← Chapters

ထျန်းယွမ်ကမ္ဘာသခင်ကြီး ဝင်ပါခြင်း

Vol. 43 Ch. 601

ထျန်းယွမ်ကမ္ဘာသခင်ကြီး ဝင်ပါခြင်း

Vol. 43 Ch. 601

လူအရေခွံ : " ............ "

လောထျန်း ထပ်မေးလိုက်သည်။

" မရှိတော့ဘူးလား "

လူအရေခွံ : " ........... "

တဖက်လူက မည်သို့မှ ပြန်မပြောသဖြင့် လောထျန်း မျက်နှာကြီး သုန်မှုန်သွားသည်။

" မင်းက ငါဘယ်လောက်မေးမေး ပြောပြမယ့်ပုံလဲ မပေါ်ပါဘူး ။ ဒါဆိုလဲ သွားချင်ရာသွားတော့ကွာ.. "

လောထျန်းက အထင်သေးသည့် မျက်နှာဖြင့်ပြောကာ လက်ယမ်းလိုက်သည်။

တဖက်မှ လူအရေခွံမှာကား ထိုမြင်ကွင်းကိုကြည့်ပြီး ပိုဒေါသထွက်သွားရပါ၏။

ဘာတွေဖြစ်နေပါသနည်း..

တဖက်လူက သူ့ထံမှ နည်းလမ်းများကို သင်ယူသွားပြီးမှ ယခု သူ့ကို အထင်သေးနေသတဲ့လား..

မည်မျှ ဒေါသထွက်စရာ ကောင်းလိုက်ပါသနည်း..

သူ ချက်ချင်းပင် လောထျန်းအား တိုက်ခိုက်ရန် ပြင်လိုက်သည်။

သို့သော် ထိုစဥ်မှာပင် လောထျန်းက သူ့ဘက်လှည့်ကြည့်ကာ မျက်မှောင်ကြုံ့ပြောလာ၏။

" ဘာလဲ.. မင်းက မသွားချင်ဘူးလား ။ ဒါဆိုလဲ မင်းကိုငါ နည်းနည်းထပ်ပြီး လေ့ကျင့်ရတာပေါ့ "

လူအရေခွံ တုန်သွားကာ သူ့မျက်လုံးထဲမှ အလင်းရောင်များလည်း ပျောက်ကွယ်လုနီးပါး ဖြစ်သွားသည်။

အစောက လောထျန်းကြောင့် သူ ခံစားခဲ့ရသော အရှက်ရမှုကိုလည်း ပြန်တွေးမိကာ တစ်ကိုယ်လုံး တောင့်တင်းအေးစက်သွားသလိုပါပင် ။

သို့သော် သူ မည်သို့မှ ပြန်မပြောဘဲ လက်ဖြင့် အစီအမံတစ်ခု ချက်ချင်းလုပ်လိုက်၏။

ဝုန်း...

လူအရေခွံရော သူ့ကိုယ်ပေါ်မှ အမှတ်အသားပါ တမဟုတ်ချင်း ပြိုကွဲသွားတော့သည်။

" ဟင်... သေ.. သေသွားပြီလား "

ကောင်းကင်ဘုံနတ်ဆိုးသံချပ်ဝတ် တုန်လှုပ်သွားရပြန်သည်။

လောထျန်းက ခေါင်းယမ်း၍ ပြန်ပြော၏။

" ဘယ်ဟုတ်မလဲကွ... ခုနက ကောင်က သူ့ရဲ့ ကိုယ်ပွားတွေအများကြီးထဲကမှ တစ်ခုပဲဖြစ်မှာ "

" ကိုယ်ပွားလား.. ကြောက်စရာကောင်းလိုက်တာ "

ကောင်းကင်ဘုံနတ်ဆိုးသံချပ်ဝတ်က တုန်တုန်ယင်ယင် ဆိုလိုက်သည်။

လောထျန်းက ထိုသို့ ကြောက်စရာအစွမ်းမျိုး ရှိသူကိုပင် လက်ဝါးထဲထည့်၍ စိတ်ကြိုက်ကစားနိုင်ခဲ့

ပါသည်။

အကယ်၍ .. သူကိုယ်တိုင်သာ ထိုလူအရေခွံနှင့် တစ်ယောက်ချင်း ရင်ဆိုင်ရပါက အစွမ်းကုန်သုံးခဲ့လျှင်ပင် လုံးဝ ယှဥ်နိုင်မည်မဟုတ်မှန်း ကောင်းကောင်းကြီး သိပါ၏။

" အဲ့ဒါ.. ရှေးဟောင်းနတ်ဆိုးဘိုးဘေးလား.. "

ထိုစဥ် လောထျန်းက ရုတ်တရက်မေးလာသည်။

ကောင်းကင်ဘုံနတ်ဆိုးသံချပ်ဝတ်က ချက်ချင်း ပြန်ဖြေသည်။

" မဟုတ်ဘူးဗျ... ဒီလူက ရှေးဟောင်းနတ်ဆိုးဘိုးဘေး မဟုတ်တာ လုံးဝသေချာတယ် ။ ကျုပ် ရှေးဟောင်းနတ်ဆိုးဘိုးဘေးရဲ့ အရောင်အဝါကို အရင်က ခံစားဖူးတယ်... ဒီတစ်ယောက်နဲ့ လုံးဝ မတူဘူး "

လောထျန်း နားမလည်နိုင် ဖြစ်သွားဟန်ဖြင့် ထပ်မေး၏။

" ရှေးဟောင်းနတ်ဆိုးဘိုးဘေးလဲ မဟုတ်ဘူးဆိုတော့.. ဘယ်သူလဲ "

ကောင်းကင်ဘုံနတ်ဆိုးသံချပ်ဝတ်မှာ ခဏတာမျှ ဆွံ့အသွားသည်။

ထိုသူက မည်သူ ဖြစ်နိုင်ပါသနည်း..

ထိုစဥ်တွင် ထျန်းယွမ်ကမ္ဘာသခင်ကြီးက ရုတ်တရက်ပြောလာသည်။

" ငါ ထင်တဲ့သူတော့ ရှိတယ် "

" ဟင်.. ဘယ်သူလဲ သခင်ကြီး "

လောထျန်း မေးလိုက်သည်။

ထျန်းယွမ်ကမ္ဘာသခင်ကြီးက ပြန်ပြော၏။

" ငါထင်တာတော့ ရှေးဟောင်းနတ်ဆိုးဘိုးဘေးက ခုနက ကောင်ကြီးဆီကနေ အမွေအနှစ်တွေ လက်ခံရခဲ့တာနဲ့တူတယ် ။ အဲ့လူက နတ်ဆိုးဘိုးဘေးနဲ့ အပေးအယူတချို့လုပ်ပြီး သူ့ရဲ့အမှတ်အသားကို ချန်ထားခဲ့တဲ့ပုံပဲ "

" တစ်ချိန်ကျရင် တဖက်လူက အမှတ်အသားကိုသုံးပြီး နတ်ဆိုးဘိုးဘေးရဲ့ ခန္ဓာကိုယ်ကို ပြန်ယူမယ်..

အဲ့လိုပေါ့ကွာ "

" ဒါပေမယ့် .. နတ်ဆိုးဘိုးဘေးက အစွမ်းထက်လာတော့ အဲ့လူရဲ့ ရုပ်သေးရုပ်ဖြစ်ဖို့ ဆန္ဒမရှိတော့တဲ့ပုံပဲ။ ဒါ့ကြောင့်မို့ သူက ဒီလျှို့ဝှက်နည်းလမ်းကိုသုံးပြီး သူ့ရဲ့အရေခွံကိုပဲ ရှေးဟောင်းနတ်ဆိုးကမ္ဘာမှာ ချန်ထားပြီးတော့ ထွက်ပြေးသွားတာ "

" အဲ့ လူအရေခွံကတောင် မျိုးဆက်တစ်ရာ နတ်ဆိုးဧကရာဇ်ခန္ဓာကိုယ် ရှိနေတာ မင်းတို့လဲ မြင်တာပဲကွာ။ နတ်ဆိုးဘိုးဘေးက သူ အသက်ရှင်ဖို့အတွက် အစွမ်းထက်တဲ့ အရေခွံကို ချန်ထားခဲ့တာဆိုတော့... သူကိုယ်တိုင်လဲ ဆုံးရှုံးမှုကြီးကြီး ဖြစ်သွားခဲ့ရမှာ သေချာတယ် "

" ဒါ့ကြောင့်မို့လဲ သူ ရှေးဟောင်းနတ်ဆိုးကမ္ဘာကို ပြန်မလာရဲဘဲ တစ်နေရာရာမှာ ပုန်းနေတာနဲ့တူတယ် "

လောထျန်းရော ​ကောင်းကင်ဘုံနတ်ဆိုးသံချပ်ဝတ်ကပါ သူ့စကားကို သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်ကြ၏။

" အဲ့လိုက ဖြစ်နိုင်ချေအများဆုံးနဲ့ တူတယ် "

လောထျန်း ပြောလိုက်သည်။

ကောင်းကင်ဘုံနတ်ဆိုးသံချပ်ဝတ်က တုန်လှုပ်နေဟန်ဖြင့် ရေရွတ်၏။

" ရှေးဟောင်းနတ်ဆိုးဘိုးဘေးရဲ့ အမွေအနှစ်က အဲ့လူဆီက လာခဲ့တာလား.. သူက ဘယ်သူလဲ "

ထျန်းယွမ်ကမ္ဘာသခင်ကြီးက သက်ပြင်းချ၍ ပြန်ပြောသည်။

" စကြဝဠာကြီးက ကြီးမားကျယ်ပြောလွန်းတော့ အစွမ်းထက်တဲ့သူတွေလဲ အများကြီးရှိကြတယ် ။ သူ့လိုလူတစ်ယောက် ရှိနေတာ မဆန်းပါဘူးကွာ "

ထိုသို့ပြောပြီးနောက် သူ ရုတ်တရက် စကားလမ်းလွှဲကာ လောထျန်းအား ပြောလိုက်၏။

" ဒါပေမယ့် လောထျန်း ၊ မင်းနဲ့ အဲ့ကောင်ကြီးနဲ့က ဒီနေ့မှာ တကယ့်ရန်ဘက်တွေ ဖြစ်သွားကြပြီနော် ။ သူ့ဘက်က လက်တုန့်ပြန်လာနိုင်တာမို့ မင်း သတိထားမှဖြစ်မယ် "

လောထျန်း ခေါင်းယမ်းလိုက်သည်။

" သူနဲ့ကျုပ်က အရင်တည်းက ရန်ငြိုးတွေ ရှိထားပြီး

သားဗျ "

ရှောက်ထျန်းလုံလေး ကိစ္စတွင် သူ ဝင်ပါခဲ့စဥ်ကတည်းက သူနှင့် တဖက်လူတို့ ရန်ဘက်များ ဖြစ်ခဲ့ကြပါသည်။

သို့သော် လောထျန်းက ထိုစဥ်ကရော ယခုရော.. နှစ်ပွဲလုံးကို အနိုင်ရခဲ့ပါ၏။

သို့တိုင်.. တဖက်လူ၏ ခန္ဓာကိုယ်အစစ်က လောထျန်းကိုသတ်ရန် ထွက်မလာခဲ့ပေ။

ထို့အတွက် ဖြစ်နိုင်ချေမှာ နှစ်ခုရှိပါသည်။

ပထမတစ်ခုမှာ တဖက်လူက လောထျန်းလောက် အစွမ်းမထက်သဖြင့် မလာရဲခြင်းပင်..

ဒုတိယတစ်ခုမှာ တဖက်လူက သူ့ထက်ပို အစွမ်းထက်သော်လည်း.. ထိုသူ၏ ခန္ဓာကိုယ်က လာ၍မရသောကြောင့် ဖြစ်နိုင်ပါသည်။

ပထမ ဖြစ်နိုင်ချေအတွက်မူ လောထျန်း သိပ်မစိုးရိမ်

လှသော်လည်း..

ဒုတိယဖြစ်နိုင်ချေအတွက်မူ သူ အနည်းငယ် စိုးရိမ်ပါ၏။

အကယ်၍ တဖက်လူ၏ ခန္ဓာကိုယ်အစစ်ရောက်လာလျှင် ... ဘယ်အချိန်ရောက်လာမည်ကို သူ မသိနိုင်ပါ ။

ထို့ကြောင့် သူ့အစွမ်းကို မြန်နိုင်သမျှမြန်မြန် အစွမ်းပိုတိုးအောင်လုပ်ရန် လိုပါသည်။

သူ့အစွမ်း ပိုတိုးပြီး တဖက်လူ၏ ခန္ဓာကိုယ်ထက် ပိုအစွမ်းထက်သွားမှာသာလည်း ထိုပြဿနာကို ဖြေရှင်း၍ ရသွားပေမည်။

အားလုံးက အစွမ်းအပေါ်သာ မူတည်သည် မဟုတ်ပါလား..

လောထျန်း ထိုသို့တွေးကာ ထျန်းယွမ်ကမ္ဘာသခင်ကြီးအား ပြောလိုက်သည်။

" သခင်ကြီး ၊ ဒီကိစ္စလဲ ပြီးသွားပြီဆိုတော့ ကျုပ်တို့

တွေ ထျန်းယွမ်ကမ္ဘာကိုပြန်ဖို့ ပြင်ကြစို့လေ။ ထျန်းယွမ်ကမ္ဘာ ဘယ်မှာရှိတယ်ဆိုတာ သခင်ကြီး ကြည့်လို့ရပြီလား "

သို့သော် ထျန်းယွမ်ကမ္ဘာသခင်ကြီး ပြန်မပြောနိုင်ခင်မှာ ကောင်းကင်ဘုံနတ်ဆိုးသံချပ်ဝတ်က ရုတ်တရက် ပြောလာ၏။

" ထျန်းယွမ်ကမ္ဘာလား.. သခင်ကြီးက ထျန်းယွမ်ကမ္ဘာကို သွားမှာလား ။ နောက်ထပ် ရက်နည်းနည်းနေရင် ဒီရှေးဟောင်းနတ်ဆိုးကမ္ဘာနဲ့ ထျန်းယွမ်ကမ္ဘာတို့ ကမ္ဘာပတ်လမ်းချင်း ထပ်တူကျပြီး ဆုံကြမှာဗျ ။ အဲ့ကျရင် ကမ္ဘာနှစ်ခုကြား တံခါးပေါက်လဲ ပွင့်သွားမှာ "

" ဟင်.. အဲ့လောက်မြန်တာလား "

လောထျန်း တအံ့တသြ ဖြစ်သွားရသည်။

ကောင်းကင်ဘုံနတ်ဆိုးသံချပ်ဝတ်က ပြန်ပြော၏။

" ဟုတ်တယ်ဗျ ။ ဒီမတိုင်ခင်က ကမ္ဘာသခင်ကြီးရဲ့ အမိန့်နဲ့ ကျုပ် ရှေးဟောင်းနတ်ဆိုးကမ္ဘာ လည်ပတ်နှုန်းကို နည်းနည်းတိုးထားပြီးတော့ ကမ္ဘာနှစ်ခု ဆုံမယ့်အချိန်ကို စောရောက်အောင် လုပ်ထားတာ "

သူ့စကားကြောင့် လောထျန်း မှင်သက်သွားသည်။

ထို့နောက်တွင်ကား သူ့မျက်နှာထား ချက်ချင်းတင်းသွား၏။

ဝုန်း..

လောထျန်း လက်သီးဆုပ်၍ အေးစက်စက်ပြောလိုက်သည်။

" ငါ မေ့တောင်မေ့တော့မလို့... မင်းတို့ ရှေးဟောင်းနတ်ဆိုးကမ္ဘာက ငါတို့ ထျန်းယွမ်ကမ္ဘာကို ကျူးကျော်ဖို့ ပြင်နေခဲ့ကြတာ မဟုတ်လား ။ မင်းက အဲ့ကိစ္စမှာ ကူညီထားတာဆိုတော့ ရန်သူပဲ ။ မင်းတို့ဘက်က စစ်ပွဲကို စချင်မှတော့လဲ စလိုက်ကြတာပေါ့ကွာ "

လက်ရှိတွင် ရှေးဟောင်းနတ်ဆိုးကမ္ဘာ၏ ကမ္ဘာသခင်ကြီးက သေသွားခဲ့ပြီဖြစ်ပြီး.. လောထျန်းမှာလည်း အချိန်နောက်ပြန်သွားသည့်အစွမ်းကို ကျွမ်းကျင်တတ်မြောက်ထားကာ မသေမျိုးတစ်ယောက် ဖြစ်နေလေပြီ ။

သို့ဖြစ်ရာ လောထျန်းအတွက် မည်သို့သော အခက်အခဲ ၊ အတားအဆီးမျိုးမှ မရှိတော့ပါချေ။

လောထျန်းစကားကို ကြားသော ကောင်းကင်ဘုံနတ်ဆိုးသံချပ်ဝတ််မှာကား... ချက်ချင်း ပြိုလဲကျတော့မလို ဖြစ်သွားပါ၏။

" ဒါ... နားလည်မှုလွဲတာပါဗျာ.. နားလည်မှုလွဲတာပါ.. ။ ထျန်းယွမ်ကမ္ဘာကို ကျူးကျော်ချင်တဲ့သူက ကမ္ဘာသခင်ကြီးပါ.. ကျုပ် မဟုတ်ပါဘူး ။ ကျုပ်က ဒီတိုင်း သာမာန် အစောင့်အကြပ် မှော်လက်နက်တစ်ခုပါပဲဗျာ "

သူ ငိုတော့မလို အသံဖြင့် ပြောလိုက်သည်။

တဖက်မှ ထျန်းယွမ်ကမ္ဘာသခင်ကြီးက စိုးရိမ်တကြီး မေးလာ၏။

" ရှေးဟောင်းနတ်ဆိုးကမ္ဘာရဲ့ ကမ္ဘာသခင်ကြီးက ဘယ်မှာလဲ "

အစောပိုင်းတွင် နတ်ဆိုးဂူ၏ ဖိအားဒဏ်ကြောင့် ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ မိမိကိုယ်ကို ချုပ်နှောင်ထားခဲ့သည့်အတွက် ဘာတွေဖြစ်သွားခဲ့သည်ကို လုံး

ဝ မသိပါချေ။ ထို့ကြောင့်လည်း သူ ဤမေးခွန်းကို မေးလိုက်ခြင်းဖြစ်၏။

ကောင်းကင်ဘုံနတ်ဆိုးသံချပ်ဝတ်က ကူကယ်ရာမဲ့စွာ ပြန်ပြောသည်။

" ကမ္ဘာသခင်ကြီးက အသတ်ခံလိုက်ရပါပြီ "

တစ်လက်စတည်း ​မည်သို့ဖြစ်သွားခဲ့သည်ကိုပါ သူ ပြန်ပြောပြလိုက်၏။

အားလုံးပြောပြီးနောက်မှ ကောင်းကင်ဘုံနတ်ဆိုးသံချပ်ဝတ်က လောထျန်းအား ကူကယ်ရာမဲ့နေသည့်မျက်နှာဖြင့် ကြည့်ကာ ဆက်ပြောသည်။

" သခင်ကြီးလောထျန်း ၊ သခင်ကြီးက ကျုပ်တို့ ရှေးဟောင်းနတ်ဆိုးကမ္ဘာက ရတနာတွေအားလုံးကိုလဲ ယူသွားပြီးပါပြီဗျာ ။ ဒီကိစ္စကိုတော့ ခွင့်လွှတ်ပေးပြီး ကျုပ်တို့ကို ချမ်းသာခွင့်ပေးပါ။ ဒီနေ့ကစပြီးတော့ ကျုပ်တို့ ရှေးဟောင်းနတ်ဆိုးကမ္ဘာက ဘယ်သူကမှ ထျန်းယွမ်ကမ္ဘာကို မကျူးကျော်စေရဘူးလို့ ကတိပေးပါတယ် "

လောထျန်း ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ.. ထျန်းယွမ်

ကမ္ဘာသခင်ကြီးဘက် ကြည့်၍ မေးလိုက်သည်။

" သခင်ကြီးရော ဘယ်လိုထင်လဲ "

ထျန်းယွမ်ကမ္ဘာသခင်ကြီးကလည်း ခဏတာမျှ စဥ်းစားပြီးမှ ပြန်ပြော၏။

" ရှေးဟောင်းနတ်ဆိုးကမ္ဘာက လူတွေ ထျန်းယွမ်ကမ္ဘာကို မကျူးကျော်ဘူးဆိုတာကို မင်း ဘယ်လို အာမခံပေးနိုင်မှာလဲ "

ကောင်းကင်ဘုံနတ်ဆိုးသံချပ်ဝတ်က ချက်ချင်း ပြန်ပြောသည်။

" လက်ရှိ ထျန်းယွမ်ကမ္ဘာကို ကျူးကျော်ချင်ကြတဲ့ ရှေးဟောင်းနတ်ဆိုးကမ္ဘာက အစွမ်းထက်ကျင့်ကြံသူတွေက သခင်လေးလောထျန်းကြောင့် သေသွားခဲ့ကြပါပြီ ။ ကျန်တဲ့သူတွေကိုတော့ ဘာမှ စိုးရိမ်စရာ မရှိပါဘူးဗျာ ။ ဒါပေမယ့်.. သခင်ကြီး စိတ်မချသေးဘူးဆိုရင်.. ကျုပ် ဒီရှေးဟောင်းနတ်ဆိုးကမ္ဘာမှာ အဲ့လိုကျူးကျော်ချင်စိတ် ရှိနေသေးတဲ့သူတွေအားလုံးကို သတ်ပစ်ပေးပါ့မယ်။ ပြီးတော့... နောက်ထပ် ပေါ်လာတဲ့ကမ္ဘာသခင်ကြီးတွေထဲမှာလဲ ထျန်းယွမ်ကမ္ဘာကို ကျူးကျော်ဖို့ စိတ်ကူးရုံနဲ့ ကျုပ်ကိုယ်တိုင် သူ့ကို အသေဆိုးနဲ့သေရအောင် လုပ်မယ်လို့ ကတိ

ပေးပါတယ် "

All Chapters