← Chapters

ကောင်းကင်ဘုံနတ်ဆိုးသံချပ်ဝတ်

Vol. 43 Ch. 597

ကောင်းကင်ဘုံနတ်ဆိုးသံချပ်ဝတ်

Vol. 43 Ch. 597

ဘုန်း..

လောထျန်း၏ လက်သီးက ရှေ့ဆက်တိုးသွားကာ ကောင်းကင်ကြီးနှင့် တိုက်မိသွားတော့သည်။

ချက်ချင်းမှာပင်... ကြောက်မက်ဖွယ်အစွမ်းကြီးက လေထုအား ဆွဲဖြဲလိုက်သလို ဖြစ်သွားကာ..

ရှေးဟောင်းနတ်ဆိုးကမ္ဘာတစ်ခုလုံး တုန်ခါသွားတော့သည်။

ကမ္ဘာ၏ အဆုံးသတ်လိုပါပင်..

ခပ်ဝေးဝေးတွင် ရှိနေကြပြီး တိုက်ပွဲအတွင်း ဝင်မပါခဲ့ကြသူများမှာလည်း ထိုမြင်ကွင်းကိုကြည့်ကာ သေမတတ်ပင် ကြောက်ရွံ့သွားကြ၏။

ဘာတွေ ဖြစ်နေပါသနည်း ။

သူတို့ကမ္ဘာသခင်ကြီးက အစောင့်အကြပ် မှော်လက်နက်ကိုသုံးပြီး ကမ္ဘာတစ်ခုလုံး၏ အစွမ်းဖြင့် လောထျန်းအား တိုက်ခိုက်ခဲ့သည့်တိုင်..

ရလဒ်က စက္ကန့်ပိုင်းလေးအတွင်း အသတ်ခံရခြင်းတဲ့လား..

စက္ကန့်ပိုင်းဟု ပြောသည်ကပင် လွန်ရာကျပါသေးသည်။

အမှန်တွင်.. လောထျန်းလက်သီး၏ ရှေ့ပြေးလေဖြင့် ထိသည်နှင့် သူ အငွေ့ပျံသွားရခြင်း ဖြစ်ပါ၏။

ယခုတွင်ကား.. သူ့ ခန္ဓာကိုယ် မဆိုထားဘိ ၊ သွေးစက်တစ်စက်.. အသားစလေးတစ်စပင် မကျန်ခဲ့တော့ပါ။

သူတို့ကြားမှ ကွာဟချက်က ဤမျှ ကြီးသတဲ့လား...

ထိုအချိန်တွင် လောထျန်းမှာလည်း လက်သီးဖြင့် ထိုးလိုက်ရ၍ ကျေနပ်သွားဟန်ဖြင့် အနည်းငယ် ပြန်တည်ငြိမ်သွားသည်။

ထို့နောက် သူ ရုတ်တရက် အကြည့်လွှဲကာ ထွက်ပြေးနေသော ကောင်းကင်ဘုံနတ်ဆိုးသံချပ်ဝတ်အား လှမ်းကြည့်လိုက်သည်။

သူ လက်သီးဖြင့် မထိုးလိုက်ခင်မှာပင် ကမ္ဘာသခင်ကြီးဆီမှ အစွမ်းထက်သော အားတစ်ခုကို အာရုံခံမိခဲ့ပါသေးသည်။

သို့သော်.. ထိုသံချပ်ဝတ် မရှိတော့သည်နှင့် ကမ္ဘာသခင်ကြီး၏ အစွမ်းကလည်း ရုတ်ချည်းပျောက်ကွယ်သွားခဲ့၏။

ထိုသံချပ်ဝတ်က တစ်ခုခုထူးခြားသည်မှာ အသိသာပင် ။

လောထျန်း ၎င်းသံချပ်ဝတ်အား အေးစက်စက် ကြည့်လိုက်သည်။

ဖြောင်း..

ထိုစဥ်မှာပင် ကောင်းကင်ဘုံနတ်ဆိုး သံချပ်ဝတ်က

လည်း ချက်ချင်းလှုပ်ရှားသွားပြီး ဒူးထောက်သည့်အမူအရာ လုပ်လာ၏။

" ကျုပ် အရှုံးပေးပါတယ် "

သံချပ်ဝတ်ထံမှ အသံလှိုင်းတစ်ခု ထွက်လာသည်။

" မင်းက စိတ်စွမ်းအင်အသိဉာဏ် ရှိပြီးသားပဲ "

လောထျန်း အေးစက်စက်ပြောလိုက်၏။

သံချပ်ဝတ်က မြန်မြန်ပြန်ပြောသည်။

" ဟုတ်ပါတယ် "

ဝုန်း...

ထိုစဥ် လောထျန်းက လက်သီးကို ဆုပ်လိုက်ရာ သူ့အရောင်အဝါ ပြန်ပေါ်လာသည်။

" လာလေ.. ငါတို့တိုက်ပွဲက ပြီးမှမပြီးသေးတာ ။ ထပ်လာခဲ့ဦး "

လောထျန်း ဒေါသတကြီး ပြောလိုက်၏။

" မလာ.. မလာရဲပါဘူး ။ ကျုပ်နဲ့ သခင်လေးနဲ့

ကြားမှာ ဘာရန်ငြိုးမှ မရှိပါဘူးဗျာ ။ ခုနက တိုက်ပွဲကလဲ သခင်လေးနဲ့ ကမ္ဘာသခင်ကြီးတို့ကြားက တိုက်ပွဲပါ.. ကျုပ်နဲ့ ဘာမှ မဆိုင်ပါဘူး "

သံချပ်ဝတ်မှာ ပြိုလဲကျသွားတော့မလိုပင် ။

လောထျန်း မျက်မှောင်ကြုံ့ပြီး ပြောလိုက်သည်။

" အဲ့ဒါ အရေးကြီးလို့လား ။ မင်းကို ကမ္ဘာသခင်ကြီးက သန့်စင်ခဲ့တာလေ "

ကောင်းကင်ဘုံနတ်ဆိုး သံချပ်ဝတ်က ချက်ချင်း ပြန်ဖြေသည်။

" မဟုတ်ပါဘူးဗျာ ။ သူရဲ့ သန့်စင်တာကို ခံရတယ်ဆိုတာ ဒီတိုင်း ပုံရိပ်ယောင်ပါ.. ။ သူ့လို ဘာမဟုတ်တဲ့ မြေကမ္ဘာနတ်ဆိုးတစ်ယောက်က ကျုပ်ကို ဘယ်လိုလုပ်ပြီး သန့်စင်နိုင်မှာလဲ ။ ကျုပ်က ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အတွက် သူသန့်စင်တာကို ခံလိုက်ရတဲ့ပုံမျိုး ဟန်ဆောင်ခဲ့တာပါ "

" ကိုယ့်ကိုကိုယ် ကာကွယ်ဖို့.. "

လောထျန်း မျက်မှောင်ပိုကြုံ့သွား၏။

ကောင်းကင်ဘုံနတ်ဆိုး သံချပ်ဝတ်က

ပြန်ပြောသည်။

" ဟုတ်တယ်ဗျ... လွန်ခဲ့တဲ့ ရက်အနည်းငယ်က သခင်ကြီးရဲ့ အရောင်အဝါကို ကျုပ် အာရုံခံမိခဲ့ပါတယ်။ အဲ့တုန်းက သခင်ကြီးက ကျုပ်အတွက် အန္တရာယ်ဖြစ်နိုင်တယ်လို့ တွေးမိပြီးတော့.... ကျုပ် "

လောထျန်း ချက်ချင်း သဘောပေါက်သွားသည်။

" ဒါဆို.. မင်းက သူ့ကို တမင်သန့်စင်ခိုင်းပြီးတော့ ငါ့ကို သတိထားမိသွားအောင် လုပ်ခဲ့တာပေါ့လေ။ ပြီးမှ သူ့ကိုအသုံးချပြီး ငါ့ကို ရှင်းပစ်ဖို့ကြိုးစားခဲ့တာ မဟုတ်လား ။ အခု ငါ့ကိုမနိုင်မှန်း သိတော့မှ သူ့ဆီကခွာပြီး ထွက်ပြေးခဲ့တာပေါ့ "

လောထျန်း အေးစက်စက်မေးလိုက်သည်။

ထိုတခဏ၌ သူ့ကိုယ်မှ လူသတ်အရိပ်အငွေ့များလည်း ပြန်ပေါ်လာ၏။

ကောင်းကင်ဘုံ နတ်ဆိုးသံချပ်ဝတ်မှာ ချက်ချင်း တုန်သွားရှာတော့သည်။

လောထျန်း၏ ဖိအားကို ရှေးဟောင်းနတ်ဆိုး

ကမ္ဘာ၏ အစွမ်းအထက်ဆုံး အစောင့်အကြပ် မှော်လက်နက်သည်ပင် မခုခံနိုင်ပါချေ...

" ကျုပ် .. မှားသွားခဲ့ပါတယ် သခင်ကြီးရယ် ။ ကျုပ်မှာ အဲ့လိုလုပ်ဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိခဲ့လို့ပါ ။ ကျုပ်က အစောင့်အကြပ် မှော်လက်နက်တစ်ခု ဖြစ်တဲ့အတွကိ ဒီကမ္ဘာကြီးကို ကာကွယ်ဖို့လဲ တာဝန်ရှိသေးတယ်လေဗျာ ။ ကျေးဇူးပြုပြီး ကျုပ်ကိုသွားခွင့်ပေးပါ သခင်ကြီးရယ် "

သံချပ်ဝတ်က တုန်တုန်ယင်ယင် ပြောလိုက်သည်။

လောထျန်းက သူ့အား အေးစက်စက်ကြည့်ကာ ပြန်ပြော၏။

" သွားခွင့်ပေးရမယ်.. ဘာလို့ပေးရမှာလဲ "

ကောင်းကင်ဘုံနတ်ဆိုး သံချပ်ဝတ်မှာ ဆက်တောင့်ခံနိုင်တော့ဟန် မတူပါ ။

" သခင်ကြီး.. ကျုပ်ကိုသာ သွားခွင့်ပေးရင် ကမ္ဘာသခင်ကြီးရဲ့ ရတနာတွေအားလုံးကို ပေးပါ့မယ် "

သံချပ်ဝတ်က အသံတုန်တုန်ဖြင့် ပြောလိုက်သည်။

လောထျန်းက အေးစက်စက်မျက်နှာဖြင့် ပြန်ပြော၏။

" မင်း မပေးရင်တောင် ငါ့ဟာငါ ယူလို့မရဘူး ထင်လို့လား "

ကောင်းကင်ဘုံနတ်ဆိုးသံချပ်ဝတ် တုန်သွားပြီးနောက် ခေတ္တမျှ ငြိမ်သွားသည်။ ပြီးနောက်မှ ဆုံးဖြတ်ချက် ချပြီးဟန်ဖြင့် ပြန်ပြောလာ၏။

" ကျုပ်ကိုသာ သွားခွင့်ပေးရင် ကျုပ်ရဲ့ကိုယ်ပိုင် အဖိုးအတန်ဆုံးရတနာတစ်ခု သခင်လေးကို ပေးပါ့မယ် "

" အဖိုးအတန်ဆုံး ရတနာ.. ဟုတ်လား "

လောထျန်း မျက်မှောင်ကြုံ့သွားသည်။

" မင်းက အစောင့်အကြပ် မှော်လက်နက်တစ်ခုပဲလေ ။ မင်းဆီမှာ ဘယ်လိုရတနာမျိုး ရှိမှာမို့လဲ ။ ငါ မင်းကို တစစီလုပ်ပြီးတော့ အရည်ကျိုပြီး တခြားလက်နက်တစ်ခု လုပ်ရင်တောင် လုပ်လို့ရတယ် "

လောထျန်း အေးစက်စက်ပြန်ပြောလိုက်၏။

ထိုစကားတစ်ခွန်းဖြင့်ပင် ကောင်းကင်ဘုံနတ်ဆိုး

သံချပ်ဝတ်မှာ ပြိုကွဲသွားတော့မယောင်..

" သခင်ကြီး.. ကျုပ်ပြောတဲ့ရတနာက ကျုပ်ထက် ပိုအစွမ်းထက်ပါတယ် "

သူ မြန်မြန်ပြန်ပြောလိုက်သည်။

" မင်းထက်အစွမ်းထက်တယ်.. ဘယ်လိုထက်တာလဲ "

လောထျန်း ပြန်မေးလိုက်၏။

" ခဏလေးဗျ "

ကောင်းကင်ဘုံနတ်ဆိုး သံချပ်ဝတ်တွင် နတ်ဆိုးအလင်းတန်းတစ်ခု ဖျတ်ခနဲလက်သွားသည်။

ထို့နောက်တွင် လောထျန်းရှေ့၌ ပျက်စီးနေသော သံချပ်ဝတ်တစ်ခု ပေါ်လာ၏။

၎င်းမှာ တစ်ခုလုံး အပေါက်များဖြင့် ပြည့်နေကာ အချိန်မရွေး ပြိုကျပျက်စီးသွားတော့မလိုပင် ။

၎င်းအား လမ်းဘေး၌ ပစ်ချထားလျှင်လည်း မည်သူကမှပင် လှည့်ကြည့်မည့်ပုံ မရှိပါချေ။

" မင်း ငါ့ကို နောက်နေတာလား "

လောထျန်း အေးစက်စက်ပြောလိုက်သည်။

ကောင်းကင်ဘုံနတ်ဆိုး သံချပ်ဝတ်ကတုန်တုန်ယင်ယင် ပြန်ပြော၏။

" မဟုတ်ပါဘူး သခင်ကြီးရယ် ။ ဒါ တကယ့်ကို အဖိုးတန်တဲ့ ရတနာတစ်ခုပါ ။ ကျုပ် ဒီဟာကို တွေ့တုန်းက ကျုပ်ကိုယ်တိုင် ဝါးမြိုပြီး အဆင့်တက်အောင်လုပ်ဖို့ စဥ်းစားခဲ့တာ ။ ဒါပေမယ့် ဒီဟာလေးက အစွမ်းထက်လွန်းတယ်ဗျ ။ ကျုပ် နှစ်တွေအများကြီး အချိန်ယူပြီး ဝါးမြိုဖို့ ကြိုးစားလိုက်တာတောင် နည်းနည်းလေးပဲ စားနိုင်ခဲ့တယ် "

" အခု ဒီရတနာကို သခင်ကြီးကို ပေးပါ့မယ် ။ ဒီရတနာနဲ့ဆို ကျုပ်အသက်နဲ့လဲဖို့ လုံလောက်နိုင်မလားဗျာ "

လောထျန်းမှာ ထိုစကားကိုကြားပြီး အံ့အားသင့်သွားသည်။

သူ့ရှေ့တွင် ရှိနေသော ထိုအစောင့်အကြပ် မှော်

လက်နက်မှာ မူလမသေမျိုးလက်နက် အဆင့်ရှိကြောင်း သူ သေချာပင် မြင်နေရပါ၏။

ထိုသို့သော လက်နက်ကပင် ကျိုးပဲ့နေသည့် သံချပ်ဝတ်တစ်ခုကို မဝါးမြိုနိုင်ဘူးတဲ့လား..

" ငါ့ကို ပြစမ်း "

လောထျန်း ပြောလိုက်သည်။

" ဟုတ်ကဲ့ "

ကောင်းကင်ဘုံနတ်ဆိုး သံချပ်ဝတ်မှာ သတိလက်လွတ် မပြုမူဝံ့ဘဲ ကျိုးပဲ့နေသော သံချပ်ဝတ်အား လောထျန်းဆီသို့ တရိုတသေ ပေးလိုက်၏။

လောထျန်းက ၎င်းကိုကြည့်ပြီး မျက်မှောင်ကြုံ့ကာ ဆွဲဖြဲရန်ပြင်လိုက်သည်။

တဖက်မှ ကောင်းကင်ဘုံနတ်ဆိုး သံချပ်ဝတ်က အမြန်ရှင်းပြ၏။

" သခင်ကြီး... အဲ့သံချပ်ဝတ်က ပျက်စီးနေတယ် ဆိုပေမယ့် အင်မတန်အစွမ်းထက်တယ်ဗျ ။ ဆွဲဖြဲလို့မရ... "

သို့သော်.. သူ့စကား မဆုံးခင်မှာပင် ...

သံချပ်ဝတ်က လောထျန်းလက်ထဲ နှစ်ပိုင်းဖြစ်သွားတော့သည်။

" ဘယ်လိုဖြစ်ပြီး.... "

ကောင်းကင်ဘုံနတ်ဆိုး သံချပ်ဝတ်မှာ အလွန်တုန်လှုပ်သွားရသည်။

သူ ထိုသံချပ်ဝတ်အား အကြိမ်ပေါင်း မရေမတွက်အောင် စမ်းစပ်ခဲ့ဖူးပြီး သူ့အတွင်းအားကို သုံး၍ပင် ဖျက်ဆီးရန်ကြိုးစားခဲ့သော်လည်း လုံးဝ မလုပ်နိုင်ခဲ့ပါချေ။

သို့သော်... လောထျန်းက ထိုသို့အလွယ်တကူ ဖျက်ဆီးလိုက်သတဲ့လား ။

သူ့အသွင်မှာလည်း စာရွက်တစ်ရွက်ကို ဖြဲလိုက်သလိုပါပင်..

" မင်း ငါ့ကို နောက်နေတာလား "

တဖက်မှလောထျန်း မျက်မှောင်ကြုံ့သွားကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

" ကျုပ် လိမ်ပြောခဲ့တာ မဟုတ်ပါဘူးသခင်ကြီးရယ် ။ ကျုပ်ပြောခဲ့တာ အားလုံးက အမှန်တွေပါ ။ အခု.. သခင်ကြီးက အစွမ်းထက်လွန်းလို့သာ..... သခင်လေးရဲ့ အစွမ်းနည်းနည်းကို ဖျောက်ပြီး စမ်းကြည့်လိုက်ရင် ကျုပ်ပြောတာ အမှန်တွေမှန်း သခင်လေး သိရမှာပါ "

ကောင်းကင်ဘုံနတ်ဆိုး သံချပ်ဝတ်က ပြောလိုက်သည်။

လောထျန်းမှာလည်း ထိုစကားကို ကြားမှသာ အသိဝင်သွားဟန်ပင် ။

လက်ရှိတွင် သူ့စိတ်စွမ်းအင်ပင်လယ်ကိုရော ၊ ထူးခြားသည့် ခန္ဓာကိုယ်များကိုပါ အသက်သွင်းထားရာ မည်သည်ကိုမှ စမ်းစပ်၍ မရပါချေ။

ထို့ကြောင့် သူ့ စိတ်စွမ်းအင်ပင်လယ်အား ပြန်သိမ်းလိုက်၏။

ဝီ...

လောထျန်း၏ အရောင်အဝါက တမဟုတ်ချင်း များစွာလျော့သွားသဖြင့် ကောင်းကင်ဘုံနတ်ဆိုး သံချပ်ဝတ် အသက်ရှူပြန်ချောင်သွားသည်။

သူ့အား ဖိနှိပ်နေခဲ့သည့် ဖိအားလည်း များစွာပင် သက်သာသွားပါ၏။

" ပြန်ချိုးဖို့ ကြိုးစားကြည့်ပါဦး သခင်ကြီး "

သံချပ်ဝတ်က ပြောလိုက်သည်။

လောထျန်း ခေါင်းညိတ်ပြီး လက်နှစ်ဖက်လုံးထဲသို့ အစွမ်းများ ပို့လွှတ်လိုက်၏။

ဂျွတ် ..

ပျက်စီးနေသော သံချပ်ဝတ်တွင် အပေါက်ထပ်ပေါ်လာပြန်သည်။

ကောင်းကင်ဘုံနတ်ဆိုး သံချပ်ဝတ် : " ...... "

သူ လုံးဝ ဆွံ့အနေပါတော့သည်။

ဘာတွေဖြစ်နေပါသနည်း..

တဖက်လူက ကြယ်ပင်လယ်ကြီးကို ပြန်သိမ်းလိုက်သည့်တိုင် သံချပ်ဝတ်ကို ပျက်စီးအောင် လုပ်နိုင်ဆဲတဲ့လား..

ထိုသူက လူသားတစ်ယောက်ပင် ဟုတ်ပါသေးရဲ့လား..

မည်သို့ပင်ဆိုစေ.. သံချပ်ဝတ်က ကျိုးသွားသည့်တိုင် လောထျန်း၏ မျက်နှာထား အနည်းငယ်ပြောင်းသွားပါသည်။

သူသည် အစောက သံချပ်ဝတ်အား ကျိုးသွားအောင်လုပ်ရန် လက်နှစ်ဖက်လုံးထဲသို့ အားထည့်ခဲ့သည့်တိုင် အပေါက်တစ်ပေါက်သာ ဖြစ်သွားခဲ့ပါ၏။

၎င်း၏ အဆင့်က မူလမသေမျိုးလက်နက်ထက်ပင် ပိုမြင့်သည်မှာ သံသယဝင်စရာ မရှိတော့ပါ..

" မင်း ဒါကို ဘယ်ကနေ ရလာတာလဲ "

လောထျန်း ကောင်းကင်ဘုံနတ်ဆိုး သံချပ်ဝတ်ကိုကြည့်ကာ မေးလိုက်သည်။

ကောင်းကင်ဘုံနတ်ဆိုးသံချပ်ဝတ် လန့်သွားပြီး ချက်ချင်းပြန်ဖြေ၏။

" သခင်ကြီး ၊ အဲ့ကိစ္စက ကျုပ်တို့ ရှေးဟောင်းနတ်ဆိုးကမ္ဘာရဲ့ လျှို့ဝှက်ချက်နဲ့ ပတ်သက်နေတာမို့ .. ပြောပြလို့ မရလို့ပါ ။ စိတ်မရှိပါနဲ့ သခင်ကြီးရယ် "

ဝုန်း..

လောထျန်းနောက်၌ ကြယ်ပင်လယ် ပြန်ပေါ်လာသည်။

ကောင်းကင်ဘုံနတ်ဆိုး သံချပ်ဝတ်မှာ ၎င်းကိုမြင်သည်နှင့် ချက်ချင်း အသနားခံလိုက်ရတော့၏။

" ခဏလေး နေပါဦးဗျာ... ကျုပ်.. ပြောပြပါ့မယ် "

All Chapters