်ဖြဲဖြဲအပြုံးတစ်ခုလည်းရှိနေသည်။
လူဝကြီး၏စကားကြောင့် သူတို့ခေါင်းဆောင်၏အကျင့်ကိုကောင်းစွာသိထားသည့်အနီရောင်ဝတ်စုံဝတ်လူလည်း ရှုံ့မဲ့နေသည့်မျက်နှာဖြင့်ပြောလိုက်သညိ။
“ အဲဒီမိန်းမက အသက်သုံးဆယ်လောက်ပဲရှိသေးတယ် ပြီးတော့ တော်တော်လှတယ်။ မိန်းမလှခုနစ်ယောက်ထက်နိမ့်ကျမယ်မထင်ဘူး ။
ဒါပေမယ့် သူကအရမ်းရက်စက်ပြီး ကြောက်စရာလည်းကောင်းသေးတယ် ။ အစ်ကိုကြီးရန်နဲ့ အစ်ကိုမန်တို့တောင် သူ့ကြောင့် ဒဏ်ရာတွေရထားကြပြီ....”
ထိုလူနှစ်ယောက်က ပိုးဖဲဝတ်စုံဝတ်လူဝကြီး၏လက်အောက်မှအစွမ်းအထက်ဆုံးလက်အောက်ငယ်သားများဖြစ်ပြီးနှစ်ဦးစလုံးက အဆင့်လွန်ထိပ်သီးများဖြစ်ကြသည် ။
သို့သော် ထိုနှစ်ယောက်ပင်မိန်းကလေးတစ်ယောင်ကိုမထိမ်းနိုင်ဘဲ ဒဏ်ရာများရရှိထားသည်ဟုသိရသဖြင့် လူဝကြီးလည်း အလေးအနက်ဖြစ်သွားပြီး တစ်စုံတစ်ခုကိုမေးမည်ပြုစဉ် ဒုတိယထပ်သို့ဆင်းမည့်လှေကားဆီမှ အနီရောင်အရိပ်တစ်ခုလွင့်လာသည်။။
ထိုအဖြစ်ကြောင့် သတင်းလာပို့သည့်လူက အံ့ဩတုန်လှုပ်သွားစဉ် လူဝကြီး၏ခန္တာကိုယ်က ရိပ်ခနဲရွေ့လျားသွားပြီး အနီရောင်အရိပ်ကြီးကို လျှင်မြန်စွာဖမ်းယူထားလိုက်သည်။
လူဝကြီး၏လက်ထဲရှိလူမှာ သူ၏လက်အောက်ငယ်သားတစ်ယောက်ဖြစ်ပြီး ယခုအခါ ထိုလူ၏ခန္တာကိူယ်က သွေးချင်းချင်းနီရဲနေပြိး မျက်နှာက သွေးဆုပ်ဖြူလျော်နေသညိ။
“ အစ်...အစ်ကိုမန်....”
သတင်းလာပို့သည့်လူက ဒဏ်ရာအပြင်းအထန်ရရှိနေသည့်လူကိုထိတ်လန့်တကြားခေါ်လိုက်မိ၏။
ထိုလူက သူတို့ထဲတွင်အစွမ်းထက်ဆုံးဖြစ်သည့် မန်ချောင်ဆိုသူဖြစ်ပြီး လက်ရှိအခါ ဒဏ်ရာအပြင်းအထန်ရရှိ၍ သွေးချင်းချင်းနီရဲနေသည်။
ထိုအဖြစ်ကြောင့် လူဝကြီး၏မျက်နှာက အေးစက်သွားပြီး မန်ချောင့်ကို ဘေးဘက်ရှိလူ၏လက်ထဲသို့လွှဲပေးလိုက်ပြီး စားသောက်ဖွယ်ရာများပြည့်နေသည့် စားပွဲရှည်ကြီးကိုတစ်ချက်ပုတ်လိုက်သည် ။
ထိုအခါ စားပွဲပေါ်ရှိသံမဏိတုတ်ချောင်က မြောက်တက်လာပြီး လူဝကြီး၏လက်ကလျှပ်ပြတ်သလိုရွေ့လျားကာ သံမဏိတုတ်ချောင်းကိုဖမ်းဆုပ်ထားလိုက်သည် ။
အံ့ဩဖွယ်ကောင်းစွာဖြင့် စားပွဲတစ်ဖက်စွန်စမှသံမဏိတုတ်ချောင်းမြောက်တက်လာသည့်တိုင် ကျန်စားသောက်ဖွယ်ရာများက လှုပ်ရှားခြင်းမရှိခဲ့ပေ။
လူဝကြီးလည်း လက်ဆွဲတော်သံမဏိတုတ်ချောင်းကိုကိုင်ကာ အောက်ထပ်ဆီသို့ဆင်းမည်ပြုလိုက်သော်လည်းလည်းသူ၏လှုပ်ရှားမှုများက ရပ်တန့်သွားသည်။
အကြောင်းကား လှေအားအောက်မှ တစ်စုံတစ်ယောက်တက်လာသည့်ခြေသံနှင့်အတူ စကားသံများထွက်ပေါ်လာ၍ဖြစ်သည် ။
“ ဟမ့်....အန်းဒူ ရှင့်ဆီကိုလာတာ အစစ်အဆေးတွေများလှချေလား....”
လှေကားအောက်မှထွက်ပေါ်လာသည့် ချိုလွင်သည့်အသံတစ်သံနှင့်အတူ အနီရောင်ဝတ်စူံဝတ်မိန်းမလှတစ်ယောက်ကတတိယထပ်ဆီသို့ဖြေးညင်းစွာတက်လာသည်။
ထိုမိန်းမလှကိုမြင်သည်နှင့် လူဝကြီး၏အေးစက်တင်းမာသည့်မျက်နှာက ပြေလျော့သွားပြီး သက်ပြင်းတစ်ချက်ချရင်း စိတ်ပျက်လက်ပျက်ပုံစံဖြင့်မေးလိုက်သည်။
“ ရှန်ချင်းချင်း....နင့်ငါ့ဆီကိုလာတာ ပြဿနာရှာဖို့လား....”
အနီရောင်ဝတ်ရုံရှည်ကိုဝတ်ဆင်ထားပြီး အချိုးအစားကျလှသညိ့ အဖုအထစ်အမို့အမောက်များဖြင့် လွန်စွာလှပသည့်ထိုမိန်းမလှကား အဆိပ်ဒေဝီခေါ် ရှန်ချင်းချင်းသာဖြစ်သည်။
“ ရပ်လိုက်စမ်း....”
အော်ဟစ်သံများနှင့်အတူ အနီရောင်ဝတ်စုံဝတ်လူဆယ်ယောက်လောက်က လက်နက်ကိုယ်စီစွဲကိုင်ကာ တတိယထပ်သို့ပြေးတက်လာကြသည်။
ထိုလူများကားဒုတိယထပ်တွင်ကျန်ရစ်ခဲ့သည့် လူဝကြီစ၏လက်အောက်ငယ်သားများမှလွဲ၍အခြားမဟုတ်ဘဲ သူတို့၏ပုံစံက ဒဏ်ရာကိူယ်စီရရှိထားကြသည်။
“ ခေါင်းဆောင်....”
မျက်နှာချင်းဆိုင်ရပ်နေသည့်လူဝကြီးနှင့်မိန်းမလှကိုမြင်သည်နှင့် အနီရောင်ဝတ်စုံဝတ်လူများက အရိုအသေပေးလိုက်ကြပြီး အဆိပ်ဒေဝီကိုဝိုင်းထားလိုက်ကြသည် ။
“ ခေါင်းဆောင် သူက ကျုပ်တို့ညီအစ်ကို လေးယောက်ကို ဒဏ်ရာအပြင်းအထန်ရစေပြီးတော့ မန်ချောင်ကိုလည်းအခုလိုအခြေအနေမျိုးရောက်အောင်လုပ်ခဲ့တာပဲ...”
အသက်သုံးဆယ်ကျော်ခန့်ရှိပြီးရုပ်ရည်ကြမ်းတမ်းသည့်သိုင်းသမားတစ်ယောက်က အဆိပ်ဒေဝီကိုဒေါသတကြီးကြည့်၍ပြောလိုက်သည်။
သူ၏စကားကြောင့် လူဝကြီးလည်းနဖူးကိုလက်ဖြင့်ပွတ်လိုက်မိပြီးဒဏ်ရာအပြင်းအထန်ရရှိ၍ သတိလစ်လုဆဲဆဲဖြစိနေသည့်လူကိုတစ်ချက်ကြည့်ရင်း လက်ကိုဝေ့ယမ်းပြလိုက်သည်။
“ သွား မန်ချောင့်ကိုပြန်သယ်သွားပြီး အောက်ထပ်မှာစောင့်နေ....”
ပုံမှန်ဆိုလျှင် ထိခိုက်မှုသေးသေးလေးအတွက်ပင်အလွတ်မပေးဘဲလက်စားချေလေ့ရှိသည့်သူတို့ခေါင်းဆောင်၏စကားကြောင့် အနီရောင်ဝတ်စုံဝတ်လူများလည်းကြောင်အမ်းအမ်းဖြစ်သွားကြသည် ။
“ ခေါင်းဆောင် သူက...”
အစောပိုင်းကလူက တစ်စုံတစ်ခုစောဒကတတ်မည်ပြုလိုက်သော်လည်း လူဝကြီး၏မျက်နှာကတင်းမာသွားပြီး ထိုလူ့ကိုကြည့်ကာအော်ငေါက်လိုက်သည်။
“ ပြန်သွားဆိုသွားပေါ့ကွ ။ လျှာရှည်တယ် ...သူတကယ်လုပ်ရင် မင်းတို့တစ်အုပ်လုံးအခုချိန်လောက်ဆိုအသက်ထွကိနေလောက်ပြီ သွားစမ်းကွာ....”
သူတို့ခေါင်းဆောင်၏ဒေါသထွက်နေသည့်ဟန်ကြောင့် အနီရောင်ဝတ်စုံဝတ်လူများလည်း ခပ်ကုတ်ကုတ်ဖြင့်ပြန်ဆင်းသွားကြတော့သည် ။
“ ထိုင်ပါဦး.....”
လူဝကြီးက သူ၏မူလနေရာတွင်ပြန်ထိုင်ရင်း အဆိပ်ဒေဝီကို ရှေ့ရှိထိုင်ခုံတစ်လုံးကိုညွန်ပြ၍ပြောလိုက်သည်။
လူဝကြီး၏မျက်လုံးများက သူမ၏ခန္တာကိုယ်ပေါ်တွင်ရစ်ဝဲနေလျက်ရှိကာ ရှန်ချင်းချင်း၏မျက်လုံးများကအနည်းငယ်အေးစက်သွားပြီးမေးလိုက်သည် ။
“ ကြည့်လို့ဝပြီလား....”
သူမ၏အေးစက်စက်စကားကြောင့် အဆိပ်ဒေဝီ၏ကောက်ကြောင်းအလှကိုအာရုံစိုက်နေမိသည့်လူဝကြီးလည်း ချောင်းတစ်ချက်ဟန့်၍အကြည်ြလွှဲလိုက်သည်။
“ လာရင်းကိစ္စကိုပြောစမ်းပါဦး....”
လူဝကြီးက အဆိပ်ဒေဝီကိုရင်းရင်းနှီးနှီးသိရှိဟန်တူပြီး သူ့လက်အောက်ငယ်သားများဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်ကိုပင် ဂရုစိုက်ဟန်မတူပေ။
ထို့အပြင် ထိုမိန်းမလှသူ့ဆီရောက်ရှိလာသည်က တစ်စုံတစ်ခုအလိုရှိ၍ဖြစ်ကြောင်းသဘောပေါက်၍ ပွင့်လင်းစွာမေးလိုက်ခြင်းဖြစ်သည် ။
လူဝကြီး၏မေးခွန်းကြောင့် အဆိပ်ဒေဝီကအေးစက်စက်လေသံဖြင့်ပြောလိုက်သည် ။
“ ငါ ရှောင်ရှာဆိုတဲ့မိန်းကလေးရဲ့တည်နေရာကိုအတိအကျသိချင်တယ် နင့်လူတွေနဲ့စုံစမ်းပေးရင်အကောင်းဆုံးပဲ....”
မိစ္ဆာဝိညာဥ်အဖွဲ့တည်ထောင်ခဲ့သည်က ရှစ်နှစ်ဝန်းကျင်သာရှိသေးသော်လည်း သူတို့၏အင်အားက သိုင်းမဟာမိတ်နှင့်မတိမ်းမယိမ်းအဆင့်သို့ရောက်ရှိနေပြီဖြစ်သည် ။
တစ်ဦးချင်းအရည်အချင်းတွင်သိုင်းမဟာမိတ်မှလူများကသာလွန်သော်လည်းလူအရေအတွက်တွင် မိစ္ဆာဝိညာဉ်ကများစွာသာလွန်ပြီး အဖွဲ့ဝင်တစ်ထောင်နီးပါးပင်ရှိပေသည်။
ထိုအင်အားက တေလေဂိုဏ်းပြီးနောက် ဒုတိယအများဆုံးဖြစ်ပြိး နေရာတိုင်းတွင်မိစ္ဆာဝိညာဉ်အဖွဲ့သားများရှိနေသည်ဟုပင်ဆိုနိုင်သည်။
အဆိပ်ဒေဝီ၏တောင်းဆိုမှုကြောင့် လူဝကြီးက သဘောကျစွာရယ်မောလိုက်ပြီး အနီရောင်သမ်းပြီးကြွပ်ရွနေသည့်ကြက်ကင်တစ်ခြမ်းကို ကောက်ကိုင်လိုက်သည်။
ထို့နောက် ပါးစပ်ထဲတွင်ပျော်ဝင်သွားတော့မတတ်နူးညံ့သည့်အရသာကိုဖြေးညင်းစွာအရသာခံနေရင်းမှ အဆိပ်ဒေဝီကိုပြန်မေးလိုက်သည်။။
“ ရှန်ချင်းချင်း နင်က နည်းနည်းမလွန်ဘူးလား....ငါ့လူတွေကိုထိခိုက်ဒဏ်ရာရအောင်လုပ်ခဲ့တဲ့အပြင် ငါ့ကိုပါအလုပ်ရှုပ်အောင်လာလုပ်နေတာလား....။
ငါက ကူညီပေးချင်ပါတယ် ဒါပေမယ့်..ပင့်ကူနီကဝေပျိုရှောင်ရှာဆိုတာ ပင့်ကူနက်အဖွဲ့ရဲ့နောက်လာမယ့်ခေါင်းဆောင်လို့သက်မှတ်ခံထားရတဲ့ကလေးမမဟုတ်လား....
နင်တို့ကြားမှာ ဘာတွေဖြစ်ခဲ့တာလဲမသိ ပေမယ့် နင်ကသူ့ကိုတစ်ခုခုလုပ်တော့မယ်ထင်တယ် ။ ဒီတော့... “
လူဝကြီးကအနည်းငယ်စိတ်မရှည်ဖြစ်နေသည့်အဆိပ်ဒေဝီကိုကြည့်ရင်း သူ၏စကားကိုတစ်ပိုင်းတစ်စဖြင့်ရပ်လိုက်သည် ။
လူဝကြီး၏ သရုပ်ဆောင်မှုကိုသည်းခံကြည့်နေရသည့်တိုင် သူမကိုကူညီမည်ဟုမပြောလာသေး၍ အဆိပ်ဒေဝီလည်း စားပွဲကိုဝုန်းခနဲထု၍ပြောလိုက်သည်။
“ အပိုတွေပြောမနေနဲ့...နင်ဘာလိုချင်တာလဲ....”
လောဘနတ်ဆိုးဆိုသည့်နာမည်နှင့်လိုက်အောင် လောဘကြီးပြီး မည်သည့်အပေးအယူပင်ဖြစ်စေ အနာမခံသည့် လူဝကြီး၏အကျင့်ကိုသိ၍ အဆိပ်ဒေဝီကမေးလိုက်ခြင်းဖြစ်သည်။
မှန်ပေသည် ။
ပိုးဖဲဝတ်စူံဝတ်လူဝကြီး၏အမည်က အစားကြူးခြင်း၊ ရွှေငွေရတနာများကိုလွန်စွာခုံမင်ခြင်းနှင့် မိန်းကလေးချောချောလှလှလေးများကို တပ်မက်ခြင်းစသည့် ဂုဏ်ပုဒ်သုံးခုနှင့်ပြည့်စုံသည့် လောဘနတ်ဆိုးအန်းဒူဖြစ်သည်။
&&&&