← Chapters

ဖြစ်ရပ်များအားလုံး၏ နောက်ကွယ်မှကြိုးကိုင်သူ ၊ သနားစရာ လူကြီး

Vol. 43 Ch. 600

ဖြစ်ရပ်များအားလုံး၏ နောက်ကွယ်မှကြိုးကိုင်သူ ၊ သနားစရာ လူကြီး

Vol. 43 Ch. 600

လောထျန်းကိုင်ထားသော လူအရေခွံ၏ မျက်နှာပေါ်​တွင် ထူးဆန်းသော အမူအရာ ပေါ်လာ၏။

၎င်းမှာ အနည်းငယ် ပုံပျက်နေသည့်တိုင် အထင်သေးသည့် မျက်နှာထားဖြစ်ကြောင်း သေချာပါသည်။

" မင်းက... သင်မယ်.. ဟုတ်လား "

သူ့စကားလည်း ပိုချောမွေ့လာ၏။

" ရာယ်စရာကောင်းလိုက်တာကွာ ။ ငါ.. ဒီစည်းမျဥ်းတွေအတွက်.. ဘယ်လောက် ကုန်ကျခံထားလဲ.. မင်းမသိဘူး ။ ဒီကမ္ဘာပေါ်မှာ ငါတစ်ယောက်လွဲပြီး.. ဘယ်သူမှ မလုပ်နိုင်.. "

လောထျန်း မျက်မှောင်ကြုံ့သွားကာ ပြောလိုက်သည်။

" အဓိပ္ပါယ်မရှိတာတွေ မပြောဘဲ လုပ်မှာသာ လုပ်စမ်းပါ "

ဝုန်း..

သူ ထိုသို့ပြောကာ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး အရေခွံအား ထိုးခွဲလိုက်ပြန်သည်။

ဝီ..

ထို့နောက်တွင်.. အမှတ်အသားက ပြန်လင်းလာပြီး..

တခဏအကြာမှာပင် အရေခွံက ယခင်လို ပြန်ဖြစ်သွား၏။

" ဒါ... "

ထိုမြင်ကွင်းကို ခပ်လှမ်းလှမ်းမှ ကြည့်နေသည့် ကောင်းကင်ဘုံနတ်ဆိုးသံချပ်ဝတ်မှာ ရင်တစ်ခုလုံး ဗြောင်းဆန်သွားသလိုပင် ခံစားလိုက်ရသည်။

လောထျန်း၏ အစွမ်းက ကြောက်စရာကောင်းသည် မှန်သည့်တိုင် လူသားအရေခွံကလည်း အစွမ်းထက်လှသည် မဟုတ်ပါလား..

ထိုသို့သော မသေမျိုးအရာတစ်ခုကို မည်သူက ကိုင်​တွယ်နိုင်ပါမည်နည်း ။

ထိုစဥ်မှာပင် ပြန်ကောင်းသွားသော အရေခွံက လောထျန်းအား လှောင်ပြုံးဖြင့်ကြည့်ကာ ပြောလာ၏။

" မင်း.. သင်လိုက်နိုင်ပြီလား "

မည်သူတစ်ဦးတစ်ယောက်ကမှ ထိုစည်းမျဥ်းကို မသင်နိုင်ဟုလည်း သူ့စိတ်ထဲတွင် ယုံကြည်ချက် အပြည့်ရှိနေပါသည်။

တဖက်မှ ကောင်းကင်ဘုံနတ်ဆိုးသံချပ်ဝတ်ကလည်း လောထျန်းအား ကြည့်လာ၏။

လောထျန်းကမူ စိတ်ရှုပ်နေဟန် တူပါသည်။

" ပြီးသွားပြီနဲ့တူတယ်... "

ကောင်းကင်ဘုံနတ်ဆိုးသံချပ်ဝတ် စိတ်ထဲမှကြိတ်၍ သက်ပြင်းချလိုက်သည်။ လောထျန်းက သင်ယူနိုင်ခဲ့ပုံ မပေါ်သည်မှာ အသိသာချည်းပင် ။

ထိုသို့သော ပြိုင်ဘက်တစ်ယောက်ကို ရင်ဆိုင်ရာတွင် စည်းမျဥ်းများ၏ အစွမ်းကို မထိန်းချုပ်နိုင်ဘဲ တဖက်လူအား သတ်၍ရမည်မဟုတ်ပါချေ။

ထိုအရေခွံက လောထျန်းအား အနိုင်မယူနိုင်သည့်တိုင်.. လောထျန်းဘက်မှလည်း အချိန်ကြာလာသည်နှင့်အမျှ ပင်ပန်းလာပေလိမ့်မည်။

ထိုသို့ ပင်ပန်းမှုကြောင့်ပင် နောက်ဆုံး သေသွားနိုင်ပါသေး၏။

သို့သော်.. ထိုစဥ်မှာပင်..

" မင်းက... အချိန်နောက်ပြန် ဆုတ်သွားတဲ့ပုံပဲ "

လောထျန်းက ရုတ်တရက်ပြောလာသည်။

လူအရေခွံမှာ ထိုစကားကြောင့် လန့်သွားသော်လည်း အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။

" ငါ သိတယ်လေ ၊ ဘယ်လိုဖြစ်ဖြစ်.. မင်း.. ငါ့ကိုမသတ်နိုင်ဘူး "

သူ ပြောပြီးသည်နှင့် လောထျန်းအား တိုက်ခိုက်လိုက်

ပြန်သည်။

ဤတစ်ကြိမ်တွင်မူ လောထျန်းက ၎င်းကို ပြန်တိုက်ခိုက်ရန် ကောင်းကင်ဘုံလက်ဝါးသိုင်းကို မသုံးတော့ပါ ။

သူ တဖက်လူကိုကြည့်ပြီး လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်ကာ ပြောလိုက်၏။

" အဲ့လိုလား.. "

ထို့နောက်တွင်ကား..

ဝုန်း..

အရေခွံက အပိုင်းပိုင်း စုတ်ပြဲသွားတော့သည်။

" ခုနကနဲ့ ဘာကွာလို့လဲ "

ကောင်းကင်ဘုံနတ်ဆိုးသံချပ်ဝတ်က အပြစ်ဆိုရန် ပြင်လိုက်သည်။

သို့သော် ...

ဝီ..

လူအရေခွံက ပုံမှန်အတိုင်း ပြန်ဖြစ်လာသည့်တိုင် လောထျန်းအား ထပ်မတိုက်ခိုက်တော့ဘဲ နောက်သို့ အသည်းအသန် ဆုတ်သွား၏။

" မင်း... မင်း... လုံးဝ မဖြစ်နိုင်ဘူး "

သူ လောထျန်းအား တုန်လှုပ်စွာ ကြည့်လိုက်သည်။

ကောင်းကင်ဘုံနတ်ဆိုးသံချပ်ဝတ်က မည်သို့ဖြစ်သွားသည်ကို မမြင်သည့်တိုင် လူအရေခွံမှာ ကောင်းကောင်းကြီး သိလိုက်ပါသည်။

အစောက လောထျန်းညွှန်ခဲ့သည့် လက်ညိုးက သူ့အား တိုက်ရိုက်တိုက်ခိုက်ခဲ့ခြင်း မဟုတ်ဘဲ..

လောထျန်းက အချိန်စည်းမျဥ်းများကို ထိန်းချုပ်၍ အရေခွံအား အပိုင်းပိုင်းပြိုကွဲသွားသည့် အချိန်သို့ ပြန်သွားစေခဲ့ခြင်းပင် ။

၎င်းမှာ.. အရေခွံ၏ ထူးခြားသော အချိန်စည်းမျဥ်းအစွမ်းလည်း ဖြစ်ပါသည်။

လောထျန်းက ၎င်းကို အမှန်တကယ် တတ်မြောက်သွားခဲ့သတဲ့လား..

မည်သို့ ဖြစ်နိုင်ပါသနည်း..

တစ်ခုခု လွဲနေ၍သာ ဖြစ်ရပေမည်။

ထိုစဥ်မှာပင် တဖက်မှ လောထျန်းက အပြုံးဖြင့်ပြောလာ၏။

" အဲ့လိုကိုး... ငါ ထင်ထားတာ မှန်နေတာပဲ ။ ဒါပေမယ့် ငါ့ရဲ့ ထိန်းချုပ်နိုင်တဲ့အစွမ်းက လိုတော့လိုနေသေးတယ် ။ ထပ်စမ်းကြည့်မယ်ကွာ "

လောထျန်း ပြောကာ လူအရေခွံအား လက်ညိုးဖြင့် ထပ်ညွှန်လိုက်သည်။

ဝုန်း..

အရေခွံမှာ အပိုင်းပိုင်း ဖြစ်သွားပြန်၏။

သို့သော်.. ဤတစ်ကြိမ်တွင် အရေခွံက မိမိဘာသာ အကောင်းတိုင်းဖြစ်အောင် ပြန်မလုပ်နိုင်ခင်မှာပင်

လောထျန်းက စည်းမျဥ်းအစွမ်းကိုသုံးပြီး အကောင်းတိုင်းဖြစ်အောင် ပြန်လုပ်ပေးလိုက်သည်။

" မင်း... "

လူအရေခွံမှာ လောထျန်းအား စော်ကားဆဲဆိုရန် ပြင်လိုက်စဥ်မှာပင်.. လောထျန်းက သူ့အား ပြန်ပြိုကွဲသွားအောင် လုပ်ပြီးနောက်... မူလအ​ခြေအနေရောက်အောင် တဖန်ထပ်လုပ်လိုက်ပြန်၏။

ထိုသံသရာက အဆက်မပြတ် ဆက်ဖြစ်နေပြီးနောက် .. စက္ကန့်အနည်းငယ်လေး အတွင်းမှာပင် .. အရေခွံမှာ အကြိမ်ရေ ရာပေါင်းများစွာ ပြိုကွဲသွားရတော့သည်။

" အင်း.. ပိုပြီးတော့ ကျွမ်းကျင်လာပြီ "

လောထျန်းက အကောင်းတိုင်း ပြန်ဖြစ်လာသည့် တဖက်လူကိုကြည့်ရင်း ကျေနပ်နေသည့် အပြုံးဖြင့် ပြောလိုက်သည်။

ယခုတစ်ကြိမ်တွင်ကား... လူအရေခွံမှာ အလွန်တုန်လှုပ်သွားရပါတော့၏။

လောထျန်းက အချိန်နောက်ပြန်သွားသည့် စည်းမျဥ်းကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သွားပြီဟုလည်း သူ ယုံနေလေပြီ ။

၎င်းက ကြောက်စရာအကောင်းဆုံး မဟုတ်သေးပါ..

ကြောက်စရာအကောင်းဆုံးအရာမှာ.. လောထျန်းက ထိုစည်းမျဥ်းပို သုံးရာ၌ သူကိုယ်တိုင်ထက် ပို၍ ကျွမ်းကျင်နေသောကြောင့်ပင် ။

ဘာတွေ ဖြစ်နေပါသနည်း..

ထိုအစွမ်းကို တတ်မြောက်ရန်အတွက် သူ အကြိမ်ပေါင်းများစွာပင် ပြန်အသက်သွင်းခဲ့ရပြီး.. နောက်ဆုံးမှ ခက်ခက်ခဲခဲ တတ်မြောက်ခဲ့ရခြင်း ဖြစ်ပါသည်။

သို့သော် .. တဖက်လူက သူနှင့် တိုက်ခိုက်နေစဥ်မှာပင် သင်ယူတတ်မြောက်သွားခဲ့သတဲ့လား...

ဤကမ္ဘာကြီးတွင် ထိုသို့သော ဖြစ်ရပ်မျိုး အမှန်

တကယ် ရှိသတဲ့လား..

" မင်းကို သတ်မယ် "

ထိုစဥ်တွင် လူအရေခွံမှာ ဆုံးဖြတ်ချက်ကို ခိုင်မာစွာချလိုက်တော့သည်။ သူ့လက်ထဲတွင်လည်း ထွင်းစာတစ်ခု အရောင်လက်လာပြီး သတ်ရန်အသင့်ပြင်လိုက်၏။

သို့သော်...

" ငါ ကျွမ်းကျင်သွားပေမယ့် တိကျမှုတော့ လိုနေသေးသလိုပဲ။ ထပ်စမ်းကြည့်မယ်ကွာ "

လောထျန်းက ပြောကာ လက်ညိုးညွှန်လိုက်ပြန်သည်။

ဝုန်း..

တဖက်မှ လူအရေခွံ၏ ခန္ဓာကိုယ်အပေါ်ပိုင်းက အပိုင်းပိုင်းဖြစ်သွား၏။ သို့သော် ၎င်း၏ ခန္ဓာကိုယ်အောက်ပိုင်းကမူ အကောင်းတိုင်း ရှိနေဆဲပင် ။

" အင်း.. တိကျမှုလဲ တိုးတော့တိုးတက်လာပြီ ။ ဒါပေမယ့် နောက်ထပ်နည်းနည်းလောက် လေ့ကျင့်လိုက်တာ ပိုကောင်းပါတယ် "

လောထျန်းပြောကာ လက်ယမ်းပြီး တဖက်လူ၏ ခန္ဓာကိုယ်အား မူလအတိုင်းပြန်ဖြစ်အောင် လုပ်ပေးလိုက်သည်။

" မအေ ##....... "

တဖက်မှ လူအရေခွံက အကောင်းတိုင်း ပြန်ဖြစ်သည်နှင့် ဆဲဆိုအော်ဟစ်ရန် ပြင်လိုက်သည်။

သို့သော်....

ဝုန်း..

လောထျန်းက ထပ်တိုက်ခိုက်လိုက်သဖြင့် သူ့ခန္ဓာကိုယ် ဘယ်ဘက်ခြမ်း ပြိုကွဲသွားရပြန်၏။

" ထပ်လုပ်မယ်ကွာ "

လောထျန်းက အရောင်လက်နေသော မျက်လုံးများဖြင့် လူအရေခွံအား ထပ်တိုက်ခိုက်လိုက် ၊ အကောင်းတိုင်းဖြစ်အောင် ပြန်လုပ်လိုက်ဖြင့် ကြိမ်ဖန်များစွာ

ဆက်လုပ်နေလိုက်သည်။

ထိုအချိန်တွင် လူအရေခွံမှာကား... အလွန် ကူကယ်ရာမဲ့ ဖြစ်နေရှာတော့၏။

သူသည်... စကြဝဠာအတွင်းရှိ အဖြစ်ပျက်များ အားလုံး၏ နောက်ကွယ်မှ ကြိုးကိုင်သူကြီး တစ်ယောက် ဖြစ်ပါသည်။

သူ့အတွေးတစ်ခုဖြင့်ပင် ရာပေါင်းများစွာသော ကမ္ဘာငယ်လေးများကို ဖျက်ဆီးပစ်နိုင်ပါ၏။

သူ လှမ်းလိုက်သော ခြေလှမ်းလေးတစ်လှမ်းသည်ပင် မရေမတွက်နိုင်သော ဂိုဏ်းကြီးများ၏ သေခြင်း ၊ ရှင်ခြင်းအပေါ် အကျိုးသက်ရောက်နိုင်ပါသည်။

သို့သော်... ယနေ့တွင် သူက တဖက်လူ လေ့ကျင့်ရန်အတွက် အသုံးချခံ ဖြစ်နေသတဲ့လား...

ထို့ထက်ပိုဆိုးသည်မှာ.. သူ ၎င်းကို မည်သို့မှ ပြန်မခုခံနိုင်ခြင်းပင် ...

မည်မျှ ရှက်စရာကောင်းလိုက်ပါသနည်း ။

" မင်း... သေစမ်း... "

လူအရေခွံက ဒေါသတကြီးအော်ပြီး လက်ဝါးနှစ်ဖက်ကို စုလိုက်ရာ သူ့ကိုယ်ပေါ်တွင် ထွင်းစာများ အရောင်လက်လာကြသည်။

ဝုန်း..

သူ့ခန္ဓာကိုယ်ကလည်း ပြာအဖြစ် ချက်ချင်းပြောင်းသွားတော့၏။

" ကိုယ့်ကိုကိုယ် သတ်သေသွားတာလား "

ခပ်လှမ်းလှမ်းတွင် ရှိနေသည့် ကောင်းကင်ဘုံနတ်ဆိုးသံချပ်ဝတ်မှာ ၎င်းကိုကြည့်ရင်း အံ့သြမှင်သက်သွားတော့သည်။

ထိုလူအရေခွံမှာ မည်သည့်ရှုထောင့်မှကြည့်ကြည့် ကြောက်မက်ဖွယ် နတ်ဆိုးကြီးတစ်ပါးဖြစ်ကြောင်း အသိသာပါပင် ။

သို့သော်.. လောထျန်းက သူ့အား မိမိကိုယ်ကို သတ်သေသွားအောင် လှည့်စားခဲ့သတဲ့လား..

အရှက်ရစရာကြီးပင်..

သို့သော် လောထျန်းကမူ ထိုမြင်ကွင်းကိုကြည့်ရင်း အံ့အားသင့်သွားကာ ဒေါသတကြီး ပြောလာ၏။

" ဟေ့.. ငါ လေ့ကျင့်လို့ မပြီးသေးဘူးလေ ၊ ပြန်လာခဲ့စမ်း "

သူ ပြောပြီး လက်နှစ်ဖက်ကို စုလိုက်ရာ အချိန်နောက်ပြန်ဆုတ်သွားသည်။

ဝီ...

လူအရေခွံကလည်း အကောင်းတိုင်း ပြန်ဖြစ်သွားသည်။

" နင့်အမေ $#@### "

အရေခွံမှာ လောထျန်းကို မြင်သည်နှင့် ဆဲလိုက်တော့သည်။

သူသည် အမှတ်အသားကို ဖျက်ဆီးပြီး ဘဝသစ်သို့ ပြန်အသက်သွင်းရန် ကြိုးစားခဲ့သော်လည်း... လောထျန်းက ခွင့်မပြုခဲ့ဘူးတဲ့လား ။

ထိုလူက မည်မျှ ယုတ်မာလိုက်ပါသနည်း ။

ထို့ထက်ပို အရေးကြီးသည်မှာ အစောက သူလုပ်လိုက်သည့်အကွက်တွင် သူ့အစွမ်းများအားလုံးကို သုံးခဲ့ပါ၏။

တနည်းဆိုရသော်.. အချိန်ကို နောက်ပြန်ဆုတ်၍ မရသင့်ပါချေ။

သို့သော်... လောထျန်းက ပြန်လုပ်နိုင်ခဲ့ပါသည်။

ထို့အတွက် ဖြစ်နိုင်ချေမှာ တစ်ခုတည်းရှိပါ၏။ ၎င်းမှာ... လောထျန်း၏ အချိိန်စည်းမျဥ်းကို ထိန်းချုပ်နိုင်စွမ်းက သူ့ထက် သာလွန်နေပြီ ဆိုသည့် အဓိပ္ပါယ်ပင် ။

ထိုဖြစ်နိုင်ချေကို တွေးမိရုံဖြင့်ပင် လူအရေခွံမှာ

အလွန်ကြောက်ရွံ့ တုန်လှုပ်သွားတော့သည်။

လောထျန်းကမူ ယခင်နည်းအတိုင်း လူသားအရေခွံအား အစမ်းသပ်ခံအဖြစ် အကြိမ်ရေ ထောင်ပေါင်းများစွာ လေ့ကျင့်လိုက်ပြီးမှ နောက်ဆုံး ရပ်လိုက်၏။

" အင်း.. မင်းရဲ့အကွက်က တကယ်လဲ အသုံးဝင်တာပဲကွ။ ငါ အတိုင်းအတာ တစ်ခုအထိ အချိန်ကို နောက်ပြန်ဆုတ်နိုင်သွားပြီ ။ ဒါပေမယ့်.. ငါ နောက်ပြန်ဆုတ်နိုင်တဲ့ အချိန်က အလွန်ဆုံးမှ နာရီဝက်လောက်ပဲ ရှိသေးတာတော့ စိတ်မကောင်းစရာပဲ "

လောထျန်း တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

လူအရေခွံမှာ ထိုစကားကိုကြားပြီး ထပ်အံ့အားသင့်သွားရ၏။

နာရီဝက်တဲ့လား..

သူဆိုလျှင်... ဆယ်စက္ကန့်စာမျှသာ နောက်ပြန်ဆုတ်နိုင်ပါသည်။

ထိုသူက အမှန်တကယ် နာရီဝက်အထိ နောက်ဆုတ်နိုင်သတဲ့လား..

ဘီလူး...

ထိုသူမှာ ဘီလူးကြီးပင်...

ထိုစဥ်တွင် လောထျန်းက တဖက်လူကိုကြည့်ကာ ပြောလာ၏။

" ဒါကို တတ်သွားပြီဆိုတော့ ... မင်းဆီမှာ တခြားစည်းမျဥ်းတွေ ရှိသေးလား "

All Chapters