← Chapters

ရောက်ရှိခြင်း

Vol. 7 Ch. 99

ရောက်ရှိခြင်း

Vol. 7 Ch. 99

ဓာတ်ခွဲခန်းအတွင်း၌ တင်းကျန်းရီသည် အပြည့်အဝအာရုံစူးစိုက်ထားရင်း၊ သူမ၏ဖန်သားပြင်ပေါ်တွင် အလွှာ ၅၂ ၏ အဆောက်အအုံပုံစံကို လျင်မြန်စွာ ချဲ့ကြည့်နေသည်။ မြေပုံကို အသုံးပြု၍ လင်းရှန်နှင့် သူ၏အဖွဲ့အတွက် လမ်းကြောင်းကို ဂရုတစိုက်ရှင်းပြလိုက်သည်။

သူမဘေးတွင်၊ ကျိုးယန်နှင့် ရှုဝမ်တို့သည် စိုးရိမ်တကြီး မျက်နှာအမူအရာများဖြင့် ရပ်နေကြသည်။ ၎င်းတို့၏အသက်များသည် အန္တရာယ်ရှိနေပြီး၊ အခန်းအတွင်းရှိ တင်းမာမှုသည် ပို၍ ပြင်းထန်လာသည်၊၊

ဤအချိန်တွင် ဓာတ်လှေကားအတွင်း၌၊ ကြီးမားသောဖန်သားပြင်တွင် တင်းကျန်းရီသည် ရှေ့ဆက်သွားမည့်လမ်းကြောင်းဆိုင်ရာ အသေးစိတ်ရှင်းပြချက်ကို ပြသထားသည်။

ကီကီနှင့် လင်းရှန်သည် အနီးကပ်ကြည့်ရှုကာ၊ အဓိကလမ်းကြောင်းများကို လျင်မြန်စွာ မှတ်သားထားလိုင်သည်။

“ဒီမြေအောက်မြို့ကြီးက တကယ်ကို ကြီးမားတဲ့ စက်ရုံကြီးတစ်ခုပဲ။ ကုန်စည်သယ်ယူရေးဓာတ်လှေကားကနေ နောက်ထပ်သုတေသနဌာနတစ်ခုဆီကို တစ်ထပ်တည်းဖြတ်သွားဖို့တောင် နှစ်ကီလိုမီတာလောက်ရှိတယ်”

လင်းရှန်က အသက်ရှူအောင့်ထားမိကာ ပြောသည်။

“ဒါ ဘာမှမဟုတ်ပါဘူး…’’

ကီကီက တီးတိုးရေရွတ်လိုက်သည်။

“ဒီနေရာက လူသောင်းပေါင်းများစွာအတွက် တည်ဆောက်ထားတာပဲ။ တစ်ထပ်တည်းမှာတင် ထောင်နဲ့ချီတဲ့လူတွေကို ထားရမယ်၊ ပြီးတော့ စီးပွားရေးနဲ့ အလုပ်လုပ်ရာ နေရာတွေလည်း ပါတယ်။ ဒီမှာ လမ်းတွေနဲ့ မြန်နှုန်းမြင့် သယ်ယူပို့ဆောင်ရေးစနစ်တွေတောင်ရှိတယ်—မျက်နှာပြင်ပေါ်မှာ ရှိတဲ့အရာအားလုံး ဒီမှာလည်း ရှိတယ်”

လင်းရှန်သည် ခေါင်းညိတ်ပြပြီး၊ ဓာတ်လှေကားတံခါးများဆီ လှည့်လိုက်သည်။

“ထွက်သွားတဲ့အခါ အမြန်နှုန်းကို ဦးစားပေးရမယ်။ မလိုအပ်တဲ့ တိုက်ပွဲတွေကို ရှောင်ရမယ်။ ငါ ရှေ့ကဦးဆောင်မယ်၊ တာလို့၊ မင်း နောက်က ကာပေး၊၊ ကီကီ၊ မင်းက အလယ်မှာနေ။”

“ဟုတ်ပြီ’’

“ကောင်းပြီ၊ အစ်ကိုလင်း”

သူတို့၏ရည်မှန်းချက်မှာ တင်းကျန်းရီနှင့် အခြားသူများရှိရာ သုတေသနကဏ္ဍသို့ ရောက်ရှိရန်ဖြစ်သည်။ ထိုနေရာတွင် ကာကွယ်ရေးအစီအမံများရှိပြီး၊ ယာယီလုံခြုံပေသည်။ လင်းရှန်သည် ၎င်းတို့၏အခြေအနေကို အကဲဖြတ်ရန် လိုအပ်ပြီး၊ ကီကီနှင့်အတူ နောက်ထပ်ခြေလှမ်းများကို ဆုံးဖြတ်ရမည်။ သူတို့စီစဥ်ထားတဲ့အတိုင်းဖြစ်ပါက သိပ္ပံပညာရှင်များကို အနန္တရထားသို့ ပြန်လည်ခေါ်ဆောင်သွားပြီး၊ ထောက်ပံ့ရေးပစ္စည်းများ သယ်ယူပို့ဆောင်ရန် ပြန်လည်စီစဉ်ရမည်ဖြစ်သည်။

လင်းရှန်၏အစီအစဉ်မှာ မနက်ဖြန်ညမတိုင်မီ မြေအောက်မြို့မှ ထွက်ခွာရန်ဖြစ်ပြီး၊ ထို့နောက် ကျန်းယုလမ်းကြောင်းမှ တောင်ဘက်သို့ လိုက်ကာ ယူပေမြို့သို့ ခရီးဆက်ရမည်ဖြစ်သည်။

ရုတ်တရက်၊ ဓာတ်လှေကားဖန်သားပြင်တွင် မြေအောက်မြို့၏ ကြော်ငြာဟောင်းများ ပြသလာသည်။ ၎င်းသည် အဆောက်အအုံ၏ သေမင်းတမန်ကဲ့သို့ တိတ်ဆိတ်မှုနှင့် သိသာထင်ရှားစွာ ဆန့်ကျင်နေသည်။

“ကျန်းယာ သွားဆေးခန်း—သင်၏ပါးစပ်ကျန်းမာရေးကို ကာကွယ်ပေးသည်၊၊ ဤလတွင်၊ ပထမတန်းစားနိုင်ငံသားများသည် အဖွဲ့ဝင်များသည် ၅% လျှော့စျေးခံစားနိုင်သည်။ အလွှာ ၃၁ တွင် ကျွန်ုပ်တို့ ရှိပါသည်…”

“လှုပ်ရှားမှုတွင် အခက်အခဲရှိပါသလား...မသန်စွမ်းသူတစ်ဦးလား၊ လုံတင်း ခြေတုလက်တုမွန်းမံပြုပြင်ရေးဌာနသည် နောက်ဆုံးပေါ် ခြေတုလက်တုများကို လာရောက်တပ်ဆင်လိုက်ပါ—လွတ်လပ်စွာပြေးလွှားပါ၊ အပြည့်အဝဖက်ထားပါ၊၊ နောက်ဆုံးပေါ် ARX-2 စက်မှု ခြေလက်အတုများသည် ဘက်ထရီသက်တမ်း ၁၆၈ နာရီရှိပြီး၊ တစ်ပတ်လုံး မရပ်မနား အလုပ်လုပ်နိုင်သည်၊ ဝင်ငွေတိုးမြှင့်ရန် အကောင်းဆုံးကိရိယာ”

“ကန်ဒီဂေါ်မက်ပရိုတင်းတုံးများ(ပိုးကောင်ကိတ်)…ပရီမီယံ နယူးဝေါလ်မျိုးစေ့များမှ ရွေးချယ်ထားပြီး၊ ရိုးရာလက်မှုပညာဖြင့် စစ်မှန်သောပါဝင်ပစ္စည်းများဖြင့် ပြုလုပ်ထားသည်—တစ်ကိုက်ချင်းစီသည် မူလအရသာဖြင့် ပြည့်နှက်နေသည်”

သာယာဖွံ့ဖြိုးသော မြေအောက်ဘဝကို ကတိပေးထားသော တက်ကြွသောကြော်ငြာများသည်၊ ယခုအသက်မဲ့၊ စွန့်ပစ်ခံထားရသော မြို့၏ ကြောက်မက်ဖွယ်အဖြစ်မှန်နှင့် ပြင်းထန်စွာ ဆန့်ကျင်နေသည်။

“အို၊ ရွံစရာကြီး။ ဒါကို ‘အရသာရှိတယ်’ လို့ ဘယ်လိုခေါ်နိုင်မှာလဲ’’

ကီကီသည် ကြော်ငြာကို ကြည့်ရင်း တုန်ယင်သွားသည်။

လင်းရှန်၏အသံသည် တည်ကြည်သည်။ “အပြောမစောနဲ့ဦး၊ ကမ္ဘာလုံးဆိုင်ရာ အစားအစာပြတ်လပ်မှုနဲ့ဆိုရင်၊ ထောက်ပံ့ရေးပစ္စည်းတွေ ကုန်သွားတဲ့အခါ၊ ဒါကို မင်း တကယ်ကြိုက်သွားနိုင်တယ်”

“ဖြစ်စရာမရှိဘူး၊ ကျွန်မ ပိုးကောင်တွေ မစားဘူး…’’

တာလို့သည် ကြော်ငြာကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်သော်လည်း တိတ်ဆိတ်နေပြီး၊ ပိုးကောင်အခြေခံအစားအစာကို စဉ်းစားရုံမျှဖြင့် စိတ်မသာမယာဖြစ်နေပုံရသည်။

[ဓာတ်လှေကား ရောက်ရှိပြီး – အလွှာ ၅၂: နယူးဒူမီရာ သုတေသနဌာန။ ဝင်ရောက်ခွင့်: ပထမတန်းစားနိုင်ငံသားများ နှင့် အထူးဝန်ထမ်းများ။ ခွင့်ပြုချက်: F3။]

တံခါးများ ဖြည်းဖြည်းပွင့်လာသည်နှင့် လင်းရှန်သည် တင်းမာလာသည်။

ဓာတ်လှေကားအပြင်ဘက်ရှိ K2 နယ်မြေသည် လုံးလုံးလျားလျား အမှောင်ထုထဲတွင် ရှိနေသည်။

သူတို့သုံးဦးသည် လက်နက်များကို အသင့်ပြင်ကာ ပတ်ဝန်းကျင်ကို ဂရုတစိုက် စူးစမ်းကြည့်ရှုလိုက်ကြသည်။ ဓာတ်လှေကား၏ဖန်သားပြင်မှ ဆက်လက်ပြသနေသော မှတ်တမ်းတင်ကြော်ငြာများမှလွဲ၍ တိတ်ဆိတ်မှုသည် စိုးမိုးနေသည်၊၊

“ထွက်မယ်”

လင်းရှန်က အမိန့်ပေးပြီး၊ ရှေ့သို့ အပြေးထွက်သွားသည်။

သူတို့၏ခြေသံများသည် အဆောက်အအုံအတွင်းရှိ ဗလာကျင်းနေသော စင်္ကြံများတွင် ထူးဆန်းစွာ ပဲ့တင်ထွက်နေသည်။ သူတို့သည် ကုန်စည်တင်ဆောင်ရာ နေရာများကို လျင်မြန်စွာ ဖြတ်ကျော်သွားသည်။

မကြာမီ၊ လင်းရှန်တို့သုံးယောက်သည် ပင်မစင်္ကြံမှ ထွက်လာပြီး၊ အဆောက်အအုံပုံစံသည် ပြောင်းလဲသွားသည်—ဤအထပ်တွင် သုတေသနဓာတ်ခွဲခန်းများနှင့် ရုံးခန်းများသာရှိပြီး၊ လူနေထိုင်ရာ သို့မဟုတ် စီးပွားရေးနေရာများ မရှိပေ။

ဗိသုကာလက်ရာသည် အရည်အသွေးမြင့်မားပြီး၊ ဖုန်မဝင်နိုင်သော အလုံပိတ်ဓာတ်ခွဲခန်းနေရာများနှင့် ကျယ်ဝန်းသော စင်္ကြံများရှိသည်။

ပြဿနာသည် အရာအားလုံးက တစ်ပုံစံတည်းပင် ဖြစ်နေသည်။

ရှင်းလင်းသော ဆိုင်းဘုတ်များမရှိပါက၊ ဤထူးဆန်းသော သုတေသနအဆောက်အအုံထဲတွင် လမ်းပျောက်ရန် လွယ်ကူပေသည်။ တင်းကျန်းရီ၏ လမ်းကြောင်းပြမြေပုံမရှိခဲ့လျှင်၊ သူတို့သည် လမ်းရှာရန်အတွက် အချိန်များစွာ ဖြုန်းတီးရမည်ဖြစ်သည်။

F1 နယ်မြေကို ချဉ်းကပ်လာသည်နှင့်၊ စင်္ကြံများသည် ရုတ်တရက် လင်းလာသည်။

သူတို့၏ပြေးနေသောခြေသံများသည် အဆောက်အအုံအတွင်း ပဲ့တင်ထပ်နေသည်၊၊၊ ဓာတ်ခွဲခန်းပြတင်းပေါက်များမှတစ်ဆင့်၊ ၎င်းတို့သည် သွေးစွန်းနေသော အတွင်းပိုင်းကို မြင်လိုက်ရသည်—အကြမ်းဖက်သေဆုံးမှု၏ သက်သေများ။

ထို့နောက်၊ ဖုတ်ကောင်များ၏ အော်ဟစ်သံများ စတင်ထွက်ပေါ်လာသည်။

အော်သံများသည် တစ်ဖြည်းဖြည်းပျံ့နှံ့လာကာ နယ်မြေတစ်ခုလုံးတွင် ဆက်စပ်တုံ့ပြန်မှုတစ်ခု ဖြစ်ပေါ်စေသည်။

“ဆက်ပြေးကြ၊ နောက်ကိုမကြည့်နဲ့’’

လင်းရှန်သည် လေအမြောက်ဖြင့် ထောင့်ချိုးတစ်ခုမှ ဖုတ်ကောင်တစ်ကောင်ကို ဖျက်ဆီးပစ်လိုက်သည်။

သူသည် သေနတ်ပစ်ခတ်မှုကို ရှောင်ရှားရန် ရည်ရွယ်ချက်ရှိရှိ ရှောင်ကြဉ်ခဲ့ပြီး၊ ဆူညံသံကို လျှော့ချကာ ဖုတ်ကောင်များကို မဆွဲဆောင်ရန် ကြိုးစားခဲ့သည်။

သို့သော် သူတို့ ထောင့်တစ်ခုကို ကွေ့လိုက်သည့်အခါ—

အားလုံးသည် ထိတ်လန့်တကြား ရပ်တန့်သွားသည်။

၎င်းတို့ရှေ့တွင်—

စင်္ကြံသည် အဖြူရောင်ဓာတ်ခွဲခန်းအင်္ကျီများဝတ်ဆင်ထားသော မရေမတွက်နိုင်သော သန္ဓေပြောင်းဖုတ်ကောင်များဖြင့် ပြည့်နှက်နေသည်။

၎င်းတို့သည် အသံကိုလှည့်ကြည့်သည်နှင့်၊ ၎င်းတို့၏မျက်နှာများသည် တွန့်လှုပ်လာကာ ကွဲထွက်သွားပြီး၊ သွားများဖြင့်ပြည့်နှက်နေသော ပါးစပ်ကြီးများ ပွင့်လာသည်။

“အိုး၊ ဒီလိုဟာတွေ ထပ်ရှိနေသေးတယ်”

လင်းရှန် အံကြိတ်လိုက်သည်။

သူသည် မလိုအပ်သော သေနတ်ပစ်ခတ်မှုကို ရှောင်ရှားလိုခဲ့သော်လည်း၊ ဤအရာများကြောင့် အခြားရွေးချယ်စရာမရှိတော့ပေ။

“ပစ်ကြ ”

ဒိုင်း ဒိုင်း ဒက် ဒက် ဘန်းးး

သေနတ်သံများ ပေါက်ကွဲထွက်လာသည်။

စင်္ကြံသည် ကျည်ဆံများဖြင့် ကြောက်မက်ဖွယ်ဖုတ်ကောင်အုပ်စုကို ထိုးဖောက်ကာ မီးပွားများ လွင့်ပျံနေသည်၊၊

ဖုတ်ကောင်များသည် ၎င်းတို့၏ ကြောက်မက်ဖွယ်ပါးစပ်များကို ဖြဲလျက် ရှေ့သို့ ပြေးဝင်လာကြသည်—သူတို၏ ပါးစပ်ကြီးများသည် လူ၏ဦးခေါင်းကို အလွယ်တကူ ဖြတ်တောက်နိုင်ပုံရသည်။

ယခင်အတွေ့ကြုံမှ သင်ယူထားသဖြင့်၊ လင်းရှန်တို့လည် တွန့်ဆုတ်မနေဘဲ၊ ၎င်းတို့၏ဦးခေါင်းများကို တိုက်ရိုက်ပစ်မှတ်ထားလိုက်သည်။

မြေပြင်သည် တွန့်လိန်၍ ပုံပျက်နေသော အလောင်းများဖြင့် လျင်မြန်စွာ ပြည့်နှက်သွားသည်။

သူတို့ နောက်ဘက်မှ ဖုတ်ကောင်များ ထပ်မံဝင်ရောက်လာသဖြင့်၊ တာလို့သည် အကာအကွယ်ပစ်ခတ်မှုပြုလုပ်ရန် လိုအပ်လာပြီး၊ လင်းရှန်သည် သူ၏ဓားကို ဆွဲထုတ်ကာ၊ တွန့်လိန်နေသော သတ္တဝါများကို ဦးခေါင်းဖြတ်တောက်ပြီး ၎င်းတို့ အသေသတ်လိုက်သည်၊၊

မှန်တံခါးတစ်ခု ကွဲထွက်သွားပြီး၊ နောက်ထပ် ဖုတ်ကောင်အုပ်စုတစ်ခု ပြေးဝင်လာပြန်သည်။

လင်းရှန်သည် မသိစိတ်ဖြင့် လှည့်ကြည့်ပြီး၊ ၎င်းတို့ကို လေအမြောက်ဖြင့် ဖျက်ဆီးပစ်လိုက်သည်။

သူတို့သည် အခွင့်ရေးရသည်နှင့် ရှေ့သို့ ပြေးလိုက်ကြသော်လည်း စက်ဝိုင်းပုံဓာတ်လှေကားခန်းမတစ်ခုသို့ ရောက်ရှိသွားသည်၊၊

ထို့နောက် လုံးဝပိတ်ဆို့ခံလိုက်ရလေသည်။

သူတို့ရှေ့တွင်….

အနက်ရောင် ပိုးကောင်ကဲ့သို့သော သတ္တဝါများ၊ သန္ဓေပြောင်းပင့်ကူများနှင့် ရွံရှာဖွယ်ဖုတ်ကောင်များသည် သူတို့၏ တစ်ခုတည်းသော ထွက်ပေါက်လမ်းကြောင်းကို ပိတ်ဆို့ထားသည်။

“ဟေးးးး’’

ကီကီ၏ မျက်လုံးများသည် မှိန်ဖျော့နေရာမှ တောက်ပလာသည်။

လျင်မြန်သော လှုပ်ရှားမှုဖြင့်၊ သူမသည် လက်ကို မြှောက်လိုက်သည်—

အားပြင်းသော တုန်ခါမှုလှိုင်းတစ်ခုသည် အပြင်သို့ ပေါက်ကွဲထွက်သွားပြီး၊ သတ္တဝါများကို လွင့်စဉ်ထွက်သွားစေသည်။

လမ်းကြောင်းသည် ရှင်းလင်းသွားသည်။

တွန့်ဆုတ်မနေဘဲ၊ သူတို့သည် ဖုတ်ကောင်အုပ်စုကို ဖြတ်ကျော်ကာ တတ်နိုင်သမျှ လျင်မြန်စွာ ရှေ့သို့ ပြေးသွားကြသည်။

ဤအချိန်တွင် ဓာတ်ခွဲခန်းအတွင်း…

ကျိုးယန်၊ ရှုဝမ်နှင့် ဟန်ချီမင်းတို့သည် ဖန်သားပြင်များကို စိုးရိမ်တကြီး စိုက်ကြည့်နေကြပြီး၊ ၎င်းတို့၏မျက်နှာများသည် ဖြူဖျော့နေသည်။

လင်းရှန်၏အဖွဲ့ပတ်ဝန်းကျင်တွင် ဝိုင်းအုံနေသော သတ္တဝါများ၏ အရေအတွက်သည် အလွန်များပြားသည်။

အကယ်၍ ဤအားကောင်းသော စွမ်းအားရှင်များ၊ အဆင့်မြင့်လက်နက်များဖြင့် တပ်ဆင်ထားသူများပင် မရောက်နိုင်ခဲ့လျှင်—သိပ္ပံပညာရှင်များဖြစ်သော သူတို့၏ ရှင်သန်နိုင်မှုအခွင့်အလမ်းသည် သုညဖြစ်သည်။

သို့သော် အခြားသူများနှင့်နှိုင်းယှဉ်လျှင်၊ တင်းကျန်းရီသည် ထူးဆန်းစွာ တည်ငြိမ်နေသည်။

သူမသည် ဖန်သားပြင်များကို မကြည့်ပေ။

ယင်းအစား၊ သူမသည် ၎င်း၏ကွန်ပျူတာပေါ်တွင် အာရုံစူးစိုက်ထားပြီး၊ codeများစွာကို လျင်မြန်စွာ လုပ်ဆောင်နေသည်။

“ဒါရိုက်တာတင်း ဘာလုပ်နေတာလဲ”

ကျိုးယန်က မျက်ခုံးတွန့်လျက် မေးသည်။

“သူတို့ကို ညွှန်ကြားချက်တွေ ပေးသင့်တယ် မဟုတ်ဘူးလား”

“သူတို့သိထားဖို့လိုတဲ့အရာအားလုံးကို ငါ ပြောပြီးပြီ”

တင်းကျန်းရီက မော့မကြည့်ပေ။

“ငါတို့ လုပ်နိုင်တဲ့ အကောင်းဆုံးက သူတို့ရောက်လာတာနဲ့ တံခါးတွေကို ဖွင့်ဖို့ အဆင်သင့်ဖြစ်နေဖို့ပဲ”

“ပြီးတော့—အချိန်မဖြုန်းမိဖို့”

“ကျွန်မတို့ ဘာတွေ ပြင်ဆင်ထားဖို့လိုလဲ”

တင်းကျန်းရီက နောက်ဆုံးတွင် မော့ကြည့်လိုက်သည်။

“သုတေသနအချက်လက်တွေ…

စွမ်းရည်တွေ၊ သွေးပန်းပင်၊ မြေအောက်မြို့မှတ်တမ်းတွေ… အားလုံးလိုအပ်နိုင်တယ်။

အိုး၊ ပြီးတော့ ဆရာမကျိုး… နမူနာနံပါတ် ၁ ၏ ထိန်းသိမ်းရေးကန်ကို ပြင်ဆင်ထားပါ။

တကယ်လို့ ငါတို့ ယူမသွားနိုင်ရင်—ဖျက်ဆီးရေးပရိုတိုကောကို စတင်လိုက်မယ်”

All Chapters