← Chapters

လောဘနတ်ဆိုးအန်းဒူ

Vol. 2 Ch. 98

လောဘနတ်ဆိုးအန်းဒူ

Vol. 2 Ch. 98

ထို့နောက် သူဒုက္ခရောက်နေသည်ကို ကျေနပ်နေဟန်တူသည့်ထိုမိန်းကလေးကို မသိမသာကြည့်ရင်း စနောက်လိုက်သည်။

“ အင်း ....ဒီအတိုင်းဆို နင်နဲ့အတူ ခရီးထွက်လာတာမှန်သွားတယ် ။ ဒါမှ မိစ္ဆာဝိညာဉ်ကခေါင်းဆောင်တွေလာရင် နင့်နောက်မှာပုန်းရအောင်။

ငါတို့ရဲ့ သူငယ်ချင်းသံယောဇဉ်နဲ့ဆိုရင် ငါ့ကိုတော့ ပစ်မထားဘူးမဟုတ်လား.... “

တမင်အားနည်းသူတစ်ယောက်၏လေသံဖြင့်ပြောလိုက်သည့်ရှောင်ယောင်၏ဟန်ပန်ကြောင့်စီးတုယွမ်ချင်းလည်း မျက်နှာမဲ့ပြလိုက်ပြီး ချက်ခြင်းလိုလိုပြန်၍ချေပလိုက်သည်။

“ ဘယ်ဟုတ်မလဲ ငါက နင့်ကိုအရင်ဆုံးတွန်းပို့လိုက်မှာ....”

သူမ၏လျှင်မြန်သည့်တုန့်ပြန်မှုကြောင့်ရှောင်ယောင်လည်း ရယ်မောလိုက်မိသည်။

ထိုမိန်းကလေးမှာ အများအမြင်တွင်အေးတိအေးစက်နှင့် ရေခဲတောင်ထိပ်မှကြာပန်းတစ်ပွင့်လိုဖြစ်သော်လည်း သူမ၏စိတ်နှလုံးက ကြာပန်းဖြူတစ်ပွင့်လိုဖြူစင်သန့်ရှင်းပေသည် ။

တစ်ခါတစ်ရံပေါ်ထွက်လာသည့် ခံစားချက်ကင်းမဲ့သည့်အမူအယာများမှလွဲ၍ ကျန်အချိန်များတွင် သာမန်မိန်းကလေးများထက်ပင် ပို၍ခင်မင်စရာကောင်းသေးသည် ။

အေးစက်စက်နှင့်ချဉ်းကပ်ရခက်သည့်ပုံစံက အပြင်ပန်းပုံစံဖြစ်ကာ ရင်းနှီးသူများသာ သူမ၏ နွေးထွေးသည့်စိတ်နှလုံးကိုကောင်းစွာမြင်တွေ့ရမည်ဖြစ်သည် ။

ရှောင်ယောင်လည်း ငယ်စဉ်က တစ်ကြိမ်သာတွေ့ဖူးခဲ့ပြီး နေ့တစ်ဝက်သာအတူရှိခဲ့ရသည့်ထိုမိန်းကလေးကို မည်သည့်အတွက်ယခုလောက် ရင်းနှီးခင်မင်မိသည့်သူ့ကိုယ်သူအံ့ဩနေမိသညိ။

ရုတ်တရက် စီးတုယွမ်ချင်း၏မျက်နှာက အေးစက်သွားပြီး ဖျက်ခနဲထရပ်ကာ ဘေးပတ်ဝန်းကျင်ကို အကဲခပ်ရင်းအော်ဟစ်လိုက်သည် ။

“ ဘယ်သူလဲ ထွက်ခဲ့စမ်း....”

သူမ၏အထိတ်လန့်အပြုအမူကြောင့်ရှောင်ယောင်မှာ အံ့အားသင့်သွားသော်လည်း အကြောင်းမရှိဘဲ ထိုသို့လုပ်မည်မဟုတ်မှန်းသိ၍ သူပါထရပ်လိုက်မိသည်။

ထိုစဉ် သူတို့ရှိရာသို့ချဉ်းကပ်လာသည့်လူများစွာကိုသတိထားမိလိုက်ပြီး ရှောင်ယောင်၏မျက်နှာကလည်း တည်ကြည်လေးနက်လာသည် ။

“ ဟဲ ဟဲ....မဟူရာနတ်သမီးဆိုတဲ့စီးတုယွမ်ချင်းက နာမည်နဲ့လိုက်အောင် သိုင်းပညာထူးချွန်ထက်မြက်တာပဲ လေးစားမိပါတယ်....”

ယဉ်ကျေးပျူငှာသည့်စကားသံနှင့််မလိုက်ဖက်စွာ အမြင်ကပ်ဖွယ်ရယ်သံကြီးက ကျယ်လောင်စွာထွက်ပေါ်လာသည်။

ထိုနည်းတူ အနီရောင်ဝတ်စုံဝတ်လူရိပ်များစွာကသစ်ပင်များကြားမှ ပေါ်ထွက်လာပြီး ရှောင်ယောင်နှင့်စီးတုယွမ်ချင်းတို့ကို ဝိုင်းထားလိုက်ကြသည်။

လမင်း၏အားနည်းသည့်အလင်းရောင်နှင့် မီးဖိုမှမီးရောင်တို့ပေါင်း၍ တစ်ဖက်လူများ၏ပုံပန်းသွင်ပြင်ကိုရှင်းလင်းစွာမြင်နေရပြီး လက်နက်ကိူယ်စီစွဲကိုင်ထားကြသည့်ထိုလူများက ရက်စက်ယုတ်မာမည့်အသွင်သဏ္ဍာန်များရှိသည်။

သူတို့ကိုဦးဆောင်လာသူဖြစ်ဟန်တူသည့်လူက အသက်ငါးဆယ်ဝန်းကျင်ရှိသည့်လူဝကြီးတစ်ဦးဖြစ်ကာ အကောင်းစားပိုးဖဲဝတ်စုံကိုဝတ်ဆင်ထားသည် ။

ညာဘက်လက်ထဲတွင် သုံးပေခန့်ရှည်မည့်သံမဏိတုတ်ချောင်းတစ်ချောင်းကို ဟန်ပါပါကိုင်ထားသည့် ထိုလူကြီးက ရှောင်ယောင်တို့၏အနီးသို့လျှောက်လာပြီးပြောလိုက်သည်။

“ တွေ့ရတာ ဝမ်းသာပါတယ် ကျုပ်က အန်းဒူပါ....”

အစောပိုင်းကပြောလိုက်သည့်လူက ထိုလူဝကြီးပင်ဖြစ်ပြီး မီးရောင်အောက်တွင် အဆီပြန်နေသည့်မျက်နှာကြီးက ကြောက်စရာကောင်းနေသည်။

သူ၏အမူအယာက ပြုံးရွှင်နေသော်လည်း အလိုလိုနေရင်း ရွံရှာစေမည့်ခံစားချက်ကိုရရှိကာ စီးတုယွမ်ချင်းလည်း သူမ၏ဓားကိုရွှမ်းခနဲဆွဲထုတ်၍မေးလိုက်သည်။

“ လောဘနတ်ဆိုး ရှင်အခုလိုလုပ်တာ ဘာသဘောလဲ....”

သူမ၏တင်းမာသည့်လေသံကြောင့် အန်းဒူဆိူသည့်လူဝကြီးက မျက်လုံးမှေးမှေးများပိတ်ဆို့သွားသည်အထိပြုံးလိုက်ရင်း ရယ်မောလိုက်သည်။

“ မိန်းကလေး မိစ္ဆာဝိညာဉ်ရဲ့ခေါင်းဆောင်ရှစ်ယောက်ထဲက လောဘနတ်ဆိုးဆိုတဲ့ ငါရောက်လာပြီဆိုတာ ဘာကြောင့်လည်းလို့ မေးနေစရာလိုသေးလား ။

မင်းက ကျားကိုက်ပါတယ်ဆိုမှ အပေါက်နဲ့လားလို့မေးနေသေးတယ် ။ မသေချင်ရင် ဟိုကောင့်ကိုထားပြီးမြန်မြန်ထွက်သွားစမ်း....”

ရယ်မောနေရာမှတိခနဲဖြတ်၍ ပြောလိုက်သည့် လူဝကြီး၏စကားကြောင့် စီးတုယွမ်ချင်း၏မျက်နှာအနည်းငယ်ပြောင်းလဲသွားသလို ရှောင်ယောင်လည်း မျက်လုံးပြူးသွားပြီး သူ့ကိူယ်သူပြန်ညွန်ပြလိုက်သည်။။

“ ကျုပ်လား ဘာလို့လည်း....”

အန်းဒူဆိုသည့်လူဝကြီးက မိစ္ဆာဝိညာဥ်၏နတ်ဆိုးရှစ်ယောက်မှ လောဘနတ်ဆိုးဖြစ်သည်ကို စီးတုယွမ်ချင်း၏စကားကြားစဉ်ကပင်သူရိပ်မိခဲ့သော်လည်း မသိဟန်ဆောင်၍မေးလိုက်ခြင်းဖြစ်သည်။

တစ်ချိန်ထဲမှာပင် သူတို့၏ပတ်လည်တွင်ဝန်းရံထားသည့်အနီရောင်ဝတ်စုံဝတ်လူများကိုအကဲခပ်နေရင်းရှောင်ယောင်၏စိတ်ထဲတွင် အနည်းငယ်လေးလံသွားမိသည် ။

လက်နက်ကိုယ်စီစွဲကိုင်ထားကြသည့် အန်းဒူ၏လူများက ဆိုးသွမ်းရက်စက်ကြသည့်အနက်ရောင်သိုင်းသမားများဖြစ်သလို သူတို့၏သိုင်းပညာကအဆင့်မြင့်ကြသည် ။

အန်းဒူမပါဘဲ စုစုပေါင်းလူဆယ့်ငါးယောက်ထဲတွင်အဆင့်လွန်ထိပ်သီးသုံးယောက်နှင့်ထိပ်တန်းအဆင့်သိုင်းသမားဆယ်ယောက်အထိပါဝင်သည် ။

သာမန်ပထမတန်းစားဂိုဏ်းများကိုပင်ဖြိုခွင်းနိုင်မည့် ထိုအင်အားက ‌‌တောင့်တင်းလှသော်လည်း မိစ္ဆာဝိညာဉ်၏ခေါင်းဆောင်ရှစ်ယောက်ထဲမှတစ်ယောက်ဖြစ်သညိ့အန်းဒူအတွက် အလွယ်တကူစုစည်းနိုင်သည့်ပမာဏဖြစ်သည် ။

ရှောင်ယောင်၏ အံ့အားသင့်နေသည့်ဟန်ကြောင့် အန်းဒူကသဘောကျစွာပြုံးရင်ပြန်ဖြေလိုက်သည်။

“ ‌ကောင်လေး မင်းကသရုပ်ဆောင်တော်တာပဲ ။ ဒါပေမယ့်မလုံလောက်သေးဘူး ။ ငါတို့မိစ္ဆာဝိညာဉ်ရဲ့ခေါင်းဆောင်ရှစ်ယောက်ထဲက ချူးကုနန်ကိုသတ်ပြီးမှတော့ မင်းကငါတို့လက်စားချေမယ့်ရန်ကိုလည်းကြိုတွက်ထားသင့်တယ် ။

မင်းကို ငါတို့က ဟန်ကျန်းမှာထဲက ခြေရာခံမိထားပြီ ။ မင်းရဲ့အဖော်က ချောင်မျိုးနွယ်ကကောင်တွေနဲ့အတူသွားလို့ ကံကောင်းသွားပေမယ့် မင်းကတော့မတူဘူး ။

ဟုတ်တယ်မလား....ဝတ်စုံဖြူကျောင်းတော်သားရှောင်ယောင်....”

အန်းဒူ၏လေသံက နွေးထွေးသော်လည်း ရှောင်‌ ယောင်၏စိတ်ထဲတွင် ပို၍သတိထားလာမိသည် ။

ထိုလူဝကြီးက သူ၏အကြောင်းအရာများကိုပင်ကြိုတင်စုံစမ်းထားဟန်တူပေသည်။

အဆိုးထဲမှအကောင်းဟုဆိုရမည်က ဟောင်ရန်အန္တရာယ်ကင်းသည်ကိုသိလိုက်၍ရှောင်ယောင်လည်းစိတ်သက်သာရာရသွားခြင်းဖြစ်ပြီး ထိုလူစုကို အာရုံစိုက်၍ရင်ဆိူင်နိုင်ပေမည် ။

သို့သော် ထိုကိစ္စက လွယ်ကူမည်တော့မဟုတ်ပေ။

အပြင်ပန်းသွင်ပြင်က အထင်ကြီးဖွယ်မကောသ်းသော်လည်း လူဝကြီး၏မျက်လုံးမှေးမှေးများက အရောင်တလက်လက်တောက်ပလျက်ရှိသလို သူ၏လက်အောက်ငယ်သားများကလည်း သားကောင်ကို အမဲဖျက်တော့မည့်ဝံပုလွေများသဖွယ် ရက်စက်စွာစိုက်ကြည့်နေကြသည်ာ

အန်းဒူကိုယ်တိုင်က ကြောက်စရာကောင်းသည့်အဆင့်လွန်ထိပ်သီးတစ်ဦးလည်းဖြစ်ရာ သူနှင့်စီးတုယွမ်ချင်းတို့ပူးပေါင်းတိုက်ခိုက်လျှင်ပင် တစ်ဖက်လူများကိုအနိုင်ယူနိုင်ရန် မသေချာပေ။

သို့သော် သူတို့နှစ်ယောက် တိုက်ခိုက်ဖောက်ထွက်လျှင် လွတ်မြောက်ရန်ရာခိုင်နှုန်းများသည်ဟုတွေးလိုက်မိသည်။

တစ်ဖက်လူများ၏အင်အားကိုအကဲခပ်ရင်းရှောင်ယောင်၏စိတ်ထဲတွင် လျှင်မြန်စွာတွက်ချက်နေစဉ်

အန်းဒူက စီးတုယွမ်ချင်းကိုကြည့်ရင်း ပြုံး၍ပြောလိုက်သည် ။

“ ဒီကမိန်းကလေး မင်းနဲ့ဒီကောင်လေးနဲ့ကို တခြားလူတွေက ချစ်သူတွေလို့ပြောကြပေမယ့် ငါမြင်ရသလောက်ကတော့ ဒီအဆင့်ထိမရောက်ပါဘူး။ သာမန်ရင်းနှီးတဲ့ပုံပါပဲ ။

ဒီတော့ မင်းသူ့ကိုထားပြီး ကိုယ့်လမ်းကိုသွားမယ်ဆိုရင် ငါအေးအေးဆေးဆေးလမ်းဖွင့်ပေးမယ် ။ ငါလည်း မင်းနောက်ကအင်အားစုတွေနဲ့ ပြဿနာမတတ်ချင်ပါဘူး...”

အန်းဒူ၏ပျော့ပြောင်းသည့်စကားက ရှောင်ယောင့်ကိုဆက်ဆံစဉ်ကနှင့်ကွဲပြားလှ၏။

သူ၏စကားကြောင့်ရှောင်ယောင်ပင် စီးတုယွမ်ချင်းမည်သို့ဆုံးဖြတ်မည်ကိုကြည့်လိုက်မိသော်လည်း ထိုမိန်းကလေးက တုန့်ဆိုင်းခြင်းမရှိဘဲ အေးစက်သည့်ဟန်ဖြင့်ပြောလိုက်သည် ။

“ စဉ်းတောင်မစဉ်းစားနဲ့။ သူက ကျမရဲ့သူငယ်ချင်းပဲ။ ရှင်တို့လက်ထဲမှာ သူ့ကိူထားလဲ့မှာမဟုတိဘူး....”

သူမ၏ပြက်သားသည့်ရပ်တည်မှုကြောင့် ရှောင်ယောင်၏စိတ်ထဲတွင်နွေးထွေးသွားပြီး သုံးရက်အတွင်း အကြိမ်ပေါင်းများစွာ စကားနိုင်လုခဲ့သော်လည်း အရေးကြုံလျှင် စွန့်ခွာခြင်းမရှိသည့်ထိုမိန်းကလေးကို ပြုံး၍ကြည့်လိုက်မိသည် ။

ရှောင်ယောင်၏အကြည့်ကြောင့် စီးတုယွမ်ချင်းက သူ့ဘက်သို့လှည့်၍ပြောလိုက်သည် ။

“ မဟုတ်တာတွေတွေးမနေနဲ့ ငါနင့်ကို ကယ်ချင်လွန်းလို့မဟုတ်ဘူး ။ မိစ္ဆာဝိညာဉ်ရဲ့နတ်ဆိုးရှစ်ယောက်ထဲမှာ လောဘနတ်ဆိုးအန်းဒူက အကောက်ကျစ်ဆုံးလို့ဖေဖေပြောဖူးတယ်။။

ပြီးတော့ လွန်ခဲ့တဲ့ဆယ့်ငါးနှစ်လောက်က သူ့ရဲ့ယုတ်မာရက်စက်တဲ့လုပ်ရပ်တွေကြောင့် ဖေဖေနဲ့ပတ်ပင်းမိပြီး ဒဏ်ရာအများကြီးနဲ့ထွက်ပြေးသွားခဲ့တယ်။

အဲဒီတုန်းက မိစ္ဆာဝိညာဉ်အဖွဲ့တောင်မတည်ထောင်ရသေးဘူး ဒါပေမယ့်သူက အနက်ရောင်သိုင်းလောကထဲမှာတောင်တခြားလူတွေနှာခေါင်းရှုံ့တဲ့လူတစ်ယောက်ဖြစ်နေပြီ။

ဒီတော့ သူ့ရဲ့အကျင့်စရိုက်အရဆိုရင် ငါတစ်ယောက်ထဲထွက်သွားရင်တောင် အလွတ်ပေးဖို့မသေချာဘူး...”

စီးတုယွမ်ချင်း၏ စကားကြောင့် ရှောင်ယောင်၏အပြုံးက တောင့်တင်းသွားသလို အန်းဒူကလည်း ခေါင်းယမ်း၍နောင်တရသည့်ပုံစံဖြင့်ပြောလိုက်သည် ။

“ တော်တယ် မိန်းကလေး မင်းက ငါ့အကြံကိုခန့်မှန်းမိတာပဲ ။ အရင်တုန်းက မင်းတို့နှစ်ယောက်ကို လူစုကွဲအောင်လုပ် ပြီးရင် သူ့ကိုအရင်ရှင်းပြီးမင်းနောက်ကိုလိုက်ဖိူ့စိတ်ကူးထားတာ....”

အန်းဒူက သူ၏အစီအစဉ်များကိုပင် ပွင့်လင်းစွာဝန်ခံလာ၍ သူတို့နှစ်ယောက်အနည်းငယ်အံ့အားသင့်သွားစဉ် ထိုလူဝကြီးက သူ၏ညာဘက်နားရွက်ကိုဖြုတ်လိုက်သည် ။

မှန်ပေသညိ။

အန်းဒူ၏ညာဘက်နားရွက်က သူ၏လက်ထဲတွင်ပါလာပြီး အန်းဒူကတုံးတိဖြစ်သွားသည့်နားနေရာကိုပွတ်ရင်းဆက်ပြောလိုက်သည် ။

“ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ဆယ့်ငါးနှစ်က အကြွေးကိုပြန်ယူဖို့ပေါ့ ။

မင်းရဲ့အဖေက ငါကို သေလုမျောပါးထွက်ပြေးရအောင်လုပ်ခဲ့ရုံတင်မဟုတ်ဘူး ငါ့နားရွက်တစ်ဖက်ကိုပါ အဲဒီနေရာမှာကျန်ခဲ့အောင်လုပ်ခဲ့တယ်။

ဒီအကြွေးကို ငါဘယ်လိုမေ့လို့ရမှာလဲ။ သူ့ကိူလက်စားချေနိုင်ဖို့ နှစ်တွေအများကြီးကြိုးစားလေ့ကျင့်ခဲ့တာ ။ဟောဒီက ကိုးဆစ်သံမဏိတုတ်ချောင်းရခဲ့ပြီးတော့ ငါ့သိုင်းပညာတွေပိုပြီးတိုးတက်လာခဲ့တယ်။

ဒါပေမယ့် အဲဒီအချိန်မှာ သူက သိုင်းဝိဇ္ဇာအဆင့်ကိုရောက်ပြီးလို့ နဂါးခုနစ်ကောင်ထဲကတစ်ယောက်အဖြစ်ကျော်ကြားနေပြီ။

သူ့ကိုလက်စားချေနိုင်ဖို့ကြိုးစားပမ်းစားလေ့ကျင့်ခဲ့ရတဲ့ငါ့အတွက်တော့ ဟာသကြီးတစ်ခုလိုဖြစ်ခဲ့တာပေါ့....”

အန်းဒူ၏ အဆီများပြည့်နေသည့်ခပ်ပြုံးပြူံးမျက်နှာက အေးစက်မာကျောနေပြီး သူ၏ပုံစံက လွန်စွာကြောက်မက်ဖွယ်ကောင်းနေသည်။။

သူ၏လေသံထဲတွင် နက်ရှိုင်းသည့်မုန်းတီးမှု ၊ နာကျည်းမှု ရန်ငြိူးရန်စများပါဝင်နေပြီး နှစ်များစွာကြာသည်အထိ ထိုရန်ငြိူးရန်စကိုမှတ်သားထားသည့်သူ၏အငြိုးကြီးမှုက အံ့ဩဖွယ်ရာပင်။

ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်နေကာ အနီရောင်ဝတ်စုံဝတ်သိုင်းသမားများပင် အသံတစ်ချက်မထွက်ဝံ့ဘဲ ငြိမ်သက်စွာရှိနေကြပြီး အန်းဒူက ဆက်ပြောလိုက်သညိ ။

&&&&

All Chapters