← Chapters

ကျင့်ကြံခြင်း

Vol. 43 Ch. 592

ကျင့်ကြံခြင်း

Vol. 43 Ch. 592

" ဒီကောင်းကင်ဘုံနတ်ဆိုး ကျင့်စဥ်က အဲ့လောက်ရှာရခက်တာလား ။ အဲ့ကျင့်စဥ် လုံးဝမရှိဘူး ဆိုတဲ့သဘောလား "

လောထျန်း မျက်မှောင်ပိုပိုကြုံ့လာ၏။

ထို့နောက် သူ လက်ယမ်းလိုက်ရာ..

ဝုန်း...

နတ်ဆိုးဂူ အတွင်းပိုင်းထဲမှ အလင်းတန်းတစ်ခု ထွက်လာပြန်သည်။

ဝုန်း..

လောထျန်းက လက်ဆန့်ထုတ်၍ ကျောက်ပြားအား လှမ်းဖမ်းကာ အလောတကြီး ဖတ်လိုက်သည်။

" ချီး... နဂါးကိုးသွယ် နတ်ဆိုးအချုပ်အနှောင်တဲ့.. ကျင့်စဥ်လဲမဟုတ်ပြန်ဘူး "

သူ ပြောပြောဆိုဆိုပင် ကျောက်ပြားအား သူ့အတွင်းကမ္ဘာငယ်ထဲ ပစ်ထည့်လိုက်ပြန်၏။

ထိုအချိန်တွင် လောထျန်းမှာ နံပါတ်တစ်နယ်မြေ အစွန်းပိုင်းနားလေးတွင် ရပ်နေသဖြင့် သူ ပြောသမျှ အရာအားလုံးကို နံပါတ်တစ်နယ်မြေထဲမှ လူများအားလုံး ရှင်းရှင်းလင်းလင်းပင် ကြားနေရပါသည်။

ထိုစဥ် အားလုံးမှာ အံ့သြမှင်သက်နေကြပါ၏။

" ငါ.. နားကြားများ လွဲသွားသလားကွာ... နဂါးကိုးသွယ် နတ်ဆိုးအချုပ်အနှောင်လို့ ပြောလိုက်တာလား "

တစ်ယောက်က အသံတုန်တုန်ဖြင့် ပြောလာသည်။

" မင်းကြားတာ မှန်တကယ်ကွ ၊ တကယ်ကို နဂါးကိုးသွယ်နတ်ဆိုးအချုပ်အနှောင် ပဲ ။ ကမ္ဘာသခင်ကြီးရဲ့ အစွမ်းအထက်ဆုံး သိုင်းပညာတစ်ခုပေါ့ကွာ... ။ ဒီ ရှေးဟောင်းနတ်ဆိုးကမ္ဘာရဲ့ နံပါတ်တစ် သိုင်းပညာရပ်တစ်ခုဆိုလဲ ဟုတ်တယ် "

အခြားတစ်ယောက်က ပြန်ပြောသည်။

သခင်မကြီးချင်းက မျက်နှာကြီးရှုံ့မဲ့၍ ဝင်ပြော၏။

" မင်းပြောတာ မမှန်ဘူး "

" ဘယ်လို... "

လူများစွာပင် သူမဘက် လှည့်ကြည့်လိုက်ကြသည်။

သခင်မကြီးချင်းက အသက်ပြင်းပြင်းရှိုက်၍ ဆက်ပြော၏။

" ကမ္ဘာသခင်ကြီးက အဲ့ကျောက်ပြားနဲ့ တွေ့ခဲ့တဲ့အချိန်မှာ သုံးခန်းစာလောက်ပဲ လေ့လာနိုင်ပြီးတော့ လဲကျသွားခဲ့တာ ။ အဲ့တော့ တိတိကျကျပြောရရင် ကမ္ဘာသခင်ကြီးမှာက နဂါးနတ်ဆိုး အချုပ်အနှောင် သုံးခုပဲ ရှိတာ "

သူမစကားကို နားထောင်ပြီး အားလုံး ခေါင်းအသာညိတ်လိုက်ကြသည်။

ထိုစဥ် တဖက်မှလောထျန်းက သူ့စိတ်ဝိဥာဥ်အစွမ်းကိုသုံး၍ နောက်ထပ် ကောင်းကင်ဘုံနတ်ဆိုးကျောက်ပြားအား ထပ်ဆွဲထုတ်လိုက်ပြန်သည်။

အားလုံးမှာလည်း ရှေ့မှမြင်ကွင်းကို မထုံတက်တေး မျက်နှာဖြင့်သာ ကြည့်နေကြတော့၏။

လောထျန်းက မည်မျှအစွမ်းထက်သည်ကို သူတို့ ကောင်းကောင်းကြီး မြင်တွေ့ခဲ့ရပြီးပြီ မဟုတ်ပါလား...

ဤတစ်ကြိမ်တွင်လည်း ကျောက်ပြားကို ကြည့်ပြီးသည်နှင့် လောထျန်း၏ မျက်နှာကြီး သုန်မှုန်သွားပြန်သည်။

" အခုထိကို မတွေ့သေးပါလား "

သူ ထုံးစံအတိုင်း ကျောက်ပြားကို အတွင်းကမ္ဘာငယ်ထဲ ပစ်ထည့်လိုက်ပြန်၏။

ထို့နောက် ခဏတာမျှ တွေးနေပြီးမှ လောထျန်း မျက်မှောင်ကြုံ့၍ ပြောလိုက်သည်။

" အင်း.. လက်ရှိ ငါ့ရဲ့ စိတ်ဝိဥာဥ်အစွမ်းက နှေးလွန်းနေတယ် ။ ဒီတော့... အရင်ကျင့်ကြံလိုက်တာ ကောင်းမယ် "

ထို့နောက် ချက်ချင်းပင် သူ မြေပြင်၌ တင်ပျင်ခွေထိုင်ချကာ ကောင်းကင်ဘုံ ပုံရိပ်ဖော်ကျင့်စဥ်ကို စတင်ကျင့်ကြံလိုက်၏။

" ဟင်... သူက.. အဲ့မှာ ကျင့်ကြံဦးမှာလား... "

လူများမှာ ထိုမြင်ကွင်းကိုကြည့်ရင်း အံ့အားသင့်သွားရပြန်သည်။

" ဒါပေမယ့်... ဒီနတ်ဆိုးဂူထဲမှာ ကျင့်ကြံရင် သူ့အတွက် အလကားအချိန်ဖြုန်းသလိုပဲ ဖြစ်မသွားနိုင်ဘူးလား "

တစ်ယောက်က ပြောလိုက်သည်။

" ဟုတ်တယ်.. ရတဲ့အချိန်အတွင်းမှာ သူ ကျန်တဲ့ ကောင်းကင်ဘုံနတ်ဆိုးကျောက်ပြားတွေကိုပဲ ရှာသင့်တာ "

" ငါလဲ အဲ့လိုပဲတွေးတယ် ။ အခု သူ့ကိုကြည့်ရတာတော့ ကျင့်ကြံပြီး သူ့စိတ်ဝိဥာဥ်အစွမ်းကို တိုးအောင်လုပ်ချင်နေတဲ့ပုံပဲ ။ ဒါပေမယ့်.. ကျင့်ကြံတာက အချိန်အကြာကြီး ယူရတဲ့အလုပ်ဆိုတာ အားလုံးလဲ သိတာပဲလေ ။ သူက အခု နတ်ဆိုးဂူထဲမှာလာပြီး ကျ

င့်ကြံနေတာဆိုတော့.... "

ထိုသူများ စကားပြောနေကြစဥ်မှာပင် လောထျန်းက မျက်လုံးများ ပြန်ဖွင့်လာလေပြီ ။

" ဟင်... သူက ကျင့်ကြံလို့ ပြီးသွားတာလား "

" နောက်နေတာလားကွ... အဲ့လောက် အချိန်တိုလေးအတွင်း ဘယ်သူက ကျင့်ကြံနိုင်လို့လဲ "

အားလုံးမှာ လောထျန်း၏ အပြုအမူကြောင့် နားမလည်နိုင် ဖြစ်ကုန်ကြပါသည်။

သူ စကျင့်ကြံသည့် အချိန်အစမှ အဆုံးထိ မည်မျှ အားစိုက်ထုတ်လိုက်ပါသနည်း...

ထိုသို့ စက္ကန့်ပိုင်းမျှ ကျင့်ကြံရုံဖြင့် ဘာရပါမည်နည်း ...

သို့သော် ထိုစဥ်မှာပင် လောထျန်းက အသက်ပြင်းပြင်းရှိုက်ကာ လှုပ်ရှားလိုက်ပြန်ပါ၏။

" ကောင်းကင်ဘုံ နတ်ဆိုးကျောက်ပြား ၊ ဒီကို လာခဲ့

"

လောထျန်း အော်လိုက်သည်။

ဝုန်း..

ချက်ချင်းမှာပင် ကြောက်မက်ဖွယ် ပမာဏရှိသည့် စိတ်ဝိဥာဥ်အစွမ်းများ တိုးထွက်လာ၏။

" ဒါ.... "

နံပါတ်တစ်နယ်မြေထဲတွင် ရှိနေသူများအားလုံးမှာ လောထျန်း၏ စိတ်ဝိဥာဥ်အစွမ်းကို သေချာပင် ခံစားလိုက်ကြရပါသည်။

သူ့ စိတ်ဝိဥာဥ်အစွမ်းမှာ ယခင်တည်းက ကြောက်စရာကောင်းပြီးသား ဖြစ်သည့်တိုင်...

လက်ရှိတွင် ယခင်ထက် အဆပေါင်းများစွာ ပိုတိုးလာခဲ့ပါ၏။

ထိုစိတ်ဝိဥာဥ်အစွမ်းမှာ ကြောက်စရာကောင်းလွန်း၍ သူတို့ နားလည်နိုင်စွမ်းထက်ပင် ပိုနေလေပြီ ။

ထိုစဥ်မှာပင်...

ဝုန်း...

နတ်ဆိုးဂူ အတွင်းပိုင်းထဲမှ အဆက်မပြတ် မြည်သံကျယ်များ ထွက်လာ၏။

ထို့နောက်တွင်..

ဝှစ်... ဝှစ်... ဝှစ်...

တားမြစ်နယ်မြေ အတွင်းပိုင်းထဲမှ အလင်းတန်း နှစ်ဆယ်ကျော် လောထျန်းဆီသို့ ဦးတည်ရောက်လာကြတော့သည်။

ဝုန်း...

လောထျန်းက လက်ယမ်းလိုက်ရာ ထိုအလင်းတန်းများအားလုံးက သူ့ရှေ့သို့ကျလာ၏။ အားလုံးမှာ ကောင်းကင်ဘုံ နတ်ဆိုးကျောက်ပြားများပင်...

" အားလုံးပေါင်း... ၂၃ ခုတောင်လား... ၊ အရင်ရထားတဲ့ ၁၃ ခုနဲ့ ပေါင်းလိုက်ရင် ကောင်းကင်ဘုံနတ်ဆိုးကျောက်ပြား ၃၆ ခုတောင် ရှိတာပေါ့ ။ အဲ့ဒါအကုန်ပဲလား မသိဘူး "

" အဲ့ဒီ ကောင်းကင်ဘုံနတ်ဆိုးကျောက်ပြား သုံးဆယ့်ခြောက်ခုလုံးကို အကုန်မြင်ဖူးတဲ့သူ သမိုင်းတလျှောက်မှာတောင် မရှိဘူးမလား ။ သူက အဲ့ဒါတွေအားလုံးကို တကယ်ကြီး စုလိုက်နိုင်တာပေါ့ "

" ငါ အိမ်မက် မက်နေတာများလားကွာ... ဟုတ်တယ်.. အိမ်မက်ပဲ ဖြစ်ရမယ် "

အနီးနားရှိ လူများမှာ ရူးသွားတော့မလိုပင်..

ထိုစဥ်တွင် လောထျန်းက ကောင်းကင်ဘုံ နတ်ဆိုးကျောက်ပြားများအား တစ်ခုစီ စစ်ဆေးကြည့်လိုက်သည်။

" ဒီတစ်ခုက. . နောက်ထပ်သိုင်းကျင့်စဥ်တစ်မျိုးပါလား... ။ ဘာတွေလဲကွာ.. မလိုချင်ပါဘူး "

" ဒီတစ်ခုက... ခန္ဓာကိုယ်သန့်စင်နည်း... မဟုတ်သေးဘူး "

လောထျန်းက ကျောက်ပြားတစ်ခုကို ကြည့်ပြီးတိုင်းလည်း သူ့အတွင်းကမ္ဘာငယ်ထဲ ပစ်ထည့်လိုက်ပါ၏။

ဤသို့ဖြင့် မျက်စိတစ်မှိတ်ခန့် အချိန်အတွင်းမှာပင် သူ ကောင်းကင်ဘုံ နတ်ဆိုးကျောက်ပြားများအားလုံးကို ကြည့်ပြီးသွားတော့သည်။ သို့သော် သူလိုချင်သည့် ဒဏ္ဍာရီကျော် ကောင်းကင်ဘုံနတ်ဆိုးလမ်းစဥ် ကျင့်ကြံနည်းကိုမူ ရှာမတွေ့ပါချေ ။

လောထျန်း၏ မျက်နှာကြီး ပိုသုန်မှုန်သွားတော့သည်။

သူ နောက်လှည့်ပြီး နံပါတ်တစ်နယ်မြေထဲသို့ ပြန်ဝင်လာလိုက်၏။

ဝှစ်...

နံပါတ်တစ်နယ်မြေထဲ ရှိနေသူများအားလုံးပင် လောထျန်းနှင့် ခပ်ခွာခွာဖြစ်အောင် နောက်ဆုတ်လိုက်ကြ

သည်။

လောထျန်းကမူ ထိုလူများကို ဂရုမစိုက်ဘဲ ဟူဒဟူဆီသို့သာ တန်းလျှောက်သွားလိုက်သည်။

" ဟူဒဟူ... မင်းပြောတော့ အဲ့ကောင်းကင်ဘုံ နတ်ဆိုးကျောက်ပြား ၃၆ ခုထဲမှာ ကောင်းကင်ဘုံနတ်ဆိုးလမ်းစဥ် ကျင့်ကြံနည်း ပါတယ်ဆို "

သူ သုန်မှုန်နေသည့် မျက်နှာကြီးဖြင့်ပင် မေးလိုက်သည်။

ဟူဒဟူ ခေါင်းညိတ်ပြ၏။

" တွက်ထားတဲ့အတိုင်းဆိုရင်တော့ ပါရမှာဗျ ။ အခု အဲ့သုံးဆယ့်ခြောက်ခုထဲမှာ မပါဘူးလား "

လောထျန်း ခေါင်းညိတ်လိုက်သည်။

" မပါဘူး... ဒီတိုင်း ကြုံရာသိုင်းပညာတွေနဲ့ ကျင့်စဥ်တွေပဲ "

သူက ဘာမှမထူးခြားဟန်ဖြင့်သာ ပြောလိုက်သော်လည်း ခပ်လှမ်းလှမ်းတွင် ရှိနေကြသူများမှာ သွေးအန်လုမတတ်ပင် ဖြစ်သွားကြပါ၏။

ဒီတိုင်း ကြုံရာတွေတဲ့လား...

ထို ကောင်းကင်ဘုံ နတ်ဆိုးကျောက်စိမ်းပြားထဲတွင် ပါဝင်သည့် အရာများထဲ၌ ရှေးဟောင်းနတ်ဆိုးကမ္ဘာအား မလှုပ်ခတ်စေသည့်အရာ တစ်ခုမှ မပါဝင်ပါချေ ။

သို့သော် လောထျန်းအတွက်မူ... ဒီတိုင်းကြုံရာတဲ့လား..

မည်သို့ပင်ဆိုစေ သူတို့ ဘာမှလည်း ပြန်မပြောရဲကြပါ ။

ထိုအချိန်တွင် ဟူဒဟူက ခေါင်းကုတ်ပြီး ပြန်ပြော၏။

" အဲ့လိုတော့ မဖြစ်သင့်ဘူးဗျ ။ ရှေးခေတ်နတ်ဆိုးကြီးတွေ တွက်ချက်တာများ မှားသွားလို့လား "

လောထျန်း ခေါင်းယမ်းလိုက်သည်။

" ငါ သေချာကြည့်ပြီးသွားပြီကွ ။ ဒီ တားမြစ်နယ်မြေထဲမှာ ကောင်းကင်ဘုံ နတ်ဆိုးကျောက်ပြား ထပ်မရှိတော့ဘူး ။ ကဲ... ရှာလို့မတွေ့မှတော့ ဒီမှာဆက်နေလို့

လဲ ဘာမှ အကျိုးမရှိပါဘူးကွာ ၊ ပြန်ထွက်ရအောင် "

ထိုစကားကို ကြားသောအခါ ဟူဒဟူက ကူကယ်ရာမဲ့စွာ ဆိုသည်။

" အကိုလောထျန်း ၊ ဒီ နတ်ဆိုးဂူရဲ့ ထွက်ပေါက်က ပိတ်သွားပြီဗျ ။ နောက် ဆယ့်နှစ်နာရီအတွင်း ဒီကပြန်ထွက်လို့မရဘူး "

လောထျန်း လန့်သွားရတော့သည်။

" အဲ့လောက်အကြာကြီး နေရမှာလား "

ဟူဒဟူ ခေါင်းပြန်ညိတ်ပြ၏။

" တခြားလဲ ဘာမှမတတ်နိုင်တာပဲဗျာ "

လောထျန်း၏ မျက်နှာကြီး ပုတ်သိုးသွားပြန်သည်။ သို့သော် ဘေးဘီသို့ တစ်ချက်ဝေ့ကြည့်ပြီးနောက်တွင်မူ သူ့မျက်လုံးများ အရောင်လက်သွားပါ၏။

" အင်း.. ဒီမှာ နတ်ဆိုးစွမ်းအင်တွေ တော်တော်တော့များသားပဲ "

လောထျန်း ပြောလိုက်သည်။

ဟူဒဟူက ရယ်ရင်း ပြန်ပြော၏။

" ဒါပေါ့ဗျ ၊ ဒီ နတ်ဆိုးဂူက ကျုပ်တို့ ရှေးဟောင်းနတ်ဆိုးကမ္ဘာရဲ့ အဖိုးအတန်ဆုံး ရတနာမြေငါးခုထဲက တစ်ခုပဲဟာ ။ နတ်ဆိုးစွမ်းအင်သိပ်သည်းမှုမှာဆိုလဲ ရှေးဟောင်းနတ်ဆိုးကမ္ဘာ တစ်ခုလုံးမှာ အကောင်းဆုံးတွေထဲက တစ်ခုပဲ "

လောထျန်း ခေါင်းညိတ်လိုက်သည်။

" အဲ့လိုဆိုရင်.. မင်း ပုန်းစရာနေရာတစ်ခု ရှာသင့်တယ်နော် ။ ငါ ကျင့်ကြံချင်လို့ "

သူ့စကားကြောင့် ဟူဒဟူ အံ့အားသင့်သွားရသည်။

" ပုန်းရမယ်... အိုး.. ကျုပ်သဘောပေါက်ပြီ ။ အကိုလောထျန်းက ကျင့်ကြံတာကို အပြင်လူတွေ မတွေ့စေချင်လို့မလား "

သူ လောထျန်း၏ အတွေးကို နားလည်ဟုသည်သာ ဟူဒဟူ ထင်လိုက်ပါ၏။

သို့သော် လောထျန်းက ခေါင်းယမ်း၍ ပြန်ပြောလာသည်။

" ငါပြောချင်တာ အဲ့လိုသဘောမဟုတ်ဘူး ။ ထားလိုက်ပါလေ... ငါနဲ့ ဝေးဝေးမှာသာနေပါ ။ ငါ မင်းအတွက် အတားအဆီးတစ်ခု ချပေးထားမယ် ၊ လွယ်လွယ် ထွက်မလာနဲ့နော် "

ဟူဒဟူ ခေါင်းညိတ်ပြလိုက်၏။

ထို့နောက်တွင် လောထျန်းက အခြားသူများဘက်လှည့်၍ ထပ်ပြောလိုက်သည်။

" အားလုံးလဲ ကျုပ် ကျင့်ကြံနေတဲ့အချိန်မှာ လုပ်ပေးထားတဲ့ ကန့်သတ်နယ်မြေအတွင်းပဲ နေကြနော် ။ မဟုတ်ရင်တော့ အကျိုးဆက်ကို ခင်ဗျားတို့ပဲ ခံကြရမှာ "

အားလုံးမှာ သူ့စကားကို ကြားပြီး တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်လိုက်ကြ၏။ သို့သော်.. သူတို့ လောထျန်း၏ အမိန့်ကို အာခံရန် မဝံ့ရဲ ပါ.. ။

ထို့ကြောင့် သူတို့ မည်သို့မှ မတတ်နိုင်ဘဲ လောထျန်း၏ ညွှန်ကြားချက်အတိုင်း သူ ချမှတ်ပေးသည့် ကန့်သတ်နယ်မြေအတွင်းသို့သာ ဝင်နေလိုက်ရသည်။

အားလုံး ပြီးသည့်နောက်တွင်မူ လောထျန်းက မြေပြင်၌ တင်ပျင်ခွေထိုင်ကာ တစ်လုံးချင်း တီးတိုးပြောလိုက်သည်။

" ကောင်းကင်ဘုံ အသက်ရှုကျင့်စဥ် ၊ ရှူသွင်း.... "

ဝုန်း...

နတ်ဆိုးစွမ်းအင်များ တမဟုတ်ချင်း စုစည်းလာကာ... နတ်ဆိုးဂူတစ်ခုလုံး တုန်ခါလာတော့၏။

All Chapters