အခန်း (၁၅၈)
Vol. 16 Ch. 158
သူတို့ဇနီးမောင်နှံသည်ကား တစ်မြို့တည်းမှ ဖြစ်ပြီး သူတို့ဇာတိ၌ နေစဉ်က အကောင်းဆုံး ခေါက်ဆွဲများကို စားရလေ့ရှိသည်။ သို့သော်လည်း ဤခရိုင်၌ အခြေချပြီးသည့်နောက်၌ သူတို့ဇာတိမှ ခေါက်ဆွဲအရသာကို ထပ်မံ၍ မစားနိုင်တော့ပေ။
တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ
သူတို့၏အိမ်၌ ခေါက်ဆွဲကို အခါအားလျော်စွာ ပြင်ဆင်ကာ ကိုယ်တိုင်ချက်ပြုတ်ကြရန်ပင် ဖြစ်သည်။
သို့သော် သူတို့နှစ်ဦးလုံးသည်ကား ချက်ပြုတ်ရာ၌ သိပ်ပြီးမတော်ကြပေ။
သူတို့၏ဇာတိမှ အရသာကို အပြည့်အဝ မချက်ပြုတ်နိုင်သည့်အတွက် သူတို့၏ စိတ်ထဲ၌သာ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်နေရသည်။
သို့သော်လည်း ယခု ခေါက်ဆွဲတစ်လုပ်စားလိုက်သည့်အချိန်တွင် သူတို့အား အံ့အားသင့်သွားစေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဤအရသာသည်က သူတို့ ငယ်ဘဝက စားခဲ့သည့် အရသာနှင့် ရာနှုန်းပြည့် တူသည်ဟု မပြောနိုင်သော်လည်း ယခုနှစ်များအတွင်း သူတို့စားခဲ့သည့် ခေါက်ဆွဲများအနက် ဇာတိမှ အရသာနှင့် အနီးစပ်ဆုံးတူသည့် ခေါက်ဆွဲဖြစ်သည်မှာ
သေချာပေသည်။
တစ်လုပ်စားပြီးသည့်နောက်တွင် နောက်တစ်လုပ်ကို ချက်ချင်းစားချင်စိတ် ဖြစ်လောက်အောင် ခေါက်ဆွဲက လတ်ဆတ်ကာ ချဉ်စပ်စပ်အရသာလေးရှိနေခဲ့သည်။
“အသားက လုံးဝ ဆီမပြန်ဘူး၊ အရသာကလည်း အနေတော်ပဲ!”
ဇနီးဖြစ်သူ ခေါက်ဆွဲစားနေစဥ်တွင်
ခေါင်းဆောင်ဟောင်းက အသားလွှာအား မနေနိုင်ဘဲ မြည်းစမ်းကြည့်လိုက်သည်။
တစ်လုပ်စားကြည့်လိုက်သည့်နောက်တွင်လုံးဝ ဆီပြန်နေခြင်းမျိုးကို မခံစားရဘဲ မွှေးရနံ့ကိုသာ
ရရှိခဲ့သည်။
ဤအသားလွှာ တစ်ခုတည်းဖြင့်ပင် ထမင်းတစ်ပန်းကန်စားနိုင်လိမ့်မည်ဟု သူခံစားလိုက်ရသည်။
သူသည်ကား ဤခေါက်ဆွဲအား
အလွန်ပင် ကျေနပ်နေခဲ့သည်။
ဇာတိ၏ အရသာကို ခံစားရရုံတင်မကဘဲ သူ့၏ကျန်းမာရေးအတွက်လည်း အလွန်သင့်တော်ပေသည်။
လုံးဝ အဆီမပြန်နေခဲ့ဘဲ အစာစားချင်စိတ်ကို ဖြစ်စေကာ စိတ်ကိုလည်းလန်းဆန်းစေသည်။
ခေါင်းဆောင်ဟောင်းမှ အားပါးတရ စားနေစဉ်တွင် စားပွဲရှိ အခြားသူများ၏ မျက်နှာအမူအရာများမှာ ပို၍ နားမလည်နိုင်ဖြစ်နေကာ ထိုခေါက်ဆွဲအား အနည်းငယ် ပို၍ မြည်းစမ်းလိုစိတ်များ ဖြစ်နေကြသည်။
ကံမကောင်းစွာဖြင့် ခေါက်ဆွဲမှာ တစ်ပန်းကန်သာ ရှိပြီး ခေါင်းဆောင်ဟောင်းတို့ ဇနီးမောင်နှံသာ စားလိုက်နိုင်ကြသည်။
အခြားသူများမှာ မည်မျှပင်
မြည်းစမ်းလိုသည်ဖြစ်စေ မပြောရဲခဲ့ကြပါချေ။
သို့သော် စားပွဲပေါ်ရှိ အခြားဟင်းလျာများမှာလည်း သူတို့၏အမြင်၌ အလွန်အရသာရှိသည်ဖြစ်၍ အခြားအသားဟင်းများကိုသာ စားလိုက်ကြသည်။
ထိုစားပွဲ၌ စားသောက်ရန် စိတ်မ၀င်စားသည့်သူများမှာ တုန်လိလိနှင့် သူမ၏ မိခင်တို့သာ ရှိနေပေလိမ့်မည်။
“ညစာစားပွဲချိန်ရောက်နေပြီကို လော်ပင်းက ဘာလို့ မလာသေးတာလဲ၊ ငါတို့က သူ့ကို စောင့်နေရတာတော့ မဖြစ်သင့်ဘူး မဟုတ်လား”
အမေတုန်က နဖူးကြောတွန့်ကာ သမီးဖြစ်သူ တုန်လိလိအား တီးတိုး ပြောလိုက်သည်။
သူမသည်ကား လေသံကို ထိန်း၍မရနိုင်လောက်အောင် ဒေါသထွက်နေခဲ့သည်။
တုန်လိလိကတော့ လော်ပင်းဘက်မှ ထောက်ခံပြောဆိုနေဆဲပင်။
“သူက တစ်ခုခုနဲ့ အလုပ်ရှုပ်နေလို့နေမှာပါ၊ အမေ သူ့အကြောင်းကို မသိတာလည်း မဟုတ်ဘဲနဲ့၊ သူက အကြောင်းမဲ့ နောက်ကျတတ်တဲ့သူမျိုး မဟုတ်ပါဘူး၊ ကျွန်မ တံခါးဝကို သွားကြည့်လိုက်ဦးမယ်!”
ထိုသို့ ပြောကာ တုန်လိလိက ထိုင်ခုံမှ ထရပ်ကာ တံခါးသို့ သွားလိုက်လေသည်။
စားပွဲရှိ အခြားသူများမှာကား အရသာရှိသည့် အစားအစာများထဲသို့သာ အာရုံရောက်နေကြသည့်အတွက် သူမအား ဂရုမစိုက်မိကြပေ။
ခေါင်းဆောင်ဟောင်း၏ ဇနီးဖြစ်သူကသာ တုန်လိလိထိုင်သည့် ခုံလွတ်နေသည်ကို ကြည့်လိုက်ပြီး တုန်လိလိမှာ တံခါးဝဆီသို့ သွားနေသည်ကို မြင်ရသည့်အခါ၌ ခေါင်းကို အနည်းငယ် ခါယမ်းလိုက်မိသည်။
လော်ပင်းက အချိန်မီ ရောက်မလာခဲ့ပေ။
သူမ၏ မြေးဖြစ်သူ တုန်လိလိသည်က လော်ပင်းနှင့် ဆက်ဆံရေးကို လူသိရှင်ကြား အတည်မပြုရသေးသော်လည်း ယခုကတည်းကပင် လော်ပင်းထံတွင် စိတ်နစ်နေလေပြီ။
အနာဂတ်၌ အမှန်တကယ် ဆက်ဆံရေးအတည်ပြုပြီးသွားပါက မည်သို့ကိုင်တွယ်ရမည်ကို သူမ မသိနိုင်တော့ပေ။
လက်ရှိအမြင်အရဆိုပါက လော်ပင်းသည်က အမှန်တကယ်ပင် စွမ်းဆောင်ရည်ရှိသည်။
သူ၏ “ကျွမ်းကျင်မှု”ကိုနည်းမှန်လမ်းမှန်ဖြင့် အသုံးပြုပြီး မကောင်းသည့် ရည်ရွယ်ချက် မရှိရန်သာ သူမ မျှော်လင့်မိတော့သည်။
မိနစ်အနည်းငယ်အကြာ၌ တံခါး၀သို့ ရောက်နေသည့် တုန်လိလိတစ်ယောက် အိမ်ဘက်သို့ အပြေးအလွှား လာနေသည့် လော်ပင်းအား တွေ့လိုက်ရသည်။
လော်ပင်းအား မြင်လိုက်ရသည့်အချိန်မှသာ တုန်လိလိ သက်ပြင်းချနိုင်ခဲ့သည်။
သို့သော် လော်ပင်း နောက်ကျသည်ကို မကျေမနပ်ဖြစ်နေဆဲပင် ဖြစ်သည်။
“ဘာတွေ လုပ်နေရလို့ အခုမှ ရောက်လာတာလဲ၊ လူတိုင်းက စားသောက်နေကြပြီ၊ ရှင်တစ်ယောက်ပဲ မရောက်လာသေးတာ!”
တုန်လိလိက အတော်လေး စိတ်ပူနေခဲ့ရသောကြောင့် ဤအချိန်၌ မထိန်းနိုင်တော့ဘဲ ကျယ်လောင်စွာ ပြောလိုက်သည်။
လော်ပင်းသည်ကား အရေးပေါ်အလုပ်စ္စပြီးသည်နှင့် ရေပင် သောက်ချိန်မရဘဲ အလျင်အမြန် ဤနေရာသို့ ပြေးလာခဲ့ပြီးဖြစ်ပြီး တုန်လိလိမှ သူ့အား ထိုသို့ ဆီးကြို၍ပြောလိုက်သည့်အတွက်အနည်းငယ်
စိတ်မသက်မသာ ဖြစ်သွားခဲ့ရသည်။
သို့သော် တုန်လိလိ၏ နောက်တွင်ရှိနေသော တံခါးကို မြင်သည့်အချိန်တွင် အသက်ကိုပြင်းပြင်း ရှူရှိုက်ကာ
မကျေနပ်မှုကို ဖုံးကွယ်၍ ပြုံးပြကာ
တောင်းပန်လိုက်သည်။
“ခုနက တကယ်ကြီး အရေးပေါ်ကိစ္စပေါ်လာတာနဲ့ည ထွက်လာလို့မရလို့ပါ၊ အလုပာကိစ္စပြီးတာနဲ့ ဒီကို ချက်ချင်း လာခဲ့တာ၊ အခုမှ အချိန်က ဆယ့်နှစ်နာရီကို နည်းနည်းလေးပဲ ကျော်သေးတာပါကွာ၊ မိနစ်နည်းနည်းပဲ နောက်ကျတာပါ၊ ကိစ္စမရှိလောက်ပါဘူး၊ ခဏနေကျမှ တောင်းပန်လိုက်ရင် လူတိုင်း နားလည်ပေးကြမှာပါ”
“ဘာကို တောင်းပန်မှာလဲ၊ ဒီနေ့ လူဘယ်နှစ်ယောက်လောက် ရောက်လာမလဲဆိုတာကို ရှင်မသိဘူးလား!”
လူအများကြီး၏ရှေ့၌ တောင်းပန်ရကာ မျက်နှာပျက်ရမည်ကို သူမ မလိုချင်ပေ။
ထိုအခြေအနေကို တွေးမိပြီးနောက် တုန်လိလိက စိတ်ပျက်စွာဖြင့် လက်ဝှေ့ရမ်းလိုက်သည်။
“တော်ပြီ၊ တော်ပြီ၊ ဘာမှ ထပ်မပြောနဲ့တော့၊ အရင်ဆုံးအထဲ၀င်တော့၊ ကျွန်မ ယူခိုင်းတဲ့ပစ္စည်းတွေကို မမေ့ခဲ့ဘူးမလား”
သူမ၏ စကားကို ကြားလျှင် လော်ပင်းက သူ၏လက်ထဲမှ သစ်သီးများကို လျင်မြန်စွာ မြှောက်ပြလိုက်သည်။
အမှန်တကယ်တမ်းတွင် သူနှင့် တုန်လိလိ၏ ချစ်သူရည်းစား ဆက်ဆံရေးမှာ တရားဝင် အတည်မပြုရသေးပေ။
သူတို့က လက်ထပ်ထားခြင်းလည်း မဟုတ်သည့်အတွက် တုန်လိလိ၏ လုပ်ဖော်ကိုင်ဖက်အနေဖြင့်သာ
ဤနေရာကို လာ၍ ရပေသည်။
ထို့အပြင် သူသည်ကား ယနေ့အတွက် အရေးကြီးသည့်လူ မဟုတ်သည့်အတွက် တန်ဖိုးရှိသည့် လက်ဆောင်ပစ္စည်းများ ယူလာ၍ မရသေးပါချေ။ သို့သော် ပန်းသီးနှစ်ကီလိုခန့် ယူလာသည်ကိုမူ
မည်သူကမှ အပြစ်ရှာ၍ ရနိုင်လိမ့်မည်မဟုတ်ပေ။
တုန်လိလိက လော်ပင်းယူလာသည့်
အသီးများကို တစ်ချက်ကြည့်ကာ
စိတ်သက်သာရာရသွားပြီး လော်ပင်းအား အိမ်ထဲသို့ လျင်မြန်စွာ ခေါ်သွားခဲ့သည်။
သူမ၏ အဘွားဖြစ်သူတို့အိမ်မှ ဧည့်ခန်းမှာ အလွန်ကျယ်သော်လည်း ယနေ့တွင် လူများစွာ ရှိနေသည့်အတွက် စားပွဲနှစ်လုံးစလုံး ပြည့်နေကာ စားဖိုမှူးများ ထိုင်နေသည့် စားပွဲသည်က တံခါးဘေး၌ပင် ရှိနေလေသည်။
တုန်လိလိနှင့်လော်ပင်းတို့နှစ်ဦး ဧည့်ခန်းသို့ သွားလိုပါက ထိုစားပွဲ၀ိုင်းကို ဖြတ်သွားရမည်ဖြစ်သည်။
တုန်လိလိမှာ ဤစားဖိုမှူးများက နောင်တွင် သူတို့၏အိမ်၌ အလုပ်လာလုပ်မည့်သူများဟုသာ
တွေးကာ လုံးဝပင် အလေးထားခြင်း မရှိပေ။
ထို့ကြောင့် စားဖိုမှူးများနှင့် နှုတ်မဆက်တော့ဘဲ လွတ်နေသည့် လမ်းသို့ ဆက်၍ လျှောက်သွားလိုက်သည်။
သူမ ရပ်တန့်လိုက်သည့် တစ်ခုတည်းသော အခိုက်အတန့်မှာ အမျိုးသမီးစားဖိုမှူးနှစ်ယောက်အား ရှင်းလင်းစွာ မြင်လိုက်ရသည့် အချိန်ပင်ဖြစ်သည်။
သူမက ရပ်တန့်ကာ တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းများကို မနေနိုင်စွာဖြင့် တွန့်ချိုးလိုက်သည်။
အထူးသဖြင့် ပန်းပွင့်လေးကဲ့သို့ သိမ်မွေ့နူးညံ့စွာလှပနေသည့် လင်းရန်၏ မျက်နှာကို မြင်သည့်အခါ၌
သူမ၏ ရင်ထဲ၌ တီးတိုးရေရွတ်လိုက်မိသည်။
အခြေအနေကို သိသည့်သူများက
သူမ ချက်ပြုတ်ရန် လာသည်ကို သိကြသော်လည်း မသိသည့်သူများကမူ တခြားသောအရာတစ်ခုခုကို လုပ်ဆောင်ရန်လာခြင်းဖြစ်မည်ဟု ထင်ကြပေလိမ့်မည်။
သူမက ဘယ်သူ့ကို ပြဖို့အတွက် ဒီလောက်ထိ ပြင်ဆင်လာရတာလဲ?။
ဒီနေ့ခေတ်ကာလမှာ ဘယ်လိုလူမျိုးမဆို စားဖိုမှူးလုပ်လို့ ရနေတာလား။
သူမ စိတ်ထဲမှ ထိုသို့ရေရွတ်ရင်း လင်းရန်နှင့် လင်းကျန်းဖူတို့အား လျင်မြန်စွာ ဖြတ်ကျော်ကာ ဧည့်ခံစားပွဲသို့ လျှောက်သွားရန် ပြင်လိုက်သည်။
သို့သော်လည်း မမျှော်လင့်ထားစွာဖြင့် စားဖိုမှူးစားပွဲကို ဖြတ်ကျော်ပြီးသည့်အခါတွင် သူမ၏အနောက်မှ လော်ပင်း၏ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားသည်ကို တွေ့လိုက်ရလေ၏။
သူမ အနောက်ကို လှည့်၍ လော်ပင်းအား အဘယ်ကြောင့်ရပ်တန့်လိုက်သည်ကို မေးမည့်ဆဲဆဲတွင် လော်ပင်းက နေရာတွင် ရပ်တန့်နေကာ သရဲတစ္ဆေကုု မြင်လိုက်ရသကဲ့သို့ မျကငနှာအမူအရာ ပျက်ယွင်းနေသည်ကို သူမ တွေ့လိုက်ရသည်။
လော်ပင်း၏ အကြည့်သည်ကား
အမျိုးသမီးစားဖိုမှူးနှစ်ယောက်၏ နေရာသို့ ဦးတည်နေခဲ့သည်။
အမျိုးသမီးစားဖိုမှူးတစ်ဦးက အလွန်
ငယ်ရွယ်ပြီး လှပသည်ကို တုန်လိလိ တွေးမိလိုက်သည့်အခါ၌ သူမ၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ရလေသည်။
သူမက နောက်ကို ပြန်လျှောက်သွားခဲ့ကာ လော်ပင်းအား ပြင်းတန်စွာ ဆွဲလိုက်ပြီး အသံတိုးတိုးဖြင့် အံကြိတ်၍ပြောလိုက်သည်။
“လော်ပင်း!”
ဒါက ဘာသဘောလဲ? သူမ တစ်ယောက်လုံးလုံး အရှေ့မှာ ရှိနေတာကိုတောင် သူက တခြားမိန်းကလေးတွေကို ကြည့်ရဲတယ်? !
သူက ဆက်မသွားနိုင်လောက်အောင်ကို ကြည့်နေတာ!
တုန်လိလိတစ်ယောက် ဒေါသထွက်ရလွန်းပြီး ပေါက်ကွဲလုနီးပါး ဖြစ်နေလေပြီ။
သို့သော် သူမ မသိသည်မှာ
လော်ပင်းသည်က ငယ်ရွယ်ပြီး ပိုမိုချောမော လှပသည့် လင်းရန်အား ကြည့်နေခြင်းမဟုတ်ဘဲ လင်းရန်၏ဘေးမှ သူ၏ ကွာရှင်းပြီးကာစ ဇနီးဟောင်းဖြစ်သူ လင်းကျန်းဖူကို ကြည့်နေသည်ကိုပင်။
လင်းကျန်းဖူက ဘာလို့ ဒီလိုနေရာမျိုးမှာရှိနေရတာလဲ?
ဒီနေရာက ခရိုင်ခေါင်းဆောင်နှင့်ခရိုင်အုပ်ချုပ်ရေးမှူးဟောင်းရဲ့ အိမ် မဟုတ်ဘူးလား။
သူမက ဘယ်လိုမျိုးအခွင့်အရေးနှင့်
အဆက်အသွယ်တွေရှိနေလို့ ဒီနေရာမှာ အခြားသူတွေနှင့်အတူ ထိုင်ခွင့် ရနေခဲ့တာလဲ?!
သို့သော် ထိုမေးခွန်းများကို ယခုအချိန်၌ သူ မေးမြန်း၍ မရသေးပေ။
ယခုအချိန်၌ သူ ဂရုစိုက်ရမည့်အရာမှာ လင်းကျန်းဖူ ဤနေရာ၌ ပေါ်လာခြင်းက သူ၏ကိစ္စများကို အနှောင့်အယှက်ဖြစ်စေမည်လား ဆိုသည်ကိုပင် ဖြစ်ပေသည်။
သူ ယနေ့ ဤအိမ်သို့ လာရခြင်းမှာ
အလွန်အရေးကြီးသည့် ကိစ္စတစ်ခု လုပ်ရန်ရှိ၍ ဖြစ်သည်မဟုတ်ပါလား။
လင်းကျန်းဖူသာ တမင်တကာ ထရပ်၍ သူတို့၏အကြောင်းကိုပြောဆိုကာ ပြဿနာရှာပါက သူ၏ ယနေ့ရည်ရွယ်ချက် ပျက်စီးရုံတင်မကဘဲ တုန်လိလိနှင့် သူ၏ ဆက်ဆံရေးကိုပါ ထိခိုက်စေလိမ့်မည်။
ထိုသို့တွေးမိသည့်အခါ၌ လော်ပင်းတစ်ယောက် အလွန်အမင်း စိတ်လှုပ်ရှားလာခဲ့ပြီး လင်းကျန်းဖူးအား ကြည့်သည့် သူ၏မျက်လုံးများမှာလည်း မသိစိတ်မှတဆင့် ပို၍
သတိထားကာကွယ်လိုသည့် အရိပ်အယောင်များ ပေါ်လာခဲ့ရသည်။
*