← Chapters

ရှေးဟောင်းနတ်ဆိုးကမ္ဘာ၏ ကမ္ဘာသခင်ကြီး

Vol. 43 Ch. 591

ရှေးဟောင်းနတ်ဆိုးကမ္ဘာ၏ ကမ္ဘာသခင်ကြီး

Vol. 43 Ch. 591

နတ်ဆိုးဂူ အပြင်ဘက်တွင် ရှိနေသော မိုယွမ်ရှောက်မှာ ပိတ်နေသည့် တံခါးကိုကြည့်ရင်း စိတ်ထဲမှ သက်ပြင်းကြိတ်ချလိုက်သည်။

မနေ့က လေလံပွဲကြောင့် ထိုအဘိုးအိုများ သူ့အပေါ်တွင် ကျေးဇူးကြွေး တင်နေလေပြီ ။

ထိုအဘိုးအိုများ အားလုံးမှာလည်း သူတို့ရှေးဟောင်းနတ်ဆိုးကမ္ဘာ၏ ရှေးဟောင်းမိသားစုများမှဖြစ်သဖြင့် အင်အားကြီးသလို သူတို့ထိန်းချုပ်ထားသည့် သဘာဝအရင်းမြစ်များလည်း ပေါများရာ အလွန်ချမ်းသာကြပါသည်။

ထို့ကြောင့် လေလံပွဲ၏ ကျေးဇူးကြွေးက မိုယွမ်ရှောက်အတွက် များစွာသော အကျိုးအမြတ်များကို ယူဆောင်လာပေးနိုင်ပါ၏။

မိုယွမ်ရှောက်မှာ ထိုအကြောင်းကို တွေးနေရင်း မနေနိုင်ဘဲ ပြုံးမိသွားသည်။

လောထျန်းဆိုသည့်သူက သူ့အတွက် ကံကောင်းခြင်းလက်ဆောင်တ်ခုပါပင်..

ထိုစဥ်မှာပင်..

ဝုန်း...

မိုယွမ်ရှောက်နောက်မှ လေထုတစ်ခုလုံး တုန်ခါလာသည်။ အစွမ်းထက် ကျင့်ကြံသူတစ်ယောက်က လေထုကို အားသုံးပြီးဖြဲ၍ လာနေသည်မှာ အသိသာပင် ။

" ဟင်.. "

မိုယွမ်ရှောက် လန့်သွားရပါ၏။

ဤနတ်ဆိုးဂူကို အတင့်ရဲပြီး ယခုလိုလုပ်ရပ်မျိုး လာလုပ်ရဲသူ ရှိနေပါသလား...

ထို့နောက်တွင်မူ လေထုဟသွားကာ ဟင်းလင်းပြင် လမ်းကြောင်းတစ်ခု ပေါ်လာသည်။

ထိုဟင်းလင်းပြင်လမ်းကြောင်းမှလည်း လူပေါင်း လေး၊ငါးဆယ်ကျော် ထွက်လာကြ၏။

အနီးနားမှ လူများမှာ ထိုလူစုကို အော်ဆဲရန် ပြင်လိုက်ကြသော်လည်း..

လူစု၏ ရှေ့ဆုံးမှ ဦးဆောင်လာသူကို တွေ့သည်နှင့် ချက်ချင်း ပါးစပ်ပိတ်သွားကြသည်။

ထိုမျှမကသေးဘဲ ရှိသမျှ လူများအားလုံးနီးပါး မြေပြင်တွင် ဒူးထောက်ချလိုက်ကြ၏။

" ကြိုဆိုပါတယ် ကမ္ဘာသခင်ကြီး "

မှန်ပါသည်။ ယခု ရောက်လာသူမှာ ရှေးဟောင်းနတ်ဆိုးကမ္ဘာ၏ ကမ္ဘာသခင်ကြီးပင်..

ဝေါင်း..

ထိုတခဏ၌ မလှမ်းမကမ်းမှ အစွမ်းထက် အရောင်အဝါတစ်ခုလည်း ကောင်းကင်ယံမှ ပျံသန်းရောက်လာကာ တောင်များကိုပင် တုန်ခါသွားစေသည့် မြည်သံကျယ်ကြီး ပေးလာသည်။

အားလုံးမှာ ၎င်းကိုကြည့်ကာ လန့်သွားကြ၏။

" ဒါ... မြေကမ္ဘာနတ်ဆိုးအဆင့် တစ်ဝက်ကို ရောက်ထားတဲ့ သားရဲကြီးလား ။ အဲ့ကောင်ကြီးက ဘယ်လိုလုပ်ပြီး ဒီမှာပေါ်လာတာလဲ "

တစ်ယောက်က တအံ့တသြ ရေရွတ်လိုက်သည်။

" ကြည့်ရတာ.. နတ်ဆိုးဂူဖွင့်တဲ့ အရောင်အဝါကို အာရုံခံမိပြီး ရောက်လာတာထင်တယ် "

အားလုံး ထင်ရာပြောလိုက်ကြသည်။

သို့သော်..

ဝုန်း...

ထိုစဥ်တွင် ကမ္ဘာသခင်ကြီးနောက်၌ နတ်ဆိုးအရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။

ဝေါင်း..

သားရဲကြီးမှာလည်း တစ်စုံတစ်ခု လွဲနေပြီကို အာရုံခံမိသွားသည့်အလား ချက်ချင်းနောက်လှည့်၍ ထွက်ပြေးရန် ကြိုးစားလိုက်သည်။

သို့သော်.. ကမ္ဘာသခင်ကြီးက သားရဲအား လွယ်လွယ်အလွတ်ပေးမည့်ပုံ မပေါ်ပါ ။

ထိုအချိန်မှာပင် နတ်ဆိုးအရိပ်ကြီးက သားရဲအား လက်ဝါးဖြင့် တိုက်ခိုက်လိုက်သည်။

ဘုန်း..

တဖက်မှ သားရဲကြီးမှာ သွေးမှုန်များအဖြစ် ချက်ချင်း ပြောင်းသွားရတော့၏။

" မိစ္ဆာကောင်.. မင်းကများ ငါ့ရှေ့မှာ ဆူဆူညံညံ လုပ်ရဲတယ်ပေါ့လေ "

ကမ္ဘာသခင်ကြီးက လက်ပြန်ရုတ်လိုက်ပြီး သူ့မျက်နှာထားလည်း ပြန်တည်ငြိမ်သွားသည်။

အားလုံးမှာ ထိုမြင်ကွင်းကို အံ့သြတကြီးသာ ကြည့်နေကြပါသည်။

" မြေကမ္ဘာနတ်ဆိုး အဆင့်တစ်ဝက်ကို ရောက်ထားတဲ့သားရဲကြီးက တစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတာလား... "

" ကြည့်ရတာ ကမ္ဘာသခင်ကြီးရဲ့ အစွမ်း ထပ်တိုးသွားပြီနဲ့တူတယ် "

" အမှန်ပဲ... ခုနက မြေကမ္ဘာနတ်ဆိုး ခန္ဓာကိုယ်က မြေကမ္ဘာနတ်ဆိုးအဆင့်ကို ကျော်ပြီး ကောင်းကင်ဘုံနတ်ဆိုးခန္ဓာကိုယ်ရဲ့ အရောင်အဝါ သုံးပုံတစ်ပုံလောက် ရှိနေပြီကွ "

" တကယ်ကြီးလား... ငါတို့ ကမ္ဘာသခင်ကြီးက ကောင်းကင်ဘုံနတ်ဆိုးခန္ဓာကိုယ်ကို နှစ်တစ်သိန်းတောင် မပြည့်ခင်မှာ ကျင့်ကြံနိုင်ခဲ့တာပေါ့ ။ သူက တကယ်ကို ပါရမီရှင်တစ်ယောက်ပဲ "

အားလုံး ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။

ထိုအချိန်တွင် ကမ္ဘာသခင်ကြီးက သားရဲထံမှ အကြည့်လွှဲကာ နတ်ဆိုးဂူ ဝင်ပေါက်ဘက်သို့ လှမ်းကြည့်လိုက်သည်။

" နတ်ဆိုးဂူ ပိတ်သွားပြီလား.. ငါ နည်းနည်းလေး နောက်ကျသွားတာပဲ "

သူ မျက်မှောင်ကြုံ့သွား၏။

အနားမှ တစ်ယောက်က ချက်ချင်းရှေ့တိုးလာပြီး ပြောသည်။

" ကမ္ဘာသခင်ကြီးက နတ်ဆိုးဂူထဲကို ကောင်းကင်ဘုံနတ်ဆိုးခန္ဓာကိုယ် ကျင့်ကြံဖို့အတွက် ဝင်ချင်လို့လားဗျ ။ လောလောဆယ်တော့ နတ်ဆိုးဂူဝင်ပေါက် ပိတ်သွားပြီဆိုပေမယ့် စိတ်မပူပါနဲ့ဗျာ... ။ ကမ္ဘာသခင်ကြီးက အထဲကိုဝင်ချင်တာဖြစ်တဲ့အတွက်.. ကျုပ်တို့ နောက်တစ်ကြိမ် နတ်ဆိုးဂူဖွင့်မယ့်အချိန်ကို စောပြီး ဖွင့်နိုင်အောင် ကြိုးစားပါ့မယ် "

သို့သော် ကမ္ဘာသခင်ကြီးက အေးစက်စက်သာ နှာခေါင်းရှုံ့လိုက်ပါ၏။

" ငါသာ ကောင်းကင်ဘုံနတ်ဆိုးအဆင့်အတွက် ကျင့်ကြံချင်မှတော့ နတ်ဆိုးဂူကို ဝင်ဖို့ဘာလို့လိုမှာလဲ ။ ငါက ဒီကို တခြားကမ္ဘာကရောက်နေကြတဲ့ သူခိုးတွေကို သတ်ဖို့လာခဲ့တာ "

သူ့စကားကြောင့် အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။

" အပြင်ကမ္ဘာက.. တခြားကမ္ဘာကလူတွေ ရှေးဟောင်းနတ်ဆိုးကမ္ဘာထဲကို ရောက်နေကြတာလား "

" အဲ့လူက ဘယ်သူလဲ ။ ဘယ်လိုကောင်မျိုးက ရှေးဟောင်းနတ်ဆိုးကမ္ဘာထဲကို ခိုးဝင်ရဲတာလဲ ။ ဟို ထျန်းမင်ကမ္ဘာက လူတွေလား "

" ကမ္ဘာသခင်ကြီး ပြောတဲ့အတိုင်းဆို အဲ့လူက နတ်ဆိုးဂူထဲ ဝင်သွားတဲ့ပုံပဲ "

" ဘယ်လို... သူက နတ်ဆိုးဂူထဲကို တကယ်ကြီး ဝင်သွားခဲ့တာလား ။ ငါတို့ ရှေးဟောင်းနတ်ဆိုးကမ္ဘာရဲ့ နတ်ဆိုးဂူထဲကို ဘယ်အပြင်ကမ္ဘာကလူမှ မဝင်ဖူးဘူးလေ ။ ဒီကောင်က အတင့်ရဲလိုက်တာ "

" အဲ့ကောင်ကို သတ်ရမယ်... မသေသေအောင်ကို သတ်ရမှာ "

အားလုံး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။

ထိုစဥ်တွင် မိုယွမ်ရှောက်က သတိထား စကားစလိုက်၏။

" ကမ္ဘာသခင်ကြီး ပြောတာ... သေချာရဲ့လားဗျ "

ကမ္ဘာသခင်ကြီး၏ မျက်နှာ ချက်ချင်းသုန်မှုန်သွားကာ မျက်မှောင်ကြုံ့၍ ပြန်ပြောလိုက်သည်။

" မင်းက ငါ့ကို မေးခွန်းပြန်ထုတ်နေတာလား "

သူ့စကား ဆုံးသည့်အချိန်မှာပင် မြေကမ္ဘာနတ်ဆိုးအရိပ်လည်း ပြန်ပေါ်လာသည်။

ဝုန်း...

ကြောက်မက်ဖွယ် ဖိအားတစ်ခုကလည်း ဖိနှိပ်လာသဖြင့် မိုယွမ်ရှောက်မှာ မြေပြင်ပေါ် ဒူးထောက်ကျသွားပြီး သူတစ်ကိုယ်လုံးမှ အရိုးများလည်း များစွာပင် ကျိုးသွားတော့၏။

" မလုပ်ပါနဲ့ ကမ္ဘာသခင်ကြီးရယ် ၊ ကျေးဇူးပြုပြီး ကျုပ်အသက်ကို ချမ်းသာပေးပါဗျာ ။ ကျုပ်

မေးခွန်းထုတ်တာ မဟုတ်.... "

မိုယွမ်ရှောက်မှာ တုန်တုန်ယင်ယင်ဖြင့် အမြန်ပြန်ပြောလိုက်ရသည်။

ကမ္ဘာသခင်ကြီးက သူ့အား ခဏတာမျှ အေးစက်စက် ကြည့်နေပြီးနောက်မှသာ အကြည့်လွှဲသွား၏။

ဝှစ်..

မိုယွမ်ရှောက်ကို ဖိနှိပ်နေခဲ့သော ဖိအားများလည်း ရုတ်ချည်း ပြန်ပျောက်ကွယ်သွားကြသည်။

သို့သော် ထိုတခဏအတွင်းမှာပင် သူ အတွင်းဒဏ်ရာများစွာ ရသွားခဲ့ပါသည်။

သူ့ကိုယ်ထဲမှ အရိုးများ ကျိုးသွားရုံမက သူ့ကိုယ်တွင်းကလီစာများလည်း ထိခိုက်သွားခဲ့ကာ အချိန်တိုအတွင်း ပြန်မကောင်းသည်မှာ အသေချာပင် ။

သို့သော် သူ အသက်ရှင်လျက် ရှိနေသေးသည့်အတွက် ကံကောင်းသည်ဟု ဆိုရပါမည်။

ထိုအချိန်တွင် ကမ္ဘာသခင်ကြီးဘေးမှ အဘိုးအိုတစ်ယောက်က အေးစက်စက်ပြောလာ၏။

" ကမ္ဘာသခင်ကြီးက ပြီးခဲ့တဲ့ ရက်အနည်းငယ်လောက်က အပြင်ကမ္ဘာက လူတစ်ယောက် ဒီရှေးဟောင်းနတ်ဆိုးကမ္ဘာထဲ ရောက်လာတာကို အာရုံခံမိခဲ့တယ်။ ကမ္ဘာသခင်ကြီးက အဲ့လူကို ချက်ချင်း သတ်ချင်ခဲ့ပေမယ့် အဲ့အချိန်မှာ သခင်ကြီးက အစောင့်အကြပ် မသေမျိုးလက်နက်ကို သန့်စင်နေတာမို့ အဲ့ကောင် အသက်ချမ်းသာရာ ရခဲ့တာ "

" ဒါပေမယ့် အခု သခင်ကြီးက အစောင့်အကြပ် မသေမျိုးလက်နက်ကို အောင်အောင်မြင်မြင် သန့်စင်နိုင်ခဲ့ပြီမို့ အဲ့သူခိုးကောင်ကို သတ်ဖို့ လာခဲ့တာပဲ "

ထိုစကားကို ကြားပြီးနောက် အားလုံးက ကမ္ဘာသခင်ကြီးအား မော့ကြည့်လိုက်ကြပြန်သည်။

" ကမ္ဘာသခင်ကြီးက အစောင့်အကြပ် မသေမျိုးလက်နက်ကို တကယ်ကြီး သန့်စင်လို့ပြီးသွားပြီလား "

အဘိုးအိုတစ်ယောက်က တုန်တုန်ယင်ယင် မေးလာ၏။

ကျန်သူများမှာလည်း ကမ္ဘာသခင်ကြီးဆီမှ အဖြေကို အသက်အောင့်စောင့်နေကြသည်။

အစောင့်အကြပ် မသေမျိုးလက်နက်အား သန့်စင်ပြီးသွားပြီဆိုသည့် အဓိပ္ပါယ်ကို သူတို့ ကောင်းကောင်းကြီးသိသည် မဟုတ်ပါလား ။

ကမ္ဘာသခင်ကြီးက အားလုံး၏ မျှော်လင့်တကြီး အကြည့်များကို တစ်ချက်ဝေ့ကြည့်ရင်း နှုတ်ခမ်းတွန့်ရုံပြုံး၍ ပြန်ပြောလိုက်သည်။

" ဟုတ်တယ်.. လုံးဝ သန့်စင်လို့ပြီးသွားပြီ။ ဒါတင်မကသေးဘူး .. အဲ့ဒီ အစောင့်အကြပ် နတ်ဆိုးလက်နက်ကနေ ကောင်းကင်ဘုံနတ်ဆိုး အစွမ်းအစစ်ကိုလဲ အာရုံခံမိခဲ့သေးတယ်။ နောက်ထပ် နှစ်တစ်သောင်းလောက်နေရင် ငါ ကောင်းကင်ဘုံနတ်ဆိုးအဆင့်ရောက်အောင် ကျင့်ကြံနိုင်မှာ လုံးဝ အသေချာပဲ "

သူပြောလိုက်သည့် နောက်ဆုံးစကားမှာ အားပါလှပြီး ကောင်းကင်နှင့် မြေကြီးကိုပင် တုန်သွားစေသည့် မိုးထစ်ချုန်းသံကြီးလိုပါပင် .. ။

နတ်ဆိုးဂူအပြင်ဘက်တွင် ရှိနေသော လူများအားလုံးလည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတော့သည်။

ကမ္ဘာသခင်ကြီးမှာလည်း သူ့ရှေ့မှ လူများ ဖြစ်သွားပုံကိုကြည့်ရင်း အလွန်ကျေနပ်နေပါ၏။

သူ ပြုံး၍ ပြောလိုက်သည်။

" အားလုံး... ဒီနေ့တော့ ငါ အပြင်ကမ္ဘာက သူခိုးကောင်ကို ရှင်းမယ်။ ပြီးတော့ နောက်သုံးရက်နေရင် ငါတို့ကမ္ဘာနဲ့ ထျန်းယွမ်ကမ္ဘာကြားထဲက တံခါးပေါက်လဲ ပွင့်လိမ့်မယ် "

" ဒီတစ်ခေါက် ငါတို့ရှေးဟောင်းကမ္ဘာက သူတို့တွက်ထားတဲ့ရက်ထက် ပိုပြီးစောစောရောက်သွားမှာ ။ ပြီးတော့ သူတို့ထျန်းယွမ်ကမ္ဘာက လက်ရှိမှာ ဘယ်သူကျူးကျော်တာကိုမှ မခံရသေးဘဲ သယံဇာတတွေ ပြည့်နေတဲ့ ကမ္ဘာတစ်ခုပဲ ။ အဲ့တော့ အချိန်ကျရင်.. အားလုံး ငါနဲ့လိုက်ပြီး ထျန်းယွမ်ကမ္ဘာထဲကို လိုက်ခဲ့ကြပါ ။ ပြီးရင် အားလုံးစိတ်ကြိုက် သတ်ချင်သလိုသတ်ပြီး ယူချင်ရာယူလို့ရတယ် ။ ဒီဟာက ငါတို့ရှေးဟောင်းနတ်ဆိုးကမ္ဘာအနေနဲ့ အပေါ်ကမ္ဘာ

အောက်က ကမ္ဘာတွေထဲမှာ နံပါတ်တစ်နေရာကို ပြန်ယူဖို့ ပထမဆုံးခြေလှမ်းပဲ "

စကားဆုံးသည်နှင့် အနားမှ လူများအားလုံး စိတ်လှုပ်ရှားသွားကြပြန်သည်။

သို့သော် ထိုအချိန်တွင် ကမ္ဘာသခင်ကြီးဘေးရှိ အဘိုးအိုတစ်ယောက်က စိုးရိမ်မကင်းဟန်ဖြင့် ပြောလာ၏။

" ကမ္ဘာသခင်ကြီး ၊ သခင်ကြီးပြောတာ မှန်ပေမယ့်... အခု နတ်ဆိုးဂူက အပြင်လူတွေရဲ့ ကျူးကျော်တာကို ခံနေရတာဆိုတော့... ဒီကိစ္စက.... "

ကမ္ဘာသခင်ကြီးက အဘိုးအိုဘက် လှည့်ကြည့်ကာ လှောင်ပြုံးပြုံး၏။

" ဘာလဲ... မင်းက အဲ့လူ ကောင်းကင်ဘုံနတ်ဆိုးကျောက်ပြားကို ယူသွားမှာ စိုးလို့လား "

အားလုံးကလည်း တဟားဟား အော်ရယ်လိုက်ကြသည်။

" ကမ္ဘာသခင်ကြီးက တကယ်လဲ ရယ်စရာပြောတတ်

တာပဲ ။ ဘယ်သူက ကောင်းကင်ဘုံနတ်ဆိုးကျောက်ပြားကို ယူသွားနိုင်မှာလဲ... "

ကမ္ဘာသခင်ကြီးက ထိုလူများကို တစ်ချက်ဝေ့ကြည့်ရင်း အေးစက်စက်ပြော၏။

" ကောင်းကင်ဘုံနတ်ဆိုးကျောက်ပြားကို ယူဖို့ ငါ တစ်ကြိမ်ကြိုးခဲ့ဖူးတယ်ကွ "

" ဘယ်လို... "

အားလုံး အံ့အားသင့်သွားကြပြန်သည်။

" တကယ်ကြီးလား... ရလဒ်က ဘယ်လိုဖြစ်သွားလဲ​ဗျ "

တစ်ယောက်က မေးလိုက်၏။

အားလုံးကလည်း ကမ္ဘာသခင်ကြီးအား စိတ်ဝင်တစား ကြည့်လိုက်ကြသည်။

ကမ္ဘာသခင်ကြီးက သက်ပြင်းချ၍ ပြန်ပြောသည်။

" နောက်ဆုံးတော့ ငါ့ရဲ့ လက်တစ်ဖက်က ကျောက်ပြားကြောင့် လုံးဝ အစိတ်စိတ်အမွှာမွှာ ဖြစ်

သွားခဲ့ရတယ် ။ အဲ့ဒါကို ပြန်ကောင်းလာဖို့တောင် ငါ နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရတာ "

သူ ပြောပြောဆိုဆိုပင် သူ့ညာလက်အား ကြည့်လိုက်ပြီး ကြောက်ရွံ့မှု မပြယ်သေးဟန်ဖြင့် ဆက်ပြော၏။

" အဲ့ဒါတောင် ငါက မြန်မြန်ရှောင်လိုက်လို့သာ ... ၊ မဟုတ်ရင် ရလာမယ့် အကျိုးဆက်က မတွေးရဲစရာပဲ ။ ကောင်းကင်ဘုံနတ်ဆိုးကျောက်ပြားဆိုတာ လူသားအစွမ်းနဲ့ ယူလို့ရတဲ့ဟာ မဟုတ်ဘူး "

အားလုံးကလည်း ထိုစကားကို သဘောတူစွာ ခေါင်းညိတ်လိုက်ကြသည်။

ထိုစဥ် နတ်ဆိုးဂူ အတွင်းထဲ၌...

ဝုန်း...

လောထျန်းက ၁၂ ခုမြောက် ကောင်းကင်ဘုံနတ်ဆိုးကျောက်ပြားအား သူ့ အတွင်းကမ္ဘာငယ်ထဲသို့ ပစ်ထည့်လိုက်ပါ၏။

" ဒီကောင်းကင်ဘုံ နတ်ဆိုးကျောက်ပြားက တကယ်

ထူးခြားတာပဲ။ ဆယ့်နှစ်ခုလောက် ကိုင်ပစ်လိုက်ရတာနဲ့တင်ကို ငါ့လက်တွေ ထုံနေပြီ "

လောထျန်းပြောကာ လက်ကိုခါလိုက်သည်။

All Chapters