အတွင်းပိုင်း
Vol. 7 Ch. 98
ဖျပ်၊ ဖျပ်။
သူတို့သုံးဦးသည် ဓာတ်မီးများကို ဖွင့်လိုက်ကြရာ၊ လမ်းကြောင်းတစ်ခုလုံး လင်းထိန်သွားသည်။ ခေါင်းထက်ရှိ မှိတ်တုတ်မှိတ်တုတ်လင်းနေသော မီးလုံးများမှလွဲ၍ အရာအားလုံးသည် အမှောင်ထုထဲတွင် ဖုံးလွှမ်းနေသည်။
“အိုး…အသစ်ကြီးပဲ’’
ကီကီသည် သူမ၏ ဓာတ်မီးကို လှည့်ပတ်လှည်း၍ ပတ်ဝန်းကျင်ကို စူးစမ်းကြည့်ရှုသည်။
“ဒီဟာက မကြာခင်ကမှ တည်ဆောက်ထားတဲ့ပုံပဲ’’
“ဒီမြေအောက်မြို့ကြီးက ပြီးတောင်မပြီးသေးဘူး။ ငါပြောရရင် ငါးပုံတစ်ပုံတောင် မပြီးသေးဘူးလို့ ထင်တယ်”
လင်းရှန်က ပြောသည်။
“ဖက်ဒရေးရှင်းရဲ့ ပူးပေါင်းအားထုတ်မှုနဲ့ တည်ဆောက်ထားပေမယ့် လူတစ်သန်းကိုတောင် မကယ်တင်နိုင်ဘူး…”
“ဒါပေမယ့် ဒီမြေအောက်မြို့တစ်ခုတည်းတော့ မဟုတ်ဘူးပေါ့။ ဖက်ဒရေးရှင်းပြိုကွဲသွားပြီဆိုပေမယ့် ပိုကြီးတဲ့ မြို့တွေ အပြင်မှာ ရှိမှာပဲ။ မေးခွန်းက သူတို့ရဲ့ အခြေအနေက ဘယ်လိုဖြစ်နေလဲဆိုတာပဲ။”
“ရှူး”
ရှေ့ဆုံးမှ ဦးဆောင်နေသော လင်းရှန်သည် ရုတ်တရက် ရပ်တန့်လိုက်သည်။
တာလို့နှင့် ကီကီတို့သည် ချက်ချင်း တင်းမာသွားကြသည်။
လင်းရှန်သည် ဓာတ်မီးကို မြှောက်ကာ ပလက်ဖောင်း၏အစွန်သို့ ထိုးလိုက်ရာ၊ အလုပ်သမားဝတ်စုံဖြင့် အမျိုးသားတစ်ဦး တိုင်တစ်ခုနှင့် ကျောမှီထားသည်ကို တွေ့လိုက်ရသည်။ သူ၏ တစ်ကိုယ်လုံးသည် အနည်းငယ် တုန်ယင်နေသည်။ ရုတ်တရက် အလင်းရောင်က ထိုသူ၏ အာရုံကို ဖမ်းစားလိုက်သည်။ သူသည် ဖြည်းညင်းစွာ လှည့်လာသည်။ သူ၏မျက်နှာပေါ်လာသည့်အခါ သူတို့သုံးဦးစလုံး၏ မျက်နှာအမူအရာများ ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။
သူ၏မျက်နှာသည် လုံးလုံးလျားလျား ပုပ်သိုးပြီး သန္ဓေပြောင်းသွားကာ မည်သူမည်ဝါမှန်း မခွဲခြားနိုင်တော့ပေ။ သူ၏ ဦးခေါင်းအလယ်မှ ၊ သွားများနှင့် ပြည့်နှက်နေသော ပါစပ်ကြီးသည် ပန်းပွင့်အလားပြန့်ကားလာသည်၊၊ကြောက်မက်ဖွယ်ကောင်းသော အနီရောင်ဖြစ်နေသည်။ ထိုမြင်ကွင်းသည် အလွန်ထိတ်လန့်ဖွယ်ရာပင်။
“ဒါ… ဒါဘာကြီးလဲ၊၊ ဖုတ်ကောင်လား’’
ကီကီ အသက်ရှူမှားသွားကာ ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ်၊ ဒါက လူမဟုတ်တော့ဘူး။”
ဟစ်စ်… ကလုကလု…
ထိုလူသားပုံစံသတ္တဝါသည် ထူးဆန်းသော အသံတစ်ခုကို ထုတ်လွှတ်လိုက်ပြီး၊ ၎င်း၏ ထိတ်လန့်ဖွယ်မျက်နှာကြီးသည် တုန်ယင်နေသည်။ လင်းရှန်နှင့် အခြားသူများကို မျက်လုံးချင်းဆုံသည့်အခါ၊ ၎င်းသည် ရုတ်တရက် ပြေးဝင်လာသည်၊၊
အာားးးးးး
“ပစ်တော့”
လင်းရှန်တို့သုံးယောက်၏ သေနတ်များမှ ကျည်ဆံများသည် ဖုတ်ကောင်၏ အသားထဲသို့ ဖောက်ဝင်သွားပြီး သွေးနှင့် တစ်သျှုးများ လွင့်စဉ်သွားသည်။ ထိုအင်အားက ထူးဆန်းသောဖုတ်ကောင်ကို အနည်းငယ် နောက်ပြန်တွန်းထုတ်လိုက်သော်လည်း၊ ၎င်းသည် ပြိုလဲမသွားဘဲ ပို၍မြန်ဆန်စွာ သူတို့ဆီသို့ ရောက်ရှိလာသည်၊၊
ဒက် ဒက် ဒက် ဒက်
ထူးဆန်းမှုကို သတိပြုမိသဖြင့် သူတို့သည် ချက်ချင်း ပစ်ခတ်မှုကို အာရုံစိုက်ကာ တွန့်လိန်နေသောအရာများနှင့် ၎င်း၏ ကြောက်မက်ဖွယ်ပါးစပ်ကို ပစ်မှတ်ထားလိုက်သည်။ ကျည်ဆံများက ၎င်း၏ ပုံပျက်နေသော ဦးခေါင်းကို ဖျက်ဆီးပစ်လိုက်ပြီး နောက်ဆုံးတွင် ၎င်းကို လဲကျသွားစေသည်။ မြေပေါ်သို့ ပြုတ်ကျပြီးနောက်ပင် ပါးစပ်ကြီးသည် စက္ကန့်အနည်းငယ်ကြာ ဆက်လက်တွန့်လိန်နေပြီးမှ ငြိမ်သက်သွားသည်။
“ဒီဟာက မမှန်ဘူး… သာမန်ဖုတ်ကောင်နဲ့ လုံးဝမတူဘူး။ သတိထားနေကြ”
လင်းရှန်သည် စိတ်မသက်မသာဖြစ်နေသည်။ သူတို့သုံးဦးစလုံးသည် စွမ်းအားရှင်များဖြစ်ကာ သေနတ်များဖြင့် လက်နက်တပ်ဆင်ထားသော်လည်း၊ ဤသန္ဓေပြောင်းဖုတ်ကောင်သည် ၎င်းတို့ ယခင်ကြုံတွေ့ခဲ့ဖူးသည့် မည်သည့်အရာထက်မဆို ခံနိုင်ရည်မြင့်မားသည်။ ၎င်း၏ အမြန်နှုန်းနှင့် ခံနိုင်ရည်သည် ကြောက်မက်ဖွယ်ပင်။
“အို၊ ရွံစရာကြီး။ ဘာလို့ ဒီလောက်သတ်ရခက်နေရတာလဲ’’
ကီကီသည် ရွံရှာစွာ နှာခေါင်းရှုံ့လိုက်သည်။
“ထူးဆန်းတဲ့ သတ္တဝါတစ်မျိုးဖြစ်နိုင်မလား”
တာလို့က ခန့်မှန်းပြောလိုက်သည်။
လင်းရှန်သည် ဓာတ်မီးကို အလောင်းဆီသို့ ညွှန်ကာ အနက်ရောင်မြူခိုးများရှိမရှိ စစ်ဆေးလိုက်သည်။ ဘာမှမတွေ့ရသဖြင့် သူ မျက်ခုံးတွန့်သွားသည်၊၊
“ငါတော့မထင်ဘူး…”
သူသည် အချိန်ကို စစ်ဆေးကြည့်သည်—ည ၆:၀၂ သာရှိသေးသည်။ ညအချိန်မရောက်သေးသော်လည်း၊ ပိုင်ဝမ်မြို့တွင် တွေ့ကြုံခဲ့ရသည့်အရာများအပြီး၊ အန္တရာယ်များသည် အမှောင်ထဲတွင်သာ ကန့်သတ်မထားကြောင်း သူသိထားသည်။ အချို့သော ထိတ်လန့်ဖွယ်အရာများသည် အချိန်မရွေး သတ်မှတ်ထားသော နေရာများတွင် ပုန်းအောင်းနေတတ်သည်။
မြေအောက်မြို့တွင်း၌ နေ့အလင်းရောင် မရောက်နိုင်သည့်နေရာဖြစ်သဖြင့်၊ အခြေအနေများ မည်မျှဆိုးရွားနိုင်မည်ကို မခန့်မှန်းနိုင်ပေ၊၊
“သတိထား။ သွားကြမယ်”
သူတို့သည် ပို၍မြန်ဆန်စွာ လှုပ်ရှားကြပြီး၊ သယ်ယူပို့ဆောင်ရေးလမ်းတစ်ခုအတိုင်း အဆောက်အအုံအတွင်းသို့ ပိုနက်ရှိုင်းစွာ ဝင်ရောက်သွားသည်။ မကြာမီ၊ ၎င်းတို့သည် မီတာအနည်းငယ်ရှည်လျားသော ကုန်သယ်ယူရေးဓာတ်လှေကားဝင်ပေါက်ကြီးသို့ ရောက်ရှိသွားသည်။
သူတို့ ချဉ်းကပ်မည်မပြုမီ၊ ၎င်းဘေးရှိ ထိန်းချုပ်ရေးမျက်နှာပြင်သည် ရုတ်တရက် လင်းလာသည်။
မျက်နှာပြင်ပေါ်တွင်၊ အမျိုးသမီးတစ်ဦး၏ မျက်နှာပေါ်လာသည်။ သူမသည် ဓာတ်ခွဲခန်းအင်္ကျီနှင့် မျက်မှန်တပ်ထားပြီး၊ ထက်မြက်ပြီး ပရော်ဖက်ရှင်နယ်ဆန်သည့် အမူအရာရှိသည်။ သူမသည် အသက် သုံးဆယ်အစောပိုင်းရှိပုံရသည်။
“မစ္စတာလင်း၊ ဓာတ်လှေကားကို အခု ဖွင့်ပေးနေပါပြီ”
“မင်းက ငါတို့ ခုနေက စကားပြောနေတဲ့ တင်းကျန်းရီလား”
လင်းရှန်က မေးသည်။
“ဟုတ်ပါတယ်”
လင်းရှန် ခေါင်းညိတ်ပြသည်။ သူမနောက်တွင် သိပ္ပံပညာရှင်များကဲ့သို့ ဝတ်စားထားသော အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးကို သူမြင်ရသည်။ ထိုမြင်ကွင်းသည် သူ၏ အာရုံများကို အနည်းငယ် ပြေလျော့စေသည်။
“တံခါးတွေဖွင့်ပေး”
တင်းကျန်းရီ၏ မျက်နှာအမူအရာ တင်းမာလာသည်။ “သတိထားပါ။ စောင့်ကြည့်ရေးစနစ်အရ ဓာတ်လှေကားအတွင်းမှာ ရေဝင်နေပြီး၊ ဖော်မပြနိုင်တဲ့ သတ္တဝါများလည်း ရှိနိုင်တယ်လို့ ပြထားတယ်။ နောက်ကိုဆုတ်ပါ”
“ဘယ်လိုသတ္တဝါမျိုးတွေလဲ”
ကီကီက စပ်စုစွာ နောက်ဆုတ်ပြီး မေးသည်။
လင်းရှန်သည် ၎င်းတို့အား ဘေးတစ်ဖက်သို့ ရွေ့ခိုင်းလိုက်သည်၊၊
“ဘေးမှာရပ်နေ”
ဓာတ်လှေကားသည် ဆင်းလာသည်နှင့် နက်ရှိုင်းသော စက်ယန္တရားသံ ထွက်ပေါ်လာသည်။
လင်းရှန်တို့သည် ဗီဇာအလျောက် နောက်ဆုတ်သွားကာ၊ သေနတ်များကို အဆင်သင့်ပြင်ထားကြသည်။
[ဓာတ်လှေကား ရောက်ရှိပြီး: အလွှာ ၆၅ – အဆင့် ၄ ကုန်စည်သယ်ယူရေးရထားလမ်းဆုံ]
စက်ယန္တရားအမျိုးသမီးအသံဖြင့် ၎င်း၏ရောက်ရှိမှုကို ကြေငြာသည်။
ဓာတ်လှေကားတံခါးကြီးများသည် ဖြည်းဖြည်းပွင့်သွားပြီး၊ မှိန်ဖျော့ဖျော့ အတွင်းပိုင်းကို ဖော်ပြလာသည်။
ထို့နောက်—
တစ်မီတာကျော်နက်ရှိုင်းသော၊ ညစ်ညမ်းသော အဝါရောင်ရေများသည် အင်အားပြင်းစွာ စီးဆင်းလာသည်။
လင်းရှန်၏ မျက်လုံးများသည် စူးရှလာပြီး၊ ထိုညစ်ညမ်းသောရေထဲမှ လှုပ်ရှားမှုတစ်ခုကို ချက်ချင်းမြင်လိုက်ရသည်။ သူ ချက်ချင်း သတိပေးလိုက်သည်၊၊
“ရေထဲမှာ တစ်ခုခုရှိတယ်!’’
ဘန်း ဘန်း ဘွမ်း ဘွမ်း
သူတို့သုံးဦးစလုံး ပစ်ခတ်လိုက်ကြပြီး၊ ၎င်းတို့၏ ကျည်ဆံများသည် ရေထဲရှိ အမှောင်တွင် လှုပ်ရှားနေသော အရာများကို ဖောက်ခွဲပစ်လိုက်သည်။ အသားနှင့် အနက်ရောင်သွေးများ လွင့်စဉ်ထွက်သွားပြီး အမည်မသိ သတ္တဝါများသည် အပိုင်းပိုင်းအစစ ဖြစ်သွားသည်၊၊
ရေများ စီးထွက်သွားသည်နှင့်၊ သတ္တဝါများသည် အပြည့်အဝပေါ်လာသည်—အနက်ရောင်၊ ခြေထောက်များစွာရှိသော ကြောက်မက်ဖွယ်သတ္တဝါများသည် ဖောင်းပွပြီး ပုပ်သိုးနေသော အလောင်းများပေါ်တွင် တွယ်ကပ်နေသည်။
ကပ်ပါးကောင်များ။
“အိုး…ရွံစရာကြီး’’
ကီကီက နှာခေါင်းပိတ်ထားလိုက်သည်၊၊
“မပေါ့ဆနဲ့—အားလုံးကို သတ်ပစ်လိုက်”
လင်းရှန်က အမိန့်ပေးသည်။
ဘန်း ဘန်း ဒက် ဒက်
တင်းကျန်းရီ၏ သတိပေးချက်ကြောင့် သူတို့သည် အဆင်သင့်ဖြစ်နေခဲ့သည်။ သတ္တဝါများ ရေထဲမှ စီးထွက်လာသည့်အချိန်တွင်၊ သူတို့သည် ကျည်ဆံမုန်တိုင်းကို ထုတ်လွှတ်လိုက်ပြီး ၎င်းတို့ကို အပြီးတိုင်ဖျက်စီးပစ်လိုက်သည်။
သေနတ်သံများသည် လမ်းဆုံတစ်လျှောက် ပဲ့တင်ထွက်သံပြုကာ၊ မလိုလားအပ်သော အာရုံများကို ဆွဲဆောင်နိုင်ဖွယ်ရှိသည်။ လင်းရှန် မျက်ခုံးတွန့်သွားသည်၊၊
“ဓာတ်လှေကားထဲ ဝင်ကြမယ်”
ကီကီနှင့် တာလို့တို့သည် ချက်ချင်းဓာတ်လှေကားထဲသို့ ပြေးဝင်သွားကြသည်။ လင်းရှန်လည်း လိုက်သွားပြီး၊ တံခါးများသည် လျင်မြန်စွာ ပိတ်သွားသည်။
“အို၊ ဒီမှာ ငါတို့ထင်တာထက် သတ္တဝါတွေ အများကြီးပိုများနေတယ်။ အစ်မချန်တို့ရော ဘယ်လိုနေမလဲ မသိဘူး”
ကီကီက စိုးရိမ်သံဖြင့် ပြောသည်။
“သူတို့အဆင်ပြေတယ်”
လင်းရှန်၏ အသံသည် ပြတ်သားနေသည်၊၊
အနန္တရထားသည် ထိုးဖောက်မရနိုင်သော ခံတပ်တစ်ခုဖြစ်ပြီး၊ မိုးပျံဂျယ်လီဖစ်ငါးကြီးကိုပင် ခံနိုင်ရည်ရှိခဲ့သည်။ ထို့ပြင်၊ ချန်ဆီရွှမ်နှင့် ရှားရှားတို့သည် ရထားပေါ်တွင် လက်နက်များ အများအပြားရှိသည်။ သူသည် ၎င်းတို့ လုံခြုံမည်ဟု ယုံကြည်သည်။
ဟူးးးး
ဓာတ်လှေကားသည် မြင့်တက်လာပြီး၊ပြင်းထန်သော အင်အားဖြင့် သူတို့ကို အထက်သို့ ပင့်တင်လိုက်သည်။
တင်းကျန်းရီ၏ အသံသည် စပီကာမှ ထွက်ပေါ်လာသည်။
“ရှင်တို့က K2 နယ်မြေကို ရောက်တော့မယ်၊၊ လမ်းကြောင်းအပြင်ဘက်မှာ သတ္တဝါတွေအများကြီးရှိတယ်။ K2 နှင့် D23အကြားက ကြမ်းပြင်တစ်စိတ်တစ်ပိုင်းက ရေမြှုပ်နေတယ်။ ဒီမှာ လမ်းကြောင်းမြေပုံပါ”
သူတို့၏ လက်ထဲရှိမျက်နှာပြင်များပေါ်တွင် မြေပုံတစ်ခုပေါ်လာသည်။
“အဆောက်အဦရဲ့ ပုံစံက ရှုပ်ထွေးပြီး လမ်းကြောင်းများစွာရှိနေတယ်။ အချို့နေရာတွေမှာ ဆက်သွယ်ရေးစနစ်တွေ ပျက်စီးနေလို့၊ တစ်လျှောက်လုံး လမ်းညွှန်မပေးနိုင်ပါဘူး”
“ပြီးတော့—F5-D6 ကိုဖြတ်သန်းရာတွင် အလွန်သတိထားရမယ်။ အဲ့နေရာက မြေညီထပ်က လာတဲ့ ဓာတ်လှေကားနှင့် လှေကားထစ်တွေရှိတဲ့ နေရာပဲ။ မူလက အရေးပေါ်ထွက်ပေါက်လမ်းကြောင်းပေမယ့်လည်း၊ အခု လုံးဝပိတ်ဆို့နေပြီ၊၊ အဲ့နေရာမှာ လျှပ်စစ်စွမ်းအားနှင့် စောင့်ကြည့်ရေးစနစ်များ ပြတ်တောက်နေတယ်”