← Chapters

ဒီနေရာထက် ပိုကောင်းတဲ့ ကျင့်ကြံဖို့နေရာ ရှိတာလား

Vol. 43 Ch. 598

ဒီနေရာထက် ပိုကောင်းတဲ့ ကျင့်ကြံဖို့နေရာ ရှိတာလား

Vol. 43 Ch. 598

လောထျန်းက ကောင်းကင်ဘုံနတ်ဆိုး သံချပ်ဝတ်အား အေးစက်စက်ကြည့်၍ မေးလိုက်သည်။

" ပြောစရာရှိတာ တည့်ပြောစမ်းကွာ ။ မင်းက အစောကလဲ ငါ့ကို အကွက်ချပြီးသတ်ဖို့ ကြိုးစားခဲ့သေးတယ်။ အခုရော ဘာဆင်ခြေတွေ ပေးချင်ပြန်ပြီလဲ.. ။ ငါ မင်းကို သတိပေးလိုက်မယ်နော် ။ ဒီတစ်ခေါက်က နောက်ဆုံးလို့မှတ်ပါ ။ စသလို နောက်သလို ထပ်လုပ်လို့ကတော့ မင်းကို အပိုင်းပိုင်းဖြစ်အောင် ဆွဲဖြဲပြီးမှ အိမ်သာအိုး လုပ်ပစ်မယ် "

ကောင်းကင်ဘုံ နတ်ဆိုးသံချပ်ဝတ်က ချက်ချင်းကြောက်လန့်တကြား ပြန်ပြောသည်။

" ဟုတ်ကဲ့ .. ကျုပ် အခုပြောပါ့မယ်ဗျာ ။ အဲ့ဟာကို ကျုပ်... ဘိုးဘေးနတ်ဆိုးမြေမှာ တွေ့ခဲ့တာပါ "

" ဘိုးဘေး နတ်တိုးမြေ.. ဟုတ်လား "

လောထျန်း ခေါင်းရှုပ်သွား၏။

" အဲ့ဒါ... ရှေးဟောင်းနတ်ဆိုး ဘိုးဘေးကြီး ဉာဏ်အလင်းပွင့်ခဲ့တဲ့ နေရာပါ "

ကောင်းကင်ဘုံနတ်ဆိုး သံချပ်ဝတ်က ဆက်ပြောသည်။

" ရှေးဟောင်းနတ်ဆိုး ဘိုးဘေး... ဟုတ်လား.. သူက အခုထိ ဒီရှေးဟောင်းနတ်ဆိုးကမ္ဘာမှာ ရှိနေသေးတာလား "

လောထျန်း အံ့အားသင့်သွားရသည်။

ကောင်းကင်ဘုံနတ်ဆိုး သံချပ်ဝတ်က ပြန်ပြော၏။

" အခုတော့ မရှိလောက်တော့ဘူးဗျ... "

" ဘယ်လို... "

လောထျန်း ပိုအံ့သြသွားရပါသည်။

တဖက်က ချက်ချင်းရှင်းပြ၏။

" ကျုပ်က ဒီရှေးဟောင်းနတ်ဆိုးကမ္ဘာရဲ့ အစောင့်အကြပ် မသေမျိုးလက်နက် ဖြစ်တဲ့အတွက် ဒီကမ္ဘာမှာ ရှိနေတဲ့သူတိုင်းကို အာရုံခံလို့ရတယ်ဗျ ။ အဲ့ဒါကြောင့်မို့ သူ လောလောဆယ် ဒီမှာမရှိတာတော့ သေချာတယ် "

လောထျန်း ရုတ်တရက် ပြုံးလိုက်သည်။

" အဲ့လိုလား... ဒါဆို ငါ့ကို အဲ့ဘိုးဘေးနတ်ဆိုးမြေဆီ ခေါ်သွားစမ်း ၊ ငါ သွားကြည့်ချင်လို့ "

" ဒါက.... "

ကောင်းကင်ဘုံနတ်ဆိုး သံချပ်ဝတ်က ပြန်ငြင်းမည့်ဟန် ပြင်လိုက်သည်။

သို့သော်.. ထိုစဥ်မှာပင် လောထျန်းက သူ့အား စူးစူးရဲရဲစိုက်ကြည့်လာသဖြင့် သူ တုန်လှုပ်သွားရပါ၏။

" ကောင်းပါပြီ ၊ ကျုပ်နဲ့လိုက်ခဲ့ပါ သခင်ကြီး "

ဝုန်း...

ချက်ချင်းမှာပင် ကောင်းကင်ဘုံနတ်ဆိုး သံချပ်ဝတ်က လေထဲ ပျံတက်လိုက်သည်။

သူသည် အစောင့်အကြပ် မှော်လက်နက်တစ်ခုဖြစ်သည့်အတွက် အလွန်မြန်သောကြောင့်..

တခဏအတွင်းမှာပင် မိုင်သန်းပေါင်းများစွာ ပျံသန်းရောက်သွား၏။

နောက်ဆုံး ဘာမှမရှိသည့် ခြောက်ကပ်ကပ် နေရာတစ်ခုသို့ ရောက်ချိန်တွင်မူ သူ ရပ်လိုက်သည်။

" လောလောဆယ်တော့ ဟိုတစ်ယောက် နောက်မှာပြတ်ကျန်ခဲ့ပြီနဲ့တူတယ် "

ကောင်းကင်ဘုံနတ်ဆိုး သံချပ်ဝတ်က တစ်ကိုယ်တည်း တီးတိုးပြောလိုက်သည်။

" ဒီနေရာလား "

ထိုစဥ်မှာပင် သူ့အနောက်မှ လောထျန်း၏အသံ ထွက်လာ၏။

" ဘယ်လိုဖြစ်ပြီး... "

ကောင်းကင်ဘုံနတ်ဆိုး သံချပ်ဝတ်မှာ အလွန်တုန်လှုပ်သွားတော့သည်။

လောထျန်း ဘယ်ချိန်က ရောက်လာသည်ကိုပင် သး သတိမထားမိလိုက်ပါချေ။

ထို့ထက်ပို ဆိုးသည်မှာ သူ နောက်လှည့်ကြည့်လိုက်ချိန်၌ ... လောထျန်းက ဘာမှမထူးခြားဟန်ဖြင့် အေးအေးဆေးဆေးသာ ရှိနေခြင်းဖြစ်၏။

ဤမျှဝေးကွာလှသော ခရီးကို ထိုအမြန်နှုန်းဖြင့် လာခဲ့ရသည့်တိုင်.. အဘယ့်ကြောင့် ဤမျှ တည်ငြိမ်နေရပါသနည်း ။

ထိုတခဏ၌ ကောင်းကင်ဘုံနတ်ဆိုး သံချပ်ဝတ်မှာ ကူကယ်ရာမဲ့ ဖြစ်လွန်း၍ ထွက်ပြေးရန်ပင် အားမရှိတော့ပါ ။

" ဘိုးဘေးနတ်ဆိုးမြေကို ဝင်တဲ့ဝင်ပေါက်ကတော့ အောက်နားမှာဗျ ။ ဒါပေမယ့်... ကျုပ်ကတော့ မဝင်ရဲဘူး ။ သခင်ကြီးကိုလဲ မဝင်ဖို့ ကျုပ်အကြံပေးချင်ပါတယ် "

ကောင်းကင်ဘုံ နတ်ဆိုးသံချပ်ဝတ်က ပြောလိုက်သည်။

လောထျန်းက ပြန်ပြော၏။

" ကိစ္စမရှိပါဘူး... ငါပဲ သွားကြည့်လိုက်မယ် "

အောက်တွင် မည်သည့်အန္တရာယ်မှ ရှိသည်ဟုလည်း သူ မထင်ပါ..

အ်၍ အန္တရာယ်နှင့် ကြုံရလျှင်ပင်.. သူ တည်နေရာရွှေ့ပြောင်းပြီး ပြန်ထွက်လာ၍ရသည် မဟုတ်ပါလား ။

လောထျန်း ထိုသို့ပြောပြီးသည်နှင့် ဘိုးဘေးနတ်ဆိုးနယ်မြေထဲသို့ ဝင်သွားလိုက်တော့သည်။

လောထျန်း ပျောက်ကွယ်သွားပြီးနောက်မှ... ကောင်းကင်ဘုံနတ်ဆိုး သံချပ်ဝတ်က အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။

" မင်းကို မသွားနဲ့လို့ အကြံပေးတာကို မင်းက နားမထောင်ခဲ့တာနော် ။ ဘိုးဘေးနတ်ဆိုးမြေကို ဝင်ဖို့ အဲ့လောက်လွယ်တယ် ထင်နေလား ။ ငါ နောက်ဆုံးတစ်ခေါက် ဝင်သွားတုန်းကဆို အဲ့ထဲမှာ နှစ်တစ်သောင်းလောက် လမ်းပျောက်နေပြီးမှ ပြန်ထွက်လာနိုင်တာ ။ မင်းရော ဘယ်လောက်ကြာကြာ ပိတ်မိနေလဲ ကြည့်ဦးမယ် "

ထိုစဥ် ဘိုးဘေးနတ်ဆိုးမြေထဲသို့ ဝင်သွားသည့် လောထျန်းမှာ အထဲရောက်သည်နှင့် ကမ္ဘာကြီးက

အပေါ်အောက် ပြောင်းပြန်ဖြစ်နေသည်ကို ရုတ်တရက် ခံစားမိလိုက်သည်။

" ဘာတွေ ဖြစ်နေတာလဲ "

သူ အံ့အားသင့်သွားရပါ၏။

" ဟင်... ဒီအရောင်အဝါက.. ဘိုးဘေးနတ်ဆိုးမြေလား... "

ထိုစဥ်မှာပင် လောထျန်း၏ လက်ကောက်ဝတ်တွင် ရှိနေသော ကျောက်စိမ်းပြားဆှမှ ထျန်းယွမ်ကမ္ဘာသခင်ကြီး၏ အသံ ထွက်လာသည်။

" အိုး... သခင်ကြီးက ဒီနေရာကို သိတာလား "

လောထျန်းက တအံ့တသြ ပြန်မေးလိုက်၏။

သို့သော်.. ပြန်ပြောလာသည့် ထျန်းယွမ်ကမ္ဘာသခင်ကြီး၏ အသံတွင်မူ စိုးရိမ်နေဟန် အထင်းသား ပါနေသည်။

" အဲ့ဒါကို ခဏထားလိုက်ပါဦးကွာ... ဒါ တကယ်ကြီးကို ဘိုးဘေးနတ်ဆိုးမြေလား "

လောထျန်း ခေါင်းညိတ်လိုက်၏။

" အမှန်ပဲ "

ထျန်းယွမ်ကမ္ဘာသခင်ကြီး ချက်ချင်း စိတ်ပူသွားဟန်တူသည်။

" မင်း ဒီကိုဘယ်လို ဝင်လာတာလဲ "

လောထျန်း အံ့အားသင့်သွားရကာ ပြန်မေးလိုက်၏။

" ဘာပြဿနာ ရှိလို့လဲဗျ "

ထျန်းယွမ်ကမ္ဘာသခင်ကြီး နှာခေါင်းရှုံ့လိုက်သည်။

" ဘာပြဿနာလဲ ဟုတ်လား.. ဒီနေရာက ဘာမှ မရှိတဲ့နေရာတစ်ခုကွ "

" အင်... ဒီနေရာက ရှေးဟောင်းနတ်ဆိုးဘိုးဘေးကြီး ကျင့်ကြံတဲ့နေရာဆို ။ ဒီမှာ ရတနာတွေရှိနေသင့်တာ မဟုတ်ဘူးလား "

လောထျန်းတစ်ယောက် ပို၍ အံ့အားသင့်သွားရှာသည်။

" ရတနာတွေ ရှိကောင်းရှိနိုင်တယ် ။ ဒါပေမယ့်.. ဒီ ဘိုးဘေးနတ်ဆိုးမြေက ထိပ်တန်းအဆင့် အစီအမံကြီး တစ်ခုပဲကွ ။ အထဲကို ဝင်လိုက်တာနဲ့ လမ်း

ပျောက်သွားတတ်တယ်။ ဟိုးအရင်ခေတ်ကတည်းက ငါတို့ထျန်းယွမ်ကမ္ဘာက အစွမ်းထက်တဲ့သူတွေ အများကြီး ဒီနေရာကို မှားပြီးဝင်ခဲ့ကြဖူးတယ် ။ သူတို့တွေတစ်ယောက်မှ ပြန်မထွက်လာနိုင်ခဲ့ကြဘူး ။ မင်းက ဘယ်လိုလုပ်ပြီး... "

ထျန်းယွမ်ကမ္ဘာသခင်ကြီး၏ အသံထဲတွင် စိတ်ပျက်မှုတို့ အထင်းသားပင် ။

လောထျန်း မျက်တောင်လေးပုတ်ခတ်ပုတ်ခတ် ဖြစ်သွားသည်။

" အဲ့လိုလား... "

ထျန်းယွမ်ကမ္ဘာသခင်ကြီးက နှာခေါင်းရှုံ့၏။

" ဒါပေါ့ကွ... ငါပြောတာ မယုံရင် အခု အပြင်ကိုပြန်ထွက်ဖို့ ကြိုးစားကြည့်လေ "

လောထျန်း ခေါင်းညိတ်ပြီး ကောင်းကင်ဘုံခန္ဓာကိုယ်ရွှေ့ကွက်ကို အသက်သွင်းလိုက်သည်။

ထို့နောက်တွင်ကား.. လောထျန်း နေရာမှ ပျောက်ကွယ်သွား၏။

" တွေ့လား... ထွက်လို့မရပါဘူးဆို.... ဟင်.. "

ထျန်းယွမ်ကမ္ဘာသခင်ကြီးက ဒေါသတကြီး ပြောလိုက်သော်လည်း...

သူ ဘေးဘီသို့ လှည့်ကြည့်လိုက်သည့် အချိန်တွင််မူ သူတို့ ဘိုးဘေးနတ်ဆိုးမြေထဲမှ ထွက်လာခဲ့ပြီဖြစ်ကြောင်း မြင်လိုက်ရသည်။

သူတို့နှင့် မလှမ်းမကမ်း လေထဲတွင်ကား ကောင်းကင်ဘုံနတ်ဆိုး သံချပ်ဝတ်က မျောလွင့်လျက်..

" မင်း.. ထွက်လာနိုင်တာလား "

ထျန်းယွမ်ကမ္ဘာသခင်ကြီး အံ့သြမှင်သက်သွားရသည်။

ကောင်းကင်ဘုံနတ်ဆိုး သံချပ်ဝတ်မှာလည်း နားမလည်နိုင်ဖြစ်နေဟန် တူပါ၏။

လောထျန်းက အစောပိုင်းလေးတွင် ဝင်သွားခဲ့ပြီး... ယခု မည်သို့ ပြန်ထွက်လာနိုင်ပါသနည်း ...

ထိုနေရာမှာ ခြောက်ခြားတုန်လှုပ်ဖွယ် ကောင်းလှသော ဘိုးဘေးနတ်ဆိုးမြေ မဟုတ်ဘူးလား..

" မင်း ဘယ်လိုလုပ်လိုက်တာလဲ "

ထျန်းယွမ်ကမ္ဘာသခင်ကြီးက တအံ့တသြ မေးလိုက်သည်။

လောထျန်းက ခေါင်းကုတ်ရင်း ပြန်ပြော၏။

" အဲ့ဒါက ရိုးရိုးလေး မဟုတ်ဘူးလားဗျ "

ထျန်းယွမ်ကမ္ဘာသခင်ကြီး ခဏတာမျှ စကားမဆိုနိုင် ဖြစ်သွားတော့သည်။

သူ့ရှေ့မှ ကောင်လေးက အမှန်တကယ် ကြောက်စရာကောင်းသည့် ဘီလူးတစ်ကောင်ပါပင် ...

" ကျုပ် တစ်ခုရှာတွေ့ခဲ့တယ်ဗျ "

ထိုစဥ် လောထျန်းက ရုတ်တရက် ပြောလာ၏။

" ဘာတွေ့ခဲ့တာလဲ "

ထျန်းယွမ်ကမ္ဘာသခင်ကြီး ပြန်မေးလိုက်သည်။

ထို့နောက်တွင်.. လောထျန်း နေရာမှ ပျောက်ကွယ်သွားပြန်၏။

ဘေးပတ်ဝန်းကျင်လေထု ပြန်တည်ငြိမ်သွားပြီးမှ လောထျန်းတစ်ယောက်က ဘိုးဘေးနတ်ဆိုးမြေထဲသို့ ပြန်ဝင်သွားသည်ကို ထျန်းယွမ်ကမ္ဘာသခင်ကြီး သိလိုက်ရကာ တုန်လှုပ်သွားရပြန်သည်။

" ဘယလို့ ထပ်ဝင်သွားရတာလဲ ။ ဒီဘိုးဘေးနတ်ဆိုးမြေထဲကို စိတ်တိုင်းကျ ဝင်ထွက်လို့ရတယ် ဆိုရင်တောင် ဘာမှ အသုံးမဝင်ဘူးလေကွာ။ ဒီနေရာက အကျယ်ကြီးပဲ.. ပြီးရင် မသေမျိုးဘုရင်အဆင့် အစီအမံလဲ ရှိနေသေးတာ ။ ဒီမှာ ရှေးဟောင်းနတ်ဆိုးဘိုးဘေးရဲ့ ရတနာတွေကို ရှာဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ "

ထျန်းယွမ်ကမ္ဘာသခင်ကြီးက စိတ်ပျက်လက်ပျက် ​ပြောလိုက်သည်။

လောထျန်းက ခေါင်းညိတ်၍ ပြန်ပြော၏။

" ကျုပ်သိတာပေါ့ဗျာ "

" ဒါဆို ဘာလို့ထပ်ဝင်လာခဲ့သေးတာလဲ "

ထျန်းယွမ်ကမ္ဘာသခင်ကြီး မကျေမနပ် ပြောလိုက်သည်။

လောထျန်းက အပြုံးဖြင့် ပြန်ပြော၏။

" ဒီအစီအမံကြောင့်သာ မဟုတ်ရင် ကျုပ် လာမိမှာမဟုတ်ဘူး "

" အဲ့ဒါ ဘာအဓိပ္ပါယ်လဲ "

ထျန်းယွမ်ကမ္ဘာသခင်ကြီး အံ့သြမှင်သက်သွားရတော့သည်။

လောထျန်းက တင်ပျင်ခွေထိုင်ချရင်း ပြန်ပြော၏။

" သခင်ကြီး ခုနကပြောခဲ့တဲ့ မသေမျိုးဘုရင်အဆင့် အစီအမံကြောင့်လဲ ဒီနေရာက စိတ်စွမ်းအင်တွေရော ၊ နတ်ဆိုးစွမ်းအင်တွေရော ၊ မသေမျိုးအစွမ်းတွေရော ပြည့်နေတာလေ ။ အဲ့ဒီစွမ်းအင်တွေ သိပ်သည်းမှုကလဲ တကယ်ကိုကြောက်စရာပဲ ။ ရှေးဟောင်းနတ်ဆိုးကမ္ဘာမှာ ဒီနေရာထက် ကျင့်ကြံလို့ပိုကောင်းတဲ့နေရာ ရှိနိုင်ဦးမလားဗျာ "

" ကျင့်ကြံမယ်.. ဟုတ်လား "

ထျန်းယွမ်ကမ္ဘာသခင်ကြီး မှင်သက်သွားရပြန်တော့သည်။

လောထျန်းက တင်ပျင်ခွေထိုင်နေရင်းမှ တစ်လုံးချင်း ပြောလိုက်သည်။

" ကောင်းကင်ဘုံအသက်ရှူကျင့်စဥ်... ရှူသွင်း.. "

ဝုန်း...

ထိုတခဏ၌ ဘေးပတ်ဝန်းကျင်မှ အစွမ်းများအားလုံးပင် လောထျန်းဆီသို့ ဆူနာမီလှိုင်းလုံးကြီးသဖွယ် တိုးဝင်လာကြ၏။

" ဒီကောင်လေး... "

ထျန်းယွမ်ကမ္ဘာသခင်ကြီး တုန်လှုပ်သွားရပြန်တော့သည်။

လောထျန်း ကျင့်ကြံသည်ကို သး တွေ့ဖူးသည်မှာ ယခုက နှစ်ကြိမ်မြောက် ဖြစ်သည့်တိုင်.. သူ ကြောက်ရွံ့ရဆဲပါပင် ။

ဝီ...

ထိုစဥ်မှာပင် လောထျန်းကိုယ်မှ စိတ်စွမ်းအင်အလင်းတန်းတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားသည်။

သူ ကျင့်ကြံခြင်း အဆင့်တက်သွားလေပြီ။

တစ်ချိန်တည်းမှာပင်.. ဘိုးဘေးနတ်ဆိုးမြေ အပြင်ဘက်၌...

ဘိုးဘေးနတ်ဆိုးမြေအပေါ်၌ အရောင်အဝါများ ထိုးတက်နေသည်ကို ကောင်းကင်ဘုံနတ်ဆိုးသံချပ်ဝတ် သတိထားမိသွားသည်။

" ဒါ... အစီအမံ အသက်ဝင်သွားတာလား... ၊ ဟိုလူက ဘိုးဘေးနတ်ဆိုးမြေရဲ့ အစီအမံ အသက်ဝင်လာအောင် လုပ်လိုက်နိုင်တာလား "

သူ တွေးမိလိုက်၏။

သို့သော် ထိုစဥ်မှာပင်..

ဝုန်း...

မြည်သံကျယ်ကြီးတစ်သံ ထွက်လာကာ ကမ္ဘာမြေကြီး တုန်ခါသွားသည်။

ထို့နောက်တွင်ကား... ဘိုးဘေးနတ်ဆိုးမြေ အပေါ်ဘက်တွင် ဖုံးလွှမ်းထားသည့် အစီအမံက ရုတ်ချည်း ပျောက်ကွယ်သွားတော့သည်။

ဘာမှ မရှိခဲ့ဖူးသလိုပါပင်..

ထောင်ပေါင်းများစွာသော တောင်တန်းများနှင့် ချိုင့်ဝှမ်းများကြားတွင်ကား လောထျန်းတစ်ယောက်တည်းသာ လေထဲ တင်ပျင်ခွေထိုင်လျက် ရှိနေ၏။

" အစီအမံက သူ့ကြောင့် ပျက်စီးသွားတာလား "

ကောင်းကင်ဘုံနတ်ဆိုး သံချပ်ဝတ်မှာ တုန်လှုပ်သွားရတော့သည်။

ထိုအစီအမံမှာ ... ကမ္ဘာတစ်ခုလုံး၏ အစွမ်းကို ထိန်းချုပ်နိုင်သော သူသည်ပင် ဘာမှမလုပ်နိုင်သည့် အစီအမံတစ်ခု ဖြစ်ပါ၏။

ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အစီအမံက ထိုသို့ အလွယ်တကူ ဖျက်ဆီးခံလိုက်ရသတဲ့လား...

သူ လောထျန်းအား ကြောက်ရွံ့တုန်လှုပ်စွာ လှမ်းကြည့်လိုက်သည်။

ထိုစဥ် လောထျန်းက မျက်မှောင်ကြုံ့၍ ပြောလာ၏။

" ကွေ့ရှအဆင့်ခြောက်ကိုပဲ ရောက်သွားတာလား ။ ဒါ ဘယ်လို အစီအမံမျိုးလဲကွာ.. တကယ့်အမှိုက်ပဲ "

All Chapters