အခန်း (၁၅၂)
Vol. 16 Ch. 152
လင်းရန်မှ ချန်ကျားယန်ကို လုံးဝပိတ်ပင်သည့် စကားကို ကြားပြီးသည့်နောက်၌ ကျောက်ရှီလဲ့လည်းလင်းရန်သည်က ချန်ကျားယန်အား
မည်မျှ မုန်းတီးနေသည်ကို နားလည်သဘောပေါက်သွားကာ ဆုံးဖြတ်ချက်ချလိုက်သည်။
“စိတ်ချထားလိုက်၊ သူ နင့်အကြောင်းကို တစ်ကြိမ်သာ မေးလို့ရမယ် ၊နောက်တစ်ခါ ထပ်မေးခွင့်မရစေရဘူး”
ယခင်အကြိမ်က ချန်ကျားယန်မှာ
ဒဏ်ရာရနေသည့် လင်းကျန်းအန်းအား အရင်ဆုံးရှာတွေ့ခဲ့ပြီး သူ၏ခြေထောက်၌လည်း ဒဏ်ရာရခဲ့သည့်အတွက် ကျောက်ရှီလဲ့မှ သူ့အား စကားအနည်းငယ် ပြန်၍ ပြောပေးခဲ့ခြင်းဖြစ်သည်။
သို့သော် ယခုကြည့်ရသည့်အတိုင်းဆိုလျှင် ချန်ကျားယန်ဘက်မှ
အလွန်ဆိုးရွားသည့် အရာတစ်ခုခုကို
လုပ်ခဲ့သည်မှာ သေချာသည်။
သို့မဟုတ်ပါက လင်းရန်သည်က သူ့အား ဤမျှလောက် မုန်းတီးနေမည်မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ သူမ၏ သူငယ်ချင်းမှ ချန်ကျားယန်အား မုန်းတီးနေသည့်အတွက် သူမအနေဖြင့်လည်း ထိုမုန်းတီးမှုများကို သူငယ်ချင်းတစ်ဦးအနေဖြင့် မျှဝေခံစားပေးရမည်ဖြစ်သည်။
ကျောက်ရှီလဲ့ ထွက်သွားပြီး မကြာမီမှာပင် လင်းကျန်းဖူကလည်း ထမင်းကို အလျင်အမြန် စားကာ ခြံထဲသို့ ထွက်လာခဲ့သည်။
သူမက ကျောက်ရှီလဲ့နှင့် ရင်းနှီးချင်ခဲ့သော်လည်း ကျောက်ရှီလဲ့မှာ လင်းရန်နှင့် စကားပြောပြီးသည်နှင့် လျင်မြန်စွာ ထွက်သွားသည့်အတွက် ရင်းနှီးခွင့်မရလိုက်ပေ။
လင်းကျန်းဖူ၏မျက်နှာပေါ်၌ နောင်တရသကဲ့သို့ အရိပ်အယောင်ကို လင်းရန် မြင်သည့်အခါ၌
ပြုံးပြကာ နောက်တစ်ကြိမ်တွင်
ကျောက်ရှီလဲ့နှင့် မိတ်ဆက်ပေးမည်ဟု ကတိပေးခဲ့သည်။
တစ်ဖက်တွင်တော့ ချန်ကျားယန်က ကျောက်ရှီလဲ့ အပြင်ဘက်မှ ပြန်လာသည်ကို မြင်တွေ့ခဲ့လေ၏။
ထိုအခိုက်တွင် သူက ကျောက်ရှီလဲ့သည်ကား လင်းမိသားစုထံသို့
သွားခဲ့ခြင်း ဖြစ်နိုင်သည်ဟု ရုတ်တရက် သဘောပေါက်သွားခဲ့ပြီး ချက်ချင်းပင် စိတ်ဆိုးသွားခဲ့သည်။
သူ အဘယ်ကြောင့် ကျောက်ရှီလဲ့၏ လှုပ်ရှားမှုကိုဂရုမစိုက်မိခဲ့သနည်း။
ယခု သူ့အနေဖြင့် ကျောက်ရှီလဲ့နှင့်အတူ လင်းမိသားစုထံသို့ သွားနိုင်မည့် အခွင့်အရေးအား လက်လွတ်ခံလိုက်ရချေပြီ။
သို့သော် သူက လက်မလျှော့ခဲ့ပေ။
ကျောက်ရှီလဲ့ ပြန်လာသည်ကို မြင်သည့်အခါ အနားသို့သွား၍ အလျင်အမြန် နှုတ်ဆက်လိုက်သည်။
“ရဲဘော်ကျောက်...”
သူက ရဲဘော်ကျောက်ဟု
ခေါ်လိုက်ရုံမျှသာ ရှိသေးသည်။ တခြားမည်သည်မှ မပြောရသေးမီမှာပင် ကျောက်ရှီလဲ့သည်က
ရုတ်တရက် သူမ၏ ဗိုက်ကို ကိုင်ကာ
နာကျင်သည့် မျက်နှာထားဖြင့် ပြောလာသည်ကို သူ မြင်လိုက်ရသည်။
“အိုး၊ ဗိုက်ကအရမ်းနာတာပဲ၊အိမ်သာ ကို အရင်သွားရမယ်!”
ထိုသို့ ပြောပြီးသည်နှင့်တစ်ပြိုင်နက် ကျောက်ရှီလဲ့ အလျင်အမြန် ပြေးထွက်သွားခဲ့လေသည်။
ထိုကဲ့သို့အချိန်မျိုး၌ ချန်ကျားယန်သည်လည်း သူမအား တားဆီးရန် အလွန်ရှက်ရွံ့နေခဲ့ရသည်။
သို့သော် ကျောက်ရှီလဲ့ ထွက်သွားသည့်လမ်းကို ကြည့်လိုက်သည့်အခါ၌
အိမ်သာသို့ သွားသည့်လမ်း မဟုတ်ဘဲ မိန်းကလေးအဆောင်သို့ ပြန်သွားသည့်လမ်းဖြစ်နေသည်ကို သူတွေ့လိုက်ရသည်။
သို့သော် ကျောက်ရှီလဲ့မှာ အထဲသို့
ရောက်နေပြီဖြစ်သည့်အတွက် ချန်ကျားယန်အနေဖြင့် မည်သို့မှ လုပ်၍ မရတော့ပေ။
သူသည်ကား အထဲသို့ ဝင်ကာ ကျောက်ရှီလဲ့အား တွေ့ရန်မှာလည်း မဖြစ်နိုင်ပေ။
နောက်ဆုံး၌ သူ့အနေဖြင့် မေးခွန်းများ မေးမြန်းနိုင်သည့်အခွင့်အရေးကို လက်လွတ်ခံရုံမှလွဲ၍ အခြား ရွေးချယ်စရာမရှိတော့ပါချေ။
နောက်ရက်များတွင်လည်း သူ
ကျောက်ရှီလဲ့အား လိုက်ရှာကာ
သူသိချင်သည်များကို မေးမြန်းရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
ထိုအချိန်တွင်တော့ ကျောက်ရှီလဲ့မှ သူ့အား ရှောင်ဖယ်နေခြင်းဖြစ်ကြောင်းကို ချန်ကျားယန်တဖြည်းဖြည်း သဘောပေါက်လာခဲ့သည်။
လွန်ခဲ့သည့် နှစ်ရက်အကြာက ကျောက်ရှီလဲ့အား မေးခဲ့စဥ်က မည်သည့်အကြောင်းကိစ္စမှ အထွေအထူးမရှိနေပေ။
သို့သော် ကျောက်ရှီလဲ့ လင်းမိသားစုသို့ သွားလည်ပြီးသည့်နောက်၌ သူ့အပေါ် သဘောထားမှာ ပြောင်းလဲသွားခဲ့သည်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် လင်းရန်ဘက်မှ ကျောက်ရှီလဲ့အား တစ်ခုခု ပြောခဲ့သည်မှာ သေချာပေသည်။
သို့သော် လင်းရန်က အဘယ်ကြောင့်
သူ့အပေါ် ၌ ဤမျှ ရန်လိုနေသနည်း။
သူတို့သည်ကား နှစ်ကြိမ် သုံးကြိမ်မျှသာ တွေ့ဖူးသည်။ ထို့အပြင် ပထမဆုံးအကြိမ်တွေ့ဆုံမှုတွင်
သူတို့နှစ်ယောက်ကြား၌ အထင်အမြင်လွဲမှားမှု အနည်းငယ်ရှိခဲ့သည်မှလွဲ၍ နောက်ပိုင်းတွေ့ဆုံမှုများတွင် သူတို့၏ ဆက်ဆံရေးမှာ
ကောင်းမွန်ခဲ့သည်ဟု သူ ထင်ထားခဲ့သည်။
သူက လင်းရန်၏ဖခင်ကိုပင် ကယ်ခဲ့သေးသည်မဟုတ်ပါလား။
တကယ်တမ်းတယာ လင်းရန်မှ သူ့အား ပို၍ ကျေးဇူးတင်ကာ ပိုကောင်းသည့် အထင်အမြင်ရှိသင့်ပေသည်။
ချန်ကျားယန်မှာ မည်မျှပင်
စဥ်းစားခဲ့သော်လည်း နားမလည်နိုင်ခဲ့ပေ။
ညဘက် အိပ်ရာဝင်သည်အထိ သူ ထိုအကြောင်းကို စဥ်းစားနေဆဲပင်ဖြစ်သည်။
သူ ထိုည၌ ရုတ်တရက် ထူးဆန်းသည့် အိပ်မက်တစ်ခုကို မက်ခဲ့သည်။
အိပ်မက်ထဲ၌ သူ၏ ပုံစံမှာ အသက်နှစ်ဆယ်အရွယ်တုန်းက နေထိုင်မှုပုံစံနှင့် ဆင်တူနေသည်။
သူ ကျေးလက်သို့ ရောက်သည့်
အချိန်မှ စ၍ အခြေအနေမှာ
သူ၏ ယခင်အသက်နှစ်ဆယ်အရွယ်
နေထိုင်မှုနှင့် မတူတော့ပေ။
အိပ်မက်ထဲ၌ သူ ကျေးလက်သို့ ရောက်သွားသည့်နေရာမှာ တုန်ဖန်း တပ်မဟာ မဟုတ်ပေ။
တခြားသော အလွန်ဝေးလံခေါင်သီသည့် ဂိုဘီဒေသ သို့ ရောက်ခဲ့ခြင်းဖြစ်သည်။
သူသည်ကား ထိုဒေသ၌ စုန့်စစ်ယွီ ဟုခေါ်သည့် မိန်းကလေးတစ်ဦးနှင့် ချစ်ကျွမ်းဝင်ခဲ့ပြီး ရိုးရှင်းသည့် လက်ထပ်ပွဲလေးပင် ကျင်းပခဲ့သည်။
သူတို့နှစ်ဦးသည်ကား ကြည်နှုးဖွယ် အချိန်များကို အတူတကွ ကုန်ဆုံးခဲ့ကြသည်။
သို့သော် နောက်ပိုင်း၌ အလုပ်များ
တဖြည်းဖြည်း များလာကာ စုန့်စစ်ယွီ၌လည်း ကိုယ်ဝန်ရှိလာပြီး ကျန်းမာရေးမကောင်းသည့်အတွက် အလုပ်မလုပ်နိုင်တော့ပေ။
ထို့ကြောင့် သူတို့နှစ်ဦးအတွက် အလုပ်မှတ်များ ရရန်ဆိုသည့် တာဝန်ကြီးမှာ သူ့ထံသို့ လုံးလုံးလျားလျား ကျရောက်လာသည်။
ရုပ်ပိုင်းဆိုင်ရာအရ သူသည်က
အလွန်များကို စွမ်းဆောင်နိုင်သည့်သူ မဟုတ်ပေ။
သူသည်က လူနှစ်ဦးစာ အလုပ်များကို လုပ်ရသည့်အတွက် မကြာမီတွင် ဆက်၍ မလုပ်နိုင်တော့ပေ။
သိာ့နှင့် သူ အိမ်သို့ ပြန်လာသည့်အခါတွင် ကိုယ်ဝန်ရှိနေသည့် စုန့်စစ်ယွီနှင့် စကားများရန်ဖြစ်ခဲ့သည်။
ထိုသို့ စကားများကြရင်း
သူ့အနေဖြင့် စိတ်မထိန်းနိုင်ဘဲ စုန့်စစ်ယွီအား မတော်တဆ တွန်းလိုက်မိသည့်အတွက် စုန့်စစ်ယွီ၏ ကိုယ်၀န်မှာ ပျက်ကျသွားခဲ့သည်။
ထိုအကြောင်းကို အိပ်မက်မက်နေစဉ်မှာပင် ချန်ကျားယန်ျစ်ယောက် အိပ်မက်ထဲ၌ အလွန်ကြောက်လန့်ကာ ချွေးစေးများ ကျလာခဲ့သည်။
ထို့နောက် ရုတ်တရက် မျက်လုံးပွင့်လာပြီး အသိစိတ်ပြန်ဝင်လာခဲ့ရကာ သူသည်ကား ယခုအချိန်တွင် တုန်ဖန်း တပ်မဟာ၌ ရှိနေကြောင်းကို
သိလိုက်ရလေ၏။ ဤအချိန်မှသာ ချန်ကျားယန်တစ်ယောက် စိတ်သက်သာရာရသွားခဲ့ရပြီး သူ အိပ်မက်မက်နေခြင်းသက်သက်သာဖြစ်ကြောင်းကို နားလည်သွားခဲ့သည်။
သို့သော် သူ၏ အိပ်မက်မှာ အလွန်လက်တွေ့ဆန်ကာ အမှန်တကယ်ပင် အပြင်၌ ကြုံတွေ့ခဲ့ရသကဲ့သို့ ဖြစ်နေခဲ့သည်။
အထူးသဖြင့် ထိုအိပ်မက်ထဲ၌ ပင်ပန်းစွာ အလုပ်လုပ်နေရသည့် မြင်ကွင်းများနှင့် ကျဉ်းကျပ်ကာ
စိတ်ပျက်ဖွယ် ကောင်းသည့် နေ့ရက်များမှာ သူ့အား အသက်ရှူကျပ်နေစေဆဲပင်ဖြစ်သည်။
သူသည်ကား အပြင်လောက၌လည်း
ထိုအခြေအနေမျိုးနှင့်အမှန်တကယ် ကြုံတွေ့လာရပါက မခံစားနိုင်ဘဲ ထိုကဲ့သို့ပင် တုံ့ပြန်မိပေလိမ့်မည်။
သို့သော် အိပ်မက်ထဲ၌ စုန့်စစ်ယွီ၏ ကိုယ်၀န် ပျက်ကျခဲ့သောကြောင့်
သူ မမြင်လိုက်ရသည့် ကလေးကို
သတိရမိသည့်အတွက် အကြောင်းပြချက်မရှိဘဲ အနည်းငယ် ၀မ်းနည်းမိသည်။
နေပါဦး။ သူ စုန့်စစ်ယွီဆိုတဲ့
နာမည်ကို ဘာကြောင့် ဒီလောက်တောင် ရှင်းရှင်းလင်းလင်း မှတ်မိနေရတာလဲ?
သူ့အနေဖြင့် ယခင်က အိပ်မက်များမက်လျှင် အခြားလူများကို မက်ခဲ့ဖူးသော်လည်း ထိုလူများ၏ မျက်နှာနဲ့နာမည်များကို ခဏတာမျှသာ
မှတ်မိနိုင်ကာ အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း ဝေဝါးသွားသည်။
သူ နိုးလာပြီးသည့်နောက်၌ ထိုမျက်နှာများအားမှတ်မိနေရန်မှာ မလွယ်ကူတော့ပေ။
သို့သော် စုန့်စစ်ယွီဟူသည့် စကားလုံးသုံးလုံးမှာ သူ၏စိတ်ထဲ၌ ထွင်းထုထားသကဲ့သို့ အလွန်ရှင်းလင်းစွာ သိနေခဲ့သည်။
ထို့အပြင် သူမ၏ မျက်နှာမှာလည်း သူ၏ရှေ့၌ အမှန်တကယ်ရှိနေသကဲ့သို့ပင် အသေအချာ မှတ်မိနေခဲ့သည်။
ဤအိပ်မက်သည်က လွန်စွာထူးဆန်းလှပေသည်။
ချန်ကျားယန်မှာ ဤကဲ့သို့
လျှို့ဝှက်ဆန်းကြယ်သည့် အရာများကို မစဥ်းစားချင်တော့ပေ။ သူ ခဏတာမျှ အံ့သြပြီးသည့်နောက်၌ ဆက်၍ အိပ်ရန် စီစဉ်ခဲ့သည်။
သို့သော် သူအိပ်လိုက်သည့်အချိန်တွင် သူ့အား တုန်လှုပ်စေမည့် အရာတစ်ခု စတင်လာခဲ့သည်။
သူအိပ်ပျော်သွားပြီးသည့်နောက်၌
သူ မတိုင်မီက မက်ခဲ့သည့် အိပ်မက်အား ဆက်၍ မက်ခဲ့သည်။
စုန့်စစ်ယွီ၏ ကိုယ်၀န် ပျက်ကျသွားပြီးသည့်နောက် သူတို့နှစ်ဦးကြားမှ ဆက်ဆံရေးမှာ တစ်နေ့ထက်တစ်နေ့ ပို၍ ဆိုးရွားလာခဲ့သည်။
နောက်ပိုင်း၌ သူသည်ကား စုန့်စစ်ယွီကို တပ်မဟာတွင်ပြုစုစောင့်ရှောက်ပေးခဲ့ရုံသာမက ဆေးရုံသို့ပါ သူမအား ခေါ်ဆောင်သွားကာ ပြုစုခဲ့သည်။
သို့သော် သူ အမျိုးသမီးသူနာပြုနှင့် စကားတစ်ခွန်းနှစ်ခွန်းမျှ ပြောမိခဲ့လျှင်ပင် စုန့်စစ်ယွီက သူ့အား အပြင်၌ အခြားမိန်းမတစ်ယောက်ရှိသည်ဟုဆိုကာ အော်ဟစ်ဆူပူနေခဲ့သည်။
သူ သူမအား ပို၍ ဆိုးရွားစွာ
ဆက်ဆံနေသည်မှာ မထူးဆန်းတော့ပေ။
ချန်ကျားယန်တစ်ယောက် ထိုအချိန်တုန်းက အနည်းငယ် စိတ်ဓာတ်ကျနေသော်လည်း သူ၏
ဂုဏ်သိက္ခာကို ဂရုစိုက်ဆဲဖြစ်ပြီး သူ၏ နာမည်မှာလည်း ပတ်၀န်းကျင်၌ ကောင်းမွန်နေခဲ့သည်။
ထို့ကြောင့် သူ့အား စုန့်စစ်ယွီမှ ဤကဲ့သို့ စွပ်စွဲကာ အော်ဟစ်နေသည်ကို သည်းမခံနိုင်တော့ပေ။
သူနှင့် စုန့်စစ်ယွီတို့၏ ဆက်ဆံရေးသည်ကအဆုံးသတ်သင့်ပြီဟု ခံစားမိသည့်အတွက် သူ စုန့်စစ်ယွီနှင့် အမှန်တကယ် ကွာရှင်းခဲ့သည်။
သူတို့ကွာရှင်းပြီးသည့်နောက် စုန့်စစ်ယွီမှာ ဒေါသတကြီးဖြင့် တပ်မဟာမှ ထွက်သွားကာ အဆက်အသွယ်အချို့ကို ရှာဖွေဆက်သွယ်ခဲ့ပြီး မြို့သို့ ပြန်သွားခဲ့သည်။
ဤကိစ္စများမှာ ဤနေရာရောက်လျှင် ပြီးသွားသင့်ပြီဖြစ်သည်။
သို့သော် ချန်ကျားယန်က သူနှင့်ကွာရှင်းပြီးနောက် စုန့်စစ်ယွီ၏ နောက်ပိုင်းအဖြစ်အပျက်များကို မြင်လိုက်ရသည်။
ကွာရှင်းပြီးသည့်နောက်၌ စုန့်စစ်ယွီကသူမ၏ မိဘအိမ်သို့ ပြန်သွားခဲ့သည်။
အမှန်တကယ်တွင် သူမ၏မိဘအိမ်အခြေအနေမှာ တခြားပညာတတ်လူငယ်များ၏ အခြေအနေလောက် မဆိုးပေ။ အလွန်ကောင်းသည်ဟုပင် ပြောနိုင်သည်။
သူမသည်က ကျေးလက်သို့ ပညာတတ်လူငယ်အဖြစ်
သွားခဲ့စဉ်က သူမ၏ ဖခင်အပါအ၀င် အားလုံးကို ဖုံးကွယ်ထားခဲ့ခြင်းဖြစ်သည်။
စုန့်စစ်ယွီက သူမ၏အဖေနှင့် သူမ၏ မွေးချင်းမဟုတ်သည့် ညီမ၏ အကူအညီဖြင့် စက်ရုံ၌ အရာရှိဖြစ်လာပြီး မြို့၊ ပြည်နယ်စသည်ဖြင့် တစ်ဆင့်ပြီးတစ်ဆင့် ရောက်လာကာ လူသိများသည့်သူတစ်ဦး ဖြစ်လာသည်ကို မြင်လိုက်ရသည့်အခါ၌ ချန်ကျားယန်မှာ ဆက်၍ မထိန်းနိုင်တော့ဘဲ အိပ်မက်မှ ထပ်၍ နိုးလာခဲ့သည်။
ထိုအချိန်၌သာတစ်ခုခုမှားယွင်းနေသည်ကို သဘောမပေါက်ပါက သူသည်က အရူးလူအတစ်ယောက်သာဖြစ်ပေလိမ့်မည်။