← Chapters

အရှုပ်အထွေး ခန္ဓာကိုယ် အဆင့်လေး

Vol. 43 Ch. 602

အရှုပ်အထွေး ခန္ဓာကိုယ် အဆင့်လေး

Vol. 43 Ch. 602

ကောင်းကင်ဘုံနတ်ဆိုးသံချပ်ဝတ်မှာ လောထျန်းက ဒေါသတကြီးဖြင့် ရှေးဟောင်းနတ်ဆိုးကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးပစ်မည်စိုးသောကြောင့်...

ပြတ်ပြတ်သားသားပင် ပြောလိုက်၏။

" ဒါ့အပြင်ကို.. အဲ့မတိုင်ခင် ထျန်းယွမ်ကမ္ဘာကို ကျူးကျော်ခဲ့ဖူးတဲ့ သူတွေကိုလဲ ကျုပ် သတ်ပစ်ပါ့မယ် ။ သခင်ကြီး လောထျန်းအနေနဲ့ ဒီ ရှေးဟောင်းနတ်ဆိုးကမ္ဘာ အသက်ဆက်နိုင်အောင် နည်းနည်းလေး ချန်ထားပေးဖို့ပဲ ကျုပ်တောင်းဆိုချင်တာပါဗျာ "

သူ ဆက်ပြောလိုက်သည်။

လောထျန်းက သူ့လက်ကောက်ဝတ်မှ ကျောက်စိမ်းပြားကိုကြည့်ရင်း မေးလိုက်၏။

" သခင်ကြီး ဘယ်လိုသဘောရလဲ "

ထျန်းယွမ်ကမ္ဘာသခင်ကြီး သက်ပြင်းချ၍

ပြန်ပြောသည်။

" အဲ့လိုဆိုရင်တော့ လက်ခံလို့ ရပါတယ် "

လောထျန်း ခေါင်းညိတ်လိုက်၏။

" ကောင်းပြီ... ဒါဆိုရင် ဒီကိစ္စတွေအားလုံးကို ငါ ရှေးဟောင်းနတ်ဆိုးကမ္ဘာကနေ မခွာခင် ပြီးအောင်လုပ်ထားပါ "

" စိတ်မပူနဲ့ သခင်ကြီး "

ကောင်းကင်ဘုံနတ်ဆိုးသံချပ်ဝတ်မှာ ထိုစကားကိုကြားမှ စိတ်သက်သာရာ ရသွားတော့သည်။

ယခု ဖြစ်ရပ်ကြီး ပြီးနောက်တွင်.. ရှေးဟောင်းနတ်ဆိုးကမ္ဘာက အဆုံးရှုံးကြီးစွာ ဖြစ်သွားမည် မှန်သည့်တိုင်..

တစ်ကမ္ဘာလုံး ဖျက်ဆီးခံရမည့် အရေးမှ ကင်းလွတ်သွားရလေပြီ ။

" အခု နတ်ဆိုးဂူကို အရင်သွားရအောင် "

လောထျန်း ပြောလိုက်သည်။

ထိုနေရာတွင် သူ့ကိုစောင့်နေကြမည့် ဟူဒဟူနှင့် ကောင်းကင်ဘုံနတ်ဆိုးကျောက်ပြားတို့ ရှိနေသေးသည် မဟုတ်ပါလား ။

" ဟုတ်ကဲ့ပါ "

ကောင်းကင်ဘုံနတ်ဆိုးသံချပ်ဝတ်က ထိုတစ်ခွန်းသာ ပြောပြီး လောထျန်းအား နတ်ဆိုးဂူ အပြင်ဘက်ဆီသို့ ပြန်ခေါ်သွားလိုက်သည်။

" သခင်လေး ပြန်လာပြီ "

လောထျန်း ပြန်ရောက်လာသည်ကို မြင်သည်နှင့် မိုယွိ၏ မျက်လုံးများ အရောင်လက်သွားကြ၏။

" ဒါ... မျိုးဆက်တစ်ရာ နတ်ဆိုးဧကရာဇ်ခန္ဓာကိုယ်ရဲ့ အစွမ်းလား "

မိုယွိမှာ မနေနိုင်ဘဲ လောထျန်း၏ ရင်ဘတ်အား လက်ဖြင့်ကိုင်လိုက်သည်။

လောထျန်း လန့်သွားပြီး သူမကို ချက်ချင်းတွန်းထုတ်လိုက်၏။

" စကားနဲ့ပဲပြောလေကွာ.. လက်မပါနဲ့ "

မိုယွိမှာ ထိုစကားကြောင့် ရှက်သွားသော်လည်း လောထျန်းကို မကြည့်ဘဲ မ​နေနိုင်ပါချေ။ သူမ လက်ကို ကြိမ်ဖန်များစွာ မြှောက်လိုက်ပြီးမှ သူမကိုယ်သူမ အတင်းပြန်ထိန်းချုပ်လိုက်ရသည်။

" အကိုလောထျန်း... "

ထိုစဥ်တွင် ဟူဒဟူက လောထျန်းဆီသို့ တွန့်ဆုတ်စွာ လျှောက်လာသည်။

လောထျန်းက သူ့ကိုမြင်သည်နှင့် နှုတ်ခမ်းတွန့်ရုံပြုံး၍ ပြောလိုက်၏။

" ဟူဒဟူ.. ငါ မင်းကို ပေးစရာ လက်ဆောင်နောက်တစ်ခု ရှိသေးတယ် "

" ဟင်.. "

ဟူဒဟူ အံ့အားသင့်သွားရသည်။

လောထျန်းက ဟူဒဟူ၏ မျက်ခုံးနှစ်ခုကြားသို့ လက်ညိုးဖြင့် ညွှန်လိုက်၏။

ထို့နောက်တွင်မူ ဟူဒဟူ၏ အသိစိတ်ပင်လယ်ထဲ

တွင် သိုင်းကျမ်းစာများ ပေါ်လာသည်။

" မြေကမ္ဘာနတ်ဆိုးလမ်းစဥ်ပါလား .. "

ဟူဒဟူ တုန်လှုပ်ခြင်းကြီးစွာ ဖြစ်သွားရတော့၏။

" ကောင်းကောင်းကျင့်ကြံပြီးတော့ မြန်မြန်အဆင့်တက်အောင် လုပ်နော် "

လောထျန်းက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် အကိုလောထျန်း ၊ ကျုပ် အခုပဲ သွားကျင့်ကြံလိုက်ပါမယ် "

ဟူဒဟူ စိတ်လှုပ်ရှားစွာ ပြောပြီးနောက် တစ်ကိုယ်တည်းကျင့်ကြံရန် ထွက်ခွာသွား၏။

" လောထျန်း.. မင်းရဲ့ နတ်ဆိုးခန္ဓာကိုယ်လဲ ပုံပေါ်သွားပြီဆိုတော့.. နောက်တစ်ဆင့်အနေနဲ့ အဲ့ဒီ မျိုးဆက်တစ်ရာ နတ်ဆိုးဧကရာဇ်ခန္ဓာကိုယ်ကို မင်းရဲ့ အရှုပ်အထွေးခန္ဓာကိုယ်နဲ့ ပျော်ဝင်ပေါင်းစပ်သွားအောင် လုပ်ရတော့မှာ ။ အဲ့ကျရင် မင်းရဲ့ ခန္ဓာကိုယ်အစွမ်းလဲ ပိုတိုးသွားလိမ့်မယ် "

ထျန်းယွမ်ကမ္ဘာသခင်ကြီး ပြောလိုက်သည်။

" ပျော်ဝင်သွားအောင် ပေါင်းစပ်ရမယ်.. အဲ့လိုလုပ်လို့ ရတယ်လား "

လောထျန်းက တအံ့တသြ ပြန်မေး၏။

ထျန်းယွမ်ကမ္ဘာသခင်ကြီးက ရယ်မောရင်း ပြန်ဖြေသည်။

" အရှုပ်အထွေးခန္ဓာကိုယ်က အားလုံးနဲ့ ပေါင်းစပ်လို့ရသလို အားလုံးကလဲ အရှုပ်အထွေးခန္ဓာကိုယ်နဲ့ ​ပေါင်းစပ်နိုင်တယ်။ အဲ့တော့ မရစရာ ဘာအကြောင်းမှ မရှိဘူးလေ "

လောထျန်း ခေါင်းညိတ်လိုက်သည်။

" ကျုပ် သဘောပေါက်ပြီ ။ ဒါဆို ခုပဲ စလိုက်မယ်ဗျာ "

ထျန်းယွမ်ကမ္ဘာသခင်ကြီးက ရယ်ရင်း ဆက်ပြော၏။

" ထူးခြားတဲ့ ခန္ဓာကိုယ်တစ်ခုကို သန့်စင်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူးကွ ။ နှစ်တွေအများကြီး မလေ့ကျင့်ပဲနဲ့ မဖြစ်နိုင်ဘူး ။ အဲ့တော့ ထျန်းယွမ်ကမ္ဘာကို ပြန်ရောက်တဲ့အထိ အရင်စောင့်လိုက်ပါကွာ... အဲ့ကျမှ.... "

သို့သော်. .. သူ စကားဆုံးအောင်ပင် မပြောလိုက်ရပါ..

ဝုန်း..

လောထျန်းကိုယ်မှ နတ်ဆိုးအလင်းတန်းတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားသည်။

သူ့နောက်တွင်လည်း တာအိုစိတ်ဝိဥာဥ်အစစ်နှင့် နတ်ဆိုးအရိပ်တို့ တစ်သားတည်း ပေါင်းစပ်သွားပြီး.. ၎င်းမှ ထွက်လာသည့် ဖိအားမှာလည်း ယခင်ထက် အဆများစွာ ပိုတိုးသွားတော့သည်။

ထျန်းယွမ်ကမ္ဘာသခင်ကြီး၏ စိတ်ဝိဥာဥ် ရုတ်တရက် အပြင်ရောက်လာကာ လောထျန်းအား တုန်လှုပ်စွာကြည့်၍ ပြောလိုက်၏။

" ဒါ... တာအိုစိတ်ဝိဥာဥ်အစစ်လား ... မဟုတ်သေးဘူး ၊ တာအိုမသေမျိုးစိတ်ဝိဥာဥ်အစစ်တောင် ဖြစ်နေပြီ ။ ဒါ အဆင့်သုံး အရှုပ်အထွေးခန္ဓာကိုယ်ပဲ "

ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ သူ့မျက်လုံးသူပင် မယုံနိုင်တော့ပါချေ။

ဒဏ္ဍာရီကျော် အဆင့်သုံး အရှုပ်အထွေးခန္ဓာကိုယ်ကို မြင်ဖူးသည်မှာ ယခုက သူ့အတွက် ပထမဆုံးအကြိမ်ပင် ။

ထိုစဥ်တွင် လောထျန်းက လက်ကိုဘေးဆန့်ပြီး ပြောလာ၏။

" အင်း ကျင့်ကြံလက်စနဲ့ တစ်ခါတည်း ကျင့်ကြံလိုက်တာ ကောင်းပါတယ်လေ "

လောထျန်း ထိုသို့ပြောပြီး အသက်ပြင်းပြင်းရှိုက်ကာ ကွေ့ရှအဆင့် ခန္ဓာကိုယ်သန့်စင်ခြင်းကျင့်စဥ်ကို စကျင့်ကြံလိုက်သည်။

" ဟင်.. မင်း ဘာလုပ်မလို့လဲ... "

ထျန်းယွမ်ကမ္ဘာသခင်ကြီး တွန့်ဆုတ်သွား၏။

သို့သော် ထိုစဥ်မှာပင်..

ဝုန်း...

လောထျန်းနောက်မှ တာအိုမသေမျိုးစိတ်ဝိဥာဥ်

အစစ်က ပြောင်းလာပြန်သည်။

သူ့ကိုယ်မှလည်း အဆုံးမဲ့သော အရှုပ်အထွေးအစွမ်းများ ထွက်လာ၏။

ထို့နောက်တွင်မူ... တာအိုမသေမျိုးစိတ်ဝိဥာဥ်အစစ်အား အရှုပ်အထွေး နတ်ဘုရားအလင်းတန်းများ လွှမ်းခြုံလာကာ...

တခဏကြာပြီးနောက် ၎င်းက ခေါင်းသုံးလုံး ၊ လက်ခြောက်ဖက်ပါသည့် အရိပ်ကြီးတစ်ခုအဖြစ် ပြောင်းသွားတော့သည်။

ထိုခေါင်းသုံးလုံးထဲမှ တစ်ခုမှာ မျိုးဆက်တစ်ရာ နတ်ဆိုးဧကရာဇ်ခန္ဓာကိုယ်၏ အသွင်ရှိပြီး..

အခြားတစ်ခုမှာ တာအိုစိတ်ဝိဥာဥ်အစစ် ပုံရှိကာ..

ကျန်တစ်ခုမှာကား ခမ်းနားပြီး အရှိန်အဝါ ကြီးလှသည့်တိုင် မည်သို့သော အသွင်ဟူ၍ ပြောမရပါ ။

ထိုခေါင်းသုံးလုံးမှ ​ ထုတ်လွှတ်နေသည့်

အရောင်အဝါနှင့် ဖိအားမှာလည်း လုံးဝ မတူပါချေ။

သို့သော် ၎င်းတို့က ခန္ဓာကိုယ်တစ်ခုတည်းအဖြစ် ပေါင်းစပ်နေသည့်အတွက် သီးသန့်စီ မဟုတ်တော့ဘဲ.. အရောင်အဝါများကပါ တသားတည်းဖြစ်နေပါသည်။

သို့သော်... ထျန်းယွမ်ကမ္ဘာသခင်ကြီးအား ပိုတုန်လှုပ်သွားစေသည့်အရာမှာ ၎င်းတို့၏ လက်ခြောက်ဖက် ဖြစ်ပါသည်။

ထို လက်​များက လက်နက်တစ်ခုစီ ကိုင်ထားပါ၏။

သို့သော်.. လက်ရှိတွင် လက်နက်လေးခုမှာ မှုန်ဝါးဝါးအရိပ်များသာ ဖြစ်နေပြီး ရှင်းရှင်းလင်းလင်း မမြင်နိုင်သေးပေ။

နတ်ဆိုးအရိပ်နှင့် တာအိုစိတ်ဝိဥာဥ်အစစ်တို့၏ လက်တစ်ဖက်စီတွင် ကိုင်ထားသော လက်နက်နှစ်ခုမှာမူ ရှင်းလင်းပြတ်သားနေပါ၏။

နတ်ဆိုးအရိပ်ကြီး၏ ညာလက်ထဲတွင် ကိုင်ထား

သောလက်နက်မှာ ရှေးဟောင်းဓားတစ်လက်ဖြစ်ပြီး ၎င်းအပေါ်တွင်လည်း မဟာလမ်းစဥ်များ အရောင်လက်နေသည်။ ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ ထိုဓားကို တစ်ချက်ကြည့်ရုံဖြင့်ပင် သူ့စိတ်ဝိဥာဥ် ပြိုကွဲသွားတော့မလို ခံစားလိုက်ရ၏။

သူ ချက်ချင်း အကြည့်လွှဲပြီး အခြားလက်နက်တစ်ခုကို ကြည့်လိုက်သည်။

တာအိုစိတ်ဝိဥာဥ်အစစ်၏ လက်ထဲတွင်ကား ရွှေရောင်ခွက်ကြီးတစ်ခုကို ကိုင်လျက်..

" အချုပ်အနှောင် အစွမ်းလား "

ထျန်းယွမ်ကမ္ဘာသခင်ကြီး ပါးစပ်အဟောင်းသား ဖြစ်သွားကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။

ထိုရွှေရောင်ခွက်မှာ ရှေးဟောင်းဓားလောက် မျက်စိကျစရာ မကောင်းသည့်တိုင်.. ၎င်းက ဓားထက်ပင် များစွာပိုကြောက်စရာကောင်းမှန်း သူ မသိဘဲ မနေပါချေ။

" ဒါ... မျိုးဆက်တစ်ရာ နတ်ဆိုးဧကရာဇ်ခန္ဓာကိုယ်

ရဲ့ အစွမ်းအစစ်လား.. "

ထိုစဥ်တွင် ဘေးမှ မိုယွိမှာလည်း အံ့သြမှင်သက်နေတော့၏။

ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာလည်း ခေတ္တမျှ ဆွံ့အနေပြီးနောက်မှ ပြောလိုက်သည်။

" သေချာကြည့်လိုက်ဦး.. အဲ့ဒါ မျိုးဆက်တစ်ရာ နတ်ဆိုးဧကရာဇ်ခန္ဓာကိုယ် မဟုတ်ဘူးကွ ။ အဲ့ဒါ အရှုပ်အထွေးစိတ်ဝိဥာဥ်အစစ်ပဲ ။ အဆင့်လေး အရှုပ်အထွေးခန္ဓာကိုယ်ရဲ့ ထူးခြားတဲ့ လက္ခဏာတစ်ခုပေါ့ "

" ဟင်... ဒါဆို.... "

ကြားလိုက်ရသည့်စကားကြောင့် မိုယွိ မှင်သက်သွားရတော့သည်။

သူမ လောထျန်းအား အရောင်တလက်လက် တောက်နေသည့် မျက်လုံးအစုံဖြင့် စိုက်ကြည့်လိုက်၏။

" ဒါ... ကျွန်မ လေ့လာနေတဲ့ ခန္ဓာကိုယ်သန့်စင်နည်းတွေထဲက အစွမ်းအထက်ဆုံးပဲ "

သူမ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။

ဝီ..

ထိုစဥ်မှာပင် လောထျန်းက သူ့အစွမ်းများအားလုံးကို ပြန်သိမ်းလိုက်သဖြင့် အရာအားလုံး ပြန်တည်ငြိမ်သွားတော့သည်။

" သခင်ကြီး ၊ ကျုပ်က အဆင့်သုံး အရှုပ်အထွေးခန္ဓာကိုယ်မှာလား "

လောထျန်း မေးလိုက်၏။

ထျန်းယွမ်ကမ္ဘာသခင်ကြီး နှုတ်ခမ်းမဲ့သွားကာ ပြန်ပြောလိုက်သည်။

" မင်းက အဆင့်လေးကိုတောင် ရောက်နေပြီ "

" အင်... "

လောထျန်း အံ့အားသင့်သွားရတော့သည်။

" ကဲ... နောက်ထပ်ရက်နည်းနည်းလောက်တော့ မင်း အနားယူလိုက်ဦး ။ ထျန်းယွမ်ကမ္ဘာနဲ့ အစောဆုံး ကမ္ဘာပတ်လမ်းဆုံမှာ ရှေးဟောင်းနတ်ဆိုးကမ္ဘာဆိုတော့.. အဲ့ကျမှပဲ ကမ္ဘာနှစ်ခုကြား တံခါးပေါက်ကို

ဖြတ်ပြီး သွားကြတာပေါ့ ။ အဲ့လိုဆိုရင် မင်းရဲ့ အမြန်နှုန်းကြောင့် ဟင်းလင်းပြင်ထဲမှာ လမ်းပျောက်စရာလဲ အကြောင်းမရှိတော့ဘူး "

ထျန်းယွမ်ကမ္ဘာသခင်ကြီးက ကြောက်စိတ်မပြယ်သေးဟန်ဖြင့် ပြောလိုက်သည်။

လောထျန်း ခေါင်းညိတ်လိုက်၏။

" အဲ့အကြံ ကောင်းတယ်ဗျ "

ပြီးနောက် သူ ရုတ်တရက် ကောင်းကင်ယံသို့ ခေါင်းမော့ကြည့်လိုက်သည်။

ဤခရီးမှာ သူ ထင်ထားသည်ထက် ပိုကြာသွားခဲ့ရာ.. ပျောင်ပိုင်မြို့တွင် မည်သို့ဖြစ်နေကြမည် မသိပေ...

ထိုစဥ်.. ထျန်းယွမ်ကမ္ဘာ ၊ ထျန်းယွမ်ကျောင်းတော်၌....

" သခင်လေးလောထျန်းနဲ့ ပတ်သက်ပြီး ဘာသတင်းကြားသေးလဲ "

တာအိုသခင်ကြီး ထျန်းလုံက စိုးရိမ်မကင်းဟန်ဖြင့်

မေးလိုက်သည်။

သူ့ရှေ့တွင်ကား လောရုံနှင့် လောရှောင်ရှောင်းတို့နှစ်ယောက် ဘေးချင်းယှဥ်ရပ်နေကြ၏။

ထိုနှစ်ယောက်မှာ ထျန်းယွမ်စမ်းသပ်ပွဲတွင် ဝင်ပြိုင်ရန်အတွက် ပျောင်ပိုင်မြို့မှ ကိုယ်စားပြုလွှတ်လိုက်သော သူများပင် ။

သို့သော် တာအိုသခင်ကြီးထျန်းလုံအား တုန်လှုပ်သွားစေသည့်အချက်မှာ...

သူတို့နှစ်ယောက်အား သူ သိပ်မကြာသေးခင် တွေ့ခဲ့ရစဥ်၌... နှစ်ယောက်လုံးမှာ ယွဲ့ယန်ကမ္ဘာမှ ယွဲ့လင်၏ ဖိနှိပ်မှုကို ခံခဲ့ကြရပါသည်။

သို့သော်.. သူတို့နှင့် ရက်အနည်းငယ်လေး မတွေ့ခဲ့ရသည့်နောက်တွင်မူ... သူတို့၏ အစွမ်းကို သူ နားမလည်နိုင်တော့ပါ...

ဤရက်ပိုင်းလေးအတွင်းတွင် ဘာတွေ ဖြစ်သွားခဲ့ပါသနည်း။

" ဘာမှတော့ မကြားသေးဘူးဗျ ။ ဒါပေမယ့် အကိုထျန်းက သိဒ္ဓိဝင်ဆေးပင် သွားရှာမယ်ဆိုပြီးတော့ စာချန်ထားခဲ့တယ် ။ သူ မကြာခင် ပြန်လာမယ်လို့လဲ ပြောသွားတာဆိုတော့.. ထျန်းယွမ်စမ်းသပ်ပွဲ မတိုင်ခင် ပြန်ရောက်လောက်မှာပါ "

လောရုံ ပြန်ပြောလိုက်သည်။

ထိုစကားကိုကြားမှသာ သခင်ကြီးထျန်းလုံ သက်ပြင်းချလိုက်၏။

" အဲ့လိုဆိုရင်တော့ အကောင်းဆုံးပေါ့ကွာ ။ မဟုတ်ရင်တော့ ငါတို့ ထျန်းယွမ်ကမ္ဘာက ဒီတစ်ခေါက် လုံးဝ အပြောင်ရှင်းခံရတော့မှာ "

စာစဉ်ပြီး၏

All Chapters