← Chapters

အရှက်မဲ့သူရှောင်ယောင်

Vol. 2 Ch. 99

အရှက်မဲ့သူရှောင်ယောင်

Vol. 2 Ch. 99

“ ဆယ့်ငါးနှစ်နဲ့ကိုးလ ငါးရက် ။ ဒီလောက်အထိကြာအောင် ငါစိတ်ရှည်ရှည်နဲ့စောင့်‌ခဲ့ရတု ။

စီးတုမင်ဆိုတဲ့ကောင်ကို ဘယ်လောက်မုန်းမုန်း ငါ့ရဲ့သိုင်းပညာနဲ့လက်စားမချေနိုင်ဘူးဆိုတာသိတာပေါ့ ။

ဒါကြောင့် မိစ္ဆာဝိညာဉ်အဖွဲ့ထဲကိုဝငိပြီး ခေါင်းဆောငိရာထူးယူခဲ့တယ် ။ ပြီးတော့များပြားတဲ့လက်အောက်ငယ်သားတွေကိုစုစည်းပြီး အခွင့်ကောင်းကိုစောင့်ခဲ့ရတယ်။

ငါ့ရဲ့ရည်ရွယ်ချက်က သူ့ကိုထိခိုက်နာကျင်စေဖို့ပဲ။ သူ့ကိုကိုယ်ထိလက်ရောက်မထိခိုက်စေရင်တောင် သူ့ရဲ့စိတ်ကိုလုံးဝနလန်မထူတဲ့အထိဖြစ်စေချင်တယ်။

ဒီကိစ္စမှာ မင်းက သားကောင်ဖြစ်သွားတဲ့အတွက် စိတ်မကောင်းပါဘူးမိန်းကလေး....”

အန်းဒူက ခေါင်းယမ်း၍ စိတ်မကောင်းဖြစ်ဟန်ရေရွတ်လိုက်သော်လည်း သူ၏လေသံက နောင်တရဟန်တစ်စက်မှမရပါဝင်ပေ။

ဤမျှစိတ်ရှည်သည်းခံပြီးရက်စက်အငြိုးကြီးလှသူတစ်ယောက်ရှိကြောင်းသိလိုက်ရ၍ ရှောင်ယောင်ပင်အံ့ဩတုန်လှုပ်သွားမိသလို စီးတုယွမ်ချင်းကလည်း အေးစက်စက်အသံဖြင့်မေးလိုက်သညိ။

“ ရှင်က ကျမဖေဖေကိုအနိုင်မယူနိုင်မှန်းသိတော့ ကျမကိုပစ်မှတ်ထားမယ်ပေါ့ လာစမ်းပါ....”

စီးတုယွမ်ချင်း၏လက်ထဲရှိ သေးသွယ်ရှည်လျားသည့်ဓားရှည်က တလက်လက်တောက်ပနေကာ သူမ၏အသွင်သဏ္ဍာန်က ရဲရင့်ထက်မြက်လှသည် ။

ရန်သူအပေါင်းဝန်းရံနေသည့်အလယ်တွင်ပင် အကြောက်အရွံ့ကင်းမဲ့လှပြီး ရဲရင့်လှသည့်ထိုမိန်းကလေး၏သတ္တိကို ရှောင်ယောင်၏စိတ်ထဲတွင် ကြိတ်၍ ချီးကျူးလိုက်မိစဉ် အန်းဒူက သူ့ကိုပြောလိုက်သည်။

“ တကယ်တမ်းကျတော့ မင်းက ငါ့အတွက် ငါးသေးသေးလေးပဲ....အခုချက်ခြင်း ထွက်သွားမယ်ဆိုရင် မင်းရဲ့တန်ဖိုးမရှိတဲ့အသက်လေးကို ချမ်းသာပေးမယ်....”

အန်းဒူ၏ကမ်းလှမ်းမှုကြောင့် ရှောင်ယောင်နှင့်စီးတုယွမ်ချင်းတို့နှစ်ဦးဦး အံ့အားသင့်သွားသော်လည်း စီးတုယွမ်ချင်းက နှာခေါင်းတစ်ချက်ရှုံ့၍ပြောလိုက်သည်။

“ ရှင့်ရဲ့သွေးခွဲစကားက အသုံးမဝင်ဘူးသူထွက်သွားမှာမဟုတ်ဘူး....”

စီးတုယွမ်ချင်း၏ယုံကြည်မှုပြည့်ဝသည့်စကားအဆုံး၌ ရှောင်ယောင်က ခေါင်းညိမ့်၍ပြောလိုက်သည်။

“ ကောင်းပြီ ကျုပ်သဘောတူတယ် ထွက်သွားမယ်....”

သူ၏အရှက်ကင်းမဲ့သည့်စကားကြောင့် စီးတုယွမ်ချင်း၏မျက်ဝန်းလှလှလေးများပြူးကျယ်သွားလိုအန်းဒူ၏လက်အောက်ငယ်သားဖြစ်သည့် အနီရောင်ဝတ်စုံဝတ်လူများပင်မယုံကြည်နိုင်ဖြစ်သွားကြ၏။

သူတို့သာရှောင်ယောင်၏နေရာတွင်ဆိုပါက စီးတုယွမ်ချင်းလိုအလှလေးတစ်ဦးနှင့်လက်တွဲတိုက်ခိုက်ခွင့်ရလျှင် သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ လုံးဝနောက်ဆုတ်သွားမည်မဟုတ်ပေ။

ရှောင်ယောင်၏အဖြေကို မျှော်လင့်မထားမိ၍အန်းဒူလည်းအနည်းငယ်အံ့အားသင့်သွားပြီးမှ ရယ်မောလိုက်သည် ။

“ ဟားဟား...မင်းက စိတ်ဝင်စားစရာကောင်းသားပဲ....”

အန်းဒူက သဘောကျစွာပြောလိုက်ပြီးသူ၏လက်ကိုဝေ့ယမ်းပြလိုက်ရာ နောက်ဘက်ရှိအနီရောင်ဝတ်စုံဝတ်လူအနည်းငယ်ကလမ်းဖယ်ပေးလိုက်ကြသည်။

ရှောင်ယောင်က အန်းဒူကိုခေါင်းညိမ့်ပြလိုက်ပြီး ထွက်သွားမည်ပြုစဉ် စီးတုယွမ်ချင်းက အံ့ဩဒေါသထွက်စွာဖြင့်ပြောလိုက်မိသည် ။

“ ကျောက်တူံးခေါင်း....နင် နင်တကယ်ထွက်သွားမှာလား....”

ပုံမှန်အချိန်များတွင် အေးတိအေးစက်ပုံစံရှိသည့် ရေခဲနတ်သမီးလေးကား ဒေါသထွက်လွန်း၍ အသံများပင်တုန်ယင်နေသည်။

သူမ၏စကားကြောင့် ရှောင်ယောင်က အမူအယာမပျက်ဘဲ လက်သီးတစ်ဖက်ဆုပ်အရိုအသေပေးရင်ပြောလိုက်သည်။

“ ဒါ‌ပေါ့... မိန်းကလေးစီးတု နောက်မှတွေ့ကြတာပေါ့....”

စကားဆုံးသည်နှင့် ရှောင်ယောင်၏ခန္တာကိုယ်က လျှင်မြန်စွာရွေ့လျားသွားပြီး သစ်ပင်များကြားတွင် ပျောက်ကွယ်သွားတော့သည်။

စီးတုယွမ်ချင်းကား အမှန်တကယ်ထွက်သွားသည့်ထိုကောင်၏နောက်ကျောကို မယုံကြည်နိုင်ဟန်ဖြင့်ငေးကြည့်နေမိစဉ် အန်းဒူက အမြင်ကပ်ဖွယ်ကောင်းသည့်လေသံဖြင့်ပြောလိုက်သည်။

“ မဆိုးဘူး ဒီကောင်လေး အသက်ရှည်ရှည်နေရဦးမယ်....”

သူ၏စကားကြောင့်စီးတုယွမ်ချင်းက နှာခေါင်းရှုံ့၍ အေးစက်တင်းမာသည့်လေသံဖြင့်ပြောလိုက်သည်။

“ တကယ့်ငကြောက်ပဲ .. ငါအကြည့်မှားခဲ့မိတာ....”

သူမ၏လေသံက ဒေါသထွက်နေသည့်နည်းတူ အနည်းငယ်ဝမ်းနည်း‌နေဟန်လည်းတူသည်။

ရင်းနှီးသည့်အသိမိတ်ဆွေနည်းပါးသည့်သူမဘဝတွင် ရှောင်ယောင်လို ငယ်စဉ်ကသိကျွမ်းဖူးသည့်သူငယ်ချင်းတစ်ဦးက သစ္စာဖောက်သွားလေရာ သူမ၏စိတ်ထဲတွင် ဒေါသထက် ခံပြင်းဝမ်းနည်းမှုကကြီးစိုး‌လျက်ရှိသည်။

သို့သော် ထိုအမူအယာက တခဏအတွင်းပျောက်ကွယ်သွားပြီး ပုံမှန်လိုအေးစက်စက်အမူအယာပြန်ဖြစ်သွားကာ အန်းဒူကိုပြောလိုက်သည်။

“ ရှင်တို့ ကျမကိုတိုက်ခိုက်ပြီးရင်လည်း သူ့ကိုလိုက်ရှာပြီးသတ်ဦးမှာမဟုတ်လား ။။မဟုတ်ရင် ဒီသတင်းပျံ့နှံ့သွားရင် ဖေဖေနဲ့ဆရာက ရှင့်ကို မိုးမြေအဆုံးထိလိုက်ရှာပြီးသတ်တော့မှာလေ....”

သူမ၏စကားကြောင့် အနီရောင်ဝတ်စုံဝတ်လူများပင်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသော်လည်း အန်းဒူ၏အမူအယာကပြောင်းလဲခြင်းမရှိဘဲ ရယ်မော၍ပြောလိုက်သည်။

“ အမှန်ပေါ့....ဒါပေမယ့် မင်းကို‌ဖြေရှင်းပြီးရင် သူ့ကိုလိုက်သတ်နိုင်မယ်လို့ ငါယုံကြည်ချက်ရှိပါတယ် ။။

ထိပ်တန်းအဆင့်ပဲရှိသေးတဲ့ချာတိတ်လေးတစ်ယောက်ကိုရှူံးနိမ့်ရအောင် ငါက ချူးကုနန်မှမဟုတ်တာ ....စတော့...”

ပြောပြောဆိုဆိုဖြင့် အန်းဒူကလက်ကိုဝေ့ယမ်းပြလိုက်ရာ အရပ်ရှစ်မျက်နှာတွင်နေရာယူထားသည့်အနီရောင်ဝတ်စုံဝတ်လူများက သူတို့၏လက်ကိုပြိုင်တူဝေ့ယမ်းလိုက်ကြသည်။

ထိုအခါ မည်းနက်နေသည့်လက်နက်ပုန်းများစွာက ပျားပိတုန်းများလိုလျှင်မြန်စွာပျံသန်းသွားပြိးအလယ်ရှိစီးတုယွမ်ချင်းဆီသို့ကြောက်မက်ဖွယ်ကောင်းစွာဝင်ရောက်သွားတော့သည်။

သူတို့၏အနေအထားက များစွာဝေးကွာခြင်းမရှိသလို အလစ်တိုက်ခိုက်မှုမျိုးဖြစ်၍သာမန်အဆင့်လွန်ထိပ်သီးတစ်ယောင်ပင် ခုခံရှောင်တိမ်းနိုငိမည်မဟုတ်သော်လည်း သတိမပြတ်ထားနေသည့်စီးတုယွမ်ချင်းကား တစ်ဖက်လူများလှုပ်ရှားသည်နှင့်လေပေါ်သို့ခုန်တက်၍ရှောင်တိမ်းလိုက်ပြီးဖြစ်သည်။

ထိုအခါ များပြားလှသည့်လက်နက်ပုန်းများက ပစ်မှတ်ကိုလွဲချော်သွားပြီး အခြားတစ်ဖက်ရှိလူများကိုထိမိတော့မည်ကဲ့သို့ဖြစ်သွား၍ အနီရောင်ဝတ်စုံဝတ်လူများမှာ သေလုမျောပါးရှောင်တိမ်းလိုက်ရသည်။

အနီရောင်ဝတ်စုံဝတ်လူများ ကိုယ့်အတတ်ကိုယ်စူး၍ ဖရိုဖရဲဖြစ်နေစဉ် စီးတုယွမ်ချင်း၏ခန္တာကိူယ်က အနီးရှိလူများဆီသို့လျှင်မြန်စွာပြေးဝင်သွားပြိး သူမ၏လက်ထဲရှိဓားက လက်ခနဲတောက်ပသွားလေသည်။

“ ရွှပ်....ရွှပ်....”

တောက်ပသည့်ဓားရောင်နှင့်အတူ အေးစိမ့်မှုက ကပ်ပါလာသည်။

အနီရောင်ဝတ်စုံဝတ်လူနှစ်ယောက်မှာ သိုင်းပညာထိပ်တန်းအဆင့်ရှိသော်လည်း လျှင်မြန်သွက်လက်လှသည့်စီးတုယွမ်ချင်း၏ဓားချက်ကိုရှောင်တိမ်းနိုင်ခြင်းမရှိကြတော့ဘဲ နေရာတွင် ခွေခနဲလဲကျသွားကြသည် ။

မိန်းမလှခုနစ်ယောက်ထဲတွင်အစွမ်းအထက်ဆုံးဟုနာမည်ကျော်သည့် မဟူရာနတ်သမီး၏သိုင်းပညာက သူတို့ထင်ထားသည်ထက်ပင်ပို၍ကြောက်မက်ဖွယ်ကောင်း‌နေသေးသည် ။

ကျန်ရှိနေသည့် အနီရောင်ဝတ်စုံဝတ်လူများမှာ အချိန်မီတုန့်ပြန်နိုင်ခြင်းမရှိကြဘဲ စီးတုယွမ်ချင်းက နောက်ထပ်လူတစ်ယောက်၏အနီးသို့လျှင်မြန်စွာရောက်ရှိသွားတော့သည်။

“ ဝှစ်....”

သေးသွယ်ရှည်လျားသည့်ဓားသွားက လေကိုခွင်း၍ လျှင်မြန်စွာတိုးဝင်လာသလို နတ်သမီးတမျှလှပသည့်မျက်နှာလေးကလည်း အေးစက်ပြီးခံစားချက်ကင်းမဲ့နေသည်။

အနီရောင်ဝတ်စုံဝတ်သိုင်းသမားမှာ သူ၏အဖော်နှစ်ယောက်လဲကျသွားပြီးချက်ခြင်းလိုလိုသူ့ထံသို့ဝင်ရောက်လာသည့်ဓားချက်ကြောင့် အော်ဟစ်နိုင်ခြင်းပင်မပြုဘဲ ကြောက်လန့်တုန်လှုပ်စွာဖြင့်ငေးကြည့်နေမိစဉ် မည်းနက်သည့်သံမဏိတုတ်ရှည်က စီးတုယွမ်ချင်း၏ဓားလမ်းကြောင်းသို့ရောက်ရှိလာသည်။

“ ထန်း....”

ကျယ်လောင်သည့်အသံနှင့်အတူ အနီရောင်ဝတ်စုံဝတ်လူမှာ နားကွဲတော့မည်ကဲ့သို့ခံစားမိလိုက်ပြီး ဒေါသတကြီးအော်သံနှင့်အတူ တစ်စုံတစ်ယောက်၏ကန်ချက်ကြောင့် လွင့်စင်သွားတော့၏ ။

“ ဖုန်း... “

“ ခွေးမသား သေချင်လို့လား...”

အန်းဒူက တိုက်ပွဲအတွင်းကြားဝင်ကာ ကြောင်အမ်းအမ်းဖြစ်နေသည့်သူ့လူကို ‌လွတ်ရာသို့ကန်ထုတ်လိုက်သည်။

မူလအစီအစဉ်အတိုင်းဆိုပါက သူ၏လူများလက်နက်ပုန်းဖြင့်အလစ်တိုက်ပြီးသူက ချက်ခြင်းဝင်တိုက်ရန်ဖြစ်သော်လည်း စီးတုယွမ်ချင်း၏လှူပ်ရှားမှုကသူတွေးထင်ထားသည်ထက်ပင် ပို၍လျှင်မြန်သွက်လက်နေရာ အချိန်မီမဝင်ရောက်နိုင်ဘဲ သူ့လူနှစ်ယောက်သေဆုံးပြီးမှဟန့်တားနိုင်လိုက်သည်။

ထိုအဖြစ်ကြောင့် အန်းဒူ၏မျက်နှာကအေးစက်သွားသလို စီးတုယွမ်ချင်း၏အမူအယာကလည်း ပို၍ခက်ထန်သွားပြီး လက်နက်ချင်းထိတွေ့မှုကြောင့် အနည်းငယ်ကျဉ်တက်သွားသည့်ဓားကိုင်လက်ကိုဂရုမစိုက်ဘဲသူမ၏ရှေ့သို့ရောက်ရှိလာသည့်အန်းဒူကို နောက်ထပ်တိုက်ကွက်များဖြင့်ဆက်တိုက် တိုက်ခိုက်လာတော့သည်။

“ ဝှစ်...”

“ ထန်း....ထန်း....”

လက်နက်ချင်းထိခတ်သံများက အဆက်မပြက်ထွက်ပေါ်နေပြီး လူဝကြီးအန်းဒူနှင့် စီးတုယွမ်ချင်းတို့က ပြင်းထန်စွာတိုက်ခိုက်လျက်ရှိသည်။။

အနီရောင်ဝတ်စုံဝတ်အန်းဒူ၏လက်အောက်ငယ်သားများကား ဘေးဘက်မှဝိုင်းထားလိုက်ကြပြီး ကြောက်မက်ဖွယ်ကောင်းသည့်တိုက်ပွဲကို အံ့ဩထိတ်လန့်စွာကြည့်ရှုနေကြသည်။

မဟူရာနတ်သမီး၏ဂုဏ်သတင်းကို သူတို့ကောငိးစွာကြားဖူးသော်လည်း စီးတုယွမ်ချင်း၏အသက်အရွယ်အရ ထိုသတင်းများကပုံကြီးချဲ့နေသည်ဟုသာထင်ကြသည်။

ယခု မျက်မြင်ကိုယ်တွေ့မြင်ရမှ စီးတုယွမ်ချင်း၏ကြောက်မက်ဖွယ်သိုင်းပညာကို ယုံကြည်သွားကြပြီး သူမ၏သိုင်းပညာက အစွမ်းထက်ထိပ်သီးအဆင့်သာရှိသည့်တိုင် ကြောက်စရာကောင်းသည့်ထိပ်သီးဖြစ်သည့် အန်းဒူကိူယှဉ်တိုက်နိုင်ပေသည်။

ထိုအဆင့်ရှိသည့်တိုက်ပွဲကို သာမန်အဆင့်လွန်ထိပ်သီးများပင်ဝင်ရောက်နိုင်ခြင်းမရှိဘဲ ဘေးဘက်မှသာကြည့်နေကြသည်။

ယခုအခါမှမည်သည့်အတွက် သူတို့၏ခေါင်းဆောင်က စီးတုယွမ်ချင်းနှင့်တိုက်ပွဲကို ဝင်မရှုပ်ရန်မှာခဲ့သည်ကိုသဘောပေါက်သွားကြပြီး သူတို့အားလုံးဝိုင်းဝန်းတိုက်ခိုက်လျှင်ပင် ထိုမိန်းကလေးကိုထိခိုက်စေမည်မဟုတ်ဘဲအနှောင့်အယှက်သာဖြစ်စေမည့်အတွက်ဖြစ်၏ ။

လက်ရှိအခြေအနေက သူတစ်ပြန်ကိုယ်တစ်ပြန်တိုက်ခိုက်နေကာ လက်ရည်စမ်းယှဉ်ပြိုင်ပွဲမဟုတ်ဘဲ အစစ်အမှန်တိုက်ပွဲဖြစ်၍တိုက်ပွဲစတင်ချိန်ထဲကပင် အစွမ်းထက်တိုက်ကွက်များကိုထုတ်သုံးနေကြပြီဖြစ်သည်။

အတွင်းအားနှင့်အတွေ့အကြုံတွင် အန်းဒူက ပိုသာသော်လည်း ကိုယ်ဖော့ပညာနှင့်ဓားသိုင်းတွင် စီးတုယွမ်ချင်းက သိသိသာသာကောင်းမွန်ပြီး သူ့ထက်အဆင့်တစ်ဆင့်မြင့်သည့်အန်းဒူကိုပင်ယှဉ်တိုက်နိုင်စွမ်းရှိပေသည်။

ထို့ကြောင့် တိုက်ပွဲက အချိန်တိုအတွင်း သိုင်းကွက်တစ်ရာကျော်သွားကာ မည်သူမှအသာစီးမယူနိုင်ကြဘဲ ပြင်းပြင်းထန်ထန် တိုက်ခိုက်လျက်ရှိကြသည်။။

&&&&

All Chapters