← Chapters

အခန်း (၁၅၅)

Vol. 16 Ch. 155

အခန်း (၁၅၅)

Vol. 16 Ch. 155

လီကျင်းခမ်းမှာ မျက်နှာပေါ်၌

အပြုံးတစ်ခု ရှိနေသော်လည်း  သူ၏စိတ်ထဲတွင်မူ ကျိန်ဆဲနေလေပြီ။

သူနှင့် သူ၏လုပ်ဖော်ကိုင်ဖက်တို့အချင်းချင်း မတည့်ကြသည်ကို

လူအတော်များများသိသည်။ သူတို့က ကြီးကြီးမားမား ပဋိပက္ခမရှိသော်လည်း  သူတို့ကြား၌  အချင်းချင်း ပဋိပက္ခရှိသကဲ့သို့ဖြစ်ကာ မည်သည့်အလုပ်ကို လုပ်သည်ဖြစ်စေ အချင်းချင်း တိုက်ခိုက်နေရသည်။

အထူးသဖြင့် ဤတစ်ကြိမ်တွင်

သူတို့သည်ကား ခေါင်းဆောင်ဟောင်း အငြိမ်းစားမယူမီ ပြုလုပ်မည့်  မွေးနေ့ပွဲအတွက် အလုပ်များနေခဲ့ကြသည်။ 

ထိုလူအုပ်စုသည်က ခေါင်းဆောင်ဟောင်းအတွက် ဤကိစ္စကို အကောင်းဆုံးလုပ်ပေးရန်

စိတ်အားထက်သန်နေခဲ့ကြသည်။

ခေါင်းဆောင်ဟောင်းအတွက် စေတနာထားလုပ်ပေးချင်ပြီး လူတိုင်းက ဤအခွင့်အရေးကို အသုံးချကာ ကိုယ့်ကိုယ်ကိုယ် မျက်နှာလုပ်လိုနေခဲ့ကြသည်။

ရှင်းရှင်းပြောရလျှင် အငြိမ်းစားမယူမီ ခေါင်းဆောင်ဟောင်းမှ

သူတို့အား ပို၍  အကူအညီပေးရန်ဖြစ်ပေသည်။

သို့သော် သူသည်က လင်းရန်ကို ချက်ပြုတ်ခွင့်မပေးသေးမီအချိန်၌ တစ်ဖက်လူထံမှ နှိမ်ချမှုကို ခံနေရသော်လည်း မည်သို့မှ မခံစားရပေ။ 

ကံကောင်းထောက်မစွာဖြင့်

ချန်ဝမ်သည်လည်း အကဲခတ်တတ်သည်။

ဤသည်ကိုကြားသည့်အခါ ချန်၀မ်က ပြုံးပြကာ အလျင်အမြန် ပြောလိုက်သည်။

“ဒီက အစ်ကို၊ ခင်ဗျား ကျွန်တော့်ကို အထင်ကြီးလွန်းနေပါပြီ၊

ကျွန်တော်က စားဖိုမှူး မဟုတ်ပါဘူး၊ကျွန်တော်က ကူညီဖို့ ခေါ်လာတဲ့ အလုပ်သမားတစ်ယောက်ပါ၊

ဒီအမျိုးသမီးနှစ်ယောက်ကသာ ကျွန်တော်တို့ရဲ့ စားဖိုမှူးနဲ့ လက်ထောက်စားဖိုမှူးပါ”

“ဒီအမျိုးသမီးနှစ်ယောက်က နုပျိုလှပပေမဲ့၊ သူတို့ရဲ့ ချက်ပြုတ်မှုက လူတိုင်းကို တကယ် အံ့အားသင့်စေပါလိမ့်မယ်၊

ကျွန်တော်တို့တွေ သူတို့ချက်ပြုတ်တာကို စားပြီးတာနဲ့ ဘယ်သူမှ မကောင်းပြောနိုင်တော့မှာ မဟုတ်ပါဘူး”

ချန်ဝမ်၏စကားများမှာ လင်းရန်နှင့်

လင်းကျန်းဖူတို့အား  အကြီးအကျယ်

ချီးမွမ်းနေသည့်အတွက်ကြောင့် ချီးမွမ်းခံရသည့် လင်းကျန်းဖူပင်လျှင်  အနည်းငယ် ရှက်သွားသည်။

သို့သော် လင်းရန်သည်ကား  ခံနိုင်ရည်ရှိသည်။

သူမသည်က ရယ်မောကာ ချန်ဝမ်၏ စကားကို  ဆက်၍ ပြန်ပြောလိုက်သည်။

“စကားလုံးတစ်ရာ ပြောတာထက်

အလုပ်နဲ့ သက်သေပြတာက ပိုကောင်းပါတယ်၊

အားလုံးပဲ မစားရသေးတဲ့အတွက် ကျွန်မ အချိန်ယူပြီး

ဟင်းတစ်ပွဲလောက်  ချက်ပြုတ်ပေးပါ့မယ်၊ အားလုံးရဲ့ ကောင်းမွန်တဲ့အကဲဖြတ်မှုကို ရခဲ့ရင်တော့ ကျွန်မ ကံကောင်းတယ်လို့ ဆိုရမှာပေါ့”

လင်းရန် ထိုသို့ပြောလိုက်သည့်အခါ

အခြားသူများကလည်း  မည်သို့မှ မပြောနိုင်တော့ပေ။

ခေါင်းဆောင်ဟောင်းသည်ကား လင်းရန်မှ ဤအသက်ရွယ်နှင့် ယခုကဲ့သို့ အခြေအနေမျိုး၌

မကြောက်မရွံ့ တုံ့ပြန်နိုင်သည်ကို

လေးစားမိသည်။

ထို့ကြောင့် သူက

ပြုံးကာ လက်ကိုဝှေ့ယမ်းပြလိုက်သည်။

“ဒီက ရဲဘော်လေး ပြောတာက သင့်လျော်ပါတယ်၊ ဒီနေ့မှာ အားလုံးက ကိစ္စတစ်ခုတည်းအတွက် ရောက်လာကြတာကို ကျွန်တော် သိပါတယ်၊ ဒီလိုဆိုရင်တော့ တရားမျှတအောင် လုပ်ကြတာပေါ့၊ ဒီရဲဘော်လေးကို ဟင်းတစ်ပွဲ ချက်ခိုင်းလိုက်ကြရအောင်”

ခေါင်းဆောင်ဟောင်းပြောသည်ကို ကြားသည့်အခါ လီကျင်းခမ်းမှာ  အနည်းငယ် စိတ်ပူလာသည်။ တခြားသူများ ခေါ်လာသည့် စားဖိုမှူးများမှာ

ဟင်းပွဲများ အားလုံးကို ပြင်ဆင်ပြီးနေလေပြီ။

သူတို့သာ ကျန်တော့သည်။

ယခုထက်ပို၍  နောက်ကျသွားပါက

အဆင်ပြေတော့မည်မဟုတ်ပေ။

ဤသည်ကို တွေးမိသည့်အခါ လီကျင်းခမ်းကလင်းရန်အား အလျင်အမြန် မျက်စပစ်ပြလိုက်ကာ ချက်ပြုတ်ရန် အချက်ပြလိုက်သည်။

လင်းရန်သည်လည်း အချိန်မဖြုန်းတော့ပေ။ မီးဖိုချောင်၏  နေရာကို မေးပြီးသည်နှင့်တစ်ပြိုင်နက်  သူမ၏ဒေါ် လေးလင်းကျန်းဖူအား ဟင်းချက်ပြုတ်ရန်  ခေါ်သွားခဲ့သည်။

ဧည့်ခန်းထဲမှ လူအုပ်စုကြီးမကတော့  လင်းရန်အား သိပ်ဂရုမစိုက်ကြပေ။

အဘယ်ကြောင့်ဆိုသော်  လင်းရန်သည်က အမှန်တကယ် စားဖိုမှူးတစ်ဦး လုံးဝမဖြစ်နိုင်ဟု ထင်ရသည့်အတွက်ကြောင့်ပင်ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့်

နေ့လယ်စာစားချိန်ကလည်း မရောက်သေးပေ။

ခေါင်းဆောင်ဟောင်းမှလည်း

ထိုသို့ ပြောလာသည့်အတွက် ကျန်သည့်သူများမှာ စောင့်ရုံမျှသာ ရှိတော့သည်။ နွေရာသီဖြစ်သည့်အတွက် အစားအစာများသည်က လျင်မြန်စွာ အေးသွားခြင်းမရှိပေ။

ထို့အပြင် ယခုရှိနေသည့်သူများမှာလည်း အားလပ်နေခြင်းမျိုး မဟုတ်သည့်အတွက် အရာရှိအုပ်စုကသူတို့၏ ခေါင်းဆောင်ဟောင်းအား ဝိုင်းရံကာ အလုပ်ကိစ္စများ ပြောဆိုနေခဲ့ကြသည်။

တစ်ဘက်မှ စားဖိုမှူးများကလည်း သူတို့၏ ချက်ပြုတ်မှုများအကြောင်းကို  စတင်၍ ပြောနေကြသည်။ ချန်ဝမ်တစ်ယောက်ကသာ ခရိုင်အစိုးရဝန်ထမ်းလည်း မဟုတ်သကဲ့သို့  စားဖိုမှူးလည်း မဟုတ်သည့်အတွက် ခဏတာမျှ မည်သို့လုပ်ရမှန်း မသိဖြစ်နေသည်။

ကံကောင်းထောက်မစွာဖြင့် ထိုအချိန်တွင် ခေါင်းဆောင်ဟောင်း၏ မိသားစုက သူ ပျင်းရိနေသည်ကို မြင်သည့်အခါ သူ့အနာသို့လာ၍ ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။

“ရဲဘော်၊ ဒီမှာ ခဏ လာထိုင်ပါဦး”

ချန်ဝမ်က ပြုံးပြကာ

သူ၏အစ်ကိုကြီး လီကျင်းခမ်းနှင့် မလှမ်းမကမ်းတွင်ရှိနေသည့် ကုလားထိုင်တစ်လုံး ဆွဲယူကာ ထိုင်လိုက်သည်။ 

သူက လီကျင်းခမ်း၏ ရုံးကိစ္စများကို

မနှောင့်ယှက်ဝံ့သည့်အတွက် ပါးစပ်ကိုသာ ပိတ်ကာ ခေါင်းဆောင်ဟောင်း၏ မိသားစုမှ နေ့စဉ်ဓူ၀ကိစ္စများအကြောင်း ပြောဆိုနေသည်ကို နားထောင်နေခဲ့သည်။

အနည်းငယ် နားထောင်ပြီးသည့်နောက်၌ သူတို့သည်က ဂျူနီယာ တစ်ယောက်၏အကြောင်းကို ပြောနေကြသည်ကို သူ သတိထားမိသည်။

ထို ဂျူနီယာသည်က  အမျိုးသမီးတစ်ယောက်ဖြစ်ပြီး နုပျိုပုံရကာ  အသက် နှစ်ဆယ်ကျော်၀န်းကျင်

ရှိမည်ဟု ထင်ရသည်။

လူတိုင်းက သူမအား စနောက်နေသည့်အတွက် သူမကလည်း ရှက်ရွံ့နေပုံရသည်။

“  သူ မကြာခင် ရောက်လာတော့မှာပါ၊ သူက ဒီရက်တွေမှာ အလုပ်များနေလို့လေ၊ အခုက အလုပ်မဆင်းသေးတဲ့အတွက် မလာသေးတာ၊ နေ့လည်စာစားတဲ့အခါ သူ့ကို တွေ့ရပါလိမ့်မယ်”

ချန်ဝမ် ခဏတာမျှ ကြောင်သွားသော်လည်း အလျင်အမြန် သတိဝင်လာခဲ့သည်။ လူတိုင်းက သူမနှင့် သူမ၏လက်တွဲဖော်အကြောင်းကို  ပြောနေခဲ့ကြခြင်းဖြစ်သည်။

နောက်တစ်စက္ကန့်အကြာ၌ ထိုအမျိုးသမီးငယ်၏ဘေးမှ အမျိုးသမီးကြီးက ပြုံးကာ ပြောလိုက်သည်။

“ရှင်တို့က ကျွန်မလို အမေဖြစ်သူထက် ဘာလို့ ပိုပြီး စိတ်ပူနေကြရတာလဲ၊ ကျွန်မ ရှောင်စုကို အကြိမ်အတော်များများ တွေ့ဖူးတယ်၊

သူက ရင့်ကျက်တည်ငြိမ်ပြီး ကောင်းတဲ့ကလေးတစ်ယောက်ပါ၊ ရုပ်လည်း ချောတယ်၊သူ့မိဘတွေကိုလည်း အိမ်မှာ တွေ့ဖူးတယ် ၊သူတို့ကလည်း ဆက်ဆံရေးကောင်းတယ်၊ ဒါကြောင့် စိတ်ပူစရာမလိုပါဘူး”

“ကောင်းပါပြီ၊ မင်းတို့သားအမိနှစ်ယောက်လုံး သဘောတူမှတော့ အဆင်ပြေတာပေါ့၊ ဟားဟား”

ခေါင်းဆောင်ဟောင်း၏ ဇနီးသည်က သူတို့အား ချစ်ခင်စွာဖြင့် ကြည့်လိုက်သည်။

သူမသည်ကား အသက်ကြီးပြီဖြစ်၍ လူငယ်များနှင့် အတူရှိနေရသည်ကို  သဘောကျကာ ကလေးများ ပျော်ပျော်ရွှင်ရွှင်ရှိနေသည်ကို မြင်ရသည်ကိုလည်း နှစ်သက်သည်။

မတိုင်ခင်က စကားပြောသည့် မိန်းကလေးမှာ သူမ၏ မြေးအရင်းမဟုတ်ဘဲ အစ်မဖြစ်သူ၏ မြေး ဖြစ်သော်လည်း အစ်မဖြစ်သူသည်ကား

အစောပိုင်းကတည်းက ဆုံးပါးသွားခဲ့သည့်အတွက်ကြောင့် သူမ၏ တူ၊ တူမများကို သနားချစ်ခင်ကာ အမြဲတစေ နီးနီးကပ်ကပ်နေခဲ့သည်။

ယနေ့ အိမ်၌ ပျော်စရာကောင်းသည့် ပွဲတစ်ခုရှိနေသည့်အတွက်ကြောင့် သူမက အစ်မ၏သမီးဖြစ်သည့် တူမနှင့် တူမဖြစ်သူ၏ သမီးကိုပါ ညစာစားရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

“ လိလိ၊ အခု မင်းတို့က ချစ်သူဘဝမှာဆိုတော့ ဘယ်နေရာကိုပဲဖြစ်ဖြစ်  အကောင်းဆုံးပဲ ထင်တာပေါ့၊ ဒါပေမဲ့ အဘွားအနေနဲ့ နည်းနည်းတော့ ပြောချင်သေးတယ်၊

အိမ်ထောင်ပြုတယ်ဆိုတာ ကိစ္စကြီးတစ်ခုပဲ၊ တစ်သက်လုံး အတူနေသွားရမှာ၊ ဒါကြောင့် တတ်နိုင်သမျှ အကောင်းဆုံးကြိုးစားပြီး အချိန်ကြာကြာ  တွဲပြီးမှသာ  ဆုံးဖြတ်ပါ၊ ဘာကိုမှ စိတ်မြန်လက်မြန် မလုပ်ပါနဲ့နော်”

တုန်လိလိမှာ သူမ၏ အဘွားက စေတနာနှင့် ပြောနေမှန်း သိသော်လည်း လော်ပင်းနှင့်

သူမ ပြုလုပ်ခဲ့သည့် ကိစ္စများကို  ပြန်တွေးမိသည့်အခါ၌  သူမ၏အပြုံးမှာ ရုတ်တရက် ခဏတာမျှ ရပ်တန့်သွားသည်။

သူမသည်ကား အပြစ်ရှိသကဲ့သို့ ခံစားရပြီး အနည်းငယ်ရှက်ရွံ့မိသည်။

သူမ၏အဘွားမှ ဤကိစ္စအား

လူအများရှေ့၌  ပြောနေခြင်းသည်က သူမ၏ ဂုဏ်သိက္ခာကို  အလေးမထားခြင်းလားဟု ခံစားမိသည်။

သို့သော် သူမ၏အဘွား  ထိုသို့ပြောခြင်းမှာမည်သည့်စိတ်သဘောမျှ မရှိပေ။

သူမတို့နှစ်ဦး  စိတ်မြန်လက်မြန်ဖြင့်

လက်ထပ်သွားမည်ကို စိုးရိမ်သည့်အတွက်ကြောင့်သာ ဖြစ်သည်။

“အဘွား၊ အခု ဘယ်ခေတ်ကာလကို ရောက်နေပြီမို့လို့လဲ၊ ကျွန်မတို့က ကလေးတွေမှ မဟုတ်တော့တာ၊ အဘွားပြောတာတွေ အကုန်လုံးကို ကျွန်မလည်းသိပါတယ်”

တုန်လိလိမှာ မထိန်းချုပ်ထားနိုင်တော့ဘဲ အဘွားဖြစ်သူအား အောင့်သက်သက်ပြုံးပြကာ  ပြန်၍

ပြောလိုက်သည်။

သူမ အနည်းငယ် မပျော်မရွှင်ဖြစ်နေပုံကို သူမ၏အဘွားဖြစ်သူ မြင်သည့်အခါတွင် စိတ်ထဲ၌ သက်ပြင်းချလိုက်သော်လည်း  မည်သည်ကိုမှ

ထပ်၍ မပြောတော့ပေ။

တုန်လိလိ ပြောသကဲ့သို့ပင် တုန်လိလိသည်က ကလေးမဟုတ်တော့ပေ။ သူမကဲ့သို့ အဘွားအိုတစ်ဦးပြောသည်ကို နားမထောင်မည်ကိုလည်း စိုးရိမ်မိသည်။

သို့သော် သူမအနေဖြင့် သူမ၏မြေးမလက်တွဲဖော်ကိစ္စတွင်  လူဆိုးမကြီး

မလုပ်လိုတော့ပေ။

ထိုသို့ တွေးပြီးနောက်၌

အဘွားဖြစ်သူက ထိုအကြောင်းအရာကို ဆက်၍ မပြောတော့ဘဲ ပတ်ဝန်းကျင်မှ အခြားလူငယ်များ၏ အခြေအနေကိုသာ မေးမြန်းနေတော့သည်။

လူတိုင်း၏ အာရုံစိုက်မှုမှာ သူမထံမှ

လုံးဝလွှဲပြောင်းသွားသည်ကို မြင်သည့်အခါ၌ တုန်လိလိလညည်း သက်ပြင်းချလိုက်သည်။

ထိုအခိုက်တွင် သူမ၏မိခင်က သူမ၏အဝတ်စကို ဆွဲကာ တီးတိုး ဆူလိုက်သည်။

“ ခုနက မင်းအဘွားကို ဘာလို့ အဲဒီလိုပြောတာလဲ၊ မင်းမှာ ယဉ်ကျေးမှုမရှိဘူးလား၊”

“ ကျွန်မက ကောင်းကောင်းမပြောတာ ဘယ်သူ့အမှားကြောင့်လဲ၊ ဘယ်သူကရော အဘွားကို အဲဒီလိုစကားတွေပြောခိုင်းလို့လဲ၊ ကျွန်မမျက်နှာကို နည်းနည်းမှ မငဲ့ဘူး!”

တုန်လိလိ ဤသည်ကိုကြားသည့်အခါ မကျေမနပ်ဖြစ်သွားခဲ့ပြီး ပြန်လည်၍ ပြောလိုက်သည်။

ဤဆွေမျိုးအုပ်စုထဲ၌ အမျိုးသားများလည်း ရှိသည်။ အဘွားဖြစ်သူ၏ စကားများကို နားထောင်ပြီးသည့်နောက်၌ သူတို့အနေဖြင့် မည်သို့မည်ပုံ တွေးနေမည်ကို သူမ မသိပေ။

“အိုး၊ ဒီကောင်မလေး၊ မင်းအဘွားက မင်းကို အဲဒီလိုပြောတာ ဘာမှားလို့လဲ၊ မင်းသိထားဖို့က မင်းရဲ့အဘွားတို့ အငြိမ်းစားယူသွားရင်တောင်

ငါတို့က သူတို့ကို ဆက်ပြီး အားကိုးရဦးမှာနော်!”

ဤကောင်မလေးသည်က အဘယ်ကြောင့် ဤမျှလောက်ပင်  နားမလည်နိုင်ရသနည်း။

“  လော်ပင်းက သူ လုပ်နေတဲ့ စက်ရုံမှာ အခြေအနေမကောင်းလို့ အလုပ်ပြောင်းချင်တယ်လို့ မနေ့က မင်းပဲ ငါ့ကို ပြောခဲ့တာ မဟုတ်ဘူးလား၊

မင်းအဘွားရဲ့ စကားတစ်ခွန်းတည်းနဲ့ လော်ပင်းအတွက် အကုန်စီစဉ်ပေးနိုင်တယ်၊ အဲဒါကို မင်းက မင်းရဲ့အဘွားကို  အဲဒီလိုစကားပြောလိုက်တယ်ပေါ့၊ ဘာလဲ၊ လော်ပင်းကို ကူညီပေးဖို့ မလိုတော့ဘူးလား”

သူမ၏အမေပြောသည်ကို ကြားရသည့်အခါ တုန်လိလိသည်လည်း အနည်းငယ်နောင်တရသွားသည်။

သူမ၏ အမေပြောသည်မှာ မှန်ပေသည်။

လော်ပင်း၏အလုပ်အတွက် သူမ၏

အဘွားထံမှ အကူအညီကို  လိုအပ်သည်။

အဘွား၏ အကူအညီနှင့်သာ အဆင်ပြေနိုင်ပေလိမ့်မည်။

မူလက လော်ပင်းသည်က သူ့မိဘများ၏ အဆက်အသွယ်များကြောင့် တခြားအလုပ်ရှာနိုင်သည်ဟု  ရက်အနည်းငယ် အကြာက ပြောခဲ့သည်။

သို့သော် မည်သည့်အကြောင်းကြောင့်မှန်း မသိရဘဲ ထိုအဆက်အသွယ်က အဆင်မပြေဖြစ်လာခဲ့သည်ဟု လော်ပင်းက သူမအား ပြောလာခဲ့သည်။

အလုပ်ရရန် အခွင့်အရေး လုံးဝပင် မရှိတော့သည့်အတွက်ကြောင့် သူမထံတွင်သာ ထိုကိစ္စကို ပုံအပ်ထားခဲ့သည်။

ထို့ကြောင့် ယနေ့ တုန်လိလိ၏ အဓိကရည်ရွယ်ချက်မှာ လော်ပင်းအတွက် အလုပ်သစ်စီစဉ်ပေးနိုင်ရန်သာ ဖြစ်သည်။

*

All Chapters