← Chapters

အလဲအလှယ်

Vol. 2 Ch. 96

အလဲအလှယ်

Vol. 2 Ch. 96

လောဘနတ်ဆိုးအန်းဒူက အဆစ်ကိုးဆစ်ပါသည် သံမဏိတုတ်ချောင်းကိုလက်နက်အဖြစ်အသုံးပြုတတ်ပြီး သူ၏သံမဏိတုတ်ချောင်းက အပြောင်းအလဲခုနစ်ခုအထိပြုလုပ်နိုင်စွမ်းရှိသည် ။

သံမဏိတုတ်ချောင်း၏အတိုအရှည်က အလိုရှိသလိုပြောင်းလဲနိုင်သည့်အပြင် တုတ်ရှည်၊ တုတ်တို၊ လှံတို၊ လှံရှည် ၊ ကျာပွတ် ၊ သံကွင်းပျံစသည့်လက်နက်ခုနစ်မျိုးအထိပြောင်းလဲအသုံးချနိုင်သည့်ထိုလက်နက်ကိုအန်းဒူမည်သည့်နေရာမှရလာသည်မသိပေ။

သို့သော် ထိုလက်နက်ကိုရရှိလာချိန်မှစ၍ အန်းဒူ၏သိုင်းပညာကများစွာတိုးတက်လာပြီး မူလကပင်အစွမ်းထက်သည့်အဆင့်လွန်ထိပ်သီးတစ်ယောက်ဖြစ်၍လည်း ကြောက်စရာကောင်းသည့်လက်နက်အားကိုးဖြင့် မိစ္ဆာဝိညာဉ်မှခေါင်းဆောင်ရှစ်‌ယောက်ထဲမှတစ်ယောက်ဖြစ်လာခဲ့သည်။

ချက်ဆိုလျှင် နားခွက်မှမီးတောက်သည့် အဆိပ်ဒေဝီ၏ပါးနပ်မှုကြောင့် အန်းဒူက မျက်လုံးမှေးမှေးများပိတ်ဆို့သွားသည်အထိရယ်မောလိုက်ပြီး ပြုံး၍ပြောလိုက်သည်။

“ ငါနင်တို့အဆိပ်ငါးမျိုးဂိုဏ်းက ခြေသုံးလှမ်းမရဏအဆိပ်ကိုလိုချင်တယ်...”

အန်းဒူ၏စကားကြောင့် အဆိပ်ဒေဝီ၏အမူအယာက ပြောင်းလဲသွားပြီးအချိန်အနည်းငယ်ကြာအောင်စဉ်းစားလိုက်သည်။

လောဘနတ်ဆိုးအန်းဒူကား အဆိပ်ဒေဝီကိုတစ်စုံတစ်ရာပြောဆိုခြင်းမပြုတော့ဘဲ ကြက်ကင်ကို တမြုံ့မြုံ့ဝါးရင်း သူမ၏အဖြေကို စောင့်လျက်ရှိသည် ။

ခြေသုံးလှမ်းမရဏအဆိပ်က အဆိပ်ဒေဝီအသုံးပြုသည့်ပင်တိုင်အဆိပ်ဖြစ်သလို အဆင့်လွန်ထိပ်သီးများကိုပင်အချိန်တိုအတွင်းသတ်ဖြတ်နိုင်စွမ်းရှိသည်အထိ လွန်စွာကြောက်မက်ဖွယ်ကောင်းသည့်အဆိပ်တစ်မျိုးလည်းဖြစ်သည် ။

ထိုအဆိပ်၏အာနိသင်ကလွန်စွာကြောက်မက်ဖွယ်ကောင်းပြီး အဆိပ်ငါးမျိုးဂိုဏ်းတစ်ခုထဲမှ ရရှိနိုင်သည့်အဆိပ်ဖြစ်၍ ရှားပါးသည်ဟုလည်းဆိုနိုင်သည် ။

ထိုအဆိပ်ကို အန်းဒူအလိုရှိနေသည်က မကောင်းသည့်တစ်စုံတစ်ခုပြုလုပ်ရန်ဖြစ်နိုင်ပြီး မည်သို့ပင်ဖြစ်ပါစေ ဤသည်က သူမ၏ကိစ္စမဟုတ်ပေ။

ယခုအချိန်၌ သူမ၏စိတ်ထဲတွင်ရှိနေသည့် တစ်ခုတည်းသောအရာက သူမ၏တူမလေးကို ဒဏ်ရာအပြင်းအထန်ရစေခဲ့သည့် ပင့်ကူနီကဝေပျိုကိုဆုံးမရန်သာဖြစ်ပေသည်။

“ ကောင်းပြီ နင့်ကို ခြေသုံးလှမ်းမရဏအဆိပ်နည်းနည်းပေးလိုက်မယ် ဒါပေမယ့် ဟိုကောင်မလေးကို ရှာမတွေ့ရင်တော့ ငါ့အဆိုးမဆိုနဲ့ ...”

အဆိပ်ဒေဝီ၏သဘောတူညီသည့်ဟန်ကြောင့် အန်းဒူလည်းသဘောကျစွာပြုံးလိုက်ပြီးခေါင်းညိမ့်လိုက်သည်။

“ ကောင်းပြီ ပင့်ကူနီကဝေပျိုကို နှစ်ရက်အတွင်းရှာတွေ့စေရမယ်လို့ ငါအာမခံတယ်....”

သူ၏အသံက အမြင်ကပ်စရာကောင်းလှပြီး တောင်းဆိုမှုကို အဆိပ်ဒေဝီသဘောတူမည်ဟုကြိုတင်တွက်ထားဟန်ရသည်။။

အန်းဒူ၏ မျက်နှာပြည့်ပြည့်ကြီးက ပြုံးရွှင်နေသော်လည်း သူ၏မျက်ဝန်းထဲတွင် အေးစိမ့်သည့်အလင်းရောင်တစ်ချက်လက်သွားပြီး ညာဘက်နားရွက်ကိုမသိသာစမ်းလိုက်မိသည်။

“ စီးတုယွမ်ချင်း‌ဆိုတဲ့ကလေးမ မင်းရဲ့ကံ‌ဆိုးမှုကိုပဲအပြစ်တင်ပေတော့....”

လူဝကြီး၏စိတ်ထဲတွင် အေးစက်စက်ကြုံးဝါးလိုက်ပြီး တစ်ကိုယ်ထဲကျေနပ်နေစဉ် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့်ထပ်ပြောလိုက်သည် ။

“ အော်....ပြီးတော့ နွေဦးအိပ်မက်ဆိုတဲ့ ဆေးလေးရောငါ့ကိုတစ်ပုလင်းလောက်ပေးဦး....ဟီးဟီး.... “

အန်းဒူ၏အမြင်ကပ်ဖွယ်ရယ်သံနှင့် သူ၏စကားတို့ကြောင့် အဆိပ်ဒေဝီမှာ ထိုလူဝကြီးကို ရွံရှာကြည့်လိုက်မိ၏။

&&&

လမ်းထက်တွင်ပြေးလွှားနေသည့် မြင်းရှစ်စီးရှိပြီး ညအချိန်ဖြစ်၍ ဖြေးဖြးမှန်မှန်သာသွားလာနေကြသည် ။

ရှေ့ဆုံးမှမြင်းပေါ်တွင် အပြာရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့် သက်လက်ပိုင်းလူတစ်ဦးရှိကာ သူ၏နောက်ဘက်မှမြင်းများထက်တွင် လူငယ်တစ်ဦး ၊ မိန်းမပျိုတစ်ဦးနှင့် အပြာရောင်ဝတ်စုံဝတ်သိုင်းသမားငါးယောက်တို့ဖြစ်ကြသည်။

မြင်းစီးသမားများကို ဦးဆောင်နေသည့် အပြာရောင်ဝတ်စုံဝတ်လူကြီးက ကျန်လူများ၏ခေါင်းဆောင်ဖြစ်ဟန်တူကာ ခပ်ဝေးဝေးတွင်မြင်နေရသည့် မီးရောင်ထိန်ထိန်နှင့်ရွာငယ်တစ်ခုကိုကြည့်ရင်း သူ၏မြင်းကိုအရှိိန်လျော့လိုက်သည် ။

“ ဟောင်ရန် ရှေ့က တန်စွမ်းဆိုတဲ့ရွာပဲ ။ ဒီကနေ ငါတို့ချောင်ထျန်းကိုရောက်ဖို့ နေ့တစ်ဝက်လောက်ပဲခရီးဆက်ရတော့မယ် ။

အဲဒီမှာ ငါတို့ချောင်မျိုးနွယ်နဲ့ပတ်သတ်တဲ့လူ‌ တွလည်းရှိတယ် ။အခုည မှောင်လည်းမှောင်ပြီဆိုတော့ တန်စွမ်းမှာပဲအိပ်ရအောင်....”

အပြာရောင်ဝတ်စုံဝတ်လူကြီးကား ရွှေဓားသခင်၏စံအိမ်မှထွက်လာသည့် လျှပ်တပြတ်သခင်ချောင်ဖေးဟုန်ဖြစ်ပြီး သူပြောလိုက်သည့်လူငယ်က ဟောင်ရန်သာဖြစ်သည်။

ရွှေဓားသခင်၏စံအိမ်တွင်ခုနစ်ရက်ပြည့်သည်အထိနေခဲ့ပြီးနောက်တစ်ရက်၌ သူတို့စတင်ခရီးထွက်လာခြင်းဖြစ်သည် ။

ဟောင်ရန် ၊ ချောင်ဖေးဟုန်၊ ချောင်ရှန်းရှန်းတို့သားအဖအပြင် ချောင်မျိူးနွယ်မှ နောက်ထပ်သိုင်းသမားငါးယောက်လည်းလိုက်ပါလာခဲ့ပြီး ရွှေ

ဓားသခင်၏ခြံဝန်းသို့လာစဉ်က သည့်ထက်ပိုသည့်လူများပါသော်လည်း ထိုလူများကသိုင်းမဟာမိတ်မှလူများဖြစ်၍ သိုင်းမဟာမိတ်ဌာနချုပ်သို့ပြန်သွားကြပြီဖြစ်သည် ။

ဟောင်ရန်မှာ ချောင်ဖေးဟုန်၏ လှိုက်လှိုက်လှဲလှဲဖိတ်ခေါ်မှုအပြင် သူ့ဆရာနှင့်ချောင်မျိုးနွယ်တို့၏ပတ်သတ်မှူအရ ချောင်မျိုးနွယ်အခြေစိုက်ရာ ချောင်ထျန်းသို့လိုက်လာခဲ့ခြင်းဖြစ်ပြီး သူ့ကိုကြညိ့မရသညိ့ ချောင်ရှန်းရှန်းဆိုသည့်မိန်းကလေးကား ထိုအဖြစ်ကိုအမြင်ကြည်ဟန်မတူပေ။

“ မင်းရဲ့ဒဏ်ရာကရော သက်သာရဲ့လား....”

ချောင်ဖေးဟုန်၏ဂရုတစိုက်လေသံကြောင့် ဟောင်ရန်၏စိတ်ထဲတွင်နွေးထွေးသွားပြီးခေါင်းညိမ့်ပြလိုက်သည်။

“ ကျုပ်အဆင်ပြေပါတယ်ဦးလေးချောင်....”

ညအမှောင်အောက်တွင် ဟောင်ရန်၏မျက်နှာကိုသဲကွဲစွာမမြင်ရသော်လည်းအသေအချာကြည့်ရှုမည်ဆိုပါက ထိုလူငယ်လေး၏မျက်နှာမှာ ဖြူဖျော့နေသည်ကိုတွေ့ရပေမည်။

ချောင်ဖေးဟုန်က ခေါင်းတဆက်ဆက်ညိမ့်၍ အနည်းငယ်တင်းမာသည့်လေသံဖြင့်ရေရွတ်လိုက်သည်။

“ အင်း...အခုလိုမျိုး သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်တစ်ယောက်က မင်းကိုရုတ်တရက်ဝင်တိုက်တာ ထူးတော့ထူးဆန်းတယ် ။ ငါတို့သာအချိန်မီရောက်မလာရင်မလွယ်ဘူး ။

ပြီးတော့ ဒီလူ့ရဲ့သိုင်းပညာကဒီလောက်မဟုတ်ပေမယ့် ကိုယ်ဖော့ပညာက အစွမ်းထက်လွန်းတယ်။ ဒီလိုလူမျိုးနဲ့ရန်ငြိုးရန်စတစ်ခုခုများရှိနေတာလား....”

ချောင်ဖေးဟုန်၏မေးခွန်းကြောင့် ကျန်လူများလည်းဟောင်ရန့်ကိုအကဲခပ်လိုက်ကြသည်။

မနေ့က ဟန်ကျန်းမှထွက်ခွာလာပြီးနေ့တစ်ဝက်အကြာတွင် သူတို့လူစုတောအုပ်တစ်ခုထဲတွင်အနားယူခဲ့ကြသည်။

ထိုအချိန်တွင် ကြောက်စရာကောင်းသည့်သိုင်းသမားတစ်ယောက်ရုတ်တရက်ပေါ်လာပြီး ဟောင်ရန့်ကိုတိုက်ခိုက်ခဲ့ပေသည်။

အနက်ရောက်ဝတ်စုံကိုဝတ်ဆင်ထားပြီး ရုပ်ရည်ကို ဖူံးကွယ်ထားသညိ့ ထိုလူ၏သိုင်းပညာကမြင့်မားလှပြီးသိုင်းဝိဇ္ဇာတစ်ဝက်အဆင့်ရှိရာ ဟောငိရန်မှာ သိုင်းကွက်တစ်ရာမပြည့်မီအရေးနိမ့်ခဲ့‌လေသည် ။

ထို့အပြင် ပြိုင်ဘက်၏လက်ဝါးချက်ကြောင့် ပြင်းထန်သည့်အတွင်းဒဏ်ရာပင်ရရှိခဲ့၏။

ကံကောင်းစွာဖြင့်အနီးအနားတွင် ချောင်ဖေးဟုန်နှင့်အခြားလူများရှိနေ၍အချိန်မီလာရောက်နိုင်ခဲ့ပြီး ထူးဆန်းသည့်အနက်ရောင်ဝတ်စုံဝတ်လူကဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ထိုလူ၏ကိုယ်ဖော့ပညာက ထိပ်တန်းအဆင့်ကိုပင်ကျော်လွနိနေပြီဖြစ်ရာ ချောင်ဖေးဟုန်လိုက်လံဖမ်းဆီးသည့်တိုင် အရိပ်အယောင်ပင်မမြင်ခဲ့ရပေ။

“ မရှိပါဘူးဦးလေးချောင်....ဟန်ကျန်းကိုမလာခင်တုန်းကတော့ စားသောက်ဆိုင်မှာ သေမင်းဖြူကို ကျုပ်နဲ့အစ်ကိုရှောင်ယောင်တင်မကဘဲ ကျန်တဲ့လူတွေနဲ့ပူးပေါင်းပြီးတိုက်ခိုက်ထူးတယ်။။

ဒါပေမယ့် အခုလူကသေမင်းဖြူမဟုတ်တာသေချာတယ်။ သူ့ရဲ့သိုင်းပညာက တစ်မျိူးထူးဆန်းပြီးကိုယ်ဖော့ပညာကလည်း သေမင်းနက်ထက်အများကြီးအဆင့်မြင့်တယ်....”

တွေးတွေးဆဆဖြင့် ပြန်ပြောလိုက်သည့် ဟောင်ရန်၏အဖြေကြောင့် ချောင်ဖေးဟုန်လည်းခေါင်းညိမ့်လိုက်မိသညိ ။

“ အေးကွ....ဒီလူရဲ့သိုင်းပညာကထူးဆန်းပြီး သိုင်း‌လောကထဲမှာမြင်နေကြမဟုတ်ဘူး ။ပြီးတော့ သူ့ရဲ့ရုပ်ရည်ကိုလည်းဖုံးကွယ်ထားသေးတယ်....”

ချောင်ဖေးဟုန်သည်လည်း သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်ရှိပြီး ပြိုင်ဘက်နှင့်သိုင်းကွက်အနည်းငယ်တိုက်ခိုက်ခဲ့ရာ တစ်ဖက်လူ၏သိုင်းပညာမြင့်မားမှုကိုကောင်းစွာရိပ်စာမိခဲ့သည် ။

ဟောင်ရန်၏မျက်နှာထက်တွင်ကား ထူးခြားသည့်အမူအယာတစ်ခုရှိနေပြီး သူ၏စိတ်ထဲတွင်တစ်စုံတစ်ခုကိုစိုးရိမ်ပူပန်လျက်ရှိသည်။။

အနက်ရောင်ဝတ်စုံဝတ်လူနှင့်တိုက်ခိုက်စဉ်က ထိုလူက သူ့ထံမှတစ်စုံတစ်ခုအလိုရှိဟန်တူပြီးအမိန်ပြားကိုလည်း တောင်းယူခဲ့သည်။

သို့‌သော် ဟောင်ရန့်ထံတွင်မည်သည့်အမိန့်ပြားမှရှိမနေသလို ရှိနေလျှင်ပင် ထိုသို့သောလူတစ်ယောက်အားလုံးဝထုတ်ပေးလိမ့်မည်မဟုတ်ပေ။

ထို့နောက် အေးအေးဆေးဆေးစဉ်းစားကြည့်ချိန်မီ ထိုလူပြောသည့်အမိန့်ပြားဆိုသည်က လျှိုစမ်းမြို့တွင် ရှောင်ယောင်ပြခဲ့သည့် ဧကရာဇ်ကျောက်စိမ်းနှင့်ပြုလုပ်ထားသည့်တံဆိပ်ပြားဖြစ်မည်ဟု ရေးရေးခနိ့မှန်းမိလာသည်။

သို့သော်ထိုလူ၏ရည်ရွယ်ကို တိတိကျကျမသိရဘဲ ရှောင်ယောင်သည်လည်း စီးတုယွမ်ချင်းနှင့်အတူဆန့်ကျင်ဘက်ဒေသသို့ထွက်သွားပြီဖြစ်၍ဟောင်ဟန်လည်း စိုးရိမ်ပူပန်နေသည့်တိုင် သူတတ်နိုင်သည့်အရာမရှိပေ ။

ဟောင်ရန်တစ်ယောက် အတွေးထဲတွင် နစ်မျောနေစဉ် ဘေးဘက်မှချောင်ရှန်းရှန်း၏ မကျေမနပ်စကားသံကိုပါကြားလိုက်ရသည် ။

“ ဟမ့် ....ဒီလောက်လူအမြင်ကပ်တဲ့ကောင် သူ့ကိုသတ်ချင်နေတဲ့လူရှိတာမထူးဆန်းပါဘူး။။

ဟိုလူကလည်း အစ်မယွမ်ချင်းကိုဘယ်လိုတွေပြုစားလိုက်တဲ့မသိဘူး ခရီးအတူတောင်ထွက်သွားကြသေးတယ်....”

သူမ၏နှုတ်ခမ်းလေးကိုစုချွန်ကာ မကြားနိုးနားပြောလာသည့်ချောင်ရှန်းရှန်း၏စကားကြောင့် ဟောင်ရန်၏ရင်ထဲတွင်အမည်ဖော်မရသည့်ခံစားချက်အချို့ လှိုင်းထသွားလေသည်။

&&&

ဟွာရှန်းတောင်ခြေ

မြင့်မားမက်စောက်ပြီးတော်ရုံတန်ရုံလူရောက်ခဲ့သည့်ဟွာရှန်းတောင်ကားအနီးအနားဒေသရှိလူများအတွက်တော့ မ‌ရောက်နိုင်သည့်နေရာဖြစ်သည် ။။

သာမန်သိုင်းသမားများပင်တောင်ပေါ်သို့တက်ရောက်ရန် ခက်ခက်ခဲခဲကြိုးစားရမည်ဖြစ်ပြီး ကျောက်တုံးကျောက်ချွန်ပေါများ၍ သစ်ပင်ကြီးငယ်နည်းပါးသည့်ကျောက်သားတောင်မြင့်ဖြစ်၍ အနိမ့်ဆုံးသိုင်းပညာထိပ်တန်းအဆင့်ရှိမှ အေးအေးဆေးဆေးရောက်ရှိနိုင်သည့်နေရာဖြစ်သည်။

ဟွာရှန်းတောင်မှာ ပတ်ဝန်းကျင်ရှုခင်းများကြည့်ရှုရန်မသင့်‌လျော်သလို သဘာဝအလှအပများလည်းနည်းပါးပြီး တက်ရောက်ရန်ခက်ခဲလှ၍ ခရီးသွားများရွေးချယ်လေ့မရှိသော်လည်း အချို့သိုင်းလောကသားများကား သူတို့၏စိန်ခေါ်ပွဲများကိုဟွာရှန်းတောင်ထိပ်တွင်တိုက်ခိုက်လေ့ရှိသည်။

ထိုအထဲတွင်အထင်ရှားဆုံးမှာ လက်ရှိသိုင်းလောက၏နဂါးခုနစ်ကောင်ဟုညွှန်းဆိုအပ်သော ဒုတိယမျိုးဆက်သိုင်းဝိဇ္ဇာခုနစ်ယောက်၏တိုက်ပွဲပင်ဖြစ်ပေသည်။

ကျုံဟွာတောင်တိုက်ပွဲမတိုင်မီက လူငယ်မျိုးဆက်ကို ဒုတိယမျိုဆက်ဟုခေါ်ကြပြီး ထိုမျိုးဆက်တွင်ကျော်ကြားသည့် ပါရမီရှင်သိုင်းသမားအတော်များများရှိခဲ့သည်။

သို့သော် ထိုအထဲမှ လူခုနစ်ယောက်သာ သိုင်းဝိဇ္ဇာအဆင့်သို့ရောက်ရှိခဲ့ပြီး ထိုအချက်ကိုကြည့်၍ သိုင်းဝိဇ္ဇာအဆင့်ကိုတက်ရောက်ရန်မည်မျှခက်ခဲသည်ကိုတွေ့မြင်နိုင်ပြီးစွန်းအိမ်တော်က ထိုခုနစ်ယောက်ကို လူအများကြားမှ နဂါးများရည်ညွှန်း၍ နဂါးခုနစ်ကောင်ဟုသက်မှတ်ခဲ့ခြင်းဖြစ်သည်။

နဂါးခုနစ်ကောင်သက်မှတ်ချက်မှာ လက်ရှိသိုင်းလောကတွင်ကျင်လည်နေသည့်လူများအပေါ်မူတည်၍သက်မှတ်ထားခြင်းလည်းဖြစ်ပြီး ဇာတ်မြုပ်သွားသူများ ၊ သိုင်းလောကမှထွက်ခွာသွားသူများမပါဝင်ခဲ့ပေ။

ထို့ကြောင့် ဒုတိယမျိူးဆက်မှပါရမီရှင်များထဲတွငိ သိုင်းဝိဇ္ဇာအဆင့်ရောက်ရှိသည့်လူခုနစ်ယောက်ကအထင်ရှားဆုံးဖြစ်ပြီး ထိုခုနစ်ယောက်သည်လည်း သူတို့၏သိုင်းပညာတိုးတက်မှူကို စမ်းသပ်ရန်နှစ်နှစ်တစ်ကြိမ်သိုင်းပညာယှဉ်ပြိုင်လေ့ရှိကြပေသာ်။

ဤသို့ဖြင့်ဟွာရှန်းတောင်ယှဉ်ပြိုင်ပွဲစတင်ပေါ်ပေါက်လာခြင်းဖြစ်ကာ ယခုနှစ်က တတိယအကြိမ်မြောက်ယှဉ်ပြိုင်ပွဲဖြစ်ပေမည်။

&&&&

All Chapters