← Chapters

ခင်ဗျားကို သတ်ရုံတင်ပဲလား

Vol. 7 Ch. 639

ခင်ဗျားကို သတ်ရုံတင်ပဲလား

Vol. 7 Ch. 639

နောက်ထပ်တစ်နာရီ ကုန်ဆုံးသွား၏။ အော်ဟစ်သံများသည် အချိန်ကြာလာသည်နှင့်အမျှ ပို၍ခါးသီးလာတော့သည်။ ၄င်းမှာ အလွန်ကရုဏာသက်ဖွယ်ကောင်းပြီး လူမဆန်သော လုပ်ရပ်တစ်ခုဖြစ်သည်။ အကျဥ်းခန်းအပြင်ဘက်ရှိ ထောင်စောင့်များမှာ မိစ္ဆာအကျဥ်းထောင်တွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ကြပြီး အလွန့်အလွန် များပြားလှသောအရာများကို မြင်ရ ကြုံရခဲ့စေကာမူ ယခုအခါ သူတို့မှာ အလွန်တရာထိတ်လန့်တုန်လှုပ်နေကြလေသည်။

ထိုအချိန်တွင် အော်ဟစ်သံများ၌ ပိုင်ရှောင်ချန်းအား ဆဲရေးတိုင်းထွာနေသော အသံများမပါတော့ပေ။ ချုပ်တည်းထားသမျှ လွတ်လွတ်လပ်လပ်ပွင့်ထွက်လာသော နာနာကျင်ကျင် ညည်းညူအော်ဟစ်သံများဖြစ်ပြီး ဒေါသများပြည့်နှက်နေရာ ကြားလိုက်ရသူတိုင်းမှာ အရိုးထဲထိ စိမ့်တက်သွားတော့သည်။

မြူခိုးများက အကျဥ်းခန်းထဲ ပြည့်နှက်နေသည့်အတွက်ကြောင့် အထဲတွင် ဖြစ်ပျက်နေသည်တို့အား သေသေချာချာမမြင်ရလေရာ အခြေအနေမှာ ပို၍ပင် စိတ်လှုပ်ရှားဖွယ်ကောင်းနေသည်။ သာမန် ထောင်စောင့်များမှာ တုန်လှုပ်နေကြပြီး အမှောင်စစ်ဆေးရေးမှူးလေးဦးပင်လျှင် ပုံမှန် အသက်ရှူရန်ပင် ခဲယဥ်းနေကြကာ သူတို့၏ မျက်နှာများကို အလွန်လေးနက်သော အမူအရာများက လွှမ်းခြုံထားလေသည်။

လီရှူ၏ မျက်လုံးများတွင် မျှော်လင့်ချက်များ၊ စိတ်လှုပ်ရှားမှုများ ဒွန်တွဲလျက် တလက်လက်တောက်ပနေတော့သည်။

အပြင်ဘက်တွင် လူတိုင်းစောင့်နေကြစဥ် ပိုင်ရှောင်ချန်းက အကျဥ်းခန်းထဲတွင် တဆတ်ဆတ်တုန်ယင်နေသော ချိုင်မျိုးနွယ်စုအကြီးအကဲအား မျက်မှောင်ကြုတ်လျက်ကြည့်နေ၏။ ထိုလူ၏ မျက်လုံးများမှာ လုံးဝနီရဲနေပြီး သူ့မျက်နှာနှင့် လည်ပင်းတစ်ဝိုက်တွင် သွေးကြောပြာကြီးများ ထောင်ထနေကာ ပိုင်ရှောင်ချန်းကို စူးစူးဝါးဝါးကြည့်နေလေသည်။ သူက သနားစဖွယ်အော်ဟစ်နေရသည့်တိုင်အောင် သူ၏မျက်လုံးများက ဒေါသမီးများတဝင်းတဝင်းတောက်လျက်ရှိသည်။

" တော်တယ် " ပိုင်ရှောင်ချန်းက ရေရွတ်လိုက်သည်။

" အော်ဟစ်ပြီး အထဲက ဖိအားတွေကို ဖျောက်ပစ်တယ်ပေါ့ ဟုတ်လား၊ ဟမ် "

ပိုင်ရှောင်ချန်းက အေးစက်စက်နှာမှုတ်လိုက်၏။ ဤချိုင်မျိုးနွယ်စုအကြီးအကဲသည် ထိုနည်းလမ်းကိုစဥ်းစားမိသည့် တစ်ဦးတည်းသောလူမဟုတ်ပေ။ မိစ္ဆာအကျဥ်းထောင်တွင် တချို့သော မကောင်းဆိုးဝါးများအား သူစစ်မေးခဲ့သည့် အချိန်များတွင် ပိုင်ရှောင်ချန်းသည် ဤကဲ့သို့ ဖြစ်ရပ်များကို ရံဖန်ရံခါကြုံခဲ့ဖူးသည်။

သူက လက်နှစ်ဖက်ကို နောက်ပစ်ရင်း မေးကို မော့ကာ ပြော၏။

" ကျုပ် ခင်ဗျားကို အသာတကြည်ပြောဖို့ အကြံပေးမယ်နော်။ ကျုပ်တို့နှစ်ယောက်လုံးမှာလဲ လိုက်နာရမယ့် အမိန့်တွေရှိတယ်မလား။ ကျုပ်ရဲ့နံပါတ် နှစ် နည်းလမ်းကို ကျုပ် လုံးဝ မသုံးချင်ဘူးဗျာ။ နံပါတ်နှစ် နည်းလမ်းက တစ်မိုးအောက်မှာ ပြိုင်ဘက်ကင်းမဟုတ်တော့မယ့် အဲဒီလောက်နီးနီးရှိတယ် "

" သွားစမ်း "

ချိုင်မျိုးနွယ်စု အကြီးအကဲက ပိုင်ရှောင်ချန်းကို အစိမ်းလိုက်စားချင်နေသကဲ့သို့ ရက်စက်သောအမူအရာဖြင့် ဟိန်းဟောက်လိုက်သည်။ သူက သွေးများရောနေသည် တံတွေးကို ထွေးသည်အထိပင် လုပ်လိုက်လေသည်။

" ခွေးအိုကြီး " ပိုင်ရှောင်ချန်းက စိန်းစိန်းဝါးဝါးကြည့်ကာ ပြောလိုက်သည်။

" ကောင်းပြီ။ ခင်ဗျားကို နံပါတ်နှစ် နည်းကို ပြဖို့ အချိန်ကျပြီ"

သူ၏ညာလက်က မန္တန်လက်ကွက်တစ်ခုကို လျှပ်တစ်ပြက်ဖော်လိုက်ပြီး အကြီးအကဲထံ သူ၏ လက်ညှိုးကို ဝှေ့ယမ်းလိုက်သည်တွင် ထိုလူ၏ ပါးစပ်ပေါ်တွင် အချုပ်အနှောင်အမှတ်အသားတစ်ခု နေရာကျသွားတော့သည်။

အကြီးအကဲမှာ ပါးစပ်ကို ချုပ်နှောင်ခံလိုက်ရသည့်အခိုက်အတန့်တွင် အော်ဟစ်သံတစ်သံပင် မထုတ်နိုင်ပေ။ အရာအားလုံး သူ့ခန္ဓာကိုယ်ထဲတွင် ချောင်ပိတ်မိနေပြီဖြစ်သည်။

ဤနည်းလမ်းက သူ့ကို အော်ဟစ်၍ နာကျင်မှုများအတွက် ထွက်ပေါက် မရှာနိုင်စေတော့ပေ။ ချက်ချင်းပင် အကြီးအကဲ၏ခန္ဓာကိုယ်မှာ တဆတ်ဆတ်တုန်ခါလာတော့သည်။ သူ၏ မျက်လုံးများသည် ပို၍ နီမြန်းလာပြီး သူ့ခန္ဓာကိုယ်ထဲတွင် မီးတဟုန်းဟုန်းတောက်လောင်နေသည့်အလား ခံစားနေရသဖြင့် ရုန်းကန်နေရလေသည်။ သူ့နဖူးမှ ချွေးသီးချွေးပေါက်များလည်း ကျလာတော့သည်။ သူသည် အရှင်လက်လက်မီးမြှိုက်ခံနေရသည့်ပမာ၊ မရေမတွက်နိုင်သည့် ပုရွက်ဆိတ်များက အဆက်မပြတ်ကိုက်ခဲနေသည့်အလား ခံစားနေရလေသည်။ ထိုခံစားချက်ကြီးသည် စကားလုံးနှင့် ဖော်ပြရန်ပင် မဖြစ်နိုင်ပေ။

ထိုမြင်ကွင်းကြောင့် ပိုင်ရှောင်ချန်း၏ မျက်နှာရှုံ့တွသွားပြီး သူ၏ နှလုံးသား တဒိန်းဒိန်းခုန်လာတော့သည်။ သို့သော် ဤလူက သူ့ကို လိုက်ဖမ်းပြီး သတ်ရန် ကြိုးစားခဲ့သည်။ ထိုမျှသာမက ယခု သူက သရဲကြီးဘုရင်အတွက် အလုပ်လုပ်နေသည်ဖြစ်ရာ ဤအခြေနေအတွက် သနားညှာတာပြနေခြင်းသည် သူ့အပေါ်သို့ ဒေါသများ ပုံကျလာမည်ဖြစ်သည်သာမက အသတ်လည်း ခံရနိုင်ပေသည်။

" ဘဝမှာ တစ်ခါတလေတော့ မလုပ်ချင်တာတွေ လုပ်ရတယ် "

သူက တွေးလိုက်သည်။

သက်ပြင်းချရင်း သူက ချိုင်မျိုးနွယ်စုခေါင်းဆောင်ရှေ့ ဆောင့်ကြောင့်ထိုင်လိုက်ကာပြောသည်။

" ပြောသာ ပြောလိုက်ပါ။ ဟုတ်ပြီလား။ ခင်ဗျားသာ ကျုပ်ကို ခက်ခဲအောင် လုပ်မနေရင် ကျုပ်လဲ ခင်ဗျားကို ခက်ခဲအောင် မလုပ်ပါဘူး။ ဒါက ဘာဖြစ်ဖြစ်ပိုကောင်းတာပေါ့ “

" ကျုပ်သိချင်တာလေးက အရင်နှစ်တွေမှာ ပိုင်မျိုးနွယ်စု ဝိညာဥ်ဘယ်လောက်သုံးခဲ့လဲ။ ဘာအမျိုးအစားလဲ။ ကဲ ရိုးရိုးမေးခွန်းလေးပဲလေ"

ပိုင်ရှောင်ချန်း ပြောလိုက်စဥ်တွင် ချိုင်မျိုးနွယ်စုအကြီးအကဲ၏ မျက်လုံးများထဲရှိ ဒေါသများက ပို၍ပင် ပြင်းထန်လာတော့သည်။ သူ၏ အကြည့်သည် အလွန်ရက်စက်ကြမ်းကြုတ်လေရာ ပိုင်ရှောင်ချန်းကိုပါ သူနှင့်အတူခေါ်သွားနိုင်ပါက ပျော်ပျော်ကြီးအသေခံမည့် ပုံပေါက်နေ၏။

မျက်မှောင်ကြုတ်ရင်း ပိုင်ရှောင်ချန်းက မတ်တတ်ရပ်လိုက်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။ အကျဥ်းခန်းအပြင်ဘက်ရှိ လူတိုင်းမှာ ဆက်လက်စောင့်ကြည့်နေကြကာ အော်ဟစ်သံများ ရပ်သွားပြီး ခပ်အုပ်အုပ် ညည်းသံများအစားထိုးဝင်ရောက်လာသဖြင့် အံ့သြတုန်လှုပ်သွားကြလေသည်။

သာမန်ထောင်စောင့်များမှာ စစ်ဆေးရေးမှူးများ မဟုတ်လေရာ တိတ်ဆိတ်နေမှုတွင် ပြင်းထန်သောဂယက်များ ပါဝင်နေခြင်းကို သတိမထားမိကြပေ။ ထို့ကြောင့် သူတို့မှာ အံ့သြသွားကြရုံသာဖြစ်သည်။ သို့သော် အမှောင်စစ်ဆေးရေးမှူး လေးယောက်၏ မျက်လုံးအိမ်များ ကျဥ်းမြောင်းသွားပြီး အချင်းချင်း လေးနက်သောအကြည့်များ ဖလှယ်လိုက်ကြသည်။

" ထောင်သားကို အော်ဟစ်အောင်လုပ်တာ သာမန်စစ်ဆေးရေးမှုးတွေရဲ့ လုပ်နည်းလုပ်ဟန်ပဲ။ ဒါပေမဲ့ သူတို့ကို မအော်ဟစ်နိုင်အောင်လုပ်တာကတော့ နောက်ထပ်တစ်ဆင့်ပဲ "

" လူတော်တော်များများက အကြမ်းဖျင်း နားလည်နိုင်ပေမယ့် အဲဒီလို နည်းလမ်းတွေကို ဘယ်လိုဘယ်အချိန်မှာ သုံးရမယ်ဆိုတာ သေချာနားလည်ဖို့ခက်တယ် "

" ပိုင်ဟောက် ဘယ်လိုလုပ်သလဲဆိုတာ ပြောဖို့ခက်ပေမယ့် စောစောက အော်ဟစ်သံတွေမှာ လွှတ်ထုတ်ဖို့လိုတဲ့ မျိုသိပ်ထားရတဲ့ဖိအားတွေ ပါတယ်။ အခုတော့ သူက မီးတောင်ကို ပိတ်ဆို့လိုက်သလိုပဲ။ နောက်တစ်ကြိမ် ထပေါက်ကွဲရင် တော်တော်တုန်လှုပ်ဖို့ကောင်းမှာ။ ကျုပ်တို့ ဒီကောင်လေးပိုင်ဟောက်ကို လျှော့တွက်ခဲ့မိတာပဲ"

လီရှူ၏ မျက်လုံးများမှာ တဖျပ်ဖျပ်တောက်ပနေတော့သည်။သူသည် ထောင်မှူးကြီးတစ်ယောက်ဖြစ်သည့်အတွက်ကြောင့် စစ်ဆးရေးမှူးများ၏ နည်းလမ်းများနှင့် ပတ်သက်၍ များစွာသိထားရာ မျှော်လင့်ချက်များဖြင့် မတုန်ရီဘဲ မနေတော့ပေ။

ခပ်အုပ်အုပ်ညည်းသံများကို နှစ်နာရီကျော်ကျော် မရပ်မနားဆက်လက်ကြားနေရလေသည်။ ထိုအချိန်တွင် အကျဥ်းခန်းအပြင်ဘက်ရှိအဖွဲ့မှာ ဖြစ်ပျက်နေသည်များအား မသေမချာဖြစ်လျက် တဆတ်ဆတ်ပင် တုန်ယင်နေကြတော့သည်။

အကျဥ်းခန်းထဲတွင် ပိုင်ရှောင်ချန်းမှာ တဆတ်ဆတ်တုန်ယင်လျက် ဆန့်ငင်ဆန့်ငင်ဖြစ်နေပြီးအရေပြားများ နီမြန်းနေသည့် ချိုင်မျိုးနွယ်စုအကြီးအကဲကို တအံ့တသြကြည့်နေလေသည်။ သူ၏ မျက်လုံးများထဲတွင် ဒေါသများရှိနေသည့်တိုင်အောင် သူက ပတ်ဝန်းကျင်ကို ကောင်းကောင်း သတိထားနိုင်သေးသည်။

သက်ပြင်းချရင်း ပိုင်ရှောင်ချန်းက ထိုလူကို လေးစားမှုအပြည့်ဖြင့် ကြည့်ပြီး ပြောလိုက်သည်။

" ခင်ဗျားက ကျုပ်တွေ့ဖူးသမျှထဲမှာ ခံနိုင်ရည်အရှိဆုံးပဲ။ ကောင်းပြီလေ။ နားထောင်။ ကျုပ်မှာ နံပါတ် သုံး နည်းလမ်းရှိပေမယ့် ကျုပ် တကယ့်ကို မသုံးချင်တာပါ။ ခင်ဗျားသိတာတွေ ကျုပ်ကို ဘာလို့ မပြောသေးတာတုန်းဗျာ "

ချိုင်မျိုးနွယ်စုအကြီးအကဲက သူ့ကို ပြန်ကြည့်ပြီး ခေါင်းညိတ်ပြလေသည်။

ပိုင်ရှောင်ချန်းမှာ အံ့သြသွားသော်လည်း အရှေ့မြန်မြန်သွား၍ မန္တန်လက်ကွက်တစ်ကွက်ဖောက်လိုက်ကာ အကြီးအကဲ၏ ပါးစပ်မှ ချုပ်နှောင်တံဆိပ်ကို ဖယ်ရှားပေးလိုက်သည်။ အကြီးအကဲက ချက်ချင်းပင် ပိုင်ရှောင်ချန်းဘက်သို့ သွေးတစ်ပွက်အန်ချလိုက်သည်။ ထို့နောက် သူက အရူးသဖွယ် တဟားဟားရယ်မောရင်း ဟိန်းဟောက်လိုက်သည်။

" မင်းမှာရှိတာ ဒါအကုန်ပဲလား ပိုင်ဟောက်။ နောက်ထပ်နည်းတွေရှိသေးရင် ဘာလို့ မစမ်းကြည့်လဲ။ မင်း မသိနိုင်လောက်တဲ့ အမှန်တရားတစ်ခု ငါ ပြောပြမယ်။ မင်း အမေကို သတ်တာ ဘယ်သူလဲ သိလား။ ချိုင်မျိုးနွယ်စုကလူတစ်ယောက်ပဲကွ။ ဟုတ်တယ်။ မင်းအဖေရဲ့ မယားကြီး။ မင်းအမေကလေ မင်းအတွက် အဝတ်တွေချုပ်ပေးနေရင်း သေသွားတာကွ၊ သိလား။ ငါပြောမယ် မင်းအမေက အသေဆိုးနဲ့ သေလိုက်ရတာ "

ချိုင်မျိုးနွယ်စုအကြီးအကဲက အရူးပမာ တဟားဟားအော်ရယ်လိုက်သည်။

ပိုင်ရှောင်ချန်းမှာမူ တစ်ကိုယ်လုံးတုန်ရီသွားတော့သည်။

" မင်းအမေတစ်ယောက်တည်း သေသွားတာမဟုတ်ဘူး။ သူ့ တစ်မျိုးလုံး သုတ်သင်ခံလိုက်ရတာ။ တစ်ယောက်မှတောင် မကျန်ဘူး။မင်းအမေရဲ့ အပေါင်းအသင်း တခြားအစေခံကောင်မလေးတွေလဲ အသတ်ခံရတယ်။ မင်းအသတ်မခံရတာက မင်းခန္ဓာကိုယ်ထဲမှာ ပိုင်မျိုးနွယ်စု သွေးတွေ စီးဆင်းနေလို့ကွ"

" မင်းအမေက အစေခံမိန်းကလေး။ သုံးစားမရတဲ့ သူ။ သူသာ ကိုယ်ဝန်မဆောင်ခဲ့ရင် ဘာမှ ဖြစ်လာမှာမဟုတ်ဘူး။ ဒါပေမယ့် သူက ကိုယ်ဝန်ဆောင်ခဲ့ရုံတင်မကဘူး ရှေ့ဆက်နေဖို့ လုပ်ရဲသေးတယ်။ သတ်ပြီးအပြစ်ပေးခံရတာ ကောင်းတောင်ကောင်းသေးတယ်။ မင်းအမေသေရတာအတွက် တာဝန်ရှိတဲ့ တကယ့်လူက မင်းပဲ။ မင်းသာ လူ့ဘဝထဲရောက်မလာရင် မင်းအမေအသက်ရှင်နေဦးမှာ "

ချိုင်မျိုးနွယ်စုခေါင်းဆောင်၏ ပါးစပ်မှ သွေးရူးသွေးတမ်းရယ်မောသံများ ဆက်လက်ထွက်ပေါ်လာပြီး သူ၏ မျက်လုံးများတွင် ဒေါသမီးများတောက်လောင်လာ၏။ ယခု သူပြောလိုက်သည့် စကားလုံးများသည် အလွန်တရာ ဝမ်းနည်းကြေကွဲဖွယ်ကောင်းမည်ဖြစ်ကြောင်း သိသော်လည်း မည်သို့ပင်ဆိုစေ သူက ပြောလိုက်သည်။

ပိုင်ရှောင်ချန်းမှာ အသက်ရှူရခက်သွားပြီး သူ၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ တောက်လောင်လာတော့သည်။ အမှန်ပင် အပြင်ဘက်ရှိ လူမှန်သမျှလည်း စောစောက ပြောလိုက်သည်တို့ကို ကြားလိုက်ရသည်။

လီရှူ၏ မျက်နှာပျက်သွားပြီး သူက အော်လိုက်သည်။

" ပိုင်ဟောက်၊ မင်းသူ့ကို သတ်လို့မရဘူး"

သူက အကျဥ်းခန်းထဲ ဝင်ရန်ပြင်လိုက်ဆဲမှာပင် ပိုင်ရှောင်ချန်း၏ အသံကို ကြားလိုက်ရသည်။

" ကျုပ် စိတ်ထိခိုက်သွားပြီး ခင်ဗျားကို သတ်အောင်လုပ်ဖို့ ကြိုးစားနေရတာပေါ့လေ၊ ဟုတ်လား။ ကျုပ်က ခင်ဗျားကို အဲဒီလို အဖြစ်ခံမယ် ထင်နေလား"

အကျဥ်းခန်းထဲတွင် ပိုင်ရှောင်ချန်း၏ မျက်လုံးများသည် အေးစက်မှုများဖြင့် လင်းလက်နေ၏။ သူက ပိုင်ဟောက်အစစ်မဟုတ်သော်လည်း စောစောက ချိုင်မျိုးနွယ်စုအကြီးအကဲ ပြောလိုက်သည့်စကားများက သူ၏ဒေါသများကို ဆူပွက်သွားစေသည်။ စကားပြောပြီးနောက် သူက ပုံမှန်အတိုင်း ရပ်၍ ရယ်မောနေသည့် ချိုင်မျိုးနွယ်စုအကြီးအကဲကို စိုက်ကြည့်လိုက်လေသည်။

သူ့မျက်လုံးထဲရှိ အကြည့်က မျိုးနွယ်စုအကြီးအကဲကို ရိုးတွင်းခြင်ဆီအထိ တုန်လှုပ်သွားစေပြီး ရုတ်တရက် ရယ်မောနေရာမှ ရပ်တန့်သွားသည်။

အကြီးအကဲကို လျစ်လျူရှုရင်း ပိုင်ရှောင်ချန်းသည် အကျဥ်းခန်းထဲမှ ထွက်လာရာ လူအများ အာရုံစိုက်ရာဖြစ်သွားသည်။ လီရှူက တစ်ခုခုပြောရန်ပြင်လိုက်သော်လည်း သူမပြောမီ ပိုင်ရှောင်ချန်းက အင်္ကျီလက်ကို ခါကာ ပြောလေသည်။

" ကျုပ် နှိပ်စက်ဖို့ပစ္စည်းတစ်ခုလိုချင်တယ်။ အခုချက်ချင်းပဲ "

" သိပ် စိတ်လိုက်မာန်ပါ မလုပ်နဲ့ ပိုင်ဟောက် "

လီရှူက တင်းမာစွာ ပြောသည်။

" သူ ဝန်မခံသေးခင် သေသွားလို့မရဘူး"

" ေဩာ် သိပ်မစိုးရိမ်ပါနဲ့ ထောင်မှူးကြီး။ ကျုပ် သူ့ကို လွယ်လွယ်နဲ့ မသေခိုင်းပါဘူး "

ထိုစကားလုံးများကို သာမန်လေသံအတိုင်း ပြောလိုက်သည်က ရှိသမျှလူတိုင်း၏ နားစည်ကို လေပြင်းမုန်တိုင်းများ တိုက်ခတ်လိုက်သည့်အလား သူတို့ကို ကြောက်လန့်တုန်လှုပ်ချောက်ခြားခြင်းများဖြင့် ပြည့်နှက်သွားစေသည်။

လီရှူက ပိုင်ရှောင်ချန်းကို အတန်ကြာ မာမာထန်ထန် ကြည့်ပြီးနောက် ပြော၏။

" ဘယ်လို ပစ္စည်းမျိုး မင်းလိုချင်လဲ "

" ခွေးမည်းကြီးတစ်ကောင်" သူက အသံမာမာဖြင့် ပြန်ဖြေလိုက်သည်။

" အထီး။ ပိုသန်မာလေ ပိုကောင်းလေပဲ "

သူ၏ တောင်းဆိုချက်ကြောင့် လူတိုင်း အံသြသွားကြလေသည်။ သို့သော် လီရှူက မျက်မှောင်ကြုတ်ပြီးနောက် အမိန့်များ ပေးလိုက်သည်။ မကြာမီ နွားပျိုတစ်ကောင်၏ အရွယ်လောက်ရှိသော ဧရာမသားရဲကြီးဖြစ်သည့် ခွေးမည်းကြီးတစ်ကောင်ကို ခေါ်လာကြလေသည်။

၄င်းကိုကြည့်ရသည်မှာ သွားဝါကြီးများ၊ ကြွက်သားအဖုအထစ်များနှင့် အလွန်ရက်စက်ကြမ်းကြုတ်ဟန်တူသည်။ ၄င်း၏ ပါးစပ်မှ သွားရည်တမြားမြားစီးကျနေပြီး ဘေးပတ်ပတ်လည်ကို ရက်စက်ကြမ်းကြုတ်သော မျက်လုံးများဖြင့် ကြည့်နေသည်။

ပိုင်ရှောင်ချန်းက ခွေးကို မြင်သောအခါ ခေါင်းညိတ်လိုက်ပြီး ကြိုးကိုဆွဲကာ အကျဥ်းခန်းထဲသို့ ခေါ်သွား၏။ ချိုင်မျိုးနွယ်စု အကြီးအကဲသည် ခွေးကို မြင်သောအခါ သူ၏မျက်နှာအမူအရာပြောင်းသွားပြီး အော်ဟစ်လိုက်သည်။

" မင်း ဘာလုပ်နေတာတုံး ပိုင်ဟောက် "

" ေဩာ် ဘာမှမဟုတ်ပါဘူး။ ခင်ဗျားက ခင်ဗျားသိတာတွေကို ကျုပ်ကို ပြောပြဖို့ ငြင်းနေတာမလား။ ဒီတော့ ကျုပ်လဲ မမေးတော့ဘူး "

သူက သွေးအေးအေးပြုံးရင်း ကာမအားတိုးဆေးတစ်လုံးကို ထုတ်ကာ ခွေးမည်းကြီးကို ကျွေးလိုက်သည်။ ထို့နောက် တခဏကြာတွေးပြီးသော် သူက တုန်လှုပ်နေသော ချိုင်မျိုးနွယ်စုအကြီးအကဲ၏ ပါးစပ်ကို ဖြဲ၍ ကာမအားတိုးအေး လက်တစ်ဆုပ်ကို သွပ်ထည့်ပေးလိုက်သည်။

စောစောက ထိုသို့ပြုလုပ်ရန် သူ လက်တွန့်နေခဲ့သော်လည်း ချိုင်မျိုးနွယ်စုအကြီးအကဲ၏စကားများကို ကြားရပြီးနောက် ပိုင်ရှောင်ချန်း၏ရင်ထဲတွင် အမုန်းမီးများ တဟုန်းဟုန်းတောက်လောက်လာတော့သည်။

" ဒါက နံပါတ်၃ နည်းလမ်းပဲ။ ဘယ်သူမှ တောင့်မခံနိုင်တဲ့ နည်းလမ်းပေါ့ဗျာ။ ခင်ဗျားသာ တောင့်ခံနိုင်ခဲ့ရင်တော့ ခင်ဗျား ပျော်ပါးဖို့အတွက် အခုထက်ပိုရက်စက်တဲ့ တိရစ္ဆာန်တွေ ရှာပေးမယ် "

All Chapters